Friday, March 31, 2017

တရားနိုင်သည် ဒီကရီကျငွေဖြင့် ရောင်းချသည့်ပစ္စည်းကို ခုနှိမ်ဝယ်ယူ ခွင့်ပြုရန် လေလံတင်ရောင်းချပြီးနောက်တွင်မှတရားရုံးသို့ လျှောက်ထားရန်ဖြစ်သလား(သို့မဟုတ်) လေလံတင်ရောင်းချခြင်းမပြုမီတရားရုံးသို့ လျှောက်ထားရန် ဖြစ်သလား ။

တရားနိုင်သည် ဒီကရီကျငွေဖြင့် ရောင်းချသည့်ပစ္စည်းကို ခုနှိမ်ဝယ်ယူ ခွင့်ပြုရန် လေလံတင်ရောင်းချပြီးနောက်တွင်မှတရားရုံးသို့ လျှောက်ထားရန်ဖြစ်သလား(သို့မဟုတ်) လေလံတင်ရောင်းချခြင်းမပြုမီတရားရုံးသို့ လျှောက်ထားရန် ဖြစ်သလား ။

တရားရုံးများတွင်ဆောင်ရွက်လျက်ရှိသော လုပ်ထုံးကိုလေ့လာကြည့်ရာ တရားနိုင်သည် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၇၂ အရ ဒီကရီကျငွေဖြင့်ခုနှိမ်ဝယ်ယူခွင့်ပြုရန် တရားရုံးတွင် တင်ပြလျှာက်ထားပြီး တရားရုံး၏  ခွင့်ပြုသည့် အမိန့်ရရှိမှသာ လေလံတင်ရောင်းချရာတွင် ၀င်ရောက်လေလံဆွဲ ၀ယ်ယူကြသည်ကို တွေ့ရပါသည်။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မောင်မျိုး ။    ။ ကျင့်ထုံးပုဒ်မ ၄၃၆ အရ  further inquiry နဲ့ပတ်သက်ပြီး ဦးခင်မောင်ပါ၃ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
 မြန်မာနိုင်ငံ တော်ပါ၂ (၁၉၈၃၊မတစ၊ စာ - ၈၂ )မှာ

မူလရုံးက ဆက်လက်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ညွှန်ပြ၍ "ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ အမှုကို ဆက်လက်စုံစမ်း  စစ်ဆေးရန်" ဟူ၍သာ အမိန့်ချနိုင်တယ်လို့

ညွှန်ပြထားတာ အစ်ကိုတစ်ခါပြောဖူးလို့
မှတ်သားဖူးပါတယ်။ ကျင့်ထုံးပုဒ်မ ၄၃၆ နှင့်ပတ်သက်ပြီး သတိပြုရမည့်  ကျန် လုပ်ထုံးလေးတွေရှင်းပြပါဦးအကို။

တားဝရမ်းဒီကရီကို အတည်ပြုခြင်း

တားဝရမ်းဒီကရီကို အတည်ပြု ခြင်း
xxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၁) အရ တားဝရမ်းဒီကရီ ချမှတ်ခြင်းခံရသူသည် ယင်းဒီကရီကို လိုက်နာရန် အခွင့်အလမ်းရှိပါလျက် တမင် ပျက်ကွက်လျှင် အောက်ပါအတိုင်း ဒီကရီကို အတည်ပြုနိုင်ပါသည်။

(၁) ၄င်းအား တရားမထောင်ချထားခြင်းဖြင့်ဖြစ်စေ၊
(၂) ၄င်း၏ပစ္စည်းကို ၀ရမ်းကပ်ခြင်းဖြင့်ဖြစ်စေ၊
(၃) အထက်ပါ နည်း(၂)နည်းလုံးကို ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ။

တားဝရမ်းဒီကရီချမှတ်ခြင်းခံရသူသည် ကော်ပိုရေးရှင်းဖြစ်လျှင် တရားမကျင့် ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၃၂(၂)အရ အောက်ပါအတိုင်း အတည်ပြုနိုင်ပါ သည်။

ဆန္ဒပြခြင်းဖြင့် တရားရုံး၏အမိန့်ကို ပြောင်းလဲနိုင်သလော။

ဆန္ဒပြခြင်းဖြင့် တရားရုံး၏အမိန့်ကို ပြောင်းလဲနိုင်သလော
*************************************
ပြေလွင်မြင့်
*******

အမှုနိုင်သူနှင့် အမှုရှုံးသူတို့အားလုံးသည် ပြည်သူများချည်းသာဖြစ်သဖြင့် ဥပဒေကပေးသော အခွင့်အရေးကို ညီတူညီမျှ အပြည့်အဝရရှိစေရန် တရားရုံးက ဆောင်ရွက်ပေးရကြောင်း ၊ တရားရုံးအဆင့်ဆင့် အတည်ဖြစ် လျက်ရှိသော ဒီကရီကို ယင်းဒီကရီအတည်ဖြစ်နေသမျှ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် မိမိတို့၌ တာဝန်ရှိကြောင်း၊ လူစု လူဝေးနှင့် ဆန္ဒထုတ်ဖော်ခြင်းဖြင့် တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ကြောင်း ညောင်လေးပင်မြို့နယ်တရားသူကြီး ဒေါ်လွင်လွင်ဌေးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားလိုက်သည်။



အခွင့်အမိန့်ဖြင့် အခမဲ့ထားသူအား ဖယ်ရှားနှင်ထုတ်ပေးရန် စွဲဆိုမှုတွင် အယူခံရုံးအဆင့်ဆင့်အထိ အနိုင်ရရှိထားသောဒီကရီအတိုင်း တရားရှုံး များအား အချင်းဖြစ်ဥပစာပေါ်မှ ဖယ်ရှား၍ တရားနိုင်သို့  လက်ရောက် ပေးအပ်ရန် ဝရမ်း(Delivery Warrant)အား အတည်ပြုနိုင်ရန်အတွက် မြို့နယ်တရားရုံး ဘိလစ်က သွားရောက်ခဲ့ရာ တရားရှုံး ရှိနေသောနေအိမ် ခြံဝင်းထဲ၌ သတင်းမီဒီယာဟုဆိုသောသူ သုံးဦးအပါအဝင် လူ ၅၀ ခန့် စုဝေးရောက်ရှိနေပြီး ဝရမ်းကိုဖတ်ပြကာ တစ်နာရီခန့် အချိန်ပေးခဲ့သော်လည်း အချင်းဖြစ်ဥပစာမှ ဖယ်ရှားပေးရန် ငြင်းဆန်ခဲ့ကြောင်းနှင့် ရက် အနည်းငယ်အတွင်း အဆိုပါလူစုလူဝေးက မြို့နယ်တရားရုံးရှေ့သို့ လာရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ပုဂ္ဂိလကသတင်းစာအချို့တွင် ဖတ်ရှုခဲ့ရပြီးနောက် ဒီဗွီဘီက မြို့နယ်တရားသူကြီးဒေါ်လွင်လွင်ဌေးကို တွေ့ ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း တရားရုံး၏ ဒီကရီကို အတည်ပြုရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဆန့်ကျင်ခုခံသူတို့က ခရိုင်တရားရုံးတစ်ရုံး ရှေ့သို့လာရောက်၍ ဆန္ဒထုတ်ဖော်ခဲ့သည့် လူစုလူဝေး၏နောက်တွင် ကျွန်တော်ရောက်ရှိနေခဲ့သည်။

ဘိုးဘပိုင်မြေပေါ်၌ ကျူးကျော်နေထိုင်သူတို့အား ဖယ်ရှားနှင်ထုတ်ပေး ရန် စွဲဆိုမှုတွင် အမြင့်ဆုံးတရားရုံးအထိ နှစ်ဖက်ဆိုင်ပြိုင်ကြပြီးနောက် ရှုံးနိမ့်ခဲ့သောအမှုသည်များက ဖယ်ရှားမပေးလိုသဖြင့် တရားရုံးရှေ့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူတို့ဘက်က ကြွေးကြော်သံများတွင် "တရားဥပဒေစိုးမိုးရေး-တို့အရေး" "တရားရုံး အထက်တွင် မည်သူမျှမရှိစေရေး - တို့အရေး" ဆိုသောအချက်များ ပါရှိသည်။

**********************
တရားမမှုဆိုသည်မှာ သာမန်အားဖြင့် ပြည်သူအချင်းချင်းအငြင်းပွားသော အမှုများဖြစ်ပြီး တရားရုံး၏ပြင်ပတွင် ဖြေရှင်း၍ ပြေလည်မှုမရရှိတော့ သည့်အခါ ၄င်းတို့၏အငြင်းပွားမှုကို တရားရုံးက ဖြေရှင်းဆုံးဖြတ်ပေးပါ ရန် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ရုံးခွန်တော် ထမ်းဆောင်ပြီးမှ စွဲဆို ဆိုင်ပြိုင်ရသောအမှုမျိုးဖြစ်ပါသည်။ တရားမကြီးမှုတွင် နှစ်ဖက်အမှုသည် တို့သည် (အများအားဖြင့်) ကျွမ်းကျင်သောရှေ့နေရှေ့ရပ်များကို ငှားရမ်း လေ့ရှိပြီး တရားရုံး၏အပြီးသတ်အမိန့်မဟုတ်သည့် ကြားဖြတ်အမိန့်များ ကိုပင်လျှင် အထက်ရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုများ တက်ရောက်လေ့ ရှိပါသည်။ အပြီးသတ်အမိန့်များကိုလည်း ဥပဒေကခွင့်ပြုသည့်လုပ်ထုံး နည်းနာများအတိုင်း အယူခံရုံးအဆင့်ဆင့်တက်ရောက်ပြီးမှ တရားမကြီးမှုပြီးပြတ်ပါသည်။

နှစ်ဖက်အမှုသည်တို့သည် ကျင့်ထုံးဥပဒေကခွင့်ပြုသမျှ တရားရုံးအဆင့် ဆင့်ဆိုင်ပြိုင်ပြီးသောအခါတွင် "တရားနိုင်" "တရားရှုံး"ဟူ၍ ပေါ်ပေါက် လာပါသည်။ တရားနိုင်သည် ၄င်းဆိုင်ပြိုင်ခဲ့သည့်အမှု အနိုင်ရရှိသည့် အခါယင်းဒီကရီ၏အကျိုးသက်ရောက်မှုကို ခံစားခွင့်မရသေးပါ။ အနိုင် ဒီကရီပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တရားရုံးသို့ အမှုတစ်မှု ထပ်မံလျှောက်ထားရပါသေးသည်။

ဒီကရီတွင် ဖော်ပြသည့် သက်သာခွင့်ကို အကောင်အထည်ဖော်ပေးရန် အတွက် တရားရုံးသို့ ထပ်မံလျှောက်ထားသည့်အမှုကို "ဇာရီမှု(သို့မဟုတ်) တရားမဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မှု" ဟုခေါ်ပါသည်။

ယခုအခါ "တရားဥပဒေစိုးမိုးရေး" "တရားရုံး၏အထက်တွင် မည်သူ မျှမရှိစေရေး" စသည်ဖြင့် ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ပြသနေသော လူစုလူဝေးများမှာ ဥပဒေကခွင့်ပြုထားသည့်အတိုင်း တရားရုံးအဆင့် ဆင့် နှစ်ဖက်ဆိုင်ပြိုင်၍ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီကရီပါအတိုင်း ဥပဒေနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဇာရီမှုအသီးသီးတွင် ရှုံးနိမ့်သူတို့ဘက်က တရားရုံး၏အမိန့်ကို ဆန့်ကျင်ပြုလုပ်နေသော အစုအဝေးမျှသာဖြစ်ပါသည်။

အငြင်းပွားသည့် ဥပစာတွင် ကျူးကျော်နေထိုင်သူတို့အား လည်းကောင်း ၊ (တရားလို၏) အခွင့်အမိန့်ဖြင့် အခမဲ့နေထိုင်သူတို့အားလည်းကောင်း ဖယ်ရှားနှင်ထုတ်ပေးရန် စွဲဆိုသောအမှု၌ ဥပဒေအရဆိုင်ပြိုင်၍ အမှု ရှုံးနိမ့်ခဲ့သောသူတို့သည် ယင်းဥပစာမှ ဖယ်ရှားပေးရန် တာဝန်ရှိမည် မှာယုံမှားဖွယ်မရှိပါ။(ဒီကရီကို လိုက်နာရန် တာဝန်ရှိသူများဟု ဥပဒေက ဆိုပါသည်။) တရားရုံးအဆင့်ဆင့်၌ အမှုရှုံးနိမ့်သွားသည့်အခါ တရားနိုင် ကဖွင့်လှစ်သည့် 'ဇာရီမှု'တွင် အပ်ဝရမ်း(Delivery Warrant) ထုတ်ဆင့်သည်ကိုပင်လျှင် စောင့်ဆိုင်းခြင်းမပြုဘဲ ဖယ်ရှားပေးခဲ့သော သူတို့များစွာရှိခဲ့ပါသည်။ ဥပဒေကို လေးစားလိုက်နာ၍ တရားသဖြင့် ဆိုင်ပြိုင်မှု၏ အရှုံးရလဒ်ကို ကျေကျေနပ်နပ်လက်ခံခဲ့သည့် နိုင်ငံသား ကောင်းပီသသူတို့ များစွာရှိခဲ့ပါသည်။

ဇာရီမှုများ ရှုပ်ထွေးတတ်ပါသည်။ သို့သော် ဇာရီမှုတိုင်း ရှုပ်ထွေးသည် တော့ဖြင့် မဟုတ်ပါ။ ဥပမာ- လက်ရောက်ပေးအပ်ခြင်းကို ခုခံတားဆီးသူက တရားရှုံးပိုင်ပစ္စည်းမဟုတ်ဘဲ မိမိပိုင်အဖြစ် သဘောရိုးဖြင့် လက်ရှိ ထားကြောင်း တရားရုံးကျေနပ်အောင် သက်သေပြနိုင်သည့် ပြဌာန်း ချက်မျိုးရှိပါသည်။ ယင်းမှာ တရားရှုံး၏သွေးထိုးပေးမှုအရ ခုခံတားဆီး ခြင်း သို့မဟုတ် ဆန္ဒပြခြင်းနှင့်မတူပါ။(ရှုပ်ထွေးမည်စိုး၍ ယင်းကိုခြွင်းချက် အဖြစ်ချန်ခဲ့ပါမည်။) အများပြည်သူဖတ်ရန် ရည်ရွယ်သည့် ဤဆောင်းပါးတွင် ဥပဒေပြဌာန်းချက်ကို မဖော်ပြလိုပါ။ သို့သော် မလွှဲမရှောင်သာသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်းဥပဒေ ၉၈ ကိုဖော်ပြလိုက်ပါမည်။

''တရားရှုံးကဖြစ်စေ၊ ၄င်းတရားရှုံး၏သွေးထိုးပေးချက်အရ သို့မဟုတ် တရားရှုံးကိုယ်စား အခြားသူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ တရားမျှတ သောအကြောင်းမရှိဘဲ ခုခံတားဆီးဟန့်တားကြောင်း ကျေနပ်လျှင် တရားရုံးသည် လျှောက်ထားသူသို့ ပစ္စည်းလက်ရောက်ပေးအပ်ရန် ညွှန်ကြားရမည်။ ထို့ပြင် လျှောက်ထားသူသည် ယင်းပစ္စည်းကို လက်ရောက်ရယူရာတွင် ခုခံတားဆီးခံနေရသေးလျှင် တရားရုံးသည် လျှောက်ထားသူ၏တင်ပြချက်အရသော်လည်းကောင်း၊ မိမိ၏သဘော အလျောက်သော်လည်းကောင်း၊ တရားရှုံးကို သို့မဟုတ် တရားရှုံး၏ သွေးထိုးပေးချက်အရဖြစ်စေ၊ တရားရှုံးကိုယ်စားဖြစ်စေ၊ ဆောင်ရွက်သူကို ရက်ပေါင်း ၃၀ အထိ တရားမထောင်တွင် အကျဉ်းချထားရန် အမိန့်ချနိုင်သည်။"

တရားရုံး၏အမိန့်ဒီကရီကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းသည် တရားရုံး၏အကျိုးအလို့ငှာ မဟုတ်ပါ။ ဥပဒေအရ သတ်မှတ်ထားသည့် ရုံးခွန်တော်ကိုထမ်းဆောင်၍ အမှုဆိုင်ပြိုင်အနိုင်ရရှိခဲ့သော တရားနိုင်၏ သက်သာခွင့်ကို ရရှိစေရန် တရားရုံးက တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်ပေးရခြင်းမျှသာ ဖြစ်ပါသည်။

တရားရုံးတစ်ခုခု၏အမိန့်ဒီကရီသည် ဥပဒေအရ မှန်ကန်မျှတခြင်း မရှိဟု ယူဆသဖြင့် အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံမှု၊ ပြင်ဆင်မှုများ လည်း တက်ရောက်ခဲ့ပြီးဖြစ်သည်။ ရှုံးလည်း ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ယင်းအမိန့် သို့မဟုတ် မိမိတို့ရှုံးနိမ့်ခဲ့သော ရလဒ်ကို ကျေကျေနပ်နပ် လက်ခံလိုက်မည်ဆိုပါက မိမိတို့ကြွေးကြော်သံတွင် ပါရှိသကဲ့သို့ တရားဥပဒေစိုးမိုးရေးကို လက်ခံရာရောက်မည်။ မည်သည့်အစိုးရ လက်ထက်တွင်မဆို လက်ခံရမှာဘဲဖြစ်သည်။ အကြိမ်ကြိမ်ဆိုင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်သောအခါတွင်မှ အရှုံးကို လက်မခံ၊ ဆန့်ကျင်ခြင်း၊ လူစုလူဝေးဖြင့် ဆန္ဒပြနေခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်ရာရောက်သည်။

ဤသည်ကို နားလည်ဖို့ရာ ဥပဒေပညာတတ်ကျွမ်းဖို့မလိုပါ။ နိုင်ငံသား ကောင်းပီသဖို့ပဲ လိုပါသည်။ တရားဥပဒေစိုးမိုးရေး၏ လက္ခဏာတစ်ခု မှာ တရားဥပဒေ၏ရှေ့မှောက်တွင် မည်သူမဆိုတန်းတူညီမျှရှိရေးဖြစ် သည်။ တရားရှုံးသည် ပြည်သူဖြစ်သကဲ့သို့ တရားနိုင်လည်း ပြည်သူ ဖြစ် သည်။ "ပြည်သူ" ဟူသောစကားလုံးကို တရားရှုံးအမှုသည်များက မိမိတို့ လူစုလူဝေးဖြင့် မောင်ပိုင်စီးထား၍ မရနိုင်ချေ။ လူစုလူဝေးတိုင်းသာ အမှန်ဖြစ်မည်ဆိုပါက မည်သည့်အမှုကိုမျှ ဥပဒေပညာရှင် ရှေ့နေရှေ့ရပ်များကို အခကြေးငွေဖြင့် ငှားရမ်း၍အမှုဆိုင်ပြိုင်ရန် လိုမည် မဟုတ်ချေ။
လူစုလူဝေးကို ငှားရမ်းရုံသာ ရှိပေလိမ့်မည်။

တရားရုံးသည် မိမိအတည်ပြုရမည့် သို့မဟုတ် မိမိအကောင်အထည်ဖော် ပေးရမည့် အမိန့်ဒီကရီတစ်ခုကို လူစုလူဝေးဖြင့် ဆန့်ကျင်ကန့်ကွက် သည်ဆိုသောအကြောင်းကြောင့် ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ ရပ်စဲထားနိုင်မည်မဟုတ်ချေ။

အမိန့်ဒီကရီအတည်ဖြစ်နေသေးသမျှ ဒီကရီအတိုင်း အကောင်အထည် ဖော်ပေးရန်မှာ တရားရုံး၏တာဝန်ဖြစ်သည်။ ငွေများ တရားနိုင်ဟူ၍ ပြောလေ့ရှိသည်။ လူများတရားနိုင်ဟူ၍လည်း ဖြစ်ထိုက်သည် မဟုတ်ချေ။ သို့ဖြစ်ရာ တရားရုံး၏အမိန့် သို့မဟုတ် ဒီကရီတစ်ရပ်ကို လူစုလူဝေးနှင့် ဆန္ဒပြခြင်းဖြင့် မပြောင်းလဲနိုင်သည်မှာ သေချာလှပါသည်။

  **********************
လွန်ခဲ့သော နှစ်လ၊ သုံးလခန့်က မြန်မာပြည်အလယ်ပိုင်းရှိ မြို့နယ်တစ်ခုတွင် တရားရုံးဘိလစ်(အမျိုးသမီး)တစ်ဦးက အပ်ဝရမ်းဆောင်ရွက်သည် ကို ကိုယ်ထိလက်ရောက်ကြမ်းတမ်းစွာ ခုခံတိုက်ခိုက်သော ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့လိုက်ရသည်။ တရားရုံး၏အမိန့်အရ ဖယ်ရှားပေးရမည့်နေအိမ်ဥပစာမှ အမျိုးသမီးက ဘောင်းဘီအသင့် ဝတ် ထားသည်။ တရားရုံးဘိလစ်နှင့်အဖွဲ့တွင်လည်း လုံခြုံရေးလိုက်ပါသည့် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များပါသည်။ ဘောင်းဘီဝတ်အမျိုးသမီးသည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များရှေ့မှောက်၌ပင်လျှင် ဘိလစ်အမျိုးသမီးကို ဆံပင်ဆွဲ၍ လုံးထွေးသတ်ပုတ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ၄င်း၏တယ်လီ ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ယူနေသည်။ မြင်ကွင်းက တော်တော်ဝမ်းနည်းစရာ ကောင်းသည်။

ဒီမိုကရေစီဆိုသည်မှာ မင်းမဲ့စရိုက်မဟုတ်သည်ကို လူအတော်များများက သင်ယူဖို့ လိုဦးမည်ထင်ပါသည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာရယူ ပြီးသည်အထိ မြစ်ဝကျွန်းပေါ်ဒေသ၌ နှစ်ရှည်လများ အပ်ဝရမ်းအတည် ပြု၍ မရနိုင်ခဲ့သောဇာရီမှုများ ရှိခဲ့သည်။ ဇာရီမှုတစ်မှုတွင် အပ်ဝရမ်း အတည်ပြုမည်ဟု တရားရုံးဘိလစ်က သတိပေးထားသည့်နေ့ရက်တိုင်းတွင် ယင်းအိမ်၌ ဘာသာရေး(ဘာသာခြား)အခမ်းအနား တစ်ခု ပြုလုပ်နေတတ်စမြဲဖြစ်၍ အတည်မပြုနိုင်ဘဲ ကြန့်ကြာနေခဲ့သည်။ ကြန့်ကြာနေ သောအမှုများ တင်ပြပါဟု ဆိုသဖြင့် တင်ပြခဲ့ရာ စစ်တိုင်းမှူးက တပ်စိပ် တစ်စိပ် စေလွှတ်ပေးသည်။

ဖယ်ရှားပေးရမည့်အိမ်၌ ထိုနေ့ကလည်း ဘာသာရေးအခမ်းအနားလုပ်နေ ခဲ့ပြန်သည်။ သို့သော် စစ်ဖိနပ်သံနှင့် မောင်းထိုးသံများ ကြားသောအခါ လူစုလူဝေးမှာ ဝရုန်းသုန်းကား ဆင်းပြေးသွားတော့သည်။ အပ်ဝရမ်း အတည်ပြုမှုပြီးမြောက်ခဲ့သည်။

တရားစီရင်ရေးအာဏာဆိုသည်မှာ အချုပ်အခြာအာဏာ၏အစိတ်အပိုင်း တစ်ခုပဲဖြစ်သည်။ တရားရုံးက အတည်ပြုဆောင်ရွက်ပေးရမည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းက ကူညီဆောင်ရွက်ပေးရမည်။ ပြည်သူတို့က လိုက်နာဖို့ တာဝန်ရှိသည်။

ကျွန်တော်တို့ လိုချင်တာကို တရားသဖြင့်ဖြစ်သော နည်းလမ်းဖြင့်ရခွင့် ရှိပါသည်။ သို့သော် မည်သည်ကို လိုချင်သလဲဆိုသည်ကတော့ဖြင့် ကျွန်တော်တို့ ပြည်သူ၏ အရည်အချင်းနှင့် ကျွန်တော်တို့ပြည်သူ၏ ရွေးချယ်မှုပဲဖြစ်ပါသည်။

ပြေလွင်မြင့်

(၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ စံတော်ချိန် နေ့စဉ်သတင်းစာပါ ဆောင်းပါးအား အများပြည်သူအကျိုးငှာ ပြန်လည်ကူးယူဖော်ပြပါသည်။)


ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၂)

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၂)
xxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမထောင်ချရန်သင့်မသင့် စုံစမ်းစစ်ဆေးပုံအဆင့်ဆင့်
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

(က)  ငွေပေးဆပ်ရန်ဒီကရီကိုသာ စုံစမ်းစစ်ဆေးရန် လိုအပ်ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၁ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်အရ ဒီကရီမှာ ငွေပေး ဆပ်အတွက်ဖြစ်လျှင် တရားရှုံးအား မည်သည့်အတွက်ကြောင့်အကျဉ်းထောင်သို့ မပို့ ထိုက်ကြောင်း အကြောင်းပြထုချေစေရန် အခွင့်အရေးမပေးဘဲနှင့်လည်းကောင်း၊ ပုဒ်မ ၅၁ ခြွင်းချက် (က) မှ (ဂ) အထိပါ အခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း တရားရုံးအနေ ဖြင့် ကျေနပ်မှုမရှိဘဲနှင့်လည်းကောင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားစေခြင်းဖြင့် ဒီကရီအတည်ပြုရန် အမိန့်ချမှတ်ခြင်းမပြုရပါ။

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း (၁)

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချခြင်း  (၁)
xxxxxxxxxxxxxxxxxxxxxxxxxxx

ဇာရီပြုရာတွင် တရားရှုံးကို တရားမထောင်ချထားရာ၌ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၅၁(ဂ)၊ ၅၁ ခြွင်းချက်၊ ၅၅၊ ၅၇၊ ၅၈၊ ၅၉၊ အမိန့် ၂၁၊ နည်းဥပဒေ ၃၇ မှ ၄၀ အထိ နှင့် တရားရုံးများလက်စွဲအပိုဒ် ၂၆၇ မှ ၂၈၁ အထိပါ ပြဋ္ဌာန်းချက်များကို      လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

တရားမထောင်ချထားနိုင်သော ဒီကရီအမျိုးအစားများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဇာရီပြုရာတွင် တရားနိုင်သည် မိမိရရှိသောဒီကရီအမျိုးအစားအပေါ်မူတည်၍ တရားရှုံးအား တရားမထောင်ချထားပေးရန် လျှောက်ထားနိုင်ပါသည်။ တရားရုံးသည် တရားရှုံးကို ဖမ်းဆီး၍ချုပ်နှောင်ထားရန် ပုဒ်မ ၅၁(ဂ) အရ အမိန့်ချမှတ်နိုင်ပါသည်။

Appointed နှင့် Elected

Appointed နှင့် Elected
==============

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံတို့သည် လူများစုမဲဆန္ဒကို
အခြေတည်ထားသော နိုင်ငံရေစနစ်မျိုးဖြစ်ရာ

Elected ဟုဆိုသည့် ပြည်သူ့ ကိုယ်စားလှယ်များသည် Appointed ဟူဆိုသော တရားသူကြီးများထက် ပို၍ တရားဝင်မှု Legitimacy ရှိနေသည်ကား မငြင်းသာပေ။

သို့ရာတွင်.....
ဒီမိုကရေစီ ဟူသည်အဘယ်နည်း။?
အဘယ့်ကြောင့် ဒီမိုကရေစီကို ကျင့်သုံးကြသနည်း။?
ဟူသော မေးခွန်းများကို လေးလေးနက်နက်တွေးတောဖြေဆိုပါက....



 Appointed နှင့် Elected တို့သည် ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက်
တန်းတူတန်းမျှဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

လူတို့သည်တရားမျှတမှုကိုလိုလားကြသည်။
လူသားတို့သည် အဘယ့်ကြောင့် ဒီမိုကရေစီစနစ်ကို လိုလားကြပါသနည်း။?

လူစုလူဝေးဖြင့် တစ်ဘက်သားကို အနိုင်ကျင့်ရန်တော့မဖြစ်တန်ရာ။
မိမိတို့နေထိုင်ရာ လူ့အဖွဲ့အစည်းတွင် တရားမျှတမှု Justice ကိုဖေါ်ဆောင်ရန်သာဖြစ်သည်။

မိမိ၏ အလုပ်အကိုင်၊ အတွေးအကြံ၊ အပြုအမူများသည် တရားနည်းလမ်းကျ မှန်ကန်နေပါလျှက် မိမိကို ထောက်ခံသူပါးရှားသောကြောင့် မလိုအားအပ်သော ဆုံးရှုံးမှုများ ဖြစ်ရသည်ဆိုသည့် အခြေအနေသည်
တရားမျှတမှု Justice ရှိသော အခြေအနေ မဟုတ်နိုင်ပါ။.....

တဖန် ....
အမှန်တရားတို့သည် မဲမများပါက မျက်နှာသာမရသော စနစ်ကို ဒီမိုကရေစီဟုမခေါ်နိုင်ပါ။ ......

ဆိုရလျှင်..
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်းသည် "တရားမျှတသောဥပဒေများအောက်တွင်ရှိနေပြီး မိမိတို့ဆောင်ရွက်ချက်တိုင်းသည် ဥပဒေနှင့် အညီဖြစ်ပါက မည်သူမျှ မိမိကို မထိပါးနိုင်" ဟူသောယုံကြည်ချက်မျိုးရှိရန်လိုသည်။

အဆိုပါယုံကြည်ချက်ကို Elected ပုဂ္ဂိုလ်များကို ရာနှုံးပြည့် အာမခံပေးနိုင်မည်လား?
Election ဟူခေါ်သော ရွေးကောက်ပွဲတို့၏ သဘောသဘာဝအားဖြင့်ကော ထိုသို့
အာမခံပေးလို့ ရနိုင်ပါ၏လော?
အဖြေတော့ အာမခံလို့မရနိုင်ပါ။

လူများစုကမဲပေးမှ အမတ်ဖြစ်မည့်သူသည် လူများစု၏လိုလားချက်ကို လျှစ်လျှူရှု၍ မရနိုင်သည်မှာ မဖေါက်ပြန်သော သဘာဝပင်ဖြစ်သည်။
ပြသနာမှာ ......
အဆိုပါလူများစု၏ လိုလားချက်သည် လူတစ်ဦးတစ်ယောက်(သို့) လူနည်းစု၏ အကျိုးကို ထိပါးပြီးမှ ရနိုင်မည်ဆိုလျှင် .....

 ရွေးခြယ်ခံ Elected ဖြစ်သော အမတ်မင်းအနေဖြင့် မည်သို့ဆုံးဖြတ်မည်နည်း .....
စိတ်သဘောဖြောင့်မတ်သူတို့က အမှန်တရားကို ဆန္ဒမဲဖြင့် လဲမည်မဟုတ်သော်လည်း ....

 ထောက်ခံမှုတစ်ခုတည်းအတွက် ဘာမဆိုလုပ်ရဲသူတို့အတွက်မူ
တရားမျှတမှုကင်းသော အများဆန္ဒကို လွယ်လွယ်ကတိပေးမည်သာဖြစ်သည်။ ....

အထက်ပါအချက်သည် Elected ဖြစ်သော မဏ္ဌိုင်၏ သဘာဝအားနည်းချက်ပင်ဖြစ်သည်။ ......

ယင်းအားနည်းချက်ကို ကုစားရန်အတွက် ရွှေးခြယ်ခံ Appointed မဏ္ဌိုင်တစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်သည်။....

ရွှေးကောက်ခံမဟုတ်သည့်အတွက် ရွှေးခြယ်ခံ Appointed တို့သည် လူများစုဆန္ဒဟူသော အကြောင်းပြချက်ဖြင့် တရားမျှတမှု Justice ကို
ငြင်းပယ်မည်မဟုတ်ချေ .....

ထို့အပြင် လူအများစု၏ထောက်ခံမှုကြောင့် မဟုတ်ပဲ စနစ်ကြောင့် နေရာရလာသူ Elected များ၏ တရားမျှတမှုကင်းသော မူဝါဒများကိုလည်း Appointed များကသာ ထိရောက်စွာဟန့်တားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် .....
ရွှေးခြယ်ခံ Elected များသည် ခန့်အပ်ခံ Appointed များထက် ပြည်သူနှင့် ပိုမိုနီးစပ်သဖြင့် Appointed များသည် Elected များကို မဆန့်ကျင်အပ်ပေ ဆိုသော အယူအဆသည် အလွန်မှားယွင်းသောအယူအဆဖြစ်သည်။

အကယ်၍ ...
Appointed တို့သည် Elected တို့ကို မဆန့်ကျင်ဝန့်ဖြစ်အံ့ ....
အခွင့်အရေးနှင့် တာဝန်များဖြင့် စည်းဘောင်ကန့်သတ်ထားသော ဒီမိုကရေစီဟူသည် မရှိတော့ပဲ အင်အားကြီးသူလူမျိုးစုကသာ အုပ်ချုပ်ချယ်လှယ်သည့် မီးများ မီးနိုင်၊ ရေများ ရေနိုင် လူရိုင်းတို့နိုင်ငံ အဆင့်သာလျှင်ဖြစ်ပေလိမ့်မည်။

မကြာသေးမီကမှ ဖြစ်သော ကိစ္စရပ်တစ်ခုကို ဥပမာပေးချင်ပါသည် .....
ပြီးခဲ့သည့် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် Dornal Trump အနိုင်ရပြီး Hillary Clinton ရှုံးခဲ့သည်။

မဲဆန္ဒနယ် ၅၃၈ နယ်တွင် ၃၀၆ ခုတွင် အနိုင်ရရှိသဖြင့် Dornal Trump ကနိုင်သွားခြင်း ဖြစ်သော်လည်း လူထုထောက်ခံမဲအားဖြင့် ဆိုလျှင် Hillary Clinton က Dornal
Trump ထက် မဲ သုံးသန်းကျော် အသာရရှိခဲ့ပါသည်။

ထို့ကြောင့် .. အမေရိကန်များက
"People choose Clinton, but the system elect Trump
လူထုကကလင်တန်ကို ရွှေးခြယ်ခဲ့ပေမဲ့ စနစ်က ထရန့်ကို

ရွေးကောက်တင်မြှောက်ခဲ့တယ်" ဟုဆိုကြသည်။
ထို့အပြင် အမရိကန်၏လူဦးရေ ၃၂၅ သန်းတွင် လက်ရှိသံမ္မတ Dornal Trump ကို မဲပေးသူမှာ ၆၃ သန်းသာဖြစ်သည့်အတွက် ၄င်းကို မဲပေးရွေးခြယ်သူမှာ လူဦးရေ၏ ငါးပုံတစ်ပုံပင်မပြည့်သည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ.....
ဒီမိုကရေစီဟု ဆိုသော်ငြားလည်း လူထုက ရွေးခြယ်ခြင်းမဟုတ်ပဲ စနစ်က ရွေးခြယ်၍ နေရာရလာသူများ လက်လွတ်စပယ် မပြုနိုင်စေရန် ထိန်းညှိသည့် မဏ္ဍိုင်မှာ ရွေးခြယ်ခံ Appointed များ၏ မဏ္ဍိုင်သာဖြစ်သည် ....

ထို့ကြောင့်လည်း .... သံမ္မတ Trump ၏ မူလင်နိုင်ငံမှ လူများအပေါ် ပြည်ဝင်ခွင့်ပိတ်သည့် အမိန့်ကို တရားရုံးမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ တရားရုံးသည် Appointed ဖြစ်သည့်အတွက် ​ရွေးကောက်ခံ Elected များကို လွန်ဆန်ရန်မသင့်ဟုဆိုလျှင် ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီနိုင်ငံကြီးသည် တရားမျှတမှု Justice နှင့်ကင်းကွာသော မူဝါဒများဖြင့် စခန်းသွားနေရမည်ဖြစ်သည်။

ခန့်အပ်ခံများသည် အမတ်တိန်များလော?
=====================
သက္ကရာဇတ် ၇၄၅ တွင် ဘုရင် ရာဇဓိရာဇ် နန်းတတ်သောအခါ ဒဂုံမြို့စားဘတုန်းက မခစားပဲ ဘုရင်ဖြစ်မှ လာ၍ခစားသောကြောင့် အမတ်တိန်ကို သတ်စေဟု အမိန့်တော်ရှိခဲ့သည်။

အမတ်တိန်က ......
  "ထီးဖြူဆောင်းသောမင်းကိုသာ ခစားသည်၊ ထီးဖြူမဆောင်းသောမင်းကို မခစားတတ်၊ အမျက်တော်ရှိ၍  ကွပ်ညှပ်တော်မူသော် ကျွန်ုပ်သေရမည်" ဟုနားလျှောက်ခဲ့၏။
အမတ်တိန်၏ စကားသည် မင်းမှုထမ်းတို့နှင့် ပက်သက်ပြီး ခေတ်အဆက်ဆက် ကိုးကားပြု ဥပမာပေးခဲ့သောစကားဖြစ်သည် ......

စဉ်းစားရန်မှာ ....
Appointed တရားသူကြီးများသည် အမတ်တိန်ကဲ့သို့ကျင့်ရန်သင့်သလော ဟူသည့် ကိစ္စဖြစ်သည်။ .....
ကျင့်ရန်သင့်သည်ဆိုငြားအံ့ အမေရိကန်သို့မူလဆင်နိုင်ငံမှလူများ ဝင်နိုင်တော့မည်မဟုတ်တော့ ....

ဆိုရလျှင် .....
ခန့်အပ်ခံတရားသူကြီးများက အမတ်တိန်များအဖြစ် မကျင့်ဆောင်စေရေးသည် အာဏာခွဲခြားကျင့်သုံးရေး Separation of Power ၏ အနှစ်သာရသဘောတရား တစ်ခုဖြစ်ပေသည်။

ထိုသို့မကျင့်ဆောင်နိုင်အောင်လည်း ကမ္ဘာအရပ်ရပ်ရှိ ဒီမိုကရေစီ အခြေခံဥပဒေများတွင် တရားသူကြီးများ၏ သက်တန်းကို အစိုးရအဖွဲ့၏ သက်တန်းနှင့် သီးသန့်ကင်းလွတ်စွာထားသလို ....
ခန့်အပ်ပြီး တရားသူကြီးများကိုလည်း အလွယ်တကူ ဖြုတ်မချနိုင်ရေးအတွက် Impeachment ဟူသော စွတ်စွဲပြစ်တင်ခြင်း နည်းလမ်းအရ အမတ်သုံးပုံနှစ်ပုံ၏ ဆန္ဒဖြင့်သာ ရာထူးမှဖယ်ရှားနိုင်ကြောင်း ပြဌာန်းထားလေ့ရှိသည်။

(ဥပမာ အမေရိကန်တရားရုံးချုပ်တွင် တရားသူကြီးများ၏သက်တန်းသည် တစ်သက်တာဖြစ်ပြီး အမတ်များ၏သုံးပုံနှစ်ပုံက ပြစ်တင်ရှုံ့ချခြင်းမရှိပဲ ၄င်းတို့ကိုမည်သူမှ မဖယ်ရှားနိုင်ပေ)

နိဂုံး
===
အချုပ်အားဖြင့် ဆိုရသော် .....
ဒီမိုကရေစီ ဟူသည် လူများစု၏ ဆန္ဒအရ မူဘောင်ဖေါ်ဆောင် လှုပ်ရှားရသော စနစ်ဖြစ်သော်လည်း ......
ရွေးကောက်တင်မြှောက်ခံ Elected မဏ္ဍိုင်တို့သည် ....
(၁)လူများစု၏လိုလားချက်ကို လွန်ဆန်ရန်ခက်ခဲသည်ဟူသော သဘာဝ အားနည်းချက် (Natural Weakness) နှင့်
(၂)ရွေးကောက်ပုံစနစ်တို့၏ မလွဲသာသော အားနည်းချက် (Donal Trump ဖြစ်ရပ်ကဲ့သို့) များရှိနေသည့်အတွက် တရားမျှတမှုရှိသော လူ့ဘောင်တစ်ခု တည်ထောင်ရန်အလို့ငှာ Appointed တို့သည် Elected တို့နှင့်တန်းတူဖြစ်နေဖို့ လိုအပ်ပေကြောင်း ဥာဏ်မီသရွေ့ရေးသားလိုက်ရပေသည်။

ဇေယျာအေးချို (ခေတ္တသခွပ်မြေ)


ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း…၄)

အပိုင်း (၄)
xxxxxxxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၅၁ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မည်သို့သောအခြေအနေတွင် ဇာရီမှုကို ပုဒ်မ ၁၅၁ အရ ဆိုင်းငံ့ထားနိုင်ခြင်း
+++++++++++++++++++++++++++++++++++++++++++++++

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၈)) အမှုတွင် အောက်ပါအတိုင်း ညွှန်ပြပါသည်။

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၃)

အပိုင်း (၃)
xxxxxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း။
xxxxxxxxxxxxxxxxxx

အမိန့် ၄၁၊ နည်း ၅ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီကရီတစ်ရပ်ကို အယူခံဝင်ရုံမျှဖြင့် ရပ်ဆိုင်းမထားရဟု တရားမကျင့်ထုံး ဥပဒေ အမိန့် ၄၁၊ နည်း ၅(၁)တွင် အတိအလင်းပြဋ္ဌာန်းထားပါသည်။ အဆိုပါ နည်း ၅(၂) အရ ဇာရီမှုကို ဆိုင်းခွင့်ရှိသောတရားရုံးသည် အယူခံရုံးသာ မဟုတ်ပါ။ အယူခံ ကာလမကုန်ဆုံးမီ ဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့ပေးရန် ဒီကရီအတည်ပြုသည့် တရားရုံးတွင် တရားရှုံးကလျှောက်ထားနိုင်ပါသည်။ နည်း ၅(၃)တွင် ဖော်ပြထားသည့် အချက် သုံးရပ်နှင့် ညီညွတ်ပါက ဇာရီမှုကို အတည်ပြုသည့် တရားရုံးက ဆိုင်းထားနိုင် ပါသည်။ (ဆရာဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် ၈၊ စာ ၇)

----

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၂)

အပိုင်း (၂)
xxxxxx

ဇာရီမှုကို ဆိုင်းငံ့ခြင်း။
xxxxxxxxxxx

အမိန့် ၂၁၊ နည်း ၂၉ အရ ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxxxxxxxxxxxxxxx

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်းဥပဒေ ၂၉ အရ တရားရုံးတစ်ရုံးရုံး တွင် ယင်းရုံးက ချမှတ်သည့် ဒီကရီကိုရရှိထားသူ တရားနိုင်အပေါ် ယင်းဒီကရီချမှတ်ခံ ရသူက စွဲဆိုသော အခြားအမှုတစ်မှုမှာ မပြီးမပြတ်ရှိနေလျှင်၊ ထိုအမှုကို မဆုံးဖြတ်ရ သေးမီ ထိုတရားရုံးသည် အာမခံနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ သင့် သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ အဆိုပါဒီကရီအတည်ပြုခြင်းကို ဆိုင်းငံ့နိုင်သည်။

ဇာရီမှုကို ဆိုင်းငံ့ခြင်း (အပိုင်း-၁)

ဇာရီမှုကို ဆိုင်းငံ့ခြင်း
xxxxxxxxxxx

ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် (၁၉၉၀၊ မတစ၊ စာ ၅၆(၅၇)) ဇာရီမှု တစ်မှုကို ဆိုင်းငံ့ထားနိုင်သော ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၆၊

 (ခ) တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၂၉၊

 (ဂ) တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်း ၅။

(ဃ)ထူးခြားသောအခြေအနေတွင်တရားရုံးတစ်ရုံးသည်တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၅၁ ပါ မူလဘူတအာဏာကို သုံးစွဲ၍ ဇာရီမှုတစ်မှုကို ဆိုင်းငံ့နိုင်သည်။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...