Saturday, May 16, 2020

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှုတွေကို တရားရုံးတွေမှာ ဘယ်လိုများ စစ်ဆေး ဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။  အမှုမှာ တရားခံဘက်က ပြစ်မှုဖြစ်ပွားစဉ် အချိန်က သူဟာ ရူးသွပ်နေတာပါ၊ ဘာဖြစ်ခဲ့မှန်း မသိပါဘူး စသည်ဖြင့် ထုချေငြင်းဆိုကြတာမျိုးတွေ ရှိတတ်သလို၊ တရားရုံး ရှေ့မှောက် ရောက်ရှိနေစဉ်မှာ ကတည်းကိုက ဘာမှမပြောမဆိုဘဲ နေတာမျိုး၊ သွပ်သွပ်ခါအောင် ရူးသွပ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်တာဖြစ်လို့ အဲဒီလို အမှုအခင်းမျိုး ကြုံလာတဲ့အခါ ဘယ်လို စစ်ဆေးစီရင် ဆောင်ရွက်ကြမလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားစရာ စူးစမ်းလေ့လာမိခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ ဥပဒေစာအုပ်တွေနဲ့ ဥပဒေပညာရှင်များ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို ရှာဖွေ ဖတ်ရှုကြည့်တော့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကျင့်ထုံးနည်းလမ်းတွေကို တွေ့ရလို့ ဥပဒေ ပညာကို စိတ်ဝင်တစား လေ့လာနေကြသူတွေကိုလည်း နားလည်သိရှိစေချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။   အခုတင်ပြမယ့် အကြောင်းအရာတွေကိုတော့ ဆရာ (ဦး)လှအေး (တရားရေး) ရေးသားခဲ့တဲ့ ဥပဒေဆောင်းပါးအပေါ် နည်းမှီ ကိုးကားပြီး စာရှုသူတို့ လွယ်လင့်တကူ နားဝင်နိုင်စေဖို့ စကားပြေသဘော သက်သက်နဲ့ ရှဂ်းလင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။  အကျယ်တဝံ့ လေ့လာဖတ်ရှုသင့်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄ မှ ၄၇၅ အထိ၊ တရားရုံးများလက်စွဲ အပိုဒ် ၅၀၂ မှ ၅၀၉ အထိနဲ့ အပိုဒ် ၈၄၄ မှ ၈၅၉ အထိ တွေပဲ ဖြစ်ပါတယ်။

* စိတ်ဝေဒနာသည် သူရူး ဟုတ်၊ မဟုတ် စိစစ်ရခြင်း

   -------------------------------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄(၁)၊  တရားရုံးများလက်စွဲ အပိုဒ် ၅၀၃ နဲ့ တရားရုံး ညွှန်ကြားလွှာအမှတ်-၂/၁၉၆၅ တို့အရ ပြစ်မှုနဲ့ တရားစွဲ တင်ပို့ခြင်းခံရသော စိတ်ဝေဒနာရှင် တရားခံအပေါ် စစ်ဆေးစီရင်ရာမှာ ၎င်းတရားခံဟာ သူ့အပေါ် စွဲဆိုခံထားရတဲ့ ပြစ်မှုအတွက် ထုချေရှင်းလင်းနိုင်မှု ရှိ၊ မရှိကို ရုံးက ကနဦး စိစစ်ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ဝေဒနာ ရှိ၊ မရှိ ဆိုတာကိုတော့ ခရိုင်ဆရာဝန်၊ ဒါမှမဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အခြား ဆေးဘက်ဆိုင်ရာ အရာရှိ/ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးရဲ့ အကူအညီကို ရယူကာ စမ်းသပ်ကြည့်ရှု စစ်ဆေးစေရမှာ ဖြစ်သလို ဆေးစစ်ခဲ့တဲ့ ဆရာဝန်ကိုလည်း တရားရုံးက သက်သေအဖြစ် ခေါ်ယူစစ်ဆေးရမှာ ဖြစ်ပါတယ်။  ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ-၂၃) အမှုမှာလည်း အချင်းဖြစ်ချိန်က တရားခံဟာ စိတ်ဖောက်ပြန်မှု ရှိနိုင်၊ မရှိနိုင် ဆုံးဖြတ်နိုင်ရန် စိတ်ရောဂါကု ဆရာဝန်ကို သက်သေအဖြစ် စစ်ဆေးပြီး၊ စိတ်ရောဂါကု ဆေးရုံရဲ့ ဆေးကုသမှတ်တမ်းကို ဖြစ်စေ၊ ၎င်းမှတ်တမ်းရဲ့ တရားဝင်မိတ္တူကို ဖြစ်စေ သက်ဆိုင်ရာမှ တင်ပြစေရန် ဆင့်ဆိုပြီးနောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသားတရားခံ ဖြစ်ခဲ့လျှင်လည်း အကျဉ်းထောင် တာဝန်ခံအရာရှိကို ခေါ်ယူကာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြည့်ပြည့်စုံစုံ စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားတာ ကို တွေ့ရပါတယ်။

* ရူးသွပ်တရားခံအား အာမခံပေးနိုင်၊ မပေးနိုင်

   ---------------------------------
 အမှုစစ်ဆေးနေစဉ်အတွင်းမှာ ရူးသွပ်သူ တရားခံဟာ ကောင်းမွန်စွာ ထုချေနိုင်စွမ်း မရှိကြောင်း စိတ်ရောဂါကု ဆရာဝန်ရဲ့ ဆေးမှတ်တမ်း၊ သက်သေထွက်ချက်တို့အရ ပေါ်ပေါက်ခဲ့ရင်တော့ တရားသူကြီး အနေနဲ့ အမှုဟာ အာမခံပေးခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကို ဖြစ်စေ နစ်နာခြင်း မဖြစ်အောင် ဟန့်တားထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်းဖြင့် လုံလောက်သော အာမခံ လျှောက်ထားလာလျှင် ၎င်းတရားခံကို အာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၆(၁)မှာ ပြဋ္ဌာန်းပါရှိပြီး၊ အာမခံ မပေးသင့်ကြောင်း ထင်မြင်တယ် ဆိုရင်တော့ စိတ်ရောဂါကုဆေးရုံ၌ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည် ဖြစ်ကြောင်း ယင်းပုဒ်မ ၄၆၆(၂)မှာ ဆက်လက် ဖော်ပြထားပြီး စစ်ဆေးနေတဲ့ အမှုကိုလည်း ရွှေ့ဆိုင်းထား ရမယ်လို့ ဆိုပါတယ်။

* ရူးသွပ်တရားခံအား စိတ်ရောဂါကု ဆေးရုံသို့ ပို့အပ်ရာတွင်

   -------------------------------------------
 စိတ်ဝေဒနာရှင် ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံသို့ ပို့အပ်ရာမှာ ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိစာတမ်းကိုလည်း ဝရမ်း (ရာဇဝတ်ပုံစံ-၁၃၃) နဲ့အတူ ပူးတွဲပေးပို့ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၈၄၉ မှာ ညွှန်ပြထားတာ တွေ့ရပါတယ်။ 

* ရူးသွပ်တရားခံ ပြန်လည်ကောင်းမွန်လာခဲ့လျှင်

   ----------------------------------
 ရူးသွပ်တရားခံဟာ ၎င်းအပေါ် စွဲဆိုမှုမှာ ကောင်းမွန်စွာ ချေပနိုင်ပြီလို့ တရားသူကြီးက ထင်မြင်ရင် ရွှေ့ဆိုင်းထားတဲ့ အမှုကို ဆက်လက်ပြီး စုံစမ်း စစ်ဆေး စီရင်သွားရပါမယ်။  ထိုသူအနေနဲ့ ခုခံချေပနိုင်စွမ်း မရှိသေးဘူးလို့ ထင်မြင်ရင်တော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅၊ ၄၆၆ တို့အရ ထပ်မံ ဆောင်ရွက်ခွင့်ရှိကြောင်း ပုဒ်မ ၄၆၈ မှာ ပြဋ္ဌာန်းပါရှိပါတယ်။

* အမှုစစ်ဆေးစီရင်ခြင်း

   ----------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ အရ ရူးသွပ်တရားခံဟာ မိမိအမှုကို ကောင်းစွာထုချေနိုင် မယ် ဆိုရင်တော့ ရွှေ့ဆိုင်းထားခဲ့တဲ့အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  စစ်ဆေးမှု ပြီးဆုံးသွားလို့ တရားရုံးအနေနဲ့ အမှုမှစိတ်ဝေဒနာရှင် ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နဲ့ အကျုံးဝင်၊ မဝင်ကို သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အကျုံးဝင်ခဲ့ရင် တော့ အဆိုပါတရားခံကို အပြီးအပြတ်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။  လွှတ်တယ်ဆိုတဲ့ နေရာမှာလည်း အရမ်းကာရော လွှတ်လိုက်လို့ မရသေးပါဘူး။  ဒီစိတ်ဝေဒနာရှင် တရားခံဟာ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ၊ ဒါမှမဟုတ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို အထင်အရှား ဖော်ပြရေးသားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

* စီရင်ချက်၊ အမိန့် ရေးသားချမှတ်ရာတွင် ရေးထုံး လေ့လာသင့်သည့် စီရင်ထုံး

   ---------------------------------------------------------
 `အထက်ပါ အကြောင်းများကြောင့် ဤအယူခံကို ခွင့်ပြု၍ မကွေးတိုင်းတရားရုံး (သရက်ခရိုင်)မှ အယူခံတရားလို ဦးလှရွှေအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားစီရင်သည့် ပြစ်ဒဏ်တို့ကို ပယ်ဖျက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ကင်းလွတ်ချက်အရ ဦးလှရွှေအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သည်။  ထို့ပြင် ဒေါ်ခင်ညွန့်အား အယူခံတရားလိုက ဓါးဖြင့် ခုတ်သတ်ခဲ့သည်မှာလည်း မှန်ကြောင်း ဖော်ပြလိုက်သည်။  အယူခံတရားလိုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁ နှင့်အညီ ဆက်လက် ဆောင်ရွက်စေရန် မူလရုံးအား ညွှန်ကြားလိုက်သည်။`
( ဦးလှရွှေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅ )

* ရူးသွပ်တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် မည်သို့ဆက်လုပ်ရမည်-

   -------------------------------------------------------
 အထက်ပါအတိုင်း တရားခံအား အမှုမှ အပြီးအပြတ် လွှတ်လိုက်တယ်လို့ ဆိုပေမယ့်လည်း အကယ်၍သာ အမှုမှာ ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပေါ်လွင်နေခဲ့တယ် ဆိုရင် (သိနိုင်စွမ်းမရှိတဲ့ အကြောင်းကြောင့်မှတပါး) ပြစ်မှုကျူးလွန်ရာ ရောက်မယ်ဆိုရင်တော့ ၎င်းတရားခံ ကို စိတ်ရောဂါကုဆေးရုံသို့ ပေးပို့၍ ထိန်းသိမ်းထားရမည် ဆိုတဲ့ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁(၁)အရ ရုံးတော်က တစ်ဆက်တည်း ချမှတ်ပေးမှာပဲ ဖြစ်ပါတယ်။

* ရူးသွပ်တရားခံကို လွှတ်မိန့်ပေးနိုင်ကြောင်း ဆေးရုံက သက်သေခံလက်မှတ် ထုတ်ပေးလာလျှင်-

   ----------------------------------------------------------------------
 ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပုဒ်မ ၄၆၆(၂) (အမှုအတွင်း ဆေးရုံ၌ ထိန်းသိမ်းထားစေခြင်း) နဲ့ ပုဒ်မ ၄၇၁ (တရားခံကို အပြီးအပြတ်လွှတ်ပြီးသည့်တိုင် ဆက်လက်၍ ဆေးရုံ၌ ထိန်းထိမ်းထားစေခြင်း) ပါ ပြဋ္ဌာန်းချက် အသီးသီးအရ ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံက ထိန်းသိမ်းပေးထားခဲ့ရာမှာ ထိုဆေးရုံက တရားခံဟာ သူ့ကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ အန္တရာယ် ပြုလိမ့်မယ်လို့ စိုးရိမ်ရန်အကြောင်း မရှိဘဲ လွှတ်မိန့်ပေးနိုင်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလာရင်တော့ တရားရုံးအနေနဲ့ စိတ်ရောဂါကုဆေးရုံသို့ ရူးသွပ်တရားခံကို ပို့အပ်ခဲ့ခြင်းနှင့် သက်ဆိုင်တဲ့ အမှုတွဲတွေ နဲ့အတူ သက်ဆိုင်ရာ အမှုတွဲ၊ တရားခံအား လက်ခံရရှိကြောင်း ဆေးရုံမှ သက်သေခံလက်မှတ် ရေးထိုးထား တဲ့ ရာဇဝတ်ပုံစံ ၁၃၃ မူရင်းခွဲ၊ တရားခံရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိမှတ်တမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပေးပို့ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ထုချေနိုင်စွမ်းရှိပြီလို့ စိတ်ရောဂါကုဆေးရုံမှ တင်ပြချက် ရှိလာပြီဆိုရင်တော့ ယင်းဆေးရုံက ထိုသို့ဖော်ပြပေးပို့လာတဲ့ သက်သေခံဆေးစာနဲ့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အမှုစစ်ရုံးက တင်ပြရမှာဖြစ်ပြီး၊ ယခင် တင်ပို့ထားခဲ့တဲ့ အမှုတွဲကို ပြန်လည်တောင်းခံရမှာ ဖြစ်ပါတယ်။

* သူရူးမှုနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသင့်သော စီရင်ထုံးများ

   -----------------------------------------------
 သူရူးမှု စစ်ဆေးစီရင်ရာမှာ အထောက်အကူပြု အကျိုးများစေမယ့် စီရင်ထုံးများကို ရှာဖွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ် -
-   အစိုးရ နှင့် ကုလားညို၊ ၁၉၄၁၊ ရန်ကုန်စီရင်ထုံး၊ စာ-၅၄၄
-   အစိုးရ နှင့် မောင်ပို၊ ၁၉၄၆၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၈၆
-   ဆပွင့်(ခ)ပေါလူး နှင့် ပြည်ထောင်စု၊ ၁၉၅၀၊ မတစ (လွှတ်တော်)၊ စာ-၃၅၂
-   နိုင်ငံတော် နှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   စောရင်ဖေ နှင့် ပြည်ထောင်စု၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၂၀၅
-   မောင်ထွန်းစိန် နှင့် အစိုးရ၊ ၁၉၆၂၊ မတစ (ရုံးချုပ်)၊ စာ-၃၃၈
-   ပြည်ထောင်စု နှင့် မောင်သံချောင်း၊ ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၃၂
-   မောင်စံရွှေ နှင့် ပထစ၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   မောင်ကုတ်ဦး နှင့် နိုင်ငံတော်၊ ၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆
-   မောင်စိုးသိန်း နှင့် ဆိုရှယ်လစ်၊ ၁၉၇၉၊ မတစ၊ စာ-၄၇
-   ခင်မောင် နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၃၂၈
-   မောင်ကုတ်ချိ နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၁၀၉၆
-   ဒေါ်ချစ်မယ် နှင့် နိုင်ငံတော်၊ ၁၉၇၁၊ မတစ၊ စာ-၄၆
-   ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော်၊ ၁၉၉၄၊ မတစ၊ စာ-၂၃
-   ဦးလှငွေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅
-   ကိုသက်ဦး နှင့် နိုင်ငံတော်၊ ၂၀၀၈၊ မတစ၊ စာ-၁၀၇ (အထူး)

 ရူးသွပ်နေတဲ့ စိတ်ဝေဒနာရှင် တရားခံကို စစ်ဆေး စီရင်ရတဲ့ အရပ်ရပ်သော လုပ်ငန်းစဉ်တွေဟာ ရိုးရှင်းလွယ်ကူလှတဲ့ ကျင့်ထုံးနည်းလမ်းတွေတော့ မဟုတ်ပါဘူး။  လေ့လာ ဖတ်ရှု မှတ်သားသူများအနေနဲ့ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကျင့်ထုံးနည်းလမ်းများကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးပါမှ သူရူးမှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အကျွမ်းတဝင် ရှိလာမှာပဲ ဖြစ်ပါတယ်။  သူရူးမှုနဲ့ ပတ်သက်လာရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်ဟာ စိတ်ဝေဒနာရှင် ရူးသွပ်တရားခံတွေရဲ့ သက်သာခွင့် လမ်းကြောင်းဖြစ်ပါတယ်။ သက်သေခံဥပဒေ ပုဒ်မ ၁၀၅ အရ အချင်းဖြစ်စဉ်က မိမိမှာ ရူးသွပ်နေလို့ မိမိရဲ့ပြုလုပ်မှု ဘယ်လိုသဘောရှိတယ်၊ မတော်မမှန်မှုဖြစ်တယ်၊ ဥပဒေနဲ့ ဆန့်ကျင်တယ် စတာတွေကို မသိနိုင်ခဲ့လို့သာ ပြုလုပ်မိခြင်း ဖြစ်တဲ့အတွက် ကင်းလွတ်ရမြဲအချက် အတွင်း ကျရောက်နေပါ ကြောင်း တရားခံက ချေပမယ် ဆိုရင်တော့ ထိုသို့အဆိုရှိသူမှာ သက်သေပြဖို့တာဝန် ကျရောက်ပါတယ်။ 

ဒါပေမဲ့ အထူးတလည် မှတ်သားရမှာတစ်ခုက ရူးသွပ်သူ တရားခံမှာ သက်သေပြဖို့ တာဝန်ကျရောက် နေလင့်ကစား ၎င်းရူးသွပ်နေစဉ် အချိန်ဝန်းကျင်က အဖြစ်အပျက်တွေကို ကောင်းစွာ မှတ်မိနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုတော့ အချို့သောကိစ္စရပ်မျိုးတွေမှာ သူရူးတရားခံက သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ ရဲ့ အကာအကွယ်ကို ရထိုက်ပါတယ်လို့ ထုချေခြင်း မပြုခဲ့စေကာမူ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်များနဲ့တကွ အမှုအဖြစ်အပျက် အကြောင်းအရာတို့က တရားခံဟာ ပြစ်မှုဖြစ်ပွားစဉ်က ရူးသွပ်နေကြောင်း ထင်ရှားစေမယ်ဆိုရင်တော့ သူ့အပေါ် ကျရောက်တဲ့ သက်သေပြရန်တာဝန်ကို ကျေပြွန်တယ်လို့ပဲ မှတ်ယူရပါမယ်။  ဒါက အမှုဖြစ်စဉ်မှာကိုက သက်သေခံချက်တွေ ပေါ်ပေါက်လာတဲ့အခါ မျိုးမှာ ဆိုလိုတာဖြစ်ပါတယ်။ အရာခပ်သိမ်းတော့ ကင်းလွတ်ချက်ထဲ ကျရောက်တယ်လို့ ပေါ့ပေါ့လွယ်လွယ် မတွေးသင့်ပါဘူး။  ယင်းမူသဘောနဲ့ ပတ်သက်လို့  မောင်ကုတ်ချိ နှင့် နိုင်ငံတော် ( ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆ )မှာ ထုံးဖွဲ့စီရင်ထားတာကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။


လွှမ်းမိုးအောင် (တရားရေး)



Tuesday, February 4, 2020

ဥပဒေကို မသိနားမလည်သည်ကို ဥပဒေက ခွင့်မလွှတ်သည့် အကြောင်း။


ဥပဒေကို မသိနားမလည်သည်ကို ဥပဒေက ခွင့်မလွှတ်သည့် အကြောင်း။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

●ဥပဒေတစ်ရပ်တည်ရှိပြဌာန်းထားသည့် အကြောင်းကိုတစ်စုံတစ်ရာ မသိရှိခဲ့သည့် အတွက်ပြစ်မှု ကျူးလွန်ခြင်းခဲ့ရခြင်းဖြစ်ကြောင်း တင်ပြယုံဖြင့်ဥပဒေကကျူးလွန်ခဲ့သည့်ပြစ်မှု အတွက်အပြစ်မှ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပါ။

●ဥပဒေ တစ်ရပ်တည်ရှိပြဌာန်းထားသည့် အကြောင်းကို မသိရှိခဲ့သည့် အတွက်ပြစ်မှု ကျူးလွန်ခဲ့ရခြင်းဖြစ်ပါသည်ဆိုသည့် အကြောင်းပြချက်တင်ပြလာတိုင်းဥပဒေက ကျူးလွန်သည့်ပြစ်မှုများအားခွင့်လွှတ်ပေးရမည်၊ လက်ခံပေး
ရမည်ဆိုရင် လူတိုင်းလူတိုင်းသည် ဥပဒေကိုသိရကောင်း၊ လိုက်နာရကောင်းမှန်း၊ရှိကြတော့မည် မဟုတ်ပါ။ 

အမှန်တစ်ကယ် ဆိုးသွမ်းပြီး အမြဲတမ်းပြစ်မှုကျူးလွန်နေသူလူဆိုးလူရမ်းကားများ အတွက်လည်း ထိုအကြောင်းပြချက် ဖြင့်အပြစ်မှ အမြဲလွှတ်ပေးနေရမည်ဖြစ်ပါသည်။ 

လူဆိုး လူရမ်းကားများ အတွက်အပြစ်လွှတ်ထိုက်သည့် အကြောင်းပြ ထုချေနေတော့မည်သာဖြစ်သည်။ ထိုသို့ ဥပဒေ တစ်ရပ်တည်ရှပြဌာန်းထားခြင်းကို မသိလို့ပါဟု ထုချေချက်ကို လက်မခံမှသာ လူဆိုးလူရမ်းကားတို့ အခွင့်ကောင်းယူ၍ မရဖြစ်ပါမည်။ 

ထို့ကြောင့်လည်း "ဥပဒေကိုနားမလည်၍ဥပဒေကခွင့်လွှတ်မည်မဟုတ်" 
"Ignorance of Law does not excuse." ဟု ဥပဒေ၏ဆိုရိုးစကားအဖြစ် လက်ခံ ကျင့်သုံးနေကြခြင်းဖြစ်ပါသည်။

●ထို့ကြောင့်တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဍိုင်မတိမ်းစောင်းရေး၊ ကိစ္စရပ်များကိုမြန်မာနိင်ငံတစ်ဝှမ်းဆောင်ရွက်သည့် ယနေ့ယခုအခါတွင် လူတိုင်းလူတိုင်း ဥပဒေတစ်ရပ်ပြဌာန်းသည်ကို မသိ မဖြစ်ရအောင် ပြဌာန်းသည့်
ဥပဒေ အသစ် ၊ပြဌာန်ပြီးခဲ့သော တည်ဆဲဥပဒေများနှင့်ပတ်သက်၍ ဥပဒေဗဟုသုတများကို ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်ပေးဘို့ လိုအပ်သည့် အချိန်ဖြစ်ပါသည်။

ဥပဒေသိသူက ဥပဒေမသိသူ အပေါ် မတရားသဖြင့် မပြုလုပ်နိင်
လည်း ဥပဒေဗဟုသုတများသည် အများပြည်သူတို့ အတွက် လိုအပ်နေပြီဖြစ်ပါသည်။ ဥပဒေဗဟုသုတပြန့်ပွားဘို့ ကိစ္စသည် သာမန်လူ အဖို့ခက်ခဲပါသည်။ 

အစိုးရကိုယ်တိုင်ပါဝင်လုပ်ကိုင်အားပေးထောက်ပံ့မှုပြုမှသာဆောင်ရွက်
နိင်မည်ဖြစ်ပါသည်။ ဥပဒေအမြင် ဗဟုသုတများ လူအများတွင် သိလာ ၊မြင်လာ မှလည်းဥပဒေ၏ အလေးအနက်ကို သိရှိဆင်ခြင်လိုက်နာလာ ကြမည်ဖြစ်ပါသည်။
မှုခင်းကျဆင်းမှုများဖြစ်လာမည်ဖြစ်ပါသည်။ 
မတရားမှုများလည်း နည်းသွားမည်ဖြစ်ပါသည်။     ။



Facebook Like Page: ဥပဒေ ဗဟုသုတ  






ဥပေဒကို မသိနားမလည္သည္ကို ဥပေဒက ခြင့္မလႊတ္သည့္ အေၾကာင္း။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

●ဥပေဒတစ္ရပ္တည္ရွိျပဌာန္းထားသည့္ အေၾကာင္းကိုတစ္စုံတစ္ရာ မသိရွိခဲ့သည့္ အတြက္ျပစ္မွဳ က်ဴးလြန္ျခင္းခဲ့ရျခင္းျဖစ္ေၾကာင္း တင္ျပယုံျဖင့္ဥပေဒကက်ဴးလြန္ခဲ့သည့္ျပစ္မွဳ အတြက္အျပစ္မွ ခြင့္လႊတ္ေပးလိမ့္မည္ မဟုတ္ပါ။

●ဥပေဒ တစ္ရပ္တည္ရွိျပဌာန္းထားသည့္ အေၾကာင္းကို မသိရွိခဲ့သည့္ အတြက္ျပစ္မွဳ က်ဴးလြန္ခဲ့ရျခင္းျဖစ္ပါသည္ဆိုသည့္ အေၾကာင္းျပခ်က္တင္ျပလာတိုင္းဥပေဒက က်ဴးလြန္သည့္ျပစ္မွဳမ်ားအားခြင့္လႊတ္ေပးရမည္၊ လက္ခံေပး
ရမည္ဆိုရင္ လူတိုင္းလူတိုင္းသည္ ဥပေဒကိုသိရေကာင္း၊ လိုက္နာရေကာင္းမွန္း၊ရွိၾကေတာ့မည္ မဟုတ္ပါ။ 

အမွန္တစ္ကယ္ ဆိုးသြမ္းၿပီး အျမဲတမ္းျပစ္မွဳက်ဴးလြန္ေနသူလူဆိုးလူရမ္းကားမ်ား အတြက္လည္း ထိုအေၾကာင္းျပခ်က္ ျဖင့္အျပစ္မွ အျမဲလႊတ္ေပးေနရမည္ျဖစ္ပါသည္။ 

လူဆိုး လူရမ္းကားမ်ား အတြက္အျပစ္လႊတ္ထိုက္သည့္ အေၾကာင္းျပ ထုေခ်ေနေတာ့မည္သာျဖစ္သည္။ ထိုသို႔ ဥပေဒ တစ္ရပ္တည္ရွျပဌာန္းထားျခင္းကို မသိလို႔ပါဟု ထုေခ်ခ်က္ကို လက္မခံမွသာ လူဆိုးလူရမ္းကားတို႔ အခြင့္ေကာင္းယူ၍ မရျဖစ္ပါမည္။ 

ထို႔ေၾကာင့္လည္း "ဥပေဒကိုနားမလည္၍ဥပေဒကခြင့္လႊတ္မည္မဟုတ္" 
"Ignorance of Law does not excuse." ဟု ဥပေဒ၏ဆိုရုိးစကားအျဖစ္ လက္ခံ က်င့္သုံးေနၾကျခင္းျဖစ္ပါသည္။

●ထို႔ေၾကာင့္တရားဥပေဒစိုးမိုးေရး၊ တရားေရးမ႑ိဳင္မတိမ္းေစာင္းေရး၊ ကိစၥရပ္မ်ားကိုျမန္မာနိင္ငံတစ္ဝွမ္းေဆာင္ရြက္သည့္ ယေန႔ယခုအခါတြင္ လူတိုင္းလူတိုင္း ဥပေဒတစ္ရပ္ျပဌာန္းသည္ကို မသိ မျဖစ္ရေအာင္ ျပဌာန္းသည့္
ဥပေဒ အသစ္ ၊ျပဌာန္ၿပီးခဲ့ေသာ တည္ဆဲဥပေဒမ်ားႏွင့္ပတ္သက္၍ ဥပေဒဗဟုသုတမ်ားကို ထိေရာက္က်ယ္ျပန္႔စြာေဆာင္ရြက္ေပးဘို႔ လိုအပ္သည့္ အခ်ိန္ျဖစ္ပါသည္။

ဥပေဒသိသူက ဥပေဒမသိသူ အေပၚ မတရားသျဖင့္ မျပဳလုပ္နိင္
လည္း ဥပေဒဗဟုသုတမ်ားသည္ အမ်ားျပည္သူတို႔ အတြက္ လိုအပ္ေနၿပီျဖစ္ပါသည္။ ဥပေဒဗဟုသုတျပန္႔ပြားဘို႔ ကိစၥသည္ သာမန္လူ အဖို႔ခက္ခဲပါသည္။ 

အစိုးရကိုယ္တိုင္ပါဝင္လုပ္ကိုင္အားေပးေထာက္ပံ့မွဳျပဳမွသာေဆာင္ရြက္
နိင္မည္ျဖစ္ပါသည္။ ဥပေဒအျမင္ ဗဟုသုတမ်ား လူအမ်ားတြင္ သိလာ ၊ျမင္လာ မွလည္းဥပေဒ၏ အေလးအနက္ကို သိရွိဆင္ျခင္လိုက္နာလာ ၾကမည္ျဖစ္ပါသည္။
မွဳခင္းက်ဆင္းမွဳမ်ားျဖစ္လာမည္ျဖစ္ပါသည္။
မတရားမွဳမ်ားလည္း နည္းသြားမည္ျဖစ္ပါသည္။     ။







Facebook Like Page: ဥပ​ေဒ ဗဟုသုတ  မွ ျပန္​လည္​မွ်​ေ၀ျခင္​းျဖစ္​ပါသည္​။

တရားမတရားဥပဒေဗဟုသုတ

တရားမတရားဥပဒေဗဟုသုတ

●●●●●●●●●●●●●●●●

●တရားမမှုများတွင်ချိန်းဆိုသည့်နေ့တွင်တရားလိုမလာသည့်အတွက်၎င်းတရားစွဲဆိုသည့်အဆိုလွှာအားတရားရုံးကပလပ်နည်း(၂)မျိုးရှိပါသည်။

(၁)အမှုအားကြားနာရန်ခေါ်သောအခါမည်သည့်အမှုသည်မျှလာရောက်ခြင်းမရှိလျှင်တရားရုံးသည်တရားမကျင့်ထုံးဥပဒေအမိန့်-၉ ၊နည်းဥပဒေ-၃ အရအမှုကိုပလပ်ကြောင်းအမိန့်ချနိင်ပါသည်။

(၂)အမှုကြားနာရန်ခေါ်သည့်အချိန်တွင်တရားပြိုင်လာရောက်၍တရားလိုမလာရောက်လျှင်တရားရုံးသည်တရားမကျင့်ထုံးဥပဒေအမိန့်-၉ နည်းဥပဒေ-၈အရအမှုကိုပလပ်ကြောင်းအမိန့်ချနိင်ပါသည်။

တရားမကျင့်ထုံးဥပဒေအမိန့်-၉ နည်းဥပဒေ-၃အရတရားရုံးကအမှုကိုပလပ်ကြောင်းချမှတ်သည့်အမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်-၉ နည်းဥပဒေ-၄အရထိုတရားရုံး၌ပင်အမိန့်အားပယ်ဖျက်ပေးရန်

ခိုင်လုံသောအကြောင်းပြချက်ကိုကျန်းကျိန်ဆိုခြင်း/ကတိသစ္စာပြုခြင်းတို့ဖြင့်ပြန်လည်လျှောက်ထားနိင်ပါသည်။သို့သော်ထပ်မံပယ်ခြင်းခံရလျှင်ယင်းအမိန့်အပေါ်အဆင့်မြင့်တရားရုံးတွင်အယူံတက်ရောက်ခွင့်မမရှိတော့ပါ။

တရားမကျင့်ထုံးဥပဒေအမိန့်- နည်းဥပဒေ-၈ အရတရားရုံးကအမှုကိုပလပ်သည့်အမိန့်အားထိုတရားရုံး၌တရားမကျင့်ထုံးဥပဒေအမိန့်-၉ နည်းဥပဒေ-အရပြန်လည်လျှောက်ထားသော်လည်းပယ်ခံရပါကထိုအမိန့်အပေါ်အဆင့်

မြင့်သည့်တရားရုံးတွင်တရားမကျင့်ထုံးဥပဒေအမိန့်-၄၃ နည်းဥပဒေ-၁(ဂ)အရအယူခံဝင်ရောက်ခွင့်ရှိပါသည်။

ဆိုလိုရင်း- အမိန့်၉ နည်း-၃ သည်အဆင့်ရုံးတွင်အယူခံခွင့်မရှိ။ အမိန့်၉- နည်း၈သည်အဆင့်မြင့်တရားရုံးတွင်အယူခံဝင်ခွင့်ရှိသည်။

စီရင်ထုံး- ဦးရင်ကြီးနှင့်ဦးရင်လပ်ပါ(၂)ဦး-၁၉၈၂-ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး-စာမျက်နှာ-(၇၈)ကိုကြည့်ပါ။

●●●●
Facebook Like Page: ဥပဒေ ဗဟုသုတ





တရားမတရားဥပေဒဗဟုသုတ
●●●●●●●●●●●●●●●●

●တရားမမွဳမ်ားတြင္ခ်ိန္းဆိုသည့္ေန႔တြင္တရားလိုမလာသည့္အတြက္၄င္းတရားစြဲဆိုသည့္အဆိုလႊာအားတရားရုံးကပလပ္နည္း(၂)မ်ိဳးရွိပါသည္။

(၁)အမွဳအားၾကားနာရန္ေခၚေသာအခါမည္သည့္အမွဳသည္မၽွလာေရာက္ျခင္းမရွိလၽွင္တရားရုံးသည္တရားမက်င့္ထုံးဥပေဒအမိန္႔-၉ ၊နည္းဥပေဒ-၃ အရအမွဳကိုပလပ္ေၾကာင္းအမိန္႔ခ်နိင္ပါသည္။

(၂)အမွဳၾကားနာရန္ေခၚသည့္အခ်ိန္တြင္တရားၿပိဳင္လာေရာက္၍တရားလိုမလာေရာက္လၽွင္တရားရုံးသည္တရားမက်င့္ထုံးဥပေဒအမိန္႔-၉ နည္းဥပေဒ-၈အရအမွဳကိုပလပ္ေၾကာင္းအမိန္႔ခ်နိင္ပါသည္။

တရားမက်င့္ထုံးဥပေဒအမိန္႔-၉ နည္းဥပေဒ-၃အရတရားရုံးကအမွဳကိုပလပ္ေၾကာင္းခ်မွတ္သည့္အမိန္႔ကိုတရားမက်င့္ထုံးဥပေဒအမိန္႔-၉ နည္းဥပေဒ-၄အရထိုတရားရုံး၌ပင္အမိန္႔အားပယ္ဖ်က္ေပးရန္

ခိုင္လုံေသာအေၾကာင္းျပခ်က္ကိုက်န္းက်ိန္ဆိုျခင္း/ကတိသစၥာျပဳျခင္းတို႔ျဖင့္ျပန္လည္ေလၽွာက္ထားနိင္ပါသည္။သို႔ေသာ္ထပ္မံပယ္ျခင္းခံရလၽွင္ယင္းအမိန္႔အေပၚအဆင့္ျမင့္တရားရုံးတြင္အယူံတက္ေရာက္ခြင့္မမရွိေတာ့ပါ။

တရားမက်င့္ထုံးဥပေဒအမိန္႔- နည္းဥပေဒ-၈ အရတရားရုံးကအမွဳကိုပလပ္သည့္အမိန္႔အားထိုတရားရုံး၌တရားမက်င့္ထုံးဥပေဒအမိန္႔-၉ နည္းဥပေဒ-အရျပန္လည္ေလၽွာက္ထားေသာ္လည္းပယ္ခံရပါကထိုအမိန္႔အေပၚအဆင့္

ျမင့္သည့္တရားရုံးတြင္တရားမက်င့္ထုံးဥပေဒအမိန္႔-၄၃ နည္းဥပေဒ-၁(ဂ)အရအယူခံဝင္ေရာက္ခြင့္ရွိပါသည္။

ဆိုလိုရင္း- အမိန္႔၉ နည္း-၃ သည္အဆင့္ရုံးတြင္အယူခံခြင့္မရွိ။ အမိန္႔၉- နည္း၈သည္အဆင့္ျမင့္တရားရုံးတြင္အယူခံဝင္ခြင့္ရွိသည္။

စီရင္ထုံး- ဦးရင္ႀကီးႏွင့္ဦးရင္လပ္ပါ(၂)ဦး-၁၉၈၂-ခုႏွစ္ျမန္မာနိင္ငံတရားစီရင္ထုံး-စာမ်က္ႏွာ-(၇၈)ကိုၾကည့္ပါ။



●●●●
Facebook Like Page: ဥပ​ေဒ ဗဟုသုတ  မွ ျပန္​လည္​မွ်​ေ၀ပါသည္​။



ဦးတိုက်လျှောက်ထားမှုများတွင် တိုင်တန်းသူ(တရားလို)ရုံးချိန်းပျက်ကွက်ခြင်း နှင့် စပ်လျဉ်း၍။


ဦးတိုက်လျှောက်ထားမှုများတွင် တိုင်တန်းသူ(တရားလို)ရုံးချိန်းပျက်ကွက်ခြင်း နှင့် စပ်လျဉ်း၍။

မောင်မျိုး ။ ဦးတိုက်မှုနှင့် ပတ်သက်ပြီး တရားလိုရုံးချိန်းပျက်ကွက်ရင် အရေးယူပုံ ယူနည်းလေးပြောပြပါလားအကို။

TMH ။ ဦးတိုက်မှုအကြောင်းပြောရင် trial အကြောင်းအရင်ပြောမှရပါမယ်။ အမှုစစ်ဆေးနည်း(trial)ကတော့ အများအားဖြင့် သမ္မာန်မှုစစ်ဆေးနည်း (ကျင့်ထုံးပုဒ်မ- ၂၄၁ မှ ၂၄၉) နှင့် ဝရမ်းမှုစစ်ဆေးနည်း(ကျင့်ထုံးပုဒ်မ - ၂၅၁ မှ ၂၅၉) စစ်ဆေးနည်း (၂)နည်းကိုပဲသုံးကြတာများပါတယ်။ အကျဉ်းနည်းစစ်ဆေးနည်းကသုံးခဲတယ်။

မောင်မျိုး ။ ဟုတ်ကဲ့။

TMH ။ ရဲစွဲမှာတော့ အမှုတင်လာတာ နှင့် တရားခံပါလာတာဆိုတော့ trial ကို အမှုတင်သည့် နေ့မှာပဲစကြပါတယ်။ ဦးတိုက်မှု ကြတော့ အမှုတင်တဲ့နေ့မှာ trial မစသေးပဲ proceeding တွေရှိပါ သေးတယ်။ ကျင့်ထုံးပုဒ်မ - ၂၀၀ မှ ၂၀၄ ထိပေါ့။

မောင်မျိုး ။ ဟုတ်ကဲ့။
----
TMH ။ ရုံးရှေ့ဦးတိုက်လျှောက်လွှာရောက်ရှိလာသည့်အဆင့်ကနေစဆွေးနွေးပါ့မယ်။

မောင်မျိုး ။ ဟုတ်ကဲ့အကို။

TMH ။ ဦးတိုက်မှု တစ်ခုကို ရုံးကိုတင်ပါပြီ။ အများအားဖြင့် ဦးတိုက်မှုတွေကို တရားရုံးတွေ က ညနေပိုင်းမှ ခေါ်နိုင်တာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုနေ့အတွက် ချိန်းထားတဲ့ အမှုတွေကို ဦးစားပေးစစ်ပေးနေရတာကြောင့်ပါ။ ဦးတိုက်မှုကိုကြားနာဖို့
ခေါ်ပါပြီ။ လျှောက်ထားသူ(တိုင်လျှောက်သူ) ရုံးရှေ့မရှိရင် ဘယ်လိုအရေးယူမလဲ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၁ က စီရင်ပိုင်ခွင့်ကိစ္စဆိုတော့ သုံးမရဘူး။ ကျင့်ထုံးပုဒ်မ - ၂၀၃ကို သုံးမှာပေါ့။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၀၃ က အမှုသည်မလာခြင်းနှင့် ပတ်သက်လို့
ပြဌာန်းထားတာမှ မရှိတာ။ အမှုကြောင်းခြင်းရာနှင့်ပတ်သက်ပြီး sufficient ground ဖြစ်မဖြစ်ကိစ္စပဲပြဌာန်းထားတယ်မဟုတ်လား။
ကျင့်ထုံးပုဒ်မ - ၂၀၃ သုံးလိုဘယ်ရမလဲ။
----
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၄(၃)သုံးပြီးတိုင်ချက်ကို ပလပ်မယ်အကိုရာ။

TMH ။ ဦးတိုက်မှုတစ်ခုလက်ခံရရှိရင် အရင်ဆုံးလုပ်ရမယ့်အလုပ်က တိုင်တန်းသူကို ကျင့်ထုံးပုဒ်မ - ၂၀၀ အရ စစ်ရမှာ။ ခြွင်းချက်တော့ရှိတာပေါ့။ တရားရုံး နှင့် ပြည်သူ့ ဝန်ထမ်းကတာဝန်ဝတ္တရားအရ တိုင်တဲ့ကိစ္စမှာ ကျင့်ထုံးပုဒ်မ -၂၀၀(က)(ကက) အရ မစစ်ပဲနေလို့ရတယ်။

မောင်မျိုး ။ ဟုတ်ကဲ့။ တရားရုံး နှင့် ပြည်သူ့ဝန်ထမ်းကတာဝန်ဝတ္တရားအရ တိုင်တဲ့ကိစ္စက လွဲလို့ အခြားဦးတိုက်မှုတွေမှာကော အကို။

TMH ။ စောစောကပြောသလိုပဲ အခြားဦးတိုက်မှုတွေမှာတော့ ကျင့်ထုံးပုဒ်မ - ၂၀၀ အရ စစ်ဆေးချက် ရယူပြီးမှ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)အရ အရေးယူဆောင်ရွက် ဆင့်စာ ထုတ်သည့်ကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မှာပါ။ တိုင်တန်းသူ ရုံးရှေ့မရှိလို့ ကျင့် - ၂၀၀ စစ်ဆေးလို့မရသည့်ကိစ္စမှာ ကျင့်ထုံးပုဒ်မ-၂၀၄(၁)အရ ဆက်လက် ဆောင်ရွက်လို့ရမှာမဟုတ်ပါ။ ဒါဆိုဆင့်စာခပျက်ကွက်သည့်ကျင့်ထုံးပုဒ်မ - ၂၀၄(၃)ကို သုံးစွဲဆောင်ရွက်ခွင့်ရှိမည်မဟုတ်ပါ။

မောင်မျိုး ။ အင်း ၊ ဟုတ်တယ်။ ဒါဆို ကျင့်ထုံးပုဒ်မ - ၂၀၄(၃) လည်းမရဘူး။ တကယ်လို့ တရားရုံး၊ ပြည်သူ့ဝန်ထမ်း တို့၏ တာဝန်အရ တိုင်ချက်ဆိုရင်ရော။

TMH ။
ပြည်သူ့ဝန်ထမ်းဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၀(က)(ကက) အရစစ်ချက်မယူဘဲ နေလို့ရလို့ တိုင်တန်းချက်ကို အရေးယူဆောင်ရွက်ရန် အကြောင်းရှိမရှိ တိုင်တန်း ချက် နှင့်ပင် ဆုံးဖြတ်လို့ရတယ်။ အရေးယူဆောင်ရွက်ရန် အကြောင်းပေါ်ရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၄(၁) အရ ဆင့်စာကိစ္စပေါ်လာပြီ။ ပြည်သူ့ဝန်ထမ်းက တာဝန် ဝတ္တရားအရ တိုင်တဲ့ကိစ္စမှာ ၂၀၁၃ ခုနှစ် ခရိုင် / မြို့နယ် ဆင့်စာခနည်းဥပဒေ- ၁၁(ခ)(၃) အရ ဆင့်စာခကင်းလွတ်ခွင့်ရပါတယ်။ ဒါ့ကြောင့် ဆင့်စာထမ်းစရာ မလိုတော့ တရားခံထံကို တရားရုံးက ရုံးခေါ်စာထုတ်ရုံပေါ့။

မောင်မျိုး ။ ဖြတ်မေးဦးမယ်။ ပြည်သူ့ဝန်ထမ်းကတိုင်တာ ကျင့် - ၂၀၂ ချစရာမလိုဘူးလား။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၀၂ ခြွင်းချက်မှာ တရားရုံးက တိုင်တဲ့အမှုကလွဲလု့ိ အခြားအမှုမှာ ကျင့် - ၂၀၀ စစ်ချက်မရှိရင် ကျင့် - ၂၀၂ ချလိုမရပါဘူး။ ပြည်သူ့ဝန်ထမ်းကို ကျင့်ထုံး ပုဒ်မ -၂၀၀(က)(ကက) အရ မစစ်ပဲနေလို့ရပေမယ့် စစ်မထားရင်တော့ ကျင့်-၂၀၂ ချမရပါ။

မောင်မျိုး ။ ဦးတိုက်မှုတင်ထားပြီး ကျင့် - ၂၀၀ စစ်ဖို့ အမှုခေါ်တော့ တိုင်တန်းသူမရှိတာ ၂၀၃ လည်းမရ၊ ၂၀၄(၃)လည်းမရတော့ဘယ်လိုလုပ်ရမလဲ။
---
TMH ။ ခက်တော့ခက်တယ်။ ကျင့်ထုံးမှာ ပြဌာန်းချက်မရှိတာ။ ကျနော့်အမြင်တော့ ပြစ်မှုမှတ်ပုံတင်- ၁ က အဲဒီအမှုကိုပြန်ထုတ်ရုံပေါ့။ တိုင်တန်းသူ ပြန်လာ လျှောက်တော့ ပြန်ဖွင့်ပေးရုံပေါ့။

မောင်မျိုး ။ ရပါ့မလား။

TMH ။ စီမံခန့်ခွဲရေးနည်းလမ်းအရဆောင်ရွက်တာပဲ မရစရာ ဘာအကြောင်းရှိလဲ။ ဟိုယခင်တုန်းကဆိုရင် ဦးတိုက်လျှောက်လွှာကို လက်ခံအရေးယူတော့မှ (ဆိုချင်တာက ပုဒ်မ - တပ်တော့မှ) မှတ်ပုံတင်- ၁ ထဲ ထည့်တာလို့သိရတယ်။ ဆရာတစ်ဦးပြောပြချက်အရ ယခင် တရားရုံးချူပ်တရားသူကြီးတစ်ဦးက ဦးတိုက်လျှောက်လွှာတွေကို တင်လာစဉ် မှတ်ပုံတင်- ၁ မသွင်းသေးဘဲ သီးခြားလျှောက်လွှာမှတ်ပုံတင်လေးဖွင့်ထားပြီး အရေးယူတော့မှ မှတ်ပုံတင်- ၁ ထည့်ဖို့ လမ်းညွှန်ဖူးတယ်လို့ဆိုတယ်။ ဒါပေမယ့် စာ နှင့် ပေ နှင့် ညွှန်ကြားချက်မထွက်တော့ အဲဒီနည်းလမ်းကို သုံးသူမတွေ့ပါဘူး။
------
မောင်မျိုး ။ ဟုတ်ကဲ့။ ထားပါတော့ တိုင်တန်းသူကို ကျင့် - ၂၀၀ စစ်ပြီအကိုရာ။ လိုအပ်လို့ ကျင့် -၂၀၂ချမယ်။ ကျင့်- ၂၀၂ ရဲစစ်ဆေးချက် နှင့် အစီရင်ခံစာပြန်သွင်း ဖို့ တိုင်တန်းသူကို ရုံးချိန်ပေးမယ်။ ကျင့်- ၂၀၂ ရဲစစ်ဆေးချက် နှင့် အစီရင်ခံစာ ပြန်သွင်းတဲ့နေ့မှာ တိုင်တန်းသူ ရုံးချိန်းပျက်တယ်။ ဘယ်လိုလုပ်မလဲ။
တိုင်တန်းသူ မလာဆိုပြီး အမှုပလပ်ရမှာလား။

TMH ။ ပြစ်မှုကျင့်ထုံးမှာ အဲလိုလုပ်နိုင်တယ်လို့ ပြဌာန်းထားလို့လား။

မောင်မျိုး ။ အဲ ဗျာ ။ ပြဌာန်းချက်တော့မရှိဘူး။

TMH ။ ကျင့်-၂၀၂ ပြန်သွင်းတဲ့နေ့ တိုင်တန်းသူ ရုံးချိန်းပျက်တာ ဘာမှလုပ်မရပါဘူး။ အမှုအကြောင်းခြင်းရာပေါ်ပဲ ဆုံးဖြတ်နိုင်မှာပါ။ကျင့် - ၂၀၂ စစ်ဆေးချက် နှင့် အစီရင်ခံစာအရ အရေးယူဆောင်ရွက်ရန် အကြောင်းမပေါ်ရင် ကျင့်ထုံးပုဒ်မ - ၂၀၃ အရ ပလပ်ပေါ့။ အရေးယူဆောင်ရွက်ရန်အကြောင်းပေါ်ရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)ကိုဆက်သွားရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)ကိုဆက်သွားတာဆိုတော့ ဆင့်စာ၊ ဝရမ်းစာကိစ္စပါလာပြီ။တိုင်တန်းသူမှမရှိတာဘယ်သူသွင်းမလဲ။ ၂၀၄(၃) နှင့်ပလပ်ရမှာလား။

TMH ။ (၂)ပိုင်းရှိပါတယ်။ ဆင့်စာခထမ်းဆောင်ရန် လိုအပ်တာ နှင့် မလိုတာပါ။ ဥပမာ- အရေးယူရန်အကြောင်းပေါ်ပေါက်သည့်အမှုက ရဲအရေးပိုင်သည့် အမှု ဖြစ်နေတယ်ဆိုပါတော့။

မောင်မျိုး ။ ဟုတ်ကဲ့။

TMH ။ ၂၀၁၃ ခုနှစ် ခရိုင် / မြို့နယ် ဆင့်စာခနည်းဥပဒေ- ၁၁(ခ)(၁) အရ ဆင့်စာခ ကင်းလွတ်ခွင့်ရပါတယ်။ တိုင်တန်းသူက ဆင့်စာခေါင်း ပေးသွင်းရန်မှမလိုတာ ။ တရားခံထံ ဆင့်စာ၊ ဝါရမ်းစာ တန်းထုတ်ရုံပေ့ါ။

မောင်မျိုး ။ အရေးယူရန် အကြောင်းပေါ်သည့်
ပြစ်မှုကရဲအရေးမပိုင်သည့်ပြစ်မှုဖြစ်နေရင်ရော။

TMH ။ ရဲအရေးမပိုင်ရင်တော့ တိုင်တန်းသူက ဆင့်စာခေါင်းထမ်းဆောင် ဖို့လိုလာပါပြီ။ မထမ်းရင်တော့ ၂၀၄(၃)အရ တိုင်တန်းချက်ကို ပလပ်လို့ရပါပြီ။

မောင်မျိုး ။ တစ်ခါတစ်လေ ကျနော်တို့တွေ ဦးတိုက်လျှောက်လွှာ နှင့်အတူ လိုလိုမယ်မယ် ဆိုပြီး တရားခံဆင့်ဆိုဖို့ ရုံးခွန်ကပ်ပေးထားကြတယ်လေအကို ။ အဲဒါဆိုရင်ရော ဆင့်စာထမ်းတယ်ဆိုမလား။

TMH ။ ဆင်စာထမ်းထားပြီးဖြစ်တယ်လို့ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဦးတိုက်လျှောက်လွှာတင်လာကတည်းက မလိုအပ်ရင်၊ ဒါမှမဟုတ် မလိုအပ်သည့် ကိစ္စမို့ လက်မခံနိုင်ရင် တိုင်တန်းသူကို တစ်ခါတည်း ပြန်ပေးလိုက်လေ။ မပေးဘဲ တိုင်တန်းသူက လိုလိုမယ်မယ်ဆိုပြီး တင်သွင်းလာသည့် ရုံးခွန်ကိုလက်ခံထားပြီး ကာမှ နောက်များမှ မင်းဟာ အရေးယူမဆောင်ရွက်ရသေးခင် တင်သွင်းထားတာပဲ ။ လက်မခံနိုင်ဘူး လို့ သွားပြောရင် ကလေး ကစားသလိုဖြစ်မယ် ထင်ပါတယ်။
-----
မောင်မျိုး ။ ကျင့်- ၂၀၄(၃) အရ ပလပ်ခြင်းကို အရေးယူဆောင်ရွက်ကြောင်း ဆုံးဖြတ် သည့်နေ့မှာပဲ တစ်ခါတည်းပဲ ပလပ်ရမယ်မဟုတ်လား အကို။

TMH ။ ၂၀၄(၃)မှာက “သင့်လျော်သည့်အချိန်အတွင်း” လို့ပါပါတယ်။ သင့်လျော်သည့် အချိန်ကို ဘယ်လိုသတ်မှတ်မှာလဲ။ တရားလို(တိုင်တန်းသူ)က ရုံးချိန်းမှားတာလဲ ဖြစ်နိုင်တာပဲ။ ကျနော့်အမြင်တော့ နေ့ချင်းပလပ်တာထက်စာရင် တိုင်တန်းသူက ဆင့်စာခတင်သွင်းနိုင်ရန် အချိန်ပေးသင့်သည်ဟုယူဆပါတယ်။ တိုင်တန်းသူက ဆင့်စာခေါင်းထမ်းဆောင်လာပါက တရားခံထံ ရုံးခေါ်စာ ထုတ်ပါလို့ ဆိုပြီး ရုံးချိန်းတစ်ချိန်းခွင့်ပြုသင့်တယ်ထင်ပါတယ်။ သတ်မှတ်ရုံးချိန်းနေ့အထိ တိုင်တန်းသူဆင့်စာခေါင်းပေးသွင်းလာခြင်းမရှိရင်တော့ အဲဒီရုံးချိန်းမှာ - ကျင့် - ၂၀၄(၃) အရ ပလပ်လို့ရပါပြီ။ ဒါဆို သင့်လျော်သည့် အချိန်ပေးပြီးမှ ပလပ်တာလို့ ယူဆပါတယ်။

မောင်မျိုး ။ ဟုတ်ကဲ့အကိုရှင်းပါတယ်။ တိုင်တန်းသူလာတယ်အကိုရာ ။ အရေးယူရန် အကြောင်း ပေါ်တယ်။ လိုအပ်တဲ့ဆင့်စာခေါင်းလဲသွင်းတယ်။ တရားခံ ထံ ရုံးခေါ်စာထုတ်တယ်။ တရားခံရုံးရှေ့လာရမည့် ရုံးချိန်းမှာ တရားလိုလည်း မလာ၊ တရားခံလည်းမလာ ။ တရားခံထံထုတ်ဆင့်သည့် ဆင့်စာကြတော့ အတည်ဖြစ် တယ်။ ဘာဆက်လုပ်မလဲ။

TMH ။ ဆင့်စာအတည်ဖြစ်တဲ့ကိစ္စမှာ။ ထပ်မံထုတ်ဆင့်သည့် ဆင့်စာ၊ ဝရမ်းစာအတွက် ပေးသွင်းရန်လိုအပ်သည့် အခကို တရားလိုက ထပ်မံပေးသွင်းရမှာပါ။ ဆင့်စာအတည်မဖြစ်ရင်တော့ တရားရုံးက မိမိအလိုအလျောက်ထပ်မံထုတ်ဆင့်မှာ မို့လို့ ဆင့်စာခေါင်းထပ်သွင်းစရာ မလိုပါ ဘူး။ ဆင့်စာအတည်ဖြစ်လို့ ထပ်မံထုတ်ဆင့်ရမည့် ဆင့်စာ၊ ဝရမ်းစာအတွက် တရားလိုက သင့်လျော်သည့်အချိန်မသွင်းရင်တော့ ကျင့်ထုံး- ပုဒ်မ - ၂၀၄(၃) အရ တိုင်တန်းချက်ကို ပလပ်ရုံပေါ့။
----
မောင်မျိုး ။ ဆင့်စာအတည်ဖြစ်မဖြစ်က ဘယ်လိုခွဲမလဲ။

TMH ။ ကျင့်ထုံးပုဒ်မ - ၆၉ မှ ၇၄ ထိပါ ပြဌာန်းချက်များကိုလိုက်နာထားလျှင် ဆင့်စာ အတည်ဖြစ်ပါတယ်။
---
မောင်မျိုး ။ ဆင့်စာထုတ်လို့ တရားခံလာရမယ့်နေ့မှာ တရားခံရုံးရှေ့လာတယ်အကိုရာ။ တရားလိုမလာရင်ရော။

TMH ။ တရားခံရုံးရှေ့ရောက်ရင် trial ခွဲခြားသတ်မှတ်ပါပြီ။ trial အပေါ်မူတည်ပါတယ်။

မောင်မျိုး ။ သမ္မာန်မှု အကိုရာ။

TMH ။ သမ္မာန်မှုစစ်ဆေးနည်းဖြင့်စစ်မှာ ဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၄၇ နှင့်ဆိုင်ပါ တယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာ နေ့ရက်(၂)ရက်ပြထားပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာတော့ ဆင့်စာအရ တရားခံလာရောက်သည့်နေ့ရက်နှင့် ကြားနာရန် နေ့ရက်ဆိုပြီး နေ့ရက် (၂)ခုပါပါတယ်။ တရားခံကို အမှုမှ အပြီးအပြတ်လွှတ် နိုင်ပါတယ်။

မောင်မျိုး ။ ခြွင်းချက်ရှိသေးလား။

TMH ။ ပြည်သူ့ဝန်ထမ်းက တိုင်သည့် သမ္မာန်မှုဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၄၇ ခြွင်းချက်အရ မလွှတ်နိုင်ပါဘူး။ တရားလိုစစ်ဖို့ချိန်းဆိုရန်ဖြစ်ပါ တယ်။ အမှုမကြန့်ကြာစေဖို့ ပြည်သူ့ဝန်ထမ်းထံ တရားရုံးက အလိုအလျောက် ဆင့်စာထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၄၇ ကိုသုံးမယ်ဆိုရင် ရဲအရေးပိုင်တာ၊ မပိုင်တာ၊ ကျေးအေးခွင့် ရှိတာ၊ မရှိတာ လိုသေးလားအကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၄၇မှာ ဘယ်လိုအမှုမျိုးဖြစ်ရမယ်လို့သတ်မှတ်ထားတာမရှိပါဘူး။
---
မောင်မျိုး ။ ဝရမ်းမှုနှင့်စစ်ဆေးရမည့်အမှုဆိုရင်ရောအကို ။

TMH ။ ဝရမ်းမှုစစ်ဆေးနည်းဖြင့်စစ်ဆေးရမည့်အမှုဆိုရင် တရားလိုမလာရင်အရေးယူရန် ပြဌာန်းချက်က ကျင့်ထုံးပုဒ်မ - ၂၅၉ ပါ။ ကျင့်ထုံးပုဒ်မ - ၂၅၉အရ အရေးယူနိုင်သည့်နေ့ရက်သည် “ကြားနာရန်” နေ့ရက်ဖြစ်ပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာတော့ စောစောကပြောထားသလိုနေ့ရက် (၂)မျိုးပါပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၅၉ မှာတော့ ကြားနာရန်နေ့ရက် ပဲပါပါတယ်။ ဆင့်စာအရ တရားခံရုံးရှေ့ လာရောက်ရမည့် နေ့သည် ကြားနာရန် နေ့ရက်မဟုတ်ပါ။ ဒါ့ကြောင့် ဝရမ်းမှုမှာ ဆင့်စာအရ တရားခံရုံးရှေ့ရောက်ရမည့်နေ့ မှာ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို ကျင့်သုံးလို့မရပါဘူး။

မောင်မျိုး ။ အဲဒါဆို ဝရမ်းမှုမှာ တရားခံလာရမည့်နေ့မှာ တရားလိုရုံးချိန်းပျက်ရင် ဘာဆက် လုပ်မလဲ။

TMH ။ တရားလိုစစ်ဆေးရန် နေ့ရက်သတ်မှတ်ချိန်းဆိုရန်ဖြစ်ပါတယ်။ စစ်မည့်နေ့ကြ မလာရင်တော့ အမှုက ကျေအေးခွင့်ရှိသည့် အမှု၊ ဒါမှမဟုတ် ရဲအရေးမပိုင်သည့် အမှုမျိုးဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို သုံးပြီး တရားခံကို စွဲချက်မတင်မီ လွှတ်ရန်ဖြစ်ပါတယ်။
----
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၉ က ကျေးအေးမှု ၊ ရဲအရေးမပိုင်မှု (၂)မျိုးလုံးဖြစ်ရမှာ မဟုတ်ဘူးလား။

TMH ။ “or”ခံထားပါတယ်။ ကျေအေးမှုဖြစ်ရင်ဖြစ်၊ ရဲအရေးမပိုင်မှုဖြစ်ရင်ဖြစ်။ တစ်ခုနှင့် အကျုံးဝင်လျှင်ရပါပြီ။ ဥပမာ - ပြစ်မှုပုဒ်မ - ၄၀၄ လိုအမှုမျိုးကိုကြည့်ပါ။ ရဲအရေး မပိုင်မှုပါ။ ကျေအေးခွင့်တော့မရှိပါဘူး။ ကျင့်ထုံးပုဒ်မ - ၂၅၉ အကျုံးဝင်ပါတယ်။
---
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို တရားခံရုံးရှေ့မရောက်တဲ့အမှုတွေမှာသုံးလို့ရလားအကို။

TMH ။ ဗျာ။ တရားခံမှ ရုံးရှေ့မရောက်သေးတာ trial မစသေးတော့ ဘယ်နည်းနဲ့စစ်မလဲ မသိသေးတာရယ်။ ကြားနာရန်နေ့ရက် မသတ်မှတ်သေးတာရယ်ကြောင့် တရားခံ ရုံးရှေ့ မရောက်တာကို ကျင့်ထုံးပုဒ်မ - ၂၅၉ သုံးလို့ရပါ့မလား။ ဘယ်ရမလဲ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၄၇ ၊ ၂၅၉ တို့ နှင့် အကျုံးမဝင်သည့် အမှုများမှာ တရားလို မလာရင် ဘယ်လို ဆက်လုပ်ရမလဲ။

TMH ။ ပြဌာန်းချက်မှမရှိတာ ။ အမှုမကြန့်ကြာစေရေးအတွက် တရားရုံးက တရားလိုကို အလိုအလျောက် ဆင့်စာထုတ်ရုံပေါ့။

မောင်မျိုး ။ ဆင့်စာတွေအတည်မဖြစ်ဘူးအကိုရာ။ ဘယ်လိုဆက်လုပ်မလဲ။ အမှုကို ဒီအတိုင်း ထားမလား။ ဒါမှမဟုတ် သက်သေခေါ်စစ်ရမှာလား။

TMH ။ တရားလို ရုံးရှေ့ထွက်ချက်မရှိဘဲ တစ်နည်းပြောရရင် substantive evidence (ပင်ရင်းသက်သေခံချက်)မရှိဘဲ corroborative evidence (ထောက်ခံသည့် သက်သေခံချက်)ကို ရယူလို့ရော ဘာထူးမှာလဲ။

မောင်မျိုး ။ တိုင်တန်းသူ၏ ကျင့် - ၂၀၀ စစ်ချက်က substantive evidence မဟုတ်ဘူး လားအကို။

TMH ။ တရားခံ ပြန်လှန်စစ်မေးခွင့်မရသည့် သက်သေခံချက်ကို substantive evidence အနေဖြင့် အသုံးပြုလို့ရပါ့မလားညီ။
----
မောင်မျိုး ။ ဒါလည်းဟုတ်တာပဲ။ ဒါဖြင့် သမ္မာန်မှုဆို ကျင့်ထုံးပုဒ်မ - ၂၄၅(၁)၊ ဝရမ်းမှုဆို ကျင့်ထုံးပုဒ်မ - ၂၅၃(၁) နှင့် ၂၅၃(၂)တို့နှင့် တရားခံကို လွှတ်မယ်အကိုရာ။

TMH ။ ကျင့်ထုံးမှာ ပြဌာန်းထားတဲ့ စစ်ဆေးနည်းအစီအစဉ်ကို ခုန်ပျံကျော်လွှားပြီးသွား လို့ မရပါဘူး။ သမ္မာန်မှုဆို ကျင့်ထုံးပုဒ်မ - ၂၄၄အရ သက်သေစစ်ဆေးခြင်း များကို ဆောင်ရွက်ပြီးမှ ကျင့်ထုံးပုဒ်မ - ၂၄၅ အရ တရားခံကိုလွှတ်ခွင့်ရှိပါတယ်။ သမ္မာန်မှုက သိပ်ပြသနာမရှိပါဘူး ကျင့် ၂၄၇ က အမှုအများစု အကျုံးဝင်ပါတယ်။ ခြွင်းချက်ဖြစ်သည့် ပြည်သူ့ဝန်ထမ်း ဦးတိုက်မှုက သက်သေလာရန်ခက်ခဲစရာအကြောင်းနည်းမယ်ထင်ပါတယ်။
-----
မောင်မျိုး ။ ဝရမ်းမှုက ပြသနာရှိတာလားအကို။

TMH ။ ဝရမ်းမှုမှာလည်းဒီအတိုင်းပါပဲ။ ကျင့်ထုံးပုဒ်မ - ၂၅၂ အရ သက်သေစစ်ပြီးမှ ကျင့်ထုံးပုဒ်မ - ၂၅၃(၁)ကို ဆောင်ရွက်လို့ရပါတယ်။

မောင်မျိုး ။ ဒါဆို ကျင့်ထုံးပုဒ်မ - ၂၅၃(၂)ကတော့ မည်သည့် အဆင့်မှာမဆိုလွှတ်လို့ရတယ်လေ အကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၃(၂)က စွဲချက်က အခြေအမြစ်မရှိသည့်ကိစ္စပါ။ စွဲချက်က အခြေအမြစ်မရှိရင် ဦးတိုက်လျှောက်လွှာမှာကတည်းက ကျင့်ထုံးပုဒ်မ - ၂၀၃ အရ တိုင်တန်းချက် ကို ပလပ်မှာပေါ့။ အခု အခြေအမြစ်ရှိလို့ တရားခံကို ရုံးရှေ့ ခေါ်ပြီး trial တောင်စနေပြီ။ ဘာသက်သေခံချက်အသစ်မှ ထပ်မရသေးဘဲ အခြေအမြစ်မရှိ ဘူးလို့ ဆိုရင် ရှေ့မှာ အခြေအမြစ်ရှိလို့ ကျင့် - ၂၀၃ နှင့် မပလပ်ပဲ ကျင့် - ၂၀၄(၁)ဆက်သွားခဲ့တာ မှားပြီပေါ့။ အကျိုးအကြောင်းသင့်အောင်တော့ လုပ်သင့် ပါတယ်။ ဟိုနားတစ်ခွန်း ဒီနားတစ်ခွန်းမဖြစ်သင့်ပါ။
------
မောင်မျိုး ။ အဲဒါဆိုလည်း တရားလိုမလာရင်နေ သူစာရင်းတင်ထားတဲ့ သက်သေတွေကို တရားရုံးက အလိုအလျောက်ဆင့်စာထုတ်ခေါ်စစ်ပြီး တရားခံကို ကျင့်ထုံးပုဒ်မ - ၂၅၃(၁)နှင့် လွှတ်ပေးလိုက်အကိုရာ။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၃(၁) အရ စွဲချက်မတင်မီလွှတ်နိုင်တဲ့အချိန်က ကျင့်ထုံးပုဒ်မ - ၂၅၂ အရ သက်သေခံချက်အားလုံးရယူပြီးနောက်မှဖြစ်ပါတယ်။ ဒါ့ကြောင့် တရားလိုပြသက်သေအားလုံးစစ်ပြီးမှလွှတ်လို့ရမှာပါ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၄ အရတော့ သက်သေမကုန်ပဲ စွဲချက်တင်လို့ ရတယ်နော်။ ဆိုချင်တာက သက်သေခံချက်အားလုံးကုန်အောင်ယူစရာမလိုပဲ စွဲချက်တင်လို့တော့ရပြီး စွဲချက်မတင်မီလွှတ်ဖို့ကြတော့ သက်သေကုန်မှဆိုတော့ တစ်မျိုးပဲနော်။

TMH ။ ကျင့်ထုံးက ထိုအတိုင်းပဲပြဌာန်းထားပါတယ်။
------
မောင်မျိုး ။ ဒါဆိုလည်း ဆင့်မရတဲ့ သက်သေ တရားရုံးက ပယ်တယ်ပေါ့အကိုရ။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၉ မှာ အကျုံးမဝင်သည့် ဦးတိုက်မှုတွေ အားလုံး နီးပါးသည် ရဲအရေးပိုင်မှုများဖြစ်ပါတယ်။ ဒ့ါကြောင့် ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သည့် အမှုများဖြစ်လို့ ဥပဒေအရာရှိက အဲဒီတရားလိုဘက်သက်သေကို မစစ်တော့ ဘူး ဆိုပြီး တင်ပြနိုင်ပါတယ်။ တရားရုံးအနေနှင့်တော့သက်သေပယ်လို့မရပါ။

မောင်မျိုး ။ ဘာဖြစ်လို့လဲအကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၇(၁)အရမှတပါး တရားရုံးကသက်သေပယ်ပိုင်ခွင့်မှမရှိတာ။ ငြင်းပယ်ခွင့်မှမရှိတာ။ ယခင် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ ပုဒ်မ - ၇၇ တွင် တရားရုံးများကို သက်သေပယ်ပိုင်ခွင့် အာဏာပေးခဲ့ဖူးပါသည်။လက်ရှိ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ တွင် ယင်းကဲ့သို့သော ပြဌာန်းထားသည်ကိုမတွေ့ရပါ။
ဦးရှမ်းဘို (ခ)ဦးဉာဏ်လန်း နှင့် ပြည်ထောင်စု(၁၉၆၁၊မတစ(လွှတ်တော်) စာ-၈၄)အမှုမှာ "တရားသူကြီးသည် သက်သေများကို မိမိသဘောအလျောက် ပယ်နိုင်ခွင့်မရှိ။ တရားဥပဒေတွင် ဤကဲ့သို့သော သက်သေကိုပယ်နိုင်သော အာဏာပေးထားခြင်းမရှိဟု ဆုံးဖြတ်ထားပါသည်။
----
မောင်မျိုး ။ ဟာ -----အဲဒါဆို ဥပဒေအရာရှိက ဆင့်ခေါ်မရသည့် သက်သေတွေကို မပယ်ပေးဘဲလုပ်ထားရင် အမှုတွေက pending တွေဖြစ်ပြီး တရားခံတွေကတော့ ရုံးတက်နေရမှာပေါ့။ သေပြီပေါ့။

TMH ။ မဖြစ်တန်ကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေအရာရှိ၏ တာဝန်က အမှုကိုလိုက်ပါဆောင်ရွက်ရန်ဖြစ်ပြီးတရားခံကို ညှဉ်းပန်းနှိပ်စက်ရန် မဟုတ်သည့်အတွက်ဖြစ်ပါတယ်။ AH TU (alias) KYAW NYUN Vs The KING (1947 . R.L.R . 405 ) အမှုမှာ ဥပဒေအရာရှိ၏တာဝန်ကို to prosecute and not to persecute လို့ အတိအလင်း လမ်းညွှန်ထားပါတယ်။ အဲဒါကြောင့်ပါ။

မောင်မျိုး ။ စီရင်ထုံးအတိုင်းလေးပြောပြပါလားအကို။

TMH ။ It should never be forgotten that it is the duty of a Public Prosecutor or any other official who may be conducting the prosecution, to prosecute and not to persecute. ပါ။

မောင်မျိုး ။ ကျေးဇူးတင်ပါတယ်အကို။            ။

(အထက်ပါ အကြောင်းအရာများသည် ကျနော့်၏ လေ့လာမှုအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ ဆရာ၊ ဆရာမများ၏ comment များမှလည်း လေ့လာသင်ယူလိုလှပါသည်။ )
လေးစားစွာဖြင့် ။

Tun Myo Htay

FACEBOOK













ဦးတိုက္ေလွ်ာက္ထားမႈမ်ားတြင္ တိုင္တန္းသူ(တရားလို)ရံုးခ်ိန္းပ်က္ကြက္ျခင္း ႏွင့္ စပ္လ်ဥ္း၍။


ေမာင္မ်ိဳး ။ ဦးတုိက္မႈႏွင့္ ပတ္သက္ၿပီး တရားလိုရံုးခ်ိန္းပ်က္ကြက္ရင္ အေရးယူပံု ယူနည္းေလးေျပာျပပါလားအကို။

TMH ။ ဦးတိုက္မႈအေၾကာင္းေျပာရင္ trial အေၾကာင္းအရင္ေျပာမွရပါမယ္။ အမႈစစ္ေဆးနည္း(trial)ကေတာ့ အမ်ားအားျဖင့္ သမၼာန္မႈစစ္ေဆးနည္း (က်င့္ထံုးပုဒ္မ- ၂၄၁ မွ ၂၄၉) ႏွင့္ ၀ရမ္းမႈစစ္ေဆးနည္း(က်င့္ထံုးပုဒ္မ - ၂၅၁ မွ ၂၅၉) စစ္ေဆးနည္း (၂)နည္းကိုပဲသုံုးၾကတာမ်ားပါတယ္။ အက်ဥ္းနည္းစစ္ေဆးနည္းကသံုးခဲတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။

TMH ။ ရဲစြဲမွာေတာ့ အမႈတင္လာတာ ႏွင့္ တရားခံပါလာတာဆုိေတာ့ trial ကို အမႈတင္သည့္ ေန႔မွာပဲစၾကပါတယ္။ ဦးတိုက္မႈ ၾကေတာ့ အမႈတင္တဲ့ေန႔မွာ trial မစေသးပဲ proceeding ေတြရွိပါ ေသးတယ္။ က်င့္ထံုးပုဒ္မ - ၂၀၀ မွ ၂၀၄ ထိေပါ့။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။
----
TMH ။ ရံုးေရွ႕ဦးတုိက္ေလွ်ာက္လႊာေရာက္ရွိလာသည့္အဆင့္ကေနစေဆြးေႏြးပါ့မယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့အကို။

TMH ။ ဦးတုိက္မႈ တစ္ခုကို ရံုးကိုတင္ပါၿပီ။ အမ်ားအားျဖင့္ ဦးတုိက္မႈေတြကို တရားရံုးေတြ က ညေနပိုင္းမွ ေခၚႏိုင္တာမ်ားပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ထုိေန႔အတြက္ ခ်ိန္းထားတဲ့ အမႈေတြကို ဦးစားေပးစစ္ေပးေနရတာေၾကာင့္ပါ။ ဦးတိုက္မႈကိုၾကားနာဖုိ႔
ေခၚပါၿပီ။ ေလွ်ာက္ထားသူ(တိုင္ေလွ်ာက္သူ) ရံုးေရွ႕မရွိရင္ ဘယ္လိုအေရးယူမလဲ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၁ က စီရင္ပို္င္ခြင့္ကိစၥဆုိေတာ့ သံုးမရဘူး။ က်င့္ထံုးပုဒ္မ - ၂၀၃ကို သုံးမွာေပါ့။

TMH ။ က်င့္ထံုးပုဒ္မ - ၂၀၃ က အမႈသည္မလာျခင္းႏွင့္ ပတ္သက္လို႔
ျပဌာန္းထားတာမွ မရွိတာ။ အမႈေၾကာင္းျခင္းရာႏွင့္ပတ္သက္ၿပီး sufficient ground ျဖစ္မျဖစ္ကိစၥပဲျပဌာန္းထားတယ္မဟုတ္လား။
က်င့္ထံုးပုဒ္မ - ၂၀၃ သုံးလိုဘယ္ရမလဲ။
----
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၄(၃)သံုးၿပီးတုိင္ခ်က္ကို ပလပ္မယ္အကိုရာ။

TMH ။ ဦးတိုက္မႈတစ္ခုလက္ခံရရွိရင္ အရင္ဆံုးလုပ္ရမယ့္အလုပ္က တိုင္တန္းသူကုိ က်င့္ထံုးပုဒ္မ - ၂၀၀ အရ စစ္ရမွာ။ ျခြင္းခ်က္ေတာ့ရွိတာေပါ့။ တရားရံုး ႏွင့္ ျပည္သူ႔ ၀န္ထမ္းကတာ၀န္၀တၱရားအရ တိုင္တဲ့ကိစၥမွာ က်င့္ထံုးပုဒ္မ -၂၀၀(က)(ကက) အရ မစစ္ပဲေနလို႔ရတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။ တရားရံုး ႏွင့္ ျပည္သူ႔၀န္ထမ္းကတာ၀န္၀တၱရားအရ တိုင္တဲ့ကိစၥက လြဲလို႔ အျခားဦးတုိက္မႈေတြမွာေကာ အကို။

TMH ။ ေစာေစာကေျပာသလိုပဲ အျခားဦးတုိက္မႈေတြမွာေတာ့ က်င့္ထံုးပုဒ္မ - ၂၀၀ အရ စစ္ေဆးခ်က္ ရယူၿပီးမွ က်င့္ထံုးပုဒ္မ - ၂၀၄(၁)အရ အေရးယူေဆာင္ရြက္ ဆင့္စာ ထုတ္သည့္ကိစၥကို ဆက္လက္ေဆာင္ရြက္ႏိုင္မွာပါ။ တိုင္တန္းသူ ရံုးေရွ႕မရွိလို႔ က်င့္ - ၂၀၀ စစ္ေဆးလို႔မရသည့္ကိစၥမွာ က်င့္ထံုးပုဒ္မ-၂၀၄(၁)အရ ဆက္လက္ ေဆာင္ရြက္လို႔ရမွာမဟုတ္ပါ။ ဒါဆိုဆင့္စာခပ်က္ကြက္သည့္က်င့္ထံုးပုဒ္မ - ၂၀၄(၃)ကို သံုးစြဲေဆာင္ရြက္ခြင့္ရွိမည္မဟုတ္ပါ။

ေမာင္မ်ိဳး ။ အင္း ၊ ဟုတ္တယ္။ ဒါဆို က်င့္ထံုးပုဒ္မ - ၂၀၄(၃) လည္းမရဘူး။ တကယ္လို႔ တရားရံုး၊ ျပည္သူ႔၀န္ထမ္း တို႔၏ တာ၀န္အရ တိုင္ခ်က္ဆိုရင္ေရာ။

TMH ။
ျပည္သူ႔၀န္ထမ္းဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၀(က)(ကက) အရစစ္ခ်က္မယူဘဲ ေနလို႔ရလို႔ တိုင္တန္းခ်က္ကို အေရးယူေဆာင္ရြက္ရန္ အေၾကာင္းရွိမရွိ တိုင္တန္း ခ်က္ ႏွင့္ပင္ ဆံုးျဖတ္လို႔ရတယ္။ အေရးယူေဆာင္ရြက္ရန္ အေၾကာင္းေပၚရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၄(၁) အရ ဆင့္စာကိစၥေပၚလာၿပီ။ ျပည္သူ႔၀န္ထမ္းက တာ၀န္ ၀တၱရားအရ တိုင္တဲ့ကိစၥမွာ ၂၀၁၃ ခုႏွစ္ ခရိုင္ / ၿမိဳ႕နယ္ ဆင့္စာခနည္းဥပေဒ- ၁၁(ခ)(၃) အရ ဆင့္စာခကင္းလြတ္ခြင့္ရပါတယ္။ ဒါ့ေၾကာင့္ ဆင့္စာထမ္းစရာ မလိုေတာ့ တရားခံထံကို တရားရံုးက ရံုးေခၚစာထုတ္ရံုေပါ့။

ေမာင္မ်ိဳး ။ ျဖတ္ေမးဦးမယ္။ ျပည္သူ႔၀န္ထမ္းကတိုင္တာ က်င့္ - ၂၀၂ ခ်စရာမလိုဘူးလား။

TMH ။ က်င့္ထံုးပုဒ္မ - ၂၀၂ ျခြင္းခ်က္မွာ တရားရံုးက တိုင္တဲ့အမႈကလြဲလု႔ိ အျခားအမႈမွာ က်င့္ - ၂၀၀ စစ္ခ်က္မရွိရင္ က်င့္ - ၂၀၂ ခ်လိုမရပါဘူး။ ျပည္သူ႔၀န္ထမ္းကို က်င့္ထံုး ပုဒ္မ -၂၀၀(က)(ကက) အရ မစစ္ပဲေနလို႔ရေပမယ့္ စစ္မထားရင္ေတာ့ က်င့္-၂၀၂ ခ်မရပါ။

ေမာင္မ်ိဳး ။ ဦးတုိက္မႈတင္ထားၿပီး က်င့္ - ၂၀၀ စစ္ဖို႔ အမႈေခၚေတာ့ တိုင္တန္းသူမရွိတာ ၂၀၃ လည္းမရ၊ ၂၀၄(၃)လည္းမရေတာ့ဘယ္လိုလုပ္ရမလဲ။
---
TMH ။ ခက္ေတာ့ခက္တယ္။ က်င့္ထံုးမွာ ျပဌာန္းခ်က္မရွိတာ။ က်ေနာ့္အျမင္ေတာ့ ျပစ္မႈမွတ္ပံုတင္- ၁ က အဲဒီအမႈကိုျပန္ထုတ္ရံုေပါ့။ တိုင္တန္းသူ ျပန္လာ ေလွ်ာက္ေတာ့ ျပန္ဖြင့္ေပးရံုေပါ့။

ေမာင္မ်ိဳး ။ ရပါ့မလား။

TMH ။ စီမံခန္႔ခြဲေရးနည္းလမ္းအရေဆာင္ရြက္တာပဲ မရစရာ ဘာအေၾကာင္းရွိလဲ။ ဟိုယခင္တုန္းကဆိုရင္ ဦးတုိက္ေလွ်ာက္လႊာကို လက္ခံအေရးယူေတာ့မွ (ဆိုခ်င္တာက ပုဒ္မ - တပ္ေတာ့မွ) မွတ္ပံုတင္- ၁ ထဲ ထည့္တာလို႔သိရတယ္။ ဆရာတစ္ဦးေျပာျပခ်က္အရ ယခင္ တရားရံုးခ်ဴပ္တရားသူႀကီးတစ္ဦးက ဦးတိုက္ေလွ်ာက္လႊာေတြကို တင္လာစဥ္ မွတ္ပံုတင္- ၁ မသြင္းေသးဘဲ သီးျခားေလွ်ာက္လႊာမွတ္ပံုတင္ေလးဖြင့္ထားၿပီး အေရးယူေတာ့မွ မွတ္ပံုတင္- ၁ ထည့္ဖို႔ လမ္းညႊန္ဖူးတယ္လို႔ဆိုတယ္။ ဒါေပမယ့္ စာ ႏွင့္ ေပ ႏွင့္ ညႊန္ၾကားခ်က္မထြက္ေတာ့ အဲဒီနည္းလမ္းကို သံုးသူမေတြ႔ပါဘူး။
------
ေမာင္မ်ိဳး ။ ဟုတ္ကဲ့။ ထားပါေတာ့ တိုင္တန္းသူကို က်င့္ - ၂၀၀ စစ္ၿပီအကိုရာ။ လုိအပ္လို႔ က်င့္ -၂၀၂ခ်မယ္။ က်င့္- ၂၀၂ ရဲစစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာျပန္သြင္း ဖို႔ တိုင္တန္းသူကို ရံုးခ်ိန္ေပးမယ္။ က်င့္- ၂၀၂ ရဲစစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာ ျပန္သြင္းတဲ့ေန႔မွာ တိုင္တန္းသူ ရံုးခ်ိန္းပ်က္တယ္။ ဘယ္လိုလုပ္မလဲ။
တိုင္တန္္းသူ မလာဆိုၿပီး အမႈပလပ္ရမွာလား။

TMH ။ ျပစ္မႈက်င့္ထံုးမွာ အဲလုိလုပ္ႏို္င္တယ္လို႔ ျပဌာန္းထားလို႔ု႔လား။

ေမာင္မ်ိဳး ။ အဲ ဗ်ာ ။ ျပဌာန္းခ်က္ေတာ့မရွိဘူး။

TMH ။ က်င့္-၂၀၂ ျပန္သြင္းတဲ့ေန႔ တိုင္တန္းသူ ရံုးခ်ိန္းပ်က္တာ ဘာမွလုပ္မရပါဘူး။ အမႈအေၾကာင္းျခင္းရာေပၚပဲ ဆံုးျဖတ္ႏိုင္မွာပါ။က်င့္ - ၂၀၂ စစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာအရ အေရးယူေဆာင္ရြက္ရန္ အေၾကာင္းမေပၚရင္ က်င့္ထံုးပုဒ္မ - ၂၀၃ အရ ပလပ္ေပါ့။ အေရးယူေဆာင္ရြက္ရန္အေၾကာင္းေပၚရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၄(၁)ကိုဆက္သြားရန္ျဖစ္ပါတယ္။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၄(၁)ကိုဆက္သြားတာဆုိေတာ့ ဆင့္စာ၊ ၀ရမ္းစာကိစၥပါလာၿပီ။တိုင္တန္းသူမွမရွိတာဘယ္သူသြင္းမလဲ။ ၂၀၄(၃) ႏွင့္ပလပ္ရမွာလား။

TMH ။ (၂)ပိုင္းရွိပါတယ္။ ဆင့္စာခထမ္းေဆာင္ရန္ လိုအပ္တာ ႏွင့္ မလိုတာပါ။ ဥပမာ- အေရးယူရန္အေၾကာင္းေပၚေပါက္သည့္အမႈက ရဲအေရးပိုင္သည့္ အမႈ ျဖစ္ေနတယ္ဆုိပါေတာ့။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။

TMH ။ ၂၀၁၃ ခုႏွစ္ ခရိုင္ / ၿမိဳ႕နယ္ ဆင့္စာခနည္းဥပေဒ- ၁၁(ခ)(၁) အရ ဆင့္စာခ ကင္းလြတ္ခြင့္ရပါတယ္။ တိုင္တန္းသူက ဆင့္စာေခါင္း ေပးသြင္းရန္မွမလိုတာ ။ တရားခံထံ ဆင့္စာ၊ ၀ါရမ္းစာ တန္းထုတ္ရံုေပ့ါ။

ေမာင္မ်ိဳး ။ အေရးယူရန္ အေၾကာင္းေပၚသည့္
ျပစ္မႈကရဲအေရးမပိုင္သည့္ျပစ္မႈျဖစ္ေနရင္ေရာ။

TMH ။ ရဲအေရးမပိုင္ရင္ေတာ့ တိုင္တန္းသူက ဆင့္စာေခါင္းထမ္းေဆာင္ ဖို႔လုိလာပါၿပီ။ မထမ္းရင္ေတာ့ ၂၀၄(၃)အရ တိုင္တန္းခ်က္ကို ပလပ္လို႔ရပါၿပီ။

ေမာင္မ်ိဳး ။ တစ္ခါတစ္ေလ က်ေနာ္တို႔ေတြ ဦးတိုက္ေလွ်ာက္လႊာ ႏွင့္အတူ လိုလုိမယ္မယ္ ဆိုၿပီး တရားခံဆင့္ဆုိဖို႔ ရံုးခြန္ကပ္ေပးထားၾကတယ္ေလအကို ။ အဲဒါဆိုရင္ေရာ ဆင့္စာထမ္းတယ္ဆုိမလား။

TMH ။ ဆင္စာထမ္းထားၿပီးျဖစ္တယ္လို႔ယူဆပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဦးတိုက္ေလွ်ာက္လႊာတင္လာကတည္းက မလိုအပ္ရင္၊ ဒါမွမဟုတ္ မလိုအပ္သည့္ ကိစၥမို႔ လက္မခံႏိုင္ရင္ တိုင္တန္းသူကို တစ္ခါတည္း ျပန္ေပးလိုက္ေလ။ မေပးဘဲ တိုင္တန္းသူက လိုလိုမယ္မယ္ဆိုၿပီး တင္သြင္းလာသည့္ ရံုးခြန္ကိုလက္ခံထားၿပီး ကာမွ ေနာက္မ်ားမွ မင္းဟာ အေရးယူမေဆာင္ရြက္ရေသးခင္ တင္သြင္းထားတာပဲ ။ လက္မခံႏိုင္ဘူး လို႔ သြားေျပာရင္ ကေလး ကစားသလိုျဖစ္မယ္ ထင္ပါတယ္။
-----
ေမာင္မ်ိဳး ။ က်င့္- ၂၀၄(၃) အရ ပလပ္ျခင္းကို အေရးယူေဆာင္ရြက္ေၾကာင္း ဆံုးျဖတ္ သည့္ေန႔မွာပဲ တစ္ခါတည္းပဲ ပလပ္ရမယ္မဟုတ္လား အကို။

TMH ။ ၂၀၄(၃)မွာက “သင့္ေလ်ာ္သည့္အခ်ိန္အတြင္း” လို႔ပါပါတယ္။ သင့္ေလ်ာ္သည့္ အခ်ိန္ကို ဘယ္လိုသတ္မွတ္မွာလဲ။ တရားလို(တိုင္တန္းသူ)က ရံုးခ်ိန္းမွားတာလဲ ျဖစ္ႏိုင္တာပဲ။ က်ေနာ့္အျမင္ေတာ့ ေန႔ခ်င္းပလပ္တာထက္စာရင္ တိုင္တန္းသူက ဆင့္စာခတင္သြင္းႏိုင္ရန္ အခ်ိန္ေပးသင့္သည္ဟုယူဆပါတယ္။ တိုင္တန္းသူက ဆင့္စာေခါင္းထမ္းေဆာင္လာပါက တရားခံထံ ရံုးေခၚစာ ထုတ္ပါလို႔ ဆိုၿပီး ရံုးခ်ိန္းတစ္ခ်ိန္းခြင့္ျပဳသင့္တယ္ထင္ပါတယ္။ သတ္မွတ္ရံုးခ်ိန္းေန႔အထိ တိုင္တန္းသူဆင့္စာေခါင္းေပးသြင္းလာျခင္းမရွိရင္ေတာ့ အဲဒီရံုးခ်ိန္းမွာ - က်င့္ - ၂၀၄(၃) အရ ပလပ္လို႔ရပါၿပီ။ ဒါဆုိ သင့္ေလ်ာ္သည့္ အခ်ိ္န္ေပးၿပီးမွ ပလပ္တာလို႔ ယူဆပါတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့အကိုရွင္းပါတယ္။ တိုင္တန္းသူလာတယ္အကိုရာ ။ အေရးယူရန္ အေၾကာင္း ေပၚတယ္။ လိုအပ္တဲ့ဆင့္စာေခါင္းလဲသြင္းတယ္။ တရားခံ ထံ ရံုးေခၚစာထုတ္တယ္။ တရားခံရံုးေရွ႕လာရမည့္ ရံုးခ်ိန္းမွာ တရားလိုလည္း မလာ၊ တရားခံလည္းမလာ ။ တရားခံထံထုတ္ဆင့္သည့္ ဆင့္စာၾကေတာ့ အတည္ျဖစ္ တယ္။ ဘာဆက္လုပ္မလဲ။

TMH ။ ဆင့္စာအတည္ျဖစ္တ့ဲကိစၥမွာ။ ထပ္မံထုတ္ဆင့္သည့္ ဆင့္စာ၊ ၀ရမ္းစာအတြက္ ေပးသြင္းရန္လိုအပ္သည့္ အခကို တရားလိုက ထပ္မံေပးသြင္းရမွာပါ။ ဆင့္စာအတည္မျဖစ္ရင္ေတာ့ တရားရံုးက မိမိအလိုအေလ်ာက္ထပ္မံထုတ္ဆင့္မွာ မို႔လို႔ ဆင့္စာေခါင္းထပ္သြင္းစရာ မလိုပါ ဘူး။ ဆင့္စာအတည္ျဖစ္လို႔ ထပ္မံထုတ္ဆင့္ရမည့္ ဆင့္စာ၊ ၀ရမ္းစာအတြက္ တရားလိုက သင့္ေလ်ာ္သည့္အခ်ိန္မသြင္းရင္ေတာ့ က်င့္ထံုး- ပုဒ္မ - ၂၀၄(၃) အရ တိုင္တန္းခ်က္ကို ပလပ္ရံုေပါ့။
----
ေမာင္မ်ိဳး ။ ဆင့္စာအတည္ျဖစ္မျဖစ္က ဘယ္လိုခြဲမလဲ။

TMH ။ က်င့္ထံုးပုဒ္မ - ၆၉ မွ ၇၄ ထိပါ ျပဌာန္းခ်က္မ်ားကိုလုိက္နာထားလွ်င္ ဆင့္စာ အတည္ျဖစ္ပါတယ္။
---
ေမာင္မ်ိဳး ။ ဆင့္စာထုတ္လို႔ တရားခံလာရမယ့္ေန႔မွာ တရားခံရံုးေရွ႕လာတယ္အကိုရာ။ တရားလိုမလာရင္ေရာ။

TMH ။ တရားခံရံုးေရွ႕ေရာက္ရင္ trial ခြဲျခားသတ္မွတ္ပါၿပီ။ trial အေပၚမူတည္ပါတယ္။

ေမာင္မ်ိဳး ။ သမၼာန္မႈ အကိုရာ။

TMH ။ သမၼာန္မႈစစ္ေဆးနည္းျဖင့္စစ္မွာ ဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၄၇ ႏွင့္ဆိုင္ပါ တယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာ ေန႔ရက္(၂)ရက္ျပထားပါတယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာေတာ့ ဆင့္စာအရ တရားခံလာေရာက္သည့္ေန႔ရက္ႏွင့္ ၾကားနာရန္ ေန႔ရက္ဆိုၿပီး ေန႔ရက္ (၂)ခုပါပါတယ္။ တရားခံကို အမႈမွ အၿပီးအျပတ္လႊတ္ ႏိုင္ပါတယ္။

ေမာင္မ်ိဳး ။ ျခြင္းခ်က္ရွိေသးလား။

TMH ။ ျပည္သူ႔၀န္ထမ္းက တိုင္သည့္ သမၼာန္မႈဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၄၇ ျခြင္းခ်က္အရ မလႊတ္ႏုိင္ပါဘူး။ တရားလိုစစ္ဖို႔ခ်ိန္းဆိုရန္ျဖစ္ပါ တယ္။ အမႈမၾကန္႔ၾကာေစဖို႔ ျပည္သူ႔၀န္ထမ္းထံ တရားရံုးက အလိုအေလ်ာက္ ဆင့္စာထုတ္ဖို႔ လုိအပ္မွာျဖစ္ပါတယ္။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၄၇ ကိုသံုးမယ္ဆိုရင္ ရဲအေရးပိုင္တာ၊ မပိုင္တာ၊ ေက်းေအးခြင့္ ရွိတာ၊ မရွိတာ လိုေသးလားအကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၄၇မွာ ဘယ္လိုအမႈမ်ိဳးျဖစ္ရမယ္လို႔သတ္မွတ္ထားတာမရွိပါဘူး။
---
ေမာင္မ်ိဳး ။ ၀ရမ္းမႈႏွင့္စစ္ေဆးရမည့္အမႈဆိုရင္ေရာအကို ။

TMH ။ ၀ရမ္းမႈစစ္ေဆးနည္းျဖင့္စစ္ေဆးရမည့္အမႈဆိုရင္ တရားလိုမလာရင္အေရးယူရန္ ျပဌာန္းခ်က္က က်င့္ထံုးပုဒ္မ - ၂၅၉ ပါ။ က်င့္ထံုးပုဒ္မ - ၂၅၉အရ အေရးယူႏိုင္သည့္ေန႔ရက္သည္ “ၾကားနာရန္” ေန႔ရက္ျဖစ္ပါတယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာေတာ့ ေစာေစာကေျပာထားသလိုေန႔ရက္ (၂)မ်ိဳးပါပါတယ္။ က်င့္ထံုးပုဒ္မ - ၂၅၉ မွာေတာ့ ၾကားနာရန္ေန႔ရက္ ပဲပါပါတယ္။ ဆင့္စာအရ တရားခံရံုးေရွ႕ လာေရာက္ရမည့္ ေန႔သည္ ၾကားနာရန္ ေန႔ရက္မဟုတ္ပါ။ ဒါ့ေၾကာင့္ ၀ရမ္းမႈမွာ ဆင့္စာအရ တရားခံရံုးေရွ႕ေရာက္ရမည့္ေန႔ မွာ က်င့္ထံုးပုဒ္မ - ၂၅၉ ကို က်င့္သံုးလို႔မရပါဘူး။

ေမာင္မ်ိဳး ။ အဲဒါဆုိ ၀ရမ္းမႈမွာ တရားခံလာရမည့္ေန႔မွာ တရားလိုရံုးခ်ိန္းပ်က္ရင္ ဘာဆက္ လုပ္မလဲ။

TMH ။ တရားလိုစစ္ေဆးရန္ ေန႔ရက္သတ္မွတ္ခ်ိန္းဆုိရန္ျဖစ္ပါတယ္။ စစ္မည့္ေန႔ၾက မလာရင္ေတာ့ အမႈက ေက်ေအးခြင့္ရွိသည့္ အမႈ၊ ဒါမွမဟုတ္ ရဲအေရးမပိုင္သည့္ အမႈမ်ိဳးဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၅၉ ကို သံုးၿပီး တရားခံကို စြဲခ်က္မတင္မီ လႊတ္ရန္ျဖစ္ပါတယ္။
----
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၉ က ေက်းေအးမႈ ၊ ရဲအေရးမပိုင္မႈ (၂)မ်ိဳးလံုးျဖစ္ရမွာ မဟုတ္ဘူးလား။

TMH ။ “or”ခံထားပါတယ္။ ေက်ေအးမႈျဖစ္ရင္ျဖစ္၊ ရဲအေရးမပိုင္မႈျဖစ္ရင္ျဖစ္။ တစ္ခုႏွင့္ အက်ံဳး၀င္လွ်င္ရပါၿပီ။ ဥပမာ - ျပစ္မႈပုဒ္မ - ၄၀၄ လုိအမႈမ်ိဳးကိုၾကည့္ပါ။ ရဲအေရး မပိုင္မႈပါ။ ေက်ေအးခြင့္ေတာ့မရွိပါဘူး။ က်င့္ထံုးပုဒ္မ - ၂၅၉ အက်ံဳး၀င္ပါတယ္။
---
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၉ ကို တရားခံရံုးေရွ႕မေရာက္တဲ့အမႈေတြမွာသံုးလို႔ရလားအကို။

TMH ။ ဗ်ာ။ တရားခံမွ ရံုးေရွ႕မေရာက္ေသးတာ trial မစေသးေတာ့ ဘယ္နည္းနဲ႔စစ္မလဲ မသိေသးတာရယ္။ ၾကားနာရန္ေန႔ရက္ မသတ္မွတ္ေသးတာရယ္ေၾကာင့္ တရားခံ ရံုးေရွ႕ မေရာက္တာကို က်င့္ထံုးပုဒ္မ - ၂၅၉ သံုးလို႔ရပါ့မလား။ ဘယ္ရမလဲ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၄၇ ၊ ၂၅၉ တို႔ ႏွင့္ အက်ံဳးမ၀င္သည့္ အမႈမ်ားမွာ တရားလို မလာရင္ ဘယ္လုိ ဆက္လုပ္ရမလဲ။

TMH ။ ျပဌာန္းခ်က္မွမရွိတာ ။ အမႈမၾကန္႔ၾကာေစေရးအတြက္ တရားရံုးက တရားလိုကုိ အလုိအေလ်ာက္ ဆင့္စာထုတ္ရံုေပါ့။

ေမာင္မ်ိဳး ။ ဆင့္စာေတြအတည္မျဖစ္ဘူးအကိုရာ။ ဘယ္လိုဆက္လုပ္မလဲ။ အမႈကို ဒီအတိုင္း ထားမလား။ ဒါမွမဟုတ္ သက္ေသေခၚစစ္ရမွာလား။

TMH ။ တရားလို ရံုးေရွ႕ထြက္ခ်က္မရွိဘဲ တစ္နည္းေျပာရရင္ substantive evidence (ပင္ရင္းသက္ေသခံခ်က္)မရွိဘဲ corroborative evidence (ေထာက္ခံသည့္ သက္ေသခံခ်က္)ကုိ ရယူလို႔ေရာ ဘာထူးမွာလဲ။

ေမာင္မ်ိဳး ။ တိုင္တန္းသူ၏ က်င့္ - ၂၀၀ စစ္ခ်က္က substantive evidence မဟုတ္ဘူး လားအကို။

TMH ။ တရားခံ ျပန္လွန္စစ္ေမးခြင့္မရသည့္ သက္ေသခံခ်က္ကို substantive evidence အေနျဖင့္ အသံုးျပဳလို႔ရပါ့မလားညီ။
----
ေမာင္မ်ိဳး ။ ဒါလည္းဟုတ္တာပဲ။ ဒါျဖင့္ သမၼာန္မႈဆို က်င့္ထံုးပုဒ္မ - ၂၄၅(၁)၊ ၀ရမ္းမႈဆို က်င့္ထံုးပုဒ္မ - ၂၅၃(၁) ႏွင့္ ၂၅၃(၂)တို႔ႏွင့္ တရားခံကို လႊတ္မယ္အကိုရာ။

TMH ။ က်င့္ထံုးမွာ ျပဌာန္းထားတဲ့ စစ္ေဆးနည္းအစီအစဥ္ကို ခုန္ပ်ံေက်ာ္လႊားၿပီးသြား လို႔ မရပါဘူး။ သမၼာန္မႈဆုိ က်င့္ထံုးပုဒ္မ - ၂၄၄အရ သက္ေသစစ္ေဆးျခင္း မ်ားကို ေဆာင္ရြက္ၿပီးမွ က်င့္ထံုးပုဒ္မ - ၂၄၅ အရ တရားခံကိုလႊတ္ခြင့္ရွိပါတယ္။ သမၼာန္မႈက သိပ္ျပသနာမရွိပါဘူး က်င့္ ၂၄၇ က အမႈအမ်ားစု အက်ံဳး၀င္ပါတယ္။ ျခြင္းခ်က္ျဖစ္သည့္ ျပည္သူ႔၀န္ထမ္း ဦးတိုက္မႈက သက္ေသလာရန္ခက္ခဲစရာအေၾကာင္းနည္းမယ္ထင္ပါတယ္။
-----
ေမာင္မ်ိဳး ။ ၀ရမ္းမႈက ျပသနာရွိတာလားအကို။

TMH ။ ၀ရမ္းမႈမွာလည္းဒီအတုိင္းပါပဲ။ က်င့္ထံုးပုဒ္မ - ၂၅၂ အရ သက္ေသစစ္ၿပီးမွ က်င့္ထံုးပုဒ္မ - ၂၅၃(၁)ကို ေဆာင္ရြက္လို႔ရပါတယ္။

ေမာင္မ်ိဳး ။ ဒါဆို က်င့္ထံုးပုဒ္မ - ၂၅၃(၂)ကေတာ့ မည္သည့္ အဆင့္မွာမဆိုလႊတ္လို႔ရတယ္ေလ အကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၃(၂)က စြဲခ်က္က အေျခအျမစ္မရွိသည့္ကိစၥပါ။ စြဲခ်က္က အေျခအျမစ္မရွိရင္ ဦးတိုက္ေလွ်ာက္လႊာမွာကတည္းက က်င့္ထံုးပုဒ္မ - ၂၀၃ အရ တိုင္တန္းခ်က္ ကို ပလပ္မွာေပါ့။ အခု အေျခအျမစ္ရွိလို႔ တရားခံကို ရံုးေရွ႕ ေခၚၿပီး trial ေတာင္စေနၿပီ။ ဘာသက္ေသခံခ်က္အသစ္မွ ထပ္မရေသးဘဲ အေျခအျမစ္မရွိ ဘူးလို႔ ဆိုရင္ ေရွ႕မွာ အေျခအျမစ္ရွိလို႔ က်င့္ - ၂၀၃ ႏွင့္ မပလပ္ပဲ က်င့္ - ၂၀၄(၁)ဆက္သြားခဲ့တာ မွားၿပီေပါ့။ အက်ိဳးအေၾကာင္းသင့္ေအာင္ေတာ့ လုပ္သင့္ ပါတယ္။ ဟိုနားတစ္ခြန္း ဒီနားတစ္ခြန္းမျဖစ္သင့္ပါ။
------
ေမာင္မ်ိဳး ။ အဲဒါဆုိလည္း တရားလိုမလာရင္ေန သူစာရင္းတင္ထားတဲ့ သက္ေသေတြကို တရားရံုးက အလိုအေလ်ာက္ဆင့္စာထုတ္ေခၚစစ္ၿပီး တရားခံကို က်င့္ထံုးပုဒ္မ - ၂၅၃(၁)ႏွင့္ လႊတ္ေပးလိုက္အကိုရာ။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၃(၁) အရ စြဲခ်က္မတင္မီလႊတ္ႏိုင္တဲ့အခ်ိန္က က်င့္ထံုးပုဒ္မ - ၂၅၂ အရ သက္ေသခံခ်က္အားလံုးရယူၿပီးေနာက္မွျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တရားလိုျပသက္ေသအားလံုးစစ္ၿပီးမွလႊတ္လို႔ရမွာပါ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၄ အရေတာ့ သက္ေသမကုန္ပဲ စြဲခ်က္တင္လို႔ ရတယ္ေနာ္။ ဆိုခ်င္တာက သက္ေသခံခ်က္အားလံုးကုန္ေအာင္ယူစရာမလိုပဲ စြဲခ်က္တင္လို႔ေတာ့ရၿပီး စြဲခ်က္မတင္မီလႊတ္ဖို႔ၾကေတာ့ သက္ေသကုန္မွဆိုေတာ့ တစ္မ်ိဳးပဲေနာ္။

TMH ။ က်င့္ထံုးက ထုိအတုိင္းပဲျပဌာန္းထားပါတယ္။
------
ေမာင္မ်ိဳး ။ ဒါဆိုလည္း ဆင့္မရတဲ့ သက္ေသ တရားရံုးက ပယ္တယ္ေပါ့အကိုရ။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၉ မွာ အက်ံဳးမ၀င္သည့္ ဦးတိုက္မႈေတြ အားလံုး နီးပါးသည္ ရဲအေရးပိုင္မႈမ်ားျဖစ္ပါတယ္။ ဒ့ါေၾကာင့္ ဥပေဒအရာရွိလိုက္ပါေဆာင္ရြက္သည့္ အမႈမ်ားျဖစ္လုိ႔ ဥပေဒအရာရွိက အဲဒီတရားလိုိုဘက္သက္ေသကို မစစ္ေတာ့ ဘူး ဆိုၿပီး တင္ျပႏိုင္ပါတယ္။ တရားရံုးအေနႏွင့္ေတာ့သက္ေသပယ္လို႔မရပါ။

ေမာင္မ်ိဳး ။ ဘာျဖစ္လို႔လဲအကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၇(၁)အရမွတပါး တရားရံုးကသက္ေသပယ္ပိုင္ခြင့္မွမရွိတာ။ ျငင္းပယ္ခြင့္မွမရွိတာ။ ယခင္ ျပည္သူ႔တရားသူႀကီးအဖြဲ႔ ဥပေဒ ပုဒ္မ - ၇၇ တြင္ တရားရံုးမ်ားကို သက္ေသပယ္ပိုင္ခြင့္ အာဏာေပးခဲ့ဖူးပါသည္။လက္ရွိ ျပည္ေထာင္စု တရားစီရင္ေရး ဥပေဒ တြင္ ယင္းကဲ့သို႔ေသာ ျပဌာန္းထားသည္ကိုမေတြ႔ရပါ။
ဦးရွမ္းဘို (ခ)ဦးဥာဏ္လန္း ႏွင့္ ျပည္ေထာင္စု(၁၉၆၁၊မတစ(လႊတ္ေတာ္) စာ-၈၄)အမႈမွာ "တရားသူႀကီးသည္ သက္ေသမ်ားကို မိမိသေဘာအေလ်ာက္ ပယ္ႏိုင္ခြင့္မရွိ။ တရားဥပေဒတြင္ ဤကဲ့သို႔ေသာ သက္ေသကိုပယ္ႏိုင္ေသာ အာဏာေပးထားျခင္းမရွိဟု ဆံုးျဖတ္ထားပါသည္။
----
ေမာင္မ်ိဳး ။ ဟာ -----အဲဒါဆို ဥပေဒအရာရွိက ဆင့္ေခၚမရသည့္ သက္ေသေတြကို မပယ္ေပးဘဲလုပ္ထားရင္ အမႈေတြက pending ေတြျဖစ္ၿပီး တရားခံေတြကေတာ့ ရံုးတက္ေနရမွာေပါ့။ ေသၿပီေပါ့။

TMH ။ မျဖစ္တန္ေကာင္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဥပေဒအရာရွိ၏ တာ၀န္က အမႈကိုလိုက္ပါေဆာင္ရြက္ရန္ျဖစ္ၿပီးတရားခံကို ညွဥ္းပန္းႏွိပ္စက္ရန္ မဟုတ္သည့္အတြက္ျဖစ္ပါတယ္။ AH TU (alias) KYAW NYUN Vs The KING (1947 . R.L.R . 405 ) အမႈမွာ ဥပေဒအရာရွိ၏တာ၀န္ကို to prosecute and not to persecute လို႔ အတိိအလင္း လမ္းညႊန္ထားပါတယ္။ အဲဒါေၾကာင့္ပါ။

ေမာင္မ်ိဳး ။ စီရင္ထံုးအတိုင္းေလးေျပာျပပါလားအကို။

TMH ။ It should never be forgotten that it is the duty of a Public Prosecutor or any other official who may be conducting the prosecution, to prosecute and not to persecute. ပါ။

ေမာင္မ်ိဳး ။ ေက်းဇူးတင္ပါတယ္အကို။            ။



(အထက္ပါ အေၾကာင္းအရာမ်ားသည္ က်ေနာ့္၏ ေလ့လာမႈအေပၚ အေျခခံထားျခင္းျဖစ္ပါသည္။ ဆရာ၊ ဆရာမမ်ား၏ comment မ်ားမွလည္း ေလ့လာသင္ယူလိုလွပါသည္။ )
ေလးစားစြာျဖင့္ ။

Tun Myo Htay

FACEBOOK


















ဆွေး နွေး လို့ သာ အ ဖြေ ရှာ

ဆွေး နွေး လို့ သာ အ ဖြေ ရှာ

ဆရာ ဦးရွှေသန်း အမေး _

စီဒီခွေ ကို . . . . . 

(1) အကျိုးဆောင် တစ်ဦးဦးက တရားခွင်မှာ သက်သေခံ အဖြစ် တင်သွင်းခွင့် ရှိပါသလား။

(2) မိတ္တူကူးခွင့် ရှိပါသလား။

(3) တရားခံ အသံဟုတ် မဟုတ် စစ်ဆေးပေးရန် ဆောင်ရွက်ခွင့် ရှိပါသလား —

Facebook မှ Comment များဖြင့် ဆွေးနွေးခြင်း

Hnin Thazin ယ နေ့ အချိန်ထိတော့ သက်သေခံဥပဒေ မှာ အသံ ကို သက်သေခံတင် သွင်းခွင့် ပြဌာန်းထားခြင်း မရှိသေးပါ

ဖိုး တုပ် CD ခွေ .....အသံဖိုင် တွေကို အခုချိန်ထိ သက် သေ ခံတင် သွင်းခွင့်မရှိပါဘူး

U Shwe Than T HZ ပြောတာ ပထမ မေးခွန်းအတွက်ပါ။ အကြောင်းပြချက် လေး ထည့် ပေးရင် အများဝေဖန်ခွင့်ရပါမည်။

Nyo Lwin Oo နိုင် ငံတကာမှာတော့ 1. oral evidencen 2. documentary evidence 3.eletrical device evidence ၃မျိုးလက်ခံ နေတာကြာပေါ့ ဆရာရေ။ မြန်မာပြည်မှာ သက်သေခံဥပ ဒေက ၂ မျိုးဘဲ ခွင့်ပြု ထားတယ်။ CD ခွေ တို့ အဲထဲပါတဲ့ အသံတွေကို clone လား Copy လား original လား effect လား ခွဲနိုင် တဲ့ expart လည်း မရှိသေးဘူး။

Nyo Lwin Oo ကျနော်တို့ evidence act က နှစ် ၁၀၀ သက်တမ်း ရှိနေပြီ။ ခေတ်နောက်ကျ နေပြီ။

Aung Thuya အခွေ ကို လက်ခံပါမည် ..document အနေဖြင့် အထဲ မှ အကြောင်းအရာ များကို oral အနေဖြင့် လက်မခံပါ..

Su Nandar Hlaing evidence အနေဖြင့် အမှုတွဲမှာလက်ခံလို့မရပါ။ မဖြစ်မနေအပ်ချင်ရင်တော့ သက်သေခံပစ္စည်းအဖြစ် လက်ခံပြီးဘီလစ်ထံမှာ ထိန်းသိမ်းထားရှိရပါမည်။ သက်သေခံချက်အဖြစ် ထည့်သွင်းသုံးသပ်လို့ မရပါ။ သက်သေခံဥပဒေအရ နှုတ်သက်သေခံချက်နဲ့ စာတမ်းအမှတ်အသားသက်သေခံချက်သာလျှင် သက်သေခံအဖြစ်သတ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။

Chaw Yu Mon နှုတ် သက် သေ ခံ ချက် က တိုက် ရိုက် သက် သေ ခံ ချက် ပဲ ဖြစ် ရ ပါ
မယ်။CD ခွေ က တော့ ပြစ် မှု ကျူး
လွန် ရာ မှာ အ သုးံ ပြု တဲ့ ပစ္စည်း အ
နေ နဲ့ ပဲ သက် သေ ခံ သွင်း ရ ပါ မယ်။တ ရား ခံ ရဲ့ အ သံ နဲ့ စပ် လျဉ်း
ပြီး တော့ ''မောင် ချင်း နောင် နှင့်
ပြည် ထောင် စု မြန် မာ နိုင် ငံ''
၁၉၆၆ စာ ၁၂၄ မှာ ဆုးံ ဖြတ် ထား ပါတယ်။

U Shwe Than မေးခွန်း ၂ ကို မဆွေးနွေးသေးပါလား

Ei Tone Lay မိတ္တူကူးယူခွင့်မရှိပါ။

Su Nandar Hlaing မေးခွန်း ၂ နဲ့ ၃ လုပ်ပိုင်ခွင့်မရှိပါ

U Shwe Than E T L အကြောင်းပြချက် လေး ပေးပါအုန်း။ ရှေ့ နေကြီးတွေ လျှောက်ထားတယ်ကြားလို့ပါ

U Shwe Than ဒေါ်စု လည်း အတူတူပဲ

Ei Tone Lay CDခွေဟာ မူရင်းမဟုတ်ပါ။ မူရင်းမှကူးယူခြင်းမဟုတ်သော မိတ္တူကို ရိုးရိုး မိတ္တူအဖြစ်သော်လည်းကောင်း။ တာဝန်ခံ မိတ္တူအဖြစ်သည်း သော်လည်ကောင်း ထုတ်မပေးရလို့ ပါရှိပါတယ်။ အခြားအကြောင်းများ လည်း ကျန်ပါသေးတယ်။ နောက်မှဆွေးနွေးပါရစေ ဆရာ။

U Shwe Than ဒေါ်အိတုံ မေးပါရစေ CD ခွေဟာ စာတမ်းအမှတ်အသား လို့ သတ်မှတ်မှာလား

U Shwe Than ဦးအောင်သူရ အခွေ ကို လက်ခံပါမည် ဆိုတာ။ သက်သေခံ အဖြစ်လား။ မဟုတ်ရင် ဘယ်လိုလဲ။

U Shwe Than ဒေါ်စု commentထဲမှာ ဆွေးနွေးစရာရှိသေးတယ်။

Chaw Yu Mon မေး ခွန်း ၁ ကို လက် မ ခံ လျှင် မေး ခွန်း
၂ နှင့် ၃ ပါ လုပ် ခွင့် မ ရှိ တော့ ပါ

Su Nandar Hlaing ရှင် ဟုတ်ကဲ့။ ဘာကိုဆွေးနွေးမှာလဲ သိပါရစေရှင်။

U Shwe Than ဒေါ်စု သက်သေခံချက် အဖြစ် ထည့်သွင်း သုံးသပ်လို့ မရ ဆိုတဲ့ ကိစ္စပါ။ အမှုအခြေ အနေ အရ သက်သေခံပစ္စည်းကို သက်သေခံချက်အဖြစ် ထည့် သွင်းသုံးသပ် တာရှိပါတယ်။ ဒုတ် စသည့် အလေးချိန် ဟာ အရေးပါတဲ့ သက်သေခံချက် ဖြစ်နိုင်ပါတယ်

Su Nandar Hlaing ဟုတ်ကဲ့ ဒုတ်တို့ ဓါးတို့ဆိုတာက ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ပစ္စည်းအဖြစ်သက်သေခံလက်ခံလို့ ထည့်သွင်းသုံးသပ်လို့ရတာမျိုးပါ။ CD ခွေဆိုတာက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစေချင်လို့ တစ်ဖက်ကတင်ပြလာတဲ့သဘောပါ။ တရားခံက ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ပစ္စည်း မဟုတ်ပါဘူး။ တရားလိုအနေနဲ့ တရားခံအပြစ်ပေးခံရဖို့ တရားခံရဲ့အပြစ်ကိုထင်ရှားအောင် သက်သေပြရန်တာဝန် သက်သေခံဥပဒေအရ သူ့ဖက်မှာရှိပါတယ်။ ဒါပေမဲ့ တရားလိုသက်သေပြတဲ့အခါ သက်သေခံဥပဒေနဲ့အညီပဲ ပြလို့ရမှာပါ။ သက်သေခံဥပဒေအရ ခွင့်ပြုမထားတဲ့အရာကို တင်ပြပေမယ့် ရုံးကထည့်သွင်းမသုံးသပ်သင့်ပါဘူး။ ဉာဏ်မီသလောက်ပြောတာပါ။ မှားရင်လဲ ပြင်ပေးပါရှင်။

Mon Thu Zar Khin သက်သေခံဥပ ဒေ က စာရွက်စာတမ်း ကိုသာ မိတ္တူကူးယူခွင့် ပြုထား၍ CD ကို မိတ္တူ ကူးခွင့်မရှိပါ။

U Shwe Than ဒေါ်သူဇာ မိတ္တူကူး နည်းဥပဒေလား သက်သေခံ ဥပဒေလား

U Shwe Than ဒေါ်စုပြောတာ အခြေနေ တစ်ရပ် အတွက် မှန်ပါတယ်။ စီဒီခွေဟာ တရားခံ ပြစ်မှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ ပစ္စည်း မဟုတ်ဘူးဆိုတာ ပုံသေ ပြော မရတဲ့ ကိစ္စ တွေရှိပါတယ်။ ရှာကြံ စဉ်းစားကြည့်ပါအုန်း။

Mon Thu Zar Khin sorry ပါ ဆရာရွှေ။မိတ္တူကူးနည်းဥပ ဒေပါ။ အမှုတွဲမိတ္တူကူးခြင်း ဆိုင် ရာ နည်းဥပ ဒေ ( ၁၉၈၉ ) မှာ မိတ္တူကူးခြင်း ကို ပြစ်မှု/ တရားမမူ များရှိ စာရွက်စာတမ်းများကို ကူးယူခြင်းလို့ ဖော်ပြထားလို့ CD ကို မိတ္တူကူးခွင့် မရှိဘူးမရှိဘူးလို့ ထင် ပါတယ် ဆရာ။

U Shwe Than ဟုတ်ပါပီဒေါ်သူဇာ။ စီ ဒီခွေကို စာတမ်းအမှတ် အသားလို့ သတ်မှတ်မှာ လားလို့ ဒေါ်အိတုံလေးကို မေးထားပါတယ်

Mon Thu Zar Khin သက်သေခံပစ္စည်းလို့သတ်မှတ်ပြီး Bailiff ဆီမှာ အပ် ရမယ်ထင် ပါတယ် ရှင့်။

U Shwe Than ဆရာlaw law ရေ လူပေါ်မူတည် ဆိုတာ မှန်ပါတယ်။ ဒါပေ မဲ့ ထိုလူ လက်ခံတာ အကြောင်းအမျိုး ရှိနိုင်ပါတယ်။ မလေ့လာ ရသေးလို့။ လေ့လာပီးသော်လည်း လက်ခံရမယ်လို့ပဲ ယုံကြည်လို့။ ဒါမှမဟုတ် အခြား အကြောင်းလည်း ရှိနိုင်ပါတယ်။ ထိုသူပါ ဝင်ဆွေးနွေးရင် အကျိုးရှိမယ်မို့လားဗျာ။

Maung Soe အသံ ဖိုင်ကိစ္စ္စရှင်းပါသည်ခင်ဗျား cctvရိုက်ကူးထားချက်ဖြင့်အမှုဖေ်ာ်ထုတ်နေမှုများရှိနေသောယနေ့ ခေတ်အခါဝယ် အခင်းဖြစ်စဉ် ်ကျွန်ုပ် ာ်ကိုယ်တိုင်ရိုက်ကူးခဲ့ပါသည်ဆိုသော သက်သေ၏
ဗီဒီယိုဖိုင်ဆိုလျှင်ကော...........?

Argyi Mar လမ်းစည်းကမ်းမှာ cctv နဲ့တော့ဖမ်းနေတာလေ

Tee Kyaw Htay Ko လက်ရောက်အတည်ပြုအပ်ပေးဖို့
တာဝန်နဲ့ဘိလစ်ကိုနှောက်ယှက်တဲ့ အဖွဲ့ကိုvideoရိုက်ပြီးcdဖြင့်သက်သေခံတင်ပြကာလိုပြသက်သေများ ကိုဖွင့်ပြပြီးမည်သူမည်သို့ပါဝင်ကျူး လွန်ကြောင်းထွက်ဆိုစေပါတယ်။တရားခံစစ်မှာလဲဖွင့်ပြပြီးမေးရာဝန်ခံပါတယ်။

Tee Kyaw Htay Ko cd ကိုသက်သေခံအဖြစ်လက်ခံထား ရင်ကျနော့်အမြင်တော့စာရွက်စာ တမ်းပါ။မိတ္တူကူးခွင့်ပြုရပါမယ်။ ဒါပေမယ့်လက်တွေ့ကျင့်သုံးဖို့က ခေတ်နောက်ကျနေပါတယ်။အသံ ဖိုင်စစ်မှန်မှုကိုဘယ်ပါရဂူဆီမှပို့စ ရာမရှိသေးပါ။

Nu Nu ကျွန်မလည်းနတ်ဆရာကြီးလိုပဲထင်မြင်ယူဆပါတယ်ဆရာ

U Shwe Than exhibitဖြစ်တဲ့ လက်နက်နဲ့ မူးယစ်ဆေးဟာ expert အကူညီရ ယူကြပါတယ်။ ဒါကြောင့် မိတ်တူ ကိစ္စကလွဲရင် ဆရာနတ်နဲ့ သဘောထား မကွဲပါ။ မိတ်တူကိစ္စ ကတော့ နည်းဥပဒေနဲ့ ခိုင်မာတဲ့ နည်းစနစ်ရှိ ရင် လက်ခံပါမည်။

Aung Thuya ဆရာနတ် အဆိုကိုထောက်ခံပါတယ်

Rai Lin အသံဖမ်းထားတဲ့ Cd ခွေဟာ သက်သေခံမဝင်ဆိုတဲ့ စီရင်ထုံးရှိတယ်လို့ သိရပါတယ် ....ဘယ်နှစ်ခုနှစ်လောက်ကလဲ သိချင်ပါတယ်.....

Kyaw Thu Aung ဦးထင်ဇော် အတွဲ( ၆ ) or ( ၇ ) မှာ ပါပါတယ်

Ko Ye ၁၉၇၅ ပြည်ထောင်စုဆိုရှယ်လှစ်သမ္မတမြန်မာနိုင်ငံတော် နှင့် မောင်ဝင်းထိန် ၆၃ ဖြစ်မယ်ထင်ပါတယ်။

Maung Tar Tay လက်ရှိသက်သေခံဥပဒေကိုပြင်နိုအောင်
ကြိုးစားကြပါဗျာ၊ Things to be proved
ထဲမှာဆရာတို့ဆွေနွေးတဲ့CD ပါလို့လား

U Shwe Than ကျနော့ အမြင်တော့ CD ခွေဟာ document ဖွင့်ဆိုချက်နဲ့ ကိုက်တယ်မမြင်ပါ။ ဒါ ကြောင့် စာတမ်း အမှတ်အသား သက်သေခံ ချက် အဖြစ် သက်သေခံ (က)(ခ) (၁)(၂) စသည်ဖြင့် တင်သွင်းခွင့်ရသည် မမြင်ပါ။ မိတ္တူကူး နည်းဥပဒေ ဟာ စာတမ်းအမှတ်အသားကို
ကူးဖို့ ညွှန်ကြားထားဖြစ်လို့ မိတ်တူ ကူူးပေးရန် မဖြစ်နိုင်ပါ ။ တစ်ဖန် ကူးပီးသားကို ပြန်လည်ပြင် ဆင်နိုင်သဖြင့် သဘာဝအရလည်း မဖြစ်နိုင်ပါ။
မည်သူ့ အသံဖြစ်ကြောင်း ပိုင်းခြား စစ်ဆေးပေးနိုင်မည့် ပါရဂူ မရှိသေးဖြင့် တရားခံအသံ ဟုတ်မဟုတ် စစ်ဆေးရန် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။
cd ကို exhibit အဖြစ်သာ လက်ခံသင့်သည် မြင်ပါသည်။
ဆရာနတ် ဆွေးနွေး သကဲ့သို့ ပညာရှင် ပေါ်ပါက ပညာ ရှင် စစ်ဆေး ထင်မြင်ချက် ရယူနိုင်သည် မြင်ပါသည်။ ကျနော့ အမြင်ထပ်ဆင့် တင်ပြ ရလျှင် vcd ခွေများနှင့် စပ်လျှင်း၍မူ မူရင်းခွေ ဖြစ်ကြောင်းနှင့် ပုံမှာ မည်သူမည်ဝါ နှင့် တူညီ ကြောင်း စစ်ဆေးနိုင်မည် ထင်ပါသည်။ သက်သေခံဥပဒေ ပုဒ်မ ၄၅၏ အကူညီ ယူလျှင် အဆင်ပြေမည် ထင်ပါသည်။ ( လွန်ခဲ့ သည့်၄ -၅ လခန့်က မြို့ နယ် တမြို့ နယ်တွင် ဖြစ်ပွားခဲ့ သော အဖြစ်အပျက်ကို အခြေခံ၍ တင်ပြခြင်းသာဖြစ်ပါသည်။)

Min Htike ဟုတ်ပါတယ်

Kyaw Myowin မရတာတော့သိတယ် စီရင်ထုံးပြန်ရှာ ကြည့်ရအုံးမယ် ခင်ဗျ

Shin Saw Myat ထိုသူ၏အသံဖြစ်ကြောင်းသက်သေခံတင်သွင်းသူက ထင်ရှားအောင်တင်ပြနိုင်လျှင်ဖြစ်စေ သက်သေခံ စီဒီမှာပါတဲ့အကြောင်းအရာတွေကို သက်သေခံတင်ပြခံရသူကအမှန်တကယ်ပြောဆို ကြောင်းထင်ရှားအောင်တင်ပြနိုင်လျှင်ဖြစ်စေ
သက်သေခံ အဖြစ်လက်ခံသင့်တယ်လို့ယူဆပါတယ်။

သျှမ်း ထက် သက်သေခံဥပဒေမှာတော့CD, VCDတို့ကို
သက်သေခံဝင်ကြောင်း ပြဌာန်းထားခြင်း
မရှိ၍သက်သေခံအဖြစ် မသုံးသပ်သင့်ပါ။

Tun Myo Htay    August Venus Ttz ဆရာမရှာနေတဲ့ ဥပဒေပြသနာပါ။ မှတ်သားဖွယ် comment တွေလေ့လာလို့ရပါတယ်။          ။

​ေဆြး​ ေႏြး လို႔ သာ အ​ ေျဖ ႐ွာ

ဆရာ ဦး​ေ႐ႊသန္​း အ​ေမး _

စီဒီေခြ ကို . . . . . 

(1) အကိ်ဳးေဆာင္ တစ္ဦးဦးက တရားခြင္မွာ သက္ေသခံ အျဖစ္ တင္သြင္းခြင့္ ရွိပါသလား။

(2) မိတၲဴကူးခြင့္ ရွိပါသလား။

(3) တရားခံ အသံဟုတ္ မဟုတ္ စစ္ေဆးေပးရန္ ေဆာင္ရြက္ခြင့္ ရွိပါသလား —

Facebook မွ Comment မ်ားျဖင္​့ ​ေဆြး​ေႏြးျခင္​း

Hnin Thazin ယ ေန့ အခ်ိန္ထိေတာ့ သက္ေသခံဥပေဒ မွာ အသံ ကို သက္ေသခံတင္ သြင္းခြင့္ ျပဌာန္းထားျခင္း မရွိေသးပါ

ဖိုး တုပ္ CD ေခြ .....အသံဖိုင္ ေတြကို အခုခ်ိန္ထိ သက္ ေသ ခံတင္ သြင္းခြင့္မရွိပါဘူး

U Shwe Than T HZ ေျပာတာ ပထမ ေမးခြန္းအတြက္ပါ။ အေၾကာင္းျပခ်က္ ေလး ထည့္ ေပးရင္ အမ်ားေဝဖန္ခြင့္ရပါမည္။

Nyo Lwin Oo ႏိုင္ ငံတကာမွာေတာ့ 1. oral evidencen 2. documentary evidence 3.eletrical device evidence ၃မ်ိဳးလက္ခံ ေနတာၾကာေပါ့ ဆရာေရ။ ၿမန္မာျပည္မွာ သက္ေသခံဥပ ေဒက ၂ မၽိဳးဘဲ ခြင့္ျပဳ ထားတယ္။ CD ေခြ တို႔ အဲထဲပါတဲ႔ အသံေတြကို clone လား Copy လား original လား effect လား ခြဲႏိုင္ တ့ဲ expart လည္း မရွိေသးဘူး။

Nyo Lwin Oo က်ေနာ္တို႕ evidence act က ႏွစ္ ၁၀၀ သက္တမ္း ရွိေနၿပီ။ ေခတ္ေနာက္က် ေနၿပီ။

Aung Thuya အေခြ ကို လက္ခံပါမည္ ..document အေနျဖင့္ အထဲ မွ အေၾကာင္းအရာ မ်ားကို oral အေနျဖင့္ လက္မခံပါ..

Su Nandar Hlaing evidence အေနျဖင့္ အမႈတြဲမွာလက္ခံလို႔မရပါ။ မျဖစ္မေနအပ္ခ်င္ရင္ေတာ့ သက္ေသခံပစၥၫ္းအျဖစ္ လက္ခံၿပီးဘီလစ္ထံမွာ ထိန္းသိမ္းထားရွိရပါမည္။ သက္ေသခံခ်က္အျဖစ္ ထည့္သြင္းသံုးသပ္လို႔ မရပါ။ သက္ေသခံဥပေဒအရ ႏႈတ္သက္ေသခံခ်က္နဲ႔ စာတမ္းအမွတ္အသားသက္ေသခံခ်က္သာလွ်င္ သက္ေသခံအျဖစ္သတ္မွတ္ထားေသာေၾကာင့္ ျဖစ္ပါသည္။

Chaw Yu Mon နႈတ္ သက္ ေသ ခံ ခ်က္ က တိုက္ ရိုက္ သက္ ေသ ခံ ခ်က္ ပဲ ျဖစ္ ရ ပါ
မယ္။CD ေခြ က ေတာ့ ျပစ္ မႈ က်ဴး
လြန္ ရာ မွာ အ သုးံ ျပဳ တဲ႕ ပစၥည္း အ
ေန နဲ႔ ပဲ သက္ ေသ ခံ သြင္း ရ ပါ မယ္။တ ရား ခံ ရဲ႕ အ သံ နဲ႕ စပ္ လ်ဥ္း
ျပီး ေတာ့ ''ေမာင္ ခ်င္း ေနာင္ နွင့္
ျပည္ ေထာင္ စု ျမန္ မာ နိုင္ ငံ''
၁၉၆၆ စာ ၁၂၄ မွာ ဆုးံ ျဖတ္ ထား ပါတယ္။

U Shwe Than ေမးခြန္း ၂ ကို မေဆြးေႏြးေသးပါလား

Ei Tone Lay မိတၱဴကူးယူခြင့္မရွိပါ။

Su Nandar Hlaing ေမးခြန္း ၂ နဲ႔ ၃ လုပ္ပိုင္ခြင့္မရွိပါ

U Shwe Than E T L အေၾကာင္းျပခ်က္ ေလး ေပးပါအုန္း။ ေရွ႕ ေနႀကီးေတြ ေလ်ွာက္ထားတယ္ၾကားလို႔ပါ

U Shwe Than ေဒၚစု လည္း အတူတူပဲ

Ei Tone Lay CDေခြဟာ မူရင္းမဟုတ္ပါ။ မူရင္းမွကူးယူျခင္းမဟုတ္ေသာ မိတၱဴကို ရိုးရိုး မိတၱဴအျဖစ္ေသာ္လည္းေကာင္း။ တာ၀န္ခံ မိတၱဴအျဖစ္သည္း ေသာ္လည္ေကာင္း ထုတ္မေပးရလို႔ ပါရွိပါတယ္။ အျခားအေၾကာင္းမ်ား လည္း က်န္ပါေသးတယ္။ ေနာက္မွေဆြးေႏြးပါရေစ ဆရာ။


U Shwe Than ေဒၚအိတုံ ေမးပါရေစ CD ေခြဟာ စာတမ္းအမွတ္အသား လုိ႔ သတ္မွတ္မွာလား

U Shwe Than ဦးေအာင္သူရ အေခြ ကုိ လက္ခံပါမည္ ဆိုတာ။ သက္ေသခံ အျဖစ္လား။ မဟုတ္ရင္ ဘယ္လုိလဲ။

U Shwe Than ေဒၚစု commentထဲမွာ ေဆြးေႏြးစရာရွိေသးတယ္။

Chaw Yu Mon ေမး ခြန္း ၁ ကို လက္ မ ခံ လ်ွင္ ေမး ခြန္း
၂ နွင့္ ၃ ပါ လုပ္ ခြင့္ မ ရွိ ေတာ့ ပါ

Su Nandar Hlaing ရွင္ ဟုတ္ကဲ့။ ဘာကိုေဆြးေႏြးမွာလဲ သိပါရေစရွင္။

U Shwe Than ေဒၚစု သက္ေသခံခ်က္ အျဖစ္ ထည့္သြင္း သုံးသပ္လုိ႔ မရ ဆုိတဲ့ ကိစၥပါ။ အမႈအေျခ အေန အရ သက္ေသခံပစၥည္းကုိ သက္ေသခံခ်က္အျဖစ္ ထည့္ သြင္းသုံးသပ္ တာရွိပါတယ္။ ဒုတ္ စသည့္ အေလးခ်ိန္ ဟာ အေရးပါတဲ့ သက္ေသခံခ်က္ ျဖစ္နိုင္ပါတယ္

Su Nandar Hlaing ဟုတ္ကဲ့ ဒုတ္တို႔ ဓါးတို႔ဆိုတာက ျပစ္မႈက်ဴးလြန္ရာမွာ အသံုးျပဳတဲ့ ပစၥည္းအျဖစ္သက္ေသခံလက္ခံလို႔ ထည့္သြင္းသံုးသပ္လို႔ရတာမ်ိဳးပါ။ CD ေခြဆိုတာက ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားေစခ်င္လို႔ တစ္ဖက္ကတင္ျပလာတဲ့သေဘာပါ။ တရားခံက ျပစ္မႈက်ဴးလြန္ရာမွာ အသံုးျပဳခဲ့တဲ့ပစၥည္း မဟုတ္ပါဘူး။ တရားလိုအေနနဲ႔ တရားခံအျပစ္ေပးခံရဖို႔ တရားခံရဲ႕အျပစ္ကိုထင္ရွားေအာင္ သက္ေသျပရန္တာ၀န္ သက္ေသခံဥပေဒအရ သူ႔ဖက္မွာရွိပါတယ္။ ဒါေပမဲ့ တရားလိုသက္ေသျပတဲ့အခါ သက္ေသခံဥပေဒနဲ႔အညီပဲ ျပလို႔ရမွာပါ။ သက္ေသခံဥပေဒအရ ခြင့္ျပဳမထားတဲ့အရာကို တင္ျပေပမယ့္ ရံုးကထည့္သြင္းမသံုးသပ္သင့္ပါဘူး။ ဥာဏ္မီသေလာက္ေျပာတာပါ။ မွားရင္လဲ ျပင္ေပးပါရွင္။

Mon Thu Zar Khin သက္ေသခံဥပ ေဒ က စာရြက္စာတမ္း ကိုသာ မိတၲဴကူးယူခြင့္ ျပဳထား၍ CD ကို မိတၱဴ ကူးခြင့္မရွိပါ။

U Shwe Than ေဒၚသူဇာ မိတၲဴကူး နည္းဥပေဒလား သက္ေသခံ ဥပေဒလား

U Shwe Than ေဒၚစုေျပာတာ အေျခေန တစ္ရပ္ အတြက္ မွန္ပါတယ္။ စီဒီေခြဟာ တရားခံ ျပစ္မႈ က်ဴးလြန္ရာမွာ အသုံးျပဳတဲ့ ပစၥည္း မဟုတ္ဘူးဆုိတာ ပုံေသ ေျပာ မရတဲ့ ကိစၥ ေတြရွိပါတယ္။ ရွာၾကံ စဥ္းစားၾကည့္ပါအုန္း။

Mon Thu Zar Khin sorry ပါ ဆရာေရႊ။မိတၱဴကူးနည္းဥပ ေဒပါ။ အမႈတြဲမိတၱဴကူးျခင္း ဆိုင္ ရာ နည္းဥပ ေဒ ( ၁၉၈၉ ) မွာ မိတၱဴကူးျခင္း ကို ျပစ္မႈ/ တရားမမူ မ်ားရွိ စာရြက္စာတမ္းမ်ားကို ကူးယူျခင္းလို႔ ေဖာ္ျပထားလို႔ CD ကို မိတၲဴကူးခြင့္ မရွိဘူးမရွိဘူးလို႔ ထင္ ပါတယ္ ဆရာ။

U Shwe Than ဟုတ္ပါပီေဒၚသူဇာ။ စီ ဒီေခြကုိ စာတမ္းအမွတ္ အသားလုိ႕ သတ္မွတ္မွာ လားလုိ႕ ေဒၚအိတုံေလးကုိ ေမးထားပါတယ္

Mon Thu Zar Khin သက္ေသခံပစၥည္းလို႔သတ္မွတ္ၿပီး Bailiff ဆီမွာ အပ္ ရမယ္ထင္ ပါတယ္ ရွင့္။

U Shwe Than ဆရာlaw law ေရ လူေပၚမူတည္ ဆုိတာ မွန္ပါတယ္။ ဒါေပ မဲ့ ထုိလူ လက္ခံတာ အေၾကာင္းအမ်ိဳး ရွိနုိင္ပါတယ္။ မေလ့လာ ရေသးလုိ႔။ ေလ့လာပီးေသာ္လည္း လက္ခံရမယ္လုိ႔ပဲ ယုံၾကည္လုိ႔။ ဒါမွမဟုတ္ အျခား အေၾကာင္းလည္း ရွိႏုိင္ပါတယ္။ ထုိသူပါ ဝင္ေဆြးေႏြးရင္ အက်ိဳးရွိမယ္မုိ႔လားဗ်ာ။

Maung Soe အသံ ဖိုင္ကိစၥၥရွင္းပါသည္ခင္ဗ်ား cctvရိုက္ကူးထားခ်က္ျဖင့္အမွဳေဖ္ာ္ထုတ္ေနမွဳမ်ားရိွေနေသာယေန ့ ေခတ္အခါ၀ယ္ အခင္းျဖစ္စဥ္ ္က်ြန္ုပ္ ာ္ကိုယ္တိုင္ရိုက္ကူးခ့ဲပါသည္ဆိုေသာ သက္ေသ၏
ဗီဒီယိုဖိုင္ဆိုလ်ွင္ေကာ...........?

Argyi Mar လမ္းစည္းကမ္းမွာ cctv နဲ႕ေတာ့ဖမ္းေနတာေလ

Tee Kyaw Htay Ko လက္ေရာက္အတည္ျပဳအပ္ေပးဖို႔
တာဝန္နဲ႔ဘိလစ္ကိုေႏွာက္ယွက္တဲ့ အဖြဲ႔ကိုvideoရိုက္ၿပီးcdျဖင့္သက္ေသခံတင္ျပကာလိုျပသက္ေသမ်ား ကိုဖြင့္ျပၿပီးမည္သူမည္သို႔ပါဝင္က်ဴး လြန္ေၾကာင္းထြက္ဆိုေစပါတယ္။တရားခံစစ္မွာလဲဖြင့္ျပၿပီးေမးရာဝန္ခံပါတယ္။

Tee Kyaw Htay Ko cd ကိုသက္ေသခံအျဖစ္လက္ခံထား ရင္က်ေနာ့္အျမင္ေတာ့စာရြက္စာ တမ္းပါ။မိတၲဴကူးခြင့္ျပဳရပါမယ္။ ဒါေပမယ့္လက္ေတြ႔က်င့္သံုးဖို့က ေခတ္ေနာက္က်ေနပါတယ္။အသံ ဖိုင္စစ္မွန္မႈကိုဘယ္ပါရဂူဆီမွပို႔စ ရာမရွိေသးပါ။

Nu Nu ကၽြန္မလည္းနတ္ဆရာႀကီးလိုပဲထင္ျမင္ယူဆပါတယ္ဆရာ

U Shwe Than exhibitျဖစ္တဲ့ လက္နက္နဲ႔ မူးယစ္ေဆးဟာ expert အကူညီရ ယူၾကပါတယ္။ ဒါေၾကာင့္ မိတ္တူ ကိစၥကလြဲရင္ ဆရာနတ္နဲ႔ သေဘာထား မကြဲပါ။ မိတ္တူကိစၥ ကေတာ့ နည္းဥပေဒနဲ႔ ခိုင္မာတဲ့ နည္းစနစ္ရွိ ရင္ လက္ခံပါမည္။

Aung Thuya ဆ၇ာနတ္ အဆိုကိုေထာက္ခံပါတယ္

Rai Lin အသံဖမ္းထားတဲ့ Cd ေခြဟာ သက္ေသခံမဝင္ဆုိတဲ့ စီရင္ထုံးရွိတယ္လုိ႕ သိရပါတယ္ ....ဘယ္ႏွစ္ခုႏွစ္ေလာက္ကလဲ သိခ်င္ပါတယ္.....

Kyaw Thu Aung ဦးထင္ေဇာ္ အတဲြ( ၆ ) or ( ၇ ) မွာ ပါပါတယ္​

Ko Ye ၁၉၇၅ ျပည္ေထာင္စုဆိုရွယ္လွစ္သမၼတျမန္မာႏိုင္ငံေတာ္ ႏွင့္ ေမာင္၀င္းထိန္ ၆၃ ျဖစ္မယ္ထင္ပါတယ္။

Maung Tar Tay လက္ရိွသက္ေသခံဥပေဒကိုျပင္နိုေအာင္
ႀကိဳးစားၾကပါဗ်ာ၊ Things to be proved
ထဲမွာဆရာတို႔ေဆြေနြးတဲ့CD ပါလို႔လား

U Shwe Than က်ေနာ့ အျမင္ေတာ့ CD ေခြဟာ document ဖြင့္ဆိုခ်က္နဲ႔ ကိုက္တယ္မျမင္ပါ။ ဒါ ေျကာင့္ စာတမ္း အမွတ္အသား သက္ေသခံ ခ်က္ အျဖစ္ သက္ေသခံ (က)(ခ) (၁)(၂) စသည္ျဖင့္ တင္သြင္းခြင့္ရသည္ မျမင္ပါ။ မိတၱဴကူး နည္းဥပေဒ ဟာ စာတမ္းအမွတ္အသားကုိ
ကူးဖုိ႕ ညႊန္ျကားထားျဖစ္လုိ႔ မိတ္တူ ကူူးေပးရန္ မျဖစ္နိုင္ပါ ။ တစ္ဖန္ ကူးပီးသားကုိ ျပန္လည္ျပင္ ဆင္နိုင္သျဖင့္ သဘာဝအရလည္း မျဖစ္နိုင္ပါ။
မည္သူ႔ အသံျဖစ္ေၾကာင္း ပိုင္းျခား စစ္ေဆးေပးနိုင္မည့္ ပါရဂူ မရွိေသးျဖင့္ တရားခံအသံ ဟုတ္မဟုတ္ စစ္ေဆးရန္ ေဆာင္ရြက္နိုင္မည္မဟုတ္ပါ။
cd ကုိ exhibit အျဖစ္သာ လက္ခံသင့္သည္ ျမင္ပါသည္။
ဆရာနတ္ ေဆြးေႏြး သကဲ့သုိ႔ ပညာရွင္ ေပၚပါက ပညာ ရွင္ စစ္ေဆး ထင္ျမင္ခ်က္ ရယူနိုင္သည္ ျမင္ပါသည္။ က်ေနာ့ အျမင္ထပ္ဆင့္ တင္ျပ ရလွ်င္ vcd ေခြမ်ားႏွင့္ စပ္လ်ွင္း၍မူ မူရင္းေခြ ျဖစ္ေျကာင္းႏွင့္ ပုံမွာ မည္သူမည္ဝါ ႏွင့္ တူညီ ေျကာင္း စစ္ေဆးနိုင္မည္ ထင္ပါသည္။ သက္ေသခံဥပေဒ ပုဒ္မ ၄၅၏ အကူညီ ယူလ်ွင္ အဆင္ေျပမည္ ထင္ပါသည္။ ( လြန္ခဲ့ သည့္၄ -၅ လခန္႔က ျမိဳ႕ နယ္ တျမိဳ႕ နယ္တြင္ ျဖစ္ပြားခဲ့ ေသာ အျဖစ္အပ်က္ကုိ အေျခခံ၍ တင္ျပျခင္းသာျဖစ္ပါသည္။)

Min Htike ဟုတ္ပါတယ္

Kyaw Myowin မရတာေတာ့သိတယ္ စီရင္ထုံးျပန္ရွာ ၾကည့္ရအုံးမယ္ ခင္ဗ်

Shin Saw Myat ထိုသူ၏အသံျဖစ္ေၾကာင္းသက္ေသခံတင္သြင္းသူက ထင္ရွားေအာင္တင္ျပႏိုင္လ်ွင္ျဖစ္ေစ သက္ေသခံ စီဒီမွာပါတဲ႔အေၾကာင္းအရာေတြကို သက္ေသခံတင္ျပခံရသူကအမွန္တကယ္ေျပာဆို ေၾကာင္းထင္ရွားေအာင္တင္ျပႏိုင္လ်ွင္ျဖစ္ေစ
သက္ေသခံ အျဖစ္လက္ခံသင့္တယ္လို႕ယူဆပါတယ္။

သွ်မ္း ထက္ သက္ေသခံဥပေဒမွာေတာ့CD, VCDတို့ကို
သက္ေသခံဝင္ေႀကာင္း ျပဌာန္းထားျခင္း
မရွိ၍သက္ေသခံအျဖစ္ မသုံးသပ္သင့္ပါ။

Tun Myo Htay    August Venus Ttz ဆရာမရွာေနတဲ႔ ဥပေဒျပသနာပါ။ မွတ္သားဖြယ္ comment ေတြေလ့လာလို႔ရပါတယ္။          ။


ကျမ်းသစ္စာတိုက်နိုင်သူ။


ကျမ်းသစ္စာတိုက်နိုင်သူ။
xxxxxxxxxxxxxxxx
တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉ တွင် 
ဤဥပဒေအရ ကျမ်းကျိန်လွှာ ပြုလုပ်ရန်ရှိသည့်အခါ အောက်ပါတို့က ကျမ်းကျိန် ထွက်ဆိုမည့်သူကို ကျမ်းသစ္စာတိုက်နိုင်သည်။
(က) တရားရုံးတစ်ရုံးရုံး သို့မဟုတ် ရာဇဝတ်တရားသူကြီ တစ်ဦးဦး ၊ သို့မဟုတ် 
(ခ) ဤကိစ္စအလို့ငှာ တရားလွှတ်တော်က ခန့်အပ်သည့် အရာရှိတစ်ဦးဦး သို့မဟုတ် 
အခြားပုဂ္ဂိုလ် တစ်ဦးဦး၊ သို့မဟုတ်
(ဂ) ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘူယျအားဖြင့်ဖြစ်စေ၊ 
အထူးအားဖြင့်ဖြစ်စေ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် အခြားတရားရုံး 
တစ်ရုံးရုံးက ခန့်အပ်သောအရာရှိတစ်ဦးဦး။
(ဃ) သင်္ဘောဆယ်တင်ခြင်း အစရှိသော ကိစ္စများနှင့် သက်ဆိုင်သည့် 
အမှုများတွင် အဆက်ဆာလူကြီးများ။
The Oaths Act ပုဒ်မ - ၄(က)အရလည်း တရားရုံးများအားလုံး နှင့် ဥပဒေအရဖြစ်စေ၊ အမှုသည်တို့၏သဘောတူညီချက်အရဖြစ်စေ သက်သေခံချက်များရယူရန် အခွင့်အာဏာရသူ အားလုံးသည် ကျမ်းသစ္စာတိုက်ခွင့်ရရှိပါသည်။
--
တရားလွှတ်တော်က ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန်အရာရှိ) ခန့်အပ်ခြင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ( ၁၄ - ၆ - ၂၀၁၁ )ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁၆၈/၂၀၁၁ဖြင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များအား ကျမ်းသစ္စာပြုပေးရန် အရာရှိများကို ခန့်ထားနိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။
--
တရားသူကြီးအား ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန်အရာရှိ) အဖြစ် ခန့်အပ်ရန် လိုအပ်ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉(က) အရ ဥပဒေဖြင့် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်း ထားပြီးဖြစ်၍ ထပ်မံ အပ်နှင်းရန်မလိုအပ်တော့ပါ။.
----
မည်သူတို့ကို ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန်အရာရှိ)အဖြစ် ခန့်အပ်ရန်လိုအပ်ပါသနည်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၁) တရားသူကြီး မဟုတ်သောတရားရေးဝန်ထမ်းများ ။(ဥပမာ- ဒုတိယဦးစီးမှူး 
စသည်) 
(၂) ဘိလစ်များ
(၃) စာရေးများ
(၄) အခြားပုဂ္ဂိုလ်
---
တရားရုံးတစ်ရုံးတွင် အမိန့်စာဖြင့်ခန့်အပ်ထားသော ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန် အရာရှိ) မှအပ အခြားတရားသူကြီးများ ကျမ်းသစ္စာမတိုက်နိုင်ဆိုသော အယူအဆမှန်ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉(က) အရ တရားသူကြီးအားလုံးသည် ကျမ်းသစ္စာတိုက်နိုင် သူအဖြစ်ဥပဒေက ခန့်ထားပြီးဖြစ်သဖြင့် တရားသူကြီးအားလုံးသည် ဥပဒေ အရ ကျမ်းသစ္စာပြုပေးရန် အရာရှိ အဖြစ်ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။
အမိန့် စာဖြင့်ခန့်အပ်ထားသော ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန် အရာရှိ) မှအပ အခြားတရားသူကြီးများ ကျမ်းသစ္စာမတိုက်နိုင်ဆိုသော အယူအဆကို လက်ခံပါက
အမှုစစ်ဆေးရန် သက်သေတစ်ဦးကို ထိုကျမ်းသစ္စာပြုပေးရန် အရာရှိထံစေလွှတ်၍ ကျမ်းကျိန် ဆိုစေပြီးမှ အမှုစစ်မည့်တရားခွင်သို့ပြန်ခေါ်လာကာ အမှုစစ်ဆေးရမည်ကဲ့သို့ဖြစ်နေပါသည်။
အကျိုးအကြောင်း မသင့်၍လည်းကောင်း၊ တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉(က)ကို ဆန့်ကျင်ရာရောက်၍ လည်းကောင်း ထိုအယူအဆကို လက်ခံရန်မသင့်ဟု ယူဆမိပါသည်။
---
တရားရုံး ဘိလစ်များသည် ကျမ်းသစ္စာပေးရန်အရာရှိအဖြစ် ဆောင်ရွက်နိုင်ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမိန့်ဆင့်စာချအပ်ခြင်း၊ မချအပ်ရခြင်းနှင့် စပ်လျဉ်းသည့် ကျမ်းကျိန်ဆိုချက်ပုံစံ (တရားမပုံစံ အမှတ် - ၄၁မှ၄၆)တို့တွင် ဘိလစ်များက ကျမ်းကျိန်တိုက်သူအဖြစ်ဆောင်ရွက် သည်ကို လေ့လာတွေ့ရှိရပါသည်။
ကျမ်းကျိန် ဆိုချက်ပုံစံ(တရားမပုံစံ အမှတ် - ၄၁မှ၄၆)တို့တွင် “ကျမ်းသစ္စာ အစစ်ခံစာသွင်းသူများကို ကျမ်းသစ္စာတိုက်ရန် တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၃၉ အရ ခန့်ထားသည့်အရာရှိ။” ဟူသောစာသားပါရှိပါသည်။
သို့ရာတွင် ဘိလစ်များအား တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉(ခ) အရ ခန့်အပ်ထားသောအမိန့်စာရှိသလားမေးရာတွင် မရှိကြောင်းဖြေဆိုကြပါသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၃၉(ခ) အရလည်းကောင်း၊ တရားရုံးများလက်စွဲ အပိုဒ် - ၁၇၀၊ ၁၇၁(၁) အရလည်းကောင်း ဘိလစ်များအနေဖြင့် ကျမ်းသစ္စာပြုပေးရန်အရာရှိ အဖြစ် ခန့်ထားမှသာ ဆောင်ရွက်ပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ တရားသူကြီး မဟုတ်သော
တရားရေးဝန်ထမ်းများ(ဥပမာ - ဒုတိယဦးစီးမှူး စသည်) များသည်လည်းကောင်း၊ ဘိလစ်များသည်လည်းကောင်း မိတ္တူကူးအခွင့်ရအရာရှိအဖြစ် ခန့်အပ်ပေးရန် လျှောက်ထားသကဲ့သို့ ကျမ်းသစ္စာပြုပေးရန်အရာရှိ အဖြစ်ခန့်အပ်ပေး ရန် လျှောက်ထား၍ ခန့်အပ်သည့် အမိန့် ရရှိမှသာ ကျမ်းသစ္စာတိုက်နိုင်သည့်အရာရှိ (ကျမ်းသစ္စာပြုပေးရန်အရာရှိ)အဖြစ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်

Tun Myo Htay
Facebook






က်မ္းသစၥာတိုက္ႏိုင္သူ။
xxxxxxxxxxxxxxxx
တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉ တြင္ 
ဤဥပေဒအရ က်မ္းက်ိန္လႊာ ျပဳလုပ္ရန္ရွိသည့္အခါ ေအာက္ပါတိို႔က က်မ္းက်ိန္ ထြက္ဆိုမည့္သူကို က်မ္းသစၥာတိုက္ႏိုင္သည္။
(က) တရားရံုးတစ္ရံုးရံုး သို႔မဟုတ္ ရာဇ၀တ္တရားသူႀကီ တစ္ဦးဦး ၊ သို႔မဟုတ္ 
(ခ) ဤကိစၥအလို႔ငွာ တရားလႊတ္ေတာ္က ခန္႔အပ္သည့္ အရာရွိတစ္ဦးဦး သို႔မဟုတ္ 
အျခားပုဂၢိဳလ္ တစ္ဦးဦး၊ သို႔မဟုတ္
(ဂ) ဤကိစၥအလို႔ငွာ ႏိုင္ငံေတာ္သမၼတက ေယဘူယ်အားျဖင့္ျဖစ္ေစ၊ 
အထူးအားျဖင့္ျဖစ္ေစ လုပ္ပိုင္ခြင့္အပ္ႏွင္းထားသည့္ အျခားတရားရံုး 
တစ္ရံုးရံုးက ခန္႔အပ္ေသာအရာရွိတစ္ဦးဦး။
(ဃ) သေဘၤာဆယ္တင္ျခင္း အစရွိေသာ ကိစၥမ်ားႏွင့္ သက္ဆိုင္သည့္ 
အမႈမ်ားတြင္ အဆက္ဆာလူႀကီးမ်ား။
The Oaths Act ပုဒ္မ - ၄(က)အရလည္း တရားရံုးမ်ားအားလံုး ႏွင့္ ဥပေဒအရျဖစ္ေစ၊ အမႈသည္တို႔၏သေဘာတူညီခ်က္အရျဖစ္ေစ သက္ေသခံခ်က္မ်ားရယူရန္ အခြင့္အာဏာရသူ အားလံုးသည္ က်မ္းသစၥာတိုက္ခြင့္ရရွိပါသည္။
--
တရားလႊတ္ေတာ္က က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္အရာရွိ) ခန္႔အပ္ျခင္း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ ( ၁၄ - ၆ - ၂၀၁၁ )ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ - ၁၆၈/၂၀၁၁ျဖင့္ တိုင္းေဒသႀကီး/ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္မ်ားအား က်မ္းသစၥာျပဳေပးရန္ အရာရွိမ်ားကို ခန္႔ထားႏိုင္ခြင့္အာဏာ ေပးအပ္ထားပါသည္။
--
တရားသူႀကီးအား က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္အရာရွိ) အျဖစ္ ခန္႔အပ္ရန္ လိုအပ္ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉(က) အရ ဥပေဒျဖင့္ လုပ္ပိုင္ခြင့္အာဏာ အပ္ႏွင္း ထားၿပီးျဖစ္၍ ထပ္မံ အပ္ႏွင္းရန္မလိုအပ္ေတာ့ပါ။.
----
မည္သူတို႔ကို က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္အရာရွိ)အျဖစ္ ခန္႔အပ္ရန္လိုအပ္ပါသနည္း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၁) တရားသူႀကီး မဟုတ္ေသာတရားေရး၀န္ထမ္းမ်ား ။(ဥပမာ- ဒုတိယဦးစီးမွဴး 
စသည္) 
(၂) ဘိလစ္မ်ား
(၃) စာေရးမ်ား
(၄) အျခားပုဂၢိဳလ္
---
တရားရံုးတစ္ရံုးတြင္ အမိန္႔စာျဖင့္ခန္႔အပ္ထားေသာ က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္ အရာရွိ) မွအပ အျခားတရားသူႀကီးမ်ား က်မ္းသစၥာမတိုက္ႏိုင္ဆိုေသာ အယူအဆမွန္ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉(က) အရ တရားသူႀကီးအားလံုးသည္ က်မ္းသစၥာတိုက္ႏိုင္ သူအျဖစ္ဥပေဒက ခန္႔ထားၿပီးျဖစ္သျဖင့္ တရားသူႀကီးအားလံုးသည္ ဥပေဒ အရ က်မ္းသစၥာျပဳေပးရန္ အရာရွိ အျဖစ္ေဆာင္ရြက္ပိုင္ခြင့္ရွိပါသည္။
အမိန္႔ စာျဖင့္ခန္႔အပ္ထားေသာ က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္ အရာရွိ) မွအပ အျခားတရားသူႀကီးမ်ား က်မ္းသစၥာမတိုက္ႏိုင္ဆိုေသာ အယူအဆကို လက္ခံပါက
အမႈစစ္ေဆးရန္ သက္ေသတစ္ဦးကို ထိုက်မ္းသစၥာျပဳေပးရန္ အရာရွိထံေစလႊတ္၍ က်မ္းက်ိန္ ဆိုေစၿပီးမွ အမႈစစ္မည့္တရားခြင္သို႔ျပန္ေခၚလာကာ အမႈစစ္ေဆးရမည္ကဲ့သို႔ျဖစ္ေနပါသည္။
အက်ိဳးအေၾကာင္း မသင့္၍လည္းေကာင္း၊ တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉(က)ကို ဆန္႔က်င္ရာေရာက္၍ လည္းေကာင္း ထိုအယူအဆကို လက္ခံရန္မသင့္ဟု ယူဆမိပါသည္။
---
တရားရံုး ဘိလစ္မ်ားသည္ က်မ္းသစၥာေပးရန္အရာရွိအျဖစ္ ေဆာင္ရြက္ႏိုင္ပါသလား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမိန္႔ဆင့္စာခ်အပ္ျခင္း၊ မခ်အပ္ရျခင္းႏွင့္ စပ္လ်ဥ္းသည့္ က်မ္းက်ိန္ဆိုခ်က္ပံုစံ (တရားမပံုစံ အမွတ္ - ၄၁မွ၄၆)တို႔တြင္ ဘိလစ္မ်ားက က်မ္းက်ိန္တိုက္သူအျဖစ္ေဆာင္ရြက္ သည္ကို ေလ့လာေတြ႔ရွိရပါသည္။
က်မ္းက်ိန္ ဆိုခ်က္ပံုစံ(တရားမပံုစံ အမွတ္ - ၄၁မွ၄၆)တို႔တြင္ “က်မ္းသစၥာ အစစ္ခံစာသြင္းသူမ်ားကို က်မ္းသစၥာတိုက္ရန္ တရားမက်င့္ထံုးဥပေဒပုဒ္မ ၁၃၉ အရ ခန္႔ထားသည့္အရာရွိ။” ဟူေသာစာသားပါရွိပါသည္။
သို႔ရာတြင္ ဘိလစ္မ်ားအား တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉(ခ) အရ ခန္႔အပ္ထားေသာအမိန္႔စာရွိသလားေမးရာတြင္ မရွိေၾကာင္းေျဖဆိုၾကပါသည္။
တရားမက်င့္ထံုးဥပေဒပုဒ္မ - ၁၃၉(ခ) အရလည္းေကာင္း၊ တရားရံုးမ်ားလက္စြဲ အပိုဒ္ - ၁၇၀၊ ၁၇၁(၁) အရလည္းေကာင္း ဘိလစ္မ်ားအေနျဖင့္ က်မ္းသစၥာျပဳေပးရန္အရာရွိ အျဖစ္ ခန္႔ထားမွသာ ေဆာင္ရြက္ပိုင္ခြင့္ရွိမည္ ျဖစ္ပါသည္။
သို႔ျဖစ္ရာ တရားသူႀကီး မဟုတ္ေသာ
တရားေရး၀န္ထမ္းမ်ား(ဥပမာ - ဒုတိယဦးစီးမွဴး စသည္) မ်ားသည္လည္းေကာင္း၊ ဘိလစ္မ်ားသည္လည္းေကာင္း မိတၱဴကူးအခြင့္ရအရာရွိအျဖစ္ ခန္႔အပ္ေပးရန္ ေလွ်ာက္ထားသကဲ့သို႔ က်မ္းသစၥာျပဳေပးရန္အရာရွိ အျဖစ္ခန္႔အပ္ေပး ရန္ ေလွ်ာက္ထား၍ ခန္႔အပ္သည့္ အမိန္႔ ရရွိမွသာ က်မ္းသစၥာတိုက္ႏိုင္သည့္အရာရွိ (က်မ္းသစၥာျပဳေပးရန္အရာရွိ)အျဖစ္ ေဆာင္ရြက္သင့္ပါေၾကာင္း အၾကံျပဳတင္ျပအပ္ပါသည္။
ေလးစားစြာျဖင့္

Tun Myo Htay
Facebook

ဥပဒေလေ့လာသူတိုင်းသိထားသင့်သည့် ပြစ်မှုဆိုင်ကျင့်ထုံးဥပဒေပုဒ်မ-၅ ။


ဥပဒေလေ့လာသူတိုင်းသိထားသင့်သည့် ပြစ်မှုဆိုင်ကျင့်ထုံးဥပဒေပုဒ်မ-၅ ။
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

■ပြစ်မမှုဆိုင်ရာဥပဒေ(Penal Code)(ရာဇသတ်ကြီးဥပဒေ)အရပြစ်မှုများနှင့်ပတ်သက်၍(၁)စုံထောက်လှမ်းခြင်း၊(Investigation )၊ (၂)စုံစမ်းစစ်ဆေးခြင်း၊(Inquiry)၊(၃)စစ်ဆေးစီရင်ခြင်း၊(Trial )တို့ကိုသက်ဆိုင်

သည့်တာဝန်ရှိသူများကဆောင်ရွက်ကြရာ၌ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၅ပြဌာန်းချက်ပါအတိုင်းဆောင်ရွက်ကြရပါသည်။

စုံထောက်လှမ်းမှုဆိုသည်မှာမှုခင်းတစ်ရပ်ကိုသက်ဆိုင်ရာတာဝန်ရှိရဲတပ်ဖွဲ့မှဥပဒေပြဌာန်းချက်များနှင့်အညီပြစ်မှုကျူးလွန်သူကိုဖေါ်ထုတ်ဖမ်းဆီးခြင်း၊မှုခင်းနှင့်ပတ်သက်သည့်သက်သေခံပစ္စည်းများကိုရှာဖွေ၍ဥပဒေနှင့်အညီ

သိမ်းဆည်းခြင်း၊ပတ်ဝန်းကျင်သက်သေခံချက်များကိုရှာဖွေဖေါ်ထုတ်၍သက်သေခံချက်များအဖြစ်တင်ပြနိင်ရန်ဆောင်ရွက်ခြင်း၊သက်သေများကိုစုံစမ်း၍သက်သေထွက်ချက်များကိုဥပဒေနှင့်အညီရယူခြင်း၊စသည့်ရဲလုပ်ငန်းများ

သည်စုံထောက်လှမ်းခြင်းများဖြစ်ပါသည်။

စုံစမ်းစစ်ဆေးခြင်းဆိုသည်မှာပြည်သူ့ဝန်ထမ်း/အများပြည်သူတို့အားဖြစ်ပွားလာသည့်တိုင်ကြားမှုများတွင်ပါဝင်ခြင်းရှိမရှိစုံစမ်းမေးမြန်းခြင်းဖြစ်ပါသည်။ဌာနဆိုင်ရာတွင်D.E/P.E.စစ်ဆေးခြင်းဖြစ်ပါသည်။

စစ်ဆေးစီရင်ခြင်းဆိုရာတွင်တရားရုံးရှေ့ရောက်ရှိလာသည့်မှုခင်းများကိုတရားရုံးရှေ့တွင်တရားလို/တရားခံနှစ်ဘက်ရှေ့နေရှေ့ရပ်များ၊ဥပဒေအရာရှိများ၊တရားသူကြီး၊တို့သည်သက်သေခံအက်ဥပဒေ၊ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ

တို့နှင့်အညီစစ်ဆေးခြင်းဖြစ်ပါသည်။

အထူးဥပဒေပြဌာန်းချက်များတွင်သီးခြားနည်းဥပဒေပြဌာန်းများတွင်စုံထောက်လှမ်းခြင်း၊စုံစမ်းစစ်ဆေးခြင်း၊စစ်ဆေးစီရင်ခြင်း၊အတွက်သီးခြားပြဌာန်းထားခြင်းမရှိခဲ့လျှင်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါပြဌာန်းချက်များအတိုင်းလိုက်

နာကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထို့ကြောင့်စုံထောက်လှမ်းခြင်း၊စုံစမ်းစစ်ဆေးခြင်း၊စစ်ဆေးစီရင်ခြင်းတို့သည်တူညီမှုမရှိကြောင်းသိရှိနိင်မည်ဖြစ်ပါသည်။   ။

●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

Facebook Like Page: ဥပဒေ ဗဟုသုတ  မှ ပြန်လည်မျှဝေပါသည်။












ဥပေဒေလ့လာသူတိုင္းသိထားသင့္သည့္ ျပစ္မွဳဆိုင္က်င့္ထုံးဥပေဒပုဒ္မ-၅ ။
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

■ျပစ္မမွဳဆိုင္ရာဥပေဒ(Penal Code)(ရာဇသတ္ႀကီးဥပေဒ)အရျပစ္မွဳမ်ားႏွင့္ပတ္သက္၍(၁)စုံေထာက္လွမ္းျခင္း၊(Investigation )၊ (၂)စုံစမ္းစစ္ေဆးျခင္း၊(Inquiry)၊(၃)စစ္ေဆးစီရင္ျခင္း၊(Trial )တို႔ကိုသက္ဆိုင္

သည့္တာဝန္ရွိသူမ်ားကေဆာင္ရြက္ၾကရာ၌ျပစ္မွဳဆိုင္ရာက်င့္ထုံးဥပေဒပုဒ္မ-၅ျပဌာန္းခ်က္ပါအတိုင္းေဆာင္ရြက္ၾကရပါသည္။

စုံေထာက္လွမ္းမွဳဆုိသည္မွာမွဳခင္းတစ္ရပ္ကိုသက္ဆိုင္ရာတာဝန္ရွိရဲတပ္ဖြဲ႕မွဥပေဒျပဌာန္းခ်က္မ်ားႏွင့္အညီျပစ္မွဳက်ဴးလြန္သူကိုေဖၚထုတ္ဖမ္းဆီးျခင္း၊မွဳခင္းႏွင့္ပတ္သက္သည့္သက္ေသခံပစၥည္းမ်ားကိုရွာေဖြ၍ဥပေဒႏွင့္အညီ

သိမ္းဆည္းျခင္း၊ပတ္ဝန္းက်င္သက္ေသခံခ်က္မ်ားကိုရွာေဖြေဖၚထုတ္၍သက္ေသခံခ်က္မ်ားအျဖစ္တင္ျပနိင္ရန္ေဆာင္ရြက္ျခင္း၊သက္ေသမ်ားကိုစုံစမ္း၍သက္ေသထြက္ခ်က္မ်ားကိုဥပေဒႏွင့္အညီရယူျခင္း၊စသည့္ရဲလုပ္ငန္းမ်ား

သည္စုံေထာက္လွမ္းျခင္းမ်ားျဖစ္ပါသည္။

စုံစမ္းစစ္ေဆးျခင္းဆိုသည္မွာျပည္သူ႔ဝန္ထမ္း/အမ်ားျပည္သူတို႔အားျဖစ္ပြားလာသည့္တိုင္ၾကားမွဳမ်ားတြင္ပါဝင္ျခင္းရွိမရွိစုံစမ္းေမးျမန္းျခင္းျဖစ္ပါသည္။ဌာနဆိုင္ရာတြင္D.E/P.E.စစ္ေဆးျခင္းျဖစ္ပါသည္။

စစ္ေဆးစီရင္ျခင္းဆိုရာတြင္တရားရုံးေရွ႔ေရာက္ရွိလာသည့္မွဳခင္းမ်ားကိုတရားရုံးေရွ႔တြင္တရားလို/တရားခံႏွစ္ဘက္ေရွ႔ေနေရွ႔ရပ္မ်ား၊ဥပေဒအရာရွိမ်ား၊တရားသူႀကီး၊တို႔သည္သက္ေသခံအက္ဥပေဒ၊ျပစ္မွဳဆိုင္ရာက်င့္ထုံးဥပေဒ

တို႔ႏွင့္အညီစစ္ေဆးျခင္းျဖစ္ပါသည္။

အထူးဥပေဒျပဌာန္းခ်က္မ်ားတြင္သီးျခားနည္းဥပေဒျပဌာန္းမ်ားတြင္စုံေထာက္လွမ္းျခင္း၊စုံစမ္းစစ္ေဆးျခင္း၊စစ္ေဆးစီရင္ျခင္း၊အတြက္သီးျခားျပဌာန္းထားျခင္းမရွိခဲ့လၽွင္ျပစ္မွဳဆိုင္ရာက်င့္ထုံးဥပေဒပါျပဌာန္းခ်က္မ်ားအတိုင္းလိုက္

နာက်င့္သုံးေဆာင္ရြက္ရမည္ျဖစ္ပါသည္။

ထို႔ေၾကာင့္စုံေထာက္လွမ္းျခင္း၊စုံစမ္းစစ္ေဆးျခင္း၊စစ္ေဆးစီရင္ျခင္းတို႔သည္တူညီမွဳမရွိေၾကာင္းသိရွိနိင္မည္ျဖစ္ပါသည္။   ။

●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●




Facebook Like Page: ဥပ​ေဒ ဗဟုသုတ  မွ ျပန္​လည္​မွ်​ေ၀ပါသည္​။










မြန်မာနိုင်ငံစီရင်ထုံးများကို လေ့လာတင်ပြခြင်း။

မြန်မာနိုင်ငံစီရင်ထုံးများကို လေ့လာတင်ပြခြင်း။

အစိုးရမှ ထုတ်ဝေခဲ့သောစီရင်ထုံးများ။ ------------------------------------------------------------------------

၁။ ရွေးချယ်ထားသောစီရင်ချက်များ Selected Judgements (S.J)
ကာလ - ၁၈၇၂ မှ ၁၈၉၂
အတွဲ - မရှိ။
မှတ်ချက် - အောက်မြန်မာပြည်ကို အင်္ဂလိပ်များ သိမ်းယူပြီးနောက် ထုတ်ဝေခဲ့သော စီရင်ထုံး ဖြစ်သည်။

-----

၂။ ပုံနှိပ်ထားသောစီရင်ချက်များ Printed Judgements (P.J)
ကာလ - ၁၈၉၃ မှ ၁၉၀၀
အတွဲ - -
မှတ်ချက် - အောက်မြန်မာပြည် စီရင်ထုံးများဖြစ် သည်။ တရားဌာန မင်းကြီးရုံးနှင့်အထူး ခုံရုံးတို့ကချမှတ်သော စီရင်ချက်များကိုထုံးပြုထားခြင်း ဖြစ်သည်။

---

၃။ အောက်မြန်မာပြည်စီရင်ထုံးများ Lower Burma Rulings(L.B.R)
ကာလ - ၁၉၀၀ မှ ၁၉၂၂
အတွဲ - (၁၁)တွဲ
မှတ်ချက် - ၁၉၀၀ ပြည့်နှစ်တွင်အောက်မြန်မာပြည်၌ တရားရုံးချုပ်(Chief Court) ကိုတည်ထောင် ပြီးနောက် ထုတ်ဝေသော စီရင်ထုံးများဖြစ်သည်။

----

၄။ အထက်မြန်မာပြည်စီရင်ထုံးများ Upper Burma Rulings(U.B.R)
ကာလ - ၁၈၉၂ မှ ၁၉၂၂

အတွဲ - အတွဲ ( ၄ ) တွဲ

- မူလက ပြစ်မှုဆိုင်ရာအမှုများအား အတွဲ(၁)အဖြစ်လည်းကောင်း၊

- တရားမမှုများအား အတွဲ(၂) အဖြစ်လည်း ကောင်း (၄)နှစ် တစ်ကြိမ် ထုတ်ဝေသည်။

- နောက်ပိုင်းတွင် ပြစ်မှု နှင့် တရားမ ပေါင်းစည်းပြီး အတွဲ(၃) နှင့် အတွဲ (၄)အဖြစ် (၂)နှစ် တစ်ကြိမ် ထုတ်ဝေခဲ့သည်။

အတွဲ-(၁)
ပြစ်မှု(၇)အုပ်
(၁၈၉၂-၁၈၉၆)၊(၁၈၉၇-၁၉၀၁)၊(၁၉၀၂-၁၉၀၃) (၁၉၀၄-၁၉၀၆)၊(၁၉၀၇-၁၉၀၉)၊(၁၉၁၀-၁၉၁၃) (၁၉၁၄-၁၉၁၆)

အတွဲ-(၂)
တရားမ (၇)အုပ်
(၁၈၉၂-၁၈၉၆)၊(၁၈၉၇-၁၉၀၁)၊(၁၉၀၂-၁၉၀၃) (၁၉၀၄-၁၉၀၆)၊(၁၉၀၇-၁၉၀၉)၊(၁၉၁၀-၁၉၁၃) (၁၉၁၄-၁၉၁၆)

အတွဲ-(၃)
(ပြစ်မှု+တရားမ) (၁၉၁၇-၁၉၂၀)

အတွဲ-(၄)
(ပြစ်မှု+တရားမ) (၁၉၂၁-၁၉၂၂)

မှတ်ချက် - အထက်မြန်မာပြည်ကို အင်္ဂလိပ်များ သိမ်းယူပြီးနောက်ပိုင်း ထုတ်ဝေခဲ့သော စီရင်ထုံးများ ဖြစ်သည်။

-----

၅။ အိန္ဒိယပြည်စီရင်ထုံးများ(ရန်ကုန်)Indian Law Reports,Rangoon Series(I.L.R,Ran)
ကာလ - ၁၉၂၃ မှ ၁၉၃၇

အတွဲ - အတွဲ ( ၁၄ ) တွဲ
(၁၉၂၃ကာလအတွက်မှစ၍ ၁၉၃၇ ခုနှစ် မတ်လအထိ နှစ်စဉ် အတွဲ လိုက် ထုတ်ဝေခဲ့သည်။
၁၉၂၃မှ (၁၉၃၆-၃၇) အထိ အတွဲ(၁၄)တွဲ ဖြစ်သည်။)

မှတ်ချက် - ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် (High Court) ကိုတည်ထောင်ပြီး အန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် မှ ခွဲမထွက်မီအချိန်အထိ စီရင်ထုံး များဖြစ်သည်။

----

၆။ ရန်ကုန်စီရင်ထုံးများ Rangoon Law Reports (R.L.R)
ကာလ - ၁၉၃၇ မှ ၁၉၄၇
အတွဲ - မရှိ။ ခုနှစ်ကို ဖော်ပြပြီး နှစ်စဉ်ထုတ်ဝေသည်။

(၁၉၄၃ မှ ၁၉၄၅ အထိ စစ်အတွင်း ကာလ ဖြစ်၍စီရင်ထုံး ထုတ်ဝေခြင်း မရှိပါ။)

မှတ်ချက် - ၁၉၃၇ ခုနှစ် အိန္ဒိယပြည်၏ပြည်နယ် တစ်ခုအဖြစ်မှ ခွဲထွက်ပြီးနောက်ပိုင်း ထုတ်ဝေသော မြန်မာပြည်စီရင်ထုံး များ ဖြစ်သည်။

----

၇။ မြန်မာနိုင်ငံတရားစီရင်ထုံးများ Burma Law Reports(B.L.R)
ကာလ - ၁၉၄၈ မှ ၁၉၆၁
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။

- ၁၉၄၈ ခုနှစ်တွင် တရားလွှတ်တော် ချုပ် နှင့် တရားလွှတ်တော်စီရင်ထုံး များ ပေါင်း၍ ထုတ်ဝေခဲ့သည်။
- ၁၉၄၉ မှ ၁၉၆၁ ခုနှစ်အထိ တရား လွှတ်တော်ချုပ် စီရင်ထုံး နှင့် တရား လွှတ်တော်စီရင်ထုံးဟူ၍ သီးခြားခွဲ၍ နှစ်စဉ်ထုတ်ဝေခဲ့သည်။

မှတ်ချက် - မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု တရားစီရင်ရေးဥပဒေအရ တရားလွှတ်တော်ချုပ်နှင့် တရား လွှတ်တော်ကို တည်ထောင်ပြီး နောက်ပိုင်း ထုတ်ဝေသောစီရင်ထုံး များဖြစ်သည်။

-----

၈။ မြန်မာနိုင်ငံတရားစီရင်ထုံးများ ။ ----------------
ကာလ - ၁၉၆၂ မှ ၁၉၇၃
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။

(၁၉၆၂ခုနှစ်စီရင်ထုံးတွင် တရားလွှတ် တော်ချုပ်၊ တရားလွှတ်တော် နှင့် တရားရုံးချုပ် စီရင်ထုံးများ ပေါင်း စည်း ၍ ထုတ်ဝေခဲ့သည်။)

မှတ်ချက်။ ၁၉၆၂ ခုနှစ်တွင် တရားရုံးချုပ်ကို တည်ထောင်ပြီးနောက်ပိုင်း ထုတ်ဝေခဲ့သောစီရင်ထုံးဖြစ်သည်။

----

၉။ မြန်မာနိုင်ငံတရားစီရင်ထုံးများ။ ------------------
ကာလ - ၁၉၇၄ မှ ၁၉၈၇
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။
မှတ်ချက်- ၁၉၇၄ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေကိုပြဌာန်း၍ “ဗဟိုတရားရုံး” ကို တည်ထောင်ပြီးနောက်ပိုင်း စီၤရင် ထုံးများဖြစ်သည်။

---

၁၀။ မြန်မာနိုင်ငံတရားစီရင်ထုံးများ။
ကာလ - ၁၉၈၈ မှ ၁၉၉၉
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။
မှတ်ချက် - ၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေ ကိုပြဌာန်း၍ “တရားရုံးချုပ်” ကိုတည် ထောင်ပြီးနောက်ပိုင်း စီရင်ထုံးများ ဖြစ်သည်။

----

၁၁၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ။
ကာလ - ၂၀၀၀ မှ ၂၀၁၀
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။
မှတ်ချက် - ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ ကိုပြဌာန်းပြီးနောက်ပိုင်းထုတ်ဝေသော စီရင်ထုံးများဖြစ်သည်။

----

၁၂၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ။
ကာလ - ၂၀၁၁ မှ ယနေ့အထိ

အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။

မှတ်ချက် -၂၀၁၀ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ “ပြည်ထောင်စု တရားလွှတ်တော်ချုပ်” ကို တည် ထောင်ပြီးနောက်ပိုင်း စီရင်ထုံးများဖြစ်သည်။

----

ပုဂ္ဂလိကမှ ထုတ်ဝေခဲ့သောစီရင်ထုံးများ။ --------------------------------------------------------------------
လက်လှမ်းမှီသမျှကိုတင်ပြခြင်းဖြစ်ပါသည်။

၁။ Agabeg’s Burma Law Reports
ကာလ - ၁၈၉၅ မှ ၁၉၀၈
အတွဲ - အတွဲ(၁၄)တွဲ
မှတ်ချက် - Agabeg အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး ကစုစည်းထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၂။ Burma Law Times(B.L.T)
ကာလ - ၁၉၀၇ မှ ၁၉၂၀
အတွဲ - အတွဲ(၁၃)တွဲ

၃။ Burma Law Journal (B.L.J)
ကာလ - ၁၉၂၁ မှ ၁၉၂၇
အတွဲ - အတွဲ(၆)တွဲ

၄။ All Indian Repoter,Rangoon (A.I.R . Ran)
ကာလ - ၁၉၂၂ မှ ၁၉၄၁
အတွဲ - မရှိပါ။ နှစ်စဉ်ထုတ်ဝေသည်။

---

စီရင်ထုံးဒိုင်ဂျက်(Digest)များ ။
--------------------------------------

စီရင်ထုံးများလေ့လာရာတွင် လည်းကောင်း၊ သက်ဆိုင်ရာစီရင်ထုံးရှာဖွေရာတွင် လည်းကောင်း စီရင်ထုံး ဒိုင်ဂျက်များသည် များသောအားဖြင့် စီရင်ထုံးခေါင်းကြီး မှတ်စု(Headnote)များကို အကြောင်းအရာတူစုစည်း ထားသဖြင့် သက်ဆိုင်ရာ
ဥပဒေသ၏ ဆိုလိုရင်းကို အလွယ်တကူသိရှိနိုင်ပါသည်။

၁၈၇၂ ခုနှစ်မှ ၁၉၂၂ကာလ အတွင်း ချမှတ်သောစီရင်ထုံးများကို တရားသူကြီး ဒန်ကလေး(Dunkley)ပြုစုသော ဒန်းကလေး၏တရားစီရင် ထုံးပေါင်းချုပ် အတွဲ(၁)တွင် လည်းကောင်း၊

၁၉၂၃ မှ ၁၉၃၇ (ရန်ကုန်စီရင်ထုံး အတွဲ ၁၄ အထိ) ကာလအတွင်း စီရင်ထုံးများကို ဒန်းကလေး၏တရားစီရင်ထုံးပေါင်းချုပ် အတွဲ(၂)တွင်လည်းကောင်း၊

၁၉၃၇မှ ၁၉၅၅ ကာလအတွင်း စီရင်ထုံးများကို ဦးဘိုးသာရေးသားပြုစုသော စီရင်ထုံးပေါင်းချုပ်တွင်လည်းကောင်း၊

၁၉၅၆ မှ ၁၉၇၆ ကာလအတွင်း စီရင်ထုံးများကို တရားသူကြီး ဦးသိန်းဟန်၏ စီရင်ထုံးပေါင်းချုပ်(တရားမ နှင့် ပြစ်မှု) တွင် လည်းကောင်း အကြောင်းအရာအလိုက် အက္ခရာစဉ်ပြုစုထားသဖြင့် စီရင်ထုံးရှာဖွေရာတွင် အလွယ်တကူရှာဖွေ နိုင်ပါသည်။

တရားရုံးများလက်စွဲ (၁၉၇၉) နောက်ဆက်တွဲ - ၆ တွင် “စံအဖြစ်ထားရှိရ မည့်စာအုပ်စာရင်များ” စီရင် ထုံးများစာရင်းတွင်လည်း ဒန်းကလေး၏ စီရင်ထုံး
ပေါင်းချုပ် အတွဲ(၁) နှင့် အတွဲ(၂) နှင့် ဦးဘိုးသာ၏ စီရင်ထုံး ပေါင်းချုပ်ကို “စံ” အဖြစ်သတ်မှတ်ထားသည်ကိုလေ့လာတွေ့ရှိရပါသည်။

နောက်ပိုင်းကာလများတွင် စီရင်ထုံးဒိုင်ဂျက်များကို ဥပဒေပညာရှင်များစွာက အမြောက်အမြားပြုစု ထုတ်ဝေခဲ့ကြသည်ကိုလေ့လာတွေ့ရှိရပါသည်။

(အထက်ပါမှတ်စုများသည် ကျနော့်၏ မှတ်စုများသာဖြစ်ပါသည်။ မှားယွင်းမှုများ ရှိလျှင် ဝေဖန်ထောက်ပြပေးပါခင်ဗျာ။ ဆရာ/ ဆရာမတို့၏comment များကိုမျှော်လင့်လျက်။)

သူငယ်ချင်း ဦးထွန်းမျိုးဌေး ၏ ပို့စ် ဖြစ်ပါသည်။  များစွာ ဗဟုသုတ တိုးပွားလိမ့်မည်ဟု မျှော်လင့်ပါသည်။





ျမန္မာႏိုင္ငံစီရင္ထံုးမ်ားကို ေလ့လာတင္ျပျခင္း။

အစိုးရမွ ထုတ္ေ၀ခဲ့ေသာစီရင္ထံုးမ်ား။ ------------------------------------------------------------------------

၁။ ေရြးခ်ယ္ထားေသာစီရင္ခ်က္မ်ား Selected Judgements (S.J)
ကာလ - ၁၈၇၂ မွ ၁၈၉၂
အတြဲ - မရွိ။
မွတ္ခ်က္ - ေအာက္ျမန္မာျပည္ကို အဂၤလိပ္မ်ား သိမ္းယူၿပီးေနာက္ ထုတ္ေ၀ခဲ့ေသာ စီရင္ထံုး ျဖစ္သည္။

-----

၂။ ပုံႏွိပ္ထားေသာစီရင္ခ်က္မ်ား Printed Judgements (P.J)
ကာလ - ၁၈၉၃ မွ ၁၉၀၀
အတြဲ - -
မွတ္ခ်က္ - ေအာက္ျမန္မာျပည္ စီရင္ထံုးမ်ားျဖစ္ သည္။ တရားဌာန မင္းႀကီးရံုးႏွင့္အထူး ခံုရံုးတို႔ကခ်မွတ္ေသာ စီရင္ခ်က္မ်ားကိုထံုးျပဳထားျခင္း ျဖစ္သည္။

---

၃။ ေအာက္ျမန္မာျပည္စီရင္ထံုးမ်ား Lower Burma Rulings(L.B.R)
ကာလ - ၁၉၀၀ မွ ၁၉၂၂
အတြဲ - (၁၁)တြဲ
မွတ္ခ်က္ - ၁၉၀၀ ျပည့္ႏွစ္တြင္ေအာက္ျမန္မာျပည္၌ တရားရံုးခ်ဳပ္(Chief Court) ကိုတည္ေထာင္ ၿပီးေနာက္ ထုတ္ေ၀ေသာ စီရင္ထံုးမ်ားျဖစ္သည္။

----

၄။ အထက္ျမန္မာျပည္စီရင္ထံုးမ်ား Upper Burma Rulings(U.B.R)
ကာလ - ၁၈၉၂ မွ ၁၉၂၂

အတြဲ - အတြဲ ( ၄ ) တြဲ

- မူလက ျပစ္မႈဆုိင္ရာအမႈမ်ားအား အတြဲ(၁)အျဖစ္လည္းေကာင္း၊

- တရားမမႈမ်ားအား အတြဲ(၂) အျဖစ္လည္း ေကာင္း (၄)ႏွစ္ တစ္ႀကိမ္ ထုတ္ေ၀သည္။

- ေနာက္ပိုင္းတြင္ ျပစ္မႈ ႏွင့္ တရားမ ေပါင္းစည္းၿပီး အတြဲ(၃) ႏွင့္ အတြဲ (၄)အျဖစ္ (၂)ႏွစ္ တစ္ႀကိမ္ ထုတ္ေ၀ခဲ့သည္။

အတြဲ-(၁)
ျပစ္မႈ(၇)အုပ္
(၁၈၉၂-၁၈၉၆)၊(၁၈၉၇-၁၉၀၁)၊(၁၉၀၂-၁၉၀၃) (၁၉၀၄-၁၉၀၆)၊(၁၉၀၇-၁၉၀၉)၊(၁၉၁၀-၁၉၁၃) (၁၉၁၄-၁၉၁၆)

အတြဲ-(၂)
တရားမ (၇)အုပ္
(၁၈၉၂-၁၈၉၆)၊(၁၈၉၇-၁၉၀၁)၊(၁၉၀၂-၁၉၀၃) (၁၉၀၄-၁၉၀၆)၊(၁၉၀၇-၁၉၀၉)၊(၁၉၁၀-၁၉၁၃) (၁၉၁၄-၁၉၁၆)

အတြဲ-(၃)
(ျပစ္မႈ+တရားမ) (၁၉၁၇-၁၉၂၀)

အတြဲ-(၄)
(ျပစ္မႈ+တရားမ) (၁၉၂၁-၁၉၂၂)

မွတ္ခ်က္ - အထက္ျမန္မာျပည္ကို အဂၤလိပ္မ်ား သိမ္းယူၿပီးေနာက္ပိုင္း ထုတ္ေ၀ခဲ့ေသာ စီရင္ထံုးမ်ား ျဖစ္သည္။

-----

၅။ အိႏၵိယျပည္စီရင္ထံုးမ်ား(ရန္ကုန္)Indian Law Reports,Rangoon Series(I.L.R,Ran)
ကာလ - ၁၉၂၃ မွ ၁၉၃၇

အတြဲ - အတြဲ ( ၁၄ ) တြဲ
(၁၉၂၃ကာလအတြက္မွစ၍ ၁၉၃၇ ခုႏွစ္ မတ္လအထိ ႏွစ္စဥ္ အတြဲ လိုက္ ထုတ္ေ၀ခဲ့သည္။
၁၉၂၃မွ (၁၉၃၆-၃၇) အထိ အတြဲ(၁၄)တြဲ ျဖစ္သည္။)

မွတ္ခ်က္ - ၁၉၂၂ ခုႏွစ္တြင္ တရားလႊတ္ေတာ္ (High Court) ကိုတည္ေထာင္ၿပီး အႏၵိယျပည္၏ ျပည္နယ္တစ္ခုအျဖစ္ မွ ခြဲမထြက္မီအခ်ိန္အထိ စီရင္ထံုး မ်ားျဖစ္သည္။

----

၆။ ရန္ကုန္စီရင္ထံုးမ်ား Rangoon Law Reports (R.L.R)
ကာလ - ၁၉၃၇ မွ ၁၉၄၇
အတြဲ - မရွိ။ ခုႏွစ္ကို ေဖာ္ျပၿပီး ႏွစ္စဥ္ထုတ္ေ၀သည္။

(၁၉၄၃ မွ ၁၉၄၅ အထိ စစ္အတြင္း ကာလ ျဖစ္၍စီရင္ထံုး ထုတ္ေ၀ျခင္း မရွိပါ။)

မွတ္ခ်က္ - ၁၉၃၇ ခုႏွစ္ အိႏၵိယျပည္၏ျပည္နယ္ တစ္ခုအျဖစ္မွ ခြဲထြက္ၿပီးေနာက္ပိုင္း ထုတ္ေ၀ေသာ ျမန္မာျပည္စီရင္ထံုး မ်ား ျဖစ္သည္။

----

၇။ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား Burma Law Reports(B.L.R)
ကာလ - ၁၉၄၈ မွ ၁၉၆၁
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။

- ၁၉၄၈ ခုႏွစ္တြင္ တရားလႊတ္ေတာ္ ခ်ဳပ္ ႏွင့္ တရားလႊတ္ေတာ္စီရင္ထံုး မ်ား ေပါင္း၍ ထုတ္ေ၀ခဲ့သည္။
- ၁၉၄၉ မွ ၁၉၆၁ ခုႏွစ္အထိ တရား လႊတ္ေတာ္ခ်ဳပ္ စီရင္ထံုး ႏွင့္ တရား လႊတ္ေတာ္စီရင္ထံုးဟူ၍ သီးျခားခြဲ၍ ႏွစ္စဥ္ထုတ္ေ၀ခဲ့သည္။

မွတ္ခ်က္ - ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ျပည္ေထာင္စု တရားစီရင္ေရးဥပေဒအရ တရားလႊတ္ေတာ္ခ်ဳပ္ႏွင့္ တရား လႊတ္ေတာ္ကို တည္ေထာင္ၿပီး ေနာက္ပိုင္း ထုတ္ေ၀ေသာစီရင္ထံုး မ်ားျဖစ္သည္။

-----

၈။ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား ။ ----------------
ကာလ - ၁၉၆၂ မွ ၁၉၇၃
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။

(၁၉၆၂ခုႏွစ္စီရင္ထံုးတြင္ တရားလႊတ္ ေတာ္ခ်ဳပ္၊ တရားလႊတ္ေတာ္ ႏွင့္ တရားရံုးခ်ဳပ္ စီရင္ထံုးမ်ား ေပါင္း စည္း ၍ ထုတ္ေ၀ခဲ့သည္။)

မွတ္ခ်က္။ ၁၉၆၂ ခုႏွစ္တြင္ တရားရံုးခ်ဳပ္ကို တည္ေထာင္ၿပီးေနာက္ပိုင္း ထုတ္ေ၀ခဲ့ေသာစီရင္ထုံးျဖစ္သည္။

----

၉။ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား။ ------------------
ကာလ - ၁၉၇၄ မွ ၁၉၈၇
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။
မွတ္ခ်က္- ၁၉၇၄ခုႏွစ္ ျပည္သူ႔တရားသူႀကီးအဖြဲ႔ ဥပေဒကိုျပဌာန္း၍ “ဗဟိုတရားရံုး” ကို တည္ေထာင္ၿပီးေနာက္ပိုင္း စီၤရင္ ထံုးမ်ားျဖစ္သည္။

---

၁၀။ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား။
ကာလ - ၁၉၈၈ မွ ၁၉၉၉
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။
မွတ္ခ်က္ - ၁၉၈၈ ခုႏွစ္ တရားစီရင္ေရးဥပေဒ ကိုျပဌာန္း၍ “တရားရံုးခ်ဳပ္” ကိုတည္ ေထာင္ၿပီးေနာက္ပိုင္း စီရင္ထံုးမ်ား ျဖစ္သည္။

----

၁၁၊ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား။
ကာလ - ၂၀၀၀ မွ ၂၀၁၀
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။
မွတ္ခ်က္ - ၂၀၀၀ ျပည့္ႏွစ္ တရားစီရင္ေရးဥပေဒ ကိုျပဌာန္းၿပီးေနာက္ပိုင္းထုတ္ေ၀ေသာ စီရင္ထံုးမ်ားျဖစ္သည္။

----

၁၂၊ ျမန္မာႏိုင္ငံတရားစီရင္ထံုးမ်ား။
ကာလ - ၂၀၁၁ မွ ယေန႔အထိ

အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။

မွတ္ခ်က္ -၂၀၁၀ျပည့္ႏွစ္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒအရ “ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္” ကို တည္ ေထာင္ၿပီးေနာက္ပိုင္း စီရင္ထံုးမ်ားျဖစ္သည္။

----

ပုဂၢလိကမွ ထုတ္ေ၀ခဲ့ေသာစီရင္ထံုးမ်ား။ --------------------------------------------------------------------
လက္လွမ္းမွီသမွ်ကိုတင္ျပျခင္းျဖစ္္ပါသည္။

၁။ Agabeg’s Burma Law Reports
ကာလ - ၁၈၉၅ မွ ၁၉၀၈
အတြဲ - အတြဲ(၁၄)တြဲ
မွတ္ခ်က္ - Agabeg အမည္ရွိ ပုဂၢိဳလ္တစ္ဦး ကစုစည္းထုတ္ေ၀ခဲ့ျခင္းျဖစ္သည္။

၂။ Burma Law Times(B.L.T)
ကာလ - ၁၉၀၇ မွ ၁၉၂၀
အတြဲ - အတြဲ(၁၃)တြဲ

၃။ Burma Law Journal (B.L.J)
ကာလ - ၁၉၂၁ မွ ၁၉၂၇
အတြဲ - အတြဲ(၆)တြဲ

၄။ All Indian Repoter,Rangoon (A.I.R . Ran)
ကာလ - ၁၉၂၂ မွ ၁၉၄၁
အတြဲ - မရွိပါ။ ႏွစ္စဥ္ထုတ္ေ၀သည္။

---

စီရင္ထံုးဒိုင္ဂ်က္(Digest)မ်ား ။
--------------------------------------

စီရင္ထံုးမ်ားေလ့လာရာတြင္ လည္းေကာင္း၊ သက္ဆိုင္ရာစီရင္ထုံုးရွာေဖြရာတြင္ လည္းေကာင္း စီရင္ထံုး ဒိုင္ဂ်က္မ်ားသည္ မ်ားေသာအားျဖင့္ စီရင္ထံုးေခါင္းႀကီး မွတ္စု(Headnote)မ်ားကို အေၾကာင္းအရာတူစုစည္း ထားသျဖင့္ သက္ဆိုင္ရာ
ဥပေဒသ၏ ဆိုလိုရင္းကို အလြယ္တကူသိရွိႏိုင္ပါသည္။

၁၈၇၂ ခုႏွစ္မွ ၁၉၂၂ကာလ အတြင္း ခ်မွတ္ေသာစီရင္ထံုးမ်ားကို တရားသူႀကီး ဒန္ကေလး(Dunkley)ျပဳစုေသာ ဒန္းကေလး၏တရားစီရင္ ထံုးေပါင္းခ်ဳပ္ အတြဲ(၁)တြင္ လည္းေကာင္း၊

၁၉၂၃ မွ ၁၉၃၇ (ရန္ကုန္စီရင္ထံုး အတြဲ ၁၄ အထိ) ကာလအတြင္း စီရင္ထံုးမ်ားကို ဒန္းကေလး၏တရားစီရင္ထံုးေပါင္းခ်ဳပ္ အတြဲ(၂)တြင္လည္းေကာင္း၊

၁၉၃၇မွ ၁၉၅၅ ကာလအတြင္း စီရင္ထံုးမ်ားကို ဦးဘိုးသာေရးသားျပဳစုေသာ စီရင္ထံုးေပါင္းခ်ဳပ္တြင္လည္းေကာင္း၊

၁၉၅၆ မွ ၁၉၇၆ ကာလအတြင္း စီရင္ထံုးမ်ားကို တရားသူႀကီး ဦးသိန္းဟန္၏ စီရင္ထံုးေပါင္းခ်ဳပ္(တရားမ ႏွင့္ ျပစ္မႈ) တြင္ လည္းေကာင္း အေၾကာင္းအရာအလိုက္ အကၡရာစဥ္ျပဳစုထားသျဖင့္ စီရင္ထံုးရွာေဖြရာတြင္ အလြယ္တကူရွာေဖြ ႏိုင္ပါသည္။

တရားရံုးမ်ားလက္စြဲ (၁၉၇၉) ေနာက္ဆက္တြဲ - ၆ တြင္ “စံအျဖစ္ထားရွိရ မည့္စာအုပ္စာရင္မ်ား” စီရင္ ထံုးမ်ားစာရင္းတြင္လည္း ဒန္းကေလး၏ စီရင္ထံုး
ေပါင္းခ်ဳပ္ အတြဲ(၁) ႏွင့္ အတြဲ(၂) ႏွင့္ ဦးဘိုးသာ၏ စီရင္ထံုး ေပါင္းခ်ဳပ္ကို “စံ” အျဖစ္သတ္မွတ္ထားသည္ကိုေလ့လာေတြ႔ရွိရပါသည္။

ေနာက္ပိုင္းကာလမ်ားတြင္ စီရင္ထံုးဒိုင္ဂ်က္မ်ားကို ဥပေဒပညာရွင္မ်ားစြာက အေျမာက္အျမားျပဳစု ထုတ္ေ၀ခဲ့ၾကသည္ကိုေလ့လာေတြ႔ရွိရပါသည္။

(အထက္ပါမွတ္စုမ်ားသည္ က်ေနာ့္၏ မွတ္စုမ်ားသာျဖစ္ပါသည္။ မွားယြင္းမႈမ်ား ရွိလွ်င္ ေ၀ဖန္ေထာက္ျပေပးပါခင္ဗ်ာ။ ဆရာ/ ဆရာမတုိ႔၏comment မ်ားကုိေမွ်ာ္လင့္လ်က္။)

သူငယ္​ခ်င္​း ဦးထြန္​းမ်ိဳး​ေဌး ၏ ပို႔စ္​ ျဖစ္​ပါသည္​။  မ်ားစြာ ဗဟုသုတ တိုးပြားလိမ္​့မည္​ဟု ​ေမွ်ာ္​လင္​့ပါသည္​။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...