တရားရုံး၏ အဆုံးအဖြတ်သည် ဓမ္မသတ်ဂုဏ်များနှင့် ပြည့်စုံရန် လိုအပ်ခြင်း
တရားရုံး၏ အဆုံးအဖြတ်ပေးမှုတစ်ရပ်အပေါ် အကဲခတ်ရာတွင် အောက်ပါ ဓမ္မသတ်ဂုဏ်များနှင့် ချိန်စက်ကြည့်ရာ၏။ ထိုသို့ချိန်စက်ကြည့်ခြင်းဖြင့် အဆုံးအဖြတ်ပေးမှု၏ အရည်အသွေး၊ အတိမ်အနက်ကို သိနိုင်မည်ဖြစ်သည်။
၁။ တာဝန်နှင့်အခွင့်အရေးကို ပိုင်းခြားစီရင်ခြင်း၊
၂။ ဥပဒေ နှင့် အညီစီရင်ခြင်း၊
၃။ တရားမျှတစွာစီရင်ခြင်း၊
၎။ တရားမျှတကြောင်း အများမြင်အောင်စီရင်ခြင်း၊
၅။ ဖြောင့်မတ်မှန်ကန်စွာ စီရင်ခြင်း၊
၆။ အကျိုးပြုကုစားမှု နှင့် စီရင်ခြင်း၊
၇။ ပညာဥာဏ်ကြွယ်ဝစွာစီရင်ခြင်း တို့ဖြစ်သည်။
အဆိုပါ ဓမ္မသတ်ဂုဏ်တစ်ပါးမှ တင်ကျန်ရစ်ခြင်းမရှိသော အဆုံးအဖြတ် ပေးမှုမျိုးဖြစ်ပါက တန်ဖိုးမဲ့ချေသည်။ ဓမ္မသတ်ဂုဏ်တစ်ပါးပါး တင်ကျန်ရစ်သည်ပင် ဖြစ်လင့်ကစား အခြားသော ဓမ္မသတ်ဂုဏ်များနှင့် ဆန့်ကျင်ဖီလာ ဖြစ်ပါကလည်း အကျိုးမများလှဟု ဆိုရပေမည်။ ဓမ္မသတ်ဂုဏ်များ အားလုံးနီးပါး တင်ကျန်ရစ်သည့် အဆုံးအဖြတ်ပေးမှုမျိုးသည်သာ တန်ဖိုးလည်းကြီးမား၊ အဓွန့်ရှည်ခိုင်မာမှုလည်းဖြစ်၊ လမ်းညွှန် သဖွယ်ဖြစ်ပေမည်။
{ဦးကျော်ဇေယျ ၏ တရားခွင်အသုံးချလက်စွဲလမ်းညွှန်}