Tuesday, February 4, 2020
ယနေ့တရားစီရင်ရေးခေတ်တွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ယ္ခင်တရားစီရင်ရေးခေတ်တရားစီရင်ထုံးများ။ အမှတ်(၈)
ယနေ့တရားစီရင်ရေးခေတ်တွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ယ္ခင်တရားစီရင်ရေးခေတ်တရားစီရင်ထုံးများ။ အမှတ်(၈)
●●●●●●●●●●●●●●●●●●●●●●●●●●★★★★★●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
(၂၅)။ ပြစ်ဒဏ်နှင့်ပတ်သက်၍တရားလွှတ်တော်သည်တရားခံအပေါ်သက်ညှစွာအပြစ်ပေးသောမည်သည့်အမှုတိုင်း၌မဆိုပြစ်ဒဏ်မှာတရားမျှ
တမှုကင်းမဲ့လောက်အောင်အကြီးအကျယ်လုံးဝလုံလောက်ခြင်းမရှိဟုမဆိုနိင်လျှင်ပြစ်ဒဏ်တိုးမြှင့်လေ့မရှိခြင်းမှာမပြောင်းလဲသောဥပဒေသ
တစ်ရပ်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိင်ငံနှင့်မောင်တင်စိန်-၁၉၆၆-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး-စာမျက်နှာ-၁၁၃၉ (တရားရုံးချုပ်)
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
××××××××××××××××××××××××××××××××××
(၂၆) ။ တရားသေလွှတ်မိန့်သည်အထင်အရှားမှားမှားယွင်း၍တရားရေးမဏ္ဍိုင်ယိမ်းယိုင်နေမှသာနိင်ငံတော်တရားရုံးချုပ်ကဝင်ရောက်စွက်ဖက်လေ့ရှိသည်။
တရားသေလွှတ်သည်ကိုအယူခံမှုများ၌လိုက်နာရန်မူ( ၄ )ရပ်ကိုလမ်းညွှန်ဖေါ်ထားခဲ့ပါသည်။
(၁)သက်သေများကိုယုံထိုက်၊မယုံထိုက်နှင့်ပတ်သက်၍အမှုစစ်တရားသူကြီး၏ထင်မြင်ချက်များ။
(၂) တရားခံကိုအပြစ်ကင်းသူဟုကနဦးယူဆထားရခြင်း၊တရားခံကိုအမှုမှတရားသေလွှတ်လိုက်ခြင်းကြောင့်ဤယူဆချက်မှာမည်သို့မျှအားပျော့သွားမည်မဟုတ်ခြင်း။
(၃) မည်သည့်သံသယအကျိုးကိုမဆိုတရားခံကရထိုက်ခြင်း။
(၄) သက်သေများကိုမြင်တွေ့ခဲ့ရသောအခွင့်အရေးရသည့်တရားသူကြီးကဆုံးဖြတ်သောအကြောင်းခြင်းရာတွေ့ရှိချက်များကိုအယူခံရုံးကဝင်ရောက်စွက်ဖက်ရန်နှောင့်နှေး
ရခြင်းစသောအချက်များကိုကောင်းစွာအလေးပေး၍စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။
တရားသေလွှတ်သည်ကိုအယူခံမှုအောင်မြင်နိင်ရန်အမိန့်သည်အထင်အရှားမှားယွင်း၍တရားရေးမဏ္ဍိုင်ယိမ်းယိုင်တိမ်းစောင်းမှသာအောင်မြင်နိင်ကြောင်း၊တရားရုံးချုပ်ကတရားသေလွှတ်မိန့်ကိုပြန်လည်
ပယ်ဖျက်ပေးမည်ဖြစ်ကြောင်းညွှန်ပြဆုံးဖြတ်ထားခြင်းဖြစ်သည်။
တရားသေလွှတ်မိန့်နှင့်ပတ်သက်၍လိုက်နာရန်မူ(၄)ရပ်ကို"တန်ချစ်လိုင်(ခ)တက်ရှင်(ခ)မော်ပိန်နှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၅၀ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး-(လွှတ်တော်ချုပ်)စာ-၁၇၂ "နှင့်"ပြည်ထောင်စုမြန်မာနိင်ငံနှင့်
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●● ■■■■■■■■■■■■■■■■
မောင်ပု(ခ)သ္ခင်ပု -၁၉၅၄-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး(တရားလွှတ်တော်)စာ-၃၄၉"စီရင်ထုံးများတွင်လမ်းညွှန်ဖေါ်ပြထားပြီး၊ယင်းမူသဘောကို"ပြည်ထောင်စုမြန်မာနိင်ငံနှင့်ဦးအေးကြည်-၁၉၆၄-ခုနှစ်-မြန်မာနိင်ငံတရားစီ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■ ◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆
ရင်ထုံး၊စာ-၃၉၆"စီရင်ထုံးကထမ်မံအတည်ပြုဖေါ်ပြဆုံးဖြတ်ထားပါသည်။
◆◆◆◆◆◆◆◆◆◆
Facebook Like Page: ဥပဒေ ဗဟုသုတ 
●●●●●●●●●●●●●●●●●●●●●●●●●●★★★★★●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
တစ်ရပ်ဖြစ်သည်။
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
××××××××××××××××××××××××××××××××××
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●● ■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■ ◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆
◆◆◆◆◆◆◆◆◆◆
Facebook Like Page: ဥပ​ဒေ ဗဟုသုတ  မှ ပြန်​လည်​မျှ​ဝေခြင်း ဖြစ်​ပါသည်​။
ယနေ့ခေတ်တရားစီရင်ရေးတွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ရှေးယ္ခင်ခေတ်ကတရားစီရင်ထုံးများ။ အမှတ်(၆)
ယနေ့ခေတ်တရားစီရင်ရေးတွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ရှေးယ္ခင်ခေတ်ကတရားစီရင်ထုံးများ။ အမှတ်(၆)
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
(၂၁)တရားစီရင်ရာတွင်အမှန်တရားသည်အဓိကဖြစ်သည်။ထိုအမှန်တရားကိုတရားရုံးရှေ့နေများ၊အမှုသည်များ၊သက်သေများ၊
ကဝိုင်းဝန်းဖော်ထုတ်ကြရသည်။အမှန်တရားပေါ်တွင်အခြေပြုမှသာလျှင်တရားစီရင်ရေးသည်ပြည်သူတို့အကျိုးကိုပြုပြင်ပေးလိမ့်မည်။
မျှတခြင်းကိုဆောင်ပေလိမ့်မည်။
မစ္စတာအာရ်အက်စ်ဘွန်း-ပါ(၃)နှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၆-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး-စာမျက်နှာ-၆၅ ၊(အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
(၂၂)ပြည်သူ့ဝန်ထမ်းသည်ပြည်သူကပေးသောလစာကိုယူ၍ပြည်သူ့အကျိုးပြုတာဝန်များကိုထမ်းဆောင်ကာပြည်သူ့အပေါ်သစ္စာတည်ကြရန်ဖြစ်သည်။
လစာကိုယူ၍အပ်နှင်းထားသောအခွင့်အာဏာများကိုတာဝန်မဲ့အလွဲသုံးစားပြုသောပြည်သူ့ဝန်ထမ်းများသည်ကြီးလေးသောပြစ်မှုများကိုကျူးလွန်ကြသည်
ဟုမှတ်ယူရမည်။
ဦးဟာရှင်-ပါ(၂)နှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၆-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံးစာမျက်နှာ-၁၅ ၊(အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)
Facebook Like Page: ဥပဒေ ဗဟုသုတ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
ဟုမှတ်ယူရမည်။
Facebook Like Page: ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​မျှ​ဝေပါသည်​။
ယနေ့ခေတ်တရားစီရင်ရေးတွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ရှေးယခင်ခေတ်ကတရားစီရင်ထုံးများ။ အမှတ်(၃)
ယနေ့ခေတ်တရားစီရင်ရေးတွင်အထူးလိုက်နာကျင့်သုံးဆောင်ရွက်သင့်သည့်ရှေးယခင်ခေတ်ကတရားစီရင်ထုံးများ။ အမှတ်(၃)
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
(၁၁)တရားစီရင်ရေးအတွက်တာဝန်ယူထားရသောပုဂ္ဂိုလ်များသည်တရားခံတစ်ဦး၏စိတ်ထဲ၌တရားစီရင်ရာတွင်မျှတမှုရမည်မဟုတ်။တစ်ဘက်သို့ပင်းလိမ့်မည်ဟုစိုးရိမ်ကြောင့်ကြမှုမပေါ်ပေါက်အောင်ပြုရမည်မှာတာ
ဝန်တစ်ရပ်ဖြစ်သည်။ရာဇဝတ်တရားသူကြီး၏အပြောအဆိုသို့မဟုတ်အမူအရာသည်တရားခံ၏စိတ်ထဲ၌တရားစီရင်ရာတွင်မျှတမှုရမည်မဟုတ်၊တစ်ဘက်သို့ပင်းလိမ့်မည်ဟုစိုးရိမ်ကြောင့်ကြမှုပေါ်ပေါက်စေလျှင်အမှုကို
ရုံးပြောင်းပေးရမည်။
မောင်ကျော်အေးနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၅၃-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး၊စာမျက်နှာ-၁၁၄ (လွှတ်တော်)
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
(၁၂)စေတနာအလျောက်သော်လည်းကောင်း၊ဒေါသအလျောက်သော်လည်းကောင်း၊တရားစီရင်ရာတွင်ဥပဒေကင်းလွတ်ချွတ်ချော်လွဲမှား၍မပြုလုပ်အပ်၊တရားဥပဒေစိုးမိုးသောဤနိင်ငံတွင်ဥပဒေအတွင်းကသာတရားစီ
ရင်ရမည်။သို့မှသာဩဇာရှိသူ၊မရှိသူ၊ဆင်းရဲသူ၊ချမ်းသားသူ၊အယုတ်အလတ်အမြတ်မရွေးတူညီမျှတသောဘဝကိုရရှိကြမည်ဖြစ်သည်။
မောင်ပါနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၂-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး(ရုံးချုပ်)စာမျက်နှာ-၄၇၉
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
(၁၃)ပြည်သူသည်တရားရုံးများကိုယုံကြည်အားကိုးနိင်ကြလျှင်စိတ်ချမ်းမြေ့ကြမည်။စည်းလုံးညီညာကြမည်၊အစိုးရအပေါ်တွင်လည်းမေတ္တာထားကြမည်။ထို့ကြောင့်ပြည်သူတို့ယုံကြည်အားကိုးနိင်သောတရားစီရင်ရေး
ဖြစ်ထွန်းစေရန်လိုကြောင်းကိုအမြဲတစေဆော် ဩနှိုးဆော်ပြုလျက်ရှိသည်။
မောင်ချစ်ထွေးနှင့်ပြည်ထောင်စုမြန်မာနိင်ငံ-၁၉၆၇-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံး၊စာမျက်နှာ-၆၉
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
(၁၄)အက်ဥပဒေသို့မဟုတ်ဥပဒေသဘောသက်ရောက်သည့်အမိန့်ကြေညာချက်တစ်ခုခုကိုအဓိပ္ပါယ်ကောက်ယူရာတွင်ထိုဥပဒေသို့မဟုတ်အမိန့်ကြေညာချက်ရှိသောစကားရပ်တစ်ခုတည်းကိုသာထည်းထည်းဖတ်ရှုအ
ဓိပ္ပါယ်ကောက်ယူခြင်းမပြုရပေ။ကျန်စကားရပ်များနှင့်ဆက်စပ်ပြီးဖတ်ရှုမှသာအဓိပ္ပါယ်ပြည့်စုံမည်။
မက်ဆားစ်ဇော်ပျံ-ပါ(၈)ဦးနှင့်ဟာဂျီအီးအမ်အဗ္ဗဒူရာဟီမန်-ပါ(၈)-၁၉၆၇ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံးစာမျက်နှာ-၆၀၈
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
Facebook Like Page: ဥပဒေ ဗဟုသုတ 
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
ရုံးပြောင်းပေးရမည်။
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
Facebook Like Page: ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​မျှ​ဝေခြင်း ဖြစ်​ပါသည်​။
ငြင်းချက်ထုတ်သည့်နေ့ရက်တွင် စာရွက်စာတမ်းများမတင်ပြဘဲ စာရွက်စာတမ်းစာရင်းသာ တင်သွင်းနိုင်ခြင်းရှိမရှိ နှင့်  နှစ်ဘက်သက်သေစာရင်းတင်သွင်းရန် လိုမလို 
ငြင်းချက်ထုတ်သည့်နေ့ရက်တွင် စာရွက်စာတမ်းများမတင်ပြပဲ စာရွက်စာတမ်းစာရင်းသာ တင်သွင်းနိုင်ခြင်းရှိမရှိ နှင့်  နှစ်ဖက်သက်သေစာရင်းတင်သွင်းရန် လိုမလို နှင့် ပတ်သက်၍။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Shwe Yati
 ငြင်းချက်ထုတ်တဲ့နေ့
ဒီရုံးချိန်မှာ နှစ်ဖက်သက်သေစာရင်းနဲ့ စာရွက်စာတမ်းစာရင်းပါ တင်ရတယ်နော်
----------------------------
Tun Myo Htay
ငြင်းချက်ထုတ်သည့်နေ့တွင် အမိန့် - ၁၃၊ နည်း - ၁(၁) အရ အမှုတွင်တင်ပြမည့် လက်ဝယ်ရှိ စာရွက်စာတမ်း နှင့် တရားရုံးကတင်ပြရန် အမိန့်ချမှတ်ထားသည့် စာရွက်စာတမ်း အားလုံးကိုတင်ပြရန်ဖြစ်ပါတယ်။ 
ထိုသို့တင်ပြရာတွင် နည်း - ၁(၂) အရ သတ်မှတ်ပုံစံဖြင့် စာရွက်စာတမ်းများစာရင်း ကိုလည်း တင်ပြရမည်ဖြစ်ပါသည်။
ထို့ကြောင့် ငြင်းချက်ထုတ်သည့်နေ့မှာ စာရွက်စာတမ်းစာရင်းသာမက စာရွက်စာတမ်းများကို ပါ တင်ပြရန်ဖြစ်ပါသည်။
------------
ငြင်းချက်ထုတ်သည့်နေ့တွင် နှစ်ဖက်သက်သေစာရင်းတင်ရန်လိုအပ်ခြင်းမရှိသေးပါ။
နှစ်ဖက်သက်သေစာရင်းတင်သွင်းရန်နေ့ရက် နှင့်စပ်လျဉ်း၍ တရားရေးဂျာနယ်၊ အတွဲ(၃)၊ အမှတ် (၃) ပါ ဆရာ ဦးတင်ဟုန်(တရားရေး)၏ မတူကွဲပြား အမြင်များ ဆောင်းပါးမှ ဆရာ့၏ အမြင်ကို  တင်ပြအပ်ပါသည်။
------
ငြင်းချက်ထုတ်သည့်နေ့မှာ နှစ်ဖက်သက်သေစာရင်းတင်သွင်းရမယ်လို့ပြောပါတယ်။ တရားရုံးများ လက်စွဲအပိုဒ် ၁၅၄ပါ ပြဌာန်းချက်နဲ့ကွဲလွဲနေတယ်လို့ထင်ပါတယ်။
တရားရုံးများလက်စွဲအပိုဒ် ၁၅၄(၁)မှာ အမှုမစစ်ဆေးမီ ဦးစွာပေါ်ပေါက်တဲ့ကိစ္စအရပ်ရပ်တို့ကို စစ်ဆေးရန် နေ့ရက်ချိန်းဆိုခြင်းမပြုမီ ဖြေရှင်းပြီးဖြစ်စေရမည်လို့ ဖော်ပြထားပါတယ်။
ဦးစွာပေါ်ပေါက်သည့်ကိစ္စများမှာ ငြင်းချက်များထုတ်ခြင်း နှင့် ပဏာမငြင်းချက်များရှိရင် ထိုငြင်းချက်ကိုဆုံးဖြတ်ခြင်းလည်း ပါဝင်ပါတယ်။
အပိုဒ် ၁၅၄(၃) အရ ငြင်းချက်ထုတ်ပြီးသည့်အခါမှ သက်သေစာရင်းတင်သွင်းရန် နဲ့ အမိန့်ဆင့်စာ၊ သမ္မာန်စာ စသည်တို့အတွက် လိုအပ်တဲ့ အခငွေနဲ့ စရိတ်ငွေတို့ကို ပေးသွင်းရန် နေ့ရက်တစ်ရက် ကို ချိန်းဆိုရန်ဖြစ်ပါတယ်။
တရားမ တရားစီရင်ရေးစာစောင် ၊ ၁၉၇၃ ၊ အခန်း ၂ အပိုဒ် ၁၄(က) မှာလည်း အမှုကို ကြားနာ စစ်ဆေးရန် ရက်သတ်မှတ်သည့်အခါဖြစ်စေ၊ ထို့နောက်ကြားရက်တစ်ရက်တွင်ဖြစ်စေ တရားလို နှင့် တရားပြိုင်တို့သည် သက်သေစာရင်း တင်သွင်းရန်ဖြစ်ကြောင်း ဖောြ်ပထားပါတယ်။
တရားမကျင့်ထုံးဥပဒေ အမိန့် ၁၈ ၊ နည်း ၂ အရ နှစ်ဖက်အမှုသည်များဟာ မိမိတို့သက်သေ ထင်ရှားပြသရန်တာဝန်ရှိတဲ့ ငြင်းချက်များကို ထောက်ခံသည့် သက်သေခံအထောက်အထား ကိုတင်ပြရန် ဖြစ်ပါတယ်။
ငြင်းချက်ထုတ်ပြီးမှသာ မိမိက သက်သေထင်ရှားပြသရမယ့် ငြင်းချက်များကို သိရှိနိုင်မှာဖြစ်လို့ မည်သူ့ကို သက်သေအဖြစ် တင်ပြရမယ်ဆိုတာ ငြင်းချက်ထုတ်ပြီးမှသာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်းမြင်သာပါတယ်။
---
ထို့ကြောင့် ငြင်းချက်ထုတ်သည့်နေ့တွင် နှစ်ဖက်သက်သေစာရင်းများတင်သွင်းရန် မလိုအပ်သေး ပါကြောင်း နှင့်
 ငြင်းချက်ထုတ်ပြီးနောက် ကြားရက်တစ်ရက်ရက်တွင်ဖြစ်စေ၊ အမှုစတင်စစ်ဆေးရန် ချိန်းဆိုသည့်နေ့ရက်တွင်ဖြစ်စေ တင်သွင်းရန်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
Tun Myo Htay
Zawgyi Version 👇
Shwe Yati
 ငြင်းချက်ထုတ်တဲ့နေ့
----------------------------
Tun Myo Htay
------------
------
တရားမ တရားစီရင်ရေးစာစောင် ၊ ၁၉၇၃ ၊ အခန်း ၂ အပိုဒ် ၁၄(က) မှာလည်း အမှုကို ကြားနာ စစ်ဆေးရန် ရက်သတ်မှတ်သည့်အခါဖြစ်စေ၊ ထို့နောက်ကြားရက်တစ်ရက်တွင်ဖြစ်စေ တရားလို နှင့် တရားပြိုင်တို့သည် သက်သေစာရင်း တင်သွင်းရန်ဖြစ်ကြောင်း ဖြော်ပထားပါတယ်။
---
Tun Myo Htay
Thursday, June 6, 2019
✍✍✍✍✍✍✍
မင်း မမှန်ရင်
မင်း ခံ။
ငါမမှန်ရင် 
ငါ ခံမယ်။
တရားဆိုတာ
သာစေ၊ နာစေ မရှိ၊
Unicode
ကိုယ့်သမိုင်း ကိုယ်ရေး
✍✍✍✍✍✍✍✍
မင်း မမှန်ရင် 
မင်း ခံ။
ငါမမှန်ရင် 
ငါ ခံမယ်။
တရားဆိုတာ
ညှာလည်း မညှာ၊   ညာလည်း မညာ
သာစေ၊ နာစေ မရှိ၊
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ။        ။ 
တရားမစွဲခင် တရားရုံးမှာ စေ့စပ်ညှိနှိုင်းကြမလား
ဒေါ်ကြည်ကြည်သန်းတစ်ယောက် အမွေဆိုင်အိမ်တစ်လုံးအတွက် တရားရုံးတွင် ဖြေရှင်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေ၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
တရားရုံး ရုံးချိန်းများ မကြာခဏ သွားရောက်နေရခြင်းကလည်း သူ့အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး အလုပ်အကိုင်ပျက်သည်အထိ ထိခိုက်လာခဲ့ကြောင်း ၎င်းက ညည်းညူပြောဆိုသည်။
“အမှုက လွန်ခဲ့တဲ့နှစ်ကတည်းက ဖြစ်နေတာ။ ရုံးချိန်းပေါင်း မြောက်မြားစွာနဲ့ အလုပ်ပျက်အကိုင်ပျက် စီးပွားရေးပါထိလာပြီ။ နှစ်ဖက်စလုံး စရိတ်ထောင်းတယ်။ သက်သေတင်လိုက် ပြန်ကန့်ကွက်လိုက်နဲ့ မပြီးမပြီးနိုင်တော့ဘူး” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် ဒေါ်ကြည်ကြည်သန်းက ဆိုသည်။
တရားရုံးများတွင် အမှုကြန့်ကြာမှုများကြောင့် အခက်အခဲများဖြစ်ပေါ်နေသည်မှာ ဒေါ်ကြည်ကြည် သန်းတစ်ဦးတည်းတော့ မဟုတ်။
အချို့သော အမှုများမှာ ဆယ်စုနှစ်အထိကြာ မြင့်သည်အထိရှိနေသည်။ 
တရားရုံးများအနေနှင့်လည်း အမှုများပြားလွန်းသည့်အတွက် မနိုင်မနင်း ဖြေရှင်းနေရသည်။ ထိုမနိုင်မနင်းဖြစ်နေသော တရားစီရင်ရေးစနစ်ကို ဖြေရှင်းရန် နည်းလမ်းအချို့ကို တရားလွှတ်တော်က စတင်စဉ်းစားလာသည်။ 
ထိုနည်းလမ်းကတော့ တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းစေသည့် နည်းလမ်းဖြစ်သည်။ 
တရားမမှုများကို ရုံးတင်စစ်ဆေးသည့် နည်းလမ်းအသုံးမပြုသေးဘဲ ပထမဦးစွာ တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းစေသည့် နည်းလမ်း အသုံးပြုခြင်းဖြစ်သည်။ 
ထိုစနစ်ဖြင့် တရားရုံးများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စတင်ကြိုးပမ်းလာခဲ့ပြီး ရှေ့ပြေး Pilot Project  အဖြစ် ယခုနှစ် မတ်လမှစတင်ကာ တရားရုံး ၄ ရုံးတွင် စမ်းသပ်အသုံးပြုနေသည်။ 
အဆိုပါ စီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့သည်။
နေပြည်တော်ရှိ တပ်ကုန်းတရားရုံး၊ ဒက္ခိဏသီရိတရားရုံး၊ ပဲခူးတရားရုံးနှင့် တောင်ငူတရားရုံး စသည့် တရားရုံးလေးခုတွင် ရှေ့ပြေးအနေနှင့် လုပ်ဆောင်နေသော အဆိုပါစီမံချက်တွင် အမှုပေါင်း ၂၀၀ ခန့်ကို ကိုင်တွယ်နေကာ သုံးလအတွင်း တရားမမှု ၁၅ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း JICA ကဆိုသည်။ 
ယင်းသို့ ရှေ့ပြေးစီမံကိန်း အောင်မြင်မှုရှိပါက အခြားတရားရုံးများတွင် ဆက်လက်လုပ်ဆောင်သွားရန်လည်း JICA က ပံ့ပိုးမည်ဟု ပြောထားသည်။ 
ဘယ်လိုတရားမမှုတွေကို စေ့စပ်ညှိနှိုင်းမှာလဲ
ပြစ်မှုဆိုင်ရာ ဥပဒေတွင် တရားမမှုနှင့် ရာဇဝတ်မှုဟူ၍ ဥပဒေအမျိုးအစားနှစ်ခု ခွဲခြားထားသည်။
လူတစ်ဦးတစ်ယောက်တည်းသာမက အများပြည်သူကို ထိခိုက်စေနိုင်သည်ဟု ယူဆနိုင်သည့် ပြစ်မှုများကို ရာဇဝတ်မှုအနေနှင့် သတ်မှတ်ထားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းစီအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများ အကျိုးစီးပွား ပဋိပက္ခများကို တရားမမှုများအဖြစ် သတ်မှတ်ထားသည်။
တရားမမှုများတွင် ငွေမှု သို့တည်းမဟုတ် ပုဂ္ဂလိက နစ်နာမှုများပါဝင်ပြီး ကတိပျက်ကွက်မှု၊ ကြွေးမြီရလိုမှု၊ ပစ္စည်းရလိုမှု၊ ဘာသာရေး ဓလေ့ထုံးစံများအလိုက် ဖြေရှင်းရသည့် အမွေခွဲဝေမှုများ၊ အိမ်ထောင်ရေး ပြဿနာများ အစရှိသည့် ပုဂ္ဂလိက ဆိုင်ရာ ပြဿနာများလည်း ပါဝင်သည်။
လက်ရှိတွင် တရားရုံးများက ဦးဆောင်ကာ စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းကို ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်း၊ ငွေချေးငှားခြင်း စသည့် ပြဿနာများတွင် အသုံးပြုနိုင်ကြောင်း JICA ၏ ဥပဒေရေးရာ အကြံပေး Ms. Tomoko Nakashima က ပြောကြားသည်။
ထို့ပြင် လက်ရှိ ရှေ့ပြေးစီမံချက် လုပ်ဆောင်နေသည့် တရားရုံးများတွင် အဆိုပါစနစ်ကို အသုံးပြုသူများပြားလာနေပြီး ယင်းစနစ်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့်စနစ်ဖြစ်ကြောင်း Ms. Tomoko Nakashima က ဆိုသည်။
“ကျွန်မတို့ ဂျပန်နိုင်ငံမှာ ဒီစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က အသုံးပြုလာတာဖြစ်တယ်။ ကျွန်မကိုယ်တိုင်လည်း အမှုပေါင်း ၁၀၀ ကျော် လောက်ကို စေ့စပ်ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒီစနစ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ တရားရုံးမှာ ပြောဆိုရခက်တဲ့ အကြောင်းအရာကို စေ့စပ်ပေးမယ့်စနစ်ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ်လို့လည်း ယူဆတယ်။ ကျွန်မတို့ သိသလောက်တော့ တရားလွှတ်တော်ချုပ်ကလည်း ဒီစနစ်ကို အသုံးပြုဖို သုံးသပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ဘယ်လိုပုံစံ စေ့စပ်ညှိနှိုင်းပေးမှာလဲ
တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းတွင် အမှုသည်နှစ်ဦးနှင့် လေ့ကျင့်သင်ကြားပေးထားသည့် စေ့စပ်ညှိနှိုင်းသူတစ်ဦး သုံးပွင့်ဆိုင်အခန်းတစ်ခုတွင် စေ့စပ်ညှိနှိုင်းစေမည်ဖြစ်သည်။
အဆိုပါ ရုံးခန်းနှင့် ကွန်ပျူတာအသုံးဆောင်ပစ္စည်းများအတွက် JICA က ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူကိုလည်း ဥပဒေရေးရာ ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးကာ မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း JICA ကဆိုသည်။
စေ့စပ်ညှိနှိုင်းမှုတွင် တရားစရိတ် အခမဲ့ဖြစ်ပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်သည့်အတွက် လာဘ်ပေးလာဘ်ယူမှု ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်းလည်း Ms. Tomoko Nakashima က ပြောသည်။
ယင်းသို့ စားပွဲဝိုင်းတွင် စေ့စပ်ညှိနှိုင်းမှု အဆင်မပြေသည့် အဆင့်ရောက်မှသာ နောက်တစ်ဆင့်အနေနှင့် တရားရုံးသို့ တက်ရောက်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
တရားရုံးများ၏ ပြဿနာ
လက်ရှိ မြန်မာနိုင်ငံ၏ တရားရုံးများတွင် အမှုများ အလွန်များပြားနေပြီး တရားသူကြီးများ အနေနှင့်လည်း များပြားသည့်အမှုများကို တစ်ပြိုင်နက် ကိုင်တွယ်နေရသည့်အတွက် အမှုများ အပြီးသတ်ရန် ကြာမြင့်မှုများရှိနေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။
ယင်းသို့ ထောက်ပြမှုများရှိနေသော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ၂၀၁၈ ခုနှစ် တရားရုံး နှစ်စဉ် အစီရင်ခံစာတွင်မူ အမှုပြီးပြတ်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားမမှု အမှုပြီးပြတ်မှုများမှာ ၂၀၁၅ ခုနှစ်တွင် ၈၇ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၉၄ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၈၈ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၄ ရာခိုင်နှုန်း အထိရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တရားမမှု အမှုပြီးပြတ်မှုများမှာ ၂၀၁၅ ခုနှစ်တွင် ၉၂ ရာခိုင်နှုန်း၊ ၂၀၁၆ခုနှစ်တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
အလားတူ ခရိုင်တရားရုံးများတွင် ၂၀၁၅ ခုနှစ် တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၈၉ ရာခိုင်နှုန်း တရားမမှုများ အပြီးသတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအရ မြို့နယ်အလိုက် တရားမမှုများ အမှုပြီးပြတ်မှုများလည်း မြင့်မားနေပြီး ၂၀၁၅ ခုနှစ်တွင် ၉၈ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၉၈ ရာခိုင် နှုန်း၊ ၂၀၁၇ တွင် ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၉၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြို့နယ် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးအရေအတွက် ၈၀၄ ဦးရှိပြီး အဆိုပါ တရားသူကြီးများအနေနှင့် ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း သုံးသိန်းလေးသောင်းကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း အစီရင်ခံစာ ဖော်ပြချက်အရသိရသည်။
တရားမမှု၊ ရာဇဝတ်မှုများကို တရားရုံး အဆင့်ဆင့်တွင် မနိုင်မနင်း ကိုင်တွယ်နေကြရပြီး တရားသူကြီးတစ်ဦးအနေနှင့် တစ်နေ့လျှင် အမှု ၂၀ ခန့်ကို စစ်ဆေးနေရသည့်အတွက် ရုံးချိန်းအဆင့်ဆင့် ချိန်းနေကြရကြောင်း ဥပဒေရေးရာ အကြံပေးတစ်ဦးဖြစ်သူ အငြိမ်းစားထောင်မှူး ဦးခင်မောင်မြင့်က သုံးသပ်သည်။
တရားမမှုများသည် သက်သေခံအထောက်အထားတင်သွင်းမှုများတွင် တစ်ဖက်မှ ကန့်ကွက်ခြင်း၊ သက်သေများ ထပ်မံတင်သွင်းခြင်း၊ အမိန့်ချမှတ်ပြီးပါကလည်း တရားရုံး အဆင့်ဆင့်တက်ကာ အယူခံဝင်ခြင်း၊ အထက်တရားရုံးမှ ပြန်ကျလာမည့် အယူခံကို ထပ်မံစောင့်နေရခြင်း စသည့် အဆင့်ဆင့်အခြေ အနေများကြောင့် ကြန့်ကြာနေရပြီး အမှုတစ်ခုကို တစ်နှစ်ခွဲကျော်အထိ ကြာမြင့်သည်များရှိကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
“တရားမမှုတွေက ဒီလို စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းက အောင်မြင်ဖို့များပါတယ်။ တရားမမှု သဘောသဘာဝအရ နှစ်ဖက်အမှုသည်တွေက ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို နားမလည်ဘဲနဲ့ အရပ်သိသိပြီးတော့ ဒါငါ့ရပိုင်ခွင့်ဆိုပြီး တရားသေယူဆပြီးတော့ ဖြစ်ကြတာဆိုတော့ စေ့စပ်ညှိနှိုင်းတဲ့စားပွဲမှာဆိုရင် ဥပဒေအရ ဒီလိုရှိတယ်၊ ဒီတောင်းဆိုမှုအရဥပဒေအရ ဒီလိုမတောင်းရဘူးဆိုပြီးတော့ နှစ်ဖက်လုံး မနစ်နာအောင် နည်းလမ်းရွေးချယ်မယ်ဆိုရင် တရားမမှုတော်တော်များများဟာ လျှော့ချနိုင်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ၎င်းက ဆိုသည်။
အိမ်ထောင်ကွာရှင်းမှုတစ်ခုတွင် တရားရုံးစေ့စပ်ညှိနှိုင်းမှု အစီအစဉ်ဖြင့် ဖြေရှင်းနိုင်ခဲ့သည့် မလှလှ (အမည်လွှဲ) ကလည်း အဆိုပါစနစ်က တရားရုံးတွင် ဖြေရှင်းသည်ထက် ပိုမိုကောင်းမွန်ကြောင်း ထောက်ခံပြောဆိုသည်။
တရားရုံးတွင် ပြောဆို၍ခက်ခဲသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများ၊ ပြည်သူရှေ့ မချပြနိုင်သည့် ကိုယ်ရေးကိုယ်တာများကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုခွင့်ရခဲ့သည့်အတွက် ပြဿနာကို အလွယ်တကူ အပြီးသတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောပြသည်။ 
“အဓိကကတော့ ကျွန်မတို့ကို စေ့စပ်ပေးခဲ့တဲ့သူက ဖြစ်ချင်တဲ့ နည်းလမ်းကို နှစ်ဖက်ပြောပြီး ဘာကို ဖြစ်သင့်လဲဆိုတာ ရွေးချယ်ခိုင်းတယ်။ အဲဒီလိုမျိုး ဖြေရှင်းနိုင်လိုက်တယ်။ တရားရုံးမှာဆို ဒီလောက်တော့ မမြန်လောက်ဘူး ပိုကြာမယ် အလုပ်ပိုရှုပ်မယ် အခုလိုလုပ်လိုက်တာပိုကောင်းတယ်” ဟု မလှလှက ဆိုသည်။ 
အချုပ်အားဖြင့် ဆိုရပါက တရားမမှုများကို စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်ကို တရားလွှတ်တော်ချုပ်က တရားရုံးများတွင် ရှေ့ပြေးဆောင်ရွက်နေပြီး အဆိုပါ ဆောင်ရွက်မှုက တရားရုံးများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချသွားနိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းစဉ်သည် ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်ပြီး စေ့စပ်ဖြေရှင်းသူ၏ အခန်းကဏ္ဍ၊ ဥပဒေဆိုင်ရာ အရည်အချင်းနှင့် ဖြောင့်မတ်မှန်ကန်မှုရှိရန်လိုအပ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင် မြင့်က သုံးသပ်သည်။
“စေ့စပ်ညှိနှိုင်းမယ့်သူသည် ဘယ်ဘက်ကိုမှ မယိမ်းယိုင်ဘဲ ဖြောင့်မတ်မှန်ကန်ဖို့လိုတယ်။ ဥပဒေဆိုင်ရာ အရည်အချင်း ရှိဖို့လိုတယ်။ သေသေချာချာ သတ်မှတ်ထားတဲ့ နည်းဥပဒေ စနစ်တကျ လေ့ကျင့် သင်ကြားမှုတွေ ပြည့်စုံမှ ရည်ရွယ်တဲ့အတိုင်း အောင်မြင်မယ်ထင်တယ်။ အဲဒီလိုမဟုတ်ရင် အခုထက်ပို ရှုပ်ထွေးသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ အစီအစဉ်ကို တရားရုံး ၄ ရုံးတွင် သာမက အခြားနေရာများတွင် စတင်စေချင်သော အမှုသည်များလည်းရှိနေသည်။ 
တာမွေမှ အမွေဆိုင်အိမ်ကိစ္စဖြင့် တရားရုံးတွင် အချိန်ကြာနေသူ ဒေါ်ကြည်ကြည်သန်းက -
“အဲဒီစနစ်က ဘာကြောင့်ရန်ကုန်မှာ မလုပ်သေးတာလဲ။ တကယ်က ရန်ကုန်က တရားရုံးတွေမှာ အမှုတွေ အရမ်းများနေတာ။ တရားရုံးအကုန်လုံးမှာ ဒီလိုရလာဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။
ပွင့်ဇင်မော်ဟိန်း
05-Jun-2019
Sunday, June 2, 2019
မြတ်မျိုးလတ်
+++++++
မြတ်မျိုးလတ်
Unicode
မြတ်မျိုးလတ်
+++++++
       နိုင်ငံ့တတိယမဏ္ဍိုင်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်သည် ယိမ်းယိုင်နေကြောင်း၊ ပြိုလဲနေကြောင်း ပြောဆိုဝေဖန်သံတွေက ညံစီနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးအခြေအနေကို အကောင်း မြင်သူ၊ ထောက်ခံသူက အင်မတန်နည်းလွန်းနေသည်။ လူမှုကွန်ရက်စာမျက်နှာတွင် တရားစီရင်ရေး အကြောင်း ဝေဖန်ထောက်ပြသူများအတွက် လက်ခုပ်သံများက များပြားလှပြီး တရားစီရင်ရေးအကြောင်း အကောင်းဘက်က သုံးသပ်ဝေဖန်သူများအပေါ် ဆဲဆိုထောမနာပြုသူများကလည်း များပြားလှသည်။
      တရားစီရင်ရေးသည် နိုင်ငံ့ခက်မသုံးဖြာ အာဏာ(၃)ရပ်အနက် သီးခြားလွပ်လပ်စွာ ရပ်တည်ရ သော အာဏာတစ်ရပ်ရရှိထားသည့် တတိယမဏ္ဍိုင်ပင် ဖြစ်သည်။ တရားစီရင်ရေးသည် အခြား မဏ္ဍိုင်များကြား တရားစီရင်ရေးအာဏာဖြင့် အပြန်အလှန်ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရသလို တရား ဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းဥပဒေများကို အတည်ပြုကျင့်သုံးဆောင်ရွက်ရသည့် မဏ္ဍိုင်လည်း ဖြစ်ပေ သည်။
       ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးသည် လွန်စွာအရေးကြီး သည်။ တရားရုံးများသည် ပြဋ္ဌာန်းဥပဒေများအရ မှန်ကန်မှု၊ တရားမျှတမှုကို ဖော်ထုတ်ပြီး နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အကာအကွယ်ပြုရန် တာဝန်ရှိသည်။ ထို့ကြောင့် တရားရုံးများတွင် တရား စီရင်ရေးအာဏာ အသီးသီးအပ်နှံ၍ တာဝန်ပေးအပ်ထားသော တရားသူကြီးများသည် ပြဋ္ဌာန်းဥပဒေ များအရ မှန်ကန်မှု၊ တရားမျှတမှုကို ဖော်ထုတ်ရန်၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ် ပေးရန် အဓိက တာဝန်ရှိကြောင်း ထင်ရှားသည်။ 
      နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထား သည်။ ထိုအခြေခံအခွင့်အရေးများကို နိုင်ငံသားတိုင်းအပေါ် ညီတူညီမျှ ကာကွယ်ပေးရန် လိုအပ်သည်။ တရားသူကြီးတစ်ဦးသည် ယင်းတာဝန်များကို ဆောင်ရွက်ရန် နိုင်ငံတော်က ယုံကြည်စွာဖြင့် အာဏာ အပ်နှင်းခံထားရသူဖြစ်သည်။ အချို့ဒီမိုကရေစီနိုင်ငံကြီးများတွင် တရားသူကြီးတစ်ဦးသည် ၎င်း၏စီရင် ချက်၌ ဥပဒေတစ်ရပ်သည် တရားမျှတမှုမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်မှု မရှိကြောင်းကိုပင် မီးမောင်းထိုး ထောက်ပြခွင့်ရှိသည်။ ထည့်သွင်းရေးသား ဝေဖန်သုံးသပ်ခွင့် ရှိသည်။  
      နိုင်ငံ့တတိယမဏ္ဍိုင်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးတွင် တရားစီရင်ရေး အာဏာကို ယုံမှတ်အပ်နှင်းခြင်းခံရသည့် တရားသူကြီးများအားလုံးတွင် အဓိကတာဝန်ရှိကြောင်း အထက် တွင် ဆိုခဲ့ပြီးဖြစ်သည်။ တရားစီရင်ရေးလုပ်ငန်းတွင် ဆက်စပ်ဆောင်ရွက်ကြရသည့် အခြားအကျိုး သက် ဆိုင်သူများတွင်လည်း အသီးသီးတာဝန်ရှိသည်မှာ မှန်ပါသည်။ 
      သို့ရာတွင် တရားသူကြီးများသည် အမှု စီရင်ကြားနာရာ တရားခွင်တစ်ခုကို ကြီးကြပ်ရသူ၊ ဦးဆောင်ရသူဖြစ်ပြီး အခြားဆက်စပ်ပါဝင် နေသူများ အပေါ် မည်သို့ဦးဆောင်ရမည်၊ မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်ရမည် စသည်တို့ကို ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ပေးထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် တရားသူကြီးတစ်ဦးချင်း၏ တည့် မတ်ခိုင်မာမှုသည် တရားစီရင်ရေးမဏ္ဍိုင်တစ်ခုလုံး တည့်မတ်ခိုင်မာရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု ဆိုချင်ပါသည်။
      တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် နိုင်ငံတော်၏ အာဏာတစ်ရပ်ဖြစ်သည့် တရား စီရင်ရေးအာဏာကို အပ်နှင်းထားခြင်းခံရသူ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာမှုရှိရန် လွန်စွာ အရေးကြီးပါသည်။ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာနိုင်ပါမှ တရားစီရင်ရေးမဏ္ဍိုင်ကြီးတစ်ခုလုံး တည့်မတ် ခိုင်မာလာနိုင်မည် ဖြစ်ပါသည်။ တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာမှုရှိမရှိ တိုင်းတာရမည့် အဓိက ပေတံကြီးနှစ်ချောင်းသာ ရှိပါသည်။ အဆိုပါပေတံကြီးနှစ်ချောင်းမှာ တရားသူကြီးတစ်ဦး၏ အပြု အမူ၊ အပြောအဆို၊ ဆောင်ရွက်ချက်များ၊ ကြားနာစီရင် ဆုံးဖြတ်ချက်များသည် (၁) ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ညီမညီနှင့် (၂) အဂတိတရား များနှင့် ကင်းလွတ်ခြင်းရှိမရှိ တို့ပင်ဖြစ်ပေသည်။
      ပထမပေတံသည် ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ လက်စွဲများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန် ချက်များ၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့် ညီမညီပင် ဖြစ်သည်။ ထိုသို့ညီညွတ်စေရန်မှာ တရားသူကြီးများသည် အဆိုပါသတ်မှတ်ချက်များကို ကျေကျေညက်ညက် သိရှိနားလည်ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် တရားသူကြီးတစ်ယောက်သည့် အမြဲဖတ်မှတ်လေ့လာ သင်ယူနေရန်လိုအပ် သည်။ တရားရုံးများတွင် ကျင့်သုံးဆောင်ရွက်နေမှုများ၊ ဆရာ့ဆရာများ၏ လမ်းညွှန်မှုများလောက်ကိုသာ အားကိုးလို့မရ။ မူရင်းပြဋ္ဌာန်းချက်များကို လက်ကိုင်ထားရန် လိုအပ်သည်။ ပြဋ္ဌာန်းဥပဒေများကို ဖွင့်ဆို ရှင်းလင်းရေးသားထားသည့် စာအုပ်များကိုလည်း လက်ကိုင်ထားသင့်သည်။ ထို့ကြောင့် တရားသူကြီး တစ်ဦးသည် စာအုပ်ကြီးသမား တစ်ဦးဖြစ်ရန် အရေးကြီးသည်။ 
       ပထမပေတံအတွက် နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ ဥပဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင် ရွက်ခြင်းဆိုင်ရာ အနုပညာကို နားလည်တတ်မြောက်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။ အထက်တွင်ဆိုခဲ့သည့် ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ လက်စွဲများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်စည်းကမ်းများကို ဖတ်ရှုမည်ဆိုလျှင် နားလည်နိုင်သည်။ သို့ရာတွင် အသက်ဝင်အောင် ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးမှာမူကား အနုပညာတစ်ရပ်ပင်ဖြစ်သည်။ ပို၍ခက်ခဲသည်။ တရားသူကြီး တစ်ဦးသည် စာဖြင့်ရေးသားပြဋ္ဌာန်းချက်(The Letter of the Law)ကို ကျေကျေညက်ညက် ဖတ်ရှု လေ့လာမှတ်သားရန် လိုအပ်သလို ဥပဒေပြဋ္ဌာန်းချက်များ၏ ရည်ရွယ်ချက်၊ အနှစ်သာရ (The Spirit of the Law)ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန်လည်း လွန်စွာအရေးကြီးပါသည်။ ထိုသို့ကျင့်သုံး ဖော်ဆောင်နိုင်ရန်အတွက် လူသားဆန်မှု၊ သဘာဝတရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတတ်မှု၊ လူကိုလူလို မြင်တတ်၊တွေးတတ်၊ စဉ်းစားတတ်သည့် အလေ့အထသဘာဝ၊ အရာရာကို ဉာဏ်ပညာဖြင့် ဆင်ခြင်သုံး သပ်ဆောင်ရွက်တတ်မှု၊ စိတ်ခံစားမှုနှင့် မိမိ၏အတ္တနောမတိကို ထိန်းသိမ်းတုံ့ပြန်တတ်မှု စသည့် အရည်အ သွေးများလည်း ပြည့်စုံရန် လိုအပ်မည် ဖြစ်သည်။ 
      သည့်အတွက် တရားသူကြီးတစ်ဦးသည် အမြဲဖတ်မှတ်လေ့လာနေရန် လိုအပ်သည်။ မျက်စိဖွင့် နားစွင့်၍ ခေတ်၏တောင်းဆိုမှု၊ လူ့အဖွဲ့အစည်း၏အရွေ့ကိုလည်း မျက်ခြည်မပြတ် သိရှိနေရန် လိုအပ် သည်။ တရားသူကြီးတစ်ဦးကို ပြဋ္ဌာန်းဥပဒေများ၊ နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုနိုင်ရန် အခွင့်အရေး နှင့် အချိန်ပေးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် တရားသူကြီးတစ်ဦးသည် စာရင်းဇယားများ၊ ကိန်း ဂဏန်းများ၊ လမ်းညွှန်ချက်များဖြင့်သာ အချိန်ကုန်နေမည်၊ လူမှုရေးကိစ္စရပ်များ၊ ဗာဟီရကိစ္စရပ်များဖြင့် သာ အချိန်ကုန်နေမည်၊ မနိုင်ဝန်များ ထမ်းရွက်နေရမည်ဆိုလျှင် ပြဋ္ဌာန်းဥပဒေများ၏ အနှစ်သာရ(The Spirit of the Law) ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အလားတူပင် တရား သူကြီးတစ်ဦးသည် သာမန်ဝန်ထမ်းတစ်ဦး ဆောင်ရွက်နိုင်သည့် ရုံးလုပ်ငန်းတာဝန်များနှင့်သာ အချိန်ကုန် ဝန်ပိနေမည် ဆိုလျှင်လည်း ဥပဒေကို ကျင့်သုံးဖော်ဆောင်ရာ၌ စာဖြင့်ရေးသားပြဋ္ဌာန်းချက် (The Letter of the Law) မျှလောက်ဖြင့်သာ ခရီးဆုံးနေပေလိမ့်မည်။ ထို့ကြောင့် တရားသူကြီးတိုင်းက ပြဋ္ဌာန်း ဥပဒေများ၏ အနှစ်သာရ(The Spirit of the Law) ရောက်အောင် ကျင့်သုံးဖော်ဆောင်နိုင်ရန် ပံ့ပိုးပေး သည့် ဝန်းကျင်တစ်ရပ် ရှိနေရန်လည်း အရေးကြီးပါသည်။
      ဒုတိယပေတံမှာ အဂတိတရားကင်းစင်ရေးပင် ဖြစ်သည်။ အဂတိတရားဟုဆိုရာ၌ တရားရုံး များတွင် လာဘ်ပေးလာဘ်ယူကင်းရှင်းရေးသည် ပထမဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။ ထို အချက်သည် အဂတိတရား(၄)ပါးအနက် ဖေါက်ဖျက်မှုအများဆုံး အကြောင်းအရာဖြစ်သည်။ တရားသူ ကြီးများ လာဘ်စားလျှင် တိုင်တန်းနိုင်၊ အရေးယူနိုင်သည့် ဥပဒေယန္တယား ရှိပြီးဖြစ်သည်။ ထိရောက်သော အရေးယူမှုများက လာဘ်ပေးလာဘ်ယူကိစ္စအတွက် အဟန့်အတား ဖြစ်ပေလိမ့်မည်။ သို့ရာတွင် လုံး၀ ပျောက်သွားမည်ဆိုသည်ကား မသေချာလှ။ တရားသူကြီးတစ်ဦးသည် ငွေကြေးအတွက် အလုပ်မလုပ်ဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက်အလုပ်လုပ်စေရန် ၎င်း၏အခြေခံလိုအပ်ချက်များကို နိုင်ငံတော်က အာမခံ ပေးထားရန် လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် တရားသူကြီးများကို လစာကောင်းကောင်း ပေးထားသည်။ အခြားဝန်ထမ်းများနှင့်မတူ၊ လုပ်ငန်းသဘာဝအရ လိုအပ်သည့်စရိတ်များ ခွင့်ပြုပေးထား သည်။ မိမိကိုယ်တိုင်နှင့် မိသားစု၏ကျန်းမာရေးအတွက် ကျန်းမာရေးအာမခံရှိသည်။ နေရေးထိုင်ရေး အတွက် ထိုက်တန်သည့် အစိုးရအိမ်ရာ ဖန်တီးပေးသည်။ သားသမီးများ၏ ပညာရေးအတွက် ဘွဲ့ရသည် အထိ အစိုးရကတာဝန်ယူပေးသည်။ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့်အခါ ပြောင်းရွှေ့စရိတ်ကို လုံ လောက်အောင် ခွင့်ပြုသည်။ အစိုးရက လုံလောက်အောင်ပေးထားလည်း လာဘ်စားချင်သူက စားတာပါ ပဲ ဟူ၍ မေးခွန်းထုတ်သူတွေ တွေ့ဖူးသည်။ အစိုးရက လုံလောက်အောင်ပေးထားပါလျှက် လာဘ်စားလျှင် ထိထိရောက်ရောက် အရေးယူသည့် ဥပဒေယန္တယားဖြင့် ထိန်းကျောင်းရမည် ဖြစ်သည်။ 
      အဂတိတရား(၄)ပါးသည် တံစိုးလက်ဆောင်ပေးခြင်း တည်းဟူသည့် လာဘ်ပေးလာဘ်ယူကိစ္စ ထက် များစွာကျယ်ပြန့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူဖြစ်သည့် “လွတ်လပ်စွာ တရားစီရင်ခြင်း” သည် အဂတိတရား(၄)ပါးကင်းစင်သည့် တရားစီရင် မှုကို ဆိုလိုခြင်း ဖြစ်သည်။ တရားသူကြီးတစ်ဦးက ကြောက်ရွံ့မှုကြောင့်ဖြစ်စေ၊ လူချင်းခင်မင်ရင်းနှီးမှု၊ တစ်စုံတစ်ရာ ဆက်စပ်ပတ်သက်မှုကြောင့်ဖြစ်စေ အမှန်ကို အမှား၊ အမှားကိုအမှန် စီရင်ရခြင်းသည်လည်း လွတ်လပ်သည့် တရားစီရင်ခြင်း မဟုတ်ပေ။ အလွန်အရေးကြီးသည့် အဂတိတရား(၁)ပါးမှာ မောဟဂတိ ဖြစ်သည်။ တရားသူကြီးတစ်ဦးသည် အချက်အလက်သုံးသပ်ရာတွင် ကျွမ်းကျင်လိမ္မာရန်လိုသည်။ ထို့ပြင် ဥပဒေပြဿနာများကို ဖြေရှင်းရာတွင်လည်း ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်းဆုံးဖြတ်နိုင်ရန် လိုသည်။ သည့်အတွက် အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ၊ တရားနှင့် မတရားကို ဆင်ခြင်ခွဲခြား သုံးသပ်နိုင်သည့် အလေ့အလာ ဗဟုသုတလိုသည်။ ဉာဏ်ပညာ ဆင်ခြင်တုံတရား လိုသည်။ သို့မှသာ မောဟကင်းသော တရားစီရင်ခြင်းကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ 
      တရားစီရင်ရေး တည့်မတ်ခိုင်မာရေးအတွက် တရားသူကြီးတစ်ဦးချင်း တည့်မတ်ခိုင်မာရန် တိုင်း တာရမည့် ပေတံ(၂)ချောင်းကို အထက်တွင် တင်ပြခဲ့ပါသည်။ အခြားသောလိုအပ်ချက်များလည်း ရှိပါသည်။ သို့ရာတွင် တရားသူကြီးတစ်ဦးချင်း မိမိကိုယ်မိမိ ပြန်လည်သုံးသပ်တိုင်းတာရန် လိုအပ်သည့် အချက်များကို မီးမောင်းထိုး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မြတ်မျိုးလတ်
(၂၃-၂-၂၀၁၉ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာ).
Wednesday, March 13, 2019
အပြစ်တင် ငြင်းခုံခြင်းဖြင့် အဖြေမှန်ရမည် မဟုတ်။
ဇေယျာမိုးမြင့်စံ
လူပြိန်းကြိုက် လက်ခုပ်သံများကို အလွန်အမင်း မျှော်လင့်၍ ဌာနအဖွဲ့အစည်းများကို အလွန်အကျွံ စွပ်စွဲ ပြစ်တင် ရှုတ် ချနေခြင်းထက် စိတ်စေတနာ ကောင်းဖြင့် ချဉ်းကပ်လျက် အခက်အခဲများ၊ ပြဿနာများ၊ အားနည်းချက်၊ အားသာချက် များကို အတွင်းကျကျ သိရှိနားလည်အောင် ပြုကာ အကြံဉာဏ်ကောင်းများပေး ခြင်းက ပို၍ အကျိုး သက်ရောက်မှု ရှိစေမည် ဖြစ်ပါသည်။
ဒီဇင်ဘာ ၁ ရက်နေ့ထုတ် ဂျာနယ်တစ်စောင်၏ မျက်နှာဖုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ ခေါင်းစီးဖော်ပြချက်မှာ အသည်းယား စရာပဲ ဖြစ်ပါသည်။
သတင်းစာများ နိုင်ငံပိုင်ဆို လျှင် ခိုးကြ သုံးကြ ဗုန်းကြမှာပဲ.. တဲ့။
ပုဂ္ဂလိကသတင်းစာများ ထုတ် ဝေခွင့်ပြုပါက နိုင်ငံပိုင်သတင်းစာ ဆက်လက်ထားရှိရန် သင့်မသင့်ဆို သော ပြဿနာ ကို သေချာဃန လေ့ လာခဲ့ဖူးခြင်း မရှိသဖြင့် ဤနေရာတွင် ပါဝင်ဆွေးနွေးလိုခြင်းမရှိပါ။ ပုဂ္ဂလိ ကနှင့် နိုင်ငံပိုင်သတင်းစာတို့ အတူ တကွ ရှိသင့် မရှိသင့် သို့မဟုတ် ပုဂ္ဂလိက သတင်းစာသာလျှင် ရှိသင့် ပြီး နိုင်ငံပိုင် သတင်းစာဟူ၍ တစ် စောင်တစ်လေမျှပင် ရှိရန်သင့်၊ မသင့်ဆိုသည်မှာ သီးခြားစဉ်းစား၍ အဖြေရှာရမည့် ကိစ္စ ဖြစ်တန်ရာပါ သည်။ သို့ရာတွင် နိုင်ငံပိုင်သတင်း စာကို ဆက်လက်၍ ထားရှိနေဦး မည်ဆိုရုံမျှဖြင့် ခိုးကြ သုံးကြ ဗုန်း ကြမှာပဲဟူ၍ တစ်ထစ်ချ စွပ်စွဲပြောဆိုရန်မူကား အဆင်ခြင်မဲ့ ဝါးလုံး ချေးသုတ် ပြောရာရောက်ပါသည်။ လူကောင်းသူကောင်းများကို အားနာဖို့ ကောင်းပါသည်။
မည်သည့်ဌာနအဖွဲ့အသင်းမဆို ကောင်းသူတွေရှိသကဲ့သို့ ဆိုးသူတွေ ရှိနိုင်ပါသည်။ ရိုးဖြောင့်သူတို့ရှိ သကဲ့သို့ မရိုး မဖြောင့်သူတို့လည်း ရှိနိုင်ပါသည်။ လူတစ်ဦး တစ်ယောက် တည်းပင်လျှင် ကောင်းသည့်အခါ ကောင်း၍ ဆိုးသည့်အခါ ဆိုးသည် မျိုးရှိနိုင်ပါသည်။ ပညာရှိအထင်ခံ လိုပါက နှိုင်းနှိုင်းချိန်ချိန်သုခမိန်ဆို သလို သတိချပ်၍ ပြောတတ်ဖို့လိုပါ သည်။ ဉာဏ်နည်းသူတို့သည်  အပေါစားလက်ခုပ်သံများကို အလွန်အမင်း သာယာတတ်သည် ဖြစ်ရာ မိမိတို့၏ လူသိရှင်ကြားပြောဆိုချက် ကို ပညာရှိတို့ ရယ်ဖွယ် မဖြစ်အောင် ဆင်ခြင်ရမည် ဖြစ်ပါသည်။
ဤကမ္ဘာမြေတွင် သူမိုက်တို့  ၏ အချိုးအစားက ပိုသာနိုင်ဖွယ်ရှိ ပါသည်။ ဉာဏ်ကြီးသူတို့သည် လွယ်လွယ် လက်ခုပ်တီးလေ့ မရှိပါ။ လိမ္မာယဉ်ကျေးမှုနှင့် မှန်ကန်မျှတမှု သာလျှင် အစစ်အမှန်ဖြစ်သည်ကို ယုံမှားဖွယ် မရှိသင့်ပါချေ။
မကြာသေးမီက ဖွဲ့စည်းသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီက တွေ့ရှိ ချက် ၁၉ ချက်နှင့် သုံးသပ်ချက် ၅ ချက်ပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ပြည်သူ့လွှတ်တော်သို့ တင်သွားခဲ့သည်ဟု ဆိုပါသည်။
သတင်းဖော်ပြချက် တစ်ခုမှ ကောက်နုတ် ဖော်ပြပါမည်။
တွေ့ရှိချက်များအရ တရားရုံး များတွင် အမှုပွဲစားများ ရှိနေကြောင်း၊ တရားရုံးဆင့်ခေါ်မှုတွင် ရဲနှင့်ဆင့် စာလုလင်၏ ပျက်ကွက်မှုများ ကြောင့် သက်သေများ မလာနိုင် သကဲ့သို့ သက်သေစရိတ် ချက်ချင်း မထုတ်ပေး နိုင်သဖြင့်လည်း သက်သေများ မလာလိုကြရာ အမှုများမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်နေကြောင်း၊ အမှုစစ်ဆေး ရာတွင်လည်း သက်သေများ က အားနာသဖြင့် အမှန်ထွက်ဆိုရန် ဝန်လေးနေကြကြောင်း တရားခွင်များသည် ကျဉ်းမြောင်းလှသဖြင့် အများပြည် သူရှေ့မှောက်တွင် တရားစီရင်ရန် အခက်အခဲ ရှိနေသကဲ့သို့ တရားရေး ဝန်ထမ်းများ အပါအဝင် လူထုမှာ အကြောက်တရား လွှမ်းမိုးနေသဖြင့် ပွင့်ပွင့်လင်းလင်း မပြောရဲကြသေး ကြောင်း၊ တိုင်ချက်များကို စွပ်စွဲခံရသူများကို ညှဉ်းပန်းနှိပ်စက် ရာမှ ထွက်လာသော ထွက်ချက်များ အပေါ် အခြေခံ၍ တင်မှုများရှိနေကြောင်း၊ လာဘ်ပေး လာဘ်ယူမှုများ ယခုတိုင်ရှိနေသကဲ့သို့ ပြည်သူများ ကလည်း ထိုကိစ္စအတွက် တာဝန်မကင်းဟု မသိကြကြောင်း။
သေချာဃန စိစစ်လေ့လာခြင်း မရှိသည့် ပရမ်းပတာ စွပ်စွဲပြစ်တင် မှုများကြောင့် စိတ်လက်မချမ်းမသာ ဖြစ်ခဲ့ကြကုန်သော တတ်သိနားလည် သူအပေါင်း တို့သည် လည်းကောင်း၊ နာကျင်ခံစားနေကြသည့် တရား စီရင်မှုဝန်ထမ်းတို့သည် လည်းကောင်း၊ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ ထားချက်များအတွက် ကျေနပ်  ကြည်ဖြူနိုင် လိမ့်မည် ထင်ပါသည်။
တရားရုံးများ အပေါ် ချီးကျူး ထားသောကြောင့် မဟုတ်ပါ။ ချီးကျူးထားချက် တစ်ချက်မှ မပါရှိပါ။
သို့သော် ရန်လိုသော၊ အပြစ်ရှာသော၊ မိမိ၏အပြစ်အနာကို ဖုံးကွယ်လို၍ သံကောင်းဟစ်ပြသော အကာပြဲ့ပြဲ့ အနှစ်မဲ့ သည့် ဖော်ပြချက်တို့ မပါဝင်သည် ကပင်လျှင် ကျေနပ်စရာ ကောင်းနေခဲ့ပါပြီ။ စာနာ နားလည်မှုကပင် ကျေနပ်စရာ ကောင်းနေခဲ့ပါပြီ။ သူတို့ လေ့လာတွေ့ရှိထားသည့် အားနည်းချက်များ ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ တရားရုံး များစွာ၌ အမှန်တကယ် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲ အချို့ကို ကော်မတီ သည် တိုတောင်းသော ကာလအတွင်း ရှာဖွေတွေ့နိုင်ခဲ့ပါသည်။
ချွတ်ယွင်းချက်များရှိပါဦးမည်။ အရေးယူရမည့် သို့မဟုတ် ပြုပြင် တည့်မတ်ပေးရမည့် သို့မဟုတ် ဌာနချင်း ပူးပေါင်းညှိနှိုင်း၍ အဖြေရှာရ မည့်အချက်များ ကျန်ရှိပါဦးမည်။  သို့သော် တစ်ခုမကျန် မဟုတ်သော် မှ ကုစားရန် မလွဲမသွေ လိုအပ်သည့် အနာဟူသမျှ ရှာဖွေတွေ့ရှိ နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
တရားစီရင်ရေးဆိုသည်မှာ တရားရုံးတစ်ခုတည်းက တစ်ဦး ကောင်းတစ်ယောက်ကောင်း လုပ်၍ ရနိုင်သော လုပ်ငန်း မဟုတ်ကြောင်း၊ ရဲအရာရှိ၊ သက်သေ၊ ရှေ့နေ၊ ဥပဒေ အရာရှိ၊ ဓာတုဗေဒဝန်၊ လက်ရေး/ လက်ဗွေ ပါရဂူ၊ ဆရာဝန်၊ မြေ စာရင်းအရာရှိနှင့် အခြားဌာနဆိုင် ရာတို့၏ မှန်ကန်သော ပူးပေါင်း ဆောင်ရွက်မှု တို့သည်လည်း အမှု အလျောက် အရေးကြီးသောအခန်း ကဏ္ဍမှ ပါဝင်ကြောင်း မကြာမီ ရှာဖွေတွေ့ရှိနိုင် လိမ့်မည်ဟု ယူဆ ပါသည်။
တရားသူကြီးဆိုသူမှာ စစ်ဆေး ပေါ်ပေါက်သည့် သက်သေ အထောက်အထားများအပေါ် ဥပဒေပြဋ္ဌာန်းချက်  နှင့်အညီ မှန်ကန် မျှတသည့် စီရင် ဆုံးဖြတ်မှုကိုပြုရန် အဓိက တာဝန် ရှိသူဖြစ်ပါသည်။ သို့သော် ရိုက်သည်ကို မြင်သော သက်သေ တို့က အားနာသောကြောင့်ဖြစ်စေ၊ ကြောက် ရွံ့သော ကြောင့်ဖြစ်စေ၊ တံစိုးမကင်း သော ကြောင့်ဖြစ်စေ၊ ရိုက်သည်ကို မြင်ကြောင်း မထွက်ပါက ရိုက်မှု ဖြင့် ပြစ်ဒဏ်စီရင်ခြင်း ပြုနိုင်မည် မဟုတ်ပါ။ မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦးကို ဆီးစစ်ဆေးသည့် ဓာတု ဗေဒဝန်က ဆီးထဲတွင် အင်ဖက်တမင်း မတွေ့ ကြောင်း၊ ပြင်ပလက္ခဏာ စစ်ဆေးသည့် ဆရာဝန်က မူးယစ်ဆေးဝါး သုံးစွဲသည့် လက္ခဏာများ မတွေ့ကြောင်း သက်သေခံပါက ဥပဒေအရ အရေးယူ အပြစ်ပေး နိုင်မည် မဟုတ်ပါ။ အမှုတွင် သက်သေအဖြစ် ဆင့်ခေါ်ခြင်း ခံရသည့် ဌာနဆိုင်ရာ ဝန်ထမ်းက ဆရာဝန် များသို့နှယ် အမှုသည်ထံမှ ခြေကြွခ မရမချင်း အကြောင်းအမျိုးမျိုး ပြ၍  သက်သေခံရန် ရှောင်တိမ်းနေသည် မျိုးကို တရားသူကြီးများ ကြုံဖူးကြပါသည်။ သက်သေ ဆင့်ခေါ်စာ အတည်ဖြစ်ပါလျက် တမင်ရှောင်ဖယ် နေသော ရယက ဥက္ကဋ္ဌကို ဥပဒေနှင့်အညီ သက်သေ ဖမ်းဝရမ်း ထုတ်ခဲ့ သောကြောင့် ပြင်းထန်စွာ သတိပေးခြင်းခံရသော တရားသူကြီးမျိုး လည်း တကယ်ရှိခဲ့ဖူးပါသည်။
တရားရုံးများတွင် နှစ်အဆက်ဆက် ခေတ်အဆက်ဆက် ဖြေရှင်း၍ မပြေလည်နိုင်သေးသော အခက်အခဲ ပြဿနာများစွာ ရှိပါဦးမည်။ တရားသူကြီး များသည် ဥပဒေပညာတတ် များဖြစ်ပါသည်။ ပူးပေါင်း ဆောင်ရွက်မှု ကို ရယူ တည်ဆောက်နိုင်ဖို့ လိုပါသည်။ ရန်လိုစိတ်နှင့် အပြစ်ရှာနေခြင်းဖြင့် ရည်ရွယ်ရင်း မရောက်နိုင်ပါ။
မကြာသေးမီက ရန်ကုန်မြို့ရှိ  တရားရုံး အနည်းငယ်ကို ကော်မတီ တစ်ခု၏ တာဝန်အရ သွားရောက် စစ်ဆေး လေ့လာ ပြီးနောက် တရားရုံးများအပေါ် လူသိထင်ရှား တရားလက်လွတ် ထိပါးပြောဆိုသူတစ်ဦး ရှိခဲ့ပါသည်။ တရားရုံးများဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ ငြိမ်သက်နေခဲ့သေးသည်ကို ဝေဖန် ဆွေးနွေးရန် မရှိပါ။ သို့ရာတွင် ထိုသို့ ထိပါးပြောဆိုခဲ့သူသည် တစ်ချိန်တည်းတွင် အမှုသည်ထံမှ အခကြေးငွေ ယူ၍ အမှုလိုက်ပါ ဆောင်ရွက်လျက် ရှိသော ရှေ့နေရှေ့ရပ် တစ်ဦးလည်း ဖြစ်နေပြန်ရာ ထိုသူ လိုက်ပါ ဆောင်ရွက်သော အမှုများ တွင် ထိုတရားရုံးတို့က မှန်ကန်မျှတသည့် စီရင်ချက်များ ချမှတ်နိုင်ပါ မည်လား၊ တစ်စုံတစ်ရာ စိုးရွံ့ထိတ်လန့် မှုဖြင့် ထိုသူလိုက်ပါနေသော အမှုမှန်သမျှ အနိုင်ပေးစီရင်လိုက် လေမည်လားဟူ၍ ထိုသူနှင့် ဆိုင်ပြိုင်သော အမှုသည်တို့က သံသယ မကင်း ဖြစ်နိုင် ပါသည်။ တရားသူကြီး အငယ်တို့သည် မည်သူက မည် သို့ပင် ဟန်ရေးပြ၍ ပြောဆိုနေစေ ကာမူ ထည့်သွင်းစဉ်းစားဖို့မလို ဥပဒေနှင့်အညီ အမှုစစ်ဆေး ပေါ်ပေါက်ချက် အတိုင်းသာလျှင် မှန်ကန် သည့် စီရင်ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ချမှတ်ဖို့ပဲလိုသည်ဆိုတာ ရှင်းရှင်း လင်းလင်း သိမှ သိကြပါမည်လားဟု စိုးရိမ်မကင်းဖြစ်သူတို့လည်း  ရှိသည်။ သွယ်ဝိုက်ခြိမ်းခြောက်မှု သို့မဟုတ် မလျော်သြဇာ လွှမ်းမိုးမှုဖြင့် တရားစီရင်ရမည့် ခေတ်ကာလ မဟုတ်တော့ပြီကို အငယ်ဆုံးတရား သူကြီးတို့ကပါ လက်ခံယုံရဲနိုင်အောင် Encourage လုပ်ပေးဖို့ လိုပါမည်။
တရားရုံး၏ပုံရိပ်ကို ညစ်ထေးစေခဲ့သူတို့သည် ပို၍ သံကောင်း ဟစ်တတ်ကြောင်း သတိချပ်ရပါ မည်။
လာဘ်ပေး လာဘ်ယူမှု ဆိုသည်မှာ ဌာနအဖွဲ့အစည်းတစ်ခုတည်း သို့မဟုတ် လူတစ်စု တစ်အုပ်တည်း တွင် စွဲကပ်လျက် ရှိသော ရောဂါ ဝေဒနာချက်မဟုတ်သည်ကို သဘော  ညီနိုင်ကြမည်ထင်ပါသည်။ အကျင့်ပျက် ခြစားမှုကို ပြစ်တင်မောင်းမဲ သူတို့သည် အကျင့်မပျက် ခြမစားသူတို့သာ ဖြစ်ရပါမည်။ ညောင်သီး စားငှက်ကို ပစ်ခတ်မည့် လေးသမား  ကိုယ်တိုင် ညောင် ရိပ်နှင့် လွတ်ရပါမည်။ သို့မဟုတ်ပါက ညောင်သီးဖြင့် ဝလင် နေသော လေးသမားက ပို၍ အန္တရာယ်ကြီးနိုင်ပါသည်။
စွက်ဖက်မှုဆိုသည်မှာ လူတချို့က ထင်မြင်သကဲ့သို့ အိတ်ပိတ်စာ အိတ်ထဲမှ အမိန့်တစ်စုံတစ်ရာ မဖြစ် တန်ရာ ပါ။ အားနည်းချက်ရှိနေသော အမှုထမ်း အရာထမ်းတို့၏ ဘဝရပ် တည်မှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်သည့်  အကြောက် တရား တွင်သာ အခြေခံခဲ့ဖွယ် ရှိပါသည်။ ယခင် ပြည်သူ့ တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ လုပ်ခဲ့ သော သူရ ဦးအောင်ဖေ ကတော့ ပြောပါသည်။ “တရားစီရင်မှုဆိုတာ စိတ္တသတ္တိလိုတယ်၊ တစ်ခါတစ်ခါ သူရဘွဲ့ တစ်ခုနဲ့တောင် မလုံလောက်”  ဟု ဆိုပါသည်။
မည်သည့် ဌာန အဖွဲ့အသင်းကို မဆို ရန်လိုသောသဘောဖြင့် အပြစ်တင်ငြင်းခုံနေခြင်းထက် စိတ် စေတနာ ကောင်းဖြင့် ချဉ်းကပ်အဖြေ ရှာခြင်းက ပို၍ အကျိုးများဖွယ်ရှိမည် ထင်ပါသည်။
ဇေယျာမိုးမြင့်စံ
Myanmar Independent News journal
Sunday, February 24, 2019
အဆိုအချေဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)
အဆိုအချေများမှ ထုတ်ပယ်ခြင်း
🌂🌂🌂🌂🌂🌂🌂🌂
အမိန့်-၆၊ နည်း ၁၆
တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို အဆိုအချေ တစ်ရပ်ရပ်ပါ လိုအပ်မည်မဟုတ်သော သို့မဟုတ် အသရေပျက်စေမည် ဖြစ်သော သို့မဟုတ် အမှုကို မျှတစွာ စစ်ဆေးစီရင်ရာတွင် ထိခိုက်မှုကိုသော်လည်းကောင်း၊ အနှောင့်အယှက်သော်လည်းကောင်း၊ ကြန့်ကြာမှု သော်လည်းကောင်း ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာကိုမဆို ထုတ်ပယ်ရန် သို့မဟုတ် ပြင်ဆင်ရန် အမိန့်ချမှတ်နိုင်သည်။
လိုအပ်မည်မဟုတ်သော
💐💐💐💐💐💐
ယေဘုယျအားဖြင့်ဆိုလျှင် အဆိုအချေ သို့မဟုတ် စွပ်စွဲချက်များသည် မလိုအပ်ကာမျှဖြင့် အသရေပျက်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း (ကသိကအောက်ဖြစ်စေခြင်း) မရှိလျှင် ဤနည်းဥပဒေအရ ပယ်ဖျက်ရန် မဟုတ်။
(အထက်ပါကျမ်း၊ စာ-၂၂၃၈)
အဆိုအချေများတွင် မလိုအပ်သည့်အပြင် တရားပြိုင်အပေါ် မရိုးသားသော အပြုအမူများ စွပ်စွဲထားလျှင်ဖြစ်စေ၊ တရားပြိုင်အား သို့မဟုတ် တရားရုံးအား အမှုစစ်ဆေးစီရင်ရာတွင် အနှောင့်အယှက် ဖြစ်စေလျှင်ဖြစ်စေ ထုတ်ပယ်ပစ်ရန် အမိန့်ချမှတ်မည်ဖြစ်သည်။
(အေအိုင်၊ ၁၉၅၃၊ တီစီ၊ ၅၂၄)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၀)၊ (အေအိုင်အာ၊ ၁၉၅ဝ၊ ပတ္တနာ၊ ၃၆၄)
တစ်ဖက်တွင် အဆို သို့မဟုတ် အချေသည် မလိုအပ်ဘဲရှည်လျားနေလျှင်ဖြစ်စေ၊ လျှောက်လဲသည့်သဘောဖြစ်လျှင်ဖြစ်စေ လုံးဝ မစပ်ဆိုင်သော သို့မဟုတ် နားမလည်နိုင်သော အကြောင်းအရာများ ပါရှိလျှင်ဖြစ်စေ ဤနည်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည်။
(အိန္ဒိယအမှုများ၊ အတွဲ-၁၁၄၊ စာ-၉၀၆)၊ (အထက်ပါကျမ်း၊ စာ ၂၂၃၈)
အသရေပျက်စေခြင်း
💐💐💐💐💐
တရားပြိုင်အပေါ် မရိုးသားသော အပြုအမူကို အဆို၌ စွပ်စွဲထားသော်လည်း ထိုအကြောင်းအရ သက်သာခွင့်တောင်းဆိုထားခြင်း မရှိလျှင် ယင်းစွပ်စွဲချက်များကို အသရေပျက်စေပြီး အနှောင့်အယှက် ဖြစ်စေသည့်အနေဖြင့် ပယ်ဖျက်မည်ဖြစ်သည်။ (အထက်ပါကျမ်း၊ စာ ၂၂၃၉) မယားက လင်အပေါ် ထိမ်းမြားမှုဆိုင်ရာ စီမံမှုကို ပြင်ဆင်ပေးရန် စွဲဆိုရာ၌ တရားပြိုင်သည် ကလေးမတစ်ဦးအား ဗလက္ကာရပြုသဖြင့် တရားလိုသည် ၄င်းနှင့်အတူနေရန် ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲချက်သည် အသရေပျက်စေသည်ဖြစ်၍ ပယ်ဖျက်ရန် အမိန့်ချမှတ်သည်။
(အထက်ပါကျမ်း၊ စာ-၂၂၃၉)
အောက်ရုံးတရားသူကြီး ဘက်လိုက်ကြောင်း အယူခံလွှာပါ စွပ်စွဲချက်ကို တရားလွှတ်တော်က ပယ်ဖျက်သည်။
(မဒရပ်၊ အတွဲ ၂၂၊ စာ-၁၅၅)
တစ်ဖက်တွင် အသရေပျက်စေသည်ဆိုသော အဆိုအချေပါ စွပ်စွဲချက်သည် အမှုတွင် ထုတ်ထားသော ငြင်းချက် သို့မဟုတ် ငြင်းချက်များအနက် တစ်ခုနှင့်စပ်ဆိုင်လျှင် သို့မဟုတ် လိုအပ်လျှင် ပယ်ဖျက်ခြင်းမပြုနိုင်။
(အထက်ပါကျမ်း၊ စာ-၂၂၃၉)
မျှတစွာစစ်ဆေးစီရင်ရာတွင် ထိခိုက်မှု (သို့မဟုတ်) အနှောင့်အယှက် ဖြစ်စေခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမှုတွင် အသုံးပြုခွင့်မရှိသော တောင်းဆိုချက် သို့မဟုတ် ထုချေချက်မပြတ်သားသော သို့မဟုတ် နားမလည်နိုင်သော အဆိုအချေ၊ မထင်မရှား၊ မလိုအပ်သော သို့မဟုတ် စပ်ဆိုင်မှုမရှိသည့် အဆိုပြုချက်များပါ အဆိုလွှာသည် အနှောင့်အယှက်ဖြစ်စေသည်ဖြစ်၍ ထုတ်ပယ်နိုင်သည်။
(အထက်ပါကျမ်း-၂၂၄ဝ)
(အေအိုင်အာ၊ ၁၉၅၅၊ ဗာရားလွှတ်တော်ချုပ်၊ ၆၁၀)
တရားရုံး၏ လုပ်ပိုင်ခွင့်
💐💐💐💐💐💐
တရားရုံးသည် နည်း ၁၆ တွင် အကျုံးဝင်သော စွပ်စွဲချက်များကို မိမိသဘောအလျောက် ထုတ်ပယ်နိုင်သည်။
(အေအိုင်အာ၊ ၁၉၁၀၊ မဒရပ်၊ ၆၈၁)
ဤနည်းဥပဒေအရ ထုတ်ပယ်ခွင့် သို့မဟုတ် ပြင်ဆင်ခွင့်အာဏာကို တရားရုံးက မိမိသဘောအတိုင်း သုံးစွဲရန် ဖြစ်၍ အထူး သတိကြီးစွာဖြင့် ကျင့်သုံးရမည်။
(အေအိုင်အာ၊ ၁၉၅၁၊ နဂ္ဂပူး၊ ၄၁၂)
💥💥💥💥💥💥💥💥💥💥💥💥💥💥
အဆိုအချေများကို ပြင်ဆင်ခြင်း
🌂🌂🌂🌂🌂🌂🌂🌂
နည်း ၁၇ တရားရုံးသည် အမှုတွင် မည်သည့်အဆင့်၌မဆို တရားမျှတသောနည်းလမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ တစ်ဖက်ဖက်သော အမှုသည်အား အဆိုအချေများကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန် ခွင့်ပြုနိုင်သည်။ ထို့ပြင် အမှုသည်တို့အကြား အငြင်းပွားသည့် ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်များအားလုံးကိုလည်း ပြုလုပ်ရမည်။
ပြင်ဆင်ခြင်းအမျိုးမျိုး
💐💐💐💐💐
တရားမကျင့်ထုံးဥပဒေတွင် ပြင်ဆင်ချက်ငါးမျိုးကို ပြဋ္ဌာန်းထားသည်။
(က) ပုဒ်မ-၁၅၂ (စီရင်ချက် အစရှိသည်တို့ကို ပြင်ဆင်ခြင်း)
(ခ) ပုဒ်မ-၁၅၃ (အမှုတွင် ဆောင်ရွက်ချက်များကို ပြင်ဆင်ခြင်း)
(ဂ) အမိန့် ၁၊ နည်း ၁၀ (၂) (အမှုသည်များ ထုတ်ပယ်ခြင်းနှင့် ထည့်သွင်းခြင်း)
(ဃ) အမိန့် ၆၊ နည်း ၁၆ (ဆန့်ကျင်ဘက်အမှုသည်၏ အဆိုအချေကို ပြင်ဆင်ခြင်း)
(င) အမိန့် ၆၊ နည်း ၁၇ (မိမိ၏ အဆိုအချေကို ပြင်ဆင်ခြင်း)
ပြင်ဆင်ခွင့်ပေးခြင်း
💐💐💐💐💐
ယေဘုယျဥပဒေသမှာ အဆိုအချေကို ပြင်ဆင်ခြင်းဖြင့် တစ်ဖက်အမှုသည်အား ငွေကြေးဖြင့် ထေ၍ မရနိုင်သော နစ်နာမှု မပေါ်ပေါက်လျှင် အဆိုအချေတွင် အမှုသည်များအကြား အမှန်တကယ် အငြင်းပွားမှု ပေါ်လွင်လာစေရန် အဆိုအချေတို့ကို ပြင်ဆင်ခွင့်ပေးသင့်သည်။
(အေအက်စ်၊ မွတ်တန်နှင့် အိုင်အမ်မဒါး၊ ၁၉၄၉၊ မတစ၊ ၄၈၄ (တရားလွှတ်တော်))
မူလပျက်ကွက်မှုသည် ပေါ့ဆမှု သို့မဟုတ် ဂရုမစိုက်မှုမှ ပေါ်ပေါက်ရသည်မှာ အဓိကမဟုတ်၊ ပထမပျက်ကွက်မှုသည် မည်မျှပင် ပေါ့ဆမှုကြောင့်ဖြစ်စေကာမူ သို့မဟုတ် မည်မျှပင် ဂရုမစိုက်မှု ကြောင့်ဖြစ်စေကာမူ တစ်ဖက်ကို မတရားမှုမဖြစ်စေပါက ခွင့်ပြုသင့်သည်။ တစ်ဖက်ကို တရားစရိတ်ပေးလျော်စေခြင်းဖြင့် ထေနိုင်ပါက မတရားမှု မဖြစ်စေနိုင်။
(အေအိုင်အာ၊ ၁၉၅၄၊ ပတ္တနာ၊ ၄၃၉)
တရားစရိတ်သည် လုံလောက်သော လျော်ကြေးမဟုတ်လျှင် ပြင်ဆင်ချက်ကို ငြင်းပယ်ရန် ဖြစ်သည်။
(အေအိုင်အာ၊ ၁၉၅၆၊ အာသံ၊ ၇၉)
ပြင်ဆင်လိုသော မှားယွင်းချက်သည် မတော်တဆမှားယွင်းမှု ဟုတ်၊ မဟုတ်သည် အဓိကမဟုတ်၊ မတော်တဆ အမှားများကိုသာ ပြင်ဆင်နိုင်သည်ဟု ကန့်သတ်ထားခြင်းမရှိ။ ဥပဒေအကြောင်းအရ ဖြစ်စေ၊ အကြောင်းခြင်းရာအရဖြစ်စေ၊ သဘောရိုးဖြင့် မှားယွင်းချက်များ၏ အကျိုးသက်ရောက်မှုများကို ကျော်လွှားနိုင်စေရန်အလို့ငှာ သင့်တော်သော အမှုများတွင် အဆိုအချေကို ပြင်ဆင်ခွင့်ပြုသင့်သည်။ ယင်းမှားယွင်းမှုများကြောင့်ဖြစ်ပေါ်စေသော ပျက်ကွက်မှုများ သို့မဟုတ် တင်ပြချက်များကို တမင်သက်သက်ပြုလုပ်သည်၊ မပြုလုပ်သည် ပဓာန မဟုတ်။
(ကေအီးအေကေ အာမက်ဆာဟစ်ကုမ္ပဏီနှင့် ကေအမ်အဒမ်ဆာ၊ ရန်ကုန်၊ အတွဲ-၂၊ စာ-၆၆)
“အမှုသည်တို့အကြား အငြင်းပွားသည့်ပြဿနာအမှန်ကို ဆုံးဖြတ်ရန်ကိစ္စအလို့ငှာ လိုအပ်သည့် ပြင်ဆင်ချက်အားလုံးကို ပြုလုပ်နိုင်သည်”ဟု နည်းဥပဒေက ဆိုသည်။ သို့ဖြစ်ရာ ငွေပေးကတိစာချုပ်ကို အခြေခံ၍ စွဲဆိုသော အမှုတွင် မူလအဖိုးစားနားအတွက် ပြောင်းလဲစွဲဆိုနိုင်ရန် တရားလိုသည် အဆိုလွှာကို ပြင်ဆင်နိုင်သည်။
(မောင်ရွှေမြတ်နှင့် မောင်ဘိုးဆင်၊ ရန်ကုန်၊ အတွဲ-၃၊ စာ ၁၈၃(စုံညီ))
(ဥပမာ- ငွေပေးကတိစာချုပ်မှာ သက်သေခံမဝင်ကြောင်း သတိမထားဘဲ စွဲဆိုရာမှ သက်သေခံမဝင်ကြောင်း တွေ့ရှိရသည့်အခါ စာချုပ်အပေါ် မှီငြမ်းခြင်းမပြုတော့ဘဲ ချေးငွေကို ရလိုကြောင်း ပြင်ဆင်ခြင်း)။ ကာလစည်းကမ်းသတ်မှတ်ကျော်လွန်ခြင်းမှ ကင်းလွတ်ခွင့်ရရန် အကြောင်းပြချက်တစ်ရပ်အစား အခြားတစ်ရပ်ကို အစားထိုးနိုင်ရန် အလို့ငှာ အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင်သည်။
(အေအိုင်အာ၊ ၁၉၃၅၊ ဘုံဘိုင်၊ ၂၁၃)
တစ်ဖက်အမှုသည်ကို မနစ်နာစေရန် တရားရုံးက ပြင်ဆင်ခွင့် မပြုသင့်သော အမှား (လိမ်လည်လှည့်ဖြားမှုမရှိသော အမှား)ဟူ၍ မရှိ။
(အထက်ပါကျမ်း၊ စာ-၂၂၄၄)
သို့ဖြစ်ရာ ကြွေးမြီရလိုကြောင်း စွဲဆိုထားသော အမှုတွင် ကာလစည်းကမ်းသတ် ကျော်လွန်နေကြောင်း ထုချေချက်ပါရှိသည့် ချေလွှာတင်သွင်းပြီးနောက် တရားပြိုင်က ကြွေးမြီကို ဝန်ခံသည့်အချက်အား အဆိုလွှာ၌ ထည့်သွင်းဖော်ပြနိုင်ရန် အဆိုလွှာကို ပြင်ဆင်ခွင့် ပေးနိုင်သည်။
(ဘုံဘိုင်၊ အတွဲ-၃၄၊ စာ-၂၂၀)
ပြင်ဆင်ခွင့်ပြုရန် လျှောက်ထားရာ၌ ကြန့်ကြာခြင်းသည် ဝန်ခံချက်၏ စစ်မှန်မှုကို သံသယဖြစ်စေနိုင်သည့် အကြောင်းအရာ ဖြစ်သော်လည်း လျှောက်လွှာကို ပယ်ရန် ကောင်းသော အကြောင်းမဟုတ်။
(အေအိုင်အာ၊ ၁၉၃၃၊ အလာဟာဘတ်၊ ၃၇၄)
မှားယွင်းဝန်ခံမိခြင်းကိုပင် ရုပ်သိမ်းခွင့်ပြုကာ အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။
( (၁၈၉၂) ၃ စီအိပ်ခ်ျ၊ စာ-၂၂၆)
အဆိုလွှာတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မှားယွင်း သရုပ်ဖော်ပြခြင်း (ဥပမာ- ဦးပိုင်အမှတ်ကို မှားယွင်းဖော်ပြခြင်း)ကို အယူခံတွင်ပင် ပြင်ဆင်နိုင်သည်။
(အေအိုင်အာ၊ ၁၉၂၂၊ အလာဟာဘတ်၊ ၈၁)
သဘောရိုးဖြင့် လျှောက်ထားခြင်းဖြစ်ရမည်။
(တိုရပ်အလီ နှင့် မိုဟာမက်အရွတ်၊ ၁၉၅၀၊ မတစ၊ ၃၆၁ (လွှတ်တော်))
ချေဖျက်ခြင်း မပြုနိုင်သည့် စာချုပ်စာတမ်း အထောက်အထားများကို တင်ပြကာ သဘောရိုးဖြင့် လျှောက်ထားရာတွင် တရားလိုသည် မူလဆင်ခဲ့သော ဇာတ်လမ်းကို လိမ်လည်ပြုလုပ်ထားသည့်စာချုပ်ဖြင့် ဖန်တီးရန် ကြိုးပမ်းခဲ့စေကာမူ လျှောက်လွှာကို ခွင့်ပြုသည်။
(အေအိုင်အာ၊ ၁၉၃၃၊ ကာလကတ္တား၊ ၂၇၁)
ပဋိညာဉ်ဖောက်ဖျက်မှုအတွက် လျော်ကြေးရလိုမှုတွင် တရားလိုသည် ပဋိညာဉ်၌ သတ်မှတ်ထားသော ဈေးနှုန်းနှင့် ပစ္စည်းကို ပြုလုပ်ရောင်းချသောအခါ ရရှိမည့် ဈေးတို့၏ ခြားနားချက်ကို လျော်ကြေးအဖြစ် တောင်းဆိုရာတွင် အမှုကို စစ်ဆေးသောအခါ ရောင်းချသောပစ္စည်းမှာ တရားပြိုင်လက်သို့ မပြောင်းသေးကြောင်း တွေ့ရလျှင် ပဋိညာဉ်အရ ဈေးနှင့် ပဋိညာဉ်ဖောက်ဖျက်သည့်နေ့တွင် ကာလ ပေါက်ဈေးတို့၏ ခြားနားချက်ဖြစ်သော လျော်ကြေးငွေရလိုကြောင်း အဆိုလွှာကို ပြင်ဆင်ခွင့်ပေးနိုင်သည်။
ကာလကတ္တား၊ အတွဲ-၃၉၊ စာ-၅၆၈ တွင် အဆိုလွှာကို မပြင်လျှင် တရားလိုသည် လျော်ကြေးငွေရခွင့်မရှိဟု ဆုံးဖြတ်သည်။
အေအိုင်အာ၊ ၁၉၂၄၊ ဘုံဘိုင်၊ ၃၉၀ တွင် အဆိုလွှာကို မပြင်ဘဲ လျော်ကြေးရခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။ အခြားအမှု ရှုံးတော့မှ မိမိစွဲဆိုလျက်ရှိသော အမှုတွင် အဆိုလွှာကို မပြင်ဘဲထားလျှင် တောင်းဆိုသော သက်သာခွင့်ရလမ်း မရှိတော့ဟု သိရသည်အထိ အဆိုလွှာကို ပြင်ဆင်ရန် လျှောက်ထားခြင်းမပြုဘဲ တမင်ဆိုင်းငံ့ထားလျှင် ပြင်ဆင်ခွင့်ပေးမည် မဟုတ်။
(မောင်သံဒိုင်နှင့် ဦးသဲ၊ ဘီအယ်လ်တီ၊ အတွဲ-၃၊ စာ-၁၆)
အောက်ပါ အချက်များနှင့် ညီညွတ်လျှင် အမှုတွင် မည်သည့် အဆင့်၌မဆို အဆိုအချေများ ပြင်ဆင်ခြင်းကို ပြုသင့်သည်။
(မအေးကြွယ်နှင့် မလယ်ဝ၊ ဘီအယ်လ်တီ၊ အတွဲ-၁၃၊ စာ-၂၀၁)
(က) တစ်ဖက်အမှုသည်ကို မတရားမှုမဖြစ်စေခြင်း၊
(တိုရမ်အလီနှင့် မိုဟာမက်အရွတ်၊ ၁၉၅ဝ၊ မတစ၊ ၃၆၁ (တရားလွှတ်တော်))
(ခ) အမှုသည်များအကြား အငြင်းပွားလျက်ရှိသည့် ပြဿနာ အစစ်အမှန်တို့ကို အဆုံးအဖြတ်ပေးရန်အတွက် ပြင်ဆင်ရန် လိုအပ်ခြင်း။
အဆိုအချေကို ပြင်ဆင်ခွင့်ပြုလိုက်လျှင် အမှုစွဲဆိုထားရာ တရားရုံးက အမှုကို စီရင်ပိုင်ခွင့်မရှိတော့သည့်တိုင်အောင် ပြင်ဆင်ခွင့်ပေးပြီး ဆိုင်ရာတရားရုံးတွင် စွဲဆိုနိုင်ရန် အဆိုလွှာကို ပြန်ပေးရန် ဖြစ်သည်ဟု (အေအိုင်အာ၊ ၁၉၄၉၊ မဒရပ်၊ ၂၀၈)၊ အေအိုင်အာ၊ ၁၉၅၃၊ ဟိုင်ဒရာဘတ်၊ ၂၁၂၁၊ (အေအိုင်အာ၊ ၁၉၅၉၊ ရပ်(ဂ်ျ) ၁၄၆) နှင့် (အေအိုင်အာ၊ ၁၉၆၉၊ ကာရလာ၊ ၇၅)တို့တွင် ထုံးဖွဲ့ သည်။
ပြင်ဆင်ခွင့်မပြုနိုင်ဟု (အေအိုင်အာ၊ ၁၉၂၈၊ မဒရပ်၊ ၄ဝဝ) (အေအိုင်အာ၊ ၁၉၅၃၊ နဂ္ဂပူး၊ ၂၇၃)၊ (၁၉၅၉၊ မဒရပ်၊ လောဂျာနယ်၊ ၃၀၇)နှင့် (အေအိုင်အာ၊ ၁၉၅၇၊ အေပီ ၁၀)တို့တွင် ဆန့်ကျင်ဘက် ဆုံးဖြတ်သည်။
အမှုကို စီရင်ပိုင်ခွင့်မရှိ၍ ပြင်ဆင်ခွင့်ပေးခြင်းသည် စီရင်ပိုင်ခွင့်မရှိသည့်ကိစ္စကို ဆောင်ရွက်ရာရောက်မည်ဖြစ်သဖြင့် ပြင်ဆင်ခွင့် မပေးနိုင်ဟူသော အမြင်က အလေးသာပါသည်။      ။
💥💥💥💥💥💥💥💥💥💥💥💥💥💥
အဆိုလွှာတွင် အားကိုးအားထားပြုသည့် စာချုပ်စာတမ်းများ
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂
အမှုစွဲဆိုရာတွင် တရားလိုအပြုသည့် စာတမ်းအမှတ်အသားများကို တင်ပြခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၄ (၁)
တရားလိုသည် မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသော စာချုပ်စာတမ်းတစ်ခုအပေါ် အခြေပြု၍ အမှုစွဲဆို သောအခါ ထိုစာချုပ်စာတမ်းကို ဆိုလွှာတင်သွင်းသည့်နေ့ရက်၌ တရားရုံးတွင်တင်ပြရမည်။ ထို့ပြင် အဆိုလွှာနှင့်ပူးတွဲထားရန်အလို့ငှာ ယင်းစာချုပ်စာတမ်းကိုဖြစ်စေ၊ မိတ္တူကိုဖြစ်စေ ပေးအပ်ရမည်။
အခြားစာချုပ်စာတမ်းများစာရင်း
💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၄(၂)
တရားလိုသည် မိမိတောင်းဆိုချက်ကို ထောက်ခံသော သက်သေခံချက်အဖြစ် အခြားစာချုပ်စာတမ်းများ (မိမိ၏လက်ဝယ် သို့မဟုတ် မိမိ၏ ထိန်းသိမ်းမှု အောက်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)ကို အားကိုးအားထားပြုသောအခါ စာချုပ်စာတမ်းစာရင်းကို အဆိုလွှာတွင် ဖြည့်ထည့်ရမည်၊ သို့မဟုတ် ပူးတွဲရမည်။
အမှုစွဲဆိုသည့်နေ့၌ စာချုပ်စာတမ်းများ ရှိ၊ မရှိ၊ စစ်မှန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နောက်ပိုင်းတွင် အငြင်းပွားမှုများ မရှိစေရန် ဖြစ်သည်။
(အိန္ဒိယအမှုများ၊ အတွဲ-၂၊ စာ-၉၄၆)
သို့ဖြစ်ရာ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မလွဲမသွေ လိုက်နာရမည်။
(အေအိုင်အာ၊ ၁၉၃၀၊ လာဟိုး၊ ၄၈၀)
တင်ပြရန် ပျက်ကွက်ရုံမျှဖြင့် အဆိုလွှာကို ပြန်ပေးရန် မဟုတ်။ အဆိုလွှာကို ပလပ်ရန် သို့မဟုတ် ပယ်ရန်မဟုတ်။
(အေအိုင်အာ၊ ၁၉၄၃၊ မဒရပ်၊ ၆၄၅)
အမှုစွဲဆိုစဉ်က ရှိမှန်းမသိသော စာချုပ်စာတမ်းတစ်ခုကို နောက်ပိုင်းတွင် ရှာတွေ့ရလျှင် ဤနည်းဥပဒေနှင့် မဆိုင်။
(အေအိုင်အာ၊ ၁၉၂၁၊ နဂ္ဂပူး၊ ၄၉)
အခြေပြု၍စွဲဆိုသော စာချုပ်စာတမ်းတစ်ခုကို တရားရုံးတွင် တင်သွင်းထားရာ နောက်ပိုင်းတွင် တရားရုံး၌ ပျောက်ဆုံးသွားလျှင် တရားလိုသည် ထိုစာချုပ် မည်သို့မည်ပုံ ပျောက်ဆုံးသွားကြောင်း သက်သေမပြဘဲ သက်သေခံဥပဒေပုဒ်မ-၆၅ အရ ဒုတိယအဆင့် သက်သေခံချက် တင်ပြနိုင်သည်။
(အေအိုင်အာ၊ ၁၉၂၅၊ ပီစီ၊ ၈၈)
စာချုပ်စာတမ်းများသည် တရားလို၏လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ ဖော်ပြရန်အချက်
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၅
အဆိုပါ စာချုပ်စာတမ်းတစ်ရပ်ရပ်မှာ တရားလို၏ လက်ဝယ် သို့မဟုတ် ၄င်း၏ ထိန်းသိမ်းမှုအောက်တွင် မရှိသောအခါ မည်သူ၏လက်ဝယ် သို့မဟုတ် မည်သူ၏ ထိန်းသိမ်းမှုအောက်တွင် ရှိကြောင်း တရားလိုက ဖော်ပြနိုင်က ဖော်ပြရမည်။
အဆိုလွှာတင်သွင်းချိန်တွင် မတင်ပြသော စာချုပ်စာတမ်းများကို တင်ပြခွင့်မရှိခြင်း
💐💐💐💐💐💐💐💐💐💐💐💐💐💐💐
အမိန့် ၇၊ နည်း ၁၈(၁)
အဆိုလွှာတင်သွင်းချိန်တွင် တရားလိုက တရားရုံးတွင် တင်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ၊ ဆိုလွှာတွင် ဖြည့်ထည့်ရမည့်၊ သို့မဟုတ် ပူးတွဲရမည့် စာရင်းတွင် ရေးသွင်းဖော်ပြထိုက်သော စာချုပ်စာတမ်းကိုဖြစ်စေ တင်ပြခြင်း သို့မဟုတ် ရေးသွင်းဖော်ပြခြင်းမပြုခဲ့လျှင် အမှုကြားနာသောအခါ တရားရုံး၏ ခွင့်ပြုချက်မရဘဲ ယင်းစာချုပ်စာတမ်းကို တရားလိုအတွက် သက်သေခံအဖြစ် တင်ပြခွင့်မရှိစေရ။ အဆိုလွှာနှင့်အတူ တင်ပြခြင်းမရှိသော သို့မဟုတ် စာချုပ်စာတမ်းစာရင်းတွင် စာရင်းသွင်းထားခြင်းမရှိသော စာချုပ်စာတမ်းများကို လက်ခံရာ၌ တရားရုံးသည် နှိုင်းနှိုင်းချိန်ချိန်ဆောင်ရွက်ရန် အာဏာ အပြည့်အဝရှိသည်။
(အေအိုင်အာ၊ ၁၉၅၀၊ ဆင်း ၂၆)
အများနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ မှုခင်းမှတ်တမ်းများ၏ တာဝန်ခံမိတ္တူမှန်ကဲ့သို့ စစ်မှန်မှုကို သံသယဖြစ်ဖွယ်မရှိနိုင်သော စာချုပ်စာတမ်းများကို တရားရုံးများက ယေဘုယျအားဖြင့် ပိတ်ပင်ရန် မဟုတ်။
(အေအိုင်အာ၊ ၁၉၅၄၊ ဟင်ပရာ၊ ၃၆)
သို့ရာတွင် မလျော်ကန်သော ကြန့်ကြာမှုရှိပြီး ကြန့်ကြာရခြင်း အတွက် ကျေနပ်ဖွယ်ကောင်းသော အကြောင်းပြချက် မပြနိုင်လျှင်
တစ်မျိုးဖြစ်ပေလိမ့်မည်။
(အေအိုင်အာ၊ ၁၉၅ဝ၊ ပီစီ၊ ၆၈)
မူလတရားရုံးက ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ထားသည့်ကိစ္စတွင် အယူခံတရားရုံးက သာမန်အားဖြင့် စွက်ဖက်မည်မဟုတ်။
(အေအိုင်အာ၊ ၁၉၃၁၊ အလာဟာဘတ်၊ ၃၃၃)။      ။
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...