Wednesday, August 23, 2017

အာမခံပေးသည်မှာ အခြေခံမူ၊ မပေးသည် မှာ ခြွင်းချက်သာ

မောင်စာဂ

အာမခံပေးခြင်းဆိုရာတွင် ပြစ်မှုတစ်ရပ် ကျူးလွန်သူဟု စွပ်စွဲခံရသူတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ  လုံလောက်သော အာမခံသူများနှင့်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ၊ အာမခံသူများမပါဘဲ ကိုယ်တိုင်ခံဝန်ချုပ် ချုပ်ဆို၍ဖြစ်စေ လွှတ်ပေးထားခြင်းကို ဆိုလိုသည်။ 

အာမခံပေးခြင်းကိစ္စ  အပိုင်းနှစ်ပိုင်းရှိသည်။ စွပ်စွဲခံရသူကို ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးချုပ်နှောင်ပြီးနောက် အာမခံပေးခြင်းအပိုင်းနှင့်တရားရုံးသို့ စွဲဆိုတင်ပို့ပြီးနောက် တရားရုံးက အာမခံပေးခြင်းအပိုင်းတို့ဖြစ်သည်။ အပိုင်းနှစ်ပိုင်းစလုံးတွင် အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စရပ်အပေါ် အဆုံးအဖြတ်ပေးကြရာ၌ လိုက်နာရမည့် ဥပဒေမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပင် ဖြစ်သည်။

ဤတွင် အာမခံပေးခြင်းကိစ္စ ဥပဒေက မည်သို့မည်ပုံ ပြဋ္ဌာန်းထားသနည်း။ လေ့လာတွေ့ရှိသမျှ ဖော်ပြပါရ စေ။

အာမခံပေးနိုင်သောပြစ်မှုနှင့် မပေးနိုင်သောပြစ်မှု

ရာဇသတ်ကြီးတွင် ပါရှိသောပြစ်မှုများအနက် မည်သည့်ပြစ်မှုက အာမခံပေးနိုင်သည်၊ မည်သည့်ပြစ်မှုက အာမခံမပေးနိုင်ဟူ၍ ရာဇဝတ်ကျင့်ထုံးဥပဒေ၌ သတ် မှတ်ထားသည်။ 

အာမခံပေးရမည့်ပြစ်မှုဆိုသည်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးရ မည်ဟု ဖော်ပြထားသောပြစ်မှု သို့မဟုတ် တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အာမခံပေးရမည့်ပြစ်မှုကို ဆိုသည်။ အာမခံမပေးနိုင်သောပြစ်မှုဆိုသည်မှာ အခြား ပြစ်မှုများကို ဆိုသည်။ [ပုဒ်မ ၄(၁)(က)]။ 

ရာဇသတ်ကြီးမဟုတ်ဘဲ ကျန်ရှိသည့် အထူးဥပဒေ များပါ ပြစ်မှုများကိုလည်း အာမခံ ပေးနိုင်သည့်ပြစ်မှုနှင့်အာမခံမပေးနိုင်သော ပြစ်မှုဟူ၍ သတ်မှတ်ထားသည်။  ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲဇယား (၂) အဆုံးတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

သေဒဏ်၊ အနှစ် ၂ဝ ထောင်ဒဏ် သို့မဟုတ် ထောင် ဒဏ် ခုနစ်နှစ် သို့မဟုတ် ယင်းအထက်ပိုသော ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း၊ ထောင်ဒဏ် သုံးနှစ်နှင့်အထက် သို့သော်လည်း ခုနစ်နှစ် ထက်မပိုသော ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင်သော်လည်းကောင်း အာမခံမပေးနိုင်ပါ။ ထောင်ဒဏ် သုံးနှစ်အောက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုဖြစ်လျှင် အာမခံပေးရ ပါမည်။  

အာမခံပေးခြင်းကိစ္စ၊ နည်းလမ်းသတ်မှတ် ပြဋ္ဌာန်းချက်

ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကို အနှစ် ချုပ်ကိုးကား၍ ရှင်းလင်းပါမည်။

အာမခံပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူ တစ်ဦးကို သက်ဆိုင်ရာ ရဲစခန်း၏ ထိန်းသိမ်းမှု အောက် တွင်ရှိစဉ် မည်သည့်အချိန်အခါမဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားရမည်။ ထိုနည်းတူ တရားရုံးရှေ့တွင် ဆောင်ရွက်သည့် မှုခင်းကိစ္စ၏ မည်သည့်အဆင့်၌မဆို အာမခံပေးရန်အသင့် ဖြစ်လျှင် ထိုသူကို အာမခံဖြင့်လွှတ်ထားရမည်။ (ပုဒ်မ ၄၉၆)

အာမခံမပေးနိုင်သော ပြစ်မှုဖြင့် စွပ်စွဲခံရသူတစ်ဦး သည် ရဲစခန်းက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ် နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ထိုသူ ရောက်ရှိသည့်အခါ သို့မဟုတ် တရားရုံး ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။ [ပုဒ်မ ၄၉၇(၁)]

ဤပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် အာမခံမပေး နိုင်သော ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူပင်ဖြစ်လင့်ကစား အာမခံဖြင့်လွှတ်ထားနိုင်ကြောင်းကို တွေ့မြင်ရသည်။ 

ယင်းပုဒ်မ ၄၉၇(၁) မှာပင် သို့သော်လည်း ထိုစွပ်စွဲခံရသူသည် သေဒဏ်ဖြစ်စေ၊ အနှစ် ၂ဝ ထောင်ဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို ကျူး လွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သော အကြောင်း များရှိလျှင် ထိုကဲ့သို့ လွှတ်ထားခြင်းမပြုရပါ။ သို့ရာတွင် အဆိုပါပြစ်မှုဖြင့်    စွပ်စွဲခံရသူသည်   အမျိုးသမီးဖြစ်နေလျှင် သို့မဟုတ် မကျန်းမမာ ဖျားနာနေသူဖြစ် လျှင် သို့မဟုတ် ချည့်နဲ့နေသူဖြစ်လျှင် ထိုသူကိုအာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ထို့ပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းက သို့မဟုတ် တရားရုံးက စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်မှုပြုလုပ် နေသည့် မည်သည့်အဆင့်တွင်မဆို စွပ်စွဲခံရသူသည် အာမခံမပေးနိုင်သည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် အကြောင်းမရှိသော်လည်း ထိုသူ၏ပြစ်မှုကို  ဆက်လက်စုံစမ်းစစ်ဆေးရန်  လုံလောက်သော အကြောင်းများရှိသည်ဟု ထင်မြင်လျှင် အဆိုပါ 
စုံစမ်းစစ်ဆေးမှု အတွင်း၌ ထိုသူကိုအာမခံဖြင့် လွှတ် ထားစေရမည်။ [ပုဒ်မ ၄၉၇(၂)]

ပုဒ်မ ၄၉၇ (၁) သို့မဟုတ် ပုဒ်မ ၄၉၇(၂) အရ စွပ်စွဲခံရသူတစ်ဦးကို အာမခံဖြင့် လွှတ်ပေးသည့် အရာရှိတစ်ဦး သို့မဟုတ် တရားရုံးတစ်ရုံးသည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ လွှတ် ထားရကြောင်း အကြောင်းပြချက်များကို စာဖြင့်ရေးမှတ်ထားရမည်။ [ပုဒ်မ ၄၉၇(၃)]

အာမခံမပေးနိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူတစ်ဦးကို စစ်ဆေးမှုပြီးဆုံးပြီးနောက် စီရင်ချက်မချမီ မည်သည့်အချိန်တွင်မဆို ထိုစွပ်စွဲခံရသူသည် အဆိုပါပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံးက ထင်မြင်လျှင် အကယ်၍ထိုစွပ်စွဲခံရသူသည် အချုပ်တွင် ရှိနေပါက စီရင်ချက်ချသည့်အခါ ထိုသူရောက်ရှိ နားထောင်ရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ် ချုပ်ဆိုစေလျက် ထိုသူကိုလွှတ်ပေးရမည်။ [ပုဒ်မ ၄၉၇(၄)]

အထူးပြဋ္ဌာန်းချက်နှင့် ယေဘုယျပြဋ္ဌာန်းချက် 

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်း ချက်များသည် အထူးပြဋ္ဌာန်းချက် (Special provision) ဖြစ်သည်။ ရာဇဝတ်ကျင့်ထုံးဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) တွင် အာမခံပေးနိုင်သည့်ပြစ်မှု၊ အာမခံမပေးနိုင်သည့် ပြစ်မှုဟု ဖော်ပြထားချက်များသည် ယေဘုယျ ပြဋ္ဌာန်းချက် (General provision) ဖြစ်သည်။  

အာမခံပေးခြင်းသည် 'မူ'၊ မပေးခြင်းသည် ခြွင်း ချက်'

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်ပုဒ်မ ၄၉၇ ပါ ပြဋ္ဌာန်းချက်များကို ကြည့်ခြင်းအားဖြင့် အာမခံပေး ရမည့် ပြစ်မှုများကို အာမခံပေးရန်ဖြစ်သည်။ အာမခံ မပေးနိုင်သော ပြစ်မှုကို ကျူးလွန်သည်ဟု စွပ်စွဲခံရစေ ကာမူ    အာမခံပေးရမည့်ဘက်ကို   အလေးထား၍ ပြဋ္ဌာန်းထားသည်ကို တွေ့မြင်ရမည်။ သို့ပါ၍ အာမခံ ပေးခြင်းသည် 'မူ'၊ အာမခံမပေးခြင်းသည် 'ခြွင်းချက်' မျှသာဟူ၍ ဆိုရခြင်းဖြစ်သည်။ 

စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များ 

အာမခံပေးခြင်း မပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ 'ဟူစိန်ဘခန်နှင့်နိုင်ငံတော်အမှု' တွင် မူတစ်ရပ်ကို လမ်းညွှန် ချမှတ်ခဲ့သည်။ ထိုမူမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များအရ အာမခံပေးခြင်းသည် အခြေခံမူဖြစ်သည်။ အာမခံမပေး ငြင်းပယ် ခြင်းသည် ခြွင်းချက်ဖြစ်သည်ဟူ၍ ဆုံးဖြတ်ထားသည်။ (၁၉၆ဝ ခုနှစ်၊ မတစ၊ ၁၉၂)

တခြားတစ်မှုတွင်လည်း အစွပ်စွဲခံရသူတစ်ဦးအား ရာဇဝတ်ရုံးက အာမခံပေးခြင်းနှင့်ပတ်သက်၍   စဉ်းစား ဆုံးဖြတ်ရမည့်မူများကို   ဤရုံးက ချမှတ်ပြီးဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် အစွပ်စွဲခံနေရသူတစ်ဦးဦးအား အမှုကို ရုံးသို့တင်၍ စစ်ဆေးခြင်းမပြုသေးမီ သို့မဟုတ် အမှုကို စစ်ဆေးနေစဉ်အတွင်း၌ ကြာမြင့်စွာ ချုပ်နှောင်ထားအပ်သည်မဟုတ်။ ထိုသို့ချုပ်နှောင်ခြင်း
ဖြင့်၎င်းအပေါ်တွင် ပြစ်မှုထင်ရှားမတွေ့ရှိသေးဘဲ ကြိုတင်၍ ပြစ်ဒဏ်ပေးခြင်းမျိုး မဖြစ်အပ်ပေ။ (၁၉၆၅ ခုနှစ်၊ မတစ၊ ၆၆၆)

တခြားတစ်မှုတွင်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်ပေးနိုင်သော အမှုများမှအပ အာမခံမပေးနိုင်သောအမှုများတွင် တရားရုံးများက အာမခံပေးပိုင်ခွင့်ကို ကျင့်ထုံးပုဒ်မ ၄၉၇ က ကန့်သတ်ထားခြင်းမရှိကြောင်း ဆုံးဖြတ်ထားသည်။ (ရန်ကုန်၊ အတွဲ ၅၊ ၂၇၆)

ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှ အပြစ်ကျူးလွန်သူဟု မမှတ်ယူရ 

ပြစ်မှုတစ်ရပ်ကျူးလွန်သည်ဟူ၍ စွပ်စွဲခံရသူတစ်ဦး ကို တရားရုံးက ''ပြစ်ဒဏ်စီရင်ခြင်း မပြုသေးသမျှအပြစ်ကျူးလွန်သူဟူ၍ မမှတ်ယူရ''ဆိုရိုးစကားသည် တည်တံ့ခိုင်မာလျက်ရှိသည်။  တရားရုံးရှေ့သို့ ရောက်ရှိ လာသော ပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူကို အပြစ်ကျူးလွန်သူဟူ၍ ကြိုတင်မှတ်ယူခြင်း မပြုနိုင်ပါ။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ    အာမခံပေးခြင်းကိစ္စ ဆောင်ရွက်သင့်ကြပါသည်။ 

မှတ်မှတ်သားသား ဆောင်ရွက်ခဲ့သည်များ 

လွန်ခဲ့သော ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ကာလ များအတွင်းကဖြစ်သည်။ လမ်းစဉ်ပါတီခေတ် ပြည်သူ့ တရားသူကြီး သုံးဦး ရုံးထိုင်စစ်ဆေးသည့်အချိန်ဖြစ်သည်။ စာရေးသူသည် မြို့နယ် ဥပဒေရုံးတွင် ဥပဒေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ပြစ်မှု တော်တော်များကို တရားရုံးတွင် အစိုးရရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ရသည်။ အာမခံပေးခြင်းကိစ္စ တရားရုံးတွင် အကြိမ်ကြိမ်တင်ပြခြင်း၊ လျှောက်လဲ ချက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။

အာမခံပေးရမည့်အမှုဖြစ်လျှင် အာမခံပေးဖို့ တင်ပြ ခြင်း၊ လျှောက်လဲခြင်းပြုသည်။ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ထိုက်သော ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသူကို အာမခံမပေးဖို့ ကန့်ကွက်ကြောင်း ဥပဒေ နှင့်အညီတင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ကြောင်းဖြင့် စွပ်စွဲခံရသူမဟုတ်ပါက၊ အာမခံပေးလိုက်လျှင် စွပ်စွဲခံရသူသည် ထွက်ပြေး တိမ်းရှောင်သွားရန် အကြောင်း ရှိ၊ မရှိ၊ နောက်ထပ် ရာဇဝတ်ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ရန် အကြောင်း ရှိ၊ မရှိ၊ တင်ပြထားသည့် တရားလိုပြ သက် သေများကို ဖျက်လိုဖျက်ဆီးပြုရန် အကြောင်း ရှိ-မရှိ သက်ဆိုင်ရာ ရဲအရာရှိ  [မှုခင်းမှတ်တမ်း အရာရှိ (CRO) ] ထံသို့ သဘောထားမှတ်ချက်များ တောင်းခံရယူသည်။

ဖော်ပြပါ အချက်သုံးချက်တွင် တစ်ချက်ချက်နှင့်ငြိစွန်းနေကြောင်းတွေ့ရလျှင်  အာမခံမပေးခြင်းသည် ခြွင်းချက်ဆိုသောမူအရ အာမခံမပေးသင့်ကြောင်း ခိုင်လုံသော အထောက်အထားများဖြင့်  တင်ပြခြင်း၊ လျှောက်လဲချက်ပေးခြင်းပြုသည်။ တရားရုံးများက အာမခံမပေး။ ဖော်ပြပါ အချက်သုံးချက်စလုံးနှင့်ငြိစွန်းခြင်းမရှိခဲ့သော်၊ ထို့ပြင်စွပ်စွဲခံရသူသည် အမျိုးသမီးဖြစ်နေခဲ့သော်၊ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်း၊ ချည့်နဲ့သူဖြစ်ခဲ့သော်၊ ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာဝန်၏ ခိုင်မာသောဆေးစာကို တင်ပြနိုင်ခဲ့သော် အာမခံပေးခြင်းသည် အခြေခံမူ ဖြစ်သည်ဆိုသော 'မူ' အရ လုံလောက်သောခံဝန်သူများဖြင့် အာမခံပေးမည် ဆိုလျှင် ကန့်ကွက်ရန် မရှိပါကြောင်းတင်ပြခြင်း၊ လျှောက် လဲချက်ပေးခြင်းပြုသည်။ တရားရုံးများကလည်း အာမခံ ပေးသည်။

တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်းစေရာ ရောက်ခြင်း

မှုခင်းတစ်ရပ်ကို ရဲတပ်ဖွဲ့စခန်းက စုံစမ်းထောက် လှမ်းခြင်း၊ တရားရုံးက စစ်ဆေးကြားနာခြင်း ပြုရသည့် ဖြစ်စဉ်တွင် စွပ်စွဲခံရသူကို အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် အရေးကြီးသော ဖြစ်စဉ်တစ်ရပ်အဖြစ် ပါရှိနေသည်။ စွပ်စွဲခံရသူက အာမခံလိုချင်သည်၊ အချုပ်လွှတ် ထုချေရှင်းလင်းခွင့် ရရှိလိုသည်။ စွပ်စွဲသူတရား လိုဘက်က စွပ်စွဲခံရသူ အာမခံရရှိသွားမည်ကို မလို 
လား။ အချုပ်နှင့်ရှိနေစေချင်သည်။ ရဲစခန်းနှင့် တရား ရုံးတို့က ဆုံးဖြတ်ချက်တစ်ခုကို မလွဲမသွေ ချမှတ်ကြ ရသည်။ တရားစီရင်ရေးလမ်းကြောင်း တိမ်းစောင်း သည်ဆိုရာတွင် အာမခံပေးခြင်း၊ မပေးခြင်းကို ဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်ကလည်း အချက် တစ်ချက်ပင်ဖြစ်သည်။ အာမခံပေးခြင်း၊ မပေးခြင်း ကိစ္စသည် တရားသူကြီးများတွင်သာ တာဝန်ရှိသည် မဟုတ် အမှုကိုစတင်စစ်ဆေးရသည့် ရဲအရာရှိများ၊ တရားရုံးသို့ သဘောထားမှတ်ချက်၊ ဥပဒေအကြံပြု ချက်များ တင်ပြပေးရသည့် ဥပဒေအရာရှိများတွင်လည်း တာဝန်ရှိကြသည်။ 

တာဝန်ကိုယ်စီရှိကြသည့် တရားသူကြီး၊ ဥပဒေ အရာရှိ၊ အမှုစစ်ရဲအရာရှိတို့သည် အာမခံပေးခြင်း ကိစ္စနှင့်စပ်လျဉ်းပြီး ယေဘုယျပြဋ္ဌာန်းချက်ဖြစ်သည့်  ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ တွင် ဖော်ပြချက်များ သက်သက်ကိုသာ အပေါ်ယံကြည့်၍ ဆောင်ရွက်ခြင်းများကို ရှောင်ရှားသင့်သည်။ အထူးပြဋ္ဌာန်း ချက်ဖြစ်သည့် ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နှင့်၄၉၇ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ဆုံးဖြတ်သင့်သည်။ တိုင်ကြားသူကဘယ်သူလဲ၊ တိုင် ကြားခံရသူက ဘယ်ဝါလဲဆိုသည့် ပုဂ္ဂိုလ်မျက်နှာကို မကြည့်မမြင်ဘဲ ဥပဒေပြဋ္ဌာန်းချက်ကို မျက်နှာမူပြီး ဆင်ခြင်တုံတရားဖြင့် ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ဆောင်ရွက် နိုင်ရမည်။

ကျူးလွန်သည့်ပြစ်မှုခြင်းတူသော်လည်း ကျူးလွန်ပုံကျူးလွန်နည်း မတူခြင်း၊ ပြစ်မှုကျူးလွန်သူ၏ အသက်၊ လိင်စသည့် ကွဲပြားမှုတို့ကြောင့် တစ်မှုနှင့်တစ်မှု အာမခံ ပေးခြင်း မပေးခြင်းကိစ္စ ကွဲပြားခြားနားမှုရှိမည်ကို ပြည်သူတွေ နားလည်သိရှိပါသည်။ အာမခံမပေးခြင်း သည် ခြွင်းချက်သာ ဖြစ်သည်။ ခြွင်းချက်အရ အာမခံ မပေးခြင်းကို မပြောလိုပါ။ အာမခံမပေးခြင်းသည် 'မူ' 
တစ်ရပ် ဖြစ်နေပြီး အာမခံပေးခြင်းက 'ခြွင်းချက်' သဖွယ် ဖြစ်သွားမည်ကိုတော့ လိုလားကြမည် မဟုတ်ပါ။

အခြေခံမူကို ထိန်းသိမ်းကြပါစို့

အာမခံပေးခြင်းကိစ္စ လိုက်နာရမည့်မူများကို ဥပဒေက ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။ စီရင်ထုံးများက တိကျပြတ်သားစွာ လမ်းညွှန်ဆုံးဖြတ် ထားပြီးဖြစ်သည်။ ခံယူချက်၊ အတွေးအမြင်၊ စိတ်သဘော ထားများ တူညီစွာထားရှိလျက် ဥပဒေပြဋ္ဌာန်းချက်၊ စီရင်ထုံးပါ လမ်းညွှန်ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်သွားကြမည်ဆိုပါက၊ 'အာမခံပေးခြင်းသည် အခြေခံမူ၊ အာမခံမပေးငြင်းဆိုခြင်းသည် ခြွင်းချက်သာဖြစ် သည်' ဆိုသော မူသည်၊ ထာဝရရှင်သန် ကြီးထွားနေ မည်ဖြစ်ကြောင်းပါ။

နိုင်ငံတော်အပေါ် သစ္စာထား၊ ပြည်သူအပေါ်မေတ္တာ ပွား၍ တရားနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ။

တရားရေးမဏ္ဍိုင် အစဉ်ထာဝရကြံ့ခိုင် တည့်မတ်နေစေရေး ဆောင်ရွက်ပေးနိုင်ကြပါစေ။ 

ဥပဒေနှင့်အညီ တရားသဖြင့် ဖြောင့်မတ်မှန်ကန်စွာ ရှုမြင်ဆင်ခြင် ဆောင်ရွက်နိုင်ကြပါစေ။

Tuesday, August 15, 2017

အပေါင်မှု နှင့် ဇာရီ

အပေါင်ဒီကရီကို အတည်ပြုရာတွင် အမိန့် ၃၄ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ဖြစ်ခြင်း။
××××××××××××××××××××××××××××××××××

အပေါင်ပစ္စည်းရောင်းချပေးစေလိုမှုမှ ဒီကရီအရ အပေါင်ပစ္စည်းရောင်းချပေး စေရေး လျှောက်ထားမှုများနှင့် အပေါင်ပစ္စည်းရွေးနုတ်ခွင့်ရလိုမှုမှ ဒီကရီအရ ကျသင့် ငွေပေးသွင်း၍ အပေါင်ပစ္စည်း လက်ရောက်ရရှိစေရေး လျှောက်ထားမှုများကို တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် မဟုတ်ဘဲ အမိန့် ၃၄ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍ မူလတရားမကြီးမှုတွင်သာ ဆက်လက် ဆောင် ရွက်ရမည်ဖြစ်ပါသည်။
 
ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃ ခုနှစ်၊ မတစ၊ စာ ၂၄၂)  တွင် အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။
 
"တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ တွင် ပြဋ္ဌာန်းထားသည့် နည်း ဥပဒေများမှာ ယေဘုယျ ပြဋ္ဌာန်းချက်များသာဖြစ်ပြီး အပေါင်ဒီကရီပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်းအတွက် ပြဋ္ဌာန်းထားသော အမိန့် ၃၄ မှာ အပေါင်မှုများအတွက် သီးခြား ပြဋ္ဌာန်းချက်ဖြစ်ရာ အပေါင်ဒီကရီပါ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်းကိစ္စတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄ ပါ ပြဋ္ဌာန်းချက်များအရသာ လိုက်နာရန်ဖြစ်ပေသည်။ 

---

အပေါင်ဒီကရီကို အတည်ပြုရာတွင် ဇာရီမှုသီးခြားဖွင့်လှစ်ရန်မလိုခြင်း။
××××××××××××××××××××××××××××××××××

တရားရုံးများလက်စွဲအပိုဒ် ၁၂၀၈၊ တရားမမှတ်ပုံစာရင်းစာအုပ် ၂ ကို ပြုပြင်ထားရန်ရှိရန် ညွှန်ကြားချက်များ၊ ဇယားကွက် ၂ ပြုပြင်ထားရှိရန် ညွှန်ပြချက်တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

"အပေါင်ဒီကရီများအရ၊ ရောင်းချခြင်း နှင့် ပတ်သက်သော ဆောင် ရွက်သည့် မှုခင်းများကို ဤဇယားကွက်* နံပါတ်စဉ် အောက်တွင် M အက္ခရာ စာလုံးကို မင်နီနှင့် ရေးသားခြင်းဖြင့် ခြားနားဖော်ပြရမည်။
*အပေါင်ဒီကရီများအရ ရောင်းချခြင်းနှင့်ပတ်သက်သော ဆောင် ရွက်သည့် မှုခင်းစက္ကူရပ်များကို တရားမကြီးမှု အမှုတွဲတွင် တွဲထား သော်လည်း၊ ထိုဆောင်ရွက်သော မှုခင်းကို ဤမှတ်ပုံစာရင်း စာအုပ် တွင် မှတ်ပုံတင် တင်သွင်းရမည်။ ဤမှတ်ပုံတင်စာအုပ်ရှိ နံပါတ်ကို တရားမကြီး အမှုတွဲမျက်နှာဖုံးပေါ်ရှိ တရားမကြီးမှု နံပါတ်အောက် တွင် မင်နီနှင့် ရေးသားထားရမည်။"

ဆရာ ဦးမြ၊ တရားမဇာရီမှုများ စာ - ၂၅၆ တွင် အောက်ပါအတိုင်း ညွှန်ပြထား ပါသည်။ 

"အပေါင်မှုတွင် အပြီးသတ် ဒီကရီ ချမှတ်ပြီးနောက် အပေါင်ပစ္စည်း ကို ရောင်းချခြင်းဖြင့် ဒီကရီကို အတည်ပြုပေးရန် လျှောက်ထားလာလျှင် ဇာရီ မှတ်ပုံတင် (တရားမမှတ်ပုံတင် အမှတ် -၂) တွင် ရေးသွင်းပြီးနောက် မူလ အမှုတွင်ပင် ဇာရီအမှတ်ကို ရေးမှတ်ရသည်။ အခြားအမှုများမှာကဲ့သို့ သီးခြား ဇာရီမှု ရေးဖွင့်ဖို့မလို။  အမှုအမှတ် အောက်တွင် (M) ဆိုသော အင်္ဂလိပ် စကားလုံးကို မင်နီဖြင့် ရေးမှတ်ရသည်။ (တရားမမှတ်ပုံတင်စာအုပ် အမှတ် ၂ ကို ပြုပြင်ထားရှိရန် ညွှန်ကြားချက်များကို ကြည့်ပါ။)

ပစ္စည်းရောင်းချရန် ကြော်ငြာခြင်း၊ ရောင်းချခြင်း၊ အတည်ပြုခြင်းတို့ မှာ အခြားမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ ရောင်းချရာတွင် ဆောင်ရွက် ရန် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်းဖြစ်သည်။"

----

အပေါင်ဒီကရီကျငွေကို အရစ်ကျပေးဆပ်ခွင့်ပြုနိုင်သလား
××××××××××××××××××××××××××××××××××

ဦးအေး ပါ ၂ နှင့် ဦးချစ်ခင် (၁၉၆၆၊ မတစ၊ စာ ၂၂၀)  တွင် အောက်ပါ အတိုင်းထုံးဖွဲ့ပါသည်။ 

"……..အယူခံတရားလိုများက အပေါင်ဒီဂရီကို လစဉ်အရစ်ကျ ပေးဆပ်ရန် တောင်းဆိုခြင်းကိုလည်း လက်မခံနိုင်ပေ။ တရားမကျင့်ထုံး အမိန့် ၂၀၊ နည်း ၁၁ ပြဋ္ဌာန်းချက်မှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီ ကိုသာလျှင် လစဉ်အရစ်ကျ ပေးဆောင်ရန် တောင်းဆိုနိုင်ခွင့်ရှိသည်ကိုသာ လျှင် တွေ့ရှိရသည်။ "

၁။ ဦးခင်မောင်ကြီး ၂။ ဒေါ်ခင်ထွေး  နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ ဘဏ်(ယခင် နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်)(၁၉၇၃၊ မတစ၊ စာ ၆)တွင် အောက်ပါ အတိုင်းထုံးဖွဲ့ပါသည်။ 

"အပေါင်အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ထားသော အမှုတွင် အရစ် ကျ ပေးဆပ်ခွင့်မပြုနိုင်။"

---

အပေါင်ဒီကရီကျငွေ နှင့် ရောင်းချသောပစ္စည်းတန်ဖိုး ကွာဟလျှင် ရောင်းချနိုင်သလား။
××××××××××××××××××××××××××××××××××

ဦးအေး ပါ ၂ နှင့် ဦးချစ်ခင် (၁၉၆၆၊ မတစ၊ စာ ၂၂၀)တွင် အောက်ပါအတိုင်း ထုံးဖွဲ့ပါသည်။ 

"အယူခံတရားလိုများ၏ အပေါင်ဒီဂရီမှာ ကျပ်ငွေ ၄၀,၀၀၀ မျှသာ ဖြစ်၍၊ ဆန်စက်နှင့်တကွ သက်ဆိုင်သော ပစ္စည်းများ၏တန်ဘိုးမှာ ၂ သိန်း ကျော် ၃သိန်းမျှ ကာလတန်ဘိုးရှိသဖြင့် မမျှတသောကြောင့်၊ ယင်းပစ္စည်းများ ကို ကြေညာ၍ လေလံတင်ရောင်းချခြင်း မပြုသင့်ကြောင်း ဆိုသော ပထမ ငြင်းချက်နှင့်ပတ်သက်၍ တရားမကျင့်ထုံး အမိန့် ၂၁၊ နည်း ၁၇(၄) ခြွင်းချက် နှင့်အကျုံးမ၀င်ပေ။ ထိုခြွင်းချက်မှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီ နှင့်သာသက်ဆိုင်သည်။ အပေါင်ဒီကရီမှာ ရိုးရိုးအားဖြင့် ငွေပေးရန်ဖြစ်သော ဒီဂရီမျိုးမဟုတ်သဖြင့် ခြွင်းချက်တွင် အကျုံးမ၀င်ပေ။"

---

အပေါင်မှုတွင် ချမှတ်သော ရောင်းချရန်ဒီကရီအရ ပစ္စည်းကိုရောင်းချရာတွင် ၀ရမ်းကပ်ရန်လိုအပ်သလား။
××××××××××××××××××××××××××××××××××

အပေါင်မှုတွင်ချမှတ်သော ရောင်းချရန်ဒီကရီအရ ပစ္စည်းကို ရောင်းချရာတွင် ၀ရမ်းကပ်ရန် မလို။ ဦးခင်မောင်ကြည် နှင့် မအိဝေဇင်ထွန်း ပါ၃ (၂၀၀၀၊ မတစ၊ စာ ၆၅)

---

အပေါင်ဒီကရီအရပစ္စည်းရောင်းချရာတွင် တရားရှုံးသည် တရားမကျင့်ထုံးဥပဒေပုဒ်မ၆၀ အရ ကန့်ကွက်ခွင့်ရှိသလား။
××××××××××××××××××××××××××××××××××

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၆၀ သည် အပေါင်ဒီကရီအရ ဒီကရီအတည်ပြု ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အပေါင်ဒီကရီကို အတည်ပြုရာတွင် ရောင်းချရန်အမိန့် ချမှတ်ထားသော ပစ္စည်း၌ မိမိအနေဖြင့်ရောင်းချရန် ပိုင်ဆိုင်ခွင့် တစ်စုံတစ်ရာ မရှိပါဟု တရားရှုံးက ကန့်ကွက်ခြင်းမပြုနိုင်ကြောင်း၊ ယင်းကန့်ကွက်ချက်ကို တင်ပြရန်အချိန် မှာ တရားမကြီးမှုကြားနာစဉ်က ရောင်းချရန် ဒီကရီမချမှတ်မီဖြစ်ကြောင်း U LU GALE and one v.  M. MAHOMED HABI (1929 A.I.R . Ran 275)တွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။ 

"Section 60, Civil Procedure Code, does not apply to executions under a mortgage decree. A judgment-debtor cannot raise an objection that he has no saleable interest in the property ordered to be sold in execution of a mortgage decree. The proper time to raise such objection is at the hearing of the suit and before the decree ordering the sale is passed."

---
ပစ္စည်းကိုရောင်းချခြင်း အတည်မပြုမီ အပေါင်ရွေးနုတ်ခွင့်လျှောက်ထားနိုင်ခြင်း။
××××××××××××××××××××××××××××××××××

ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃၊ မတစ၊ စာ ၂၄၂)  တွင် အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။ 

"………အပေါင်ဒီကရီအရ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်း ချသည့်ကိစ္စ၌ ရောင်းချခြင်းကို အတည်မပြုမီ (before the confirmation of the sale) ပေါင်သူက ဖြစ်စေ၊ အပေါင်ပစ္စည်းအား ရွေးနုတ်ပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ အပေါင်ရွေးနုတ်ခွင့်ပြုပါရန် လျှောက်ထားနိုင်ခွင့်ရှိပြီး ယင်းသို့ လျှောက်ထားရာတွင် လေလံဆွဲဝယ်သူက ၀ယ်ယူသည့်ငွေ (Purchase-money)များအနက် အမှန်တကယ် တရားရုံးသို့ ပေးသွင်းပြီးဖြစ် သော ငွေ၏ ၅%(five percent of the purchase-money(if any) paid into Court by the purchaser) ကို ဇာရီရုံးသို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊ အပေါင်ပစ္စည်းရောင်းချမှုများအတွက် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃(၂) ၏ ခြွင်းချက်တွင် ပြဋ္ဌာန်းထားရာ အဆိုပါ သီးခြားပြဋ္ဌာန်းချက်ကို လိုက်နာရန် လိုအပ်ကြောင်း တရားရုံးများက သတိပြုရန် လိုအပ်ပေသည်။"

ဆရာ ဦးမြ၊ တရားမဇာရီမှုများ စာ - ၂၅၇ တွင် အောက်ပါအတိုင်း ဖော်ပြထား ပါသည်။ 

" ပစ္စည်းရောင်းချခြင်းကို အတည်မပြုမီ ပေါင်နှံသူ တရားရှုံးကဖြစ် စေ၊ အပေါင်ပစ္စည်းကို ရွေးနုတ်ခွင့်ရှိသူ အခြားအမှုသည်တဦးဦးကဖြစ်စေ အောက်ပါငွေများကို ပေးသွင်းပြီး အပြီးသတ် အပေါင်ရွေးနုတ်ခွင့် အမိန့်ကို လျှောက်ထားရယူနိုင်သည်။ [ အမိန့် ၃၄၊ နည်း ၃ (၂) ခြွင်းချက်]။

(၁) အပေါင်ပစ္စည်းအပေါ် ပေးရန်ရှိသည့် ကြွေးမြီ (အတိုးအပါ အ၀င်)

(၂) နည်း(၇)အရ တွက်ချက် ရရှိသော အပေါင်ပစ္စည်းနှင့် စပ်လျဉ်း၍ အပေါင်ခံသူက ကုန်ကျသော စရိတ်စက အရပ်ရပ်နှင့် ပြီးခဲ့သည့် စာရင်းရှင်းလင်းမှု ပြုလုပ်ပြီး နောက်တင်ရှိသောအတိုး။

(၃)  ၀ယ်ယူသူအား လျော်ကြေးအဖြစ် ပေးရန် ရောင်းဈေး၏ ၅%နှင့် ညီမျှသောငွေ။ ထိုလျော်ကြေးငွေကို အဖိုးငွေနှင့် အတူ ၀ယ်ယူသူအား ပေးရမည်။

ဦးထွန်းထွန်း ပါ ၃ နှင့် မန်နေဂျာ(မြန်မာ့စီပွားရေးဘဏ်၊ ဟင်္သာတမြို့) (၂၀၀၃၊ မတစ၊ စာ ၂၄၂(၂၄၇))  တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။ 

"တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်းဥပဒေ ၃(၂)ခြွင်းချက်တွင် ပါရှိသော five percent of the purchase-money(if any) paid into Court by the purchaser စကားရပ်၌ purchase-money နောက်တွင် paid into Court ဟူသောစကားရပ် ကပ်လျက်ပါရှိသည်ကို သတိပြုရန်လိုသည်။ purchase-money ကို paid into Court က အထူးပြုထားခြင်းဖြစ်သည်။ 
တရားရုံးတွင် ပေးသွင်းသည်ဖြစ်စေ၊ မပေးသွင်းသည်ဖြစ်စေ၊ ၀ယ်ယူသည့်ငွေတစ်ရပ်လုံးအပေါ်တွင် လျော်ကြေးငွေပေးစေလိုပါက paid into Court ဟူသောစကားရပ်ကို ထည့်သွင်းရန်အကြောင်းမရှိပေ။ တရားရုံး တွင် အမှန်တကယ် ပေးသွင်းငွေပေါ်တွင်သာ လျော်ကြေးငွေပေးစေလိုသော ကြောင့် ယင်းစကားရပ်ကို purchase-money နှင့် ကပ်လျက် ထည့်သွင်း ထားကြောင်း ထင်ရှားသည်။ 
အမှန်အားဖြင့် ၀ယ်ယူသူသည် ၄င်း အမှန်တကယ် ပေးသွင်းထား သည့် ငွေပေါ်တွင်သာ လျော်ကြေးရထိုက်ခွင့်ရှိသည်။ အမှန်တကယ် မပေး သွင်းရသေးဘဲနှင့်ဝယ်ယူရန် သဘောတူသည့်ငွေပေါ်တွင် လျော်ကြေးပေး မည်ဆိုပါက ၀ယ်ယူသူအတွက် မလျော်အခွင့်အရေးပေးရာ ရောက်ပေလိ့မ် မည်။

x x x x x x x x
 x x x x x x x x x

သို့ဖြစ်၍ တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်းဥပဒေ ၃(၂)၏ ခြွင်းချက်ပါ "၀ယ်ယူသူက တရားရုံးတွင်ပေးသွင်းသော ၀ယ်ယူသည့်ငွေ" သည် အမှန်တကယ် ရုံးသို့ပေးသွင်းငွေကို ဆိုလိုသည်။ တရားရုံးတွင် ပေး သွင်းသည်ဖြစ်စေ၊ မပေးသွင်းသည်ဖြစ်စေ၊ ၀ယ်ယူသည့်ငွေ တစ်ရပ်လုံး မဟုတ်ချေ။ ၀ယ်ယူသူ သူတစ်စိမ်းသည် နစ်နာကြေးအဖြစ် တရားရုံးတွင် အမှန်တကယ်ပေးသွင်းသည့် ငွေပမာဏ အပေါ်တွင်သာ ၅% ရရှိနိုင်သည်။ အပြီးသတ် လေလံဆွဲဝယ်ငွေအဖြစ် လက်ခံသော ငွေပမာဏအပေါ် ရနိုင် မည်မဟုတ်ချေ။"

ဦးထွန်းမျိုးဋ္ဌေး

တရားမအယူခံမှုတွင် ထမ်းဆောင်ရမည့် ရုံးခွန်

ဒီကရီတစ်ရပ်အပေါ် အယူခံတင်သွင်းရာတွင် ထမ်းဆောင်ရန် ရုံးခွန်

ရုံးခွန်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁ တွင် အယူခံလွှာတွင် ထမ်း ဆောင်ရန် ရုံးခွန်တန်ဖိုးကို သတ်မှတ်ရာတွင် အငြင်းပွားသည့် အချင်းဖြစ် အကြောင်း ခြင်းရာ တန်ဖိုးပေါ်တွင် ထမ်းဆောင်ရန်ဖြစ်ကြောင်းပြဋ္ဌာန်း ထား ပါသည်။  အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးအပေါ် ၀.၅% ဖြင့် ထမ်းဆောင်ရန်ဖြစ်ပြီး အများဆုံးရုံးခွန်မှာ ကျပ် ၅ သိန်းဖြစ်ပါသည်။ 

အယူခံလွှာတွင်ထမ်းဆောင်ရမည့်ရုံးခွန်ကိစ္စသည် အယူခံမှု၏ အချင်းဖြစ် အကြောင်းခြင်းရာတန်ဖိုး မည်မျှဖြစ်သလဲဆိုသည့်အပေါ်တွင် မူတည်ပါ သည်။ 

အယူခံမှုတွင် အငြင်းပွားသည့်အချင်းဖြစ်အကြောင်းခြင်းရာ(subject matter in dispute in appeal)သည် မူလမှုတွင် အငြင်းပွားသည့် အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in the suit)နှင့် တူညီလျှင် အဆိုလွှာတွင် ထမ်းဆောင် ခဲ့သည့်အတိုင်း တူညီသော ရုံးခွန်ကိုပင် အယူခံမှုတွင် ထမ်းဆောင်ရပါမည်။

ဥပမာ - တရားလိုသည် ငွေသိန်း ၁၀၀ ရလိုမှု စွဲဆိုရာ စွဲဆိုသောအမှုကို ပလပ်ခံရသဖြင့် အယူခံတက်ရောက်ရာတွင် အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၁၀၀ ပင်ဖြစ်ရာ မူလမှုတွင် ထမ်းဆောင် ခဲ့သည့် ရုံးခွန်အတိုင်း အယူခံမှုတွင် ထမ်းဆောင် ရန်ဖြစ်ပါသည်။  

အပြန်အလှန်အားဖြင့် တရားလိုသည် ငွေ သိန်း ၁၀၀ ရလိုမှုစွဲဆိုရာ စွဲဆို သည့်အတိုင်းဒီကရီရရှိသည်။ ထိုဒီကရီအပေါ် တရားပြိုင်သည် အယူခံတက်ရောက်ရာတွင် အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၁၀၀ ပင်ဖြစ်ရာ မူလမှုတွင် ထမ်းဆောင်ခဲ့သည့် ရုံးခွန်အတိုင်း အယူခံမှုတွင် ထမ်းဆောင် ရန်ဖြစ်ပါသည်။  

အယူခံမှုတွင် အငြင်းပွားသည့်အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in appeal) သည် မူလမှုတွင် အချင်းဖြစ် အကြောင်းခြင်းရာ (subject matter in the suit) နှင့်မတူညီလျှင် ထမ်းဆောင်ရမည့်ရုံးခွန်သည် အယူခံမှုတွင် အငြင်းပွား သည့်အချင်းဖြစ်အကြောင်းခြင်းရာ (subject matter in dispute in appeal)တန်ဖိုးမည်မျှဖြစ်သလဲဆိုသည့်အပေါ်တွင်မူတည်ပါသည်။ 

အယူခံတွင် အငြင်းပွားသည့် အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးသည် မူလမှု တွင် အချင်းဖြစ်အကြောင်းခြင်းရာတန်ဖိုးထက်နည်းသည့်အခါ အယူခံလွှာအပေါ်တွင် ထမ်းဆောင်ရမည့် ရုံးခွန်သည် အဆိုလွှာတွင် ထမ်းဆောင်သည့် ရုံးခွန်ထက် လျော့နည်းပါမည်။

ဥပမာ - တရားလိုသည် ငွေကျပ် သိန်း ၁၀၀ ရလိုမှု စွဲဆိုရာ ကျပ်သိန်း ၅၀ သာ ဒီကရီရရှိသည်။ ထို့ကြောင့် တရားလိုသည် ကျန် သိန်း ၅၀ အတွက် အယူခံတက် ရောက်ရာ အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၅၀ ဖြစ်သည်။ တရားလိုသည် မူလမှုတွင် ထမ်းဆောင်သည့် ရုံးခွန် အတိုင်းထမ်းဆောင်ရန်မလိုအပ်ပါ။ အယူခံတက်ရောက်သည့် ကျပ် သိန်း ၅၀ အပေါ် တွင်သာ ရုံးခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။ 

အပြန်အလှန်အားဖြင့် တရားပြိုင်သည် တရားလိုအနိုင်ဒီကရီရရှိသော ကျပ် သိန်း ၅၀ အပေါ် အယူခံတက်ရောက်မည်ဆိုပါကလည်း အယူခံမှု၏ အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးသည် ကျပ် သိန်း ၅၀ ဖြစ်ရာ တရားပြိုင်သည် ထို ကျပ် သိန်း ၅၀ အပေါ်တွင်သာ ရုံးခွန်ထမ်းဆောင်ရန်ဖြစ်ပါသည်။ 

သို့ဖြစ်ရာ အယူခံမှုများ၏ ရုံးခွန်သည် အယူခံတွင် အငြင်းပွားသည့် အချင်းဖြစ် အကြောင်းခြင်းရာ တန်ဖိုးအပေါ်တွင်သာ ထမ်းဆောင်ရန် ဖြစ်ပါသည်။

-----

တရားမ အထွေထွေအယူခံမှုတွင် ထမ်းဆောင်ရန်ရုံးခွန်  
                        (သို့မဟုတ်)
ဒီကရီ သို့မဟုတ် ဒီကရီကဲ့သို့ အာဏာရှိသော အမိန့်တို့ကို အယူခံခြင်းမဟုတ်သော အယူခံလွှာတွင် ထမ်းဆောင်ရန်ရုံးခွန်

ရုံးခွန်အက်ဥပဒေ၊ ဒုတိယဇယား အမှတ်စဉ် ၁၁ အရ ခရိုင်တရားရုံး၊  ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော်သို့  တင်သွင်းသော တရားမအထွေထွေအယူခံမှုအတွက်  ရုံးခွန် "၂၀၀" ကျပ် ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းသည့် တရားမအထွေထွေ အယူခံမှုအတွက်  ရုံးခွန် "၅၀၀" ကျပ်ဖြစ်ပါသည်။ 

ဦးထွန်းမျိုးဋ္ဌေး

Friday, August 11, 2017

ပြန်ခေါ်သက်သေစစ်မေးခွင့်

မောင်စာဂ

ပြန်ခေါ်သက်သေ

ပြန်ခေါ်သက်သေဆိုသည်မှာ တရားခံအား စွဲချက် မတင်မီ စစ်ဆေးပြီးဖြစ်သည့် တရားလိုပြ သက်သေကို တရားခံဘက်က နောက်ထပ်ပြန်လှန်မေးခွန်းများ မေးမြန်းရန် လိုအပ်သဖြင့် တရားရုံး၏ ခွင့်ပြုချက်အရ ပြန်လည်ခေါ်ယူစစ်ဆေးသော သက်သေကိုဆိုသည်။ ပြန်ခေါ်သက်သေကို ရာဇဝတ်ပြစ်မှုများ စစ်ဆေးသည့် အခါ တွေ့ရသည်။ ရာဇဝတ်ပြစ်မှုဟု ဆိုသော်လည်း သမ္မာန်မှုများကို စစ်ဆေးသည့် အခါမတွေ့ရပါ။ ဝရမ်းမှု ကို စစ်ဆေးသည့်အခါတွင်သာ တွေ့ရသည်။ 

ဝရမ်းမှုဆိုသည်မှာ သေဒဏ် သို့မဟုတ် ခြောက်လ ထက်ပိုသော ထောင်ဒဏ်အပြစ်ပေးနိုင်သည့် ပြစ်မှုများ ဖြစ်သည်။ ဝရမ်းမှုမဟုတ်သော ပြစ်မှုများသည် သမ္မာန်မှု များဖြစ်သည်။ သမ္မာန်မှုနှင့် ဝရမ်းမှုတို့ စစ်ဆေးပုံ စစ်ဆေးနည်း မတူပါ။ 

သမ္မာန်မှုကို စစ်ဆေးပုံစစ်ဆေးနည်းအကျဉ်း

တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ တရားခံအပေါ် စွဲဆိုထားသောပြစ်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာကို တရားသူကြီးက ရှင်းလင်းပြောပြ သည်။ ထို့နောက် မည်သည့်အတွက်ကြောင့် ပြစ်ဒဏ် စီရင်ခြင်းမပြုထိုက်ကြောင်း ထုချေရှင်းလင်းရန် ရှိ/ မရှိ တရားခံကို မေးမြန်းသည်။

တရားခံက စွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့ ကြောင်း ဝန်ခံလျှင် တရားခံ၏ ဝန်ခံချက်ကိုတရားသူကြီး က ရေးမှတ်ယူသည်။ တရားခံကို ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်သည်။

အကယ်၍  တရားခံကစွဲဆိုထားသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့လျှင် တရားခံ၏ ငြင်းဆိုချက်ကို တရားသူကြီးက ရေးမှတ်သည်။ ပြီးလျှင် တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စတင်စစ်ဆေး သည်။ တရားလိုကပြသော တရားလိုပြသက်သေများကို ဆက်လက်၍ စစ်ဆေးသည်။ တရားလိုနှင့်  တရားလိုပြ သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံကို စစ်ဆေးသည်။ တရားခံကပြသော သက်သေများကို ဆက်လက်စစ်ဆေးသည်။

တရားလိုနှင့် တရားခံ နှစ်ဖက်သက်သေများကို စစ်ဆေးပြီးသည့်အခါ တရားခံအပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ်ကျူးလွန်ကြောင်း ပေါ်ပေါက်မှု မရှိပါက အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားသေ လွှတ်သည်ဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ တရားခံ၌ အပြစ်ရှိကြောင်း တွေ့ရှိလျှင် တရားခံအပေါ် ဥပဒေနှင့် အညီ ပြစ်ဒဏ်စီရင်သည့်အမိန့် ချမှတ်သည်။

မှတ်သားရန်အချက်မှာ သမ္မာန်မှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျစွဲချက်တင်ခြင်းမျိုးမရှိ။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းမရှိ။ စစ်ဆေး ပြီး တရားလိုပြသက်သေများကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပိုင်ခွင့်မရှိခြင်းတို့ပင်။ 

ဝရမ်းမှုကို စစ်ဆေးပုံ စစ်ဆေးနည်းအကျဉ်း

တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ စွဲဆိုထားသော ပြစ်မှုနှင့်  စပ်လျဉ်း၍ ကျူးလွန်ခြင်း ရှိ/ မရှိ တရားခံကို မေးမြန်းခြင်းမရှိပါ။ တရားခံ၏ ရှေ့မှောက်တွင် တရားလိုကို စစ်ဆေးသည်။ ပြီးလျှင် တရားလိုပြသော သက်သေများကို ဆက်လက်စစ်ဆေး သည်။ တရားလိုနှင့်  တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် တရားခံအပေါ်စွဲချက်တင်ထိုက် မတင်ထိုက်၊ တရားလိုနှင့်  တရားခံ နှစ်ဖက် အမှုသည် များ၏ လျှောက်လဲချက်ကို ကြားနာသည်။

တရားလိုနှင့်  တရားလိုပြသက်သေများ၏ ထွက် ဆိုချက်အရ တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်ခြင်း ခံထိုက်သည့် အမှုတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိလျှင် တရားခံကို စွဲချက်မတင်မီ လွှတ်ကြောင်း အမိန့်ချမှတ် သည်။ တရားရှင်လွှတ်သည်ဟု ခေါ်ဝေါ်သည်။

အကယ်၍ တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ချက်အရ တရားခံအပေါ်စွပ်စွဲထားသည့် ပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယူဆရန် အကြောင်းပေါ်ပေါက်ပါက တရားခံကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ရသည်။ စွဲချက်ကို တရားခံအား ဖတ်ပြပြီး ရှင်းပြရသည်။ အပြစ် ရှိ/ မရှိ၊ အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ မေးမြန်းရသည်။ တရားခံက အပြစ်ကျူးလွန်ကြောင်း၊ အပြစ်ရှိကြောင်း ဖြေကြားလျှင် ယင်းဖြေကြားချက်ကို တရားသူကြီးက ရေးမှတ်ရမည်။  ပြီးလျှင်  တရားခံအပေါ် ပြစ်မှု   ထင်ရှားတွေ့ရှိ၍   ပြစ်ဒဏ်စီရင်သည့်  အမိန့်ချမှတ်ရ သည်။ 

တရားခံက အပြစ်မရှိကြောင်း၊ အပြစ်ကျူးလွန်ခြင်း မရှိကြောင်း ဖြေကြားလျှင် ဆက်လက် စစ်ဆေးရန်ဖြစ်၍ သက်သေခံချက်ရယူပြီးသော တရားလိုဘက် သက်သေ တစ်ဦးတစ်ယောက်ကို ပြန်လှန်စစ်မေးရန် တရားခံတွင် ဆန္ဒ ရှိ/ မရှိ၊ အကယ်၍ ပြန်လှန်စစ်မေးရန် ဆန္ဒရှိလျှင် မည်သည့် သက်သေကို ပြန်လှန်စစ်ဆေးလိုကြောင်း တရားခံအား ချက်ချင်းတင်ပြစေရသည်။ တရားခံက ယင်းကဲ့သို့ ဆန္ဒရှိကြောင်း တင်ပြလာလျှင် တရားခံတင်ပြ သည့် အမည်စာရင်းပါ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့် ပေးရသည်။ ထိုသို့ ပြန်ခေါ်စစ်မေးခွင့်ပြုသည့် သက်သေကို ပြန်ခေါ်သက်သေဟု ခေါ်ဆိုကြခြင်းဖြစ် သည်။

တရားခံက ပြန်ခေါ်သက်သေစစ်မေးရန် မရှိကြောင်း တင်ပြလာလျှင် တရားရုံးသည် တရားခံကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်၍ စစ်မေးသည်။ ပြန်ခေါ်သက်သေစစ်မေးရန်ရှိကြောင်း တင်ပြလာသည့် အခါ ပြန်ခေါ်သက်သေကို စစ်မေးသည်။ ပြီးမှ တရားခံ ကို စစ်မေးသည်။ တရားခံပြသက်သေများကို ဆက်လက် စစ်မေး သည်။ တရားခံနှင့်  တရားခံပြသက်သေများကို စစ်မေးပြီးသည့်အခါ တရားခံသည် အပြစ်ကျူးလွန်ခြင်း ရှိ/ မရှိ တရားလိုနှင့်  တရားခံတို့၏ နှစ်ဖက်လျှောက်လဲ ချက်များကို ကြားနာသည်။ တရားခံအပေါ် အပြစ် ကျူးလွန်ကြောင်းတွေ့ရှိက ပြစ်မှုထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ်စီရင်သည့် အမိန့်ချမှတ်သည်။ အပြစ်ကျူးလွန် ကြောင်း မတွေ့ရှိပါက အမှုမှ အပြီးအပြတ် (တရား သေလွှတ်) ကြောင်း အမိန့်ချမှတ်သည်။

မှတ်သားရန်အချက်မှာ ဝရမ်းမှုများကို စစ်ဆေးရာ၌ တရားခံအပေါ် နည်းလမ်းတကျ စွဲချက်တင်ခြင်းမျိုးရှိ သည်။ တရားရှင်လွှတ်သည့် အမိန့်မျိုးချမှတ်ခြင်းရှိသည်။ စစ်ဆေးပြီး တရားလိုပြသက်သေများကို ပြန်ခေါ် သက်သေအဖြစ် စစ်မေးပိုင်ခွင့်ရှိခြင်းတို့ပင်။

ပြန်ခေါ်သက်သေစစ်မေးခြင်း၏ ရည်ရွယ်ချက်

ပြန်ခေါ်သက်သေစစ်မေးခြင်းသည် စစ်ဆေးပြီး တရားလိုပြသက်သေအား ဒုတိယအကြိမ် ပြန်လှန် စစ်မေးခြင်းဖြစ်သည်။ တရားခံ၏ ခုခံချေပရာလမ်း ကြောင်းများ ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ ဖြစ်စေရန် ရည်ရွယ်၍ စစ်မေးခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် တရားခံအတွက် ခုခံချေပခွင့် လုံလုံလောက် လောက်၊ ပြည့်ပြည့်ဝဝရရှိစေရန် ရည်ရွယ်ပြဋ္ဌာန်းထား သည့် ထူးကဲလှစွာ ဥပဒေက ပေးအပ်ထားသော အခွင့် အရေးတစ်ရပ်ဟု ဆိုနိုင်သည်။ 

ပြန်ခေါ်သက်သေစစ်မေးရာတွင် '' အဓိကစစ်မေး ခြင်း''ဟူ၍ မရှိတော့။ တရားခံဘက်က စတင်၍ပြန်လှန် စစ်မေးသည်။ တရားလိုဘက်က ပြန်ရှင်းစစ်မေး(ထပ်မံ စစ်မေး)သည်။ ထို့နောက် တရားရုံးက ရုံးမေးပြုလုပ် သည်။

ပြန်ခေါ်သက်သေတောင်းဆိုခြင်းနှင့် တရားစီရင်ထုံးများ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)တွင် ပြန်ခေါ်သက်သေအဖြစ် ပြန်လှန်စစ်မေးလိုကြောင်း တရားခံက တင်ပြတောင်းဆိုလာလျှင် တင်ပြတောင်း ဆိုလာသည့် သက်သေများကို တရားရုံးက ပြန်ခေါ်ပေး ရမည်ဖြစ်ကြောင်း  အတိအလင်း ပြဋ္ဌာန်းထားသည်။ ပြန်ခေါ်သက်သေစစ်မေးခြင်းနှင့်  စပ်လျဉ်း၍ ဆုံးဖြတ် ထားသည့် တရားစီရင်ထုံးအချို့ကို ဖေါ်ပြပါမည်။

မောင်အံ့ဘွယ်ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံ စီရင်ထုံးတွင် တရားလိုပြ သက်သေများကို ပြန်ခေါ် နိုင်သည့်အခွင့်အရေးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)ကပေးအပ်ထားကြောင်း၊ ယင်းပြဋ္ဌာန်းချက် သည် မလိုက်နာမနေရ အမိန့်သဘောသက်ရောက် ကြောင်း၊ အမှုစစ်တရားသူကြီးအနေဖြင့် ယင်းပြဋ္ဌာန်း ချက်ကို လိုက်နာရန်ပျက်ကွက်ခြင်းသည် တရားမျှတမှု ကင်းမဲ့ရာ ရောက်သည်ဖြစ်စေ၊  မရောက်သည်ဖြစ်စေ၊ အမှုကိုပျက်ပြယ်စေသည်ဟု ယူဆရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။ ( ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး (လွှတ်) စာ - ၈၆၃ ) 

ကိုသန်းအောင်နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂) စီရင်ထုံးတွင် ''ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆(၁)တွင် တရားခံက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးလိုကြောင်း တင်ပြလာလျှင် တရားရုံးက ခွင့်ပြု ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်မှန်သော်လည်း အမှုကြန့်ကြာစေလိုသည့် သဘောဖြင့် ထိုအခွင့်အရေးကို နှစ်ကြိမ်ခွဲပြီး မမှန်မကန်တောင်းဆိုခြင်းကိုမှု ခွင့်ပြုရန် မသင့်ပေ။ 

တရားခံက သက်သေ(၃)ဦးကို ပြန်ခေါ်စစ်ဆေးလို ကြောင်း တောင်းဆိုခဲ့ပြီးနောက် လေးလခန့်ကြာမှ နောက်သက်သေတစ်ဦးကို ပြန်ခေါ်စစ်ဆေးလိုကြောင်း တင်ပြခြင်းသည် အမှုကိုကြန့်ကြာအောင် တမင်ဖန်တီး နေသည့်သဘောသက်ရောက်သည်။ သက်သေဆရာဝန် ကို စစ်ဆေးခဲ့စဉ် တရားခံဘက်က ရှေ့နေရှေ့ရပ်ဖြင့် အပြည့်အစုံ ပြန်လည်မေးမြန်းခဲ့ပြီးဖြစ်၍ ၎င်းအား ပြန်ခေါ်စစ်ဆေးရန် ထူးခြားသော အကြောင်းရှိသည်ဟု မပေါ်လွင်ပေ'' ဟူ၍ ဆုံးဖြတ်ခဲ့သည်။ ( ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ - ၇၅ )

ကျော်အောင် ပါ ၂ နှင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးတွင်''လျှောက်ထားသူများက စစ်ပြီး တရားလိုပြ သက်သေများကို ပြန်ခေါ်စစ်ဆေးရန်အတွက် တင်ပြ ခြင်းသည် ၎င်းတို့အပေါ် စွဲချက်တင် စစ်ဆေးသည့်အခါ အပြစ်မရှိကြောင်း ငြင်းဆိုပြီးချက်ချင်းတင်ပြခြင်းဖြစ် ကြောင်း တွေ့ရသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၆ (၁) အရ တင်ပြထားခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆(၁)အရစစ်ဆေးပြီး တရားလိုပြ သက်သေကို ပြန်ခေါ်စစ်ပေးရန် တင်ပြခြင်းအား တရား ရုံးအနေဖြင့် ငြင်းဆိုခွင့်မရှိဘဲ မလွဲမသွေ ဆင့်ခေါ် စစ်ဆေးခွင့်ပြုရမည်ဖြစ်သည်'' ဟူ၍ လည်းကောင်း။

''ခရိုင်တရားရုံးက လျှောက်ထားသူများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ (၁) အရ ပြန်လှန်စစ်မေးရန် အတွက် ဆင့်ခေါ်ပေးရန်တင်ပြသည့် စစ်ဆေးပြီး တရားလိုသက်သေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇(၁)ပါ ပြဋ္ဌာန်းချက်များအား ရည်ညွှန်း၍ အမှုမှာ (၂) နှစ်နီးပါးမျှ ကြာမြင့်နေသည့် အမှုဖြစ်ကြောင်း၊ တရားခံများ၊ ရှေ့နေများဖြင့် ပြန်လှန်စစ်မေးရန် အခွင့် အရေးပေးပြီးဖြစ်ကြောင်း အမှုကြန့်ကြာစေရန်၊ အနှောင့်အယှက်ပြုရန် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်နိုင်ရန် ပြန်ခေါ် သက်သေများကို ပြန်ခေါ်နေခြင်း ဖြစ်ကြောင်း အကြောင်းပြ၍ သက်သေများကို ပြန်ခေါ် စစ်ဆေးခွင့်ပြုရန် ငြင်းပယ်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်ခြင်းမရှိပေ'' ဟူ၍လည်းကောင်း ဆုံးဖြတ်ခဲ့သည်။        (၂ဝဝ၂ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး စာ-၁၁ )

တရားရုံးချုပ်က ညွှန်ကြားထားရှိခြင်း

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများ၏ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နေ့စွဲပါ ညွှန်ကြားလွှာ အမှတ် ၃/ ၆၆ မှ သိရှိသိထိုက်သည့် အချက်အချို့ကို ကောက်နုတ် ဖော်ပြပါဦးမည်။

''သို့ရာတွင် ယခင်ကလည်း အပြည့်အစုံပြန်လှန်မေး ပြီးဖြစ်သော တရားလိုပြသက်သေတစ်ဦးကို စွဲချက် တင်ပြီးနောက် တရားခံက ပြန်ခေါ်လိုသည်ဟု တောင်း ဆိုလျှင် တရားသူကြီးသည် နှစ်ဖက် ရှေ့နေအမှုလိုက်တို့ အား ညှိနှိုင်းစေ၍ မလိုအပ်ဘဲ မခေါ်စေရန် အကြံပေးရ မည်။'' [ တရားရုံးများ ညွှန်ကြားလွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၆

''စွဲချက်တင်ပြီးနောက်မှ စစ်ဆေးသည့် တရားလိုဘက် သက်သေတို့ကို တရားခံကပြန်ခေါ်နိုင်ခွင့်မရှိဟု ညွှန်ကြား ပြဋ္ဌာန်းထားသည့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၄၊ ၂၅၆ နှင့်  တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၆/ ၄၈ နှင့်  ၁၄/ ၅၃ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်။'' [တရားရုံးများ ညွှန်ကြား လွှာလက်စွဲ၊ (၁၉၄၆-၁၉၇ဝ) စာ-၂၇ ]

အခွင့်အရေးကို ဥပဒေနှင့်အညီကျင့်သုံးပါ

ပြန်ခေါ်သက်သေအဖြစ် စစ်မေးပေးရန် တောင်းဆို ပိုင်ခွင့်သည် တရားခံ၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့် အပြင် တရားရုံးက သာမန်အားဖြင့် ဥပဒေအရ ငြင်းဆို ပိုင်ခွင့်မရှိသည့် အခွင့်အရေးလည်းဖြစ်နေရာ ဤကဲ့သို့ သော အခွင့်အရေးကို အလွဲသုံးစားပြုကာ အမှုကို ကြန့်ကြာစေရန် မဆောင်ရွက်ပါနှင့်။ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေရန် မကျင့်သုံးပါနှင့်။ တရား မျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ဦးမတည်ပါ နှင့်။ အမှုကိုဆုံးဖြတ်ရာတွင် အချက်အလက်ပြည့်စုံ ခိုင်မာစေရေး၊ အမှန်တရား ပေါ်ပေါက်ရေးနှင့်  တရားခံ အတွက် ဥပဒေကပေးအပ်ထားသော ဥပဒေအကာ အကွယ်၊ ဥပဒေအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေးတို့ ကို ဦးတည်ကာ ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြ စေလိုသည်။

ဥပဒေကပေးအပ်ထားသော ထူးကဲလှစွာ အနှစ်သာရ နှင့်  ပြည့်ဝနေသော ပြန်ခေါ်သက်သေ စစ်မေးခွင့်အခွင့် အရေးကို  ဥပဒေစိတ်ထား၊ ဥပဒေအသိ၊ ဥပဒေအမြင်နှင့် ဥပဒေနှင့် လျော်ညီစွာ ကျင့်သုံးဆောင်ရွက်နိုင်ကြပါစေ။ တရားရေးမဏ္ဍိုင်မြဲခိုင်စေရေး၊ တရားမျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်နိုင်ရေး ဦးတည်ဆောင်ရွက်နိုင်ကြပါစေ။

မောင်စာဂ

ကိုးကားချက်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ( ရာဇဝတ်ကျင့်ထုံးဥပဒေ) အခန်း ၂ဝ နှင့်  ၂၁
သက်သေခံအက်ဥပဒေ အခန်း (၁ဝ)


Tuesday, August 8, 2017

မျှတသော ဥပဒေ

ဥပဒေသည်လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌  ခွဲခြားမှုမရှိရပေ။ လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။

          ကမ္ဘာ့လူ့အခွင့်အရေကြညာစာတမ်း အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း “တရားရုံးနှင့်ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌ လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်) အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက် ပြည်သူအများရှေ့မှောက်၌ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင် အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။” ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ် ၂၆ ၌ လည်း “လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ - -ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊ အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့် အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့် ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။

         ဥပဒေသည်လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ ကျားမမရွေး၊ လူအားလုံးနှင့် သက်ဆိုင်သဖြင့် ဥပဒေရှေ့မှောက်၌ခွဲခြားမှုမရှိပေ။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင်ဖြစ်ပေသည်။ ဥပဒေသည် လူပုဂ္ဂိုလ်အပေါ် ၌ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ရှေ့မှောက်၌  ခွဲခြားမှုမရှိရပေ။ လူအားလုံးသည် ဥပဒေ ၏အကာအကွယ်ကို ရယူပိုင်ခွင့်ရှိရမည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်း ဥပဒေအရ ပြဌာန်းထားရှိ ပြီး ဖြစ်ရမည် ဖြစ်သည်။

          ကမ္ဘာ့လူ့အခွင့်အရေကြညာစာတမ်း အပိုဒ် ၁၀ ၌၊ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း၊ လူတိုင်းသည် လွတ်လပ်၍အဂတိမလိုက်စားသောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်”ဟု ပြဌာန်းထားပါသည။် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၁) ၌ လည်း “တရားရုံးနှင့်ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌ လူတိုင်းတန်းတူအခွင့်အရေးရှိသည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်) အခွင့်အရေးအပေါ် စွဲချက်တင် ခြင်းနှင့်အမိန့်ချမှတ်ခြင်းတို့အတွက် ပြည်သူအများရှေ့မှောက်၌ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရ တည်ထောင်ထားသော တရားစီရင်ရေးရုံးများတွင် အများပြည်သူတို့ရှေ့မှောက်၌ ကြားနာစစ်ဆေးခံရန် အခွင့်အရေးရထိုက်သည်။” ဟုဖေါ်ပြထားပါသည်။ ထို့ပြင်၎င်းစာချုပ်၏ အပိုဒ် ၂၆ ၌ လည်း “လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှဖြစ်ပြီး၊ မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏အကာအကွယ်ကို ညီတူညီမျှခံစားပိုင်ခွင့်ရှိသည်။ - -ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ်၊ အခြားအယူအဆ၊ အမျိုးသားဇစ်မြစ် သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ဥစ္စာဓန၊ မျိုးရိုးဇာတိနှင့် အခြားအဆင့်အတန်းခြားနားမှုရှိသောလူတို့ကို အစိုးရက တူညီစွာနှင့် ထိရောက်စွာအာမခံ ပေးလျက် ကာကွယ်ပေးရမည်” ဟုဖေါ်ပြပြဌာန်းထားပါသည်။

          ဥပဒေရှေ့မှောက်၌တူညီသော အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူအကြားတွင် တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင် နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။ တရားမျှတသော စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊ မိမိအမှုအပေါ်ခုခံကာကွယ် ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း မတိုင်မီနှင့် တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊ မိမိ အနေဖြင့် သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊ အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။

          ထို့အပြင် ဥပဒေရှေ့မှောက်၌ မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော သင့်တင့်လျှောက်ပတ်သည့် စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။ နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည် အဆိုပါနိုင်ငံ အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည် ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ရှေ့မှောက်၌ ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊ အရာရှိ၊ အာဏာပိုင်မျှ ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင် အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည် မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ် သည်ဆို သည့် အချက်ပင်ဖြစ်ပေသည်။

          ဆက်စပ်မှုအရ၊ခြွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ တရားရုံး၏စီရင်ပိုင်ခွင့် အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်- အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။ သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင် အင်္ဂလိပ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။

          မြန်မာနိုင်ငံတွင်လည်း တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင် သတ်မှတ်ပြဌာန်းထားပေသည်။ သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင် ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင် ရာဇသတ်ကြီးခေါ် ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။ ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့် တို့ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင် သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ
(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊ ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊ သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ ဟူ၍ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေ များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။ ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့် ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သို့မဟုတ်၊ သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့် အပြည်ပြည်ဆိုင်ရာဥပဒေပါ အခြားစည်းမျဉ်းများအရ ဖြစ်စေ၊ စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို မည်သို့မျှအသုံးမပြုရ ဟုဖေါ်ပြ ထားပါသည်။

          ထိုကဲ့သို့ သံတမန်များအတွက် ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity) ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။ ဥပဒေရှေ့မှောက်၌တူညီသော အခွင့်အရေးရှိသည်ဆိုရာတွင် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူအကြားတွင် တဘက်ဘက်သို့မလိုက်ပဲ မျှတတည့်မတ်စွာတရားစစ်ဆေးစီရင် နိုင်ရန်မှာ အရေးကြီး သောကိစ္စရပ်ဖြစ်ပါသည်။ တရားမျှတသော စစ်ဆေးစီရင်မှုဖြစ်စေရန်အတွက် တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူ ဟုမှတ်ယူခံရခွင့်၊ မိမိအမှုအပေါ်ခုခံကာကွယ် ရန်အတွက် ပြင်ဆင်ရန်အချိန်နှင့် အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင်ခွင့်၊ တရားစစ်ဆေးစီရင်ခြင်း မတိုင်မီနှင့် တရားစစ်ဆေးစီရင်နေသောအချိန်အတွင်း လွတ်လပ်သောတရားဝင်တင်ပြချက်ပေးနိုင်ခွင့်၊ မိမိ အနေဖြင့် သက်သေများကိုမေးမြန်းခွင့်နှင့် မိမိအတွက်သက်သေများကိုခေါ်ယူနိုင်ခွင့်၊ အသနားခံပိုင်ခွင့်စသည် တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များဖြစ်ပေသည်။

          ထို့အပြင် ဥပဒေရှေ့မှောက်၌ မည်သူမဆို တူညီသောအခွင့်အရေးရှိသည် ဟုဆိုရာ၌ တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဌာန်းထားသော သင့်တင့်လျှောက်ပတ်သည့် စံချိန်စံညွှန်းမီဥပဒေများ ရှိနေပြီးဖြစ်ရန် လိုပါသည်။ နိုင်ငံတခုအတွင်း၌ရှိသောလူများအားလုံးသည် အဆိုပါနိုင်ငံ အတွင်း၌ပြဌာန်းထားသော ဥပဒေများ ကိုလိုက်နာရမည့်တာဝန်ရှိသူများဖြစ်သည် ဆိုသည့်အချက် မှာအရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ရှေ့မှောက်၌ ပြဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရ မည်ဖြစ်ပြီး၊ မည်သည့်အစိုးရ၀န်ထမ်း၊ အရာရှိ၊ အာဏာပိုင်မျှ ထိုအချက်ကိုရှောင်လွှဲခွင့်မရှိပေ။ ထို့အတူ မည်သည့် အာဏာပိုင် အစိုးရအရာရှိကမျှ မိမိတို့ရရှိထားသောအာဏာကို အလွဲသုံးစာြးုပ၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဌာန်းချက်များသည် မည်သူ့ကိုမျှမျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်စွာတရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင်ဖြစ် သည်ဆို သည့် အချက်ပင်ဖြစ်ပေသည်။

          ဆက်စပ်မှုအရ၊ခြွင်းချက်တခုအနေဖြင့်သိထားသင့်သည့်အချက်မှာ တရားရုံး၏စီရင်ပိုင်ခွင့် အာဏာမှ (ဥပဒေအရ) ကင်းလွတ်ခွင့်ရသူများအကြောင်းဖြစ်သည်။ ဥပမာအားဖြင့်- အင်္ဂလိပ် တရားရုံးသည် အင်္ဂလန် နိုင်ငံအတွင်း နေထိုင်သူများအပေါ် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။ သို့ရာတွင် ¹ခွင်းချက်အနေဖြင့် နိုင်ငံ ခြားကြီးအကဲများ၊ သံတမန်အဖွဲ့ဝင်များဖြစ်လျှင် အင်္ဂလိပ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရကြ ပေသည်။

          မြန်မာနိုင်ငံတွင်လည်း တရားမမှုများနှင့်ပတ်သက်၍ နိုင်ငံခြားအကြီးအကဲများသည် မြန်မာနိုင်ငံ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာမှ ကင်းလွတ်ခွင့်ရှိကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ (၈၃) မှ (၈၆) အထိ တို့တွင် သတ်မှတ်ပြဌာန်းထားပေသည်။ သို့ရာတွင်ပြစ်မှုနှင့်ပတ်သက်လာလျှင် ထိုကဲ့သို့သီးခြားသတ်မှတ် ပြဌာန်းထားခြင်းမရှိသည့်အပြင် ရာဇသတ်ကြီးခေါ် ပြစ်မှုဆိုင်ရာဥပဒေတွင် မည်သူမဆိုပြစ်မှုကျူးလွန်လျှင် အပြစ်ပေးခြင်းခံရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။ နိုင်ငံခြားအကြီးအကဲများကို ကင်းလွတ်ခွင့်များ ပေးရာ၌ နှစ်မျိုးနှစ်စားရှိပေသည်။ ပထမတမျိုးမှာ ပုဂ္ဂိုလ်ရေးကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယတမျိုးမှာ ပစ္စည်းဆိုင် ရာကင်းလွတ်ခွင့် တို့ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းတွင် သံအဖွဲ့အကြီးအကဲ (၃) မျိုးကိုဖေါ်ပြထားသည်။ ၄င်းတို့မှာ -

(က) နိုင်ငံများ၏အကြီးအကဲများထံသို့ စေလွှတ်ခန့်အပ်သည့် သံအမတ်ကြီးများ၊ ရဟန်း မင်းကြီး၏ သံတမန် များ၊ အဆင့်ညီ အခြားသံအဖွဲ့အကြီးအကဲများ။
(ခ) နိုင်ငံများ၏အကြီးအကဲ များထံသို့ စေလွှတ်ခန့်အပ်သည့် သံတမန်များ၊ သံအမတ်များနှင့် ရဟန်းမင်းကြီး၏ သံတမန်ငယ်များ။
(ဂ)နိုင်ငံခြားရေးဝန်ကြီးများထံ စေလွှတ်ခန့်အပ်သည့် သံရုံးတာဝန်ခံများ ဟူ၍ဖြစ်သည်။

          ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်တို့လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို ဖေါ်ပြထားရာတွင်
(၁) အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များရရှိသူအားလုံးသည် မိမိ တို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင်များကို မထိခိုက်စေဘဲ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေ များနှင့် စည်းမျဉ်းဥပဒေများကိုလေးစားရန် တာဝန်ရှိကြသည်။ ထို့အပြင် ၄င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း တာဝန်ရှိသည်။
(၂) စေလွှတ် သည့်နိုင်ငံက သံအဖွဲ့အား လွှဲအပ်သော လက်ခံသည့်နိုင်ငံနှင့် ဆောင်ရွက်ရမည့်ရုံးကိစ္စအားလုံးကို လက်ခံသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သို့မဟုတ်၊ သဘောတူကြသည့် အခြားဝန်ကြီးဌာနနှင့် ဖြစ်စေ၊ ထိုဌာနမှတဆင့်ဖြစ်စေ ဆောင်ရွက်ရမည်။
(၃) ဤကွန်ဗင်းရှင်းအရဖြစ်စေ၊ နိုင်ငံအများ လက်ခံသည့် အပြည်ပြည်ဆိုင်ရာဥပဒေပါ အခြားစည်းမျဉ်းများအရ ဖြစ်စေ၊ စေလွှတ်သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံတို့အတွက် တည်ဆဲအထူးသဘောတူ စာချုပ်များအရဖြစ်စေ၊ ချမှတ်ထားသော သံအဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆန့်ကျင်၍ သံအဖွဲ့ဥပစာကို မည်သို့မျှအသုံးမြုပရ။ ဟုဖေါ်ပြ ထားပါသည်။

          ထိုကဲ့သို့ သံတမန်များအတွက် ကင်းလွတ်သက်သာခွင့်များပေးထားခြင်းကို (Diplomatic Immunity) ပေးထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ၄င်းတို့သည် ရောက်ရှိနေသောနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် တရားမဥပဒေများကို လိုက်နာစေခြင်းမှ ကင်းလွတ်ခွင့်ရသူများဖြစ်ပါသည်။

CREDIT .. 

မင်းကို ဆုံးမသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် 

မြန်မာ့သမိုင်းမှာ ပြည်သူလူထုအပေါ် တရားမျှတစွာ အုပ်ချုပ်တဲ့ မင်းတွေရှိခဲ့သလို၊ ပြည်သူကို နှိပ်စက်တဲ့ မင်းတွေလည်း အုပ်စိုးခဲ့ပါတယ်။ အဲဒီလိုကွဲပြားတဲ့ မင်းတွေရှိခဲ့သလို မင်းမှုထမ်းတွေမှာလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သူတွေနဲ့ မှန်ရာကို ပြောရဲ၊ ရေးရဲ၊ လုပ်ဆောင်ရဲတဲ့သူတွေဆိုပြီး ကွဲပြားစွာ ရှိခဲ့ပါတယ်။ ဒီလို မှန်ရာကို တင်ပြ လုပ်ဆောင်ရဲသူများထဲက စံပြုထိုက်သူတစ်ဦးကတော့ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ဖြစ်ပါတယ်။

ယောအတွင်းဝန်၊ ရွှေပြည်ဝန်၊ ယောမင်းကြီး၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင် သီဟသူ စသဖြင့် အမျိုးမျိုး ခေါ်တွင်ကြတဲ့ ဦးဘိုးလှိုင်ကို ကွယ်လွန်သူ စာဆိုကြီး ဆရာမောင်ထင်ကတော့ 'မြန်မာ့ နိုင်ငံရေးသုခမိန်ကြီး' လို့ တင်စားခေါ်ဆိုခဲ့ပါတယ်။
ဆရာမင်းယုဝေ ကလည်း သူ့ရဲ့ 'ပထမ မြန်မာများ' စာအုပ်မှာ 'ယောမင်းကြီး ဦးဘိုးလှိုင် (ပထမ သိပ္ပံစာပေ ပြုစုသူ)' လို့ ကမ္ပည်းတင်ခဲ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာလည်း 'မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ် အယူအဆတို့ကို ခေတ်နှင့်လျော်အောင် တိုးတက်ဖွံ့ဖြိုးစေရန် ကြံဆရွက်ဆောင်ခဲ့သော မြန်မာ့နိုင်ငံရေးသုခမိန်' လို့ ဖော်ပြခဲ့ပါတယ်။

သူဟာ သက္ကတ၊ ပါဠိ၊ မြန်မာစာပေတို့ကို နှံ့စပ်ရုံတင်မက အနောက်တိုင်း ဝိဇ္ဇာ သိပ္ပံပညာရပ်တွေမှာပါ နှံ့စပ်သူဖြစ်ပါတယ်။ ဒါကြောင့် အနောက်တိုင်းက ရတဲ့ ပညာဗဟုသုတတွေကို မြန်မာပစ္စည်းဖြစ်အောင် ကြံဆောင်ရင်း မြန်မာ့ရိုးရာကို ထိန်းသိမ်းပေးခဲ့ပါတယ်။

မင်းတုန်းမင်း လက်ထက်ကနေ သီပေါမင်းလက်ထက်အထိ အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံ ပညာရှိ စတဲ့ရာထူးတွေနဲ့ အမှုထမ်းနေစဉ်မှာပဲ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကျမ်းအစောင်စောင်ကို ရေးသားပြုစုခဲ့ပါတယ်။

ဦးဘိုးလှိုင်ကို မြန်မာ့နိုင်ငံရေးသုခမိန်လို့ ဘာကြောင့်ခေါ်ဆိုပါသလဲ။
မြန်မာ့ဂန္ထဝင်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးနီတိကျမ်းတွေက ရှေးရိုးစဉ်လာ မြန်မာ့အတွေးအခေါ် အယူအဆတို့ကို နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံရာက ရရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအသိတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ခေတ် မြန်မာနိုင်ငံသားတွေကို အမြင်သစ် ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ အဲဒီသဘောဖြစ်ပြီး ဒီကျမ်းတစ်စောင်တည်းနဲ့  နိုင်ငံရေးသုခမိန် ဆိုတဲ့ ပညတ်ကို ခံယူထိုက်တယ်လို့ ဆိုကြပါတယ်။ သက်ဦးဆံပိုင်စနစ်အောက်မှာ ဒီလို ကျမ်းမျိုး ရေးသားဝံ့တဲ့ အချက်ကလည်း ဦးဘိုးလှိုင်ရဲ့ သတ္တိကို ဖော်ပြနေပါတယ်။

ဦးဘိုးလှိုင်ဟာ ရာထူး စည်းစိမ်ကို မငဲ့ဘဲ မှန်ရာကို ပြောဆို၊ လုပ်ဆောင်ခဲ့တဲ့အတွက် မကြာခဏ ရှင်ဘုရင်ရဲ့ အမျက်တော်ရှခြင်းကို ခံခဲ့ရပြီး ၃ ကြိမ်မက ရာထူးစည်းစိမ် နုတ်သိမ်းခြင်းခံခဲ့ရသလို အကျယ်ချုပ် ချတာကိုတောင်ခံခဲ့ရပါတယ်။ ဥပမာအားဖြင့် မင်းတုန်းမင်းလက်ထက်မှာ သမီး၊ နှမ တို့ကို ပေးဆက်ထားတဲ့အတွက် အခွင့်အရေးရနေတဲ့ အမှုထမ်းတစ်ဦးနဲ့ပတ်သက်ပြီး ပညာမဲ့အမတ်တို့ ဘုန်းကြီးရင် ပြည်ရွာပျက်တတ်တဲ့အကြောင်း မင်းတုန်းမင်းတရားကို လျှောက်ထားခဲ့ပါတယ်။

ဒီအခါ ဘုရင်အမျက်ထွက်ပြီး လှံကိုကောက်ကိုင်ရင်း “သည်လှံနဲ့ မောင်မင်းကို စီရင်တာ ခံချင်သလား”လို့ မေးတော့ ဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား”လို့ ဆိုရင်း ရင်ဘတ် ကော့ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမှူးမတ်တွေက ရဲတင်းလွန်းတယ်လို့ ပြောကြတော့ ဦးဘိုးလှိုင်က

“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော မကောင်းမှုဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း၊ အကြီးအမှူး ဖြစ်သည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်”

လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ အကျယ်ချုပ်နဲ့ ရာထူးအချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလို ရာထူးက ချလိုက်၊ လိုအပ်တဲ့အခါ ပြန်ခေါ်လိုက် ဖြစ်ရပေမယ့် ဦးဘိုးလှိုင်က
မှန်ရာကို ပြောဆို လုပ်ဆောင်ရင်း အမှုထမ်းခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာ ပြုစုခဲ့တဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို
တော်လှန်ပြီး ပြည်သူ့အာဏာနဲ့ အုပ်ချုပ်မှုကို ကြိုဆိုတဲ့ကျမ်းဖြစ်ပါတယ်။

ဒါကြောင့် ဘုရင်က မနှစ်သက်ပါဘူး။ ဒီကြားထဲ “ဘုရင်မင်းမြတ်ဟာ အလွန်အသုံးအဖြုန်းကြီးတယ်။ ဘဏ္ဍာတော်ဆိုတာ ဆင်းရဲသားတွေရဲ့ ချွေးနှဲစာကနေ ညှစ်ထုတ်ယူထားတာ ဖြစ်တဲ့အတွက် ကျောက်ခဲသလဲလို သဘောမထားသင့်ဘူး” ဆိုပြီး ဘုရင့်ဘဏ္ဍာရေးကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအခါ မိဖုရားက မခံနိုင်ဖြစ်ပြီး “ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမှာလား”လို့ ဒေါသနဲ့ ပြောဆိုတာကို သီပေါမင်းကလည်း နားယောင်တဲ့အတွက် ဦးဘိုးလှိုင်ကို ရာထူးချလိုက်ပါတော့တယ်။

ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ် ရာထူးကျခြင်းဖြစ်ပြီး ရာထူးပြန်လည်ပေးအပ်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် ဦးဘိုးလှိုင်က မတုန်လှုပ်ဘဲ ခြံဥယျာဉ်အလုပ်ကို လုပ်ရင်း တဖက်က စာပေကျမ်းဂန် ပြုစုခြင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခဲ့ပါတယ်။ ပဒေသရာဇ်စနစ်အတွင်း ရှင်ဘုရင်ကို ဝေဖန်ဆုံးမတဲ့ ဦးဘိုးလှိုင်လို ရဲဝံ့သူ ပေါ်ပေါက်ခဲ့ခြင်းနဲ့ ပတ်သက်လို့ အားရစရာကောင်းသလို၊ ဒီလို ပညာရှိမျိုးကို အာဏာပိုင်တွေက အသက်သေကြေအောင် မလုပ်ဆောင်ခဲ့တာဟာလည်း အတုယူ ဆင်ခြင်စရာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဘိုးလှိုင်ဟာ သက္ကရာဇ် ၁၂၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပေမယ့် ဦးဘိုးလှိုင်ရေးသားခဲ့တဲ့ ဝိဇ္ဇာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းက ခေတ်အဆက်ဆက် ကိုးကားလေ့လာစရာ စာပေတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီထဲက လောကဓာတ်ဆေးကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ ဝိမုတ္တိရသကျမ်း၊ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ကာယာနုပဿနာကျမ်း၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်း တို့ဟာ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးနေတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ ဘာသာရေးကျမ်း၊ ဆေးပညာကျမ်း၊ နီတိကျမ်းတွေအပြင် ကြေးနန်းရိုက်နည်းကို တီထွင်ပြသထားတဲ့ လိပိဒိပိကာကျမ်း၊ လိလာဝတီ ဂဏန်းကျမ်းတို့ကိုလည်း ပြုစုခဲ့ပါတယ်။ ဦးဘိုးလှိုင်ဟာ သိပ္ပံပညာကျမ်းတွေကို ပြုစုတဲ့အခါ မြန်မာတွေ ရင်းနှီးပြီးသား အသုံးအနှုန်းတွေနဲ့ ဖော်ပြနိုင်ဖို့ အားထုတ်ခဲ့သလို၊
ကျစ်လျစ်တဲ့ ဘာသာပြန်ဆိုမှု တွေ့ရတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။ ဘာသာပြန်ရာမှာလည်း အသံလှယ် ပြန်ဆိုမှုတွေအပြင် Carbon (ကာဗွန်) ကို မီးသွေး၊
Acid (အက်စစ်)ကို ငရဲမီး၊ Beer (ဘီယာ)ကို ဗျစ်ခါး စသဖြင့် မြန်မာဘာသာနဲ့ ပြန်ဆိုသုံးနှုန်းခဲ့ပါတယ်။

ဦးဘိုးလှိုင်ဟာ သူရသတ္တိနဲ့ပြည့်စုံတဲ့သူ ဖြစ်တဲ့အပြင် အလွန် ဖြောင့်မှန် ပွင့်လင်းသူ၊ ပြတ်သားသူ၊ ဘယ်သူ့ကိုမှ ရန်မပြုသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ရာထူးကျအောင် ကုန်းချောသူ သေသွားတာကိုတောင် ဝမ်းသာအားရမဖြစ်ဘဲ “သူသေတာ ငါနဲ့မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်” လို့ ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် ပညာရှင် ဦးဘိုးလှိုင် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ လေးစား အတုယူစရာ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်မှုတွေက စာပေများကတဆင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ။


Credit ... unknown

စာချွန်တော်အမိန့်များ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ -၂၁ တွင် နိုင်ငံသား နိုင်ငံသားများ၏ မူလအခွင့်အရေး၊တာဝန်များနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ (၄)ရပ် ကိုပြဌာန်းထားပြီး ၊ အခန်း(၈)တွင် နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များကို ပြဌာန်းထားပါသည်။

အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို ထိပါးခြင်းခံရသော ပြည်သူတစ်ဦးဦးသည်  ကျူးလွန်သူအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်သည်။ သို့ရာတွင် အဆိုပါ ဥပဒေအရေးယူခြင်းဖြင့်သာ ဖူလုံခြင်းမရှိသော မူလအခွင့်အရေးထိ ပါးမှုများကို မြန်မြန်နှင့် ထိရောက်စွာ ကာကွယ်ပေးရန် နှင့် နစ်နာချက် ၊ မှားယွင်းချက် များကို ပြင်ဆင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်( Supreme Court Of The Union) တွင်လျှောက်ထားတောင်းခံနိုင်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၃၇

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် မူလအခွင့်အရေးတစ်ရပ်ရပ်ကို ထိပါး ကျူးကျော်ထားသည်ကို တွေ့ရှိရလျှင် “စာချွန်တော်အမိန်” ထုတ်ဆင့်၍ သက်ဆိုင်ရာ တို့၏ အမှားအယွင်းကို ပြင်ဆင်ခွင့်အာဏာရှိပါသည်။ ပုဒ်မ-၃၃၈
စာချွန်တော်အမိန့်များထုတ်ဆင့်၍ နစ်နာမှုများကို ကုစားမှုပေးခြင်းသည် အုပ်ချုပ်ရေး ဥပဒေနှင့် သက်ဆိုင်သော ကုစားမှုဖြစ်သည်။ အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်ချက်တစ်ရပ်သည် တရားစီရင်ရေးသဘောဆန်သောလုပ်ဆောင်ချက် (Quasi Judicial function) ဖြစ်ပြီး ၄င်းလုပ်ဆောင်ချက်ကြောင့် ပြည်သူတစ်ဦး၏ ဥပဒေရေးရာအခွင့်အရေးထိခိုက်နစ်နာ ဆုံးရှုံးမှုရှိုလျှင် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ စာချွန်တော် အမိန့်များထုတ်ဆင့်၍ လျှောက်ထားနိုင်ခြင်းသည် တစ်နည်းအားဖြင့် အုပ်ချုပ်ရေး အာဏာပိုင်၏မှားယွင်းသော လုပ်ဆောင်ချက် ၊ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို စာချွန်တော်အမိန့်များ ထုတ်၍ ပယ်ဖျက်ခြင်း ၊ တားမြစ်ခြင်း စသည်တို့သည် အုပ်ချုပ်ရေးဌာန၏ တရားစီရင်ရေး သဘောဆန်သောလုပ်ဆောင် ချက်များကို တရားစီရင်ရေးဌာနမှ ကြီးကြပ်ကွပ်ကဲခြင်း (သို့မဟုတ်) ပြန်လည်သုံးသပ် ခြင်းပင်ဖြစ်သည်။

စာချွန်တော်အမိန့်ထုတ်ဆင့်ရန် အခြေခံအကြောင်းအရင်းများ

၁။ စီရင်ပိုင်ခွင့်အာဏာနှင့် ပတ်သက်သောပြဿနာများ (Jurisdictional Matters)

 (က)စီရင်ပိုင်ခွင့်အာဏာရှိသည်ထက်ပို၍ပြုလုပ်ခြင်း (Excess Of Jurisdictional) 

 (ခ) စီရင်ပိုင်ခွင့်အာဏာမရှိဘဲ ပြုလုပ်ခြင်း (Lack of Jurisdiction)

 (ဂ) စီရင်ပိုင်ခွင့်အာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကိုဆောင်ရွက်မပေးခြင်း (Refusal to exercise Jurisdiction) 

၂။ အမှုမှတ်တမ်းပေါ်တွင် ဥပဒေအချက်အလက်မှားယွင်းချက်များသိသာပေါ်လွင်နေ ခြင်း (Error of Law on the face of Record)

၃။ သဘာဝတရားမျှတမှုနည်းဥပဒေများ(Rules of Natural Justice)

 (က) ဘက်လိုက်ခြင်းကို ဆန့်ကျင်သည့်နည်းဥပဒေ(The Rule Against Bias)

 (ခ ) ကြားနာခွင့် အခွင့်အရေး (The Right to a Hearing)
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒမ-၁၈(ခ)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)(နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ နှင့် တာဝန်များ) ၌ ပေးအပ်ထားသောအခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာ သည့်ကိစ္စရပ်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျှော်သည့်အတိုင်းထုတ်ဆင့်ပေးခွင့် အာဏာရှိသည်။ 

 (က) ရှေ့တော်သွင်းစာချွန်တော်အမိန့်
 (ခ) အာဏာပေးစာချွန်တော်အမိန့်
 (ဂ) တားမြစ်စေ စာချွန်တော်အမိန့်
 (ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်
 (င) အမှုခေါ်စာချွန်တော်အမိန့်

 ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၇၈(က)

(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်(Habeas Corpus)(Law Latin “that you have body”) 

ရှေ့တော်သွင်းစာချွန်တော်အမိန့်သည် လူပုဂ္ဂိုလ်တစ်ဦးအားရုံးရှေ့မောက်သို့တင်သွင်း ရန် အမိန့်ထုတ်ဆင့်ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူတစ်ဦးအား ရုံးရှေ့သို့သွင်းစေ၍ ထိုသူကို မည်သည့်ပြစ်မှု ၊ မည်သည့်ဥပဒေအရ ဖမ်းဆီးထားသည်ကိုဖမ်းဆီးသည့်အဖွဲ့ အစည်းအား ထုချေရှင်းလင်းခြင်း မပြုနိုင်လျှင် အချုပ်မှ လွှတ်စေရပါမည်။ အခြေခံဥပ ဒေ အရ ပေးအပ်ထားသော ပြည်သူတစ်ဦး၏ အချုပ်အချယ်မရှိ လွတ်လပ်စွာနေနိုင်ခွင့် ကို ကာကွယ်ရန်ဖြစ်သည်။
***ဂျီအမ်ဘာနာဂျီ နှင့် အင်းစိန်အကျဉ်းထောင်ကြီးကြပ်သူအရာရှိ ၊ ၁၉၄၈ ၊ မတစ ၊ စာ-၁၉၉***

ဖမ်းဆီးခြင်းခံချုပ်နှောင်ခြင်းခံရသူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရှေ့ တော်သွင်း စာချွန်တော်အမိန့်ထုတ်ဆင့်၍ မိမိအား ဖမ်းဆီးထားခြင်းသည် ဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိစစ်ဆေး၍ ဥပဒေနှင့် မညီက ချုပ်နှောင်မိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။ ဖမ်းဆီးခြင်းခံနေရသူက လျှောက်ထားခြင်း မပြုနိုင်လျှင် ၄င်း၏ ဇနီးစသော သက်ဆိုင်သူက လျှောက်ထားနိုင်သည်။
*** တင်ဇာမော်နိုင်နှင့် ရန်ကုန်ရဲမင်းကြီး ၊ ၁၉၅၀ ၊ မတစ ၊ (လွှတ်တော်)၊ စာ-၁၇***

အာဏာပေးစာချွန်တော်အမိန့် (Mandamus Latin “Wecommand”) 

အာဏာပေးစာချွန်တော်အမိန့်သည် ဆောင်ရွက်ရန်အမိန့်ပေးသည့် စာချွန်တော်မျိုး ဖြစ်သည်။ ဥပဒေအရ အပ်နှင်းထားသောအာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကို ပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ ဆောင်ရွက်မပေးဘဲနေသည့်ကိစ္စ မျာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ဤစာချွန်တော်အမိန့်ကိုထုတ်ပေးခြင်းဖြစ် သည်။ ဥပမာအားဖြင့် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေအရ စံငှားရမ်းခ သတ်မှတ်ပေးရန် ငှားရမ်းခကြီးကြပ်ရေးဝန်က ငြင်းပယ်သည့် အမိန့်ချမှတ်ခဲ့သည်။ ငှားရမ်းခကြီးကြပ်ရေးဝန်သည် စံငှားရမ်းခသတ်မှတ်ပေးရန် ဥပဒေအရ တာဝန်ရှိပါ လျှက်သတ်မှတ်မပေးဘဲနေခြင်းဖြစ်ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဤစာချွန်တော် အမိန့်မျိုးဖြင့် စံငှားရမ်းခ သတ်မှတ်ပေးရန် ညွန်ကြားသည့် အမိန့်မျိုးဖြစ်သည်။
အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ရန်ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း သည် တရာရုံးဆင်ခြင်တုံတရားအရ ကျင့်သုံးရသော အာဏာဖြစ်သည်။
*** ဒေါ်စောရင်နှင့် ငှားရမ်းခကြီးကြပ်ရေးဝန် ပါ(၂) ၊  ၁၉၅၃ ၊ မတစ ၊(လွှတ်တော်)၊ စာ-၇၃***

တားမြစ်စေ စာချွန်တော်အမိန့်(Prohibition)

တားမြစ်စေ စာချွန်တော်အမိန့်သည် တရားရုံး ( သို့မဟုတ်) တရားစီရင်မှု ဆောင် ရွက်ခြင်းသဘော ပါဝင်သည့်ခုံရုံးအား ၄င်း၏ စီရင်ပိုင်ခွင့်ကိုကျော်၍သော်လည်းကောင်း တရားမျှတမှုကို ဆန့်ကျင်၍သော်လည်းကောင်း မပြုလုပ်ရန်တားမြစ်သည့် အမိန့်မျိုး ဖြစ်သည်။ 
အခြားနည်းဖြင့် ကုစားနိုင်သည့်သက်သာခွင့် ရရှိနိုင်လျှင် ဤစာချွန်တော်အမိန့်ဖြင့် စွက်ဖက်ခြင်းမပြု။ သို့ရာတွင် တရားဥပဒေအရ အပ်နှင်းထားခြင်းမရှိသော စီရင်ပိုင်ခွင့် အာဏာ သုံးစွဲလျှင် ဤစာချွန်တော်အမိန့်မျိုး ထုတ်ဆင့်နိုင်သည်။
*** ဆရန်ဆန်ဒါအာနန်ဒါ နှင့် ရန်ကုန်အကောက်ခွန်မင်းကြီး ၊ ၁၉၅၁၊မတစ (လွှတ်တော် ချုပ်)၊ စာ-၂၈ ***

အာဏာပိုင် မေးစာချွန်တော်အမိန့် ( Quo Warranto) 
( Law Latin “by What authority” )

အာဏာပိုင်မေး စာချွန်တော်အမိန့်သည် မည်သည့်အကြောင်းမျိုးရှိကြောင်း အကြောင်း ပြစေရန် ထုတ်ဆင့်သော အမိန့်မျိုးဖြစ်သည်။ အစိုးရ ဌာန တစ်ခုခုက တရားဥပဒေအရ အပ်နှင်းထားသော အာဏာကိုကျော်လွန်၍ တစ်စုံတစ်ရာ ကိုပြုလုပ်ခြင်းကြောင်း ပြည်သူတစ်ဦး၏ အခွင့်အရေးကို ထိပါးကြောင်း နစ်နာသူက လျှောက်ထားလာလျှင် သက်ဆိုင်ရာဌာနအား မည်သည့်အခွင့်အာဏာအရ မည်သည့်အကြောင်းကြောင့် ပြုရသည်ကို ဤ စာချွန်တော်အမိန့်မျိုးထုတ်ဆင်၍ မေးမြန်းခြင်း ၊ တားမြစ်ခြင်း ဖြစ်သည်။

အမှုခေါ်စာချွန်တော်အမိန့် ( Certiorari)(Law latin “to be more fully informed”)

အမှုခေါ်စာချွန်တော်အမိန့်သည် အမြင့်ဆုံးတရားရုံးတော်လက်အောက်ခံ တရားရုံးနှင့် တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံးတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲမှု အာဏာကိုသုံးစွဲလျှက် ချမှတ်သော အမိန့်မျိုးဖြစ်သည်။ လက်အောက်ခံ တရားရုံး ( သို့မဟုတ်) တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံး၏ အမှုတွဲကို ခေါ်ယူ ကာ အာဏာကျော်လွန်ဆုံးဖြတ်ထားခြင်း ရှိမရှိ ၊ တရားမျှတမှုကို ချိုးဖောက်၍ လည်း ကောင်း ၊ တရားမ၀င်ဘဲလည်းကောင်း ၊ ဆောင်ရွက်ဆုံးဖြတ်ထားခြင်း ရှိမရှိ စီစစ်သုံး သပ်ပြီးနောက် အာဏာကို ကျော်လွန်၍ လည်းကောင်း ၊ တရားမျှတမှုကို ချိုးဖောက်၍ လည်းကောင်း ၊ တရားဥပဒေကို မျက်ကွယ်ပြု၍လည်းကောင်း ဆုံးဖြတ်ထားကြောင်း တွေ့ရှိလျှင် ယင်းဆုံးဖြတ်ချက်ကို စာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်နိုင်သည်။

တရားစီရင်ရေးဆိုင်ရာ အမိန့် မဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပါက အမှုခေါ် စာချွန်တော်ထုတ်ပေးခြင်းမပြုပေ။
***မစ္စ်ဂျေ ၊ အာ(ရ်)၊ ဖရန့်(ချရ်)ပါ (၂) ၊ နှင့် ရန်ကုန်မြို့လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေးဝန် ပါ (၂) ၊ ၁၉၆၂ ၊ မတစ ၊(ရုံးချုပ်) စာ - ၅၄ ***

တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် လုပ်ဆောင်ချက် ( quasi judicial action) တွင် (၁) ဥပဒေအရ လုပ်ပိုင်ခွင့်ရှိရမည်။ (၂)ပြည်သူလူထုအတွက် အခွင့်အ ရေးကို ထိခိုက်သော ပြုလုပ်မှုဖြစ်ရမည်။(၃)တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိရမည် ဟူသော အချက်သုံးချက်တို့ အကျုံးဝင်သည်။
***ဦးထွေးနှင့် ဦးထွန်းအုံး ၊ ၁၉၄၈ ၊ မတစ ၊ စာ-၅၄***

တရားဥပဒေဖြင့် အာဏာအပ်နှင်းထားသော အာဏာပိုင်သည် ထိုတရားဥပေဒအရ တရားရုံးများနှင့် စုံစမ်းစစ်ဆေးပြီး ပြည်သူတို့၏ အခွင့်အရေးများကို ထိခိုက်မည့် ကိစ္စများ နှင့် စပ်လျဉ်း၍ အမိန့်ချမှတ်မှသာလျှင် ထိုအမိန့်သည် ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အမိန့်မျိုးဖြစ်သဖြင့် အမှုခေါ်စာချွန်တော်အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် စီရင်ချက်များသည် (Speaking order) ဖြစ်ပြီး အထင်အရှားမှားယွင်းရန် လိုအပ်သည်။
***မောင်စိုးမောင်နှင့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ပါ(၄)၊ ၁၉၆၂ ၊ မတစ ၊ (ရုံးချုပ်) ၊ စာ-၄၄၄
ဘဂ၀မ်ဒတ်(စ်)  ဟန်နုမာန်ဘတ် နှင့် ဘဏ္ဍာတော်မင်းကြီး ၊ ၁၉၅၇ ၊ မတစ ၊ လွှတ်တော်ချုပ် ၊ စာ-၁ ***

ထို့ပြင် အမှုခေါ် စာချွန်တော်အမိန့်လျှောက်တောင်းရာ၌ လျှောက်ထားသူသည် မိမိပယ်ဖျက်စေလိုသော သက်ဆိုင်ရာ အာဏာပိုင်၏အမိန့်သည် မိမိ၏ အခွင့်အရေးကို ထိခိုက်ကြောင်း
 ( သို့တည်းမဟုတ်) မိမိအားအကျိုးမဲစေကြောင်း ထင်ရှားစွာ ပြသရန် တာဝန်ရှိသည်။

သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၅ မှ ၅၁ ထိပြဌာန်းချက်အရ တရားလွှတ်တော်သို့ အာဏာပေးစာချွန်သဘောရှိသည့် အမိန့်ကို ချမှတ်နိုင်သည့်အာဏာ အပ်နှင်းထား သည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၉၁ တွင်လည်း တရားလွှတ်တော်မှ မိမိ၏ စီရင်ပိုင် ခွင့်နယ်အတွင်း ဥပဒေနှင့် မညီသောနည်းလမ်းမကျသော ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူများအတွက် ရှေ့တော်သွင်း စာချွန်တော်အမိန့်သဘောမျိုးဖြစ်သည့် အမိန့်ကို ထုတ်ဆင့်၍ ဖမ်းဆီးချုပ်နှောင်ထားသူကို ရုံးရှေ့သွင်း စစ်ဆေးရန် သို့တည်းမဟုတ် မတရားသော ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်ကြောင်း ယုံကြည်ပါက ထိုသူအား ဖမ်းဆီးချုပ် နှောင်ထားခြင်းမှ လွှတ်ရန် အမိန့်ချမှတ်သည့် အာဏာအပ်နှင်းထားပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၇၈(ခ) တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာ သည် အခြားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုးသက်ရောက်သည့်အမိန့် ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရဟု ပြဌာန်းထားပါသည်။ 
ထိုကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့် များထုတ်ဆင့်ခွင့်အာဏာသည် သီးခြားသက်သာခွင့်ဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရ တရားလွှတ်တော်သို့ အပ်နှင်းသည့် အာဏာကို ကန့်သတ်ထားခြင်းမရှိ ကြောင်းတွေ့ရှိရသည်။

ပြည်သူတို့၏ မူလအခွင့်အရေးများကို အခြေခံဥပဒေနှင့် အကာအကွယ်ပေးထားသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် အာဏာအရ ပြည်သူတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ထိန်းရာဌာနကြီးဖြစ်သည်။

အထက်တွင်ဖော်ပြသကဲ့သို့ ပြည်သူတို့သည် မိမိတို့၏ အခွင့်အရေးကို ထိပါးလာလျှင် အခြေခံဥပဒေနှင့် အခြားသော တရားဥပဒေတို့က ပြဌာန်းထားရှိသော နည်းလမ်းများ ဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

ဦးတင်ဟုန် (တရားရေး)
တရားရေးဂျာနယ်မှ ထုတ်နှုတ်ဖော်ပြပါသည်။


ဒီမိုကရေစီနိုင်ငံနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုစံများ

   မြတ်မျိုးလတ်


          ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုမိုးမှု (Rule of Law ) သည် လွန်စွာအရေးကြီးကြောင်း ဒီမို ကရေစီနိုင်ငံဆီသို့ ဦးဆောာင်ကာပုံဖော်လျှောက်လှမ်းနေသူများအကြား ပြောဆိုနေကြသည်ကို ကြားရပါသည်။ သို့ရာတွင် တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှု(Independence of Judiciary) မရှိဘဲနှင့် တရားဥပဒေ စိုးမိုးမှု(Rule of Law) ကို ပြည့်ပြည့်၀၀ ပုံဖော်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်လည်း ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိ ပုံဖော်သွန်းထုထားနိုင်သောနိုင်ငံကြီးများမှာ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုရှိအောင် စနစ်တကျစီမံ ဆောင်ရွက် ထားကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။

            ယင်းသို့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုရှိစေရန် စီမံဆောင်ရွက်ကြရာတွင် အဓိကအရေးပါသော လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြလိုပါသည်။ နိုင်ငံတစ်နိုင်ငံ၏တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှု ရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့် အခြေခံစံအချက်(၂၀)ကို ကုလသမဂ္ဂအဖွဲ့ကြီး က ၁၉၈၅- ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံတစ်ခုတွင် ချမှတ်ထားခဲ့ပါသည်။ အဆိုပါညီလာခံမှာ ၁၉၈၅-ခု နှစ်၊ သြဂုတ်လ(၂၆) ရက်နေ့မှ စက်တင်ဘာလ(၆)ရက်အထိ အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်းနှင့် ပြစ်မှုများကို ကြိုတင် ကာကွယ်ခြင်းဆိုင်ရာ ခုနစ်ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ (The Seventh United Nations Congress on Prevention of Crime and the Treatment of Offenders) ပင်ဖြစ်ပါသည်။ ယင်းညီလာခံတွင် ချမှတ်ထားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများလိုက်နာ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အခြေခံလိုအပ်ချက်စံများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

            ၁။ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကို နိုင်ငံတော်က အာမခံရပေးထားရမည်ဖြစ်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း၍ဖြစ်စေ၊ သီးခြားဥပဒေပြဌာန်း၍ဖြစ်စေ ကာကွယ်ပေးရပေမည်။ ထို့အပြင် နိုင်ငံ၏အစိုးရယန္တယားနှင့် အခြားသောအဖွဲ့အစည်းများအားလုံးက တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကိုလေးစား လိုက်နာကြရန် တာဝန်ရှိသည်။

            ၂။ တရားစီရင်ရေးအဖွဲ့အနေဖြင့် အမှုများကြားနာ၍စီရင်ချက်များချမှတ်ရာတွင် အမှုတွင်ပေါ်ပေါက်သော အချက်အလက်များအပေါ်အခြေခံပြီး ပြဌာန်းဥပဒေများနှင့်အညီ မျှမျှတတ သမာသမတ်ကျကျဖြင့် ဆုံးဖြတ်ရမည်။ ထိုသို့ ဆုံးဖြတ်ရာတွင် မည်သည့်အကြောင်းကြောင့်မျှ ၎င်းတို့၏ဆောင်ရွက်မှုအပေါ် တစ်စုံတစ်ရာသော ကန့်သတ် ချက်များ၊ မလျော်သြဇာသုံး၍ လွှမ်းမိုးမှုများ၊ မက်လုံးပေးစည်းရုံးသိမ်းသွင်းမှုများ၊ ဖိအားပေးခြိမ်းခြောက်မှုများ သို့မဟုတ် ၀င်ရောက်စွက်ဖက်မှုများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေမရှိစေရ။

            ၃။ တရားစီရင်ရေးအဖွဲ့တွင် တရားစီရင်ရေးသဘောသက်ရောက်သော ပြဿနာတိုင်းအတွက် စီရင်ပိုင် ခွင့်အာဏာရှိစေရမည်။ ထို့ပြင် ဥပဒေအရအပ်နှင်းထားသော စီရင်ပိုင်ခွင့်အတွင်း တင်ပြလာသောပြဿနာအပေါ် တွင်လည်း သီးခြားစီရင်ဆုံးဖြတ်ခွင့်ရှိစေရမည်။

            ၄။ တရားစီရင်ရေးဆောင်ရွက်မှုတွင် မလျော်ကန်သော အကြောင်းမဲ့ဝင်ရောက် ခြယ်လှယ်မှုများ မရှိစေ ရပါ။ ထို့ပြင် တရားရုံးများ၏စီရင်ဆုံးဖြတ်မှုများသည် ပြင်ဆင်မှုရုံး၏လက်အောက်ခံလည်း မဖြစ်စေရပါ။ ဤမူ သဘောတရားသည် ဥပဒေနှင့်အညီ တရားစီရင်ရေးအဖွဲ့က ပြစ်ဒဏ်သက်ညှာလျှော့ပေါ့ပေးခြင်းနှင့် ပြင်ဆင်မှု ဖွင့်လှစ်ခြင်းတို့ကို ထိခိုက်မှုမရှိစေရ။

            ၅။ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော တရားရုံး၊ ခုံရုံးများတွင် မည်သူမဆို တရားစွဲဆို အရေး ယူ ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို စနစ်တကျ ချမှတ်ဆောင်ရွက်မှု မရှိသော ခုံရုံးများတည်ထောင်ကာ တရားရုံးများ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ ခုံရုံးများနေရာတွင် အစားထိုးနေရာယူ စေခြင်းမျိုးမရှိစေရ။

            ၆။ တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာအခြေခံမူများသည် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊  မျှမျှ တတဆောင်ရွက်ခြင်းနှင့် အမှုသည်များ၏ အခွင့်အရေးများကိုလေးစားခြင်း စသည်တို့အပေါ် အာမခံချက်ပေးနိုင် ရပေမည်။

            ၇။ တရားစီရင်ရေးအဖွဲ့အနေဖြင့် ယင်း၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သောထောက်ပံ့မှုများကို စီမံဆောင်ရွက်ပေးရန် အဖွဲ့ဝင်နိုင်ငံတိုင်း၏ တာဝန်ဖြစ်သည်။  

            ၈။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းနှင့်အညီ တရားစီရင်ရေးဆိုင်ရာအဖွဲ့ဝင်များ သည် အခြားနိုင်ငံသားများနည်းတူ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်ခွင့် ၊ စုဝေးခွင့် စသည့်အခွင့်အရေးများရရှိစေရမည်။ သို့ရာတွင် ယင်းအခြေခံအခွင့်အရေးများကို ကျင့်သုံးကြရာတွင် တရားသူကြီးများသည် မိမိရုံး၏ဂုဏ်သိက္ခာကိုဖြစ်စေ၊ မိမိ၏ သမာသမတ်ကျစွာဆောင်ရွက်မှု ကိုဖြစ်စေ၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ ထိခိုက်စေနိုင် သောအပြုအမူမျိုးကို သတိပြုရှောင်ကြဉ် ကြရမည်။

            ၉။ တရားသူကြီးများသည် မိမိတို့၏အရည်အသွေး တိုးတက်ရာတိုးတက်ကြောင်းအတွက် ဖြစ်စေ၊ တရား စီရင်ရေးဆိုင်ရာလွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်စေ တရားသူကြီးအဖွဲ့အစည်းများ သို့မဟုတ် မိမိ တို့စိတ်ပါဝင်စားသော အခြားသောအသင်းအဖွဲ့များတွင် လွတ်လပ်စွာပါဝင်ခွင့် သို့မဟုတ် မိမိကိုယ်တိုင် လွတ်လပ် စွာ ဖွဲ့စည်းခွင့်ရှိစေရမည်။

            ၁၀။ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းအတွက် ရွေးချယ်ထားသူများသည် တစ်ဦးချင်းဆိုင်ရာ ဂုဏ်သိက္ခာ နှင့် အရည်အသွေးတို့ရှိနေရမည့်အပြင် ဥပဒေနယ်ပယ်တွင် လိုအပ်သောလေ့လာသင်ယူ တတ်မြောက်မှု သို့မဟုတ် ထူးချွန်မှုများရှိရန်လိုအပ်သည်။ တရားသူကြီးများကိုရွေးချယ်ခန့်အပ်ရာတွင် မည်သည့်နည်းစနစ်ကိုကျင့်သုံးသည် ဖြစ်စေ မရိုးမသားရွေးချယ်ခန့်အပ်မှုများမရှိရလေအောင် ကာကွယ်မှုပေးနိုင်ရမည်။ ထိုသို့ ရွေးချယ်ကြရာတွင် မိမိ နိုင်ငံသားဖြစ်ရမည့်လိုအပ်ချက်မှအပ ကျား၊မ၊ လူမျိုး၊ အသွေး အရောင်၊ဘာသာ ကိုးကွယ်မှု ၊ နိုင်ငံရေး သို့မဟုတ် အခြားအမြင်၊ ဆင်းရဲချမ်းသာ၊ မွေးဖွားမှုနှင့် အဆင့်အတန်း စသည်တို့အပေါ် ခွဲခြား ရွေးချယ်မှုမရှိစေရ။

            ၁၁။ တရားသူကြီးတစ်ဦး၏ တာဝန်ထမ်းဆောင်မှုသက်တမ်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ လုံလောက်သော လုပ်ခလစာ၊ လျော်ညီသော တာဝန်ထမ်းဆောင်ရမှုအဆင့်အတန်း၊ ပင်စင်ခံစားခွင့်နှင့် တာဝန်မှအနားယူရမည့် ကာလတို့ကို ဥပဒေဖြင့် သတ်မှတ်ပြဌာန်းပေးရမည်။

            ၁၂။ ခန့်အပ်တာဝန်ပေးထားသော တရားသူကြီးတွင်ဖြစ်စေ၊ ရွေးချယ်တင်မြှောက်ထားသော တရား သူကြီးတွင်ဖြစ်စေ ဥပဒေအရ ပင်စင်ယူသည့်ကာလအထိ သို့မဟုတ် တာဝန်ထမ်းဆောင်ရမည့်ကာလ ကုန်ဆုံး သည်အထိ ၄င်းတို့အတွက် အာမခံချက်ရှိသော ကာလသက်တမ်းတစ်ခုရှိနေစေရမည်။

            ၁၃။ တရားသူကြီးများအား ရာထူးတိုးမြှင့်ရာတွင် ၄င်းတို့တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်စသည့် ဓမ္မဒိဌာန်ကျသော အချက်အလက်များအပေါ်အခြေခံကာ စဉ်းစားရမည်။

            ၁၄။တရားသူကြီးတစ်ဦးအား အမှုများစစ်ဆေးစီရင်ရန် တာဝန်ပေးအပ်မှုသည် ယင်းတာဝန် ထမ်းဆောင် ရာတရားရုံး၏ တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်သက်သက်မျှသာဖြစ်သည်။

            ၁၅။ တရားစီရင်ရေးအဖွဲ့သည် အများပြည်သူနှင့်ပတ်သက်သောဆောင်ရွက်ချက်မျိုးမှအပ လုပ်ငန်း ဆောင်ရွက်မှုပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်လုံခြုံမှု ဆိုင်ရာကိစ္စရပ်များတွင် စောင့်စည်း ထိန်းသိမ်းရန်တာဝန်ရှိသည်။ ထိုကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်၍ ၄င်းတို့အား အတင်းအကျပ် ထွက်ဆို စေခြင်းမျိုးမပြုလုပ်ရ။

            ၁၆။ တရားသူကြီးများသည် ၄င်းတို့၏တရားစီရင်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မှားယွင်းဆောင်ရွက်မှုများ သို့မဟုတ် ပျက်ကွက်မှုများအတွက် တရားမမှုစွဲဆိုကာ နစ်နာကြေး တောင်းဆိုခြင်းမှ ကင်းလွတ်ခွင့်ရထိုက်သည်။ သို့ရာတွင် ထိုအချက်ကြောင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ သိုမဟုတ် အယူခံဝင်ရောက်ခွင့် ၊ ဥပဒေအရ နိုင်ငံတော်အပေါ် နစ်နာကြေး တောင်းဆိုနိုင်ခွင့်စသော အခွင့် အရေးများကို မထိခိုက်စေရ။  

            ၁၇။ တရားသူကြီးတစ်ဦးအပေါ် ၄င်း၏လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဆောင်ရွက်မှုနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်တိုင်တန်းမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက သင့်တော်သောလုပ်ထုံးလုပ်နည်းနှင့်အညီ မျှမျှတတနှင့် လျှင်မြန်စွာ စုံစမ်းစစ်ဆေးရမည်။ ထိုသို့စုံစမ်းစစ်ဆေးရာတွင် မျှတသောကြားနားမှုရှိရမည်။ ပဏာမစုံစမ်းစစ်ဆေး ဆောင်ရွက်မှုပြုရာတွင် ကာယကံရှင်တရားသူကြီးက တောင်းဆိုမှုမပြုစေကာမူ လျှို့ဝှက်စွာ ဆောင်ရွက်ရမည်။

            ၁၈။ တရားသူကြီးများအပေါ် ၄င်းတို့၏တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အရည် အချင်းပျက်ယွင်းခြင်း သို့မဟုတ် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့်တော်သောအပြုအမူကို ပြုမူ ဆောင်ရွက် ခြင်းကိစ္စများအတွက်သာ တာဝန်မှရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကိုဆောင်ရွက်ရမည်။

            ၁၉။  တရားသူကြီးများအပေါ် အရေးယူခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်းနှင့် အလုပ်မှရပ်စဲခြင်းကိစ္စများကို တရားစီရင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပေါ်အခြေခံ၍သာ ဆုံးဖြတ်ရမည်။

            ၂၀။ ထိုသို့သော အရေးယူခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း နှင့် အလုပ်မှရပ်စဲခြင်း ဆိုင်ရာဆုံးဖြတ် ချက်များ နှင့်ပတ်သက်၍  လွတ်လပ်စွာပြန်လည်သုံးသပ်ခွင့်ရှိစေရမည်။ ဤမူသဘောတရားကို အမြင့်ဆုံးတရားရုံးတွင် တာဝန်ထမ်းဆောင်သော တရားသူကြီးများနှင့် ဥပဒေပြုအဖွဲ့ကြား စွပ်စွဲပြစ်တင်ခြင်းကိစ္စရပ်များ သို့မဟုတ် အလား တူကိစ္စရပ်များတွင် အသုံးမပြုနိုင်။

            အထက်ဖော်ပြပါ အခြေခံလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုသည် နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကို တိုင်းတာနိုင်သောစံများပင်ဖြစ်ပေသည်။ တရားဥပဒေစိုးမိုးရေးရှိစေရန် အတွက် အရေးပါသည့်လိုအပ်ချက်တစ်ရပ်ဖြစ်သော တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အထက်ဖော်ပြပါ အခြေခံလိုအပ်များကို အသေးစိတ်စီမံကိန်းချမှတ် ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ပေသည်။
              မြတ်မျိုးလတ်(တရားရေး)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...