မေးလာလျှင် ရုတ်တရက် အဖြေပေးရန် ဇဝေဇ၀ါဖြစ်လေ့ရှိသော မေးခွန်းအချို့။
(ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿ နာ အမှတ် - ၈ ၊ စာ-၂၅၃)
မေး။ ။ ဥပဒေအရာရှိက ပယ်လိုက်သော တရားလိုပြသက်သေကို တရားခံက တရားခံပြသက်သေအဖြစ် သက်သေပြခွင့်ရှိပါသလား။ဖြေ။ ။ တရားလိုဘက်က ပယ်လိုက်ပြီးဖြစ်သဖြင့် တရားခံပြသက်သေအဖြစ် စစ်ဆေးနိုင်ပါသည်။မေး။ ။တရားရှင်လွှတ်ထားသော တရားခံကို တရားခံဘက်က သက်သေတင်ပြခွင့် ရှိမရှိ သိလိုပါတယ်။ဖြေ။ ။ တရားရှင်လွှတ်လိုက်သောသူသည် တရားခံမဟုတ်တော့သည့် အတွက် တရားခံပြသက်သေ အဖြစ် ပြနိုင်ပါသည်။
- Tun Myo Htay