Friday, January 4, 2019

တရားမမှု အနိုင်အရှုံး ဆုံးဖြတ်ရန် မူသဘော 

၁။ အဆိုအချေအရ ဆုံးဖြတ်ရခြင်း။

၂။ ငြင်းချက်ထုတ်၍ စစ်ဆေးဆုံးဖြတ်ရခြင်း (ငြင်းချက်မှန်မှ အမှုမှန် ဆုံးဖြတ်နိုင်မည်)။

၃။ အဆိုလွှာတွင် တောင်းဆိုမထားသော အခြားအကြောင်းဖြင့် သက်သာခွင့် မပေးနိုင်ခြင်း။ 

၎။ အဆိုလွှာကို ဆန့်ကျင်သောတရားလို အနိုင်ဒီကရီ မရနိုင်ခြင်း။

၅။ ချေလွှာတွင် မချေပခဲ့သော အချက်ဖြင့် တရားပြိုင်အား အနိုင်မပေးနိုင်ခြင်း။

၆။ ချေလွှာတွင် မချေပခဲ့သော်လည်း ထင်ရှားပေါ်လွင်သည့် အချက်အရ ဆုံးဖြတ်နိုင်ခြင်း။ 

၇။ အဆိုလွှာနှင့် အမှုဖြစ်အကြောင်းအရာ တိတိကျကျ မကိုက်ညီသော်လည်း အနိုင်ဒီကရီ ချမှတ်ပေးနိုင်ခြင်း။ 

၈။ သက်သာခွင့် တောင်းဆိုရမည့် တရားလိုတာဝန်နှင့် မတောင်းဆိုသည်ကို တရားရုံးက ခွင့်ပြုနိုင်သော အခြေအနေ။

၉။ တရားလိုသည် သက်သာခွင့် တစ်ခုမဟုတ်တစ်ခု တောင်းဆိုနိုင်ခြင်းနှင့် တရားရုံးက ချမှတ်ပေးနိုင်သော ဒီကရီ။ 

၁၀။ အဆိုလွှာပါ တောင်းဆိုချက်ထက် သက်သာခွင့် ပိုပေးနိုင်ခြင်း။

၁၁။ အမှုမပြီးပြတ်မီ ပြောင်းလဲလာသော အခြေအနေအရ သာမန်ဥပဒေသမှ သွေဖီ၍ သက်သာခွင့်ပေးနိုင်ခြင်း။      ။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...