Friday, November 24, 2017

ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရောက်ရန်နေ့ရက်တွင် တရားပြိုင်မလာပဲ ၄င်း၏ရှေ့နေသာ လာရောက်ခြင်း နှင့်စပ်လျဉ်း၍ သတိပြုရန်အချက်။

ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရောက်ရန်နေ့ရက်တွင် တရားပြိုင်မလာပဲ ၄င်း၏ရှေ့နေသာ လာရောက်ခြင်း နှင့်စပ်လျဉ်း၍ သတိပြုရန်အချက်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

- ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရန်နေ့ရက်သည် အမိန့်-၉၊ နည်း - ၁အရ ကြားနာရန်နေ့ရက်ဖြစ်ခြင်း

- အမိန့်- ၉၊ နည်း- ၁ တွင် -
တရားပြိုင်လာရောက်ဖြေဆိုရန် သမ္မာန်စာတွင် သတ်မှတ်သည့်ရက်၌ အမှုသည်များသည် ကိုယ်တိုင်ဖြစ်စေ၊ ၄င်းတို့၏ဆိုင်ရာရှေ့နေများဖြင့်ဖြစ်စေ တရားရုံးအဆောက်အအုံတွင် တက်ရောက်ရမည်။ တရားရုံးက အမှုကြားနာစစ်ဆေးခြင်းကို နောက်တစ်ရက်သို့ ရွှေ့ဆိုင်းချိန်း ဆိုခြင်း မပြုပါက အဆိုပါ သတ်မှတ်ရက်၌ပင် အမှုကြားနာစစ်ဆေးရမည်။ ဟုပြဌာန်းထားပါသည်။

- ငြင်းချက်ထုတ်ရန်သမ္မာန်စာအရ တရားပြိုင်လာရန်နေ့ရက်တွင် တရားပြိုင် လာရောက်ရန် လိုအပ်ခြင်း။


-----------

(ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ်-၄၊ စာ-၉၉)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရှေ့နေတစ်ဦးသည် သက်ဆိုင်ရာ အမှုသည် ကိုယ်စားလာရောက်ခြင်း ဟုတ်မဟုတ် ဆိုသည့် ကိစ္စမှာ သက်ဆိုင်ရာနေ့တွင် ဆောင်ရွက်မည့်ကိစ္စရပ်ပေါ်တွင် မူတည်သည်။

ငြင်းချက်ထုတ်ရန် တရားပြိုင်ထံ ရုံးခေါ်စာထုတ်ရာတွင် ရက်ချိန်းနေ့၌ တရားပြိုင်မလာပဲ ရှေ့နေတစ်ဦးက ကိုယ်စားလှယ်စာတင်ပြီး ချေလွှာတင်ရန် ရက်ချိန်းတောင်းလေ့ရှိပါသည်။

တစ်ခါတစ်ရံ အဆိုပါ ရှေ့နေကိုယ်စားလှယ်စာကို အခြားရှေ့နေက ၀ယ်ပြီး ရက်ချိန်းတောင်းသည်များလည်းရှိပါသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် - ၉ ၊ နည်း - ၁အရ ဆိုပါလျှင် ထိုနေ့သည် အမှုကိုကြားနာရန်ရက်ဖြစ်ပါသည်။

အကယ်၍ တရားပြိုင်လည်းမလာ ရှေ့နေသည် အမှုနှင့်စပ်လျဉ်း၍ အရေးကြီးသောအချက် အလက်များကို ချေပ ပြောဆိုနိုင်သူလည်းမဟုတ် ယင်းသို့ပြောဆိုနိုင်သူ တစ်ဦးဦးလည်း မလာသည့်အပြင် တရားရုံးက အမှုကို ကြားနာမည်ဟု ပြောဆိုလျှင် ဒုက္ခလှလှကြီးတွေ့နိုင်သည်။

သို့ရာတွင် လက်တွေ့တွင် တရားပြိုင်လာရန် ချိန်းဆိုသော နေ့၌ အမှုကြားနာလေ့မရှိသောကြောင့် ထိုနေ့သည် အမှုကို ကြားနာရန်ရက်ဖြစ်ကြောင်း မသိသူများပင်ရှိပါသည်။

လေးစားစွာဖြင့်။

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...