Monday, January 14, 2019

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အပြီးအပြတ်ရရှိသည့် အခွင့်အရေး(Vested Right) အကြောင်း၊ ဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရမြန်မာတို့၏ အမွေဆက်ခံခွင့်သည် ဘိုးဘွား၊ မိဘ၊ အမွေကို သားသမီး၊ မြေးမြစ်တို့က မျိုးနွယ်စဉ်ဆက်၊သားစဉ်မြေးဆက်ခံစားရသော အပြီးအပြတ်ရရှိသည့် အကျိုးခံစားခွင့် ကိုVested Right ဟုခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

မောင်ဘတူနှင့် မသက်စု အတွဲ(၅) ရန်ကုန် ၊ စာမျက်နှာ-၇၈၅ စီရင်ထုံးတွင် ထုံးဖွဲ့ထားပါသည်။

●ယနေ့မျက်မှောက်ခေတ်တွင်မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ အမွေဆက်ခံရေးနှင့်ပတ်သက်၍အ ခြေခံမူ(၆)ရပ်ရှိပါသည်။

(၁)သေတမ်း စာရေးခွင့်မရှိသည့် အမွေဆက်ခံခြင်း။

(၂)သားသမီး မရှိသည့်လင်နှင့် မယားတို့တွင် လင်သေလျှင် မယား ၊မယားသေလျှင်လင် အမွေဆက်ခံ ခြင်း။

(၃)အမွေသည်အောက်ရှိ အမွေခံများရှိနေလျှင် အထက်ရှိ အမွေခံများထံသို့ မဆန်ရခြင်း။

(၄)အမွေခံမျိုးဆက်နီးသူက အမွေခံမျိုးဆက်ဝေးသူအား အမွေမှဖယ်ထုတ်နိင်ခြင်း။

(၅)အမွေခံမျိုးဆက် အနီးအဝေးတူနေလျှင်သွေးရင်းဆွေမျိုးကသွေး တစ်ဝက်ဆွေမျိုးကိုအမွေမှဖယ် ထုတ်နိင်သည်။

(၆)အပြုအမူကောင်းခြင်းကြောင့် အမွေမရနိင်သော်လည်း၊ အပြုအမူဆိုးကြောင့်အမွေဆုံးရှုံးနိင်ခြင်း။

အထက်ပါအချက်(၆)ရပ်နှင့် ပတ်သက်၍ အချက်(၁)ရပ်ခြင်း အလိုက်ဆက်လက်၍ အချိန်ရလျှင်ရသလို ဗဟုသုတအဖြစ်ဖေါ်ပြပေးပါမည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရအမွေဆက်ခံရေးအခြေခံမူများမှ-

(၁)သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်းအကြောင်းဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ"သေတမ်းစာရေးခွင့်မရှိသည့်အမွေဆက်ခံခြင်း"

ဥပဒေသသည်အတည်ဖြစ်၍ခိုင်မြဲလျက်ရှိပါသည်။

●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၌သေတမ်းစာဖြင့်ပစ္စည်းလွှဲပေးခြင်း၊အမွေခံပစ္စည်းကို

ခွဲဝေထားခဲ့ခြင်း၊သည်ဓလေ့ထုံးတမ်းတစ်ခုဖြစ်လာကြောင်းထင်ရှားအောင်မပြနိင်

ဘဲသေတမ်းစာကိုလက်မခံနိင်-ဟု"မဘွင့်နှင့်မရင်S.Jစာမျက်နှာ(၉၅)အမှုတွင်စီ

ရင်ထုံးဖွဲ့ထားပါသည်ကိုတွေ့ရပါသည်။

●မှတ်ချက်-ထို့ကြောင့်ယနေ့ယခုအချိန်တွင်"သေတမ်းစာရေးသား၍အမွေမပေးနိင်"

သည့်ဥပဒေသည်အတည်ဖြစ်ခိုင်မြဲလိုက်နာကျင့်သုံးနေခြင်းဖြစ်ပါသည်။

(၂)သားသမီးမရှိလျှင် လင်သေလျှင်မယား၊မယားသေလျှင်လင်၊ အမွေဆက်ခံခြင်းအကြောင်း ဥပဒေဗဟုသုတ။


●မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးမကျန်ရစ်သောမုဆိုးဖို၊ မုဆိုးမများနှင့်ပတ်သက်၍ အခြေခံမူမှာ လင် ယောက်ကျားသေဆုံးလျှင် ကျန်ရစ်သူမယား(မုဆိုးမ)သည် လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုတစ်ဦးတည်း
အမွေခံအဖြစ် ရရှိမည်ဖြစ်ပါသည်။ ထိုအတူပင်မယားဖြစ်သူသေဆုံးလျှင်လည်း ကျန်ရစ်သူယောက်ကျား(မုဆိုးဖို)သည် လင်မယားနှစ်ဦးပိုင်သည့်ပစ္စည်း အားလုံးကို အမွေခံအဖြစ်ရရှိမည်ဖြစ်ပါသည်။

●ထိုအပြင်သေဆုံးသူလင် သို့မဟုတ် မယားရပိုင်ခွင့်ရှိသော အမွေမခွဲရသေးသည့် အမွေပစ္စည်းအပေါ်တွင် လည်းရပိုင်ခွင့်ရှိကြောင်း ဓမ္မသတ်နှင့် စီရင်ထုံးများ၌တေိ့နိင်ပါသည်။

●"မောင်ဝိုက်နှင့်မောင်ငြိမ်းပါ(၂)အောက်မြန်မာပြည်(၁၈၉၇-၁၉၀၁)"စီရင်ထုံးတွင်-

-လင် သို့မဟုတ်မယားသေဆုံးချိန်တွင် သားသမီးမကျန်ရစ်လျှင်ထို လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကိုကျန်ရစ်သူမုဆိုးဖို
သို့မဟုတ် မုဆိုးမ တစ်ဦးတည်းကသာ အမွေစားအမွေခံအဖြစ်ရရှိသည်။

ထို့အပြင်ကျန်ရစ်သူ မုဆိုးဖို သို့မဟုတ် မုဆိုးမအနေဖြင့်သေသူ၏မခွဲရသေးသော အမွေပုံကို ခွဲဝေပေးရန်တောင်းဆိုခွင့်ရှိသည်။

ဟုထုံးဖွဲ့ထားပါသည်။

မှတ်ချက်- ထို့ကြောင့်သားသမီး မကျန်ရစ်သည့် ဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းတွင် "လင်သေမယားရ ၊မယားသေလင်ရ" အခွင့်အရေး

ရှိပါသည်။ ထို့အပြင် အမွေမခွဲသေးသည့်သေဆုံးသူ၏ အမွေခံစားခွင့် ကိုလည်းကျန်ရစ်သူမုဆိုးဖို သို့မဟုတ် မုဆိုးမ ကတရားစွဲဆိုတောင်းဆိုခွင့်ရှိပါသည်။        ။