Wednesday, August 22, 2018

ပဏာမငြင်းချက်ဆုံးဖြတ်ရာတွင် အဆိုအချေနှင့်ပူးတွဲထားသည့် စာရွက်စာတမ်းများကို မည်သည့်အခါ ထည့်သွင်းစဉ်းစားနိုင်ခြင်း

ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေ (၂၀၁၄ ၊မတစ၊ စာ - ၁၂၃(၁၃၄)) တွင် အောက်ပါအတိုင်းညွှန်ပြပါသည်။

တရားလိုများအဆိုပြုသည့် တရားလိုများက အမှတ် (၁)တရားပြိုင်သို့ လွှဲအပ်သည့် မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာများတည်ရှိခြင်းနှင့် အမှတ်(၁)တရားပြိုင်က အမှတ်(၂)တရားပြိုင်သို့ အချင်းဖြစ်မြေ ကွက်များရောင်းချခဲ့သည့် မှတ်ပုံတင်စာချုပ်များတည်ရှိခြင်းတို့ကို နှစ်ဖက်သောအမှုသည်များက အငြင်းမပွားပေ။ ထိုသို့ အငြင်းပွားမှုမရှိလျှင် ယင်းမှတ်ပုံတင်စာချုပ်များနှင့် ကိုယ်စားလှယ်လွှဲစာတို့နှင့်စပ်လျဉ်း၍ သက်သေခံချက်ရယူရန် အကြောင်းမရှိပေ။ 

ထို့အပြင် အဆိုအချေနှင့် ပူးတွဲတင်ပြသည့် အချင်းဖြစ်မြေကွက် များနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာမူရင်းများနှင့် မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်စာ တမ်းများသည် မူရင်းများကို တင်ပြထားခြင်းဖြစ်သဖြင့် စစ်မှန်ကြောင်းမှတ်ယူရန်သာဖြစ်ပြီး အဆိုပါ စာချုပ် စာတမ်းမူရင်းများကို အဆိုအချေ၏တစ်စိတ်တစ်ဒေသအဖြစ် အမှုတွင် ထည့်သွင်းစဉ်းစားနိုင်ပေသည်။ ထို့ကြောင့် မူလတိုင်းဒေသကြီးတရားလွှတ်တော်က အဆိုအချေတို့အရ ပဏာမငြင်းချက်များကို ဖြေဆိုဆုံး ဖြတ်ခဲ့ခြင်းသည် မှားယွင်းမှုမရှိပေ။
 
---

သို့ဖြစ်ရာ

(၁)    နှစ်ဖက်အမှုသည်များ အငြင်းမပွားသော စာရွက်စာတမ်းဖြစ်ခြင်း၊

(၂)    သက်သေခံချက်ရယူရန် မလိုအပ်သောစာရွက်စာတမ်းဖြစ်ခြင်း၊

(၃)    မူရင်းစာတမ်းအမှတ်အသားများဖြစ်ခြင်း

အချက်များနှင့် ညီညွတ်လျှင် အဆိုအချေနှင့်ပူးတွဲထားသည့် စာရွက်စာတမ်းများကို ပဏာမငြင်းချက်ဖြေဆိုရာတွင်  ထည့်သွင်းစဉ်းစားနိုင်ပါသည်။

လေးစားစွာဖြင့်။

ဦးထွန်းမျိုးဌေး


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...