Tuesday, February 4, 2020

ဦးတိုက်လျှောက်ထားမှုများတွင် တိုင်တန်းသူ(တရားလို)ရုံးချိန်းပျက်ကွက်ခြင်း နှင့် စပ်လျဉ်း၍။


ဦးတိုက်လျှောက်ထားမှုများတွင် တိုင်တန်းသူ(တရားလို)ရုံးချိန်းပျက်ကွက်ခြင်း နှင့် စပ်လျဉ်း၍။

မောင်မျိုး ။ ဦးတိုက်မှုနှင့် ပတ်သက်ပြီး တရားလိုရုံးချိန်းပျက်ကွက်ရင် အရေးယူပုံ ယူနည်းလေးပြောပြပါလားအကို။

TMH ။ ဦးတိုက်မှုအကြောင်းပြောရင် trial အကြောင်းအရင်ပြောမှရပါမယ်။ အမှုစစ်ဆေးနည်း(trial)ကတော့ အများအားဖြင့် သမ္မာန်မှုစစ်ဆေးနည်း (ကျင့်ထုံးပုဒ်မ- ၂၄၁ မှ ၂၄၉) နှင့် ဝရမ်းမှုစစ်ဆေးနည်း(ကျင့်ထုံးပုဒ်မ - ၂၅၁ မှ ၂၅၉) စစ်ဆေးနည်း (၂)နည်းကိုပဲသုံးကြတာများပါတယ်။ အကျဉ်းနည်းစစ်ဆေးနည်းကသုံးခဲတယ်။

မောင်မျိုး ။ ဟုတ်ကဲ့။

TMH ။ ရဲစွဲမှာတော့ အမှုတင်လာတာ နှင့် တရားခံပါလာတာဆိုတော့ trial ကို အမှုတင်သည့် နေ့မှာပဲစကြပါတယ်။ ဦးတိုက်မှု ကြတော့ အမှုတင်တဲ့နေ့မှာ trial မစသေးပဲ proceeding တွေရှိပါ သေးတယ်။ ကျင့်ထုံးပုဒ်မ - ၂၀၀ မှ ၂၀၄ ထိပေါ့။

မောင်မျိုး ။ ဟုတ်ကဲ့။
----
TMH ။ ရုံးရှေ့ဦးတိုက်လျှောက်လွှာရောက်ရှိလာသည့်အဆင့်ကနေစဆွေးနွေးပါ့မယ်။

မောင်မျိုး ။ ဟုတ်ကဲ့အကို။

TMH ။ ဦးတိုက်မှု တစ်ခုကို ရုံးကိုတင်ပါပြီ။ အများအားဖြင့် ဦးတိုက်မှုတွေကို တရားရုံးတွေ က ညနေပိုင်းမှ ခေါ်နိုင်တာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုနေ့အတွက် ချိန်းထားတဲ့ အမှုတွေကို ဦးစားပေးစစ်ပေးနေရတာကြောင့်ပါ။ ဦးတိုက်မှုကိုကြားနာဖို့
ခေါ်ပါပြီ။ လျှောက်ထားသူ(တိုင်လျှောက်သူ) ရုံးရှေ့မရှိရင် ဘယ်လိုအရေးယူမလဲ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၁ က စီရင်ပိုင်ခွင့်ကိစ္စဆိုတော့ သုံးမရဘူး။ ကျင့်ထုံးပုဒ်မ - ၂၀၃ကို သုံးမှာပေါ့။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၀၃ က အမှုသည်မလာခြင်းနှင့် ပတ်သက်လို့
ပြဌာန်းထားတာမှ မရှိတာ။ အမှုကြောင်းခြင်းရာနှင့်ပတ်သက်ပြီး sufficient ground ဖြစ်မဖြစ်ကိစ္စပဲပြဌာန်းထားတယ်မဟုတ်လား။
ကျင့်ထုံးပုဒ်မ - ၂၀၃ သုံးလိုဘယ်ရမလဲ။
----
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၄(၃)သုံးပြီးတိုင်ချက်ကို ပလပ်မယ်အကိုရာ။

TMH ။ ဦးတိုက်မှုတစ်ခုလက်ခံရရှိရင် အရင်ဆုံးလုပ်ရမယ့်အလုပ်က တိုင်တန်းသူကို ကျင့်ထုံးပုဒ်မ - ၂၀၀ အရ စစ်ရမှာ။ ခြွင်းချက်တော့ရှိတာပေါ့။ တရားရုံး နှင့် ပြည်သူ့ ဝန်ထမ်းကတာဝန်ဝတ္တရားအရ တိုင်တဲ့ကိစ္စမှာ ကျင့်ထုံးပုဒ်မ -၂၀၀(က)(ကက) အရ မစစ်ပဲနေလို့ရတယ်။

မောင်မျိုး ။ ဟုတ်ကဲ့။ တရားရုံး နှင့် ပြည်သူ့ဝန်ထမ်းကတာဝန်ဝတ္တရားအရ တိုင်တဲ့ကိစ္စက လွဲလို့ အခြားဦးတိုက်မှုတွေမှာကော အကို။

TMH ။ စောစောကပြောသလိုပဲ အခြားဦးတိုက်မှုတွေမှာတော့ ကျင့်ထုံးပုဒ်မ - ၂၀၀ အရ စစ်ဆေးချက် ရယူပြီးမှ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)အရ အရေးယူဆောင်ရွက် ဆင့်စာ ထုတ်သည့်ကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မှာပါ။ တိုင်တန်းသူ ရုံးရှေ့မရှိလို့ ကျင့် - ၂၀၀ စစ်ဆေးလို့မရသည့်ကိစ္စမှာ ကျင့်ထုံးပုဒ်မ-၂၀၄(၁)အရ ဆက်လက် ဆောင်ရွက်လို့ရမှာမဟုတ်ပါ။ ဒါဆိုဆင့်စာခပျက်ကွက်သည့်ကျင့်ထုံးပုဒ်မ - ၂၀၄(၃)ကို သုံးစွဲဆောင်ရွက်ခွင့်ရှိမည်မဟုတ်ပါ။

မောင်မျိုး ။ အင်း ၊ ဟုတ်တယ်။ ဒါဆို ကျင့်ထုံးပုဒ်မ - ၂၀၄(၃) လည်းမရဘူး။ တကယ်လို့ တရားရုံး၊ ပြည်သူ့ဝန်ထမ်း တို့၏ တာဝန်အရ တိုင်ချက်ဆိုရင်ရော။

TMH ။
ပြည်သူ့ဝန်ထမ်းဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၀(က)(ကက) အရစစ်ချက်မယူဘဲ နေလို့ရလို့ တိုင်တန်းချက်ကို အရေးယူဆောင်ရွက်ရန် အကြောင်းရှိမရှိ တိုင်တန်း ချက် နှင့်ပင် ဆုံးဖြတ်လို့ရတယ်။ အရေးယူဆောင်ရွက်ရန် အကြောင်းပေါ်ရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၄(၁) အရ ဆင့်စာကိစ္စပေါ်လာပြီ။ ပြည်သူ့ဝန်ထမ်းက တာဝန် ဝတ္တရားအရ တိုင်တဲ့ကိစ္စမှာ ၂၀၁၃ ခုနှစ် ခရိုင် / မြို့နယ် ဆင့်စာခနည်းဥပဒေ- ၁၁(ခ)(၃) အရ ဆင့်စာခကင်းလွတ်ခွင့်ရပါတယ်။ ဒါ့ကြောင့် ဆင့်စာထမ်းစရာ မလိုတော့ တရားခံထံကို တရားရုံးက ရုံးခေါ်စာထုတ်ရုံပေါ့။

မောင်မျိုး ။ ဖြတ်မေးဦးမယ်။ ပြည်သူ့ဝန်ထမ်းကတိုင်တာ ကျင့် - ၂၀၂ ချစရာမလိုဘူးလား။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၀၂ ခြွင်းချက်မှာ တရားရုံးက တိုင်တဲ့အမှုကလွဲလု့ိ အခြားအမှုမှာ ကျင့် - ၂၀၀ စစ်ချက်မရှိရင် ကျင့် - ၂၀၂ ချလိုမရပါဘူး။ ပြည်သူ့ဝန်ထမ်းကို ကျင့်ထုံး ပုဒ်မ -၂၀၀(က)(ကက) အရ မစစ်ပဲနေလို့ရပေမယ့် စစ်မထားရင်တော့ ကျင့်-၂၀၂ ချမရပါ။

မောင်မျိုး ။ ဦးတိုက်မှုတင်ထားပြီး ကျင့် - ၂၀၀ စစ်ဖို့ အမှုခေါ်တော့ တိုင်တန်းသူမရှိတာ ၂၀၃ လည်းမရ၊ ၂၀၄(၃)လည်းမရတော့ဘယ်လိုလုပ်ရမလဲ။
---
TMH ။ ခက်တော့ခက်တယ်။ ကျင့်ထုံးမှာ ပြဌာန်းချက်မရှိတာ။ ကျနော့်အမြင်တော့ ပြစ်မှုမှတ်ပုံတင်- ၁ က အဲဒီအမှုကိုပြန်ထုတ်ရုံပေါ့။ တိုင်တန်းသူ ပြန်လာ လျှောက်တော့ ပြန်ဖွင့်ပေးရုံပေါ့။

မောင်မျိုး ။ ရပါ့မလား။

TMH ။ စီမံခန့်ခွဲရေးနည်းလမ်းအရဆောင်ရွက်တာပဲ မရစရာ ဘာအကြောင်းရှိလဲ။ ဟိုယခင်တုန်းကဆိုရင် ဦးတိုက်လျှောက်လွှာကို လက်ခံအရေးယူတော့မှ (ဆိုချင်တာက ပုဒ်မ - တပ်တော့မှ) မှတ်ပုံတင်- ၁ ထဲ ထည့်တာလို့သိရတယ်။ ဆရာတစ်ဦးပြောပြချက်အရ ယခင် တရားရုံးချူပ်တရားသူကြီးတစ်ဦးက ဦးတိုက်လျှောက်လွှာတွေကို တင်လာစဉ် မှတ်ပုံတင်- ၁ မသွင်းသေးဘဲ သီးခြားလျှောက်လွှာမှတ်ပုံတင်လေးဖွင့်ထားပြီး အရေးယူတော့မှ မှတ်ပုံတင်- ၁ ထည့်ဖို့ လမ်းညွှန်ဖူးတယ်လို့ဆိုတယ်။ ဒါပေမယ့် စာ နှင့် ပေ နှင့် ညွှန်ကြားချက်မထွက်တော့ အဲဒီနည်းလမ်းကို သုံးသူမတွေ့ပါဘူး။
------
မောင်မျိုး ။ ဟုတ်ကဲ့။ ထားပါတော့ တိုင်တန်းသူကို ကျင့် - ၂၀၀ စစ်ပြီအကိုရာ။ လိုအပ်လို့ ကျင့် -၂၀၂ချမယ်။ ကျင့်- ၂၀၂ ရဲစစ်ဆေးချက် နှင့် အစီရင်ခံစာပြန်သွင်း ဖို့ တိုင်တန်းသူကို ရုံးချိန်ပေးမယ်။ ကျင့်- ၂၀၂ ရဲစစ်ဆေးချက် နှင့် အစီရင်ခံစာ ပြန်သွင်းတဲ့နေ့မှာ တိုင်တန်းသူ ရုံးချိန်းပျက်တယ်။ ဘယ်လိုလုပ်မလဲ။
တိုင်တန်းသူ မလာဆိုပြီး အမှုပလပ်ရမှာလား။

TMH ။ ပြစ်မှုကျင့်ထုံးမှာ အဲလိုလုပ်နိုင်တယ်လို့ ပြဌာန်းထားလို့လား။

မောင်မျိုး ။ အဲ ဗျာ ။ ပြဌာန်းချက်တော့မရှိဘူး။

TMH ။ ကျင့်-၂၀၂ ပြန်သွင်းတဲ့နေ့ တိုင်တန်းသူ ရုံးချိန်းပျက်တာ ဘာမှလုပ်မရပါဘူး။ အမှုအကြောင်းခြင်းရာပေါ်ပဲ ဆုံးဖြတ်နိုင်မှာပါ။ကျင့် - ၂၀၂ စစ်ဆေးချက် နှင့် အစီရင်ခံစာအရ အရေးယူဆောင်ရွက်ရန် အကြောင်းမပေါ်ရင် ကျင့်ထုံးပုဒ်မ - ၂၀၃ အရ ပလပ်ပေါ့။ အရေးယူဆောင်ရွက်ရန်အကြောင်းပေါ်ရင်တော့ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)ကိုဆက်သွားရန်ဖြစ်ပါတယ်။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၀၄(၁)ကိုဆက်သွားတာဆိုတော့ ဆင့်စာ၊ ဝရမ်းစာကိစ္စပါလာပြီ။တိုင်တန်းသူမှမရှိတာဘယ်သူသွင်းမလဲ။ ၂၀၄(၃) နှင့်ပလပ်ရမှာလား။

TMH ။ (၂)ပိုင်းရှိပါတယ်။ ဆင့်စာခထမ်းဆောင်ရန် လိုအပ်တာ နှင့် မလိုတာပါ။ ဥပမာ- အရေးယူရန်အကြောင်းပေါ်ပေါက်သည့်အမှုက ရဲအရေးပိုင်သည့် အမှု ဖြစ်နေတယ်ဆိုပါတော့။

မောင်မျိုး ။ ဟုတ်ကဲ့။

TMH ။ ၂၀၁၃ ခုနှစ် ခရိုင် / မြို့နယ် ဆင့်စာခနည်းဥပဒေ- ၁၁(ခ)(၁) အရ ဆင့်စာခ ကင်းလွတ်ခွင့်ရပါတယ်။ တိုင်တန်းသူက ဆင့်စာခေါင်း ပေးသွင်းရန်မှမလိုတာ ။ တရားခံထံ ဆင့်စာ၊ ဝါရမ်းစာ တန်းထုတ်ရုံပေ့ါ။

မောင်မျိုး ။ အရေးယူရန် အကြောင်းပေါ်သည့်
ပြစ်မှုကရဲအရေးမပိုင်သည့်ပြစ်မှုဖြစ်နေရင်ရော။

TMH ။ ရဲအရေးမပိုင်ရင်တော့ တိုင်တန်းသူက ဆင့်စာခေါင်းထမ်းဆောင် ဖို့လိုလာပါပြီ။ မထမ်းရင်တော့ ၂၀၄(၃)အရ တိုင်တန်းချက်ကို ပလပ်လို့ရပါပြီ။

မောင်မျိုး ။ တစ်ခါတစ်လေ ကျနော်တို့တွေ ဦးတိုက်လျှောက်လွှာ နှင့်အတူ လိုလိုမယ်မယ် ဆိုပြီး တရားခံဆင့်ဆိုဖို့ ရုံးခွန်ကပ်ပေးထားကြတယ်လေအကို ။ အဲဒါဆိုရင်ရော ဆင့်စာထမ်းတယ်ဆိုမလား။

TMH ။ ဆင်စာထမ်းထားပြီးဖြစ်တယ်လို့ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဦးတိုက်လျှောက်လွှာတင်လာကတည်းက မလိုအပ်ရင်၊ ဒါမှမဟုတ် မလိုအပ်သည့် ကိစ္စမို့ လက်မခံနိုင်ရင် တိုင်တန်းသူကို တစ်ခါတည်း ပြန်ပေးလိုက်လေ။ မပေးဘဲ တိုင်တန်းသူက လိုလိုမယ်မယ်ဆိုပြီး တင်သွင်းလာသည့် ရုံးခွန်ကိုလက်ခံထားပြီး ကာမှ နောက်များမှ မင်းဟာ အရေးယူမဆောင်ရွက်ရသေးခင် တင်သွင်းထားတာပဲ ။ လက်မခံနိုင်ဘူး လို့ သွားပြောရင် ကလေး ကစားသလိုဖြစ်မယ် ထင်ပါတယ်။
-----
မောင်မျိုး ။ ကျင့်- ၂၀၄(၃) အရ ပလပ်ခြင်းကို အရေးယူဆောင်ရွက်ကြောင်း ဆုံးဖြတ် သည့်နေ့မှာပဲ တစ်ခါတည်းပဲ ပလပ်ရမယ်မဟုတ်လား အကို။

TMH ။ ၂၀၄(၃)မှာက “သင့်လျော်သည့်အချိန်အတွင်း” လို့ပါပါတယ်။ သင့်လျော်သည့် အချိန်ကို ဘယ်လိုသတ်မှတ်မှာလဲ။ တရားလို(တိုင်တန်းသူ)က ရုံးချိန်းမှားတာလဲ ဖြစ်နိုင်တာပဲ။ ကျနော့်အမြင်တော့ နေ့ချင်းပလပ်တာထက်စာရင် တိုင်တန်းသူက ဆင့်စာခတင်သွင်းနိုင်ရန် အချိန်ပေးသင့်သည်ဟုယူဆပါတယ်။ တိုင်တန်းသူက ဆင့်စာခေါင်းထမ်းဆောင်လာပါက တရားခံထံ ရုံးခေါ်စာ ထုတ်ပါလို့ ဆိုပြီး ရုံးချိန်းတစ်ချိန်းခွင့်ပြုသင့်တယ်ထင်ပါတယ်။ သတ်မှတ်ရုံးချိန်းနေ့အထိ တိုင်တန်းသူဆင့်စာခေါင်းပေးသွင်းလာခြင်းမရှိရင်တော့ အဲဒီရုံးချိန်းမှာ - ကျင့် - ၂၀၄(၃) အရ ပလပ်လို့ရပါပြီ။ ဒါဆို သင့်လျော်သည့် အချိန်ပေးပြီးမှ ပလပ်တာလို့ ယူဆပါတယ်။

မောင်မျိုး ။ ဟုတ်ကဲ့အကိုရှင်းပါတယ်။ တိုင်တန်းသူလာတယ်အကိုရာ ။ အရေးယူရန် အကြောင်း ပေါ်တယ်။ လိုအပ်တဲ့ဆင့်စာခေါင်းလဲသွင်းတယ်။ တရားခံ ထံ ရုံးခေါ်စာထုတ်တယ်။ တရားခံရုံးရှေ့လာရမည့် ရုံးချိန်းမှာ တရားလိုလည်း မလာ၊ တရားခံလည်းမလာ ။ တရားခံထံထုတ်ဆင့်သည့် ဆင့်စာကြတော့ အတည်ဖြစ် တယ်။ ဘာဆက်လုပ်မလဲ။

TMH ။ ဆင့်စာအတည်ဖြစ်တဲ့ကိစ္စမှာ။ ထပ်မံထုတ်ဆင့်သည့် ဆင့်စာ၊ ဝရမ်းစာအတွက် ပေးသွင်းရန်လိုအပ်သည့် အခကို တရားလိုက ထပ်မံပေးသွင်းရမှာပါ။ ဆင့်စာအတည်မဖြစ်ရင်တော့ တရားရုံးက မိမိအလိုအလျောက်ထပ်မံထုတ်ဆင့်မှာ မို့လို့ ဆင့်စာခေါင်းထပ်သွင်းစရာ မလိုပါ ဘူး။ ဆင့်စာအတည်ဖြစ်လို့ ထပ်မံထုတ်ဆင့်ရမည့် ဆင့်စာ၊ ဝရမ်းစာအတွက် တရားလိုက သင့်လျော်သည့်အချိန်မသွင်းရင်တော့ ကျင့်ထုံး- ပုဒ်မ - ၂၀၄(၃) အရ တိုင်တန်းချက်ကို ပလပ်ရုံပေါ့။
----
မောင်မျိုး ။ ဆင့်စာအတည်ဖြစ်မဖြစ်က ဘယ်လိုခွဲမလဲ။

TMH ။ ကျင့်ထုံးပုဒ်မ - ၆၉ မှ ၇၄ ထိပါ ပြဌာန်းချက်များကိုလိုက်နာထားလျှင် ဆင့်စာ အတည်ဖြစ်ပါတယ်။
---
မောင်မျိုး ။ ဆင့်စာထုတ်လို့ တရားခံလာရမယ့်နေ့မှာ တရားခံရုံးရှေ့လာတယ်အကိုရာ။ တရားလိုမလာရင်ရော။

TMH ။ တရားခံရုံးရှေ့ရောက်ရင် trial ခွဲခြားသတ်မှတ်ပါပြီ။ trial အပေါ်မူတည်ပါတယ်။

မောင်မျိုး ။ သမ္မာန်မှု အကိုရာ။

TMH ။ သမ္မာန်မှုစစ်ဆေးနည်းဖြင့်စစ်မှာ ဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၄၇ နှင့်ဆိုင်ပါ တယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာ နေ့ရက်(၂)ရက်ပြထားပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာတော့ ဆင့်စာအရ တရားခံလာရောက်သည့်နေ့ရက်နှင့် ကြားနာရန် နေ့ရက်ဆိုပြီး နေ့ရက် (၂)ခုပါပါတယ်။ တရားခံကို အမှုမှ အပြီးအပြတ်လွှတ် နိုင်ပါတယ်။

မောင်မျိုး ။ ခြွင်းချက်ရှိသေးလား။

TMH ။ ပြည်သူ့ဝန်ထမ်းက တိုင်သည့် သမ္မာန်မှုဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၄၇ ခြွင်းချက်အရ မလွှတ်နိုင်ပါဘူး။ တရားလိုစစ်ဖို့ချိန်းဆိုရန်ဖြစ်ပါ တယ်။ အမှုမကြန့်ကြာစေဖို့ ပြည်သူ့ဝန်ထမ်းထံ တရားရုံးက အလိုအလျောက် ဆင့်စာထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၄၇ ကိုသုံးမယ်ဆိုရင် ရဲအရေးပိုင်တာ၊ မပိုင်တာ၊ ကျေးအေးခွင့် ရှိတာ၊ မရှိတာ လိုသေးလားအကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၄၇မှာ ဘယ်လိုအမှုမျိုးဖြစ်ရမယ်လို့သတ်မှတ်ထားတာမရှိပါဘူး။
---
မောင်မျိုး ။ ဝရမ်းမှုနှင့်စစ်ဆေးရမည့်အမှုဆိုရင်ရောအကို ။

TMH ။ ဝရမ်းမှုစစ်ဆေးနည်းဖြင့်စစ်ဆေးရမည့်အမှုဆိုရင် တရားလိုမလာရင်အရေးယူရန် ပြဌာန်းချက်က ကျင့်ထုံးပုဒ်မ - ၂၅၉ ပါ။ ကျင့်ထုံးပုဒ်မ - ၂၅၉အရ အရေးယူနိုင်သည့်နေ့ရက်သည် “ကြားနာရန်” နေ့ရက်ဖြစ်ပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၄၇ မှာတော့ စောစောကပြောထားသလိုနေ့ရက် (၂)မျိုးပါပါတယ်။ ကျင့်ထုံးပုဒ်မ - ၂၅၉ မှာတော့ ကြားနာရန်နေ့ရက် ပဲပါပါတယ်။ ဆင့်စာအရ တရားခံရုံးရှေ့ လာရောက်ရမည့် နေ့သည် ကြားနာရန် နေ့ရက်မဟုတ်ပါ။ ဒါ့ကြောင့် ဝရမ်းမှုမှာ ဆင့်စာအရ တရားခံရုံးရှေ့ရောက်ရမည့်နေ့ မှာ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို ကျင့်သုံးလို့မရပါဘူး။

မောင်မျိုး ။ အဲဒါဆို ဝရမ်းမှုမှာ တရားခံလာရမည့်နေ့မှာ တရားလိုရုံးချိန်းပျက်ရင် ဘာဆက် လုပ်မလဲ။

TMH ။ တရားလိုစစ်ဆေးရန် နေ့ရက်သတ်မှတ်ချိန်းဆိုရန်ဖြစ်ပါတယ်။ စစ်မည့်နေ့ကြ မလာရင်တော့ အမှုက ကျေအေးခွင့်ရှိသည့် အမှု၊ ဒါမှမဟုတ် ရဲအရေးမပိုင်သည့် အမှုမျိုးဆိုရင်တော့ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို သုံးပြီး တရားခံကို စွဲချက်မတင်မီ လွှတ်ရန်ဖြစ်ပါတယ်။
----
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၉ က ကျေးအေးမှု ၊ ရဲအရေးမပိုင်မှု (၂)မျိုးလုံးဖြစ်ရမှာ မဟုတ်ဘူးလား။

TMH ။ “or”ခံထားပါတယ်။ ကျေအေးမှုဖြစ်ရင်ဖြစ်၊ ရဲအရေးမပိုင်မှုဖြစ်ရင်ဖြစ်။ တစ်ခုနှင့် အကျုံးဝင်လျှင်ရပါပြီ။ ဥပမာ - ပြစ်မှုပုဒ်မ - ၄၀၄ လိုအမှုမျိုးကိုကြည့်ပါ။ ရဲအရေး မပိုင်မှုပါ။ ကျေအေးခွင့်တော့မရှိပါဘူး။ ကျင့်ထုံးပုဒ်မ - ၂၅၉ အကျုံးဝင်ပါတယ်။
---
မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၉ ကို တရားခံရုံးရှေ့မရောက်တဲ့အမှုတွေမှာသုံးလို့ရလားအကို။

TMH ။ ဗျာ။ တရားခံမှ ရုံးရှေ့မရောက်သေးတာ trial မစသေးတော့ ဘယ်နည်းနဲ့စစ်မလဲ မသိသေးတာရယ်။ ကြားနာရန်နေ့ရက် မသတ်မှတ်သေးတာရယ်ကြောင့် တရားခံ ရုံးရှေ့ မရောက်တာကို ကျင့်ထုံးပုဒ်မ - ၂၅၉ သုံးလို့ရပါ့မလား။ ဘယ်ရမလဲ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၄၇ ၊ ၂၅၉ တို့ နှင့် အကျုံးမဝင်သည့် အမှုများမှာ တရားလို မလာရင် ဘယ်လို ဆက်လုပ်ရမလဲ။

TMH ။ ပြဌာန်းချက်မှမရှိတာ ။ အမှုမကြန့်ကြာစေရေးအတွက် တရားရုံးက တရားလိုကို အလိုအလျောက် ဆင့်စာထုတ်ရုံပေါ့။

မောင်မျိုး ။ ဆင့်စာတွေအတည်မဖြစ်ဘူးအကိုရာ။ ဘယ်လိုဆက်လုပ်မလဲ။ အမှုကို ဒီအတိုင်း ထားမလား။ ဒါမှမဟုတ် သက်သေခေါ်စစ်ရမှာလား။

TMH ။ တရားလို ရုံးရှေ့ထွက်ချက်မရှိဘဲ တစ်နည်းပြောရရင် substantive evidence (ပင်ရင်းသက်သေခံချက်)မရှိဘဲ corroborative evidence (ထောက်ခံသည့် သက်သေခံချက်)ကို ရယူလို့ရော ဘာထူးမှာလဲ။

မောင်မျိုး ။ တိုင်တန်းသူ၏ ကျင့် - ၂၀၀ စစ်ချက်က substantive evidence မဟုတ်ဘူး လားအကို။

TMH ။ တရားခံ ပြန်လှန်စစ်မေးခွင့်မရသည့် သက်သေခံချက်ကို substantive evidence အနေဖြင့် အသုံးပြုလို့ရပါ့မလားညီ။
----
မောင်မျိုး ။ ဒါလည်းဟုတ်တာပဲ။ ဒါဖြင့် သမ္မာန်မှုဆို ကျင့်ထုံးပုဒ်မ - ၂၄၅(၁)၊ ဝရမ်းမှုဆို ကျင့်ထုံးပုဒ်မ - ၂၅၃(၁) နှင့် ၂၅၃(၂)တို့နှင့် တရားခံကို လွှတ်မယ်အကိုရာ။

TMH ။ ကျင့်ထုံးမှာ ပြဌာန်းထားတဲ့ စစ်ဆေးနည်းအစီအစဉ်ကို ခုန်ပျံကျော်လွှားပြီးသွား လို့ မရပါဘူး။ သမ္မာန်မှုဆို ကျင့်ထုံးပုဒ်မ - ၂၄၄အရ သက်သေစစ်ဆေးခြင်း များကို ဆောင်ရွက်ပြီးမှ ကျင့်ထုံးပုဒ်မ - ၂၄၅ အရ တရားခံကိုလွှတ်ခွင့်ရှိပါတယ်။ သမ္မာန်မှုက သိပ်ပြသနာမရှိပါဘူး ကျင့် ၂၄၇ က အမှုအများစု အကျုံးဝင်ပါတယ်။ ခြွင်းချက်ဖြစ်သည့် ပြည်သူ့ဝန်ထမ်း ဦးတိုက်မှုက သက်သေလာရန်ခက်ခဲစရာအကြောင်းနည်းမယ်ထင်ပါတယ်။
-----
မောင်မျိုး ။ ဝရမ်းမှုက ပြသနာရှိတာလားအကို။

TMH ။ ဝရမ်းမှုမှာလည်းဒီအတိုင်းပါပဲ။ ကျင့်ထုံးပုဒ်မ - ၂၅၂ အရ သက်သေစစ်ပြီးမှ ကျင့်ထုံးပုဒ်မ - ၂၅၃(၁)ကို ဆောင်ရွက်လို့ရပါတယ်။

မောင်မျိုး ။ ဒါဆို ကျင့်ထုံးပုဒ်မ - ၂၅၃(၂)ကတော့ မည်သည့် အဆင့်မှာမဆိုလွှတ်လို့ရတယ်လေ အကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၃(၂)က စွဲချက်က အခြေအမြစ်မရှိသည့်ကိစ္စပါ။ စွဲချက်က အခြေအမြစ်မရှိရင် ဦးတိုက်လျှောက်လွှာမှာကတည်းက ကျင့်ထုံးပုဒ်မ - ၂၀၃ အရ တိုင်တန်းချက် ကို ပလပ်မှာပေါ့။ အခု အခြေအမြစ်ရှိလို့ တရားခံကို ရုံးရှေ့ ခေါ်ပြီး trial တောင်စနေပြီ။ ဘာသက်သေခံချက်အသစ်မှ ထပ်မရသေးဘဲ အခြေအမြစ်မရှိ ဘူးလို့ ဆိုရင် ရှေ့မှာ အခြေအမြစ်ရှိလို့ ကျင့် - ၂၀၃ နှင့် မပလပ်ပဲ ကျင့် - ၂၀၄(၁)ဆက်သွားခဲ့တာ မှားပြီပေါ့။ အကျိုးအကြောင်းသင့်အောင်တော့ လုပ်သင့် ပါတယ်။ ဟိုနားတစ်ခွန်း ဒီနားတစ်ခွန်းမဖြစ်သင့်ပါ။
------
မောင်မျိုး ။ အဲဒါဆိုလည်း တရားလိုမလာရင်နေ သူစာရင်းတင်ထားတဲ့ သက်သေတွေကို တရားရုံးက အလိုအလျောက်ဆင့်စာထုတ်ခေါ်စစ်ပြီး တရားခံကို ကျင့်ထုံးပုဒ်မ - ၂၅၃(၁)နှင့် လွှတ်ပေးလိုက်အကိုရာ။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၃(၁) အရ စွဲချက်မတင်မီလွှတ်နိုင်တဲ့အချိန်က ကျင့်ထုံးပုဒ်မ - ၂၅၂ အရ သက်သေခံချက်အားလုံးရယူပြီးနောက်မှဖြစ်ပါတယ်။ ဒါ့ကြောင့် တရားလိုပြသက်သေအားလုံးစစ်ပြီးမှလွှတ်လို့ရမှာပါ။

မောင်မျိုး ။ ကျင့်ထုံးပုဒ်မ - ၂၅၄ အရတော့ သက်သေမကုန်ပဲ စွဲချက်တင်လို့ ရတယ်နော်။ ဆိုချင်တာက သက်သေခံချက်အားလုံးကုန်အောင်ယူစရာမလိုပဲ စွဲချက်တင်လို့တော့ရပြီး စွဲချက်မတင်မီလွှတ်ဖို့ကြတော့ သက်သေကုန်မှဆိုတော့ တစ်မျိုးပဲနော်။

TMH ။ ကျင့်ထုံးက ထိုအတိုင်းပဲပြဌာန်းထားပါတယ်။
------
မောင်မျိုး ။ ဒါဆိုလည်း ဆင့်မရတဲ့ သက်သေ တရားရုံးက ပယ်တယ်ပေါ့အကိုရ။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၉ မှာ အကျုံးမဝင်သည့် ဦးတိုက်မှုတွေ အားလုံး နီးပါးသည် ရဲအရေးပိုင်မှုများဖြစ်ပါတယ်။ ဒ့ါကြောင့် ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သည့် အမှုများဖြစ်လို့ ဥပဒေအရာရှိက အဲဒီတရားလိုဘက်သက်သေကို မစစ်တော့ ဘူး ဆိုပြီး တင်ပြနိုင်ပါတယ်။ တရားရုံးအနေနှင့်တော့သက်သေပယ်လို့မရပါ။

မောင်မျိုး ။ ဘာဖြစ်လို့လဲအကို။

TMH ။ ကျင့်ထုံးပုဒ်မ - ၂၅၇(၁)အရမှတပါး တရားရုံးကသက်သေပယ်ပိုင်ခွင့်မှမရှိတာ။ ငြင်းပယ်ခွင့်မှမရှိတာ။ ယခင် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ ပုဒ်မ - ၇၇ တွင် တရားရုံးများကို သက်သေပယ်ပိုင်ခွင့် အာဏာပေးခဲ့ဖူးပါသည်။လက်ရှိ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ တွင် ယင်းကဲ့သို့သော ပြဌာန်းထားသည်ကိုမတွေ့ရပါ။
ဦးရှမ်းဘို (ခ)ဦးဉာဏ်လန်း နှင့် ပြည်ထောင်စု(၁၉၆၁၊မတစ(လွှတ်တော်) စာ-၈၄)အမှုမှာ "တရားသူကြီးသည် သက်သေများကို မိမိသဘောအလျောက် ပယ်နိုင်ခွင့်မရှိ။ တရားဥပဒေတွင် ဤကဲ့သို့သော သက်သေကိုပယ်နိုင်သော အာဏာပေးထားခြင်းမရှိဟု ဆုံးဖြတ်ထားပါသည်။
----
မောင်မျိုး ။ ဟာ -----အဲဒါဆို ဥပဒေအရာရှိက ဆင့်ခေါ်မရသည့် သက်သေတွေကို မပယ်ပေးဘဲလုပ်ထားရင် အမှုတွေက pending တွေဖြစ်ပြီး တရားခံတွေကတော့ ရုံးတက်နေရမှာပေါ့။ သေပြီပေါ့။

TMH ။ မဖြစ်တန်ကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေအရာရှိ၏ တာဝန်က အမှုကိုလိုက်ပါဆောင်ရွက်ရန်ဖြစ်ပြီးတရားခံကို ညှဉ်းပန်းနှိပ်စက်ရန် မဟုတ်သည့်အတွက်ဖြစ်ပါတယ်။ AH TU (alias) KYAW NYUN Vs The KING (1947 . R.L.R . 405 ) အမှုမှာ ဥပဒေအရာရှိ၏တာဝန်ကို to prosecute and not to persecute လို့ အတိအလင်း လမ်းညွှန်ထားပါတယ်။ အဲဒါကြောင့်ပါ။

မောင်မျိုး ။ စီရင်ထုံးအတိုင်းလေးပြောပြပါလားအကို။

TMH ။ It should never be forgotten that it is the duty of a Public Prosecutor or any other official who may be conducting the prosecution, to prosecute and not to persecute. ပါ။

မောင်မျိုး ။ ကျေးဇူးတင်ပါတယ်အကို။            ။

(အထက်ပါ အကြောင်းအရာများသည် ကျနော့်၏ လေ့လာမှုအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ ဆရာ၊ ဆရာမများ၏ comment များမှလည်း လေ့လာသင်ယူလိုလှပါသည်။ )
လေးစားစွာဖြင့် ။

Tun Myo Htay

FACEBOOK













ဦးတိုက္ေလွ်ာက္ထားမႈမ်ားတြင္ တိုင္တန္းသူ(တရားလို)ရံုးခ်ိန္းပ်က္ကြက္ျခင္း ႏွင့္ စပ္လ်ဥ္း၍။


ေမာင္မ်ိဳး ။ ဦးတုိက္မႈႏွင့္ ပတ္သက္ၿပီး တရားလိုရံုးခ်ိန္းပ်က္ကြက္ရင္ အေရးယူပံု ယူနည္းေလးေျပာျပပါလားအကို။

TMH ။ ဦးတိုက္မႈအေၾကာင္းေျပာရင္ trial အေၾကာင္းအရင္ေျပာမွရပါမယ္။ အမႈစစ္ေဆးနည္း(trial)ကေတာ့ အမ်ားအားျဖင့္ သမၼာန္မႈစစ္ေဆးနည္း (က်င့္ထံုးပုဒ္မ- ၂၄၁ မွ ၂၄၉) ႏွင့္ ၀ရမ္းမႈစစ္ေဆးနည္း(က်င့္ထံုးပုဒ္မ - ၂၅၁ မွ ၂၅၉) စစ္ေဆးနည္း (၂)နည္းကိုပဲသုံုးၾကတာမ်ားပါတယ္။ အက်ဥ္းနည္းစစ္ေဆးနည္းကသံုးခဲတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။

TMH ။ ရဲစြဲမွာေတာ့ အမႈတင္လာတာ ႏွင့္ တရားခံပါလာတာဆုိေတာ့ trial ကို အမႈတင္သည့္ ေန႔မွာပဲစၾကပါတယ္။ ဦးတိုက္မႈ ၾကေတာ့ အမႈတင္တဲ့ေန႔မွာ trial မစေသးပဲ proceeding ေတြရွိပါ ေသးတယ္။ က်င့္ထံုးပုဒ္မ - ၂၀၀ မွ ၂၀၄ ထိေပါ့။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။
----
TMH ။ ရံုးေရွ႕ဦးတုိက္ေလွ်ာက္လႊာေရာက္ရွိလာသည့္အဆင့္ကေနစေဆြးေႏြးပါ့မယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့အကို။

TMH ။ ဦးတုိက္မႈ တစ္ခုကို ရံုးကိုတင္ပါၿပီ။ အမ်ားအားျဖင့္ ဦးတုိက္မႈေတြကို တရားရံုးေတြ က ညေနပိုင္းမွ ေခၚႏိုင္တာမ်ားပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ထုိေန႔အတြက္ ခ်ိန္းထားတဲ့ အမႈေတြကို ဦးစားေပးစစ္ေပးေနရတာေၾကာင့္ပါ။ ဦးတိုက္မႈကိုၾကားနာဖုိ႔
ေခၚပါၿပီ။ ေလွ်ာက္ထားသူ(တိုင္ေလွ်ာက္သူ) ရံုးေရွ႕မရွိရင္ ဘယ္လိုအေရးယူမလဲ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၁ က စီရင္ပို္င္ခြင့္ကိစၥဆုိေတာ့ သံုးမရဘူး။ က်င့္ထံုးပုဒ္မ - ၂၀၃ကို သုံးမွာေပါ့။

TMH ။ က်င့္ထံုးပုဒ္မ - ၂၀၃ က အမႈသည္မလာျခင္းႏွင့္ ပတ္သက္လို႔
ျပဌာန္းထားတာမွ မရွိတာ။ အမႈေၾကာင္းျခင္းရာႏွင့္ပတ္သက္ၿပီး sufficient ground ျဖစ္မျဖစ္ကိစၥပဲျပဌာန္းထားတယ္မဟုတ္လား။
က်င့္ထံုးပုဒ္မ - ၂၀၃ သုံးလိုဘယ္ရမလဲ။
----
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၄(၃)သံုးၿပီးတုိင္ခ်က္ကို ပလပ္မယ္အကိုရာ။

TMH ။ ဦးတိုက္မႈတစ္ခုလက္ခံရရွိရင္ အရင္ဆံုးလုပ္ရမယ့္အလုပ္က တိုင္တန္းသူကုိ က်င့္ထံုးပုဒ္မ - ၂၀၀ အရ စစ္ရမွာ။ ျခြင္းခ်က္ေတာ့ရွိတာေပါ့။ တရားရံုး ႏွင့္ ျပည္သူ႔ ၀န္ထမ္းကတာ၀န္၀တၱရားအရ တိုင္တဲ့ကိစၥမွာ က်င့္ထံုးပုဒ္မ -၂၀၀(က)(ကက) အရ မစစ္ပဲေနလို႔ရတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။ တရားရံုး ႏွင့္ ျပည္သူ႔၀န္ထမ္းကတာ၀န္၀တၱရားအရ တိုင္တဲ့ကိစၥက လြဲလို႔ အျခားဦးတုိက္မႈေတြမွာေကာ အကို။

TMH ။ ေစာေစာကေျပာသလိုပဲ အျခားဦးတုိက္မႈေတြမွာေတာ့ က်င့္ထံုးပုဒ္မ - ၂၀၀ အရ စစ္ေဆးခ်က္ ရယူၿပီးမွ က်င့္ထံုးပုဒ္မ - ၂၀၄(၁)အရ အေရးယူေဆာင္ရြက္ ဆင့္စာ ထုတ္သည့္ကိစၥကို ဆက္လက္ေဆာင္ရြက္ႏိုင္မွာပါ။ တိုင္တန္းသူ ရံုးေရွ႕မရွိလို႔ က်င့္ - ၂၀၀ စစ္ေဆးလို႔မရသည့္ကိစၥမွာ က်င့္ထံုးပုဒ္မ-၂၀၄(၁)အရ ဆက္လက္ ေဆာင္ရြက္လို႔ရမွာမဟုတ္ပါ။ ဒါဆိုဆင့္စာခပ်က္ကြက္သည့္က်င့္ထံုးပုဒ္မ - ၂၀၄(၃)ကို သံုးစြဲေဆာင္ရြက္ခြင့္ရွိမည္မဟုတ္ပါ။

ေမာင္မ်ိဳး ။ အင္း ၊ ဟုတ္တယ္။ ဒါဆို က်င့္ထံုးပုဒ္မ - ၂၀၄(၃) လည္းမရဘူး။ တကယ္လို႔ တရားရံုး၊ ျပည္သူ႔၀န္ထမ္း တို႔၏ တာ၀န္အရ တိုင္ခ်က္ဆိုရင္ေရာ။

TMH ။
ျပည္သူ႔၀န္ထမ္းဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၀(က)(ကက) အရစစ္ခ်က္မယူဘဲ ေနလို႔ရလို႔ တိုင္တန္းခ်က္ကို အေရးယူေဆာင္ရြက္ရန္ အေၾကာင္းရွိမရွိ တိုင္တန္း ခ်က္ ႏွင့္ပင္ ဆံုးျဖတ္လို႔ရတယ္။ အေရးယူေဆာင္ရြက္ရန္ အေၾကာင္းေပၚရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၄(၁) အရ ဆင့္စာကိစၥေပၚလာၿပီ။ ျပည္သူ႔၀န္ထမ္းက တာ၀န္ ၀တၱရားအရ တိုင္တဲ့ကိစၥမွာ ၂၀၁၃ ခုႏွစ္ ခရိုင္ / ၿမိဳ႕နယ္ ဆင့္စာခနည္းဥပေဒ- ၁၁(ခ)(၃) အရ ဆင့္စာခကင္းလြတ္ခြင့္ရပါတယ္။ ဒါ့ေၾကာင့္ ဆင့္စာထမ္းစရာ မလိုေတာ့ တရားခံထံကို တရားရံုးက ရံုးေခၚစာထုတ္ရံုေပါ့။

ေမာင္မ်ိဳး ။ ျဖတ္ေမးဦးမယ္။ ျပည္သူ႔၀န္ထမ္းကတိုင္တာ က်င့္ - ၂၀၂ ခ်စရာမလိုဘူးလား။

TMH ။ က်င့္ထံုးပုဒ္မ - ၂၀၂ ျခြင္းခ်က္မွာ တရားရံုးက တိုင္တဲ့အမႈကလြဲလု႔ိ အျခားအမႈမွာ က်င့္ - ၂၀၀ စစ္ခ်က္မရွိရင္ က်င့္ - ၂၀၂ ခ်လိုမရပါဘူး။ ျပည္သူ႔၀န္ထမ္းကို က်င့္ထံုး ပုဒ္မ -၂၀၀(က)(ကက) အရ မစစ္ပဲေနလို႔ရေပမယ့္ စစ္မထားရင္ေတာ့ က်င့္-၂၀၂ ခ်မရပါ။

ေမာင္မ်ိဳး ။ ဦးတုိက္မႈတင္ထားၿပီး က်င့္ - ၂၀၀ စစ္ဖို႔ အမႈေခၚေတာ့ တိုင္တန္းသူမရွိတာ ၂၀၃ လည္းမရ၊ ၂၀၄(၃)လည္းမရေတာ့ဘယ္လိုလုပ္ရမလဲ။
---
TMH ။ ခက္ေတာ့ခက္တယ္။ က်င့္ထံုးမွာ ျပဌာန္းခ်က္မရွိတာ။ က်ေနာ့္အျမင္ေတာ့ ျပစ္မႈမွတ္ပံုတင္- ၁ က အဲဒီအမႈကိုျပန္ထုတ္ရံုေပါ့။ တိုင္တန္းသူ ျပန္လာ ေလွ်ာက္ေတာ့ ျပန္ဖြင့္ေပးရံုေပါ့။

ေမာင္မ်ိဳး ။ ရပါ့မလား။

TMH ။ စီမံခန္႔ခြဲေရးနည္းလမ္းအရေဆာင္ရြက္တာပဲ မရစရာ ဘာအေၾကာင္းရွိလဲ။ ဟိုယခင္တုန္းကဆိုရင္ ဦးတုိက္ေလွ်ာက္လႊာကို လက္ခံအေရးယူေတာ့မွ (ဆိုခ်င္တာက ပုဒ္မ - တပ္ေတာ့မွ) မွတ္ပံုတင္- ၁ ထဲ ထည့္တာလို႔သိရတယ္။ ဆရာတစ္ဦးေျပာျပခ်က္အရ ယခင္ တရားရံုးခ်ဴပ္တရားသူႀကီးတစ္ဦးက ဦးတိုက္ေလွ်ာက္လႊာေတြကို တင္လာစဥ္ မွတ္ပံုတင္- ၁ မသြင္းေသးဘဲ သီးျခားေလွ်ာက္လႊာမွတ္ပံုတင္ေလးဖြင့္ထားၿပီး အေရးယူေတာ့မွ မွတ္ပံုတင္- ၁ ထည့္ဖို႔ လမ္းညႊန္ဖူးတယ္လို႔ဆိုတယ္။ ဒါေပမယ့္ စာ ႏွင့္ ေပ ႏွင့္ ညႊန္ၾကားခ်က္မထြက္ေတာ့ အဲဒီနည္းလမ္းကို သံုးသူမေတြ႔ပါဘူး။
------
ေမာင္မ်ိဳး ။ ဟုတ္ကဲ့။ ထားပါေတာ့ တိုင္တန္းသူကို က်င့္ - ၂၀၀ စစ္ၿပီအကိုရာ။ လုိအပ္လို႔ က်င့္ -၂၀၂ခ်မယ္။ က်င့္- ၂၀၂ ရဲစစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာျပန္သြင္း ဖို႔ တိုင္တန္းသူကို ရံုးခ်ိန္ေပးမယ္။ က်င့္- ၂၀၂ ရဲစစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာ ျပန္သြင္းတဲ့ေန႔မွာ တိုင္တန္းသူ ရံုးခ်ိန္းပ်က္တယ္။ ဘယ္လိုလုပ္မလဲ။
တိုင္တန္္းသူ မလာဆိုၿပီး အမႈပလပ္ရမွာလား။

TMH ။ ျပစ္မႈက်င့္ထံုးမွာ အဲလုိလုပ္ႏို္င္တယ္လို႔ ျပဌာန္းထားလို႔ု႔လား။

ေမာင္မ်ိဳး ။ အဲ ဗ်ာ ။ ျပဌာန္းခ်က္ေတာ့မရွိဘူး။

TMH ။ က်င့္-၂၀၂ ျပန္သြင္းတဲ့ေန႔ တိုင္တန္းသူ ရံုးခ်ိန္းပ်က္တာ ဘာမွလုပ္မရပါဘူး။ အမႈအေၾကာင္းျခင္းရာေပၚပဲ ဆံုးျဖတ္ႏိုင္မွာပါ။က်င့္ - ၂၀၂ စစ္ေဆးခ်က္ ႏွင့္ အစီရင္ခံစာအရ အေရးယူေဆာင္ရြက္ရန္ အေၾကာင္းမေပၚရင္ က်င့္ထံုးပုဒ္မ - ၂၀၃ အရ ပလပ္ေပါ့။ အေရးယူေဆာင္ရြက္ရန္အေၾကာင္းေပၚရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၀၄(၁)ကိုဆက္သြားရန္ျဖစ္ပါတယ္။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၀၄(၁)ကိုဆက္သြားတာဆုိေတာ့ ဆင့္စာ၊ ၀ရမ္းစာကိစၥပါလာၿပီ။တိုင္တန္းသူမွမရွိတာဘယ္သူသြင္းမလဲ။ ၂၀၄(၃) ႏွင့္ပလပ္ရမွာလား။

TMH ။ (၂)ပိုင္းရွိပါတယ္။ ဆင့္စာခထမ္းေဆာင္ရန္ လိုအပ္တာ ႏွင့္ မလိုတာပါ။ ဥပမာ- အေရးယူရန္အေၾကာင္းေပၚေပါက္သည့္အမႈက ရဲအေရးပိုင္သည့္ အမႈ ျဖစ္ေနတယ္ဆုိပါေတာ့။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့။

TMH ။ ၂၀၁၃ ခုႏွစ္ ခရိုင္ / ၿမိဳ႕နယ္ ဆင့္စာခနည္းဥပေဒ- ၁၁(ခ)(၁) အရ ဆင့္စာခ ကင္းလြတ္ခြင့္ရပါတယ္။ တိုင္တန္းသူက ဆင့္စာေခါင္း ေပးသြင္းရန္မွမလိုတာ ။ တရားခံထံ ဆင့္စာ၊ ၀ါရမ္းစာ တန္းထုတ္ရံုေပ့ါ။

ေမာင္မ်ိဳး ။ အေရးယူရန္ အေၾကာင္းေပၚသည့္
ျပစ္မႈကရဲအေရးမပိုင္သည့္ျပစ္မႈျဖစ္ေနရင္ေရာ။

TMH ။ ရဲအေရးမပိုင္ရင္ေတာ့ တိုင္တန္းသူက ဆင့္စာေခါင္းထမ္းေဆာင္ ဖို႔လုိလာပါၿပီ။ မထမ္းရင္ေတာ့ ၂၀၄(၃)အရ တိုင္တန္းခ်က္ကို ပလပ္လို႔ရပါၿပီ။

ေမာင္မ်ိဳး ။ တစ္ခါတစ္ေလ က်ေနာ္တို႔ေတြ ဦးတိုက္ေလွ်ာက္လႊာ ႏွင့္အတူ လိုလုိမယ္မယ္ ဆိုၿပီး တရားခံဆင့္ဆုိဖို႔ ရံုးခြန္ကပ္ေပးထားၾကတယ္ေလအကို ။ အဲဒါဆိုရင္ေရာ ဆင့္စာထမ္းတယ္ဆုိမလား။

TMH ။ ဆင္စာထမ္းထားၿပီးျဖစ္တယ္လို႔ယူဆပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဦးတိုက္ေလွ်ာက္လႊာတင္လာကတည္းက မလိုအပ္ရင္၊ ဒါမွမဟုတ္ မလိုအပ္သည့္ ကိစၥမို႔ လက္မခံႏိုင္ရင္ တိုင္တန္းသူကို တစ္ခါတည္း ျပန္ေပးလိုက္ေလ။ မေပးဘဲ တိုင္တန္းသူက လိုလိုမယ္မယ္ဆိုၿပီး တင္သြင္းလာသည့္ ရံုးခြန္ကိုလက္ခံထားၿပီး ကာမွ ေနာက္မ်ားမွ မင္းဟာ အေရးယူမေဆာင္ရြက္ရေသးခင္ တင္သြင္းထားတာပဲ ။ လက္မခံႏိုင္ဘူး လို႔ သြားေျပာရင္ ကေလး ကစားသလိုျဖစ္မယ္ ထင္ပါတယ္။
-----
ေမာင္မ်ိဳး ။ က်င့္- ၂၀၄(၃) အရ ပလပ္ျခင္းကို အေရးယူေဆာင္ရြက္ေၾကာင္း ဆံုးျဖတ္ သည့္ေန႔မွာပဲ တစ္ခါတည္းပဲ ပလပ္ရမယ္မဟုတ္လား အကို။

TMH ။ ၂၀၄(၃)မွာက “သင့္ေလ်ာ္သည့္အခ်ိန္အတြင္း” လို႔ပါပါတယ္။ သင့္ေလ်ာ္သည့္ အခ်ိန္ကို ဘယ္လိုသတ္မွတ္မွာလဲ။ တရားလို(တိုင္တန္းသူ)က ရံုးခ်ိန္းမွားတာလဲ ျဖစ္ႏိုင္တာပဲ။ က်ေနာ့္အျမင္ေတာ့ ေန႔ခ်င္းပလပ္တာထက္စာရင္ တိုင္တန္းသူက ဆင့္စာခတင္သြင္းႏိုင္ရန္ အခ်ိန္ေပးသင့္သည္ဟုယူဆပါတယ္။ တိုင္တန္းသူက ဆင့္စာေခါင္းထမ္းေဆာင္လာပါက တရားခံထံ ရံုးေခၚစာ ထုတ္ပါလို႔ ဆိုၿပီး ရံုးခ်ိန္းတစ္ခ်ိန္းခြင့္ျပဳသင့္တယ္ထင္ပါတယ္။ သတ္မွတ္ရံုးခ်ိန္းေန႔အထိ တိုင္တန္းသူဆင့္စာေခါင္းေပးသြင္းလာျခင္းမရွိရင္ေတာ့ အဲဒီရံုးခ်ိန္းမွာ - က်င့္ - ၂၀၄(၃) အရ ပလပ္လို႔ရပါၿပီ။ ဒါဆုိ သင့္ေလ်ာ္သည့္ အခ်ိ္န္ေပးၿပီးမွ ပလပ္တာလို႔ ယူဆပါတယ္။

ေမာင္မ်ိဳး ။ ဟုတ္ကဲ့အကိုရွင္းပါတယ္။ တိုင္တန္းသူလာတယ္အကိုရာ ။ အေရးယူရန္ အေၾကာင္း ေပၚတယ္။ လိုအပ္တဲ့ဆင့္စာေခါင္းလဲသြင္းတယ္။ တရားခံ ထံ ရံုးေခၚစာထုတ္တယ္။ တရားခံရံုးေရွ႕လာရမည့္ ရံုးခ်ိန္းမွာ တရားလိုလည္း မလာ၊ တရားခံလည္းမလာ ။ တရားခံထံထုတ္ဆင့္သည့္ ဆင့္စာၾကေတာ့ အတည္ျဖစ္ တယ္။ ဘာဆက္လုပ္မလဲ။

TMH ။ ဆင့္စာအတည္ျဖစ္တ့ဲကိစၥမွာ။ ထပ္မံထုတ္ဆင့္သည့္ ဆင့္စာ၊ ၀ရမ္းစာအတြက္ ေပးသြင္းရန္လိုအပ္သည့္ အခကို တရားလိုက ထပ္မံေပးသြင္းရမွာပါ။ ဆင့္စာအတည္မျဖစ္ရင္ေတာ့ တရားရံုးက မိမိအလိုအေလ်ာက္ထပ္မံထုတ္ဆင့္မွာ မို႔လို႔ ဆင့္စာေခါင္းထပ္သြင္းစရာ မလိုပါ ဘူး။ ဆင့္စာအတည္ျဖစ္လို႔ ထပ္မံထုတ္ဆင့္ရမည့္ ဆင့္စာ၊ ၀ရမ္းစာအတြက္ တရားလိုက သင့္ေလ်ာ္သည့္အခ်ိန္မသြင္းရင္ေတာ့ က်င့္ထံုး- ပုဒ္မ - ၂၀၄(၃) အရ တိုင္တန္းခ်က္ကို ပလပ္ရံုေပါ့။
----
ေမာင္မ်ိဳး ။ ဆင့္စာအတည္ျဖစ္မျဖစ္က ဘယ္လိုခြဲမလဲ။

TMH ။ က်င့္ထံုးပုဒ္မ - ၆၉ မွ ၇၄ ထိပါ ျပဌာန္းခ်က္မ်ားကိုလုိက္နာထားလွ်င္ ဆင့္စာ အတည္ျဖစ္ပါတယ္။
---
ေမာင္မ်ိဳး ။ ဆင့္စာထုတ္လို႔ တရားခံလာရမယ့္ေန႔မွာ တရားခံရံုးေရွ႕လာတယ္အကိုရာ။ တရားလိုမလာရင္ေရာ။

TMH ။ တရားခံရံုးေရွ႕ေရာက္ရင္ trial ခြဲျခားသတ္မွတ္ပါၿပီ။ trial အေပၚမူတည္ပါတယ္။

ေမာင္မ်ိဳး ။ သမၼာန္မႈ အကိုရာ။

TMH ။ သမၼာန္မႈစစ္ေဆးနည္းျဖင့္စစ္မွာ ဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၄၇ ႏွင့္ဆိုင္ပါ တယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာ ေန႔ရက္(၂)ရက္ျပထားပါတယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာေတာ့ ဆင့္စာအရ တရားခံလာေရာက္သည့္ေန႔ရက္ႏွင့္ ၾကားနာရန္ ေန႔ရက္ဆိုၿပီး ေန႔ရက္ (၂)ခုပါပါတယ္။ တရားခံကို အမႈမွ အၿပီးအျပတ္လႊတ္ ႏိုင္ပါတယ္။

ေမာင္မ်ိဳး ။ ျခြင္းခ်က္ရွိေသးလား။

TMH ။ ျပည္သူ႔၀န္ထမ္းက တိုင္သည့္ သမၼာန္မႈဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၄၇ ျခြင္းခ်က္အရ မလႊတ္ႏုိင္ပါဘူး။ တရားလိုစစ္ဖို႔ခ်ိန္းဆိုရန္ျဖစ္ပါ တယ္။ အမႈမၾကန္႔ၾကာေစဖို႔ ျပည္သူ႔၀န္ထမ္းထံ တရားရံုးက အလိုအေလ်ာက္ ဆင့္စာထုတ္ဖို႔ လုိအပ္မွာျဖစ္ပါတယ္။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၄၇ ကိုသံုးမယ္ဆိုရင္ ရဲအေရးပိုင္တာ၊ မပိုင္တာ၊ ေက်းေအးခြင့္ ရွိတာ၊ မရွိတာ လိုေသးလားအကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၄၇မွာ ဘယ္လိုအမႈမ်ိဳးျဖစ္ရမယ္လို႔သတ္မွတ္ထားတာမရွိပါဘူး။
---
ေမာင္မ်ိဳး ။ ၀ရမ္းမႈႏွင့္စစ္ေဆးရမည့္အမႈဆိုရင္ေရာအကို ။

TMH ။ ၀ရမ္းမႈစစ္ေဆးနည္းျဖင့္စစ္ေဆးရမည့္အမႈဆိုရင္ တရားလိုမလာရင္အေရးယူရန္ ျပဌာန္းခ်က္က က်င့္ထံုးပုဒ္မ - ၂၅၉ ပါ။ က်င့္ထံုးပုဒ္မ - ၂၅၉အရ အေရးယူႏိုင္သည့္ေန႔ရက္သည္ “ၾကားနာရန္” ေန႔ရက္ျဖစ္ပါတယ္။ က်င့္ထံုးပုဒ္မ - ၂၄၇ မွာေတာ့ ေစာေစာကေျပာထားသလိုေန႔ရက္ (၂)မ်ိဳးပါပါတယ္။ က်င့္ထံုးပုဒ္မ - ၂၅၉ မွာေတာ့ ၾကားနာရန္ေန႔ရက္ ပဲပါပါတယ္။ ဆင့္စာအရ တရားခံရံုးေရွ႕ လာေရာက္ရမည့္ ေန႔သည္ ၾကားနာရန္ ေန႔ရက္မဟုတ္ပါ။ ဒါ့ေၾကာင့္ ၀ရမ္းမႈမွာ ဆင့္စာအရ တရားခံရံုးေရွ႕ေရာက္ရမည့္ေန႔ မွာ က်င့္ထံုးပုဒ္မ - ၂၅၉ ကို က်င့္သံုးလို႔မရပါဘူး။

ေမာင္မ်ိဳး ။ အဲဒါဆုိ ၀ရမ္းမႈမွာ တရားခံလာရမည့္ေန႔မွာ တရားလိုရံုးခ်ိန္းပ်က္ရင္ ဘာဆက္ လုပ္မလဲ။

TMH ။ တရားလိုစစ္ေဆးရန္ ေန႔ရက္သတ္မွတ္ခ်ိန္းဆုိရန္ျဖစ္ပါတယ္။ စစ္မည့္ေန႔ၾက မလာရင္ေတာ့ အမႈက ေက်ေအးခြင့္ရွိသည့္ အမႈ၊ ဒါမွမဟုတ္ ရဲအေရးမပိုင္သည့္ အမႈမ်ိဳးဆိုရင္ေတာ့ က်င့္ထံုးပုဒ္မ - ၂၅၉ ကို သံုးၿပီး တရားခံကို စြဲခ်က္မတင္မီ လႊတ္ရန္ျဖစ္ပါတယ္။
----
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၉ က ေက်းေအးမႈ ၊ ရဲအေရးမပိုင္မႈ (၂)မ်ိဳးလံုးျဖစ္ရမွာ မဟုတ္ဘူးလား။

TMH ။ “or”ခံထားပါတယ္။ ေက်ေအးမႈျဖစ္ရင္ျဖစ္၊ ရဲအေရးမပိုင္မႈျဖစ္ရင္ျဖစ္။ တစ္ခုႏွင့္ အက်ံဳး၀င္လွ်င္ရပါၿပီ။ ဥပမာ - ျပစ္မႈပုဒ္မ - ၄၀၄ လုိအမႈမ်ိဳးကိုၾကည့္ပါ။ ရဲအေရး မပိုင္မႈပါ။ ေက်ေအးခြင့္ေတာ့မရွိပါဘူး။ က်င့္ထံုးပုဒ္မ - ၂၅၉ အက်ံဳး၀င္ပါတယ္။
---
ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၉ ကို တရားခံရံုးေရွ႕မေရာက္တဲ့အမႈေတြမွာသံုးလို႔ရလားအကို။

TMH ။ ဗ်ာ။ တရားခံမွ ရံုးေရွ႕မေရာက္ေသးတာ trial မစေသးေတာ့ ဘယ္နည္းနဲ႔စစ္မလဲ မသိေသးတာရယ္။ ၾကားနာရန္ေန႔ရက္ မသတ္မွတ္ေသးတာရယ္ေၾကာင့္ တရားခံ ရံုးေရွ႕ မေရာက္တာကို က်င့္ထံုးပုဒ္မ - ၂၅၉ သံုးလို႔ရပါ့မလား။ ဘယ္ရမလဲ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၄၇ ၊ ၂၅၉ တို႔ ႏွင့္ အက်ံဳးမ၀င္သည့္ အမႈမ်ားမွာ တရားလို မလာရင္ ဘယ္လုိ ဆက္လုပ္ရမလဲ။

TMH ။ ျပဌာန္းခ်က္မွမရွိတာ ။ အမႈမၾကန္႔ၾကာေစေရးအတြက္ တရားရံုးက တရားလိုကုိ အလုိအေလ်ာက္ ဆင့္စာထုတ္ရံုေပါ့။

ေမာင္မ်ိဳး ။ ဆင့္စာေတြအတည္မျဖစ္ဘူးအကိုရာ။ ဘယ္လိုဆက္လုပ္မလဲ။ အမႈကို ဒီအတိုင္း ထားမလား။ ဒါမွမဟုတ္ သက္ေသေခၚစစ္ရမွာလား။

TMH ။ တရားလို ရံုးေရွ႕ထြက္ခ်က္မရွိဘဲ တစ္နည္းေျပာရရင္ substantive evidence (ပင္ရင္းသက္ေသခံခ်က္)မရွိဘဲ corroborative evidence (ေထာက္ခံသည့္ သက္ေသခံခ်က္)ကုိ ရယူလို႔ေရာ ဘာထူးမွာလဲ။

ေမာင္မ်ိဳး ။ တိုင္တန္းသူ၏ က်င့္ - ၂၀၀ စစ္ခ်က္က substantive evidence မဟုတ္ဘူး လားအကို။

TMH ။ တရားခံ ျပန္လွန္စစ္ေမးခြင့္မရသည့္ သက္ေသခံခ်က္ကို substantive evidence အေနျဖင့္ အသံုးျပဳလို႔ရပါ့မလားညီ။
----
ေမာင္မ်ိဳး ။ ဒါလည္းဟုတ္တာပဲ။ ဒါျဖင့္ သမၼာန္မႈဆို က်င့္ထံုးပုဒ္မ - ၂၄၅(၁)၊ ၀ရမ္းမႈဆို က်င့္ထံုးပုဒ္မ - ၂၅၃(၁) ႏွင့္ ၂၅၃(၂)တို႔ႏွင့္ တရားခံကို လႊတ္မယ္အကိုရာ။

TMH ။ က်င့္ထံုးမွာ ျပဌာန္းထားတဲ့ စစ္ေဆးနည္းအစီအစဥ္ကို ခုန္ပ်ံေက်ာ္လႊားၿပီးသြား လို႔ မရပါဘူး။ သမၼာန္မႈဆုိ က်င့္ထံုးပုဒ္မ - ၂၄၄အရ သက္ေသစစ္ေဆးျခင္း မ်ားကို ေဆာင္ရြက္ၿပီးမွ က်င့္ထံုးပုဒ္မ - ၂၄၅ အရ တရားခံကိုလႊတ္ခြင့္ရွိပါတယ္။ သမၼာန္မႈက သိပ္ျပသနာမရွိပါဘူး က်င့္ ၂၄၇ က အမႈအမ်ားစု အက်ံဳး၀င္ပါတယ္။ ျခြင္းခ်က္ျဖစ္သည့္ ျပည္သူ႔၀န္ထမ္း ဦးတိုက္မႈက သက္ေသလာရန္ခက္ခဲစရာအေၾကာင္းနည္းမယ္ထင္ပါတယ္။
-----
ေမာင္မ်ိဳး ။ ၀ရမ္းမႈက ျပသနာရွိတာလားအကို။

TMH ။ ၀ရမ္းမႈမွာလည္းဒီအတုိင္းပါပဲ။ က်င့္ထံုးပုဒ္မ - ၂၅၂ အရ သက္ေသစစ္ၿပီးမွ က်င့္ထံုးပုဒ္မ - ၂၅၃(၁)ကို ေဆာင္ရြက္လို႔ရပါတယ္။

ေမာင္မ်ိဳး ။ ဒါဆို က်င့္ထံုးပုဒ္မ - ၂၅၃(၂)ကေတာ့ မည္သည့္ အဆင့္မွာမဆိုလႊတ္လို႔ရတယ္ေလ အကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၃(၂)က စြဲခ်က္က အေျခအျမစ္မရွိသည့္ကိစၥပါ။ စြဲခ်က္က အေျခအျမစ္မရွိရင္ ဦးတိုက္ေလွ်ာက္လႊာမွာကတည္းက က်င့္ထံုးပုဒ္မ - ၂၀၃ အရ တိုင္တန္းခ်က္ ကို ပလပ္မွာေပါ့။ အခု အေျခအျမစ္ရွိလို႔ တရားခံကို ရံုးေရွ႕ ေခၚၿပီး trial ေတာင္စေနၿပီ။ ဘာသက္ေသခံခ်က္အသစ္မွ ထပ္မရေသးဘဲ အေျခအျမစ္မရွိ ဘူးလို႔ ဆိုရင္ ေရွ႕မွာ အေျခအျမစ္ရွိလို႔ က်င့္ - ၂၀၃ ႏွင့္ မပလပ္ပဲ က်င့္ - ၂၀၄(၁)ဆက္သြားခဲ့တာ မွားၿပီေပါ့။ အက်ိဳးအေၾကာင္းသင့္ေအာင္ေတာ့ လုပ္သင့္ ပါတယ္။ ဟိုနားတစ္ခြန္း ဒီနားတစ္ခြန္းမျဖစ္သင့္ပါ။
------
ေမာင္မ်ိဳး ။ အဲဒါဆုိလည္း တရားလိုမလာရင္ေန သူစာရင္းတင္ထားတဲ့ သက္ေသေတြကို တရားရံုးက အလိုအေလ်ာက္ဆင့္စာထုတ္ေခၚစစ္ၿပီး တရားခံကို က်င့္ထံုးပုဒ္မ - ၂၅၃(၁)ႏွင့္ လႊတ္ေပးလိုက္အကိုရာ။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၃(၁) အရ စြဲခ်က္မတင္မီလႊတ္ႏိုင္တဲ့အခ်ိန္က က်င့္ထံုးပုဒ္မ - ၂၅၂ အရ သက္ေသခံခ်က္အားလံုးရယူၿပီးေနာက္မွျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တရားလိုျပသက္ေသအားလံုးစစ္ၿပီးမွလႊတ္လို႔ရမွာပါ။

ေမာင္မ်ိဳး ။ က်င့္ထံုးပုဒ္မ - ၂၅၄ အရေတာ့ သက္ေသမကုန္ပဲ စြဲခ်က္တင္လို႔ ရတယ္ေနာ္။ ဆိုခ်င္တာက သက္ေသခံခ်က္အားလံုးကုန္ေအာင္ယူစရာမလိုပဲ စြဲခ်က္တင္လို႔ေတာ့ရၿပီး စြဲခ်က္မတင္မီလႊတ္ဖို႔ၾကေတာ့ သက္ေသကုန္မွဆိုေတာ့ တစ္မ်ိဳးပဲေနာ္။

TMH ။ က်င့္ထံုးက ထုိအတုိင္းပဲျပဌာန္းထားပါတယ္။
------
ေမာင္မ်ိဳး ။ ဒါဆိုလည္း ဆင့္မရတဲ့ သက္ေသ တရားရံုးက ပယ္တယ္ေပါ့အကိုရ။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၉ မွာ အက်ံဳးမ၀င္သည့္ ဦးတိုက္မႈေတြ အားလံုး နီးပါးသည္ ရဲအေရးပိုင္မႈမ်ားျဖစ္ပါတယ္။ ဒ့ါေၾကာင့္ ဥပေဒအရာရွိလိုက္ပါေဆာင္ရြက္သည့္ အမႈမ်ားျဖစ္လုိ႔ ဥပေဒအရာရွိက အဲဒီတရားလိုိုဘက္သက္ေသကို မစစ္ေတာ့ ဘူး ဆိုၿပီး တင္ျပႏိုင္ပါတယ္။ တရားရံုးအေနႏွင့္ေတာ့သက္ေသပယ္လို႔မရပါ။

ေမာင္မ်ိဳး ။ ဘာျဖစ္လို႔လဲအကို။

TMH ။ က်င့္ထံုးပုဒ္မ - ၂၅၇(၁)အရမွတပါး တရားရံုးကသက္ေသပယ္ပိုင္ခြင့္မွမရွိတာ။ ျငင္းပယ္ခြင့္မွမရွိတာ။ ယခင္ ျပည္သူ႔တရားသူႀကီးအဖြဲ႔ ဥပေဒ ပုဒ္မ - ၇၇ တြင္ တရားရံုးမ်ားကို သက္ေသပယ္ပိုင္ခြင့္ အာဏာေပးခဲ့ဖူးပါသည္။လက္ရွိ ျပည္ေထာင္စု တရားစီရင္ေရး ဥပေဒ တြင္ ယင္းကဲ့သို႔ေသာ ျပဌာန္းထားသည္ကိုမေတြ႔ရပါ။
ဦးရွမ္းဘို (ခ)ဦးဥာဏ္လန္း ႏွင့္ ျပည္ေထာင္စု(၁၉၆၁၊မတစ(လႊတ္ေတာ္) စာ-၈၄)အမႈမွာ "တရားသူႀကီးသည္ သက္ေသမ်ားကို မိမိသေဘာအေလ်ာက္ ပယ္ႏိုင္ခြင့္မရွိ။ တရားဥပေဒတြင္ ဤကဲ့သို႔ေသာ သက္ေသကိုပယ္ႏိုင္ေသာ အာဏာေပးထားျခင္းမရွိဟု ဆံုးျဖတ္ထားပါသည္။
----
ေမာင္မ်ိဳး ။ ဟာ -----အဲဒါဆို ဥပေဒအရာရွိက ဆင့္ေခၚမရသည့္ သက္ေသေတြကို မပယ္ေပးဘဲလုပ္ထားရင္ အမႈေတြက pending ေတြျဖစ္ၿပီး တရားခံေတြကေတာ့ ရံုးတက္ေနရမွာေပါ့။ ေသၿပီေပါ့။

TMH ။ မျဖစ္တန္ေကာင္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဥပေဒအရာရွိ၏ တာ၀န္က အမႈကိုလိုက္ပါေဆာင္ရြက္ရန္ျဖစ္ၿပီးတရားခံကို ညွဥ္းပန္းႏွိပ္စက္ရန္ မဟုတ္သည့္အတြက္ျဖစ္ပါတယ္။ AH TU (alias) KYAW NYUN Vs The KING (1947 . R.L.R . 405 ) အမႈမွာ ဥပေဒအရာရွိ၏တာ၀န္ကို to prosecute and not to persecute လို႔ အတိိအလင္း လမ္းညႊန္ထားပါတယ္။ အဲဒါေၾကာင့္ပါ။

ေမာင္မ်ိဳး ။ စီရင္ထံုးအတိုင္းေလးေျပာျပပါလားအကို။

TMH ။ It should never be forgotten that it is the duty of a Public Prosecutor or any other official who may be conducting the prosecution, to prosecute and not to persecute. ပါ။

ေမာင္မ်ိဳး ။ ေက်းဇူးတင္ပါတယ္အကို။            ။



(အထက္ပါ အေၾကာင္းအရာမ်ားသည္ က်ေနာ့္၏ ေလ့လာမႈအေပၚ အေျခခံထားျခင္းျဖစ္ပါသည္။ ဆရာ၊ ဆရာမမ်ား၏ comment မ်ားမွလည္း ေလ့လာသင္ယူလိုလွပါသည္။ )
ေလးစားစြာျဖင့္ ။

Tun Myo Htay

FACEBOOK


















သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...