Sunday, July 23, 2017
၂၀၁၇ မဟာဗျူဟာ ဧရိယာကို ပိုင်းခြားသတ်မှတ်ပေးခြင်းဖြင့် ကာကွယ်ရန် နည်းလမ်း - ၁
U MYO TINT
         " မလိုလားအပ်သည့်  အမှုများကြန့်ကြာမှု မဖြစ်ပေါ်ရေး"
     အမှုများမှန်မှန် နှင့်မြန်မြန် စစ်ဆေးပြီးပြတ်ခြင်းသည် တရားဥပဒေစိုးမိုးမှုကို မြင်သာစေသည့် အချက်များတွင် အဓိက အခန်းမှ ပါဝင်လျှက်ရှိပါသည်။ နစ်နာသူ အတွက် သက်သာခွင့်ကို နှောင့်နှေးစွာ ကုစားပေးနေခြင်းသည်ပင် တရားမျှတမှု ကို ငြင်းဆန်ရာ ရောက် ကြောင်း justice delay is justice denyဟူသည့် legal maxim က ညွှန်ပြလျှက် ရှိပါသည်။
     ယနေ့ မြန်မာမိုင်ငံ၏ တရားစီရင်ရေးင်္စနစ်အရ ပြစ်မှုဆိုင်ရာမှုခင်းနှင့် တရားမဆိုင်ရာ မှုခင်းအားလုံးကို တရားရုံးများက သာ စစ်ဆေး ကြားနာ စီရင်ဆုံးဖြတ်နေ ရသည်ဖြစ်ရာ တရားရုံးများတွင် အမှုများ များပြားလျှက် ရှိသည်ကို တွေ့မြင်နှိုင် ပါသည်။
     တရားရုံးဝန်ထမ်း အင်အားတိုးချဲ့ မဖွဲ့စည်းနှိုင်သည့်အပြင် လက်ရှိ တရားရုံးဖွဲ့စည်းပုံ အရပင် တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ လိုအပ်နေသော်လည်း ခွင့်ပြုချက်မရ၍ လည်းကောင်း၊ ဘတ်ဂျက်ရံပုံ ငွေမရ၍ လည်းကောင်း ဖြည့် စွက် ခန့်အပ်နှိုင်မှု မရှိသည်ကို လည်းတွေ့ရ တတ်ပါသည်။
      ဥပမာ -  ဆင့်စာလုင် ၄ ဦးရှိရ မည့် ရုံးတွင် တစ်ဦးသာ ရှိသည့်ရုံး၊ ဆင့်စာလုင်တစ်ဦး မျှပင်မရှိသည့် ရုံး/တရားသူကြီး ၄ ဦးရှိရမည့်အစား ၂ ဦးသာရှိနေသေးသည့်ရုံးများက သာဓကပင်ဖြစ်ပါသည်။
      ယနေ့ ကမ္ဘာ့ နိုင်ငံအများတွင် တရားမမှုခင်းများ၊ အထူးသဖြင့် ကုန်သွယ်/စီးပွား ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းပေးရာတွင် ကြန့်ကြာ နေခြင်းကြောင့် ၊အမှုသည်တို့၏ လူမှု စီးပွားရေး ထပ်င်္မ မလစ်ဟင်းစေရန်အတွက် ၄င်းတို့ အချင်းချင်း တရားရုံးပြင်ပ ညှိနှိုင်း ဖြေရှင်းသည့် နည်းများကို တီထွင် ကျင့်သူံးလျှက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
       မြန်မာနိုင်င်္ငသည် ပါတီစုံဒီမိုကရေစီင်္စနစ်အရ ၊နိုင်ငံတကာနှင့်စီးပွားဆက်ဆံမှုကို လွတ်လပ်စွာ ကန်သွယ်မှုစံနစ် Free trade system, ဈေးကွက် စီးပွားရေးစံနစ် Market oriented system တို့အရ ကျင့်သုံးနေပြီ ဖြစ်သဖြင့် တရားရုံးပြင်ပ ညှိနှိုင်းဖြန်ဖြေသည့်နည်းလမ်း Alternative Dispute Resolution-ADR စံနစ်ကို နှစ်ဖက် သဘောတူညီမှုအရ ခုံသမာဓိလူကြီးများ ခန့်အပ် ကျင့်သုံးခြင်းဖြင့် တရားရုံးများတွင် တရားမမှုများစုပုံ၊ ကြန့်ကြာနေမှုကို နည်းလမ်းတစ်ခုအဖြစ် လျှော့ချနှိုင်မည်ဖြစ်ပါသည်။
         ADR စံနစ်တွင်-
             (၁)--အငြင်းပွားသူအချင်းချင်းသာ ၊ သဘောအလျှောက်ဖြေရှင်းကြခြင်း
                    Negotiation
              (၂)--တတိယပုဂ္ဂိုလ်၏ အင်္ကြ ရယူကာစေ့စပ်ဖြန်ဖြေ၍ ဖြေရှင်းခြင်း
                     Mediation/Conciliation
               (၃)--ခုံသမာဓိလူကြီးများရွေးချယ်၍ ညှိနှိုင်းသည့်နည်းလမ်းဖြင့်ဖြေရှင်းခြင်း
                     Arbitration
စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ကို တွေရှိနှိုင်ပါသည်။
       ယခုအခါ မြန်မာနိုင်ငံတွင်  အနုညာတဥပဒေ(Arbitration Law)ကို ပြဌာန်းနေပြီ ဖြစ်၍  အသက်ဝင် ဆောင်ရွက်နှိုင်ရန် ~
       ● သမာဓိခုံရုံး၏ ဆုံးဖြတ်ချက် Arbitral award များကို အတည်ပြုနှိုင်ရေးကိစ္စ အပါအဝင် ဆိုင်ရာလုပ်ထုံး လုပ်နည်းများကို ကြိုတင် လေ့လာ ရေးဆွဲ ပြဌာန်းခြင်း၊ 
       ● ခုံသမာဓိလူကြီးတာဝန်ထမ်း ဆောင် တန်ရာသည့် ပညာရှင်များနှင့် ရှေ့နေရှေ့ရပ်များကိုလည်း နိုင်ငံတကာမှ ပညာရှင် များ နှင့် အတူ ဘာသာရပ်ဆိုင်ရာ workshop များ Forumများ Dialogueများ ရက်တို သင်တန်းများ ကျင်းပ ပေးခြင်း
.      ●  နိုင်ငံတော်၏ အစီအစဉ်ဖြင့် ၄င်းတို့အားလည်း လေ့လာရေးခရီးများ စေလွှတ်ပေးခြင်း
ဖြငိ့၊ နိုင်ငံတကာ အတွေ့အကြုံသစ်များ ရရှိစေကာ နိုင်ငံတော်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်၌ ခုံသမာဓိလူကြီးများ အဖြစ် A D R င်္စနစ်ကို စတင် ကျင့်သုံး အသက်ဝင်စေပြီး   တရားရုံးများ ၌ စုပုံနေသည့် တရားမ မှုခင်း များကို အထက်ပါ နည်းစံနစ် (၃)မျိုးကဖြင့် ညှိနှိုင်း ဆုံးဖြတ်ခွင့် ပြုကာ လျှော့ချပေးခြင်းဖြင့်၊ တရားမကြောင်း ဆိုင်ရာ အငြင်းပွား မှု များကို မှန်မှန်နှင့်မြန်မြန် ဖြေရှင်းပြီးပြတ် စေမည်ဖြစ် ပါကြောင်း အကြံပြုဆွေးနွေး အပ်ပါ သည်။
     ■■■ တရားရုံးများမှ တရားမ မှုခင်းများ လျော့ကျသွားခြင်းသည် ကျနှ်ရှိသည့် တရားမမှုခင်းများနှင့် ရာဇဝတ်မှုခင်းများကို တရားရုံးများက  စစ်ဆေးရန် အချိန်ပိုမို ရစေသဖြင့် ရာဇဝတ်မှုခင်းများအတွက်လည်း ပိုမို မှန်ကန် မြန်ဆန်သည့် အဖြေကို ရရှိစေမည် ဖြစ်ပါကြောင်း ~ ~ ~
 ★မျှတသောစိတ်ဓာတ်/အဂတိကင်းသော ကိုယ်ကျင့်တရား/ကောင်းမွန်သော/ကျယ်ပြန့်သော ပညာဥာဏ် အမျှော်အမြင်  ဗဟုသုတတို့ဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးသယ်ပိုး ထမ်းဆောင်နှိုင်ကြ ပါစေ ၊☆
(၂၀၁၅ ခုနှစ်ခန့်ကပင် ကြိုတင်ခန့်မှန်းထားခဲ့သော ပေါ်ပေါက်လာတန်သည့် ၂၀၁၇ မဟာဗျူဟာ အစီအမံ(အရွေ့)ကို ရည်မှန်း တွက်ဆလျှက်)
U Myo Tint 
Saturday, July 22, 2017
တရားခံပြေးအမှုမှ သက်သေထွက်ချက်သည် သက်သေခံဥပဒေပုဒ်မ - ၃၃ နှင့် မသက်ဆိုင်ခြင်း။
တရားခံပြေးအမှုမှ သက်သေထွက်ချက်သည် သက်သေခံဥပဒေပုဒ်မ - ၃၃ နှင့် မသက်ဆိုင်ခြင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျင့်ထုံး ပုဒ်မ ၅၁၂ တွင် အကျုံးဝင်သော သက်သေထွက်ချက်များသည် တရားခံ၏မျက်ကွယ်၌ ရယူထားသော သက်သေထွက်ချက်ဖြစ်သည်။ 
သက်သေခံဥပဒေပုဒ်မ - ၃၃ တွင် ရည်ညွှန်းထားသောသက်သေထွက်ချက်များသည် တရားခံ၏ရှေ့တွင် ရေးယူသော သက်သေခံချက်ဖြစ်သည်။ 
( ဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြဿ     နာ အမှတ် - ၆ ၊ စာ - ၁၆၁)
xxxxxxxxxx
မတူညီသည်ကို သတိထားမိစေလိုပါသည်။
Tun Myo Htay
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ
မောင်မျိုး ။    ။ ကျင့်ထုံးပုဒ်မ ၄၃၆ အရ  further inquiry နဲ့ပတ်သက်ပြီး ဦးခင်မောင်ပါ၃ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
 မြန်မာနိုင်ငံ တော်ပါ၂ (၁၉၈၃၊မတစ၊ စာ - ၈၂ )မှာ
မူလရုံးက ဆက်လက်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ညွှန်ပြ၍ "ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ အမှုကို ဆက်လက်စုံစမ်း  စစ်ဆေးရန်" ဟူ၍သာ အမိန့်ချနိုင်တယ်လို့ 
ညွှန်ပြထားတာ အစ်ကိုတစ်ခါပြောဖူးလို့ 
မှတ်သားဖူးပါတယ်။ ကျင့်ထုံးပုဒ်မ ၄၃၆ နှင့်ပတ်သက်ပြီး သတိပြုရမည့်  ကျန် လုပ်ထုံးလေးတွေရှင်းပြပါဦးအကို။
TMH ။   ။ ကျင့်ထုံးပုဒ်မ ၄၃၆ အရ further inquiry ပြုလုပ်စေနိုင်သည့် အမိန့် (၃)မျိုး ရှိပါတယ်။
 (၁)  ကျင့်ထုံးပုဒ်မ ၂၀၃ အရ တိုင်တန်းချက်ကို ပလပ်သောအမိန့်
 (၂) ကျင့်ထုံးပုဒ်မ ၂၀၄(၃) အရ တိုင်တန်းချက်ကို ပလပ်သောအမိန့်
 (၃) စွဲချက်မတင်မီလွှတ်သောအမိန့်  
မောင်မျိုး ။   ။  further inquiry နှင့်ပတ်သက်ပြီး ညွှန်ကြားခွင့်ကို ဘယ်ရုံးတွေက ရရှိတာလဲအကို။
TMH ။  ။ ၂၀၁၆ ခုနှစ် ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၅(ခ) နှင့် ၂၆ အရ the Supreme Court of the Union or a High Court of the Region of High Court of the State or District Judge တို့သည် District Court(ခရိုင်တရားရုံး) သို့  further inquiry ကိုယ်တိုင် ပြုလုပ်ရန် သို့မဟုတ် ခရိုင်တရားရုံး၏လက်အောက်ခံ ရာဇ၀တ်တရားသူကြီးတစ်ဦးဦးအား further inquiry ပြုလုပ်စေရန် ညွှန်ကြားပိုင်ခွင့်ရှိပါတယ်။
District Court  (ခရိုင်တရားရုံး)အနေနဲ့ဆိုရင်တော့  further inquiry ကိုယ်တိုင် ပြုလုပ်နိုင်တယ်။ လက်အောက်ခံ ရာဇ၀တ်တရားသူကြီးတစ်ဦးဦးအား further inquiry ပြုလုပ်စေနိုင်ပါတယ်။
မောင်မျိုး။     ။  ဟုတ်ကဲ့
TMH ။  ။ တစ်ခုသတိထားရမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သိုမဟုတ် ဒေသ တရားရုံးတွေက ကျင့်ထုံးပုဒ်မ ၄၃၉ အရ အာဏာ ရရှိပေမယ့် ကျင့်ထုံးပုဒ်မ ၄၃၆ အာဏာ မရှိဘူးဆိုတာသတိပြုရပါမယ်။ 
---
မောင်မျိုး။      ။  ဟုတ်ကဲ့။ further inquiry ပြုလုပ်စေတဲ့အခါမှာ မူလရုံးတွေကို ပြန်ညွှန်ကြားနေတာ တွေတွေ့ရတယ်အစ်ကို ကျနော်စဉ်းစားမိတာက သက်သေခံချက်တစ်မျိုးတည်းအပေါ်မှာပဲ ပြန်စဉ်းစား မှာ ဆိုတော့ မူလရုံးတွေကို  further inquiry  လုပ်ဖို့ ပြန်ပို့တာမှန်ပါ့မလားအကို။ 
TMH ။  ။ ဖိုးဝင်း နှင့် အစိုးရ (အတွဲ ၁ အောက်မြန်မာပြည် စာ ၃၁၁)မှာ ခရိုင်ရာဇ၀တ် တရားသူကြီး သည် စွဲချက်မတင်မီလွှတ်လိုက်သည့် ရာဇ၀တ်တရားသူကြီးအား သက်သေခံချက်များကို ပြန်လည် သုံးသပ်ရန် (reconsideration of evidence) သို့မဟုတ် အခြားရာဇ၀တ်တရားသူကြီးတစ်ဦးအား ထပ်မံစုံစမ်းစစ်ဆေးစေရန် ( a new inquiry before another Magistrate) ညွှန်ကြားနိုင်ကြောင်း အောက်ပါအတိုင်းပြဆိုပါတယ်။ 
 A Court of Session or a District Magistrate has jurisdiction to direct a reconsideration of the evidence by the same Magistrate who discharged the accused, or a new inquiry before another Magistrate, on the grounds inter alia of mistake of law or incorrectness of the first finding.
မောင်မျိုး ။      ။  ဟုတ်ကဲ့။ reconsideration of evidence ဆိုရင် မူလတရားသူကြီးကို လုပ်စေရမှာ ဖြစ်ပြီး new inquiry ဆိုရင် another Magistrate ကိုလုပ်စေရမယ်လို့ ဆိုတယ်လို့ အနှစ်ချုပ်ရမလား အကို။
TMH ။      ။ ကျနော်တော့အဲလိုပဲမြင်ပါတယ်။  
ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ စာ ၁၂၈၀ မှာ
 ထပ်မံစစ်ဆေးခြင်းပြုလုပ်ရာ၌ သက်သေခံချက်တစ်မျိုးတည်းကိုဖြစ်စေ၊ သက်သေတစ်ယောက် တည်း၏အစစ်ခံချက်ကို စဉ်းစားဆင်ခြင်ရန်ရှိသည့်အခါတွင် ပထမစုံစမ်းစစ်ဆေးပြီး အမှုအပေါ် ထင်မြင် ယူဆချက်ပါဝင်သော တရားသူကြီးမှတစ်ပါး အခြားတရားသူကြီးတစ်ယောက်က စုံစမ်းစစ်ဆေးရန် အလိုရှိအပ်သည် လို့ဖော်ပြထားပါတယ်။ 
မောင်မျိုး ။      ။  ဟုတ်ကဲ့။
TMH ။     ။ မောင်ချစ်ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၁ မတစ စာ ၅)စီရင်ထုံးရဲ့ စာမျက်နှာ -၈ မှာ  
"သာမန်အားဖြင့် တရားရှင်လွှတ်သောအမိန့်ကို ပယ်ဖျက်၍ တရားခံအပေါ် ဆက်လက်စစ်ဆေးစေရန် အမိန့်ချမှတ်သောအခါ မူလရုံး အား ပြန်၍ပေးပို့ခြင်းမပြုသင့်ပေ။ သို့ရာတွင် ယခုအမှု၌ မူလရုံးတရားသူ ကြီးသည် မူလရုံး၌၀တ္တရားဆောင်ရွက်ခြင်းမရှိတော့ကြောင်း သိရ၍ ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်ဆင်ရန် မလိုတော့ပေ။"လို့ ဆုံးဖြတ် တာတွေ့ဖူးတယ်။  
မောင်မျိုး ။    ။  ဟုတ်ကဲ့။
TMH ။     ။ အဲဒီအချက်တွေအရဆိုရင်တော့ လက်အောက်ခံတရားသူကြီး အား  further inquiry  ပြုလုပ် စေတဲ့နေရာမှာ  မူလအမိန့်ကို ချမှတ်သည့် တရားသူကြီးမဖြစ်သင့်ဘူးလို့ယူဆပါတယ်။ 
မောင်မျိုး ။      ။  မူလရုံးမှာ ရာဇ၀တ်တရားသူကြီးတစ်ဦးတည်းရှိရင် ဘယ်လိုလုပ်မလဲအစ်ကို။
TMH ။       ။  အဲဒါဆိုလည်း ကျင့်ထုံးပုဒ်မ ၄၃၆ အရ ခရိုင်တရားရုံးက ကိုယ်တိုင်စစ်ဆေးရုံပေါ့ညီ။ 
ဒါမှမဟုတ်လည်း ၄၃၆ မှာ လက်အောက်ခံရာဇ၀တ်တရားသူကြီး လို့ ပဲ ဆိုတာလေ။ 
အခြားမြို့နယ်တရားရုံးတစ်ရုံးကို ရုံးပြောင်းပြီး further inquiry လုပ်စေလို့လည်းရပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၅၅(ခ)မှာ ခရိုင်တရားရုံးသည် အမှုကို လွှဲပြောင်းပေးမှုကို စီရင်ပိုင်ခွင့်အာဏာရှိတယ်မဟုတ်လားညီ။
မောင်မျိုး ။      ။ ဟုတ်ကဲ့။ 
TMH ။      ။ လက်အောက်ခံရာဇ၀တ်တရားသူကြီးကို further inquiry ပြုလုပ်စေတဲ့နေရာမှာ မူလအမိန့်ကို ချမှတ်ခဲ့တဲ့ ရာဇ၀တ်တရားသူကြီးထက် ရာဇ၀တ်အာဏာ မနိမ့်သည့် တရားသူကြီးဖြစ်ရန်လိုအပ်တယ်ဆို တဲ့အချက်ကို သတိထားရပါမယ်။ 
ဆိုလိုတာက စွဲချက်မတင်မီလွှတ်တဲ့ရာဇ၀တ်တရားသူကြီးက အထူးရာဇ၀တ်အာဏာရ ဖြစ်နေရင်  further inquiry ပြုလုပ်စေတဲ့ another Magistrate ကလည်း အထူး ရာဇ၀တ်အာဏာဖြစ်နေဖို့လိုပါတယ်။ 
မောင်မျိုး ။     ။   ဟုတ်ကဲ့။ further inquiry ပြုလုပ်ရတဲ့တရားသူကြီးက ဘယ်လိုဆက်လက်ဆောင်ရွက် ရမလဲ။
TMH ။       ။ another Magistrateထံ အမှုကို further inquiry လုပ်စေတဲ့ကိစ္စမှာ အဲဒီ တရားသူကြီးသည် မူလအမိန့်ကို ချမှတ်သည့်တရားသူကြီးကို ဆက်ခံတယ်လို့ ကျင့်ထုံးပုဒ်မ ၃၅၀(၃) အရ မှတ်ယူရမှာဖြစ်ပါတယ်။ 
ဒါ့ကြောင့် ကျင့်ထုံးပုဒ်မ ၃၅၀(၁) အရ အမှုကို အစမှပြန်လည် စစ်ဆေးနိုင်ပါတယ်။ 
မောင်မျိုး ။    ။ ကျင့်ထုံးပုဒ်မ ၃၅၀(၁)အရ အမှုကို အစမှ ပြန်မစစ်ဘဲ ရှိတဲ့သက်သေခံချက်ကိုပဲ ဆုံးဖြတ်ပြီး အမှုကို ဆက်လက်စစ်ဆေးသွားလို့ရလားအကို။
TMH ။    ။ နောက်ထပ်စုံစမ်းမှု ဆိုရာတွင် သက်သေများကိုစစ်ဆေးခြင်း သက်သက်ကိုသာဆိုလိုသည်မဟုတ် သက်သေခံချက်များကို ထပ်မံသုံးသပ်ခြင်းလည်း အကျုံးဝင်သည်ဖြစ်၍ အမှုစစ်တရားသူကြီးက သက်သေခံချက်များကိုစိစစ်ပြီး တရားခံအပေါ်စွဲချက်တင်နိုင်သည် ဟု ရာဇ၀တ်ဥပဒေဂျာနယ်အတွဲ ၂၉ စာ ၈၃၈ မှာ ထုံးဖွဲ့ထားကြောင်း ဆရာဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် - ၆ စာ ၁၆ မှာ တွေ့ရှိရပါတယ်။
မောင်မျိုး ။       ။   ဆိုလိုတာက ရှိတဲ့သက်သေခံချက်ကိုပဲ သုံးသပ်ပြီး စွဲချက်တင်ကာ ဆက်လက်စစ်ဆေးသွားနိုင်တယ်လို့ ဆိုချင်တာပေါ့ အကို။
TMH ။       ။    မှန်ပါတယ်။ further inquiry မှာ သက်သေခံချက်များကို ထပ်မံသုံးသပ်ခြင်းလည်း အကျုံးဝင်ပါတယ်။ 
မောင်မျိုး ။   ဟုတ်ကဲ့အကို။ 
TMH ။     ။   မောင်ချစ်ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၁ မတစ စာ ၅)မှာ 
"ဆက်လက်စစ်ဆေးသည့် ရာဇ၀တ်တရားသူကြီးသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ ဥပမာ ၄င်းအနေဖြင့် စစ်ဆေးပြီးသည့် သက်သေကိုဖြစ်စေ၊ မစစ်ဆေးရသေးသည့်သက်သေကိုဖြစ်စေ၊ ခေါ်ယူစစ်ဆေးနိုင်သည်။ တရားခံအပေါ်စွဲချက်တင်လိုက တင်နိုင်သည်။ မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ရမည်ဟု မိမိဘာသာဆုံးဖြတ် နိုင်သည်" ဟု လမ်းညွှန်ချက်ကို သတိမူရန်ဖြစ်ပါတယ်။ 
မောင်မျိုး ။      ။   ဒါဆို  further inquiry လုပ်ရတဲ့တရားသူကြီးက စွဲချက်မတင်ပဲ တရားခံကိုလွှတ်လို့ရတယ်ပေါ့။ 
TMH ။         ။ ၁၉၇၁ မတစ စာ ၅ မှာ " တရားခံအပေါ်စွဲချက်တင်လိုက တင်နိုင်သည်" လို့ဆိုတာပဲလေ။ စွဲချက်တင်စရာရှိမှ တင်ရမှာပေါ့။ 
မောင်မျိုး ။         ။ အဲဒါကြောင့် မူလအမှုစစ်တရားသူကြီးဆီ further inquiry လုပ်ဖို့ မချသင့်တဲ့အကြောင်း ကို ကျနော်သဘောပေါက်ပြီ။ 
မူလအမှုစစ်တရားသူကြီးစိတ်ထဲမှာ ဒီတရားခံကို စွဲချက်တင်ဖို့မလိုဘူးလို့ ယူဆချက်ရှိနေတော့ သူဆီပြန်ချလဲ သူက စွဲချက်မတင်မီပြန်လွှတ်မှာပဲလေ။ further inquiry လုပ်ခိုင်းတာ အဟောသိကံဖြစ်ပြီပေါ့။  
TMH ။      ။ ၁၉၇၁ မတစ စာ ၅ မှာ further inquiry လုပ်တဲ့တရားသူကြီးမှာ ဥပဒေနှင့်အညီ လွတ်လပ်စွာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်လို့ ဆိုနေတော့ another Magistrate ဆီချပေးမှ further inquiry ဖြစ်မှာပါ။ 
မောင်မျိုး ။       ။  ဟုတ်ကဲ့
TMH ။      ။ နောက်ဆုံးပြောချင်တာတစ်ခုရှိပါတယ်။ 
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ စွဲချက်တင်ပြီး အမှုကို ဆက်လက်စစ်ဆေးပါလို့ ခရိုင်တရားရုံးက လက်အောက်ခံရာဇ၀တ်တရားသူကြီးကို  ညွှန်ကြားတာ 
မဟုတ်ဘူးဆိုတာပါဘဲ။ 
further inquiry လုပ်ပြီး စွဲချက်မတင်မီလွှတ်သင့်ရင်လွှတ်ရမယ်ဆိုတာပါပဲ။ 
မောင်မျိုး ။  ကျေးဇူးတင်ပါတယ်အကို။
----
လေးစားစွာဖြင့်
Tun Myo Htay
ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်အာဏာကို ကျော်လွန်၍ စီရင်ပိုင်ခွင့်
တရားမကျင့်ထုံးဥပဒေပုဒ်မ ၆ တွင် 
အခြားနည်းဖြင့် အတိအလင်းပြဋ္ဌာန်းပါရှိသည့်အတိုင်း မှတပါး တရားရုံး တစ်ရုံးက သာမန်အားဖြင့် စီရင်ပိုင်ခွင့်အာဏာရှိသောအမှု၏တန်ဖိုး နှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာကန့်သတ်ချက်များ (ရှိလျှင်) ကိုကျော်လွန်၍ အမှုများကို စီရင်နိုင်ရန် အဆိုပါတရားရုံးအား ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခွင့်အာဏာအပ်နှင်းရာ မရောက်ရှိစေရ။
(ဦးမြ၊ တရားမကျင့်ထုံးဥပဒေ (ပ ဒု) စာ - ၁၂ )
--
တရားရုံးများလက်စွဲအပိုဒ် ၁၂၆ တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
"တရားသူကြီးများသည်၊ အမှုကို လက်ခံခြင်းမပြုမီ၊ တန်ဘိုးနှင့်စပ်လျဉ်း၍ ထိုအမှုမှာ မိမိတို့ စီရင်ပိုင်ခွင့်ရှိသောအမှုဖြစ်ကြောင်း မိမိတို့ ကိုယ်တိုင် သဘောကြေနပ်ရှိစေရန် တာဝန်ရှိကြောင်း သတိချပ်စေလိုသည်။"
---
တရားမရုံးများ၏ ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၉-၂-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁၂၈/၂၀၁၆ အရ 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ 
ခရိုင်တရားသူကြီး နှင့် တွဲဖက်ခရိုင်တရားသူကြီးများသည် တန်ဖိုးကျပ် သိန်း ၁၀၀၀၀ ထက်မပိုသည့် တရားမ မူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိသည်။
ဒုတိယခရိုင်တရားသူကြီးများသည်  တန်ဖိုးကျပ် သိန်း ၅၀၀၀ ထက်မပိုသည့် တရားမ မူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၁၉-၅-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁၀၁/၂၀၁၁ အရ 
မြို့နယ်တရားသူကြီး နှင့် တွဲဖက်မြို့နယ်တရားသူကြီးများသည် တန်ဖိုးကျပ် သိန်း ၁၀၀ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်အာဏာရှိသည်။
ဒုတိယမြို့နယ်တရားသူကြီးများသည် တန်ဖိုးကျပ် သိန်း ၃၀ ထက်မပိုသည့် တရားမမူလမှု သို့မဟုတ် မူလမှုခင်းများကို စီရင်ရန် ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်အာဏာရှိသည်။
---
ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်ကို ကျော်လွန်၍ စီရင်ဆုံးဖြတ်ခွင့်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
"It is the plaintiff's valuation in his plaint which fixes the jurisdiction of the Court and not the amount which may be found and decreed by the Court. The purpose and intention of the legislature as well as the provisions of the Suits Valuation Act, the Court Fees Act and the Court of Civil Procedure contemplate the passing of a decree in excess of the pecuniary jurisdiction of the Court in case where the precise amount could not be ascertained at the time of institution of the suit or filing of the plaint."
(တရားလို၏အဆိုလွှာတွင် တန်ဖိုးဖြတ်ထားချက်သည် တရားရုံး၏စီရင်ပိုင်ခွင့်အာဏာကို သတ်မှတ်သည်။ တရားရုံးက ဒီကရီချမှတ်သောငွေပမာဏ မဟုတ်ချေ။ ဥပဒေပြုအာဏာပိုင်အဖွဲ့၏ ရည်ရွယ်ချက်အရ လည်းကောင်း၊ အမှုများတန်ဖိုးဖြတ်ရေးအက်ဥပဒေ၊ ရုံးခွန်အက်ဥပဒေ နှင့် တရားမကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်း ချက်များအရလည်းကောင်း၊ အမှုစွဲဆိုစဉ်ကဖြစ်စေ၊ အဆိုလွှာတင်သွင်းစဉ်ကဖြစ်စေ၊ ငွေပမာဏ အတိအကျကို မသတ်မှတ်နိုင်သော အမှု၌ တရားရုံး၏ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ ဒီကရီ ချမှတ်ရန် မျှော်မှန်းထားသည်။)
A.K.A.C.T.V.CHIDAMBARAM CHETTIAR v. A.L.P.R.S.MUTHIA CHETTIAR (၁၉၃၇၊ ရန်ကုန်စီရင်ထုံး၊ စာ - ၂၁၄)
---
"A Court is bound to accept a plaint in a suit for accounts which is valued within the pecuniary limits of its jurisdiction, to hear and determine the suit and to pass a decree for the amount found at the trial to be due to the plaintiff, whatever the amount may be."
(တရားရုံးသည် မိမိ၏ငွေကြေးဆိုင်ရာစီရင်ပိုင်ခွင့်အာဏာ အတွင်း ကျရောက်သည့် စာရင်းရှင်းလင်းပေးစေလိုမှု အဆိုလွှာကို လက်ခံ၍ အဆိုပါအမှုကို ကြားနာဆုံးဖြတ်ခွင့်ရှိသည်။ ထို့ပြင် စစ်ဆေးချက်အရ တွေ့ရှိရသောငွေပမာဏမည်သို့ပင်ဖြစ်စေ အဆိုပါငွေပမာဏအတွက် ဒီကရီချမှတ်ပေးနိုင်သည်။)
A.K.A.C.T.V.CHIDAMBARAM CHETTIAR v. A.L.P.R.S.MUTHIA CHETTIAR (၁၉၃၇၊ ရန်ကုန်စီရင်ထုံး၊ စာ - ၂၁၄)
----
"the plaintiff's valuation in his plaint determines the jurisdiction of the Court and the Court is competent to execute its own decree, although the amount found and decreed by the Court exceeds the limit of its pecuniary jurisdiction."
(တရားလို၏အဆိုလွှာတွင် တရားလို၏ အမှုတန်ဖိုးဖြတ်ထားချက်သည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို သတ်မှတ်သည်။ တရားရုံးက စိစစ်တွေ့ရှိပြီး ဒီကရီချမှတ်သော ပမာဏသည် ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့် အာဏာကို ကျော်လွန်စေကာမူ မိမိဒီကရီကို အတည်ပြုနိုင်သည်။)
U PO MYA v. FATHER RIOUFREYT (၁၉၃၉၊ ရန်ကုန်စီရင်ထုံး၊စာ ၁၃၄)
--
"It is a well settled principle that it is the plaintiff's valuation in his plaint which prima facie determines the jurisdiction of the Court and not the amount which may be found or decreed by the Court, whatever it may be. Since an execution proceeding is the continuation of the suit, this Court has jurisdiction to entertain the execution application."
(အဆိုလွှာတွင် တရားလိုဖြတ်သည့်အမှုတန်ဖိုးသည် အမြင်အားဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို သတ်မှတ်ခြင်းဖြစ်ပြီး တရားရုံးက ဒီကရီချမှတ်သော ငွေပမာဏ မည်သို့ဖြစ်စေ ယင်းပမာဏ  မဟုတ် ဟူသော မူသဘောတရားသည် အတည်တကျဖြစ်လျက်ရှိပေသည်။ ဇာရီမှုသည် မူလမှု၏ အဆက်ဖြစ်သောကြောင့်  အဆိုပါတရားရုံးသည် ဇာရီလျှောက်လွှာကို လက်ခံဆောင်ရွက်ရန် စီရင်ပိုင်ခွင့် အာဏာရှိသည်။) 
DAW THAN v. RAMNIRANJAN LHILA (၁၉၆၅၊ မတစ၊ ရုံးချုပ်၊စာ - ၅၉၀)
--
တရားမကျင့်ထုံးဥပဒေတွင် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာ ထက်ကျော် လွန်သော တန်ဖိုးရှိသည့် ပစ္စည်း နှင့် စပ်လျဉ်း၍ အကြောင်းသင့် ဆက်စပ်နေသော ငြင်းချက်ကို စစ်ဆေးစီရင်ခြင်း မပြုရဟုဆိုသော ပြဋ္ဌာန်း ချက် မရှိချေ။ ပုဒ်မ ၆ က ဆိုသမျှမှာ မည်သည့်တရားရုံးကမျှ မိမိ၏ ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ ကန့်သတ်ချက် များ ကို ကျော်လွန်သော တန်ဖိုးရှိသည့် အမှုများကို စီရင်ပိုင်ခွင့်အာဏာ မရှိဟူ၍ ဖြစ်သည်။ တရားရုံး၏စီရင်ပိုင်ခွင့်အာဏာကို အမှုတန်ဖိုးက သတ်မှတ်သည်။ တရားပြိုင်ဘက်မှ ထုချေတင်ပြသည့် အကြောင်းသင့် ဆက်စပ်နေသော ငြင်းချက်၏တန်ဖိုးမဟုတ်ချေ။
အေ၊အမ်၊အေ၊အမ်၊ချစ်တီးရားဖမ်း နှင့် မရွှေအိန် နှင့် အခြားသူများ 
(အေအိုင်အာ ၁၉၃၇၊ ရန်ကုန် ၂၁၉) 
Tun Myo Htay
မစွက်ဖက်သင့်သောသူများ
ဦးဇေယျာတင့်ညို
ဥပဒေ ကျောင်းသားဘဝက လေ့လာဖတ်ရှု မှတ်သား နှစ်သက်ခဲ့ဖူးပါသည်။ ကမ္ဘာပေါ်တွင် မည်သူမျှ မစွက်ဖက်သင့်သော လူပုဂ္ဂိုလ် (၃)မျိုးရှိသည်။ (၁) သမိုင်းရေးဆရာ၊ (၂) တရားသူကြီးနှင့် (၃) ဘောလုံးပွဲ ဒိုင်လူကြီးတို့ ဖြစ်ပါသည်။
မှတ်မိသမျှ ၂ဝဝ၆ ခုနှစ်၊ ဂျာမနီ ကမ္ဘာ့ဖလား ဘောလုံးပွဲ တွင်အင်္ဂလန်မှ ဒိုင်လူကြီး”ဂရေဟမ်ပူး” သည် သူကိုင်တွယ်သော ဘောလုံးပွဲတစ်ပွဲ၌ ဘောလုံးသမား တစ်ဦးအား ပထမတစ်ကြိမ် အဝါကတ်ပြ၏။ ဘောလုံးပွဲဆက်ကန် ပါ၏။ ထို့နောက် ထိုဘောလုံးသမားအား ဒုတိယအကြိမ် အဝါထပ်ပြ၏။ ထိုအချိန်တွင် ထိုဘောလုံးသမား နှင့် မှတ်တမ်းဒိုင်အဖွဲ့များ၊ ပွဲကြည့်ပရိသတ်များက နှစ်ဝါတစ်နီပြ၍ ဘောလုံးပွဲအတွင်းမှထုတ်ပစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဒိုင်လူကြီးထံမှ အနီကတ်ထွက် မလာပါ။ ထိုဘောလုံးသမားဆက်ကစားပါ၏။ မည်သူကမျှဝင်ရောက် မပြောဆိုကြပါ။ မကြာမီတွင် ဒိုင်လူကြီးက သိရှိသဘောပေါက်သွား၏။ ထိုဘောလုံးသမားကို တတိယ အဝါကတ်ထုတ်ပြကာ အနီကတ်ဆက်ပြပြီး ပွဲအတွင်းမှ ထုတ်လိုက်ပါ၏။ မည်သူမှားပါသနည်း။ ဒိုင်လူကြီးမှားနေသော်လည်း မည်သူကမျှဝင်ရောက်မစွက် ဖက်ကြပါ။ ဘောလုံးပွဲပြီးသည့်အခါ ယင်းဒိုင်လူကြီးလည်း အိပ်ရာလိပ်ထမ်း၍ အင်္ဂလန်ပြန်သွားခဲ့ရပါသည်။ ဤသည်မှာ အမှန်ဖြစ်ပျက်ခဲ့ပါသည်။
ဘောလုံးပွဲ ကစားနေစဉ်တွင် ဒိုင်လူကြီးကို မည်သူမျှ ဝင်ရောက် စွက်ဖက်ပြောဆိုမှု မပြုကြသကဲ့သို့ သမိုင်းရေးဆရာနှင့် တရားသူကြီးကိုလည်း ၄င်းတို့၏အလုပ်တာဝန် များ ဆောင်ရွက်နေစဉ်အတွင်း မည်သူကမျှ ဝင်ရောက်မစွက်ဖက်ကြ သည်မှာ နိုင်ငံတကာ၏ စံပင်ဖြစ်ကြောင်းလေ့လာမှတ်သားရပါသည်။ယနေ့ နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေပါသည်။ ဒီမိုကရေစီဟူသည့် စကားရပ်ကို လူတိုင်းနီးပါး ကြားဖူးကြပါမည်။ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လွန်စွာအပြောများသော စကားစုလည်းဖြစ်ပါ၏။ ဒီမိုကရေစီဟူသည် အဘယ်နည်း။ ဘယ်လိုပုံစံ ရှိပါသလဲ။ ဘယ်သို့သော နည်း လမ်းဖြစ်ပါသလဲ။ မေးခွန်းများ မည် သို့ရှိပါစေ အဖြေက တစ်ခုတည်း သာဖြစ်ပါသည်။ ”ဒီမိုကရေစီဟူသည် ပြည်သူကို ပြည်သူက အုပ် ချုပ်သောစနစ်”ပင် ဖြစ်ပါ၏။ ယင်းစနစ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ် မရှိ။ အာဏာပိုင်မရှိ။ တန်ခိုးရှင်လည်း မရှိချေ။ အုပ်ချုပ်သူသည် ပြည်သူ့ ကိုယ်စား ရွေးချယ် တင်မြှောက်ခံရသူသာ ဖြစ်ပါသည်။ ၄င်းတို့တွင် ငါဟူသော အစွဲများထားလို့မရ။ အများပြည်သူ၏ ဆန္ဒကို အလေးထား ဦးစားပေးရသည်။ ”ဒီမိုကရေစီ” ကြီးစိုးသော၊ ကျင့် သုံးသော နိုင်ငံတိုင်းတွင် ပြည်သူ၏ဆန္ဒသည် အဓိကကျ၏။ အလေးထားဦးစားပေး ဖော်ဆောင်ရပါသည်။  အစိုးရဟူသည်ပြည်သူအား အလုပ်အကျွေးပြုသူ၊ ပြည်သူ က မွေးဖွား ပေးထားသူသာ ဖြစ်ပါသည်။
လွန်ခဲ့သော လပိုင်းခန့်က ဂျာနယ်တစ်ခုတွင် ပါကစ္စတန်ဝန်ကြီးချုပ်က ၄င်းအပေါ် ဆုံးဖြတ်ထားသည့် ကိစ္စတစ်ရပ်ကို တရားရုံး ချုပ်သို့ အယူခံဝင်ကြောင်း ပါရှိ ချက်အား ဖတ်ရှုခဲ့ရသည်။ ပါကစ္စ တန်သည် စစ်အုပ်ချုပ်ရေး မကင်း သော နိုင်ငံဖြစ်၏။ တစ်ဖက်တွင် ဒီမိုကရေစီကို မြေစမ်း ခရမ်းပျိုးနေ၏။ ထိုကဲ့သို့သော နိုင်ငံမျိုးမှဝန်ကြီး ချုပ်သည်ပင် တရားရုံးချုပ်၏ အမိန့်ကို နာယူလိုကြ၏။ မိမိတို့က လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီကို ကျင့်သုံးနေပါသည်။ အချို့သော အခွင့်အာဏာရှိသူများ သဘောထား  မည်မျှပြောင်းလဲနေကြပါပြီလဲ။ မေးမြန်းစရာ၊ စဉ်းစားတွေးတောစရာပင် ဖြစ်ပါသည်။
ဤအချက်များကို စာရေးသူ တင်ပြနေရခြင်းမှာ အကြောင်းရှိပါသည်။ ယနေ့ နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်နေပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇ တွင် ”နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး သည်”ဟု ဆိုကာ နိုင်ငံတော်၏ အခြေခံမူတစ်ရပ်ကို ရှင်းရှင်းပြတ် ပြတ်ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။ ဒီမိုကရေစီကျင့်သုံးသော နိုင်ငံတိုင်း၏ အဓိကအခြေခံမှာ စည်းကမ်း ဖြစ်ပါသည်။
မြစ်ချောင်းများသည်ပင် ကမ်းရှိ မှ စီးဆင်းသလို၊ မြို့ရွာ အိုးအိမ်များ သည်လည်း စည်းရှိမှ လုံခြုံပါ၏။ ထို့အတူ လူ့ဘောင်အဖွဲ့အစည်း သည်လည်း လူမှုစည်းကမ်းကျင့် ဝတ်များဖြင့်  ထိန်းချုပ်ထားပါ၏။ လူ့အဖွဲ့အစည်းအတွင်းရှိ ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းနေသူများသည်လည်း ဆိုင်ရာ စည်းကမ်းများ ရှိကြပါ သည်။ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းသည့် စည်းကမ်းများကို ပေါင်းစုသည့် အခါ ဥပဒေဟူ၍ ဖြစ်လာပါသည်။ သို့ဖြစ်ရာ သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် တာဝန်များကို ရွက်ဆောင်သယ် ပိုးကြရသော တာဝန်ရှိသူတိုင်းသည် ၄င်းတို့အတွက် သတ်မှတ်ထားသော စည်းမျဉ်းများ၊ စည်းကမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို မလွဲ မသွေ လေးစားလိုက်နာကြရသည် မှာ သေချာသော အချက်ပင် ဖြစ်ပါ သည်။ သို့ဖြစ်ရာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားတိုင်းသည် မိမိတို့ကျရာနေရာမှ ကျရာတာဝန်များကို ထမ်းရွက်၍ နိုင်ငံတော်သစ်သို့ ချီတက်ကြရာတွင် စည်းကမ်းကို ရိုသေ သင့်၏။ ဥပဒေကို လိုက်နာသင့်၏။ အပြန်အလှန်နားလည်သင့်၏။ ကူညီရိုင်းပင်းသင့်၏။ အလေးထားသင့်၏။ မလိုလားအပ်သော ဝေဖန်စွက်ဖက်မှုများကို ရှောင်ရှား သင့်၏။  အခြားတစ်ဖက်တွင် မိမိကိုယ်မိမိ တာဝန်ခံသင့်၏။ တာဝန်ယူနိုင်စွမ်း လည်းရှိသင့်၏။ မိမိ၏အခွင့်အရေး နှင့်တာဝန်ကို ရှင်းလင်းစွာ သိမြင်ပြီး မှန်ကန်စွာကျင့် သုံး ဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်တန်းမည် ဖြစ်ပါသည်။
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄ တွင် ”နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်”ဟု အတိအလင်းပြဆိုထားပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏ အရေးအရာများကို တာဝန်ခံယူ ဆောင်ရွက်နေကြရသော တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အခွင့် အာဏာများသည် ၄င်းတို့၏ ကိုယ်ပိုင် မဟုတ်နိုင်ငံသားများက ပေးအပ်ထားခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းသိမြင် လက်ခံနိုင်ကြမည်ဖြစ်ပါသည်။ အာဏာရှိသူပင် လျှင် ပြည်သူပြည်သား မဟုတ်ပါ၏လော။ တစ်နေ့ ပြည်သူ့ဘဝထဲ ပြန်သွားရမည် မဟုတ်ပါလော။ မှတ်မိပါသေးသည်။ အမေရိကန်နိုင်ငံတွင် သမ္မတကြီး ”ဂျင်မီကာတာ” သည် ၄င်း၏ သက်တမ်း ကုန်ဆုံးသည့်အခါတွင် ဇာတိမြေသို့ ပြန်သွားပြီး မူလ အလုပ်အကိုင်ဖြစ်သော လက်သမား ပြန်လုပ်ပါ၏။ ကြီးကျယ်ခမ်းနား၍ လွန်စွာမှ သြဇာ အာဏာရှိသော သမ္မတကြီးဘဝမှသည် အေးချမ်းသာယာသော ပြည်သူ့ဘဝသို့ ပြန် သွားခြင်းသာ ဖြစ်ပါသည်။ 
နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်းဟူသော အာဏာ (၃) ရပ်အောက် တွင် ပြည်သူများသည် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စအဝဝကို ဆောင်ရွက်နေကြပါသည်။ အေးချမ်းသာယာစွာဖြင့် ဆောင်ရွက်လိုကြ ပါသည်။ ပြည့်စုံကြွယ်ဝမှုတည်း ဟူသော သုခတရားကို ခံစားလို ကြပါသည်။ မျှော်လင့်တောင့်တကြ ပါသည်။ ထိုဆန္ဒများ ပြည့်ဝစေရေး အတွက် အာဏာကြီး (၃) ရပ်ကလည်း ဟန်ချက်ညီညီ ထိန်းကျောင်းကူညီမှု၊ အပြန် အလှန် လေးစားမှုရှိကြရန် အထူးလိုအပ်ပါသည်။ နိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) တွင် ”နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံး ဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုသည်”ဟု ပြဋ္ဌာန်းထားပါ သည်။ 
အပြန်အလှန်ထိန်းကျောင်း ခြင်းဟူသည် အာဏာကြီး (၃) ရပ် ၏ Check and Balance ကို ဆို လိုခြင်းဖြစ်ပါသည်။ ဝင်ရောက်စွက် ဖက်ခြင်းမဟုတ်ပါ။ မလျော်သြဇာ သုံးခြင်းကိုလည်း ခွင့်မပြုပါ။ အနိုင် အထက်ပြုမှုကိုလည်း  တားမြစ်ပါ သည်။ သို့မှသာ အာဏာကြီး (၃) ရပ်သည် လွတ်လွတ်လပ်လပ် လုပ် ကိုင်ဆောင်ရွက်နိုင်မှုရှိကြပြီး အပြန် အလှန်လေးစားခြင်းနှင့်ထိန်းကျောင်း ခြင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပါ သည်။ အဆိုပါ Check and Balance သဘောတရား ကို အချို့အချို့သော အခွင့်အာဏာရှိသူများ ရှင်းလင်းစွာ နားလည်သဘောပေါက် သင့်ပေသည်။ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြောင်းလဲလာသော နိုင်ငံရေးစနစ်အရ သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အခြေခိုင်စ ပြုလာပေသည်။ သို့ သော် အချို့သောမီဒီယာများသည် လွတ်လပ်ခွင့်နှင့် စည်းကမ်းရှိမှုကို ခွဲခွဲခြားခြားနားလည်သဘောပေါက် သင့်ပေသည်။ 
လွတ်လပ်မှုသည် ပုတ်ခတ်မှု မဟုတ်ချေ။ အပြု သဘောဝေဖန်မှုသာ ဖြစ်ရမည်ကို သတိချပ်သင့်ပါသည်။ ထို့အတူ တာဝန်ရှိသူတို့ကလည်း မိမိတို့၏ တာဝန်နှင့် အခွင့်အာဏာကို ခွဲခြား သိမြင်သင့်ပါ၏။ တစ်ခါတစ်ရံ စေ တနာနှင့် ပြုမူခြင်းသည် အခြားတစ် ဖက်တွင် ဝေဒနာအမှားကို ဖြစ်စေ ပြီး အကျိုးမဲ့တတ်ပါသည်။ သူတစ် ပါး၏ အခွင့်အာဏာကိုလည်း စွက် ဖက်ရာရောက်နိုင်ပါသည်။ စဉ်းစား ချင့်ချိန်ပြီး ပြောဆိုခြင်း၊ လုပ်ဆောင် ခြင်းဖြင့် အကျိုးရှိစေလိုပါသည်။ စာရေးသူ တင်ပြလိုပါသည်။ လူတိုင်းလူတိုင်းသည် မိမိနေရာ၌ မိမိ၏ စည်းကမ်းဖြင့် နေထိုင်ပြီး သူတစ်ပါးအား ကူညီပံ့ပိုးခြင်းသည် မင်္ဂလာတရားပင်ဖြစ်ပြီး ကြီးပွားတိုး တက်ကောင်းမွန်မှုကိုဖြစ်စေပါသည်။  ဆရာဝန်ကဆေးကုပါမည်။ ဝါသနာ ပါရင်စာရေးပါမည်။ သို့သော် တရား သူကြီးတော့ မဟုတ်ပါ။ ကျောင်း ဆရာက စာသင်ပါမည်။ ရပ်ရွာ ကောင်းကျိုးသယ်ပိုးပါမည်။ အင် ဂျင်နီယာအလုပ်ကို ကျွမ်းကျင်မည် မဟုတ်ပါ။ မိမိနေရာ၊ မိမိရပ်တည် လျက်အစွမ်းကိုယ်စီ ရှိကြမည်သာ ဖြစ်ပါသည်။ သူတစ်ပါးအလုပ်ဝင် လုပ်လိုလျှင် မိမိကိုယ်ကို မိမိဦးစွာ ပထမဝမ်းစာပြည့်ဝမှုရှိရန် ကြိုးစားရပါမည်။ 
သူတစ်ပါးကို အလေးထား၍ မိမိကိုယ်တိုင်မှာလည်း မှန်ကန် ဖြောင့်မတ်ရပါမည်။ မှန်ကန်ပြီဆို ရာ၌လည်း အများလက်ခံသော တရားမျှတမှု၊ သာတူညီမျှရှိမှုနှင့် စိတ်စေတနာကောင်း ထားရှိမှုတို့မှာ လည်း အရေးပါလှပါသည်။ သို့မှ သာအများနှင့် ညီတူညီမျှလက်တွဲ၍ မိမိတို့ ရည်ရွယ်ရာ ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ခပ်သိမ်းကုန်သော လူအများသည်မိမိတို့ ကျရာနေရာ၏ တာဝန်နှင့်အခွင့်အရေးများ၊ ကျင့်ဝတ်နှင့် စည်းကမ်းများ၊ ပြောင်းလဲနေသော ခေတ်၏ အခြေအနေများ ကို ကောင်းစွာရှုမြင် သဘောပေါက်ပြီးလျှင် ငါစွဲကင်းလျက် အတ္တ-ပရ မျှတစွာဖြင့် နိုင်ငံတော်၏ အကျိုးကို အစွမ်းရှိသမျှ ထမ်းပိုးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူအများ ရည်ရွယ်မျှော်မှန်းရာ ဒီမိုကရေစီပန်းတိုင်သို့အရောက်လှမ်း နိုင်ကြပါစေရန် ဆန္ဒပြုအပ်ပါသည်။
ဇေယျာတင့်ညို
Friday, July 21, 2017
ပဏာမ ဒီကရီချမှတ်ပြီးချိန် ဆောင်ရွက်ရန်ကိစ္စ
       အမွေမှုတွင် ပဏာမ ဒီကရီ ချမှတ်ပြီး ဆောင်ရွက်ရန်မှာ အမွေ ပစ္စည်းစာရင်းကောက်ယူခြင်း ကွယ်လွန်သူ ပေးရန် ရရန်ရှိသော ကြွေးမြီကို စိစစ်ခြင်း အမွေဆိုင်များသို့ ခွဲဝေပေးခြင်းဟူသော လုပ်ငန်းသာ ရှိပါသည်။ အမိန့် ၂၆ နည်း ၁၁ နှင့် ၁၃ တို့အရ ကော်မရှင်နာခန့်အပ်ပြီး ဆောင်ရွက်ရသည်ဖြစ်ရာ ကော်မရှင်နာမှ ဆောင်ရွက်ချက် အစီရင်ခံပြရပါမည်။ ပြီး မှ အစီရင်ခံစာ အား တရားရုံးမှ နှစ်ဘက်ကြားနားပြီး အမိန့်တစ်ရပ်ချမှတ်ခြင်းပြုရပါသည်။(ဦးမြတ်ကျော် နှင့် ဦးသိန်းမောင် ၁၉၈၄ မတစ ၃၀၂) အမှုသည် လေ့လာသင့်သည့် အနီးကပ် ဆုံး သာဓကဖြစ်မည်ထင်ပါသည်။
     တစ်ချို့က ပစ္စည်းခွဲဝေသည့် ကိစ္စမှာ အပြီးသတ် ဒီကရီ ချမှတ်ပြီးမှ ဆောင်ရွက်ရသည်ဟု အမြင်ရှိပြန်ပါသည်။ အမှန်မှာ ခွဲဝေ စရာ ပစ္စည်းတစ်မျိုးတည်းရှိသည့်တိုင် အောင် ခွဲဝေသည့်ကိစ္စပြီးစီးမှ အပြီးသတ် ဒီကရီ ချမှတ်နိုင်ပါမည်။ လက်ရောက်ပေးအပ်သည့် ကိစ္စမှာ လက်ငင်း မပေါ်သေးပါ။ ကော်မရှင်နာ အနေဖြင့် ပဏာမဒီကရီ အတိုင်း ဝေစုများကို ခွဲဝေသတ်မှတ်၍ အတိုင်းအတာများနှင့်တကွ တရားရုံးသို့ အစီရင်ခံရန်ဖြစ်ပါသည်။ (အလာဟာဘတ် အတွဲ ၂၀ စာ ၃၁၁။ ) 
       ပစ္စည်း၏ ပကတိတန်ဖိုးကို ဖျက်ဆီးခြင်းမပြုဘဲ ခွဲဝေခြင်း မပြုနိုင်လျှင်ဖြစ်စေ။ ပူးတွဲပိုင်ရှင်တစ်ဦးက သီးခြားလက်ရှိထားခြင်းကို ဖယ်ရှားရန်အဆင်ပြေမည်မဟုတ်လျှင်ဖြစ်စေ။ ပစ္စည်းကို ခွဲဝေခြင်း မပြုဘဲ ငွေသားဖြင့် လျော်ကြေးခွင့်ပြုနိုင်ပါမည်။ခွဲဝေရန် မဖြစ်နိုင်လျှင် ရောင်းရငွေ ကို ခွဲဝေရန် ဖြစ်ပေလိမ့်မည်။ ရောင်းချရာ၌ လက်ရှိဖြစ်သူက ဝယ်ယူခွင့် ဦးစားပေးရပါမည်။
ကာလကတ္တား အတွဲ ၁၀ စာ ၆၇၅
အိန္ဒိယအမှုများ အတွဲ ၁၁ စာ ၃၇၀
          ဝေစု များကို မျှမျှတတ ခွဲဝေနိုင်ရန် မဲနှိုက်ခြင်းသည် အမိန့် ၂၆ နည်း ၁၄ နှင့် မဆန့်ကျင်ပါ။ တရားရုံးက ထိုသို့ စီစဉ်နိုင်ပါသည်။ (အေ အိုင် အာရ် ၁၉၁၅ မဒရပ် ၁၁၇၁)
           ကော်မရှင်နာ တာဝန်အရ ဆောင်ရွက်ရန် ကိစ္စများအား လွယ်ကူစေရန် ဆရာကြီး ဦးမြ၏ တရားမကျင့်ထုံးဥပဒေ စာအုပ်မှ ကောက်နှုချက်ဖြစ်ပါသည်။ စာအုပ်ရှိကြသော်လည်း မဖတ်ဖြစ်ကြပါ။ အမှတ်တမဲ့ ဖြစ်နေသည်က များပါသည်။
လေးစားစွာဖြင့်
                ထက်ကိုကို
ကျမ်းကျိန်ဆိုခြင်း၏ အသက်အရွယ်
       ကျမ်းသစ္စာ ပြုခြင်းကို ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ ၅ အရ မည်သူမဆို ကျိန်ဆိုခြင်းပြုကြရပါသည်။ ပြီးမှ သက်သေ/အမှုသည် အဖြစ် အစစ်ခံကြသည်မှာ မြင်တွေ့နေကျ ကိစ္စရပ်ဖြစ်ပါသည်။ ကျမ်းကျိန်ဆိုနိုင်သည့် အသက်အရွယ် ကို အမြင် အမျိုးမျိုး ရှိနေကြသည်မှာ စိတ်ဝင်စားဖွယ် အလွန်ကောင်းပါသည်။ ရာဇသတ်ကြီး၊ အရွယ်ရောက်ခြင်း အက်ဥပဒေ ၊ ကလေးသူငယ်ဥပဒေ ၊ မြန်မာဓလေ့ထုံးတမ်း အစရှိသော အသက်နှင့်ပတ်သက်သည့် ပြဌာန်းချက် အမျိုးမျိုး ရှုထောင့် အမျိုးမျီုးမှ ဝေဖန်ကြ၍ အသိပညာ တိုးပွားသည့်အတွက် ကျေးဇူးတင်မဆုံးဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။
         များသော အားဖြင့် ကလေးသူငယ် အရွယ် မဟုတ်ပါက ကျမ်းကျိန်နိုင်ကြောင်း ငြင်းဆိုရန် အကြောင်းရှိမည်မထင်။ ထိုသို့ ဆိုပါလျှင် ကလေးသူငယ် ဥပဒေ အရ အသက် ၁၆ နှစ်အောက် ကို ကလေးသူငယ်ဟူ၍ တိတိပပ သတ်မှတ်ထားရာ ကလေးသူငယ် အား ကျမ်းကျိန်ဆို နိုင်ခြင်း ရှိမရှိ ဟူသော အဖြေသည် ကျမ်းကျိန်ဆိုနိုင်သူ၏ အသက်အရွယ်ကို ထင်ဟတ် စေပါမည်။
         ကလေးသူငယ် အား ကျမ်းကျိန် ဆိုစေခြင်း သို့မဟုတ် ကတိသစ္စာ ပြုစေခြင်း တစ်ခုခု မပြုလုပ်ပါဘဲ ထွက်ဆိုစေလျှင် သက်သေခံ ဝင်မဝင် ကိစ္စကို ဆရာကြီး ဦးမြ ၏ လက်တွေ့စွယ်စုံ ဥပဒေ စာအုပ်မှ ကောက်နှုတ် ဆွဲထုတ်ပြချင်ပါသည်။ 
         ပွားညွှန့် အမှု အောက်မြန်မာ အတွဲ ၂ စာ ၃၂၂ တွင် သက်သေ တစ်ဦး အား မစစ်ဆေးမီ မပျက်မကွက် ကျမ်းကျိန်ဆိုစေရမည် သို့မဟုတ် ကတိသစ္စာပြုစေရမည်။ သို့သော် ထိုသို့ပြုလုပ်စေရန် ပျက်ကွက်ခြင်းကို ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ ၁၃ အရ ကုစား၍ရသဖြင့် သက်သေ၏ ထွက်ချက်သည် သက်သေခံ ဝင်သည်ဟု ကလေးသက်သေ နှင့်စပ်လျဉ်း၍ ပြဆိုပါသည်။
          ဒေရား အမှု အောက်မြန်မာ အတွဲ ၉ စာ ၈၈ တွင် ကလေးသက်သေ တစ်ဦးအား ကျမ်းကျိန်ဆိုစေရန် သင့်မသင့် သို့မဟုတ် ကတိသစ္စာပြု သင့်မသင့် စဉ်းစား ဆင်ခြင်ပြီးမှ ထိုသို့ မပြုသင့်ဟု ယူဆကာ ၄င်း အား စစ်ဆေးခဲ့ရာတွင် ကျမ်းသစ္စာအက်ဥပဒေ ပုဒ်မ ၁၃ ပါ ပြဌာန်းချက်များ ရှိလင့်ကစား သက်သေခံ မဝင် ဟု ထုံးပြုပါသည်။
           အာဖတ် အမှု ၁၉၄၀ ရန်ကုန် ၁၀၄ တွင် ကလေးသက်သေ တစ်ဦး အား စစ်ဆေးခြင်း မပြုမီ ကျမ်းကျိန်ဆိုစေရမည် သို့မဟုတ် ကတိသစ္စာပြုစေရမည် ဖြစ်သော်လည်း ထိုသို့ မပြုဘဲ ကလေးက ထွက်ဆိုစေကာမူ ၄င်း၏ ထွက်ချက်သည် သက်သေခံဝင်သည်။ သို့သော် ထိုသို့သော ထွက်ချက်ကို မည်၍ မည်မျှ အလေးပေးသင့်သည်ကို တရားရုံးက ဆုံးဖြတ်ရန်ဖြစ်ကြောင်း ထုံးဖွဲ့ပါသည်။ 
           အထက်ပါ ပွားညွှန့်၊ ဒေရား၊ အာဖတ် အမှု(၃) မှု စလုံး၏ ထုံးပြုချက်များသည် ကလေးသူငယ် ကျမ်းကျိန်ခြင်းကိစ္စရပ်အပေါ် ဆင်ခြင်ပြီး အဖြေထုတ် လမ်းညွှန်ချက်များဖြစ်ကြပါသည်။ 
            ကျမ်းကျိန်ဆိုခြင်း၏ အသက်အရွယ်ကို စီရင်ထုံးများမှ ပြဆိုချက်နှင့် ယှဉ်တွဲ လေ့လာသောအခါ ကလေးသူငယ် သည်ပင်လျှင် ကျမ်းကျိန်ဆိုခြင်း ပြုနိုင်ကြောင်း အလွန်ရှင်းလင်းပါသည်။ ကလေးသူငယ် အား ကျမ်းကျိန်ဆိုခြင်း ပြုသင့် မသင့် မှာ သက်ဆိုင်ရာ ကိစ္စရပ် အပေါ်တွင်သာ တည်မှီသည်ဟု ဆိုရပါမည်။ ကျနော် ၏ မတောက်တစ်ခေါက် ဖတ်မှတ်မိသမျှ မှ တစ်ထွာတစ်မိုက်သော ဥာဏ်ဖြင့် စဉ်းစားမိသမျှဖြစ်ပါသည်။ မိမိတို့ စိတ်ကြိုက် လွတ်လပ်စွာ တွေးတော ကြံဆခြင်း ပြုနိုင်ပါသည်။
လေးစားစွာဖြင့်
                      ထက်ကိုကို
အကျိုးရှိရှိ အသုံးချတတ်စေချင်
      မှုခင်းများ စစ်ဆေးကြရာတွင် မိမိ၏ အမှုသည်အတွက် တာဝန်ကျေလိုသော စိတ်ဓါတ် ရှိသည့် ရှေ့နေ များအား လေးစားမိပါသည်။ သို့သော် ဥပဒေ သဘော တရား နှံ့စပ်ရန်လည်း လိုအပ်ပြီး ဦးတည်ချက်ထား လိုက်ပါ ဆောင်ရွက်သင့်ပါသည်။ ဥပဒေ၏ ဆိုလိုရင်း၊ စီရင်ထုံး၏ လမ်းညွှန်ချက်များအား ကိုယ်တိုင်ရှင်းရှင်း သိပါမှ အမှုစစ်ဆေးရာတွင် အထောက်အကူ ဖြစ်ပါမည်။
     တရားခံ ဘက်မှ လိုက်ပါသည့် ရှေ့နေ တစ်ချို့၏ အယူအဆ တစ်ခု သတိထားမိ၍ ဆွေးနွေးလိုပါသည်။ အကြောင်းအရာ အချက်အလက် တစ်ခုကို တရားလိုပြ သက်သေများ စစ်ဆေးတိုင်း(လိုပြ သက်သေတိုင်း) ပုံစံတူ မေးခွန်းထုတ်ကြပါသည်။ သက်သေ က ၄င်းမေးသည့် အချက် သိခြင်း မသိခြင်းမှာ အဓိက ကျဟန်မတူပါ။ ကျနော် လည်း သိချင်စိတ်ကို မထိန်းနိုင်၍ မေးမြန်းကြည့်မိရာ After thought ဖြစ်မှာကို ပူပန်ပြီး မေးခြင်းဖြစ်ကြောင်းသိရပါတော့သည်။
       နောက်မှ အကြံရ၍ တင်ပြသော ဇာတ်လမ်း ဖြစ်သည် (after thought )ဟူသော အကြောင်းပြချက်ဖြင့် တရားခံ၏ ထုချေ ချက်ကို ငြင်းပယ်ခဲ့သည်မှာ ဦးတင်ထွဋ် Vs ပထစ ၁၉၆၆ မတစ ၁၉၂ ထုံးပြုချက် ပေါ်ထွက်လာပြီးကတည်းက ဖြစ်သည်ဟု ဆရာကြီး ဦးမြ က ဆိုထားပါသည်။ တရားလိုပြ သက်သေများကို ပြန်လှန်မေးခွန်းတွင် မေးမြန်းခြင်း မပြုဘဲ စွဲချက်တင်ပြီးမှ ထုချေလျှင် နောက်မှ အကြံရ၍ ထုချေသည်ဟု ယူဆရပေမည်ဟု ဦးတင်ထွဋ် အမှုတွင် ဆိုထားပါသည်။
        စီရင်ထုံးကို အတောင့်လိုက် သဘောပေါက်သွားပြီး ယနေ့တွေ့မြင်နေရသည်မှာ တရားလိုပြ သက်သေတိုင်းအား ထင်ရှားပြီး(မိမိလိုချင်သည့်အချက် ရရှိပြီး)အချက်အလက်ကို တန်းစီ စစ်မေးပါတော့သည်။ တရားလိုပြ သက်သေ တစ်ဦးထံမှ မိမိလိုချင်သည့် အဖြေရလျှင် လုံလောက်မှန်း မသိကြပါ။ တရားခံ ဆင်လိုသော ဇာတ်လမ်း အား သက်သေတိုင်းကို မေးရန်မဟုတ်။ သက်သေခံ ပစ္စည်းသိမ်းဆည်းသည့် ကိစ္စ အား အမှုစစ် သို့မဟုတ် အသိသက်သေ လက်မှတ်ထိုးသူကိုသာ မေးရန် အကြောင်းရှိပါမည်။ ယင်း အကြောင်းအရာ မသိသော လိုပြ ကို မေးပါလျှင် သက်သေခံဥပဒေ ပုဒ်မ ၆၀ အရ သက်သေခံဝင်မည်မဟုတ်ပါ။ ထိုသို့ မသိသည့် သက်သေကို မမေးမိခြင်းသည် after thought. မဖြစ်ပါ။ 
 (သောင်းပြောင်းထွေလာ ၆ စာ ၁၆၆ မှ) 
မေး။     အခင်းဖြစ်နေရာ မှာ တရားခံ မရှိကြောင်း လိုပြ ဦးဖြူ အား အခင်းဖြစ်ချိန်က ခင်ဗျား နဲ့ တရားခံ အတူ ထမင်းစားနေတယ် မဟုတ်လား။
သက်သေ။ ဟုတ်ပါတယ်။
မေး။ ပြီးမှ ရန်ဖြစ်သံ ကြားလို့ ခင်ဗျားတို့ နှစ်ယောက် သွားရောက် ဖျန်ဖြေတယ်ဆို။
ဖြေ။ မှန်ပါတယ်။
သက်သေ ဦးဖြူ ၏ ထွက်ချက်ဖြင့် လုံလောက် ထင်ရှားသွားပါပြီ။
          နောက်ထပ် လိုပြသက်သေများ အား တရားခံမှာ အခင်းဖြစ်နေရာ မရှိကြောင်း ဦးဖြူ နဲ့ ထမင်းစားနေကြောင်း မည်သည့်အတွက် အချိန်ကုန်ခံမေးရန် လိုပါမည်နည်း။ ဦးဖြူ နှင့် တရားခံ ထမင်းစားသည်ကို မြင်သည်ဟု သိသော သက်သေကိုမူ ယင်းအချက် တစ်ချက် မေးမြန်းခြင်းမှာ ပို၍ သင့်လျော်ပါသည်။
           ရာဇဝတ်မှုတွင် တရားခံ အပြစ်ရှိကြောင်း သက်သေပြသရန် တာဝန်သည် တရားလိုဘက်တွင် တစ်ချိန်လုံးကျရောက်သည်ဟူသော SEIN HLA  Vs. THE UNION OF BURMA 1951 BLR 289 ထုံးပြုချက်ကို သတိမူ မိပါလျှင် After thought ကိစ္စ အပေါ် စိုးရိမ်ပူပန်မှု ဒီကရီ အထိုက်အလျောက် လျော့ပါးသွားပါမည်။  အမှုစစ်ဆေးရာတွင် သက်သေခံ မဝင်သည့် အချက်အလက်များ မေးမြန်းခြင်းသည် ကောင်းကျိုးမရှိပါ။ သက်သေထွက်ချက်များ ဇကါတင် စိစစ်ရွေးချယ်ရာ၌ အမှန်တရားကို အနည်းနဲ့အများ အတားအဆီး အနှောင့်အယှက်တစ်ခု သာ ဖြစ်လာပါမည်။ အများပြည်သူတို့၏ အချိန်ကို ကျွမ်းကျင်မှုဖြင့် တန်ဘိုးထားသင့်ပါသည်။ မိမိ အမှုသည်၏ ဥပဒေ အရ ရသင့်သည့် အခွင့်အရေးကိုနည်းလမ်း မှန်ကန်စွာ ရှာဖွေရပါမည်။ အကျိုးရှိရှိ အသုံးချခြင်းဖြင့် မှန်မှန် နဲ့ မြန်မြန် စစ်ဆေးစီရင်ခြင်းသို့ .......
လေးစားစွာဖြင့်
                ထက်ကိုကို
အမှုစစ်မေးသင့်သည်ကိုမေးပါ၊ သတိပြုစရာလည်း သတိပြုပါ
         တရားရုံးများသည် တရားမမှုများ ဆုံးဖြတ်ရာ၌ အဆိုချေ ပါ အချက်များကို အခြေခံလျက် အဆုံးအဖြတ် ပေးရမည်ဖြစ်သည်။ ချေလွှာတွင် တိကျစွာ ငြင်းဆိုထားခြင်း မရှိသော အချက်နှင့်ပါတ်သက် သည့် သက်သေခံချက် တို့ကို လက်ခံရန် မသင့်သကဲ့သို့
အမှုဆုံးဖြတ်ရာ၌လည်း ထည့်သွင်း မစဉ်းစားသင့်ပေ။
ဦးထွန်းပါ ၇ နှင့် ဦးသန်းအောင် ပါ၎ ၁၉၇၅ မတစ ၃၀၂
ဦးစိန် နှင့် ဒေါ်ခင်နုဆွေ ပါ ၂ ၁၉၉၂. မတစ ၄၆(၄၈)
       ထိုသို့ ဆိုပါလျှင် တရားမမှုများတွင် အငြင်းမပွားသည့် အချက်များအား မည်သည့်အတွက် အချိန်ကုန်ခံပြီး သက်သေခံ တင်ပြ စစ်ဆေးရန် လိုပါမည်နည်း။ ကော်ကပ်စရာ ရှိပါမည်။ ထုံးပြုချက်က ချေလွှာကို ဆိုလိုသည်ဟု ပြောကြပါမည်။ ထိုမျှထိတော့ ဘောင်ကျဉ်းကျဉ်း မမြင်သင့်ပါ။ အဆိုအချေ ကို အခြေခံသည့် အချက်ကို ထည့်တွက်ရပါမည်။
စစ်မေးရန်ရှိသည်ကို တာဝန်ကျေ ပါစေ။
သတိပြုရန် ရှိသည်ကိုလည်း သတိပြုမိပါစေ။
သို့မှသာ အများပြည်သူ၏ အမှန်တရား ရှာဖွေခြင်းကို ကူညီရာ ရောက်ပါမည်။
လေးစားစွာဖြင့်
             ထက်ကိုကို
တွေ့မြင် ကြုံရ ထို သုတ
       တရားမကျင့်ထုံး အမိန့် ၂၁ နည်း ၅၈ မှ ၆၃ ထိ ပြဌာန်းချက်သည် ပစ္စည်း ဝရမ်းကပ်ခြင်း ခွာခြင်း ကိစ္စ ဆိုင်ရာပြဌာန်းချက်ဖြစ်ပြီး နည်း ၉၅ မှ ၁၀၃ ထိ ဖော်ပြချက်မှာ လက်ရောက်ပေးအပ်ခြင်းနှင့် သက်ဆိုင်သည့် ပြဌာန်းချက်ဖြစ်ပါသည်။
        ဇာရီမှုတွင် တရားရှုံး ပိုင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအား လေးလံတင် ရောင်းချပြီး၍ အပ်ဝရမ်း ထုတ်ဆင့် ဆောင်ရွက်မှ တတိယလူက ဥပစာကို တရားရှုံးထံ က ဝယ်ထားသည်ဟု ဆိုကါ နည်း ၆၃ အရ ပိုင်ထိုက်ကြောင်းမြွက်ဟ ပေးရန် တရားစွဲ ပါသည်။ကါလစည်းကမ်းသတ် ပထမ ဇယား အမှတ်စဉ် ၁၁ အရ ဝရမ်းခွာပေးစေလိုမှုတွင် အမိန့်ချသည့်နေ့မှ တစ်နှစ်အတွင်း စွဲခွင့်ရှိပါမည်။
       ထူးဆန်းမှုစတင်လာပါသည်။ နည်း ၆၃ အရ တရားနိုင် တရားရှုံး အပေါ် တရားစွဲဆိုခြင်းကို အကြောင်းပြ ပြီး တတိယလူက ဇာရီမှု ဆိုင်းငံ့ပေးရန် တရားမကျင့်ထုံး ပုဒ်မ ၁၅၁ ဖြင့် လျှောက်ထားလာပါသည်။ ၄င်း အား ဦးဆောင် လိုက်ပါသည့် ရှေ့နေ တွင် စာဖတ် အား မည်မျှ ရှိကြောင်း မှန်းဆ ကြည့်ယင် သိနိုင်ပါလိမ့်မည်။
       တရားရှုံး မဟုတ်သူက အမိန့် ၂၁ နည်း ၆၃ အရ စွဲဆိုထားစဉ် ၄င်းပိုင်သည်ဆိုသော ပစ္စည်း အား ဝရမ်း ကပ်သည့် ဇာရီမှုကို ဆိုင်းငံ့ပေးရန် လျှောက်ထားခြင်းအပေါ် ပုဒ်မ ၁၅၁ အရ ဆိုင်းငံ့ခြင်း မပြုနိုင်ပါ။
(ဦးကြင်စ နှင့် ဦးစိန်ပေါ ၁၉၆၆ မတစ ၅၆)
        အမှုသည် မဟုတ်သူသည် ဇာရီအတည်ပြုခြင်းခံရပါက အမိန့်၂၁ နည်း၉၇ မှ ၁၀၃ ထိ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။ တိုင်းတရားရုံး က တရားမကျင့်ထုံး ပုဒ်မ ၁၅၁ အရ မူလဘူတ အာဏာကို သုံးစွဲ၍ ဇာရီမှု ဆိုင်းငံ့ခြင်းသည် ဥပဒေ နှင့် မညီချေ။ ဟူ၍ ဦးကျော်စိုး နှင့် အက်စ်အဂျီခန်း(ခ)ဦးလှမောင်ပါ၂ အမှု ၁၉၉၄ မတစ စာ ၉. တွင်ပြဆိုသည်။
         တတိယလူက လျှောက်ထား လာပါက ဆောင်ရွက်ရန် နည်းလမ်း အား ဒေါ်မေသူပါ၎ နှင့် ဒေါ်သီတာပါ၂ အမှု ၂၀၁၀ မတစ။ စာ ၅၉ တွင် ဇာရီမှုတွင် တရားနိုင် တရားရှုံး မဟုတ်သော တတိယလူက တင်သွင်းလာသည့် လျှောက်လွှာကို လက်ခံ ရရှိပါက အမှုတွဲ၏ နေ့စဉ်မှတ်တမ်းတွင် လျှောက်လွှာ လက်ခံ ရရှိသည့်အချက်ကို မှတ်တမ်းတင်ပြီး တရားမကျင့်ထုံး ပုဒ်မ ၄၇(၁) အရ လက်ခံအရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သုံးသပ်ကာ လျှောက်လွှာ ပယ်သည့်အမိန့် ချမှတ်ရန် ဖြစ်ကြောင်း ပြဆိုထားပါသည်။
         လုပ်ငန်းနယ်ပယ်မှ တွေ့မြင်ကြုံရ ဗဟုသုတများ အား လေ့လာရင်း ပြုပြင်စရာ များကို သတိထား လုပ်ကိုင်ကြပါက အကျိုးရှိမည်ဟု မျှော်လင့်ချက်ဖြင့်သာ.....
လေးစားစွာဖြင့်
             ထက်ကိုကို
တွေးမိ ပုစ္ဆာ အဖြေရှာ
       တရားမမှုခင်းတွင် ကျင့်သုံးသည့် ပြဌာန်းချက်များ၌ တရားမကြီးမှု တွင် ကျင့်သုံးသော ပြဌာန်းချက် နှင့် ဇာရီမှုတွင် ကျင့်သူံးသော ပြဌာန်းချက် ဟူ၍ ရှိနေရာ ထုံးနည်းများ မတူညီကြောင်း သိကြပါသည်။ သို့ပါလျက် မကြီးတွင် ကျင့်သုံးသော ပြဌာန်းချက်များကို ဇာရီမှုတွင် မည်သည့် အတွက် အားကိုးအားထား ပြုပြီး လျှောက်ထားကြသည်ကို စဉ်းစား၍ မရပါ။ 
       တရားမကျင့်ထုံးပုဒ်မ ၁၄၁ တွင် တရားမမှုခင်း များနှင့်စပ်လျဉ်း၍ ဤဥပဒေတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများကို တရားမ စီရင်ပိုင်ခွင့် အာဏာ ကျင့်သုံးသော တရားရုံးတစ်ရုံးရှိ အမှုအရပ်ရပ်တွင် သက်ဆိုင်နိုင်သမျှ လိုက်နာရမည် ဟု ပြဌာန်းထားပါသည်။
       ပုဒ်မ ၁၄၁ အရ တရားမကြီးမှုတွင် ကျင့်သုံးသည့် ပြဌာန်းချက်များသည် တရားမအထွေထွေ မှုခင်းတွင် သက်ဆိုင်နိုင်သမျှ ကျင့်သုံးခွင့်ရှိကြောင်း ရှင်းလင်းပါသည်။ သို့သော် ဇာရီမှုတွင် ကျင့်သုံးခွင့် မရှိပါ။ (ဦးထွန်း နှင့် ဦးဘမင်း ၁၉၈၅ မတစ ၆၆)
       အမိန့် ၂၁ နည်း ၅၈ အရ ဝရမ်းခွာပေးရန် တတိယလူ၏ လျှောင်ထားမှုဖြင့် မထွေဖွင့် ဆောင်ရွက်ခြင်း တွင် အမှုသစ် စွဲဆိုခွင့်နှင့်တကွ ရုပ်သိမ်းခွင့်ပြုရန် လျှောက်ထားခြင်းပြဿနာ အား စိတ်ဝင်စား၍ လေ့လာကြည့်ပါသည်။ 
       နည်း ၅၈ အရ မထွေမှုတွင် တရားလို တရားပြိုင် ဟူ၍ မရှိပါ။ အမိန့် ၂ နည်း ၂ တွင်ပါရှိသော တရားစွဲ ဆိုရန်အကြောင်းလည်း မဟုတ်ပါ။ ထို့အတူ အမိန့်၂၃ နည်း ၁ တွင်ပါရှိသော အမှုဖြစ်အကြောင်းခြင်းရာ(the subject -matter of a suit) မရှိပါ။ ဝရမ်းခွာပေးရန် လျှောက်ထားမှုသည် အဆုံးအဖြတ်  ပြုပြီးသော ဒီကရီ ကို အတည်ပြုရာ၌ တတိယလူမှ ပစ္စည်းအပေါ် အခွင့်အရေး ရှိကြောင်း တရားရုံး သို့ တင်ပြ လျှောက်ထားမှု သက်သက်မျှသာ ဖြစ်ပါသည်။
        အမိန့်၂၃ နည်း ၁ တွင် အမှုစွဲဆိုပြီးနောက် မည်သည့်အခါမဆို တရားလို သည် တရားပြိုင် အားလုံးအပေါ်ဖြစ်စေ တစ်ဦးဦးအပေါ် ဖြစ်စေ စွဲဆိုသော အမှု သို့မဟုတ် တောင်းဆိုချက် တစ်စိတ်တစ်ဒေသ ကို ရုပ်သိမ်းနိုင် ခြင်းပြု နိုင်သည်မှာ မှန်ပါသည်။ နည်း ၅၈ အရ မထွေမှုသည် အမှုဖြစ်ကြောင်းခြင်းရာ မရှိ၊ တရားလို တရားပြိုင် ဟူ၍ မရှိသောကြောင့် ရုပ်သိမ်းရန် အကြောင်းအရာ မရှိကြောင်း ရိုးရိုးရှင်းရှင်း တွေးလျှင်ပင် အဖြေတွေ့နိုင်ပါသည်။
        အမိန့် ၂၃ ပြဌာန်းချက်ကို အကြောင်းပြု ပြီး တတိယ အား တရားစွဲဆိုရန်အကြောင်း ဖန်တီးပေးခြင်း မပြုနိုင်ပါ။ တရားမမှုတစ်မှုတွင် ဒီကရီ တစ်ရပ် ချမှတ်ပြီး ဖြစ်လျှင် အယူခံရုံးက ပယ်ဖျက်ခြင်းမပြုသရွှေ့ ထိုအမှုကို ပလပ်ခြင်းမပြုနိုင်ဟု ( မမြစန်း နှင့် ဒေါ်မိုးစိန် ၁၉၉၉ မတစ ၁၆၉) တွင် ပြဆိုသည်။ ထို့ကြောင့် အတည်ဖြစ်နေသော ဒီကရီ ကို အတည်ပြုသည့် ကိစ္စတွင် အစွယ်အပွား ပြဿနာဖြစ်သည့် တတိယလူ၏ ပစ္စည်းနှင့်ပါတ်သက်သော အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွင် ရုပ်သိမ်းခွင့် လျှောက်ထားခြင်းမှာ ဥပဒေ နှင့် ညီညွတိခြင်း မရှိဟု မြင်ပါသည်။ 
         တရားမကျင့်ထုံး ပုဒ်မ ၁၄၁ အရ မထွေမှုတွင် တရားမစီရင်ပိုင်ခွင့် အာဏါ ကျင့်သုံးခွင့် ရှိသည်မှာ မှန်ပါသည်။ သက်ဆိုင်နိုင်သမျှသာ ကျင့်သုံးရခြင်းဖြစ်သည်ကို သတိပြုရပါမည်။ တရားမကြီးမှု စစ်ဆေးစဉ် မမှန်သက်သေဖန်တီးကြောင်း ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၇၆ အရ လျှောက်ထား၍ တရားမအထွေထွေမှုဖွင့် ဆောင်ရွက်ခဲ့ရာ တရားမကျင့်ထုံး အမိန့် ၁၁ နည်း ၁ အရ မေးမြန်းခွင့်မရှိကြောင်း (ဦးဇော်ဝမ်း နှင့် ဦးမြင့်အောင် ၂၀၁၃ မတစ ၆၆ ) အမှုတွင်ပြဆိုခဲ့သည်မှာ မဝေးကွာသေးသည့် လမ်းညွှန်မှု ဖြစ်ပါသည်။ ထို့ကြောင့် တရားမကြီး မှု တွင် ကျင့်သုံးသည့် ပြဌာန်းချက်အားလုံးကို တရားမအထွေထွေမှု တွင် အသုံးပြုခွင့် မရှိဟု သတိထားပါလျှင် .....
လေးစားစွာဖြင့်
                  ထက်ကိုကို
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့်
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့် အောက်ပါ ကောက်ယူချက်လေးကို ထည့်သွင်းစဉ်းစားစေချင်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အယူခံတရားခံ ( မူလရုံး၌ စွဲဆိုသည့် တရားလို အမျိုးသမီး) အတွက် လိုက်ပါဆောင်ရွက်သည့် ပညာရှိ ၀တ်လုံတော်ရ ရှေ့နေကြီး ဦးမြစိန်က မိန်းကလေးတစ်ဦးသည် ယောက်ျားလေးတဦးအား ကာမရာဂစပ်ယှက်ရန်ခွင့်ပြုခဲ့သော် ထိုယောက်ျား၏တောင်းရမ်းထိမ်းမြားပါမည်ဟူသော ကတိရရှိ သောကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်ဟုတင်ပြထားသည်။
----
တရားသူကြီး ဦးစိန်သင်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။
ကိလေသာစိတ် မကုန်ခန်းကြသော ပုထုဇဉ်များအတွက် သွေးသားတောင့်တမှုကြောင့် မည်သည့် ရည်ရွယ်ချက်မျိုးမျှမရှိဘဲ ကာမရာဂစပ်ယှက်ခြင်းသည်လည်း ရှိနိုင်လေရာ ပညာရှိရှေ့နေကြီး၏ လျှောက်လဲချက်များကိုလက်ခံနိုင်ရန်ခဲယဉ်းလေသည်။
 ယောက်ျား နှင့် မိန်းမ တို့ ကာမစပ်ယှက်သည့်ကိစ္စတိုင်းတွင် ယောက်ျားလေးက မိန်းကလေးအား ထိမ်းမြားပါမည်ဟူသော ကတိပေးခဲ့ပြီးဖြစ်သည်ဟု ယူဆမည်ဆိုပါက ၊အကျင့်ဖေါက်ပြား မိန်းမသားများ၏မာယာကျော့ကွင်းသို့ သက်ဆင်းရရှာသည့် ယောက်ျားများအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။ 
ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေါ် ယူဆချက်မျိုးများမှ ရှောင်ရှားသင့်လေသည်။
မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅)
------
 မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁) စီရင်ထုံးကို  မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈)တွင် ပယ်ဖျက်ထားသည့်ဟု စောဒကတက်ရန်ရှိပါသည်။
 မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈) တွင် မောင်သန်းဌေး အမှုပါ အောက်ပါ ကိစ္စရပ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကိုသာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။
"ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတဦးအား ဖြားယောင်းသွေးဆောင်ပြီး ကျူးကျူးလွန်လွန်ဖြစ်၍ ပဋိသန္ဓေရရှိသည့်ကိစ္စတွင် ထိမ်းမြားလက်ထပ်ရန် ဂတိမရှိသော်လည်း အမျိးသမီးက လျော်ကြေးတောင်းဆိုခွင့်ရှိသည်ဟု ဖြေဆိုလိုက်ပြီး မခင် နှင့် မောင်မြင့်ကြီး၊ ဘိုးသိုက်နှင့် မနှင်းဇံ ၊ မယုံ နှင့် မောင်ဘိုးလူ ၊ မောင်သန်းဌေး နှင့် မပုတို့ အမှုများရှိ ယင်းကိစ္စနှင့် စပ်လျဉ်းသမျှ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်။
သို့ဖြစ်ရာ လျော်ကြေးရထိုက်ခွင့်ရှိမရှိ ဆုံးဖြတ်ချက်ကို သာပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း မြင်သာပါသည်။
(စာကြွင်း - မခင် နှင့် မောင်မြင့်ကြီး၊ (S.J -စာ - ၁၁၄)
  ဘိုးသိုက်နှင့် မနှင်းဇံ  (S.J -စာ - ၂၃၅)၊ မယုံ နှင့် မောင်ဘိုးလူ (၁၈၉၇-၀၂) အထက်မြန်မာပြည်စီရင်ထုံး-စာ၄၉၉) )
-----
ယင်းသို့သောအနေအထားတွင် အထက်တွင်ဖော်ပြခဲ့သည့် မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅) ပါ တရားသူကြီး ဦးစိန်သင်း ၏
မှတ်ချက်သည် ပယ်ဖျက်ထားသည့် အထဲတွင်မပါရှိသဖြင့် လေးစားလိုက်နာရန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်။
Thursday, July 20, 2017
အမှုရုပ်သိမ်းခြင်းနှင့် ဇာရီမှု
       တရားမကြီးမှုတွင် ကျင့်သုံးနိုင်သည့် ပြဌာန်းချက်များကို ဇာရီမှုတွင် ကျင့်သုံးခြင်း မပြုနိုင်သည်မှာ တရားမကျင့်ထုံး ပုဒ်မ ၁၄၁ အရ မြင်လွယ်သည့်အချက်ဖြစ်ပါသည်။ ဇာရီမှုတွင် ကျင့်သုံးခွင့်မရှိပါလျှင် ယင်းအမှုတွင် ချမှတ်သော အမိန့်အား အယူခံ/ပြင်ဆင် တက်သည့် အမှုတွင် ကျင့်သုံးခွင့် ရှိပါမည်လား စဉ်းစားဖွယ် ဖြစ်ပါသည်။
       ဇာရီမှုတစ်မှုတွင် တရားရှုံးဘက် မှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံတက်ရောက်ထား၍ ဆိုင်းငံ့ပေးပါရန် လျှောက်ထားပါသည်။ ဒီကရီ ကို အယူခံရုံနှင့် ဆိုင်းငံ့ရန်အကြောင်းမရှိနိုင်။ အယူခံရုံး၏ ဆင်ခြင်တုံတရား အရ ပြုလုပ်ရမည်ဖြစ်ပါသည်။(ဒေါ်စိန် နှင့် ဆူလူချန် ၁၉၇၁ မတစ ၄)။ အမိန့်၄၁ နည်း၅(၁) တွင်လည်း အယူခံမှုကြောင့် ဆိုင်းငံ့ မထားရ ဟု ဖော်ပြထားရာ တရားရှုံး၏ လျှောက်ထားချက်အား ဇာရီရုံးက ပလပ်ခဲ့ရပါသည်။
       အမှုသည်တို့ မည်သည် အတ္တ မာန်မာန အရာ၌ သာမန်လူထက် ပိုကဲသူများ ဖြစ်ကြသည်နှင့်အညီ ကျေနပ်မှု ရောင့်ရဲမှုတွင် မိမိဘက်ကို သာသာထိုးထိုး တွေးတောလေ့ရှိကြပါသည်။ ထို့ကြောင့် မူလ ဇာရီရုံးမှ ၄င်း၏ လျှောက်ထားမှုကို ငြင်းပယ်(ဆိုင်းငံ့ရန်ငြင်းပယ်)သော အမိန့်အား အယူခံ ဝင်ပြန်ပါသည်။
       ဖြစ်ချင်တော့ ဇာရီမှုတွင် ချမှတ်သော အမိန့်ကို အယူခံဝင်ထားဆဲ၌ မူလတရားမကြီးမှုအား တိုင်းဒေသ ကြီးတရားလွှတ်တော်သို့ အယူခံတွင် တရားရှုံး(မူလ တရားပြိုင်)မှာ ဆက်လက် အရေးနိမ့်သွားခဲ့ပါသည်။ ဤတွင် ဇာရီမှု တွင် ဆိုင်းငံ့ပေးရန်ငြင်းပယ်သည့် အမိန့် အပေါ် အယူခံ၌ အမိန့် ၂၃ နည်း ၁(၂) အရ ရုပ်သိမ် ခွင့်လျှောက်ထားရာ အယူခံ ရုံးမှ ခွင့်ပြုကြောင်း ဗဟုသုတ အဖြစ် တွေ့မြင်ခဲ့ရပါသည်။
        တရားမှုတွင် ဒီကရီ တစ်ရပ်ချမှတ် လိုက်သည်နှင့် အယူခံရုံးက မပယ်ဖျက်သမျှ အတည်ဖြစ်နေပါသည်။ ထို့ကြောင့် အမိန့်၂၃ နည်း ၁(၂) အရ ရုပ်သိမ်း ရန်အကြောင်းမရှိဟု (ဒေါ်လီလီအောင်မင်း ပါ၆ နှင့် ဒေါ်အေးမြင့် ၂၀၁၀ မတစ ၄၆)တွင် ဆိုထားသည်။
         တရားမကြီးမှုတွင် ကျင့်သုံးသော အမိန့်၂၃ နည်း၁(၂)သည် ဇာရီမှုတွင် မသက်ဆိုင်ကြောင်း သတိပြုရပါမည်။
ဦးအေးမောင် နှင့် ဒေါ်ကြည် (၁၉၈၄ မတစ ၂၁၆
၁၉၉၁ မတစ ၁၁၀)
         အထက် ထုံးပြုချက်များ အရ တရားမကြီးတွင် ကျင့်သုံးသော ပြဌာန်းချက် များ အား ဇာရီမှုတွင် ကျင့်သုံးခြင်း မပြုနိုင်လျှင် ဇာရီမှုတွင် ဆိုင်းငံ့ရန် ငြင်းပယ်သည့် အမိန့်အပေါ် အယူခံမှုတွင်လည်း ကျင့်သုံးခြင်းမပြုနို်င်ဟု ဆိုပါမှ သဘာဝကျပါမည်။ ခြွင်းချက်အနေဖြင့် ပုဒ်မ ၁၁ အရ မီးသေခြင်းဆိုင်ရာ ဥပဒေသ ကိုမူ ဇာရီမှုတွင် အကျုံးဝင်ကြောင်း ဦးတင်မောင် အမှု ၁၉၈၆ မတစ ၁၂ ကိုဖြင့် ဂရုပြုရပါမည်။
အမှုရုပ်သိမ်းခြင်း ဆိုင်ရာပြဌာန်းချက် အား ဇာရီမှု တွင် အသုံးမပြုနိုင်ဟူ၍ . . . . .
လေးစားစွာဖြင့် 
             ထက်ကိုကို
Sunday, July 16, 2017
အကျင့်ပျက်ခြစားမှု
ဆင်းရဲသောနိုင်ငံများ၏အစိုးရများသည်၎င်းတို့၏မူဝါဒများကိုအဓိကအကောင်ထည်ဖော်ပေးရသည့်ဝန်
ထမ်းများ၏မိသားစုစားဝတ်နေရေးအတွက်လုံ
လောက်အောင်လုပ်ခလစာမပေးနိုင်ကြပါ။ထိုအခါ
ဝန်ထမ်းများကအသက်ရှင်ရပ်တည်နိုင်ရေးနောက်ဆုံး
ရွေးချယ်စရာမရှိတော့သဖြင့်အကျင့်ပျက်ခြစားမှုဝဲဂယက်
အတွင်းသက်ဆင်းရပြီး ၎င်းတို့၏ဂုဏ်သိက္ခာကိုဥပက္ခာ
 ပြုခဲ့ရတော့သည်။ 
သယံဇာတပေါကြွယ်ဝသောနိုင်ငံများဆင်းရဲရခြင်းသည်
ထိုနိုင်ငံများသည် ပဋိပက္ခမျိုးစုံကြုံတွေ့ရခြင်း 
ထိုပဋိပက္ခများကိုဖြေရှင်းရာတွင်စားပွဲဝိုင်းတွင်
ဖြေရှင်းသည်ထက်ထိပ်တိုက်အားပြိုင်ဖြေရှင်းသည့် 
အကျင့်စရိုက်သည် ခေတ်အဆက်ဆက် နိုင်ငံရေး
ခေါင်းဆောင်များအကြားလူမျိုးစုခေါင်းဆောင်များ
အကြားလက်နက်ကိုင်များအကြားတွင်အကျင့်စရိုက် 
သဖွယ်အမြစ်တွယ်ခဲ့ခြင်းကြောင့် တိုင်းပြည်တည်ဆောက်
ရမည့်အချိန်ထက်တော်လှန်ရေးကာလများနှင့်သာရင်ဆိုင်နေ
ရသဖြင့်တိုင်းပြည်မှာအဖက်ဖက်မှယိုယွင်းကာဆင်း
ရဲတွင်းနက်ခဲ့ရသည်။ထိုအခါပြည်သူလူထု၏လူနေ
မှုဘဝလည်းနိမ့်ပါးနစ်မွန်းလာသဖြင့်အပြောင်းအလဲ
ကိုတောင်းတလာကြပြီး၎င်းတို့၏လူနေမှုဘဝကိုမြှင့်
တင်ပေးနိုင်သောခေါင်းဆောင်ကောင်းနှင့်အစိုးရအ
ဖွဲ့ကိုမျှော်လင့်တောင်းတကြသည်။
        ထိုသို့အစိုးရပြောင်းလဲ၍အစိုးရသစ်တက်လာ
သည့်ခါတိုင်းတရားဥပဒေစိုးမိုးရေးနှင့်အကျင်ပျက် 
ခြစားမှုတိုက်ဖျက်ရေးကိုရှေ့တန်းတင်ပြောဆိုလေ့ရှိ
သည်။
       တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖရန်စစ်ဖူကူ
ယားမား၏အတွေးအမြင်မှာ
     ၁။စီးပွားရေးတိုးတက်မှုကိုတည်ဆောက်ခြင်း
      ၂။လူမှုရေးနိုးကြားလာအောင်တည်ဆောက်ခြင်း
       ၃။အတွေးအမြင်/တရားနည်းလမ်းကျမှု
     ၄။နိုင်ငံရေးဖွံ့ဖြိုးမှု
      ၅။နိုင်ငံတည်ဆောက်ရေး
      ၆။တရားဥပဒေစိုးမိုးရေး
      ၇။ဒီမိုကရေစီဟူ၍အဆင့်ဆင့်ဖော်ပြထားသည်။
မူဝါဒအကောင်ထည်ဖော်သူအစိုးရများသည်တရား
ဥပဒေစိုးမိုးရေးနှင့်ခြစားမှုကိုတိုက်ဖျက်မည်ဟု
ပြောဆိုမှုကိုလိုလားစွာဖြင့်ကြိုဆိုထောက်ခံပူးပေါင်း
ဆောင်ရွက်ရမည်ဖြစ်သည်။သို့ရာတွင်အစိုးရတစ်
ရပ်အနေဖြင့်ဦးစွာတာဝန်ယူအလျင်မြန်အကောင်
ထည်ဖော်ပေးရမည့်တာဝန်မှာအစိုးရ၏မူဝါဒကိုအ
ကောင်ထည်ဖော်ပေးရသည့်ဝန်ထမ်းမိသားစုများ
အသက်ရှင်ရပ်တည်နိုင်သည့်လုံလောက်သော
လုပ်ခလစာဖန်တီးပေးရန်လိုအပ်သည်။ထိုသို့
သောလုပ်ခလစာဖန်တီးပေးခြင်းမပြုပါကစနစ်
၏သားကောင်ဝန်ထမ်းများအစတေးခံရခြင်းသာ
ဖြစ်ပြီးအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအကောင်
ထည်ဖော်နိုင်မည်မဟုတ်ချေ။
ခေတ်အဆက်ဆက်အစိုးရများသည်လည်း 
အကျင့်ပျက်မှုကိုအရေးယူအပြစ်ပေးခြင်းများ 
ဆောင်ရွက်ခဲ့ရာတွင်လည်း
ဝန်ထမ်းများအား အသက်ရှင်နေထိုင်နိုင်သည့်
လုပ်ခလစာမပေးနိုင်သည့်အခြေအနေတွင်ဆောင်
ရွက်ခဲ့သဖြင်အောင်မြင်မှုမရဘဲဝန်ထမ်းများသာ
အစတေးခံခဲ့ရသည်။မူဝါဒချမှတ်သည့်နိုင်ငံရေးရာ
ထူးယူထားသူများ၏ခံစားခွင့်သည်မိသားစုဘဝလုံ
လောက်သောခံစားခွင့်ဖြစ်သော်လည်းဝန်ထမ်းများ
၏လုပ်ခလစာသည်မိသားစုအသက်ရှင်ရပ်တည်ရေး
အတွက်လုံလောက်သောလစာမဟုတ်သည်ကိုသတိ
ချပ်သင့်ပါသည်။
       lin nay aung
       13-2-2016
Monday, July 10, 2017
ဂျက်ဆီကာကို ဘယ်သူမှ မသတ်ဘူး
Pyay Lwin Myint
          “ခုတလောမိန်းမနဲ့ကလေးတွေကိုသတ်ပြီး ယောကျာ်းက ကိုယ့်ကိုယ်ကိုယ်သတ်သေတာခေတ်စားနေတယ်။ဒီတော့ မောင်က မိန်းမနဲ့ကလေးတွေနဲ့ အတူမနေဘဲ တခြားခပ်ဝေးဝေးမှာ သွားနေပါလားဟင်”
          (ကာတွန်းမောင်ဗဂျီ)
          “ဖော်ထုတ်မရတဲ့အမှုတို့၊ ဖော်ထုတ်လို့မသင့်တဲ့ အမှုတို့ကို ဘယ်လိုအစီရင်ခံရမလဲ တပည့်” “သေတဲ့သူကိုပဲ အပြစ်ပုံချ ရပါမယ်ဆရာ”
          (ကာတွန်းစီစီတီဗွီ)
           (၄-၇-၂၀၁၇) Daily Eleven နှင့် စံတော်ချိန် သတင်းစာ တို့မှ ကာတွန်းနှစ်ပုဒ်ကို ဖတ်ပြီး ပြုံးနေမိသည်။ ကာတွန်းဆရာတွေ တာဝန်ကျေသည်။ ခါးသီးစရာကိုပဲ ဖတ်သူပြုံးအောင် စွမ်းဆောင် နိုင်ကြသည်။ တရားဥပဒေစိုးမိုးရေးဌာန၊ အဖွဲ့များအပေါ် အပ်ဖျား ချွန်မြနှင့် ထောက်လိုက်ခြင်းပဲဖြစ်သည်။ ထိခိုက်နစ်နာခဲ့သူတို့၏ နာကျင်ခံစားမှုများ ကိုယ်စား ဆိုပါစို့။ 
          “ဂျက်ဆီကာကိုဘယ်သူမှမသတ်ဘူး” ဇာတ်ကားကို နှစ်သက်သူ အတော်များလိမ့်မည် ထင်သည်။ အစိုးရအဖွဲ့၊ ၀န်ကြီး၏ သားက ကျူးလွန်သည့် လူသတ်မှုဖြစ်သည်။ ချောမောလှပသည့် မိန်းမပျိုလေး ဂျက်ဆီကာ၏ ဘားဆိုင်ဖွင့်ပွဲ(ဧည့်ခံပွဲ)သို့ ခင်မင်ရင်းနှီးသူ ၃၀၀ ခန့် တက်ခဲ့သည်။ ပွဲချိန်ကြာ၍အရက်ကုန်သွားစဉ် ၀န်ကြီး၏သားက သူငယ်ချင်းများနှင့်အတူ အရက်ထပ်တောင်း၊ တောင်းမရတော့ ရောင်းဖို့ပြောရာမှ ဂျက်ဆီကာနှင့် စကားများသည်။ သေနတ်ထုတ်၍ ချိန်သည်။ ပထမတစ်ချက် အမိုးကို ပစ်လိုက်ပြီး၊ နောက်တစ်ချက် တည့် တည့်ထိမှန်၍ ဂျက်ဆီကာ လဲကျသေဆုံး သွားသည်။ ၀န်ကြီးနှင့် သူ့လူတွေက  သားဖြစ်သူ ပြစ်ဒဏ်မကျခံရရေး အတွက် အမှုကို လိုက်ဖျက်သည်။ အမှုစစ်အရာရှိကို ရူပီး(၁၀)ဘီလီယံ ပေးသည်။ ကျည်ဆံစစ်ဆေးသည့် မှုခင်းတပ်ဖွဲ့ကလည်း ကျည်ဆံကို လဲပစ်သည်။ သက်သေများကို ငွေပေးသည်၊ ခြိမ်းခြောက်၍လည်း ဖျက်သည်။ အခင်းဖြစ်စဉ် အခင်းဖြစ်နေရာ၌ ရှိနေခဲ့သူ အဓိက သက်သေမှာ ဗစ်ကရန်ဖြစ်ပြီး ဂျက်ဆီကာ၏ အရင်းနှီးဆုံး ယောကျာ်းလေး သူငယ်ချင်းလည်း ဖြစ်သည်။ 
          ဘ၀တစ်ခုရဲ့တန်ဖိုးက ကျွန်မတို့နိုင်ငံမှာ သိပ်ဈေးပေါနေ သလား။ အမှန်တရား ပျောက်နေတာလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ ၁၉၆၀ပြည့်နှစ် ဗြိတိသျှရေးဆွဲခဲ့တဲ့ ဥပဒေကို ခုထိ အသုံးပြုနေတုန်း။ တရားစီရင်ရေးကို မပြောင်းလဲနိုင်သေးသမျှ အခုလိုအဖြစ်တွေ ဆက်ရှိနေဦးမယ်၊ သက်သေတွေကို အကာအကွယ်ပေးတဲ့ ဥပဒေ လစ်ဟာနေတယ်  စသည် စသည်ဖြင့်။
 ×××××××××××××××××××××××××××××××
          တရားစွဲအဖွဲ့အစည်း (ရဲတပ်ဖွဲ့)၊ တရားရုံးများနှင့် တရားစီရင်ရေး စနစ်ကို ခပ်ဆပ်ဆပ် ဝေဖန်သော အိန္ဒိယဇာတ်ကား တစ်ချို့ကို ကျွန်တော်ကြိုက်သည်။ မိတ်ဆွေစာရေးဆရာ နေသစ်နီ ကလည်း ရုပ်ရှင်ခံစားမှု ဆောင်းပါးများ အပိုင်ရေးတတ်သည်။ “ဟောင်းနွမ်းသည့် ဥပဒေနှင့် တရားစီရင်ရေးစနစ်၊ အာဏာပိုင်တို့၏ စွက်ဖက်မှု၊ လွှမ်းမိုးမှု၊ မတော်မတရားပြုလုပ်မှု” တို့ကို ဝေဖန်ရုံမျှမက “သက်သေတွေအတွက် အကာအကွယ်ပေးတဲ့ဥပဒေ လစ်ဟာနေကြောင်း” ထောက်ပြချက် တစ်ခုလည်း ပါသည်။
          ဗြိတိသျှ လက်အောက်ခံဖြစ်ခဲ့သည်ချင်း အတူတူ ပြဌာန်းဥပဒေ များ ဖြစ်တည်စီးဆင်းမှုနှင့် တရားစီရင်မှု အနေအထားမှာ သူတို့နှင့် ကျွန်တော်တို့ သိပ်မကွာလှပါ။ ရုပ်ရှင်ကား ဖြစ်သဖြင့် ပိုပိုကဲကဲလေး လုပ်ပြတတ်သည်မှတစ်ပါး ဝေဖန်ချက်၊ ထောက်ပြချက်များမှာ လျော်ကန်မှုမရှိဟု မဆိုသာပါ။ ဂျက်ဆီကာအမှုကို ပြလျက် “သက်သေကို ကာကွယ်ပေးတဲ့ ဥပဒေ မရှိသောကြောင့်” ဟု ဇောင်းပေး၍ ကောက်ချက်ချခဲ့သည်။ ရုပ်ရှင်ခံစားမှု ရေးသည့် ဆရာ နေသစ်နီကလည်း ထိုအချက်ကို ထောက်ခံခဲ့ပါသည်။ ကျွန်တော် ကတော့ဖြင့် နည်းနည်းထပ်၍ စဉ်းစားကြည့်ချင် သေးသည်။ 
 ×××××××××××××××××××××××××××××××××
          ခရိုင်တရားရုံးတစ်ခုတွင် ကြုံခဲ့ဖူးသည့် လူသတ်မှုတစ်မှု အကြောင်း ပြောပါမည်။ အမှုက ကေတီဗီတွင် ဖြစ်ပွားခဲ့သည်။ မောင်တူးနှင့် မောင်မူး တူဝရီးနှစ်ယောက်သည် သူတို့ရွာမှ မြို့ပေါ်သို့ မော်တော် ဆိုင်ကယ်ဖြင့်လာသည်။ကေတီဗီမှာ သီချင်းဆိုသည်။ သောက်စားသည်။ ကေသွယ် ဆိုသော မိန်းကလေးက အခန်းဖော် အဖြစ် ဧည့်ဝတ်ပြုသည်။အချိန်စေ့တော့ ပြန်ထွက်လာခဲ့ပြီး ကောင်တာ၌ ငွေရှင်းသည်။ ငွေရှင်းစဉ် ကေသွယ်၏ချစ်သူဆိုသော လူငယ် တစ်ဦး ရောက်လာသည်။ မောင်တူးက အခန်းထဲပြန်ဝင်ပြီး သီချင်းဆိုဦးမည်၊ ကျသင့်ငွေ ပေးမည်၊ ကေသွယ်ကိုလည်း ခေါ်ဦးမည် -ဟုဆိုရာ ကေတီဗီမန်နေဂျာနှင့် ၀န်ထမ်းများက လက်မခံ။ ထိုသို့ လုပ်၍မရဟု ပြောသည်။ မောင်တူးကို ချော့မော့ဖျောင်းဖျပြီး ခြံ အပြင်သို့ လိုက်ပို့ကြသည်။ တူဖြစ်သူ မောင်မူးက မော်တော်ဆိုင်ကယ်ရှိရာသို့ သွား၍ စက်နှိုးသည်။ နောက်ဖက်မှဖြောင်းခနဲ အသံ ကြားလိုက်သည်။ သွေးသံရဲရဲ၊ ခေါင်းကွဲနေသည့် မောင်တူးကို ၀ိတ်တာလေးတွေက ဆွဲ ထူ၍ ဆိုင်ကယ်ပေါ်သို့ တင်ပေးသည်။ မောင်တူးက မောင်မူး၏ခါးကို ဖက်ပြီး လိုက်လာခဲ့သည်။ မြို့အထွက်၌ ဆိုင်ကယ်ကို ဆီ ဖြည့်ဖို့ရပ်သောအခါ မောင်တူးသည်ဆိုင်ကယ်ပေါ်မှ လျှောခနဲ ပြုတ်ကျသွားသည်။ ဆေးရုံပို့ရာ မောင်တူး သေဆုံးသွားသည်။
အမှုဖြစ်စဉ်အကျဉ်းမှာ ထိုအတိုင်းဖြစ်ပါသည်။
          ရဲက ကေတီဗီမန်နေဂျာနှင့် ကေသွယ်၏ ချစ်သူဆိုသူတို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂(လူသတ်မှု)ဖြင့် တရားစွဲတင် သည်။ မောင်တူး အရိုက်ခံရသော တုတ်ကို သက်သေခံအဖြစ် တင်ပြသည်။ ရာဘာပိုက်လုံးထဲတွင် အင်္ဂတေများသွပ်ထားသော တုတ်ဖြစ်သည်။ ထိုတုတ်ဖြင့် ရိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သူ့တုတ်မှန်းမသိ။ မည်သူရိုက်လိုက်သည်ကို မြင်ကြောင်း မည်သည့်သက်သေကမျှ မထွက်ဆို။ အခင်းဖြစ်သည့် ကေတီဗီ ခြံအပြင်ဘက်နေရာ၌ အလင်းရောင်ယဲ့ယဲ့ရှိသည်။ ဆိုင်ကယ်စက်နှိုး နေတုန်းမို့ မောင်မူးက မမြင်လိုက်ဟုဆိုသည်။ ၀ိတ်တာလေး သုံးယောက်ကလည်း မည်သူရိုက်သည်ကို မတွေ့လိုက်ပါ တဲ့။
          ညကိုးနာရီ အချိန်။ အခင်းဖြစ်နေရာရှိ လူငါးယောက်အထဲမှ တစ်ယောက်ယောက် ရိုက်ခဲ့တာ သေချာပါသည်။ သို့သော်၊  မည်သူက ရိုက်ကြောင်း မည်သည့်သက်သေကမျှ မထွက်ဆိုသဖြင့် အမှုစစ် တရားသူကြီးက မည်သည့်တရားခံကို စွဲချက်တင်ရမည်မသိ ဖြစ်နေသည်။ အရိုက်ခံရသည့် ဒဏ်ရာက တစ်ချက်တည်း။ ရိုက်သူက တစ်ယောက်တည်း။ တရားခံက နှစ်ယောက်။ တစ်ယောက်က ချုပ်ပေး၍ တစ်ယောက်က ရိုက်သည်ဆိုသည့် သက်သေခံချက်မျိုးလည်း မရှိ။ သက်သေများ လိမ်လည်ထွက်ဆိုနေသည်မှာ သေချာသည်။ သို့သော် တရားခွင်မှာ ရိုက်စစ်လို့ ရသည်မဟုတ်။ ခြိမ်းခြောက် စစ်ဆေးလို့ ရသည်မဟုတ်။ နှစ်ဦးစလုံးကို စွဲချက်မတင်ဘဲ လွှတ်လိုက်ပါက ရဲမှ ထပ်မံ စုံစမ်းဖော်ထုတ်၍ ပြန်လည်တရားစွဲဆို နိုင်ပါသည်။ သို့သော် သက်သေခံချက် မလုံလောက်၍ တရားရှင် လွှတ်သည့် မည်သည့်အမှုကိုမျှ ထပ်မံစုံစမ်းဖော်ထုတ်၍ ပြန်လည်စွဲဆို တင်ပို့သည်မျိုး မရှိစဖူး။ တရားခံနှစ်ဦးစလုံးကိုစွဲချက်တင်ခဲ့လျှင်လည်း ၎င်းတို့ကငြင်းမည်။ မမြင်ပါဟု ထွက်ဆိုမည်။ 
          (Beyond the resonnable doubt) ဆိုသော စကားရှိသည်။ “အပြစ်ရှိတယ်ဆိုတာ သံသယ လုံးဝမရှိသည်အထိ” ။ သို့ဆိုပါက တရားခံ နှစ်ဦးစလုံးမှာ အမှုမှ အပြီးအပြတ် လွတ်သွားနိုင်သည်။ အမှုက လူတစ်ယောက်လုံး အင်္ဂတေတုတ် ဖြင့် အရိုက်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေချာသည်။ သက်သေများအလယ်မှာ ဖြစ်ပွားခဲ့ခြင်း လည်းဖြစ်သည်။ တရားခံနှစ်ဦးအနက် တစ်ဦးဦး ပြုလုပ်ခဲ့ကြောင်းလည်း သေချာသည်။ မည်သူလုပ်လိုက်သလဲ ဆိုသည့် သက်သေခံချက်မရှိ။ အပြစ်ပေးဖို့ လုံလောက်သည့် သက်သေခံချက် ရနိုင်ဖို့မလွယ်။ ထိုအမှုဆုံးဖြတ်မည့်တရားသူကြီးကို စာနာမိပါသည်။
 ××××××××××××××××××××××××××××××
          ကျွန်တော် ပြောလိုသည်မှာ သက်သေများ၏ ရိုးဖြောင့်မှုကိုပဲ ဖြစ်ပါသည်။ တရားခံနှစ်ဦးမှာ ၀န်ကြီး၏သားများ မဟုတ်။ တရားရုံးက စိုးရွံ့လောက်သည့် အာဏာရှိသော အသိုင်းအ၀ိုင်းမှ မဟုတ်။ ကျိကျိတက် ချမ်းသာသူများလည်း မဟုတ်။ သူတို့ကို မည်သူကမျှ သေနတ်ဖြင့် မခြိမ်းခြောက်နိုင်။ ငွေစကြေးစ၊ နည်းများမဟူ ရယူလျက် ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်။ အငြိုငြင်မခံလို ၍ လိမ်လည်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူတို့ကို ကာကွယ်ပေးမည့် ဥပဒေတစ်ခု မရှိ သောကြောင့်ချည်း မဟုတ်တာ သေချာပါသည်။ စင်စစ်၊ လူတစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ဟန့်တားပါက အရေးယူနိုင်သည့် ဥပဒေပြဌာန်းချက် ရှိပြီးဖြစ်ပါသည်။ ကျွန်တော်တို့သည် မတော်မတရားမှု တစ်ခုခုဖြစ်တိုင်း ဥပဒေအကာအကွယ်မဲ့ နေသည်ဟု လွယ်လင့်တကူပြောတတ်သည်။ အခွင့်အာဏာရှိသူတို့၏ လွှမ်းမိုးမှု၊ ချုပ်ကိုင်စွက်ဖက်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှုစနစ်ကို ပုံဖော်နေသူများ၏ အားနည်းမှု၊ ပျက်စီးမှု၊ အဂတိလိုက်စားမှု စသည်တို့ကို အပြစ်ဖို့ပြောတတ်သည်။ အုပ်ချုပ်ရေးနယ်နှင့် တရားစီရင်မှု နယ်ပယ်တို့မှ တာဝန်ရှိသူများ၏ တာဝန်မကျေပွန်မှု၊ ယိုယွင်းပျက်စီးမှု၊ မရိုးဖြောင့်မှု၊ ဖောက်ပြန်မှု၊ သစ္စာမဲ့မှု၊ ကိုယ်ကျင့်တရား ပျက်စီးမှုများ ရှိပါလိမ့်မည်။ 
         သို့သော် ပရိသတ် ဗိုလ်ပုံအလယ်၌ ဂျက်ဆီကာ အသတ်ခံရမှု တွင် အမှုမှန် မပေါ်ပေါက်ခဲ့ရခြင်းနှင့် မောင်တူးကို မည်သူ သတ်သလဲ ဟု အဖြေရှာဖို့ ခဲယဉ်းခဲ့ခြင်း စသည်တို့မှာ ၀န်ကြီး၏လူများက မတော်မတရား ခြိမ်းခြောက်ခဲ့သည့် အကြောင်းတစ်ခု တည်းကြောင့် မဟုတ်ဘဲ သက်သေအချို့၏ သစ္စာမဲ့မှု၊ အငြိုအငြင်မခံလိုမှု၊ အကြောက်လွန်မှု၊ ငွေကြေးဓန မက်မောမှု၊ စသည်တို့ကြောင့်လည်း ပါဝင်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။
          ဥပဒေတစ်ခုခေတ်မမီ၊ ဟောင်းနွမ်း၍ ပယ်ဖျက်ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ စနစ်တစ်ခုမကောင်းသဖြင့် ပြောင်းလဲ ခြင်း၊ စနစ်အသစ်တစ်ခု စီမံရေးဆွဲအသုံးပြုခြင်း၊ တာဝန်ရှိသူတို့ တာဝန်မဲ့ပြု၍ အရေးယူခြင်း စသည်တို့ကို လူတိုင်း မလုပ်နိုင်ပါ။ လူတိုင်း လုပ်လို့မရပါ။ လုပ်ပိုင်ခွင့်လည်း မရှိပါ။ လုပ်ပိုင်ခွင့်ရှိသူတို့က (စိတ်ဝင်စားသည့်အခါ) လုပ်ပါလိမ့်မည်။ ကျွန်တော်တို့က လုပ်နိုင်သည်ကို လုပ်ကြရုံပဲ ဖြစ်ပါသည်။ မြင်လျှင် မြင်သည့်အတိုင်း၊ တွေ့လျှင် တွေ့သည့်အတိုင်း၊ သိလျှင် သိသည့်အတိုင်း အမှန်ကို သစ္စာရှိစွာဖြင့်၊ သို့မဟုတ်- မိမိကိုယ်ကို မိမိ ရိုသေစွာဖြင့်၊ ရိုးရိုးသားသား၊ မခြွင်းမချန်၊ မပိုမကဲ ထုတ်ပြောဖို့ တာဝန်ယူခြင်းပဲ ဖြစ်ပါသည်။ သက်သေခံခြင်း ဆိုသည်မှာ တာဝန်ချည်းမဟုတ်၊ အခွင့်အရေးလည်း ဖြစ်ပါသည်။
          “အကြံခက်ပါသနော်၊ သံလျက်တော် ယူသည့်သူခိုးကိုလ” ဆိုသည့် အခြေအနေများ လွင့်ပြယ်သွားလျှင် ဂျက်ဆီကာ ကို ဘယ်သူမှ မသတ်ဘူး- ဆိုသည့်ကိစ္စများ နည်းတန်သမျှ နည်းသွား လိမ့်မည် ထင်ပါသည်။   ။
                                                                                             ပြေလွင်မြင့်
Friday, July 7, 2017
ပြန်ရှင်းစစ်မေးခြင်းပညာ
မောင်စာဂ
တရားခွင်တွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုနှင့် သက်ဆိုင်သူ သက်သေများအား စစ်မေးကြရာ၌ အဓိက စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းနှင့် ပြန်ရှင်း စစ်မေးခြင်း ဟူ၍ စစ်မေးခြင်း သုံးမျိုးရှိကြောင်းနှင့် အဓိကစစ်မေး ခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတို့နှင့်စပ်လျဉ်း၍ ရေးသား ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုဆောင်းပါးတွင် တစ်ဖက် အမှုသည်က သက်သေကို ပြန်လှန်စစ်မေးပြီးနောက် သက်သေတင်ပြသူက ထပ်မံ၍ စစ်မေးခြင်းဖြစ် သည့် ပြန်ရှင်းစစ်မေးခြင်း သို့မဟုတ် ပြန်လည် စစ်မေး ခြင်း သို့မဟုတ် ထပ်မံစစ်မေးခြင်း နှင့်စပ်လျဉ်း၍အကျဉ်း
ချုပ်ရှင်းလင်းရေးသားပါမည်။
ပြန်ရှင်းစစ်မေးခြင်း၏ရည်ရွယ်ချက်
ပြန်ရှင်းစစ်မေးခြင်းမှာ ပြန်လှန်စစ်မေးရာ၌ ထွက်ဆို သည့် မရှင်းမလင်းဖြစ်နေသော အကြောင်းအရာများကို ရှင်းလင်းစေရန် ရည်ရွယ်၍စစ်မေးခြင်းဖြစ်သည်။ မည်သည့်အခြေအနေမျိုးတွင် ရှင်းလင်းစစ်မေးရန်လိုအပ် ပါမည်နည်း။ အတွေ့အကြုံများပေါ်အခြေခံ၍ဖော်ပြ ပါရစေ။ အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတွင် သက်သေ၏ထွက်ဆိုချက် ကွဲလွဲသွားသည့်အခါ သို့မဟုတ် ရှေ့နောက်မညီညွတ်ဖြစ်နေသည့်အခါ ရှင်းလင်း စေရန် ပြန်ရှင်းစစ်မေးခွင့်ရှိသည်။ ပြန်လှန်စစ်မေးစဉ် သက်သေ ၏ ထွက်ဆိုချက်သည် အဓိပ္ပာယ်အမျိုးမျိုး ထွက်နေသော အခါ သို့မဟုတ် မယုံသင်္ကာစရာ သံသယဖြစ်ဖွယ် တွေ့ရှိ ရသည့်အခါ ရှင်းလင်းစေရန် ပြန်ရှင်း စစ်မေးခွင့်ရှိသည်။ ရဲအရာရှိထံ အစစ်ခံချက်၏မည်သည့် အစိတ်အပိုင်းကို မဆို ပြန်လှန်စစ်မေးစဉ်က အသုံးပြုခဲ့ လျှင်ထိုရဲအရာရှိထံ အစစ်ခံချက်အစိတ်အပိုင်းကို ပြန်ရှင်းစစ်မေးခြင်းတွင် အသုံးပြု၍မေးခွင့်ရှိသည်။
ပြန်ရှင်းစစ်မေးခြင်း၏ အရေးကြီးမှု
အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတို့ တစ်မျိုး စီအရေးကြီးကြသကဲ့သို့ ပြန်ရှင်း စစ်မေးခြင်းသည်လည်း အရေးကြီးသည်ဟုဆိုချင်ပါသည်။ အဘယ်ကြောင့်နည်း။ အဓိကစစ်မေးခြင်းပြီးလျှင် ပြန်လှန်စစ်မေးခြင်းပြုလုပ်ရ သည်။ အဓိကစစ်မေးခြင်းအပေါ် ပြန်လှန်စစ်မေးခြင်းဖြင့် မချေဖျက်နိုင်ခဲ့သော် အဓိကစစ်မေးစဉ်က ထွက်ဆိုခဲ့ သော သက်သေခံချက်များသည် ခိုင်မာသော သက်သေခံ ချက်အဖြစ်တည်မြဲနေသည်။ ထိုနည်းတူစွာ အဓိက စစ်မေးခြင်းအပေါ် ပြန်လှန်စစ်မေးခြင်းဖြင့် ချေဖျက်နိုင် ခဲ့သော သက်သေခံချက်များကို ပြန်ရှင်းစစ်မေးခြင်းဖြင့် ပြန်လည်မရှင်းလင်းနိုင်ခဲ့သော် ပြန်လှန်စစ်မေးခြင်းဖြင့် ချေဖျက်နိုင်ခဲ့သော သက်သေခံချက်များသည် ခိုင်မာ သော သက်သေခံချက်များ ဖြစ်သွားသည်။ အဓိကစစ်မေး စဉ်က ထွက်ဆိုခဲ့သော အဆိုပါထွက်ဆိုချက်ကို အတည် မယူတော့။ ပြန်လှန်စစ်မေးစဉ် ထွက်ဆိုသော ထွက်ဆို ချက်က အတည်ဖြစ်သွားသည်။ အကယ်၍ အဓိက စစ်မေးခြင်းအပေါ် ပြန်လှန်စစ်မေးခြင်းဖြင့် ချေဖျက်နိုင် ခဲ့သော သက်သေထွက်ဆိုချက်ကို ပြန်ရှင်းစစ်မေးခြင်းဖြင့် ပြန်လည်ရှင်းလင်းနိုင်ခဲ့သော် အဓိကစစ်မေးစဉ်က ထွက်ဆိုခဲ့သောသက်သေခံချက်သည် ပို၍ပင်ခိုင်မာသွား တော့သည်။ ထို့ကြောင့် ပြန်ရှင်းစစ်မေး ခြင်းသည်လည်း အရေးကြီးသော ပညာရပ်တစ
ခုဖြစ်ကြောင်း ဆိုလိုက် ရပါသည်။
ကြုံခဲ့ရသည့် မှတ်မှတ်သားသား ဖြစ်စဉ်တစ်ခု
ပြန်ရှင်းစစ်မေးခြင်းနှင့်စပ်လျဉ်း၍ မှတ်မှတ်သားသား ဖြစ်စဉ်အများထဲမှတစ်ခုကို ကောက်နုတ် ဖော်ပြပါရစေ။ သေသူကို တရားခံက ဓားနှင့်ခုတ်ပြီးထွက်ပြေးသွား သည်ဆိုသော မျက်မြင်သက်သေကို တရားခံ၏ ရှေ့နေ က ဤသို့မေးမြန်းခဲ့သည်။
တရားခံရှေ့နေ - သေသူကို တရားခံက ဓားဖြင့်ခုတ် တယ်ဆိုတဲ့နေရာဟာ ခင်ဗျားရဲ့ခြံဝင်းထဲမှာ မဟုတ်ဘဲ ခင်ဗျားနဲ့ဘေးချင်းကပ် ဦးမဲရဲ့ခြံဝင်းထဲမှာ ဖြစ်တယ် ဆိုတာ ဟုတ်တယ်မို့လား၊
သက်သေ - ဟုတ်ပါတယ်။
တရားခံရှေ့နေ - အဲဒီအချိန်က ခင်ဗျားဟာ ခင်ဗျား ရဲ့ အိမ်ရှေ့ခြံဝင်းထဲမှာရှိနေတယ်ဆိုတာ ဟုတ် တယ်မို့ လား။
သက်သေ - ဟုတ်ပါတယ်။
တရားခံရှေ့နေ - ခင်ဗျားရဲ့ခြံဝင်းနဲ့ ဦးမဲရဲ့ ခြံဝင်းကြား ထဲမှာ ဝါးဝင်းထရံကာထားတယ်။ အဲဒီဝါးဝင်းထရံက လည်း စိပ်စိပ်ရက်ထားတာမို့လို့ ဟိုဘက် ဒီဘက်မမြင် ရဘူးဆိုတာ ဟုတ်တယ် မဟုတ်လား။
သက်သေ - ဟုတ်ပါတယ်။ မမြင်ရပါဘူး။
တရားခံရှေ့နေ - ဒါကြောင့် ဟိုဘက်အိမ်ခြံဝင်းထဲက အလုပ်တစ်ခုခုလုပ်နေရင် ခင်ဗျားတို့ အိမ်ဘက် ခြံဝင်း ထဲကမမြင်ရဘူး၊ ဒီလိုပဲ ခင်ဗျားတို့အိမ်ဘက်က အလုပ် တစ်ခုခုလုပ်နေရင် ဟိုဘက်အိမ်က မမြင်နိုင်ဘူးဆိုတာ ဟုတ်တယ်မို့လား။
သက်သေ - ဟုတ်ပါတယ်။ မမြင်ရပါဘူး။
တရားခံရှေ့နေသည် သူလိုချင်သောအဖြေရသွား၍ ဆက်မမေးတော့ပါ။ ဤတွင် တရားလိုဘက် အစိုးရ ရှေ့နေက ပြန်ရှင်းမေးမြန်းခြင်းမရှိခဲ့လျှင် တရားခံရှေ့နေ ၏ ပြန်လှန်စစ်မေးချက်က အတည်ဖြစ်သွားပါမည်။ သို့သော် အစိုးရရှေ့နေက ဤသို့ပြန်ရှင်းမေးမြန်းပါသည်။
အစိုးရရှေ့နေ - ခင်ဗျားရဲ့နေအိမ်ခြံဝင်းနဲ့ ဦးမဲရဲ့ နေအိမ်ခြံဝင်းကြား ကာရံထားတယ်ဆိုတဲ့ ဝါးဝင်းထရံက ဘယ်လောက်မြင့်ပါသလဲ။
ဤတွင် တရားခံ၏ရှေ့နေက အစိုးရရှေ့နေအနေဖြင့် ပြန်ရှင်းစစ်မေးခွင့်မရှိကြောင်း ကန့်ကွက်ခဲ့သည်။ အကြောင်းပြချက်မှာ ဝင်းထရံကာရံထားခြင်းနှင့် စပ်လျဉ်း ၍ အဓိကထွက်ချက်တွင် မပါရှိကြောင်း၊ ထို့ကြောင့် အဓိကစစ်မေးစဉ်နှင့် ပြန်လှန်စစ်မေးခြင်းတို့ ကွဲလွဲမှုမရှိ သဖြင့် ပြန်ရှင်းမေးမြန်းခွင့်မရှိဟူ၍ ဖြစ်သည်။ အစိုးရ ရှေ့နေက သက်သေသည် အဓိကစစ်မေးစဉ်တွင် သူမြင် ကြောင်း ထွက်ဆိုခဲ့သည်။ ပြန်လှန်စစ်မေးစဉ်တွင် ဝါးဝင်း ထရံကာထား၍ ဟိုဘက်ခြံနှင့် သည်ဘက်ခြံ မမြင်နိုင် ကြောင်း ထွက်ဆိုသည်။ ဤအချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ပြန်ရှင်းစစ်မေးဖို့လိုကြောင်း ရုံးတော်က ခွင့်ပြုပေးဖို့တင်ပြသည်။ ရုံးတော်က ဆက်မေးပါဟု ခွင့်ပြုသဖြင့် ဆက်မေးသည်။
သက်သေ - ဝါးဝင်းထရံက ကျွန်တော်ရဲ့ လည်ပင်း လောက်မြင့်ပါတယ်။
အစိုးရရှေ့နေ - ခင်ဗျားအခင်းဖြစ်တဲ့အချိန်က ဦးမဲခြံ ထဲမှာ တရားခံက သေသူကို ဓားနှင့် ခုတ်ပြီးထွက်ပြေး သွားတာ မြင်လိုက်ရတယ်လို့ ထွက်ဆိုခဲ့တယ်။ ခြံဝင်း နှစ်ခုကြားထဲမှာလည်း ခင်ဗျားရဲ့ လည်ပင်းလောက်မြင့်တဲ့ ဝင်းထရံကာထားတယ်၊ ဟိုဘက်ခြံနဲ့ဒီဘက်ခြံ မမြင်ရဘူး လို့ပြောတယ်။ ဒါဆို အဓိကစစ်မေးစဉ်က ခင်ဗျားမြင်ရ တယ်လို့ ဘာကြောင့် ထွက်ဆိုခဲ့ရတာလဲ မရှင်းလင်းဘဲ ဖြစ်နေတယ်။ ရုံးကိုရှင်းအောင် တင်ပြပေးပါ။
သက်သေ - ရန်ဖြစ်နေသံကြားတော့ ကျွန်တော်က ဝင်းထရံနားသွားကာ ဝင်းထရံကိုကိုင်ပြီး လှမ်းကြည့် လိုက်မိလို့ မြင်တွေ့ရတာပါ။
ပြန်ရှင်းစစ်မေးခြင်းတွင် သက်သေက ဤသို့ထွက်ဆို သဖြင့် သက်သေ၏ အဓိကစစ်မေးစဉ် ထွက်ဆိုချက်များ ပိုမိုခိုင်မာသွားစေခဲ့သည်။
သတိပြုမှတ်သားရန်အချက်
တစ်ခါတစ်ရံတွင် အဓိကစစ်မေးချက်နှင့် ပြန်လှန် စစ်မေးချက်တို့တွင် ကွဲလွဲထွက်ဆိုသော အချက်မရှိ။ ပြန်ရှင်းရန် အကြောင်းအချက်လည်း မပေါ်ပေါက်။ သို့ရာတွင် ပြန်လှန်စစ်မေးစဉ် သက်သေ၏ထွက်ဆိုချက် များအရ အကြောင်းအရာအသစ်များကို အစိုးရရှေ့နေ ဘက်က မေးမြန်းရန်လိုအပ်သည့်အခါမျိုး ပေါ်ပေါက် တတ်သည်။ ယင်းသို့သော အခြေအနေတွင် မေးမြန်းမည့် အကြောင်းအရာသစ်ကို ဖော်ပြ၍ မေးမြန်းခွင့်ပြုရန် တရားရုံးသို့ တင်ပြရသည်။ တရားရုံး၏ ခွင့်ပြုချက်ဖြင့် မေးမြန်းနိုင်သည်။ ထိုသို့မေးမြန်းလျှင် တရားခံဘက်သို့ ပြန်လှန်စစ်မေးခွင့်ပေးရသည်။ ဤသို့စစ်မေးခြင်းဖြင့် လည်း အမှုမှန်ပေါ်ပေါက်စေသည်။
ဆောင်ရန်နှင့်ရှောင်ရန် ပညာရှင်တို့၏ အဆိုအမိန့်များ
အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းတွင် သက်သေ၏ထွက်ဆိုချက်သည် ကွဲလွဲနေပါက မည်သည့် ထွက်ဆိုချက်မှန်ကြောင်း သက်သေကရှင်းလင်းစေရေး အတွက် ပြန်ရှင်း၍ မေးမြန်းခွင့်ရှိသည်။ ပြန်လှန်စစ်မေးစ် က သက်သေသည် ပေါ့ပေါ့တန်တန် ထွက်ဆိုသွားလျှင်ဖြစ် စေ၊ အဓိပ္ပာယ်အမျိုးမျိုးကောက်ယူနိုင်သော ထွက်ချက် ပေးသွားလျှင်ဖြစ်စေ၊ မယုံသင်္ကာစရာ ထွက်ဆို သွားလျှင် ဖြစ်စေ ပြန်ရှင်းမေးမြန်းခွင့်ရသည်။ အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်သော ထွက်ချက်မျိုးမထွက်ဆိုလျှင် သို့မဟုတ် ရှင်းလင်းရန် မလိုသောထွက်ဆိုချက်မျိုးဖြစ်လျှင် ပြန်လှန်စစ်မေးစဉ်က ထွက်ဆိုခဲ့သော သက်သေ၏ထွက် ဆိုချက်အပေါ် ပြန်ရှင်းစစ်မေးခွင့်မရှိ။
လက်မခံနိုင်သော ထွက်ဆိုချက်အတွက် ပြန်ရှင်းစစ် မေးခွင့်ရှိသည်။ အဓိကထွက်ဆိုချက်များမှာ မမှန်မကန် ထွက်ဆိုခဲ့ခြင်းသာဖြစ်သည်ဟု ပြန်လှန်စစ်မေးစဉ်တွင် ထွက်ဆိုလျှင် ဘာကြောင့် မမှန်မကန် ထွက်ဆိုခဲ့ရသလဲဟု ပြန်ရှင်းတွင်မေးခွင့်ရှိသည်။
ပြန်လှန်စစ်မေးစဉ်က သက်သေသည် သွေးဆောင် မေးမြန်းခြင်းခံခဲ့ရပြီး သက်သေ၏ ထွက်ဆိုချက်သည် လည်း သံသယဖြစ်စရာရှိနေလျှင် ပြန်လှန်စစ်မေးစဉ်က သက်သေထွက်ဆိုချက်၏ အဓိပ္ပာယ်နှင့် အကြောင်းယုတ္တိ ကို ရှင်းလင်းစေရေးအတွက် ပြန်ရှင်းတွင် သင့်ရာမေးခွန်း များကို မေးနိုင်သည်။
မိမိ၏သက်သေအား တစ်ဖက်မှပြန်လှန်စစ်မေးနေစဉ် လိုအပ်သည့်မှတ်စုတို့ကိုလိုက်၍ ရေးမှတ်လျက် မိမိ သက်သေ၏ အရိပ်အကဲကို မလွတ်တမ်းကြည့်နေသင့် သည်။ သို့မှသာ သက်သေ၏ဆန္ဒ၊ ရည်ရွယ်ချက်နှင့်ဆက် ၍ ပြောလိုသည့်စကား စသည်တို့ကို တွေ့မြင်နိုင်မည်။
အဓိကစစ်မေးချက်မှ မည်သည့်အချက်များ မှေးမှိန် သွားကြောင်း (သို့) ကွဲလွဲသွားကြောင်းကို လည်းကောင်း၊ အဓိကစစ်မေးချက်တွင် မပါသောအချက်များကို သက် သေကထွက်ဆိုသွား၊ မသွားကိုလည်းကောင်း၊ ပြန်ရှင်း စစ်မေးခြင်းမပြုမီ စဉ်းစားဆင်ခြင်မှုပြုရမည်။
သက်သေသည် ပြန်လှန်စစ်မေးစဉ်က ယိမ်းယိုင်မသွား လျှင်ဖြစ်စေ၊ ရှင်းလင်းရန် မလိုအပ် လျှင်ဖြစ်စေ၊ အဓိက စစ်မေးစဉ် ထွက်ဆိုချက်များကို သက်သေက မမေ့လျှင် ဖြစ်စေ ပြန်ရှင်းစစ်မေးခြင်းကို မပြုပါနှင့်။
ပြန်လှန်စစ်မေးခြင်းတွင် သက်သေက မိမိဘက်သို့ အသာပေးပြီး ထွက်ဆိုသွားလျှင် ထိုအသာပေးသည့် အချက်ကို ပြန်ရှင်းစစ်မေးခြင်းမပြုပါနှင့်။ လျှောက်လဲ သည့်အခါ ထိုအချက်ကို ထည့်သွင်း လျှောက်လဲပါ။
ပြန်လှန်စစ်မေးခြင်း၏ရည်ရွယ်ချက်တစ်ချက်မှာ အဓိကစစ်မေးစဉ်က ကြံစည်ဖန်တီးပြီး လိုရာရွေးနုတ် ထွက်ဆိုသွားသည်ကို ဖော်ထုတ်ထင်ရှားစေရန်ပင်ဖြစ် သည်။ ပြန်ရှင်းစစ်မေးခြင်းသည် ပြန်လှန်စစ်မေးစဉ်က လိုရာရွေးနုတ်ထွက်ဆိုသွားခြင်းကို ဖော်ထုတ်ထင်ရှားစေ ရန်ပင်ဖြစ်သည်။
ပြန်ရှင်းစစ်မေးသည့်အခါတွင် မလိုအပ်သော အကြောင်းအရာအသစ်ကို မမေးပါနှင့်။ ပြန်လှန်စစ်မေး ခွင့်ရသွားအောင် တံခါးဖွင့်မပေးပါနှင့်။
ပြန်လှန်စစ်မေးသည့်အခါ ပြန်လှန်စစ်မေးသူ မေး သည့်မေးခွန်းကို သက်သေကဖြေပြီးနောက် သက်သေ ကအလိုလို ပိုမိုထွက်ဆိုသည့်အခါ ရှိတတ်သည်။ ထိုသို့ ပိုမိုထွက်ဆိုသဖြင့် ပြန်လှန်စစ်မေးသူက ကန့်ကွက် တားဆီးသဖြင့် ယင်းပိုမိုထွက်ဆိုချက်ကို မှတ်တမ်းမတင် သည့်အခါ ပိုမို ထွက်ဆိုချက်ကို ပြန်ရှင်းစစ်မေးမည့်သူက ရေးမှတ်ထားပြီး ပြန်ရှင်းစစ်မေးသည့်အခါ မေးမြန်းပါ။
ပြန်ရှင်းစစ်မေးခြင်းသည် အဓိကသော့ချက်ဖြစ်သည်
စစ်မေးခြင်းသုံးမျိုးရှိရာတွင် အဓိကစစ်မေးခြင်းသည် အခြေခံကျသော စစ်မေးခြင်း ဖြစ်သည်။ ပြန်လှန်စစ်မေး ခြင်းသည် မှတ်ကျောက်တင်မည့် စစ်မေးခြင်းဖြစ်သည် ဟူ၍ ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် ပြန်ရှင်းစစ်မေး ခြင်းသည်ကား အဓိကသော့ချက်ဖြစ်သော စစ်မေးခြင်းဟု ဆိုချင်ပါသေးသည်။ အဘယ်ကြောင့်ပါနည်း။ အဓိက စစ်မေးချက်တွင် ထွက်ဆိုချက်ရှိသည်။ ပြန်လှန်စစ်မေး ချက်က ချေဖျက်နိုင်လျှင် ပျက်ပြယ်သွားရသည်။ ပြန်လှန် စစ်မေးချက်က မှတ်ကျောက် တင်လိုက်ခြင်းဖြစ်သည်။ တစ်ဖန်ပြန်ရှင်းစစ်မေးခြင်းဖြင့် ပြန်လည်ရှင်းလင်းလိုက် နိုင်သည်နှင့် မှတ်ကျောက်တင်ခဲ့သည့် ပြန်လှန်စစ်မေး ချက်ကလည်း ပျက်ပြယ်သွားရပြန်သည်။ အဓိကစစ်မေး စဉ်က ထွက်ဆိုချက် ပိုမို၍ ခိုင်မြဲသည်ထက်ခိုင်မြဲသွားစေသည်။ ထို့ကြောင့် ပြန်ရှင်းစစ်မေးခြင်းသည် အဓိက သော့ချက်ဖြစ်သည့် စစ်မေးချက်ဟု ကင်ပွန်းတပ်လိုက်ရ ခြင်းဖြစ်သည်။
ယခုဆောင်းပါးတွင် အစိုးရရှေ့နေ သို့မဟုတ် တရား လိုဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေတစ်ဦးအနေဖြင့် ပြန်ရှင်းစစ်မေးခြင်းပြုရာ၌ သိရှိရန်လိုအပ်သည့် အချက် များ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အစိတ်အပိုင်း တစ်ရပ်အနေဖြင့်သာ ဖော်ပြခြင်းဖြစ်သည်။ တရားခံနှင့် တရားခံပြသက်သေများ၊ တရားပြိုင်နှင့် တရားပြိုင် သက်သေများကို စစ်မေးသည့်အခါတွင်လည်း တရားခံ သို့မဟုတ် တရားပြိုင်ဘက်မှ ပြန်ရှင်းစစ်မေးခွင့်ရှိသည်ဖြစ် ရာ လိုအပ်သည်များ အသိဥာဏ်ဆင့်ပွား၍ ပညာရှေ့ သွားပြုကာ မှီးယူသုံးစွဲမှု ပြုနိုင်ပါသည်။ ဤပညာသည် ကျယ်ပြန့်သော၊ ကျယ်ဝန်းသော၊ နက်နဲသောပညာရပ် ဖြစ်သည်။ အနှစ်ချုပ်၍ ပြီးပြည့်စုံအောင် ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ဤဖော်ပြချက်များ သည် ကောင်းမွန်သော ပြန်ရှင်းစစ်မေးခြင်း တစ်ရပ်ဖြစ် စေရေးအတွက် အထောက်အကူဖြစ်စေလိမ့်မည်ဟု ယုံကြည်မိသည်။
ကောင်းမွန်သော ပြန်ရှင်းစစ်မေးခြင်းဖြင့် အမှန်တရား ပေါ်ပေါက်ပါစေ။ မှန်ကန်သော တရားစီရင်ရေးကို အထောက်အကူပြုနိုင်ကြပါစေ။
ကိုးကားချက်
သက်သေခံအက်ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ
THE LAW OF EVIDENCE (SARKAR)
ဥပဒေ ဦးစိန်လှိုင်၏ အောင်မြင်သောရှေ့နေ
ထုံးပုံကျအမိန့်ဆွဲရမှာလား။ ဒီကရီဆွဲရမှာလား။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၂(၂) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်။
"ဒီကရီဆိုသော စကားရပ်တွင် အဆိုလွှာကို ပယ်သည့် အမိန့် နှင့် ပုဒ်မ ၄၇ သို့မဟုတ် ပုဒ်မ ၁၄၄၌ အကျုံးဝင်သော ပြဿနာတစ်ရပ်ရပ်အပေါ် ဆုံးဖြတ်ချက်လည်း ပါဝင်သည်ဟု မှတ်ယူရမည်။"
--
သို့ဖြစ်ရာ 
(၁)  အဆိုလွှာကို ပယ်သည့်အမိန့်။
(၂) ပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် စီရင်ဆုံးဖြတ်ချက်။
(၃) ပုဒ်မ ၁၄၄ တွင် အကျုံးဝင်သော စီရင်ဆုံးဖြတ်ချက်။
များသည် ဒီကရီဖြစ်ပါသည်။
----
ဒီကရီဖြစ်သော ဆုံးဖြတ်ချက်ကို ဒီကရီ ပုံစံဖြင့်  ရေးဆွဲရမည်လား။
×××××××××××××××××××××××××××××××××××××××××××××
ယနေ့ မူလတရားရုံးများတွင် ဒီကရီပုံစံ - ၂မျိုးကို အဓိက ထားသုံးစွဲသည်။
(၁)  ငွေသက်သက်ရလိုမှုဒီကရီ
(၂) မူလမှုဒီကရီ
------
တရားမကျင့်ထုံးဥပဒေ အမိန့် -၇၊ နည်း -၁၁ အရ အဆိုလွှာကို ပယ်သည့် အမိန့်သည်
 ဒီကရီရေးဆွဲရမည်လား  ထုံးပုံကျအမိန့် ရေးဆွဲရမည်လား။
-----
ပုဒ်မ ၂(၂) အရ ဒီကရီဆိုသောစကားရပ်တွင် အကျုံးဝင်သဖြင့် 
ဒီကရီပုံစံဖြင့်ရေးဆွဲရမည်
ဟု
ဆရာမ တစ်ဦးကဆိုသည်။
ဒီကရီပုံစံဖြင့်ရေးဆွဲမှ
အယူခံတက်တာအဆင်ပြေမှာဟုဆိုသည်။
----
ထိုသို့ဆိုပါက
ဇာရီမှုတွင် 
တရားနိုင်၊ တရားရှုံးကြားဖြစ်ပွားသည့်  
ဒီကရီအတည်ပြုခြင်း (execution)၊ ဒီကရီအရ ပေးဆပ်ခြင်း (discharge of the decree)၊ ဒီကရီကို ကျေအေးပြေငြိမ်းအောင်ပြုခြင်း (satisfication of the decree) နှင့်စပ်လျဉ်းသည် ပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များသည် 
ပုဒ်မ ၂(၂)အရ ဒီကရီဖြစ်ရာ
ယင်းဆုံးဖြတ်ချက်များကို
ဒီကရီပုံစံဖြင့် ရေးဆွဲရမည်လား၊ ထုံးပုံကျအမိန့် ပုံစံဖြင့် ရေးဆွဲရမည်လား။
----
ထို့ပြင် ပုဒ်မ ၁၄၄ အရ
တရားမအထွေထွေမှုတွင် ချမှတ်သော ဆုံးဖြတ်ချက်ကို
ဒီကရီပုံစံဖြင့် ရေးဆွဲရမည်လား။ ထုံးပုံကျအမိန့်ပုံစံဖြင့် ရေးဆွဲရမည်လား။
---
ပုဒ်မ - ၂(၂)အရ ဒီကရီဆိုသော စကားရပ်တွင် အကျုံးဝင်သဖြင့် ထိုဆုံးဖြတ်ချက်များကို
 ဒီကရီပုံစံဖြင့်သာ ရေးဆွဲရမည်ဆိုပါက 
ဇာရီမှုတွင်ချမှတ်သောပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များ နှင့် မထွေမှုတွင်ချမှတ်သော ပုဒ်မ ၁၄၄ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များ ကိုကော
မည်သည့်ဒီကရီပုံစံဖြင့်ရေးဆွဲရမည်နည်း။
----
ဒီကရီဆိုသောစကားရပ်တွင် အကျုံးဝင်သည့် အမိန့်များ ကို ဒီကရီပုံစံဖြင့်ပင် ရေးဆွဲရမည်ဟု ပြဋ္ဌာန်းချက်ရှိပါသလား။
---
ဒီကရီတွင် အကျုံးဝင်သောအမိန့်များကို ထုံးပုံကျအမိန့်ပုံစံဖြင့် ရေးဆွဲခြင်းကြောင့် 
ယင်းအမိန့်သည် ဒီကရီ အာနိသင်မရှိတော့ဘဲ အမိန့်အဖြစ်ပြောင်းလဲသွားနိုင်ပါသလား။
Tun Myo Htay
ပျံဝဲနေသော ဖိနပ်များ
          ဖိနပ်တစ်ဖက်။  လေထဲပျံဝဲလျက်။  တစ်စုံတစ်ယောက်က ပစ်ပေါက်လိုက်သည်။  တစ်နေရာကို ဒေါက်ခနဲ ထိမှန်သွားသည်။  ဖိနပ်ဖြင့် ပစ်ပေါက်ခံရသည့် တရားခွင်တွင် "နိုင်ငံတော်တံဆိပ်"ကို အထင်အရှား ချိတ်ဆွဲထားသည်။  ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားစီရင်မှုအာဏာ အပ်နှင်းခံရသည့် အမျိုးသမီး တရားသူကြီးတစ်ဦး တာဝန်ထမ်းဆောင် နေသည်။
          ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူက လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့ဖြင့် တရားစွဲခံ နေရသည့် တရားခံ ဖြစ်သည်။
          အမှုအတွင်း အာမခံဖြင့် နေခွင့်ပြုထားရာမှ တရားရုံးနှင့် ချုပ်ဆိုသည့် 'ခံဝန်ချုပ်ပါ စည်းကမ်း'ကို မလိုက်နာ၊ ဖောက်ဖျက်ရာ ရောက်သဖြင့် ခံဝန်ဖျက်သိမ်းပြီး ပြန်လည်ချုပ်နှောင်ခြင်း အပေါ် ကျေနပ်မှုမရှိရာမှ 'တရားဥပဒေ နည်းလမ်းအတိုင်း' ဆောင်ရွက်ခြင်း မပြုဘဲ ခြေထောက်မှု ဖိနပ်ကို ချွတ်၍ ရုတ်တရက် ပစ်ပေါက် လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
          မေလ ၃၀ ရက်နေ့က မြန်မာပြည် အလယ်ပိုင်း မြို့တစ်မြို့တွင် ထိုသို့ဖြစ်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာပြည်အလယ်ပိုင်း မြို့တစ်မြို့မှာပဲ အလားတူ ဒုတိယဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
          ငြိမ်းစုစီဥပဒေနှင့် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေတို့အရ တရားခံတစ်ဦးကို ထောင်ဒဏ် နှစ်လ ချမှတ်သည့် မြို့နယ်တရားရုံးအား ကျောင်းသားဟုဆိုသူ အချို့က ဖိနပ်များဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။  ဖိနပ်တစ်ဖက် လေထဲ ပျံဝဲနေပုံကို သတင်းဓာတ်ပုံမှာ အထင်အရှား တွေ့လိုက်ရသည်။
          မလှပသော၊ အရုပ်ဆိုးသော ဤဖြစ်စဉ်များနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု မဆိုသာစေကာမူ နောက်ထပ် ထူးထူးခြားခြား ထပ်မံ ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုမှာ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ သူ့တာဝန်သူ ထမ်းဆောင်နေသော ဆရာဝန်တစ်ဦးအား လူနာနှင့်အတူ လိုက်ပါလာသူတို့က ၀ိုင်းဝန်းထိုးကြိတ်သဖြင့် အမှုဖွင့် အရေးယူခဲ့ရခြင်း ဖြစ်သည်။
          ရာဇ၀တ်မှုများအပေါ် အသေးစိတ် ဆွေးနွေးခြင်း မပြုလိုတော့ပါ။
          ယခု ဆွေးနွေးလိုသည်မှာ ပြုံးနေသော ဖိနပ်သမားအား ဂုဏ်ရောင်ပြောင်သော သူရဲကောင်းကြီး သဖွယ် ၀ိုင်း၍ ၀န်း၍ ချီးကျူးထောမနာပြု၊ အားပေးအားမြှောက် ပြုနေသည့် ကိစ္စကိုပဲ ဖြစ်ပါသည်။
          ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိမကျေနပ်သူ တစ်ဦးတစ်ယောက်အား ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှုအရ လက်ခံနိုင်စရာ မရှိအောင် ရိုင်းစိုင်းကြမ်းတမ်းသည့် လုပ်ရပ်ဖြစ်သည်ကို ပြည်သူ့နီတိကို မသင်ယူဖူးသည့် သာမန်အသိဥာဏ် အဆင့်အတန်း ရှိသူများပင်လျှင် ကောင်းစွာ သိနားလည်နိုင် ကြပါသည်။
          ဖိနပ် ဆိုသည်မှာ ဆူးခလုတ်၊ အညစ်အကြေးများ ဒဏ်မှ အကာအကွယ် ရအောင် ခြေထောက်မှာ စီရသည့် ပစ္စည်းမျှသာ ဖြစ်ရာ ဒေါ်လာ သိန်းသောင်းချီ၍ တန်ကြေးရှိစေကာမူ ဖိနပ်ကို မည်သူမျှ မြတ်သောနေရာတွင် မထားပါ။  အိမ်ဦးခန်း၊ ဘုရားစင်တို့မှာ မထားပါ။  ဦးခေါင်းပေါ် မတင်ပါ။  တရှိုက်မက်မက် မည်သူမျှ မနမ်းပါ။
          စိတ်မချမ်းမြေ့သူ၊ နာကျင်ဝမ်းနည်းသူတို့ ရှိပါသည်။  ဖိနပ် ပစ်ပေါက်သူကို အားပေးချီးမြှောက် ဂုဏ်ပြုသူတို့လည်း ရှိနေလေရာ ယဉ်ကျေးပါသည် ဆိုသည့် ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းနှင့် တန်ဖိုး၊ နှုန်းစံများကို ဝေဖန်စိစစ် ကြည့်သင့်ပါပြီ။
          လိမ်လည်မှုတရားခံက ၄င်း မလွဲမသွေ လိုက်နာရမည့် ခံဝန်စည်းကမ်းကို မလိုက်နာ (သို့မဟုတ်) ချိုးဖောက်ရာ ရောက်သည့်အတွက် (ဘယ်နှကြိမ် ချိုးဖောက်သည်ကို တရားဌာနဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မပြု။  အံ့အားသင့်ဖွယ်ရာ နှုတ်ဆိတ်ခဲ့စေကာမူ ဆောင်းပါးရှင်တစ်ဦးက ရုံးချိန်း ၁၆ ကြိမ် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်)  အာမခံကို ရုပ်သိမ်း၍ ချုပ်မိန့်ပေးခြင်း၌ ဘာများ ချွတ်ချော်ခဲ့ပါသနည်း (မှားယွင်း ချွတ်ချော်ပါကလည်း ဥပဒေအရ ကုစားဖို့ အခွင့်အရေး ရှိသည်)  တရားသူကြီးသည် မိမိတို့၏ သမီး၊ တူမ ဖြစ်ပါက ထိုသို့ပြုလုပ်ခံရသည်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါမည်လော။
          ဖိနပ်သမားကို သူရဲကောင်းကြီးသဖွယ် အားပေးချီးမြှောက်ခဲ့၊ ပန်းကုံးစွပ်၍လည်း ဂုဏ်ပြုခဲ့ကြ ပြီးနောက် ... ။
          ယခုအခါ ထိုဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပွားခဲ့ပါပြီ။  နောင်ဘယ်နှခါ ဖိနပ် ပေါက်ကြဦးမည်လဲ မသိနိုင်။  ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံ၏ မည်သည့်ရုံးခန်းမဆို၊ မည်သို့သော ပုဂ္ဂိုလ်ကို မဆို။  
          တရားစီရင်ရေးစနစ်၊ တရားစီရင်မှု အာဏာ ကိုင်စွဲအသုံးပြုနေသူ များအပေါ် ကျေနပ်မှု မရှိခဲ့ကြသော သူတို့၏ ယုံကြည်မှု ပျက်ပြားနေခြင်းနှင့် မိမိတို့ ရင်ထဲက အမုန်းတရား၊ မလိုလားမှုများကို ကြုံတုန်း ကြုံခိုက် သိသာမြင်သာအောင် ၀ိုင်းဝန်း၍ ပုံဖော်လိုက်ခြင်း ဖြစ်ပုံရပါသည်။  တရားစီရင်ရေးစနစ် မကောင်းလျှင် 'ပြင်'လိုက်လို့ ရပါသည်။  တရားစီရင်ရေးအာဏာ အပ်နှင်းခံရသူတို့ မကောင်းလျှင်၊ အရည်အချင်း မမီလျှင်၊ မရိုးမဖြောင့်လျှင် ပိုကောင်းမည် ထင်ရသူတို့နှင့် အစားထိုး လဲလှယ်လိုက်လို့ ရပါသည်။
          ပို၍ ကောင်းမွန်သည့် နည်းလမ်းတစ်ခုခုကို ရှာဖွေတွေ့နိုင်ဖို့ပဲ လိုပါသည်။
          တရားရုံးများ၊ တရားသူကြီးများ ကောင်းသည်ဟု အာမမခံပါ။  တကယ် အာမမခံပါ။  ဆိုးရွာသူများ ရှိပါသည်။  အစီးအပွား ရှာနေသူများ ရှိပါလိမ့်မည်။  ထို့အတူ ကောင်းသူ ကောင်းအောင်လုပ်သူ တို့လည်း ရှိပါလိမ့်မည်။  သူတော်ကောင်းများ နှင့်သာ မဖွဲ့စည်းနိုင်သည့် မည်သို့သော ဌာနအဖွဲ့အစည်းမဆို ထိုအတိုင်းပဲ ဖြစ်တန်ရာပါသည်။
          သို့သော် တရားစီရင်ရေးတာဝန် ဆောင်ရွက်နေသည့် တရားသူကြီးနှင့် တရားရုံးများကို မည်သူမျှ ဖိနပ်ဖြင့် ပစ်ပေါက်ခွင့် မရှိပါ။  အဘယ်ကြောင့်ဆိုသော် တရားစီရင်မှုအာဏာကို နိုင်ငံတော်က အပ်နှင်း ရသောကြောင့် ဖြစ်ပါသည်။  ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အာဏာသုံးရပ် ပေါင်းမှ "အချုပ်အခြာအာဏာ"ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ချို့တဲ့လျှင် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် မရပ်တည်နိုင်ကြောင်း၊ 'နိုင်ငံတကာ ဥပဓိရုပ်' (International Personality) ၏ တစ်ခုသော အချက် ပျက်ယွင်း ပါက ဥပဓိရုပ်ပျက်ရာ ရောက်မည်ဖြစ်ကြောင်း လူတိုင်းလိုလို သိပါသည်။
          ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရပါမည်။  မြို့နယ်တရားရုံးကို ပစ်ပေါက်ခြင်းမှာ တရားလွှတ်တော်ချုပ်ကို ပစ်ပေါက်လိုက်သည့် သဘောဖြစ်ပါသည်။
          အချုပ်အခြာအာဏာ၏ ထောင့်စွန်းကို ဒေါက်ခနဲ ထိမှန်သွားသည့် သဘော ဖြစ်ပါသည်။  အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း တစ်ခုကို (နိုင်ငံတော်က) အပ်နှင်း၍ ကိုင်စွဲ အသုံးပြုသည့် လူ၊ ပုဂ္ဂိုလ်၊ ရုံး၊ ဌာန တစ်ခုခုအား ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းမှာ အလွန်အမင်း ရိုင်းပျ စော်ကားလိုက်သည့် အပြုအမူ ဖြစ်သည်ဟု သတိမမူဘဲ ဂုဏ်ပြုအပ်သည့် လုပ်ရပ်ကြီးသဖွယ် အားပေးအားမြှောက် ပြုနေသူတို့ ရှိသည်။  အံ့အားသင့်စရာ ဖြစ်ပါသည်။
          စစ်အေးတိုက်ပွဲ ပြင်းထန်နေသည့် ၁၉၆၀ က ဆိုဗီယက်ယူနီယံကို ကိုယ်စားလှယ်တစ်ဦးက ဆန့်ကျင် ပြောဆိုနေချိန်တွင် ဆိုဗီယက် ၀န်ကြီးချုပ် နီခီတာ ခရူးရှက်ဖ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ စားပွဲကို ဖိနပ်ဖြင့် တဒုန်းဒုန်း ထုသည့် ကိစ္စနှင့် မတူပါ။
          အီရတ်စစ်ပွဲ ဆင်နွှဲသည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်ကို ဘဂ္ဂဒက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်မြင်သံကြား သတင်းထောက် အယ်လ်ဇေဒီက ရှုးဖိနပ်နှစ်ဖက် ချွတ်လျက် တစ်ဖက်ပြီး တစ်ဖက် ပစ်ပေါက်ခဲ့သည့် ကိစ္စနှင့်လည်း မတူပါ။
          အယ်လ်ဇေဒီ၏ဖိနပ်ကို ဆော်ဒီသူဌေး တစ်ဦးက ဒေါ်လာဆယ်သန်း ပေးဝယ်မည်ဟု ကြေညာခဲ့ ပါသည်။  အီဂျစ်လုပ်ငန်းရှင် တစ်ဦးကလည်း သူ့သမီးနှင့် ပေးစားပြီး သမက်တော်ချင်သည်ဟု ပြောခဲ့ကြောင်း သိရပါသည်။
          ပေးပါ။  တော်ပါ။  ဒေါ်လာဆယ်သန်း ပေးနိုင်ပါသည်။  သမီးနှင့် ပေးစားလိုက ပေးစားနိုင်ပါသည်။  မိမိတို့၏ ရွေးချယ်ဆုံးဖြတ်မှုပဲ ဖြစ်ပါသည်။  သို့သော် ဒေ၀ဒတ်ကို ပန်းကုံးစွပ်ဖို့ ဆိုလျှင် စဉ်းစားကြည့်ရပါမည်။  မှုန်ကြီး၊ သက်နှင်းတို့ကို သရေစည်သူ ပေးဖို့ဆိုလျှင် စဉ်းစားကြည့်ရပါမည်။  ကြည်လင်းကို သရဖူ ပေးဖို့ဆိုလျှင် စဉ်းစားကြည့်ရပါမည်။  လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ နှုန်းစံ၊ တန်ဖိုးများနှင့် သက်ဆိုင်သောကြောင့် ဖြစ်ပါသည်။
          ဖိနပ်တွေ ပျံဝဲလျက် ရှိပါသည်။  ဒီထက်ပို၍ ဖိနပ်တွေ ပျံဝဲလာလျှင် တစ်ချိန်ချိန်၌ မည်သူ၏ ဦးခေါင်းပေါ်သို့မဆို ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် တစ်ခု ဧကန်ရှိကြောင်း သတိမူမိကြစေလိုခြင်း ဖြစ်ပါသည်။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)
ပြေလွင်မြင့်
ငရဲကို လမ်းကြုံလိုက်သူများ
င ရဲ ကို လမ်း ကြုံ လိုက် သူ များ
📛📛📛📛📛📛📛📛
ဖိုးသုဉာဏ်
ယခင်တစ်ပတ်က တရားသူကြီး၊ ဥပဒေ အရာရှိ၊ ရှေ့နေ၊ ရဲများ၏ လုပ်ငန်းတာဝန်သည် အပါယ်ဘေးနီးလှသဖြင့် အပါယ်မကျ အောင် သတိပြုရှောင်ရှားသင့်ပါကြောင်း တင် ပြခဲ့ပါသည်။
ယခုတစ်ကြိမ်တွင် လုပ်ငန်းတာဝန်အရ အနေသာကြီး ဖြစ်ပါလျက် အထက်ပါပုဂ္ဂိုလ် များနှင့်အတူ ငရဲကို လမ်းကြုံလိုက်ဖို့ ကြိုးစားပမ်းစား အားထုတ်ကြသူများ အကြောင်း တင်ပြလိုပါသည်။
ယခင်အစိုးရလက်ထက်က ဒေသတစ်ခုတွင် တာဝန်ခံတရားသူကြီး အဖြစ် ရောက်စတွင် ဒေသ အာဏာပိုင်ဖြစ်သူက ဒေသ၏ အခြေအနေ နှင့် တရားစီရင်ရေးဆိုင်ရာ မူဝါဒ သဘောထား တို့ကို ပြောပြရာ၌ “ကျွန်တော်တို့ ဒေသမှာ ကျွန်းသစ်နဲ့ပတ်သက်တဲ့ အပက ၃ အမှုတွေဆိုရင် လူကို ထောင်ချ၊ ပစ္စည်းသိမ်း၊ ကားသိမ်းပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
နိုင်ငံ၏ရှားပါးသယံဇာတ ကျွန်းသစ်များ ခုတ်လှဲဖျက်ဆီး၊ ခိုးယူအလွဲသုံးစားပြုခြင်း စသော ပြစ်မှု ကျူးလွန်သူများကို ထိထိရောက် ရောက် တားဆီးပိတ်ဆို့ကွပ်ညှပ်အရေးယူမည် ဆိုခြင်းမှာ အငြင်းပွားဖွယ်မရှိ၊ ကောင်းမွန်လှ သောမူဝါဒဖြစ်ပါသည်။ သို့သော် “ကျွန်းသစ် နဲ့ပတ်သက်တဲ့ အပက ၃ အမှုတွေဆိုရင် လူ ကိုထောင်ချ၊ ပစ္စည်းသိမ်း၊ ကားသိမ်းပါပဲ” ဆိုသောစကားမှာမူ စဉ်းစားစရာ ရှိပါသည်။
ထိုစကားကြောင့် ဥပဒေ၊ ရဲစသော တရားစွဲအဖွဲ့အစည်းက ကျွန်းသစ်နှင့် ပတ်သက်လျှင် စွပ်စွဲ ခံရသူများတွင် အမှန်တကယ်ငြိစွန်းချက် ရှိ-မရှိ စိစစ်ရမည့်အစား တရားရုံး ကျမှ ရှင်းကြ ပါစေဟူ၍ ဖြစ်နိုင်ပါသည်။ အောက်တရားရုံးကလဲ ငါတော့အငြိုငြင်မခံ ချင်၊ မရှင်းချင်တော့ဘူး၊ အယူခံကျမှပဲကြိုး စားကြပါစေဟု သဘောပိုက်သွားနိုင်ပါသည်။ ၎င်းင်းနယ်မြေရှိ သူ့ အထက် တရားရုံးကလည်း  ဥပဒေအတိုင်း ပြတ်ပြတ်သားသားလုပ်ဖို့ လက်တွန့်သွားနိုင်ပါသည်။ တရားမဲ့ မှုများပေါ်ပေါက် စေနိုင်သော အန္တရာယ်ကြီးလှသည့်စကားတစ် ခွန်းဖြစ်ပါသည်။
ထိုခေတ်ကထိုဒေသ၌ ကျွန်းသစ်အမှုများ တွင် သစ်အနည်းအများပေါ် မူတည်၍ အပက ၃ ဖြင့် စွဲမလား၊ ပပက ၆(၁) ဖြင့်စွဲမလားဆိုခြင်းကို ဒေသတာဝန်ခံ ရဲအရာရှိကြီး ကမကထ ပြုသော အဖွဲ့က ဆုံးဖြတ်ရာ မညီမျှ မှုများရှိ သည်ဆိုသော မကျေနပ်သံအချို့လည်းကြား ရပါသည်။ တစ်ကြိမ် တွင်မူ အထက်ပါအာဏာ ပိုင်ကြီးမှပင် ““ကျွန်တော့် သူငယ်ချင်း (...) ရဲ့ အမဗျာ ကားထောင် ထားတာ၊ သူ့ကားဒရိုင် ဘာက ကျွန်းသစ်သယ်လို့ အဖမ်းခံရပြီး ဒုက္ခဖြစ်နေတယ်၊ လုပ်ပါဦး”” ဟု ပြောသည် ကိုလည်းကြုံဖူးပါသည်။ အနှီပုဂ္ဂိုလ်ကြီးများ အဂတိကင်းပါမည်လော၊ အပါယ်ဘေးကင်း ပါမည်လော၊ ပူပင်စရာဖြစ်ပါသည်။
 ပြစ်မှုဆိုင်ရာဥပဒေများတွင် အချို့သော ပြစ်မှုများ၌ပြစ်မှုကျူးလွန်သူကို ““တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင် ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်ရမည်”” စသော ပြဌာန်းချက်များရှိပါသည်။ ပြစ်မှုအမျိုးအစားချင်းတူသော်လည်း ကျူး လွန်သောပြစ်မှု၏ အတိမ်အနက်၊ အလေးအပေါ့ကိုမူတည်၍ တရားရုံးကဆင်ခြင်တုံတရား ဖြင့် ချမှတ်နိုင် ရန်ပြဌာန်းထား ခြင်းဖြစ်ပါသည်။ ငွေဒဏ်များတွင် ၅၀ိ/-၊ ၂၀၀ိ/-၊ ၅၀၀ိ/- ၁၀၀၀ိ/- စသောပြဌာန်း ချက်များရှိရာ ဥပဒေများ မပြင်ရသေးသဖြင့် ယခုတိုင်အတည်ဖြစ် လျက်ရှိပါသည်။
အထက်ပါငွေဒဏ်များသည် ယခုခေတ် ငွေတန်ဖိုးဖြင့် ကလေးမုန့်ဖိုးပင်မရှိဟု ဆိုနိုင် သော် လည်း သူ့ခေတ်သူ့အခါက လုံလောက် သော အတိုင်းအတာတစ်ခုအထိ ထိရောက် မှုရှိ ၍ ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေ များတွင် (၅၀ိ/-) အစား (၅၀၀၀၀ိ/-)၊ (၂၀၀ိ/-) အစား (၂၀၀၀၀၀ိ/-) စသည်ဖြင့် ပြင်ဆင်ပြဋ္ဌာန်း လိုက်မည်ဆိုလျှင် တရားရုံးများ က ၎င်းင်းအတိုင်း ငွေဒဏ်ချမှတ်နိုင်ပါလိမ့်မည်။ ထိုသို့ မပြဋ္ဌာန်းသေးသမျှ လက်ရှိဥပဒေ ပြဋ္ဌာန်း ချက်အတိုင်းသာ တရားရုံးက ငွေဒဏ်ချမှတ် နိုင် မည်ဖြစ်ပါသည်။ ဥပဒေကို ကျော်လွန်၍ မရပါ။
ဤသည်ကို အချို့က ပါးတစ်ချက်ရိုက် တာငွေဒဏ် (၁၀၀၀ိ/-) ဆိုရင် ငွေ (၅၀၀၀ိ/) ပေးပြီး ၅ ချက် လောက်ရိုက်ချင်တယ်ဟု စည်း ၀ါးလွတ် အမနာပပြောခြင်းမျိုးရှိပါသည်။ ငွေ ဒဏ် (၁၀၀၀ိ/-) သည် တည်ဆဲဥပဒေပြဋ္ဌာန်း ချက်ဖြစ်၍ ပြက်ရယ်မပြုသင့်ပါ။ ငွေဒဏ် (၁၀၀၀ိ/-) ကလေး မုန့်ဖိုးမျှ ဖြစ်သည်ဆိုရုံဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သာမန်နာ ကျင်စေမှု ကျူးလွန် တိုင်း ထောင်ဒဏ်ချည်း သာချမည်ဆိုလျှင် သင့်လျော်မျှတ ပါမည်လော၊ ဖြစ်နိုင် ပါမည်လော။
ငွေဒဏ်(၁၀၀၀ိ/-) သည် ကလေးမုန့်ဖိုးမျှ ဖြစ်၍ ထိရောက်အောင်ဆိုပြီး ကျောင်းသား  ချင်း၊ မိန်းကလေး အပျိုအရွယ်သူငယ်ချင်းချင်း၊ ဆွေမျိုးသားချင်း၊ အိမ်နီးချင်း မိတ်ဆွေချင်း ချင်း အခန့်မသင့်၍ ခိုက်ရန်ဖြစ်ပွားရာ၌ အနည်းအကျဉ်း နာကျင်စေမှုဖြစ်တိုင်း ထောင်ဒဏ်ချည်းသာ ချသင့်ပါသလား။ ကျောင်း သားကျောင်းသူလူငယ်များ ဆိုင်ကယ်မတော် တဆဖြစ်၍ အနည်းအကျဉ်း ဒဏ်ရာရတိုင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရထောင်ဒဏ် ချည်းချ၍ဖြစ် ပါမည်လား။
(၅၀၀၀ိ/-)ပေး၍ ပါး ၅ ချက်ရိုက်မည် ဆိုသောသူသည် မိမိကိုယ်တိုင်၊ မိမိသား သမီး၊ ဆွေမျိုး သားချင်းများ တရားခံဖြစ်သည့်အ လှည့်တွင် ထိုစကားမျိုး ပြောနိုင်ဦးမှာလား၊ စဉ်းစား စရာ ဖြစ်ပါသည်။
ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင် တရား စီရင်ရာ၌ ပြစ်ဒဏ်ပေးခြင်းသည် လက်စား ချေခြင်း မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ၏အကျင့်စာရိတ္တကို ပြုပြင်၍ လူကောင်းသူကောင်းဖြစ် လာစေရန်သာ မျှော်မှန်းကြောင်း၊ ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း က လက်ခံကြပါသည်။ မျက်လုံး တစ်လုံးဆုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်း အလျော်အစားပေးရမည်ဟူသော ဟာမူရာ ဘီ၏ ကိုဓဥပဒေများမှာ မယဉ်ကျေးသေး သောခေတ် (ဘီစီ-၂၀၀၀)ခန့်တွင် ကျန်ခဲ့ပြီ ဖြစ်၍ ပြန်လည် တမ်းတမနေ သင့်တော့ဟု ထင် ပါသည်။
ဥပဒေကျောင်းသားဘ၀တွင် နိုင်ငံနှင့် ဥပ ဒေသမိုင်းဘာသာရပ်၌ မြန်မာဘုရင်များ လက်ထက် တရား စီရင်ရေးစနစ်သင်ကြားရာတွင် မြန်မာလူမျိုးတို့သည် ဥပဒေကို လေးစား သူများ ဖြစ်ကြောင်း၊ မြန်မာတို့သည်ထောင်တန်းကျ မည်ကို ကြောက်ရွံ့ခြင်းထက် ထောင်တန်း ကျစေသည့် အဓမ္မမှုများကို စက်ဆုပ်သူများ ဖြစ်ကြောင်း နာခံမှတ်သားဖူးပါသည်။ ယဉ် ကျေးသော မြန်မာများအဖို့ တရားရုံးက အ ပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရလျှင်ပင် အလွန်နစ် နာလှပြီဖြစ်ပါသည်။ မဖြစ်စလောက် ငွေဒဏ် ဟူ၍ပြက်ရယ်ပြုမည်မဟုတ်ပါ။
တရားစီရင်ရေးနှင့် ပတ်သက်၍ လူကြီးဆို သူများအပါအ၀င် အချို့ကပြစ်ဒဏ်နည်းသည်၊ များသည် ဟူ၍ အခြေအမြစ်မခိုင်လုံဘဲ စိတ် မှန်းဖြင့် ခပ်ပေါ့ပေါ့၊ခပ်လွယ်လွယ်ပြောတတ် ပါ သည်။ ၎င်းင်းတို့၏ စကားသည် ခြင်းချက်မရှိ မှန်သည်ဟု အာမခံနိုင်ပါမည်လား။ သူတစ်ပါး ကို မတရားသဖြင့် ထောင်တန်းကျစေလိုသော စိတ်သည် ကုသိုလ်စိတ်မဖြစ်နိုင်ပါ။ အကုသိုလ်စိတ် သာဖြစ်နိုင် ပါသည်။ နေရင်းထိုင်ရင်း အကုသိုလ်ယူ၍ အပါယ်စခန်းကို ခြေမလှမ်းသင့်ဟု ထင်ပါသည်။
ရန်ကုန်တိုင်းဂျာနယ်အတွဲ ၁၀ ၊ အမှတ် ၁၇ မှာ နှင်းကိုရေးသည့် ““တရားစီရင်ရေး မဏ္ဍိုင်သုံးနှစ်အတွင်း ဘယ်လောက်တည့် မတ်ခဲ့သလဲ””ဆောင်းပါကိုဖတ်ရပါသည်။
ဆောင်းပါးတွင် လှိုင်မြစ်အတွင်းမှတွေ့ ရသည့် မိန်းကလေးအလောင်း နှင့်ပတ်သက် ၍ မြို့နယ်နှင့်ခရိုင်တရားရုံးကရေနစ်သေဆုံး ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ခြင်းကို မိခင်ဖြစ် သူကလက်မခံ နိုင်သောကြောင့် တိုင်းဒေသ ကြီးတရားလွှတ်တော်သို့ ပြန်လည်စိစစ်ပေး ရန်တင်ပြထား ကြောင်း၊ မိခင်ဖြစ်သူက သွေး ရိုးသားရိုးသေခြင်းမဟုတ်ဟု ယုံကြည်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်း မဖြစ် နိုင်ကြောင်း၊ ရေထဲက တွေ့သည့်အလောင်း မှာ အဆုတ်တွင် ရေ၀င်သည်ကတော့ရှိမည် ဖြစ်ကြောင်း၊ အခြားသူ၏လုပ်ကြံမှုဟု ယုံ ကြည်ကြောင်း၊ အမှုမှန်မပေါ်သရွေ့ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း၊ သက် သေအထောက်အထားဓာတ်ပုံများ ရှိသော် လည်း အမှုကိုပြောင်းဖွင့်၍ မရတော့ကြောင်း၊ တိုင်းတရားရုံးကလည်း ခရိုင်တရားရုံးလိုပဲ ဆုံးဖြတ်လျှင် တရားစီရင်ရေးစနစ်ကို မယုံ ကြည် တော့ဘူးဟု မိခင်ဖြစ်သူကပြောကြောင်း ဖေါ်ပြပါသည်။
ဆက်လက်၍ “လက်ရှိတရားစီရင်ရေးစနစ် ကို ပြည်သူအားလုံး အဓိကမေးခွန်းထုတ် နေ ကြသည်မှာ တရားရေးမဏ္ဍိုင်အပေါ် ဒေါ်နော်မယ်စေး တို့လိုပြည်သူများ၏ ယုံကြည်မှုများ  အင်မတန် လျော့နည်းနေ၍သာဖြစ်သည်””ဟု  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြောင်း ဖော်ပြပါသည်။ ဆက်လက်၍ တရားစီရင်ရေးကို အပုပ်ချသည့်ဝေဖန်ချက် များ ဝေေ၀ဆာဆာ သိုင်းသိုင်းဝိုင်းဝိုင်း အာ သွက်လျှာသွက်ရေးသားထားပါသည်။
၎င်းဆောင်းပါးနှင့်ပတ်သက်၍ တစ်ချက်တည်းသာဆွေးနွေးလိုပါသည်။ အထက်ပါ မိန်းကလေး သေဆုံးမှုကိစ္စဖြစ်ပါသည်။ သေသူ မိန်းကလေး၏ မိခင်ကို သားသမီးရှင်ချင်း ဖြစ်၍ ကိုယ်ချင်းစာလှပါသည်။ ၎င်းကို မထိ ခိုက်စေလိုပါ။ သို့သော် အထက်ပါဖော်ပြချက်များသည် ဖြောင့်မှန်ရိုးသားသော မသိနားမလည်သူများက တရားရုံးများအပေါ် အထင်အမြင် လွဲမှားစေနိုင်သောကြောင့် ဆွေးနွေးရခြင်း ဖြစ်ပါသည်။
ရေထဲက အလောင်းတွေ့ခြင်းမျိုးတွင် ဖြစ်နိုင်သော အခြေအနေ အဓိကအားဖြင့်နှစ်မျိုး ရှိနိုင်ပါသည်။ ရေထဲကျပြီးမှသေခြင်းနှင့်သေ ပြီးမှ ရေထဲကျခြင်းဖြစ်ပါသည်။ သေပြီးမှ ရေ ထဲကျခြင်းမှာ လူကိုသတ်ပြီးမှ အလောင်းကို ရေထဲချခြင်းမျိုးဖြစ်ပါသည်။ ဆေးပညာအရ သေပြီးမှ ရေထဲကျသူသည် ရေထဲ၌အသက် ရှုခြင်းမရှိသောကြောင့် ၎င်းင်း၏အဆုတ်တွင်း၌ ရေ၀င်ရန်အကြောင်းမရှိဟု သိရပါသည်။
ရေထဲကျပြီးမှသေခြင်းမှာမူ သေသူ၏ဆန္ဒ အလျောက် ရေထဲဆင်းရာမှ ရေနစ်ခြင်း၊ မ တော်တဆ ရေထဲကျ၍နစ်ခြင်း၊ သူတစ်ပါး တွန်းချ၍ ရေထဲကျပြီးနစ်ခြင်း၊ အကြောင်း တစ်ခုခုကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရ၍ ရေထဲကျပြီးနစ်ခြင်း၊ သူတစ်ပါးပယောဂကြောင့် ထိခိုက်ဒဏ်ရာ ရပြီးမှရေထဲကျ၍ နစ်ခြင်း စသည်တို့ဖြစ်ပါသည်။
ရေထဲကျပြီးမှသေသူသည် မသေမီရေထဲ ၌အသက်ရှုခဲ့သောကြောင့် အဆုတ်အတွင်း ရေ၀င်ပါသည်။ ထို့ကြောင့် ရေတွင်တွေ့သည့် အလောင်းတွင် ခန္ဓာကိုယ်အတွင်း/အပြင်၌ ဒဏ်ရာ တစ်စုံတစ်ရာ လည်းမရှိ၊ အခြားသေ လောက်သော ရောဂါလက္ခဏာနှင့် အကြောင်း တရားတစ်စုံတစ်ရာ လည်းမရှိဘဲ အဆုတ် တွင်း၌လည်း ရေ၀င်နေသည်ကိုတွေ့ရလျှင် ဆေးပညာအရ ရေနစ်သေဆုံးသည် ဟုသာ မှတ်ချက်ပေးကြောင်းသိရပါသည်။ သူတစ်ပါး ကရေထဲတွန်းချ၍ရေနစ်သေဆုံးလျှင်လည်း အလားတူပင်ဖြစ်ပါသည်။ သူတစ်ပါး တွန်းချ ခြင်း ဟုတ်၊ မဟုတ်ကိုမူ ဆရာဝန်နှင့်တရား သူကြီးတို့တွင် နတ်မျက်စေ့မရှိ၍ သိနိုင်မည် မဟုတ်ပါ။
ထို့ကြောင့်ရေထဲကျပြီးမှအလောင်းတွေ့ရှိခြင်းနှင့်ပတ်သက်၍ သေဆုံးပုံစုံစမ်းမှုပြုရာ တွင် သေသူ၌ ခန္ဓာကိုယ်အတွင်း/အပြင်တို့၌ ဒဏ်ရာတစ်စုံတစ်ရာလည်းမရှိ၊ အဆုတ်တွင်း ၌လည်း ရေတွေ့ရပြီး ဆရာဝန်ကလည်းရေ နစ်သေကြောင်း မှတ်ချက်ပေးထားသည်ဆို လျှင် ရဲ၊ တရားသူကြီး တို့က ဓမ္မအလျောက် သေဆုံးခြင်းဟူ၍သာ မလွဲမသွေ ဆုံးဖြတ်ရ မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် အခြားသက်သေခံချက်များ ပေါ်ပေါက်လာခြင်းကြောင့် လူ သတ်မှုဖြစ်သွားမည် ဆိုလျှင်လည်း သီးခြား  ကဏ္ဍသာဖြစ်ပါသည်။ တရားရုံးအပေါ် အပြစ်မြင်ရန်အကြောင်း မရှိပါ။ ဤသည်ကို အ တွေ့အကြုံရင့်ကျက်၊ တတ်ကျွမ်းနားလည်သော ရှေ့နေကြီးများသိကြပါသည်။
အထက်ပါအခြေအနေတွင် သားသမီး ဇောဖြင့် ယူကျုံးမရ အပူလုံးကြွနေသည့် မသိ နားမလည်သော သေသူမိန်းကလေး၏ မိခင်က တရားရုံးများအပေါ် အထင်အမြင်လွဲမှားသည်မှာအပြစ် ဆိုစရာမရှိသော်လည်း ပညာရှိ ဆိုသောရှေ့နေကြီးနှင့် ဂျာနယ်လစ်တို့ကပါ ရောရောင်၍ မြှောက်ထိုးပင့်ကော်ဖြင့် တရားရုံး များကိုဝိုင်းဝန်းအပုပ်ချတိုက်ခိုက်သည်မှာမူ မသင့်လျော်ဟုထင်ပါသည်။
အထက်ပါဖြစ်စဉ်သည်ရန်ကုန်မြို့ကြီးတွင် မဟုတ်ဘဲ ဝေးလံခေါင်သီသောဒေသတွင် ဖြစ် ပွားခဲ့ပြီး ယခုကဲ့သို့ ဂျာနလစ်နှင့် ရှေ့နေကြီးတို့ ကမြှောက်ပေးခြင်း၊ မပြည့်ဝသော အခွင့်အာဏာရှိသူ များက ဖိအားပေးခြင်းမျိုးပြု လုပ်မည် ဆိုပါက မဆိုင်သူများမလိုအပ်ဘဲ ဖမ်းဆီးချုပ် နှောင် စစ်ဆေးခံရခြင်းကဲ့သို့သော မှားယွင်း သည့် စိတ်မချမ်းမြေ့ဖွယ်အနိဌာရုံဖြစ်စဉ်၊ ဖြစ် ရပ်များ ပေါ်ပေါက်နိုင်ပါသည်။
ယခုလည်းအနည်းဆုံးအားဖြင့် သေမှုသေခင်းစုံစမ်းစစ်ဆေးသောရဲနှင့် ၎င်းင်း၏ အထက် အရာရှိများ၊ ဆရာဝန်နှင့်တရားသူကြီးများ စိတ် ဆင်းရဲ၊ပူပင်သောကဖြစ်ကြရမည်မှာသေချာ  ပါသည်။ သေသူမိန်းကလေး၏မိခင်မှာလည်း အပူငြိမ်းသင့်သည့်အချိန် မငြိမ်းနိုင်ဘဲဖြစ်ပါလိမ့်မည်။ သူတစ်ပါး၏ကိုယ်စိတ်ဆင်းရဲမှုဖြစ် စေခြင်းသည် မည်သည့်နည်းဖြင့်မျှ ကုသိုလ် မဖြစ်နိုင်ပါ။ အကုသိုလ်သာဖြစ်ပါလိမ့်မည်။ အကုသိုလ်ကံသည် အပါယ်လားရာ အကြောင်း ဖြစ်ပါသည်။
တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေ၊ ရဲများ ဘ၀ပေးအခြေအနေကြောင့် အပါယ် ဘေးနီးလှသောအလုပ်ကို မလွဲမရှောင်သာ လုပ်နေကြရချိန် တွင် လွှဲရှောင်ရန်အခွင့်အရေးရှိပါလျှက် အတင်းအဓမ္မ ငရဲကို လမ်းကြုံလိုက်ဖို့ ကြိုးစားနေသူများကိုမူ မိုက်မဲလွန်းသည်ဟု ဆိုရမည်ထင်ပါသည်။
- ဖိုးသုဉာဏ် -
credit>>>The Ladies News
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...