Saturday, March 17, 2018

တရားရေးမဏ္ဍိုင်ကြံ့ခိုင်ဖို့ ဥပဒေပညာရှင် မွေးထုတ်စို့

 တရားစီရင်ရေးမဏ္ဍိုင်ကို ဦးဆောင်နေကြသူများမှာ ဥပဒေပညာဖြင့် အသက်မွေးသူများ ဖြစ်သည်။ တရားစီရင်ရေးကဏ္ဍပြုပြင်     ပြောင်းလဲမည်ဆိုပါက အရည်အချင်းပြည့်ဝသည့် တရားသူကြီးများ၊       ဥပဒေအရာရှိများနှင့် ရှေ့နေများ မွေးထုတ်ရန် မလွဲမသွေလိုအပ်မည်ဖြစ်သည်။ လွှတ်တော် (၂) ရပ် သည် နိုင်ငံတော်၏ဥပဒေပြုရေးအာဏာကို ကျင့်သုံးသည်။ အစိုးရသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်။ ထို့ကြောင့် တရားစီရင်ရေးမဏ္ဍိုင်သာမက အုပ်ချုပ်ရေးမဏဿဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့တွင်လည်း အရည်အချင်းပြည့်ဝသည့် ဥပဒေပညာရှင်များ အထူးလိုအပ်ပါသည်။

တရားမျှတမှုကို သန့်ရှင်းသောလက်ဖြင့် တောင်းခံပါ

      တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်နိုင်ရန်အတွက် အမှုသည်များ၊ သက်သေ များ၊ တရားရုံးနှင့် တစ်နည်းနည်းသက်ဆိုင် နေသူများကလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

     တရားမျှတမှုကို သန့်ရှင်းသောလက်ဖြင့် တောင်းခံရန် လိုအပ်ပေသည်။ သန့်ရှင်းသောလက်ဖြင့် မတောင်းခံခြင်းကြောင့် ဥပဒေနှင့်ညီသော်လည်း တရား မျှတမှု နှင့် အလှမ်းဝေးနေရသည့် သာဓကတစ်ခု တင်ပြလိုပါသည်။

Friday, March 16, 2018

တရားရုံးကို မလေးမစားပြု၍ အရေးယူခြင်းနှင့်စပ်လျဉ်း၍ 

တရားသူကြီးသည် မိမိရှေ့မှောက်ကျူးလွန်သည့်ပြစ်မှုအတွက် မိမိကိုယ်တိုင်စစ်ဆေး စီရင်ခြင်း။

ရာဇ၀တ်တရားသူကြီးသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၀(၁)(ဂ) အရ ရဲအရာရှိမဟုတ်သူထံမှသတင်းရလျှင် (သို့မဟုတ်) မိမိကိုယ်တိုင်သိရှိ (၀ါ) သံသယဖြစ်သည့်အခါ ထိုပြစ်မှုကို အရေးယူနိုင်ပါသည်။

ထိုသို့အရေးယူရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၁ အရ သက်သေခံချက်မယူမီ အခြားတရားရုံးတစ်ရုံးကစစ်ဆေးစီရင်ပေးရန် လျှောက်ထားပိုင် ခွင့်ရှိကြောင်း တရားခံကိုပြောကြားရမည် ဖြစ်ပါသည်။ တရားခံကလျှောက်လျှင် အခြား ရာဇ၀တ်တရားသူကြီးထံ လွှဲပေးရမည်ဖြစ်ပါသည်။ 

ထို့ပြင် အမှုတစ်ခုနှင့်စပ်လျဉ်း၍ ဖြောင့်ချက်ယူထားသောတရားသူကြီးသည် ယင်းအမှုကို စစ်ဆေးခြင်းမပြုသင့်ပါ။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...