Sunday, December 14, 2014
ငွေရလိုမှုတွင် အတိုးငွေ (Interest) ခွင့်ပြုခြင်း
ငွေရလိုမှုတွင် အတိုးငွေ (Interest) ခွင့်ပြုခြင်း
ယခု ကျွန်တော် တင်ပြမယ့် အကြောင်းအရာကတော့ ငွေရလိုမှုများမှာ အတိုးငွေ သတ်မှတ်ခွင့်ပြု ပေးခြင်းနှင့် စပ်လျဉ်းတဲ့ ဥပဒေ ဗဟုသုတများကို ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။  အမှုမှာ ဆုံးခန်းတိုင်စေတဲ့ စီရင်ချက်ကို စစ်ဆေးစီရင်တဲ့ တရားရုံးက ရေးသားချမှတ်တဲ့အခါမှာ အတိုးနဲ့တကွ ငွေရလိုကြောင်း စွဲဆိုမှုမျိုး ဖြစ်ရင် အမှုမှာ တရားပြိုင်က တရားလိုထံ အတိုးပေးပါမယ်လို့ ကတိပဋိညာဉ် ပြုထားခြင်း ရှိ၊ မရှိ၊  တရားဥပဒေ တစ်ရပ်ရပ် အရ တရားလိုဟာ အတိုးရထိုက်ခွင့် ရှိ၊ မရှိ ဆိုတာတွေကို စိစစ်ဆုံးဖြတ်ဖို့ လိုပါတယ်။  အမှုပေါ်ပေါက်ချက်တွေအရ တရားလိုဘက်ကို အသာပေး ဖြေ ဆိုတယ် ဆိုရင်တော့ တရားလိုဟာ ငွေမည်ရွေ့မည်မျှကို ရထိုက်ခွင့်ရှိကြောင်း ဆုံးဖြတ်ပေးရတဲ့အပြင်၊ အတိုးငွေကိုလည်း ရထိုက်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးရပါတယ်။ အတိုးရထိုက်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ မည်သို့သော အတိုး နှုန်းထားနဲ့ ရထိုက်ခွင့်ရှိမယ် ဆိုတာကိုလည်း ဆက်လက် ထည့်သွင်းဆုံးဖြတ် ပေးရမှာပဲ ဖြစ်ပါတယ်။
ဒီလို အတိုးသတ်မှတ်ပေးရာမှာ အပိုင်း(၃)ပိုင်း ရှိတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၁)   တရားရုံးက ဆုံးဖြတ်သတ်မှတ်ပေးတဲ့ ငွေရင်းအပေါ်မှာ ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ ကာလအတွက် အတိုး၊
(၂)   တရားစွဲဆိုတဲ့နေ့မှ ဒီကရီချမှတ်တဲ့ နေ့အထိ ကာလတွက် အတိုး နဲ့
(၃)   ဒီကရီ ချမှတ်တဲ့နေ့မှ ငွေအပြေအကျေ ပေးဆပ်တဲ့ ကာလအတွက် အတိုး ဆိုပြီး အပိုင်း(၃)ပိုင်း ရှိပါတယ်။  အပိုင်းတစ်ပိုင်းချင်းအလိုက် ခွဲခြားစိတ်ဖြာ လေ့လာကြည့်ကြပါစို့။
(၁) ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့အထိ အတိုး။
          ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ အတိုးကို ခွင့်ပြုပေးရာမှာ (၂)ပိုင်း ခွဲခြား စဉ်းစားရပါမယ်။
          (၁)   သတ်မှတ်ထားတဲ့နှုန်းဖြင့် အတိုးပေးရန် သတ်မှတ်ချက် ရှိတဲ့ ကိစ္စ နဲ့
          (၂)   အတိုးပေးရန် သတ်မှတ်ထားခြင်း မရှိတဲ့ ကိစ္စ။
          ပထမအပိုင်း(၁)ကို စဉ်းစားတဲ့အခါမှာ တရားလိုနဲ့ တရားပြိုင်တို့ဟာ အတိုးနှုန်း သတ်မှတ်ထားခဲ့ ကြတယ် ဆိုရင် သူတို့သတ်မှတ်တဲ့ အတိုးနှုန်းဟာ မြင့်မားလွန်းတယ်လို့ ယူဆနိုင်စေကာမူ တရားရုံး အနေနဲ့တော့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားအတိုင်းပဲ (ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့ အထိ) အတိုး ခွင့်ပြုပေးရမှာပဲ ဖြစ်ပါတယ်။  ဒါပေမယ့်လို့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားဟာ ဒဏ်ခတ်တဲ့သဘော (penal) သတ်မှတ်တဲ့ အတိုးနှုန်း ဖြစ်ခဲ့ရင် ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၇၄ အရ တရားရုံးက သင့်တော်သည် ထင်တဲ့အတိုင်း အတိုးနှုန်း သတ်မှတ်ပေးနိုင်ပါတယ်။  နောက်တစ်ချက်က အတိုးနှုန်းထားဟာ ဆိုခဲ့သလို ဒဏ်ခတ်တဲ့သဘောမျိုး မဟုတ်ဘူးလို့ ဆိုနိုင်စေကာမူ အတိုးနှုန်း အလွန် ကြီးမြင့်လွန်းပြီး တရားမျှတမှု မရှိဘူးလို့ ရုံးက သုံးသပ်ယူဆရင် အတိုးနှုန်းကို လျှော့ချသတ်မှတ် ပေးနိုင် ပါတယ်။
          ဒုတိယအပိုင်း(၂)အရ အတိုးပေးရန် သတ်မှတ်ချက် အတိအလင်း မရှိတဲ့ကိစ္စမှာ ယေဘုယျ အားဖြင့် အတိုးရထိုက်ခွင့် မရှိပါဘူး။  ဒါပေမယ့် ကူးသန်းရောင်းဝယ်ရေး လောကမှာ အတိုးပေးရန် ထုံးစံရှိတဲ့ ကိစ္စမျိုးမှာ ယင်းသို့ ထုံးစံရှိကြောင်းကို တရားလိုက သက်သေထင်ရှား တင်ပြနိုင်ခဲ့ရင် အတိုး ရထိုက်ခွင့် ရှိမယ်။  ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်မှာ အတိုးရထိုက်ခွင့် ရှိကြောင်း (သို့မဟုတ်) အတိုး ခွင့်ပြု နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်ရှိရင် တရားရုံးအနေနဲ့ အတိုးပေးရန် တာဝန်ရှိတယ်။  ဒါ့အပြင် အမှုသည် တို့ချင်း ဆက်ဆံဆောင်ရွက်ပုံ အစဉ်အလာအရ အတိုးပေးရန် သဘောတူညီတဲ့ အဓိပ္ပာယ် သက်ရောက် သော (၀ါ) သဘောတူညီရာ ရောက်သောကိစ္စ တွေမှာလည်း အတိုးရနိုင်ပါသေးတယ်။
 (၂) တရားစွဲဆိုသည့်နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုး။
          တရားစွဲဆိုတဲ့နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုးနှုန်းကိုတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။  သို့သော်လည်း ပဋိညာဉ်ပါ အတိုးနှုန်းကို ခွင့်ပြုလိုက်ခြင်းဖြင့် တရားမျှတမှု ကင်းမဲ့စရာ မရှိနိုင်ဘူးဆိုရင်တော့ ပဋိညာဉ်ပါ အတိုးနှုန်းကိုသာ ခွင့်ပြုသင့်ပါတယ်။  အဆိုလွှာမှာ တရားလိုက အတိုးပေးရန် အတိအလင်း အတိုးတောင်းဆိုခြင်း မရှိလင့်ကစား အမိန့် ၇၊ နည်းဥပဒေ ၇ အရ အတိုးပေးစေရန် တရားရုံးက အမိန့်ချမှတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ 
မကြင်တင် ပါ-၅ နှင့် ပြည်သူ့ဘဏ် (၁၁) (၁၉၆၉၊ မတစ (ရုံးချုပ်)၊ စာ-၂၀၀) စီရင်ထုံးမှာ အောက်ပါအတိုင်း လမ်းညွှန်ထုံးဖွဲ့ထား တာကိုလည်း တွေ့ရပါတယ်။
          တရားစွဲဆိုသည့်နေ့မှ ဒီကရီချမှတ်သည့် နေ့အထိ အတိုးနှုန်းကို မူလရုံးနှုန်းအတိုင်း ငွေတစ်ရာ၊ တစ်နှစ် ကိုးရာခိုင်နှုန်း ခွင့်ပြုခဲ့သည်ကို တွေ့ရ၏။  ပဋိညာဉ်အရ နှစ်ဦးသဘောတူ ခဲ့သည့်အတိုင်း ခြောက် ရာခိုင်နှုန်းသာ ဖြစ်ပေသည်။  တရားရုံးအနေဖြင့် ပဋိညာဉ်အရ သဘောတူခဲ့သည့် အတိုးနှုန်းသည် ရုံးခွန်ထက် များနေမှသာ သက်သာသော ရုံးနှုန်းအတိုင်း အတိုးငွေကို ခွင့်ပြုလေ့ရှိပေသည်။  ပဋိညာဉ်အရ သဘောတူခဲ့သော အတိုးနှုန်းသည် ရုံးနှုန်းထက် နည်းနေပါမူ သက်သာသည့် အတိုးနှုန်းကိုသာ ခွင့်ပြုသင့် သည်။
(၃) ဒီကရီကျသည့်နေ့မှ ငွေပေးချေသည့်နေ့အထိ အတိုး။
          ဒီကရီကျတဲ့နေ့မှ ငွေပေးချေတဲ့နေ့အထိ ပေးရမယ့် အတိုးနှုန်းမှာလည်း တရားရုံးက ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်ရတာပဲ ဖြစ်ပါတယ်။  ဒီကရီကျတဲ့နေ့ကစလို့ အတိုးပေးရမယ်လို့ အတိုးနှုန်း သတ်မှတ်ခြင်း မရှိဘဲ တရားရုံးက အမိန့်ချမှတ်ပေးထားတယ် ဆိုရင်တော့ ဒီကရီရသူဟာ တရားရုံးရဲ့ နှုန်းဖြစ်တဲ့ (၆)ရာခိုင်နှုန်း အတိုး ရခွင့်ရှိပါမယ်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ ဒီကရီ အနိုင်ရသူသို့ ခွင့်ပြုတဲ့ ရုံးအတိုးနှုန်းကို သာမန်အားဖြင့် ငွေကျပ် (၁၀၀)လျှင် (၉)ကျပ်နှုန်းဖြစ်စေ၊ ပဋိညာဉ်အရ ၄င်းအောက်ကျ သောအတိုးကိုဖြစ်စေ သတ်မှတ်ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၁၇၃ မှာ ညွှန်ပြထားပါတယ်။  ဒီကရီအရ အတိုးပေးရန် အမိန့်ချမှတ်ထားခြင်း မရှိရင် အတိုးပေးရန်ကိစ္စကို တရားရုံးက ငြင်းပယ်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပြီး၊ ယင်းအတိုးအတွက် အမှု သီးခြား စွဲဆိုနိုင်ခွင့် မရှိပါဘူး။
          ပြည်သူ့ဘဏ်အမှတ်(၉) နှင့် မက်ဆားစ် နေရှင်နယ် စီးကရက် ကုမ္ပဏီပါ-၁၆ (၁၉၆၇၊ မတစ (ရုံးချုပ်)၊ စာ-၂၃၀) အမှုမှာလည်း အောက်ပါအတိုင်း စီရင်ထုံးဖွဲ့ထားတာကို လေ့လာနိုင်ပါတယ်။
          တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးချုပ်သည် မိမိသင့်တော်သည်ဟု ထင်မြင်သည့် နှုန်းထားအတိုင်း အတိုးပေးရန် အမိန့် ချမှတ်နိုင်သည်။  သို့ရာတွင် ထိုကဲ့သို့ အမိန့်ချမှတ်ရာ၌ မိမိတို့ ထင်သလို အမိန့် ချမှတ်သည်မဟုတ်။  တရားမျှတမှုကို အဓိကထား၍ အစဉ်တစိုက် လိုက်နာအပ်သည့် မူနှင့် ဥပဒေသများ အတိုင်းသာလျှင် အမိန့်ချမှတ်ရမည် ဖြစ်သည်။  အယူခံတရားလိုများနှင့် အယူခံ တရားခံများသည် ချေးငွေများအတွက် တစ်နှစ်လျှင် (၇)ရာခိုင်နှုန်း အတိုးပေးရန် သဘောတူညီခဲ့ကြပြီး ဖြစ်သည်။  ထိုကဲ့သို့ နှစ်ဦး သဘောတူညီမှု ရရှိခဲ့သော်လည်း အလွန်ခိုင်လုံသည့် အကြောင်းပြချက်များ မရှိဘဲ တရားရုံးသည် ထိုနှုန်းထားအတိုင်း ဒီကရီ ချမှတ်သည့်နေ့အထိ အတိုးပေးရန် အမိန့် ချမှတ် သင့်သည်။  အဘယ့်ကြောင့်ဆိုသော် ထိုအတိုးနှုန်းသည် တရားမျှတသည့် အတိုးနှုန်း ဖြစ်သည်။  များပြားလှသော အတိုးနှုန်းဖြစ်သည်ဟု မယူဆနိုင်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးသည် ဒီကရီချမှတ်သည့်နေ့မှ ဒီကရီငွေများ ရရှိသည်အထိ သင့်တော်သည့်နှုန်းဖြင့် အတိုးပေးစေရန် အမိန့်ချမှတ် နိုင်သည်။  သို့ရာတွင် ထိုအာဏာကို အသုံးပြုရာ၌ တရားမျှတရာ ရောက်မည့် အမိန့်မျိုးကိုသာ ချမှတ်နိုင် မည်ဖြစ်သည်။
          နှစ်ဦးနှစ်ဘက် အတိုးငွေအတွက် ကတိပဋိညာဉ်ရှိကြောင်း ပေါ်ပေါက်ရင် ထိုပဋိညာဉ်အတိုင်း အတိုးသတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။  ပဋိညာဉ် မရှိတဲ့ ကိစ္စမျိုးတွေမှာ တရားလိုက အတိုးသတ်မှတ် ပေးဖို့ တောင်းဆိုလာခဲ့ရင်တော့ တရားရုံးက အတိုးထည့်သွင်း စဉ်းစားပေးသင့်တယ်လို့ ထင်ရင် ဆင်ခြင်တုံတရား အလျောက် အတိုးနှုန်းထား သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။  ထိုသို့ အတိုးသတ်မှတ်ပေးဖို့ အကြောင်းပေါ်ပေါက်တဲ့အခါ မည်သို့သော အကြောင်းတရားများကို အထောက်အထားပြု၍ မည်သို့သော အတိုးနှုန်းထားဖြင့် ခွင့်ပြုပေးသင့်ကြောင်းကို သုံးသပ်ဖော်ပြပေးရမှာ ဖြစ်ပါတယ်။   ဒီလို သုံးသပ်ချက် ရှိနေမှသာ တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားကို အပြည့်အ၀ သုံးစွဲခဲ့တယ်ဆိုတာ မြင်သာစေနိုင်မှာ ဖြစ်လို့ပါပဲ။       ငွေရလိုမှုတွေမှာ အချို့အမှု တွေက မေတ္တာနဲ့ ချေးငှားကူညီ ပေးလိုက်တာမျိုးကြောင့် ပေါ်ပေါက်လာရတဲ့ အမှုတွေရှိသလို၊ အတိုးရလိုမှုနဲ့ ငွေချေးငှားခဲ့ရာမှ ပေါ်ပေါက်လာရတဲ့ အမှုတွေလည်း ရှိလေတော့ ဒီလိုငွေချေးငွေငှား အမှုအခင်းတွေ ပေါ်ပေါက်လာလို့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ အခြေခံကျတဲ့ ဥပဒေ ပြဿနာရပ်တွေကို အများပြည်သူတို့ လွယ်လင့်တကူ နားလည်သဘောပေါက် ထားကြရင် လွန်စွာ အကျိုးများလှမှာပဲ ဖြစ်ပါတယ်။
လွှမ်းမိုးအောင် (တရားရေး)
14-12-2014  2:30 am.
Saturday, December 13, 2014
* စိတ်ဝေဒနာသည် သူရူး ဟုတ်၊ မဟုတ် စိစစ်ရခြင်း
   -------------------------------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄(၁)၊  တရားရုံးများလက်စွဲ အပိုဒ် ၅၀၃ နဲ့ တရားရုံး ညွှန်ကြားလွှာအမှတ်-၂/၁၉၆၅ တို့အရ ပြစ်မှုနဲ့ တရားစွဲ တင်ပို့ခြင်းခံရသော စိတ်ဝေဒနာရှင် တရားခံအပေါ် စစ်ဆေးစီရင်ရာမှာ ၎င်းတရားခံဟာ သူ့အပေါ် စွဲဆိုခံထားရတဲ့ ပြစ်မှုအတွက် ထုချေရှင်းလင်းနိုင်မှု ရှိ၊ မရှိကို ရုံးက ကနဦး စိစစ်ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ဝေဒနာ ရှိ၊ မရှိ ဆိုတာကိုတော့ ခရိုင်ဆရာဝန်၊ ဒါမှမဟုတ် နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အခြား ဆေးဘက်ဆိုင်ရာ အရာရှိ/ စိတ်ရောဂါ အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီးရဲ့ အကူအညီကို ရယူကာ စမ်းသပ်ကြည့်ရှု စစ်ဆေးစေရမှာ ဖြစ်သလို ဆေးစစ်ခဲ့တဲ့ ဆရာဝန်ကိုလည်း တရားရုံးက သက်သေအဖြစ် ခေါ်ယူစစ်ဆေးရမှာ ဖြစ်ပါတယ်။  ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော် (၁၉၉၄၊ မတစ၊ စာ-၂၃) အမှုမှာလည်း အချင်းဖြစ်ချိန်က တရားခံဟာ စိတ်ဖောက်ပြန်မှု ရှိနိုင်၊ မရှိနိုင် ဆုံးဖြတ်နိုင်ရန် စိတ်ရောဂါကု ဆရာဝန်ကို သက်သေအဖြစ် စစ်ဆေးပြီး၊ စိတ်ရောဂါကု ဆေးရုံရဲ့ ဆေးကုသမှတ်တမ်းကို ဖြစ်စေ၊ ၎င်းမှတ်တမ်းရဲ့ တရားဝင်မိတ္တူကို ဖြစ်စေ သက်ဆိုင်ရာမှ တင်ပြစေရန် ဆင့်ဆိုပြီးနောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသားတရားခံ ဖြစ်ခဲ့လျှင်လည်း အကျဉ်းထောင် တာဝန်ခံအရာရှိကို ခေါ်ယူကာ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြည့်ပြည့်စုံစုံ စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားတာ ကို တွေ့ရပါတယ်။
* ရူးသွပ်တရားခံအား အာမခံပေးနိုင်၊ မပေးနိုင်
   ---------------------------------
 အမှုစစ်ဆေးနေစဉ်အတွင်းမှာ ရူးသွပ်သူ တရားခံဟာ ကောင်းမွန်စွာ ထုချေနိုင်စွမ်း မရှိကြောင်း စိတ်ရောဂါကု ဆရာဝန်ရဲ့ ဆေးမှတ်တမ်း၊ သက်သေထွက်ချက်တို့အရ ပေါ်ပေါက်ခဲ့ရင်တော့ တရားသူကြီး အနေနဲ့ အမှုဟာ အာမခံပေးခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တရားခံကို ကောင်းမွန်စွာ ထိန်းသိမ်း ကြည့်ရှုထားမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်စုံတစ်ယောက်ကို ဖြစ်စေ နစ်နာခြင်း မဖြစ်အောင် ဟန့်တားထားပါမည့်အကြောင်း၊ ၎င်းကို အလိုရှိသည့်အခါ တရားသူကြီး ရှေ့မှောက်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်းဖြင့် လုံလောက်သော အာမခံ လျှောက်ထားလာလျှင် ၎င်းတရားခံကို အာမခံဖြင့် လွှတ်ထားနိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၆(၁)မှာ ပြဋ္ဌာန်းပါရှိပြီး၊ အာမခံ မပေးသင့်ကြောင်း ထင်မြင်တယ် ဆိုရင်တော့ စိတ်ရောဂါကုဆေးရုံ၌ ထိန်းသိမ်းထားရန် အမိန့်ချမှတ်ရမည် ဖြစ်ကြောင်း ယင်းပုဒ်မ ၄၆၆(၂)မှာ ဆက်လက် ဖော်ပြထားပြီး စစ်ဆေးနေတဲ့ အမှုကိုလည်း ရွှေ့ဆိုင်းထား ရမယ်လို့ ဆိုပါတယ်။
* ရူးသွပ်တရားခံအား စိတ်ရောဂါကု ဆေးရုံသို့ ပို့အပ်ရာတွင်
   -------------------------------------------
 စိတ်ဝေဒနာရှင် ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံသို့ ပို့အပ်ရာမှာ ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိစာတမ်းကိုလည်း ၀ရမ်း (ရာဇ၀တ်ပုံစံ-၁၃၃) နဲ့အတူ ပူးတွဲပေးပို့ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၈၄၉ မှာ ညွှန်ပြထားတာ တွေ့ရပါတယ်။  
* ရူးသွပ်တရားခံ ပြန်လည်ကောင်းမွန်လာခဲ့လျှင်
   ----------------------------------
 ရူးသွပ်တရားခံဟာ ၎င်းအပေါ် စွဲဆိုမှုမှာ ကောင်းမွန်စွာ ချေပနိုင်ပြီလို့ တရားသူကြီးက ထင်မြင်ရင် ရွှေ့ဆိုင်းထားတဲ့ အမှုကို ဆက်လက်ပြီး စုံစမ်း စစ်ဆေး စီရင်သွားရပါမယ်။  ထိုသူအနေနဲ့ ခုခံချေပနိုင်စွမ်း မရှိသေးဘူးလို့ ထင်မြင်ရင်တော့ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၄၊ သို့မဟုတ် ၄၆၅၊ ၄၆၆ တို့အရ ထပ်မံ ဆောင်ရွက်ခွင့်ရှိကြောင်း ပုဒ်မ ၄၆၈ မှာ ပြဋ္ဌာန်းပါရှိပါတယ်။
* အမှုစစ်ဆေးစီရင်ခြင်း
   ----------------
 ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၀ အရ ရူးသွပ်တရားခံဟာ မိမိအမှုကို ကောင်းစွာထုချေနိုင် မယ် ဆိုရင်တော့ ရွှေ့ဆိုင်းထားခဲ့တဲ့အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  စစ်ဆေးမှု ပြီးဆုံးသွားလို့ တရားရုံးအနေနဲ့ အမှုမှစိတ်ဝေဒနာရှင် ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နဲ့ အကျုံးဝင်၊ မ၀င်ကို သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အကျုံးဝင်ခဲ့ရင် တော့ အဆိုပါတရားခံကို အပြီးအပြတ်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။  လွှတ်တယ်ဆိုတဲ့ နေရာမှာလည်း အရမ်းကာရော လွှတ်လိုက်လို့ မရသေးပါဘူး။  ဒီစိတ်ဝေဒနာရှင် တရားခံဟာ ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ၊ ဒါမှမဟုတ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို အထင်အရှား ဖော်ပြရေးသားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
* စီရင်ချက်၊ အမိန့် ရေးသားချမှတ်ရာတွင် ရေးထုံး လေ့လာသင့်သည့် စီရင်ထုံး
   ---------------------------------------------------------
 `အထက်ပါ အကြောင်းများကြောင့် ဤအယူခံကို ခွင့်ပြု၍ မကွေးတိုင်းတရားရုံး (သရက်ခရိုင်)မှ အယူခံတရားလို ဦးလှရွှေအပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ အရ ပြစ်မှုထင်ရှားစီရင်သည့် ပြစ်ဒဏ်တို့ကို ပယ်ဖျက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ကင်းလွတ်ချက်အရ ဦးလှရွှေအား အမှုမှ အပြီးအပြတ် လွှတ်လိုက်သည်။  ထို့ပြင် ဒေါ်ခင်ညွန့်အား အယူခံတရားလိုက ဓါးဖြင့် ခုတ်သတ်ခဲ့သည်မှာလည်း မှန်ကြောင်း ဖော်ပြလိုက်သည်။  အယူခံတရားလိုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁ နှင့်အညီ ဆက်လက် ဆောင်ရွက်စေရန် မူလရုံးအား ညွှန်ကြားလိုက်သည်။`
( ဦးလှရွှေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅ )
* ရူးသွပ်တရားခံအား အမှုမှ အပြီးအပြတ်လွှတ်လျှင် မည်သို့ဆက်လုပ်ရမည်-
   -------------------------------------------------------
 အထက်ပါအတိုင်း တရားခံအား အမှုမှ အပြီးအပြတ် လွှတ်လိုက်တယ်လို့ ဆိုပေမယ့်လည်း အကယ်၍သာ အမှုမှာ ရူးသွပ်တရားခံရဲ့ ပြုလုပ်မှုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပေါ်လွင်နေခဲ့တယ် ဆိုရင် (သိနိုင်စွမ်းမရှိတဲ့ အကြောင်းကြောင့်မှတပါး) ပြစ်မှုကျူးလွန်ရာ ရောက်မယ်ဆိုရင်တော့ ၎င်းတရားခံ ကို စိတ်ရောဂါကုဆေးရုံသို့ ပေးပို့၍ ထိန်းသိမ်းထားရမည် ဆိုတဲ့ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၇၁(၁)အရ ရုံးတော်က တစ်ဆက်တည်း ချမှတ်ပေးမှာပဲ ဖြစ်ပါတယ်။
* ရူးသွပ်တရားခံကို လွှတ်မိန့်ပေးနိုင်ကြောင်း ဆေးရုံက သက်သေခံလက်မှတ် ထုတ်ပေးလာလျှင်-
   ----------------------------------------------------------------------
 ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပုဒ်မ ၄၆၆(၂) (အမှုအတွင်း ဆေးရုံ၌ ထိန်းသိမ်းထားစေခြင်း) နဲ့ ပုဒ်မ ၄၇၁ (တရားခံကို အပြီးအပြတ်လွှတ်ပြီးသည့်တိုင် ဆက်လက်၍ ဆေးရုံ၌ ထိန်းထိမ်းထားစေခြင်း) ပါ ပြဋ္ဌာန်းချက် အသီးသီးအရ ရူးသွပ်တရားခံကို စိတ်ရောဂါကုဆေးရုံက ထိန်းသိမ်းပေးထားခဲ့ရာမှာ ထိုဆေးရုံက တရားခံဟာ သူ့ကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ အန္တရာယ် ပြုလိမ့်မယ်လို့ စိုးရိမ်ရန်အကြောင်း မရှိဘဲ လွှတ်မိန့်ပေးနိုင်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးလာရင်တော့ တရားရုံးအနေနဲ့ စိတ်ရောဂါကုဆေးရုံသို့ ရူးသွပ်တရားခံကို ပို့အပ်ခဲ့ခြင်းနှင့် သက်ဆိုင်တဲ့ အမှုတွဲတွေ နဲ့အတူ သက်ဆိုင်ရာ အမှုတွဲ၊ တရားခံအား လက်ခံရရှိကြောင်း ဆေးရုံမှ သက်သေခံလက်မှတ် ရေးထိုးထား တဲ့ ရာဇ၀တ်ပုံစံ ၁၃၃ မူရင်းခွဲ၊ တရားခံရဲ့ ဆေးဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိမှတ်တမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်ပေးပို့ရမှာ ဖြစ်ပါတယ်။  တရားခံဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ထုချေနိုင်စွမ်းရှိပြီလို့ စိတ်ရောဂါကုဆေးရုံမှ တင်ပြချက် ရှိလာပြီဆိုရင်တော့ ယင်းဆေးရုံက ထိုသို့ဖော်ပြပေးပို့လာတဲ့ သက်သေခံဆေးစာနဲ့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အမှုစစ်ရုံးက တင်ပြရမှာဖြစ်ပြီး၊ ယခင် တင်ပို့ထားခဲ့တဲ့ အမှုတွဲကို ပြန်လည်တောင်းခံရမှာ ဖြစ်ပါတယ်။
* သူရူးမှုနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသင့်သော စီရင်ထုံးများ
   -----------------------------------------------
 သူရူးမှု စစ်ဆေးစီရင်ရာမှာ အထောက်အကူပြု အကျိုးများစေမယ့် စီရင်ထုံးများကို ရှာဖွေ စုဆောင်း ဖော်ပြပေးလိုက်ပါတယ် -
-   အစိုးရ နှင့် ကုလားညို၊ ၁၉၄၁၊ ရန်ကုန်စီရင်ထုံး၊ စာ-၅၄၄
-   အစိုးရ နှင့် မောင်ပို၊ ၁၉၄၆၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၈၆
-   ဆပွင့်(ခ)ပေါလူး နှင့် ပြည်ထောင်စု၊ ၁၉၅၀၊ မတစ (လွှတ်တော်)၊ စာ-၃၅၂
-   နိုင်ငံတော် နှင့် ဦးလှခိုင်၊ ၁၉၅၈၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   စောရင်ဖေ နှင့် ပြည်ထောင်စု၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၂၀၅
-   မောင်ထွန်းစိန် နှင့် အစိုးရ၊ ၁၉၆၂၊ မတစ (ရုံးချုပ်)၊ စာ-၃၃၈
-   ပြည်ထောင်စု နှင့် မောင်သံချောင်း၊ ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၃၂
-   မောင်စံရွှေ နှင့် ပထစ၊ ၁၉၅၉၊ မတစ (လွှတ်တော်)၊ စာ-၁၄၃
-   မောင်ကုတ်ဦး နှင့် နိုင်ငံတော်၊ ၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆
-   မောင်စိုးသိန်း နှင့် ဆိုရှယ်လစ်၊ ၁၉၇၉၊ မတစ၊ စာ-၄၇
-   ခင်မောင် နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၃၂၈
-   မောင်ကုတ်ချိ နှင့် နိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ စာ-၁၀၉၆
-   ဒေါ်ချစ်မယ် နှင့် နိုင်ငံတော်၊ ၁၉၇၁၊ မတစ၊ စာ-၄၆
-   ဆူရင်ဒတ်ကူးမား နှင့် နိုင်ငံတော်၊ ၁၉၉၄၊ မတစ၊ စာ-၂၃
-   ဦးလှငွေ နှင့် နိုင်ငံတော်၊ ၁၉၉၇၊ မတစ၊ စာ-၇၅
-   ကိုသက်ဦး နှင့် နိုင်ငံတော်၊ ၂၀၀၈၊ မတစ၊ စာ-၁၀၇ (အထူး)
 ရူးသွပ်နေတဲ့ စိတ်ဝေဒနာရှင် တရားခံကို စစ်ဆေး စီရင်ရတဲ့ အရပ်ရပ်သော လုပ်ငန်းစဉ်တွေဟာ ရိုးရှင်းလွယ်ကူလှတဲ့ ကျင့်ထုံးနည်းလမ်းတွေတော့ မဟုတ်ပါဘူး။  လေ့လာ ဖတ်ရှု မှတ်သားသူများအနေနဲ့ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကျင့်ထုံးနည်းလမ်းများကို ထဲထဲဝင်ဝင် လေ့လာဆည်းပူးပါမှ သူရူးမှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အကျွမ်းတ၀င် ရှိလာမှာပဲ ဖြစ်ပါတယ်။  သူရူးမှုနဲ့ ပတ်သက်လာရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်ဟာ စိတ်ဝေဒနာရှင် ရူးသွပ်တရားခံတွေရဲ့ သက်သာခွင့် လမ်းကြောင်းဖြစ်ပါတယ်။ သက်သေခံဥပဒေ ပုဒ်မ ၁၀၅ အရ အချင်းဖြစ်စဉ်က မိမိမှာ ရူးသွပ်နေလို့ မိမိရဲ့ပြုလုပ်မှု ဘယ်လိုသဘောရှိတယ်၊ မတော်မမှန်မှုဖြစ်တယ်၊ ဥပဒေနဲ့ ဆန့်ကျင်တယ် စတာတွေကို မသိနိုင်ခဲ့လို့သာ ပြုလုပ်မိခြင်း ဖြစ်တဲ့အတွက် ကင်းလွတ်ရမြဲအချက် အတွင်း ကျရောက်နေပါ ကြောင်း တရားခံက ချေပမယ် ဆိုရင်တော့ ထိုသို့အဆိုရှိသူမှာ သက်သေပြဖို့တာဝန် ကျရောက်ပါတယ်။  ဒါပေမယ့် ထူးထူးခြားခြား မှတ်သားရမှာတစ်ခုက ရူးသွပ်သူ တရားခံမှာ သက်သေပြဖို့ တာဝန်ကျရောက် နေလင့်ကစား ၎င်းရူးသွပ်နေစဉ် အချိန်ဝန်းကျင်က အဖြစ်အပျက်တွေကို ကောင်းစွာ မှတ်မိနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုတော့ အချို့သောကိစ္စရပ်မျိုးတွေမှာ သူရူးတရားခံက သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄ ရဲ့ အကာအကွယ်ကို ရထိုက်ပါတယ်လို့ ထုချေခြင်း မပြုခဲ့စေကာမူ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်များနဲ့တကွ အမှုအဖြစ်အပျက် အကြောင်းအရာတို့က တရားခံဟာ ပြစ်မှုဖြစ်ပွားစဉ်က ရူးသွပ်နေကြောင်း ထင်ရှားစေမယ်ဆိုရင်တော့ သူ့အပေါ် ကျရောက်တဲ့ သက်သေပြရန်တာဝန်ကို ကျေပြွန်တယ်လို့ပဲ မှတ်ယူရပါမယ်။  ဒါက အမှုဖြစ်စဉ်မှာကိုက သက်သေခံချက်တွေ ပေါ်ပေါက်လာတဲ့အခါ မျိုးမှာ ဆိုလိုတာဖြစ်ပါတယ်။ အရာခပ်သိမ်းတော့ ကင်းလွတ်ချက်ထဲ ကျရောက်တယ်လို့ ပေါ့ပေါ့လွယ်လွယ် မတွေးသင့်ပါဘူး။  ယင်းမူသဘောနဲ့ ပတ်သက်လို့  မောင်ကုတ်ချိ နှင့် နိုင်ငံတော် ( ၁၉၆၅၊ မတစ (ရုံးချုပ်)၊ စာ-၁၀၉၆ )မှာ ထုံးဖွဲ့စီရင်ထားတာကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။
 စာရှုသူတို့အနေနဲ့ အဆင်ပြေ ချောမွေ့စွာ လေ့လာ မှတ်သားနိုင်စေဖို့ တရားရုံး လုပ်ထုံးလုပ်နည်း တွေကို မူရင်းပြဋ္ဌာန်းချက်များမှ စကားပြေပြန်ကာ တင်ပြခဲ့တဲ့နေရာမှာ အားနည်းချက်၊ လိုအပ်ချက်များ ရှိခဲ့ရင် စာရေးသူဖြစ်တဲ့ ကျွန်တော့်ရဲ့တာဝန်သာ ဖြစ်ပါတယ်။  ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ တရား စီရင်ရေးဆိုင်ရာမူများထဲက တစ်ချက်ဖြစ်တဲ့ `ဥပဒေကို ပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာ စေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး`ဆိုတဲ့ မူကို ကျွန်တော့်အနေနဲ့ တစ်ထောင့်တစ်နေရာက တတ်စွမ်းသမျှလေးနဲ့ အကောင်အထည် ဖော်ပေးနေခြင်း ဖြစ်လို့ (စာပေအဆိပ်အသီး မဟုတ်တဲ့) မွန်မြတ်သော ဥပဒေရေးရာ စာပေများကို ဆက်လက်မျှဝေပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ။
လွှမ်းမိုးအောင် (တရားရေး)
( 13-12-2014 ) 2:05 am.
Friday, December 12, 2014
အပျောက်စနစ်ဖြင့် လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ တဆင့်ပြန်လည်လွှဲပြောင်းခွင့် ရှိ/မရှိ
အပျောက်စနစ်ဖြင့် လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ တဆင့်ပြန်လည်လွှဲပြောင်းခွင့် ရှိ/မရှိ ကိုသိလိုပါသည်။
●အပျောက် စနစ်ဖြင့်လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲတဆင့်ပြန်လည်လွှဲပြောင်းပိုင်ခွင့်ရှိကြောင်းကို ယ္ခင် တရားရုံးချုပ်စုံညီခုံရုံးက
"ဒေါ်ငွေသိန်း နှင့် ဒေါ်သိန်းညွန့် - ၁၉၉၃- ခုနှစ်မြန်မာနိင်ငံစီရင်ထုံးစာမျက်နှာ(၁၇)(စုံညီ)
တွင်အတိအလင်းထုံးဖွဲ့ထားပါသည်။
ထို့ကြောင့်အိမ်ငှားတစ်ဦးသည်မိမိငှားရမ်းနေထိုင်သည့်ဥပစာကိုတဆင့်ပြန်လည်၍အငှားချထားခွင့်ရှိပါသည်။
ထိုကဲ့သို့တဆင့်ပြန်လည်၍အငှားချထားရာ၌ ရန်ကုန်မြို့တွင် အများလက်ခံကျင့်သုံးလျက်ရှိသော အပျောက်စနစ်
( နေပိုင်ခွင့် အတွက်တန်ရာတန်ကြေးပေး၍ ဥပစာကိုလွှဲပြောင်းရယူသည့်စနစ်)
ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ 
ထိုကဲ့သို့တဆင့်ပြန်လည်အငှားချထားရန်ဆောင်ရွက်သည့် အခါ အဆောက်အဦးပိုင်ရှင်၏ကြိုတင်ခွင့်ပြုချက်ကို ရယူပြီးမှေ
ဆာင်ရွက်ရမည်ဟုပြဌာန်းချက် မတွေ့ရှိသည့်အတွက် တဆင့်ပြန်လည် လွှဲပြောင်းခွင့်ရှိသည်ဟု ဆုံးဖြတ်ချက်သည် အတည်ဖြစ်လျက်ရှိပါသည်။      ။
ဥပ​ဒေ ဗဟုသုတ
Thursday, December 11, 2014
Operative Order အကြောင်း ဆွေးနွေးတင်ပြခြင်း
Operative Order အကြောင်း ဆွေးနွေးတင်ပြခြင်း
ဒီ​နေ့ ကျွန်​​တော်​ ​ဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ _ တစ်ခါတစ်ရံ ကျွန်တော်တို့ကိုယ်တိုင် ဒီကရီ ရေးဆွဲရာမှာ အမှတ်တမဲ့ဖြစ်ပြီးေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့ Operative Order (အကျိုးသက်ရောက်စေသော အမိန့်) အကြောင်းပဲ ဖြစ်ပါတယ်။  ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာရတဲ့ အကြောင်းရင်းခံကတော့ ဆရာကြီး ဦးမြ ရေးသားခဲ့တဲ့ သောင်းပြောင်းထွေလာ ဥပဒေပြဿနာ အတွဲ(၆) စာအုပ်မှာ ဖော်ပြပါရှိတဲ့ အောက်ပါ သွန်သင်ညွှန်ပြချက်ကို စတင်မြင်တွေ့ဖတ်ရှုမိခဲ့ရာမှ မိမိရဲ့လိုအပ်ချက် အမှားများကို သတိမူ ပညာယူမိခဲ့ တဲ့အတွက် တရားသူကြီးများနှင့် ဥပဒေကို လေ့လာလိုက်စားကြသူတွေ အတွက် ဆင်ခြင် မှတ်သားဖွယ်ရာ message လေးတစ်ခု ကျန်ခဲ့စေဖို့ ရည်ရွယ်ပြီး ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။
ဆရာကြီး ဦးမြ က ညွှန်ပြသွန်သင်သည်မှာ ××××× ဒီကရီကို စီရင်ချက်အပေါ် အခြေခံ၍ ရေးဆွဲရသည်။  ဒီကရီရေးဆွဲသူ စာရေး၊ စိစစ်သူ တရားရေးဝန်ထမ်း၊ လက်မှတ်ရေးထိုးသူတို့သည် သံပတ်ပေးထားသော စက်ရုပ်ကဲ့သို့ ရေးသူက ရေး၊ စိစစ်သူက စိစစ်၊ လက်မှတ်ရေးထိုးသူက လက်မှတ်ရေးထိုးကြ၊ ကိုးရိုး ကားရားနိုင်သော ဒီကရီဖြစ်သည်ကို သတိမထားကြချေ။  တာဝန်အရှိဆုံးမှာ တရားရေးဝန်ထမ်း ဖြစ်သည်။
ဆက်လက်၍ လမ်းညွှန်ပြသည်မှာ - ဒီကရီဟူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထုံးနည်းတကျ ရေးသား ထားသော ဖော်ပြချက် ဖြစ်သည်။  စီရင်ချက်ပါ အရေးယူဆောင်ရွက်ရန် အမိန့် Operative Order (စီရင်ချက် တွင် အမိန့် ဟူသော ခေါင်းစီးရေးပြီး ချမှတ်သော နောက်ဆုံးစာပိုဒ်)အတိုင်း ဒီကရီတွင် ကူးရေးကြလေ့ ရှိသည်ကို တွေ့ရသည်။  ထိုသို့ရေးသားသော ဒီကရီမှာ ထုံးနည်းကျကျ ရေးသား ဖော်ပြချက် မဟုတ်၊ ဒီကရီပါဟု ကျမ်းကျိန်ပြောဆိုရမည့် ဒီကရီမျိုး ဖြစ်သည် လို့ ဆရာကြီးက ဝေဖန်ပြခဲ့တာကို တွေ့ရပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဆရာကြီး ဦးမြ ပြောသလိုပါပဲ၊ စီရင်ချက်ရဲ့ နောက်ဆုံးစာပိုဒ်မှာ ဖော်ပြချမှတ်ခဲ့တဲ့ စာပိုဒ်ကို ဒီကရီမှာ ကူးရေး ဖော်ပြ ရေးဆွဲရတာပါလို့ ပေါ့ပေါ့လွယ်လွယ် တွေးတော ဆောင်ရွက်ခဲ့ဖူးပါတယ်။
ဆရာကြီးက ဆက်လက်ပြီး ဥပမာပြ ညွှန်ပြခဲ့တာလေးကိုလည်း ဆက်လက်တင်ပြပါရစေ။ - ငွေကျပ်ငါးထောင် ရလိုကြောင်း စွဲဆိုသောအမှုတွင် စီရင်ချက်၏ နောက်ဆုံးအမိန့်တွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီချမှတ်လိုက်သည်ဟု ရေးသည့်အတိုင်း ဒီကရီတွင် ဖော်ပြရန်မဟုတ်။  ဒီကရီတွင် တရားပြိုင် ဦးဖြူက တရားလို ဦးနီအား ငွေကျပ်ငါးထောင် ပေးစေ စသည်ဖြင့် စာသံပေသံပါပါ ထုံးနည်းတကျ ရေးသားရန် ဖြစ်သည်။  ထိုနည်းတူ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ စွဲဆိုသောအမှုတွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီကို ချမှတ်လိုက်သည်ဟု ဆုံးဖြတ်သော စီရင်ချက်နှင့်အညီ ဒီကရီရေးဆွဲရာ၌ `တရားပြိုင် ဦးမြသည် ------မြို့၊ (၁၀)လမ်း၊ အိမ်အမှတ်(၅၃)၏ မြေညီထပ် လက်ဝဲဘက် အစွန်ဆုံးအခန်းမှ ၁၉၆၀ ပြည့်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ ဖယ်ရှားထွက်ခွါသွားစေ` ဟု ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြရန် ဖြစ်သည်။
အလျဉ်းသင့်တိုက်ဆိုင်လို့ ဆက်လက်တင်ပြလိုတာက ဒီကရီဆိုတဲ့အကြောင်းကို အကျဉ်းမျှ ပြန်ရှင်းပြလိုပါတယ်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)မှာ- ဒီကရီ ဆိုတာက အမှုသည်တို့ အငြင်းပွားတဲ့ အကြောင်းအရာတွေ အပေါ်မှာ ရပိုင်ခွင့်တွေကို အပြီးသတ် ဆုံးဖြတ်ပေးသော စီရင်ချက်မှာ ထုံးနည်းတကျ ရေးသား ဖော်ပြချက်ကို ဆိုလိုကြောင်း ယင်းပုဒ်မ ၂(၂)မှာ ဖော်ပြပါရှိပါတယ်။  ဒါ့အပြင် တရားရုံးတွေဟာ တရားမမှုတွေကို စစ်ဆေးကြားနာပြီးနောက်မှာ စီရင်ချက် ချမှတ်ကြရတဲ့အပြင်၊ အဲဒီလို ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ညီညွတ်အောင်လည်း ဒီကရီကို ရေးဆွဲကြရမယ် ဆိုတဲ့အကြောင်း တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၃ နဲ့ အမိန့် ၂၀၊ နည်းဥပဒေ ၆(၁)တို့မှာ ပြဋ္ဌာန်းပါရှိပါတယ်။
ဒီကရီနှင့် ပတ်သတ်ပြီး ယခင် တရားရုံးချုပ်ကလည်း (၂၀-၄-၁၉၉၀)ရက်စွဲပါ စာအမှတ်၊ ၂၈၂/၁၆၄ (လထန)နဲ့  မှာကြားခဲ့ဖူးတာ ရှိပါတယ်။  အမှုမကြန့်ကြာစေရန်နှင့် နှစ်ဘက်အမှုသည်များ အငြင်းမပွား စေရန် စီရင်ချက်နှင့် အညီ ဒီကရီရေးဆွဲရန် လိုအပ်ကြောင်း၊ ဒီကရီနှင့် ထုံးပုံကျအမိန့်များ ရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို အမိန့် ၂၀ နှင့် တရားရုံးများလက်စွဲ အပိုဒ် ၁၇၄၊ ၁၇၅ နှင့် ၁၇၇ တို့တွင် ပြဋ္ဌာန်းထားသည့်အပြင်၊ ဒီကရီနမူနာများကိုလည်း တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(ဃ) တွင် ဖော်ပြထားကြောင်း၊ ဒီကရီရေးဆွဲရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်းနှင့် ဒီကရီကို သေချာစွာ စိစစ်၍ စီရင်ချက်နှင့် ညီညွတ်ပြီး ကျေနပ်မှသာ တရားသူကြီးက လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း မှာကြားခဲ့တာကို တွေ့ရပါတယ်။
ဒီတော့ တရားမ စီရင်ချက်များမှာ ပါရှိတဲ့ Operative Order တွေဟာ လွန်စွာ အရေးကြီး လှတဲ့အတွက်  ကျွန်တော်တို့အနေနဲ့  စာရေးအချို့က ပေါ့ပေါ့လွယ်လွယ် ရေးသားတင်ပြလာတဲ့ ဒီကရီမျိုးကို လွယ်လင့် တကူ လက်ခံရန်မသင့်ပါဘူး။  စာရေးတွေကိုလည်း နားလည်သဘောပေါက်အောင် ညွှန်ပြပေးသင့်ပါတယ်။ ကျွန်တော် တရားသူကြီး စဖြစ်ကာစကလည်း စာတွေ့ကို လက်တွေ့နဲ့ မပေါင်းစပ်တတ်သေးတော့ တရားရုံး ဘိလစ်ကြီးက စာအုပ်အထူကြီးတစ်အုပ် ယူလာပြပြီး ပြသရင်း ရှင်းပြပေးလို့ သဘောပေါက် နားလည်လာ ခဲ့ရဖူးပါတယ်။ ဒီကရီဟာ အမှုရဲ့ အသက်ဖြစ်တာကြောင့် အမှားအယွင်းမရှိရအောင် အထူး ဂရုစိုက်ပြီး ရေးသားစေရမှာပဲ ဖြစ်ပါတယ်။  ယခင်တရားရုံးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ချမှတ်ခဲ့တဲ့ စီရင်ထုံးများကို အသေအချာ လေ့လာဖတ်ရှု ကြည့်မယ်ဆိုရင် ဒီကရီရေးဆွဲရာမှာ ရေးသားဖော်ပြရမယ့် Operative Order တွေကို စီရင်ထုံးရဲ့ နောက်ဆုံးမှာ အထင်အရှား တွေ့ရှိနိုင်ပါလိမ့်မယ်။  လေ့လာကြည့်လိုက်ကြပါစို့။
* အထက်ပါ အကြောင်းများကြောင့် ဤအယူခံမှုကို ခွင့်ပြု၍ မူလပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်လိုက်သည်။  ၄င်းနောက် အချင်းဖြစ်မြေသည် လယ်ယာမြေဖြစ်၍ တရားလိုသည် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ အမှုပုံစံ မှားယွင်းနေသည်ဟု ဆိုခြင်းမှာ မမှန်ကြောင်း ပဏာမငြင်းချက် အမှတ်(၁) နှင့် (၂)တို့အပေါ် ဖြေဆို ဆုံးဖြတ်လိုက်သည်။
မွန်ပြည်နယ်တရားရုံးသည် မူလမှုတရားလို စွဲဆိုသော အမှုကို မူလမှုနံပါတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပြီး ဤရုံးငြင်းချက်များကို ဥပဒေနှင့်အညီ ဖြေဆိုဆုံးဖြတ်ရန် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၂၃ အရ ညွှန်ကြားလိုက်သည်။
ဤအယူခံမှုတွင် အယူခံတရားလို ထမ်းဆောင်ထားသော ရုံးခွန်ကို ပြန်အမ်းစေရန်အတွက် လိုအပ်သည့် သက်သေခံလက်မှတ်ကို အယူခံတရားလိုအား ထုတ်ပေးစေ။
( ခွင့်ပြုချက်ဖြင့်ထားသူကို နှင်လိုမှု၊ ၂၀၀၅၊ မတစ၊ စာ-၁၀၉ )
--------------------------------------------
* မူလရုံးတရားလို ဒေါ်အေးအေးသန်း တင်သွင်းသည့် တရားမအထူးအယူခံမှုကို တစ်စိတ်တစ်ဒေသ ခွင့်ပြုပြီး တရားရုံးချုပ်နှင့် တိုင်းတရားရုံးတို့၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ကာ မူလရုံးတရားလို ဒေါ်အေးအေးသန်းသည် ဦးစိန်၊ ဒေါ်ငွေအောင်တို့၏ လက်ထက်ပွားပစ္စည်းတွင် ၆ ပုံ ၅ ပုံကို ရထိုက်ကြောင်း ပြင်ဆင်၍ ပဏာမဒီကရီ ချမှတ်လိုက်သည်။
မူလရုံးတရားပြိုင် ဦးကံရှိန် တင်သွင်းသည့် တရားမ အထူးအယူခံမှုကိုမူ စရိတ်နှင့်တကွ ပလပ်လိုက်သည်။
တရားစရိတ်ကို အမွေပုံမှ ကျခံစေ။
ရှေ့နေစရိတ် ကျပ် ၃၀၀၀ စီ သတ်မှတ်သည်။
( အမွေပုံ စီမံခန့်ခွဲပေးစေလိုမှု၊ ၂၀၀၄၊ မတစ၊ စာ-၁၄၆ )
-----------------------------------------
* သို့ဖြစ်ရာ ဤအထူးအယူခံခုံရုံးဖြင့် ကြားနာလျက်ရှိသော ပြဿနာကို အောက်ပါအတိုင်း ဖြေဆိုလိုက်သည်-
`အပေးစာချုပ်ကို အကြောင်းပြုပြီး မြေနှင့်အိမ်အားလုံးကို မူလရုံးတရားလိုတို့အား လက်ရောက် ရထိုက်ကြောင်း ချမှတ်ခဲ့သည့် ဒီကရီကို အတည်ပြုပေးခဲ့သည့် တရားရုံးချုပ် (မန္တလေး)၏ တရားမ ပထမ အယူခံမှုအမှတ် ၉၇/၂၀၀၈ ၏ စီရင်ချက်နှင့် ဒီကရီသည် မှန်ကန်မှုရှိကြောင်း။`
ထို့ကြောင့် ဤအထူးအယူခံမှုကို စရိတ်နှင့်တကွ ပလပ်လိုက်သည်။
ရှေ့နေစရိတ် ကျပ် ၅၀၀၀၀/- သတ်မှတ်သည်။
( မြေနှင့် အဆောက်အအုံများ လက်ရောက်ရလိုမှု၊ ၂၀၁၂၊ မတစ၊ စာ-၁၄၉ )
------------------------------------------------------
ဒီကရီ၊ အမိန့်ရဲ့ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတွေအပေါ်မှာ အမှုသည်တို့ရဲ့ အနာဂတ် အခွင့်အရေးတည်တာဖြစ်လို့ ကိုယ့်ဘက်က ချို့ယွင်းခဲ့ရင်၊ မပြည့်စုံခဲ့ရင်၊ မသေမချာ မရှင်းမလင်း ဖော်ပြမိခဲ့ရင် အမှုသည်တွေကို ဆုံးရှုံးနစ်နာစေနိုင်တဲ့အပြင်၊ အယူခံရုံးနှင့် အခြားနေရာများမှာ မှုခင်းများ ဆိုင်ပြိုင်မှုတွေ ထပ်တလဲလဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း တရားရုံးများလက်စွဲ အပိုဒ် ၁၇၅ မှာ အသေးစိတ် လမ်းညွှန်ထားတာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့် တရားမမှုများကို စစ်ဆေးစီရင် အဆုံးအဖြတ်ပြုကြတဲ့သူတွေ အနေနဲ့ မိမိတို့ ချမှတ်ခဲ့တဲ့ စီရင်ချက်မှ Operative Order (အကျိုး သက်ရောက်စေသော အမိန့်)တွေကို ကနဦးကပင် စေ့စပ်သေချာစွာ ရေးသားချမှတ်ကြရမှာ ဖြစ်ပြီး၊ ဒီကရီမှာ ပြီးစလွယ် ရေးသားဖော်ပြခြင်းမျိုး မဖြစ်စေဖို့  ပိုမိုသတိပြုမိအောင် ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။
လွှမ်းမိုးအောင် (တရားရေး)
(11-12-2014) 9:38 pm.
တရားမနစ်နာမှု ( The Law of Tort )ဆိုသည်​မှာ . . .
တရားမနစ်နာမှု ( The Law of Tort )ဆိုသည်​မှာ . . .
●တရားမနစ်နာမှုဥပဒေဆိုပြီးမြန်မာနိင်ငံမှာဥပဒေတစ်ရပ်အနေဖြင့်ထုတ်ပြန်ပြဌာန်းထားခြင်း
မရှိသော်လည်းလျော်ကြေးငွေတောင်းဆိုခြင်းကိစ္စ၊နစ်နာမှုဖြစ်ပေါ်သည့်အတွက်နစ်နာကြေး
တောင်းဆိုသည့်ကိစ္စတို့သည်တရားမနစ်နာမှုဥပဒေ၏သဘောတရားအပေါ်များစွာအခြေခံ
နေပါသည်။
●မြန်မာနိင်ငံတွင်တရားမနစ်နာမှုဥပဒေသဘောတရားအပေါ်အခြေခံ၍ဖြစ်ပေါ်လာသည့်လျော်
ကြေးငွေတောင်းဆိုခြင်းကိစ္စ၊နစ်နာမှုအတွက်နစ်နာကြေးတောင်းဆိုသည့်ကိစ္စ၊တို့အားအဆုံးအ
အဖြတ်ပေးရာတွင်"မြန်မာနိင်ငံတရားဥပဒေများဆိုင်အက်ဥပဒေ" "The Burma Law Act"
ပုဒ်မ-၁၃ (၃)ပြဌာန်းချက်ပါ(၁)တရားမျှတမှု ၊ (၂) သာနာညီမျှမှု ၊ (၃) ကောင်းမြတ်သောအသိစိတ်၊
တို့ကိုအခြေခံပေးပါသည်။
ထို့ကြောင့်မြန်မာနိင်ငံ၌လျော်ကြေးငွေကိစ္စ၊နစ်နာမှုဖြစ်ပေါ်သည့်အတွက်နစ်နာကြေးငွေကိစ္စတို့သည်
တရားမနစ်နာမှုဥပဒေသီးခြားပြဌာန်းထားခြင်းမရှိသည့်အတွက်"မြန်မာနိင်ငံတရားဥပဒေများဆိုင်ရာ
အက်ဥပဒေ"ပုဒ်မ-၁၃(၃)အပေါ်အခြေခံဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဥပ​ဒေ ဗဟုသုတ
မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ( The Myanmar Divorce Act)နှင့် ပတ်သက်သည့် လင်မယားကွာရှင်းနိင်သည့်အရပ် (၈)ရပ်။
မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ( The Myanmar Divorce Act)နှင့် ပတ်သက်သည့် လင်မယားကွာရှင်းနိင်သည့်အရပ် (၈)ရပ်။
●မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေသည် မြန်မာနိင်ငံ၌နေထိုင်ပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူများနှင့်သာ
သက်ဆိုင်သည်​။ အခြားဘာသာ
ကိုးကွယ်သူများနှင့် သက်ဆိုင်ခြင်းမရှိပါ။
●မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရလင်ကမယား၊မယားကလင်ကိုကွာရှင်းနိင်သောအကြောင်းရပ်များမှာ-
(၁) မယားဖြစ်သူကတစ်ပါးသူနှင့်ကျူးလွန်ခြင်း။
(၂)လင်ဖြစ်သူက အခြားဘာသာသို့ ကူးပြောင်းသွားသည့်အပြင် အခြားဘာသာဝင်မိန်းမနှင့် လက်ထပ်ခြင်း။
(၃)လင်ဖြစ်က ​သွေးနီးလွန်းသူမိန်းမနှင့် ​ဖောက်ပြန်ခြင်း။
(၄)မယားပြိုင်ထားပြီး ဖောက်ပြန်ခြင်း။
(၅)နောက်မိန်းမနှင့်လက်ထပ်ပြီး ဖောက်ပြန်ခြင်း။
(၆)မုဒိန်းမှုကျူးလွန်ခြင်း၊ ယောက်ကျားအချင်းချင်း လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့် မေထုံကျူးလွန်ခြင်း။
(၇)တစ်ပါးသူနှင့်ဖောက်ပြန်ပြီးနောက် လက်ရှိမိန်းမအပေါ် ကွာရှင်းနိင်လောက်သည့် အိမ်ထောင်ရေးပြစ်မှုများကျူးလွန်ခြင်း။
(၈) လက်ရှိမိန်းမအား (၂)နှစ်နှင့်အထက်စွန့်ပစ်ထားပြီး တစ်ပါးမိန်းမနှင့်ဖောက်ပြန်ခြင်း။
အထက်ဖေါ်ပြပါအရပ်(၈)ရပ်သည် မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရ လင်မယားကွာရှင်းနိင်ကြောင်း
ယင်း
ဥပဒေပုဒ်မ-၁၀ တွင် ပြဌာန်းထားပါသည်။
ဥပ​ဒေ ဗဟုသုတ
Sunday, December 7, 2014
ကျွန်​ ​တော့်​  Blog မှာ   ပို့စ်​ (၁၀၀) ပြည့်​ ​မြောက်​ ခဲ့ ပါ ပြီ .....
ကျွန်​ ​တော့်​  Blog မှာ   ပို့စ်​ (၁၀၀) ပြည့်​ ​မြောက်​ ခဲ့ ပါ ပြီ .....
ဆက်​ လက်​ ကြိုး စား ပါ အုံး မည်​ . . .
ကျွန်​ ​တော့်​  Blog မှာ   ပို့စ်​ (၁၀၀) ပြည့်​ ​မြောက်​ ခဲ့ ပါ ပြီ .....
လက်​ ကြိုး စား ပါ အုံး မည်​ . . .
တရားမနစ်နာမှု The law of tort၏ အခြေခံသဘောတရားများ အကြောင်း၊ ဥပဒေဗဟုသုတ
တရားမနစ်နာမှု The law of tort၏ အခြေခံသဘောတရားများ အကြောင်း၊ ဥပဒေဗဟုသုတ
●တရားမနစ်နာမှု၏အခြေခံသဘောတရားများ အနေဖြင့်ခွဲခြားလေ့လာကြည့်
လျှင်(၄)မျိုးရှိပါသည်။
၁ ။Ubi Jus Ibi Remedium (လက်တင်)
Where there is legal right, there is a legal remedy.
ဥပဒေရေးရာ အခွင့်အရေးရှိလျှင် တရားဥပဒေ အရကုစားခွင့်ရှိရမည်။
၂ ။Demnum Sine Injuria(လက်တင်)
ဥပဒေရေးရာ အခွင့်အရေးကိုထိ ကျူးကျော်ခြင်းမရှိဘဲနစ်နာခြင်း။
၃ ။Injuria Sine Demnum(လက်တင်)
နစ်နာဆုံးရှုံးခြင်း မရှိဘဲ ဥပဒေရေးရာ အခွင့်အရေးကို ထိခိုက်ကျူးကျော်ခြင်း။
၎ ။Ex Jupi Causa Non Oritur Actio (လက်တင်)
ကိုယ်ကျင့် တရားပျက်ပြားခြင်းကို အကြောင်းပြု၍ တရားမစွဲနိင်။
အထက်ဖေါ်ပြပါ(၄) ချက်သည် တရားမ နစ်နာမှု၏ အခြေခံ သဘောတရားများဖြစ်ပါသည်။
ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​ မျှ​ဝေသည်​။
ငွေ ပေး ဆပ် ရန် ဒီ က ရီ ရ ရှိ ထား သူ တစ် ဦး က ငွေ ပေး ဆပ် ခြင်း မ ပြု သူ တရား ရှုံး သူ မိန်း မ တစ် ဦး အား ဒီ က ရီ ကျ ငွေ နှင့် တရား စ ရိတ် မ ပေး ဆပ် လျှင် ဖမ်း ဆီး ခြင်း/ တရား မ အ ကျဉ်း ထောင် ချုပ် နှောင် ခြင်း ပြု နိင် မ ပြု နိင် 
ငွေ ပေး ဆပ် ရန် ဒီ က ရီ ရ ရှိ ထား သူ တစ် ဦး က ငွေ ပေး ဆပ် ခြင်း မ ပြု သူ တရား ရှုံး သူ မိန်း မ တစ် ဦး အား ဒီ က ရီ ကျ ငွေ နှင့် တရား စ ရိတ် မ ပေး ဆပ် လျှင် ဖမ်း ဆီး ခြင်း/ တရား မ အ ကျဉ်း ထောင် ချုပ် နှောင် ခြင်း ပြု နိင် မ ပြု နိင် 
တစ် ဦး နှင့် တစ် ဦး ငွေ ရေး ကြေး ရေး ပေး ကြ /ယူ ကြ ပြီး သည့် နောက် ပြန် ပေး ရန် အ ချိန် ရောက် ၍ ပေး သူ က ငွေ ပြန် တောင်း ရာ ယူ သူ က ပြန် မ ပေး ၍ တရား မ မှု ဖြစ် သည့် ငွေ ရ လို မှု ( Suit for moneyDecree) ဖြင့် တရား စွဲ ၍ တရား ရုံး က တောင်း ဆို သည့် ငွေ ပ မာ ဏ နှင့် တစ် ကွ တရား စ ရိတ် အား ငွေ ဒီ က ရီ ချ မှတ် ပေး ခဲ့ ပြီး နောက် လည်း ငွေ ယူ ထား ပြီး တရား ရှုံး သူ သည် ငွေ မ ပေး ဆပ် သည့် အ တွက် တရား နိင် သူ က မိ မိ အား တရား ရုံး က ချ မှတ် ပေး ထား သည့် ဒီ က ရီ အား ဆက် လက် ၍ အ တည် ပြု ဆောင် ရွက် ပေး ရန် ဒီ က ရီ ချ မှတ် ပေးသည့် ရုံး ၌ တရား မ ဇာ ရီ မှု ထပ် မံ လျှောက် ထား နိင် ပါ သည် ။
ထို သို့ တရား မ ဇာ ရီ ဖွင့် ၍ ဆောင် ရွက် သော် လည်း တရား ရှုံး သူ သည် ဒီ က ရီ ကျ ငွေ နှင့် တရား စ ရိတ် အား အ ရစ် ကျ ပေး ဆပ် ခြင်း သို့ မ ဟုတ် အ ပြေ ပေး ဆပ် ခြင်း ပြု လျှင် တရား နိင် ထား သူ သည် တရား ရှုံးသူ ပိုင် သည့် ရွှေ့ ပြောင်း နိင် သည့် ပစ္စည်း သို့ မ ဟုတ် မ ရွှေ့ မ ပြောင်း နိင် သည့် ပစ္စည်း တို့ ကို ဝ ရမ်း စွဲ ကပ် ၍ လေ လံ တင် ရောင်း ချ ၍ ဒီ က ရီ ကျ ငွေ နှင့် တရား စ ရိတ် တို့ ရ ရှိ အောင် ဆောင် ရွက် နိင် သည် ။
တရား ရှုံး သူ ၌ ဝ ရမ်း စွဲ ကပ် ၍ လေ လံ တင် ရောင်း ချ ရန် ပစ္စည်း တစ် စုံ တစ် ရာ မ ရှိ ပါ က တရား နိင် သူ သည် တရား ရှုံး သူ အား လူ ဖမ်း ဝ ရမ်း ထုတ် ဆင့် စေ ၍ ဖမ်း ဆီး ခြင်း/ စား စ ရိတ် ပေး သွင်း ၍ တရား မ အ ကျဉ်း ထောင် ချ မှတ် နိင် ပါ သည် ။
တရား ရှုံး သူ သည် မိန်း မ တစ် ဦး ဖြစ် ပါ က ယ ခင် က တရား မ အ ကျဉ်း ထောင် မ ချ မှတ် နိင် ကြောင်း တရား မ ကျင့် ထုံး ဥပဒေ ပုဒ် မ ၅၆ တွင် ပြ ဌာန်း ထား ပါ သည် ။
သို့ သော် န. အ. ဖ ၏ ( ၁၂. ၇ . ၂၀၀၀) နေ့ စွဲ ပါ တရား မ ကျင့် ထုံး ဥပဒေ အား ပြင် ဆင် သည့် အမိန့် ကြေ ညာ ချက် အ မှတ် ၆/၂၀၀၀ ဖြင့် ပုဒ် မ ၅၆ အား ပယ် ဖျက် လိုက် သည့် အ တွက် ယ ခု အ ခါ ငွေ ပေး ဆပ် ရန် ဒီ ဂ ရီ အား တရား မ ဇာ ရီ မှု ဖွင့် ၍ အ တည် ပြု ဆောင် ရွက် ရာ ၌ တရား ရှုံး သူ သည် မိန်း မ ဖြစ် သော် လည်း ဒီ က ရီ ကျ ငွေ နှင့် တရား စ ရိတ် မ ပေး ဆပ် ပါ က ဖမ်း ဆီး ခြင်း/ တရား မ အ ကျဉ်း ထောင် ချ မှတ် နိင် ပါသည် ။
ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​ မျှ​ဝေသည်​။
ဥပ​ဒေရေးရာ တိုတိုထွာထွာ(၅)  သေတမ်းစစ်ချက် ဘယ်လိုယူမလဲ
ဥပ​ဒေရေးရာ တိုတိုထွာထွာ(၅)
 သေတမ်းစစ်ချက် ဘယ်လိုယူမလဲ
             ဒီတစ်ပတ်မှာတော့ လက်တွေ့အားဖြင့် မကြာခဏကြုံတတ်ကြတဲ့ သေတမ်းစစ်ချက် ဘယ်လို
ယူကြမလဲ ဆိုတာလေးကို တင်ပေးလိုက်ပါတယ်။ မကြုံဘူးသူလေးများလည်း အရေးကြုံ လာတဲ့အခါ ယူတတ်အောင်၊ ကြုံဘူးပြီးသားသူများကလည်း နောင် ထပ်မံကြုံ လာတဲ့အခါ ပိုပြီး လုပ်ထုံးလုပ်နည်းကျ
နမှန်ကန်အောင် တင် ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဘယ်သူ့ကို မှ ဆရာလုပ်တာတော့မဟုတ်ပါဘူး။
ကဲ စလိုက်ကြရအောင်-
            ကိုယ်က အိမ်မှာ ရုံးပိတ်ရက် အနားယူနေတဲ့အခါမျိုးမှာဘဲဖြစ်စေ၊ ရုံးမှာ တာဝန်ထမ်းဆောင်ရင်း ရဲတပ်ဖွဲ့က ရုံးမှာ လာရောက်တင်ပြလို့ ဖြစ်စေ ကြုံတွေ့ကြရပါတယ်။ ဒီကိစ္စမျိုးက နယ်တွေမှာ ပိုမို ကြုံ တွေ့ တတ်ကြရလေ့ရှိပြီးအထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းရပ်ဝန်းတွေမှာပိုပြီးများပါတယ်။ မြင်းခြံမြို့
နယ်မှာ တာဝန်ကျစဉ်တုန်းက မကြာခဏကြုံတွေ့ခဲ့ရပါတယ်။ ညဖက် အိပ်ကောင်းနေတုန်း အချိန်မတော် ည(၁)နာရီ၊(၂)နာရီလောက်မှာ ထွေလာလို့ ခေါ်တဲ့လယ်ထွန်စက်( နောက်တွဲတပ်)အသံကြားရပြီဆိုရင်
တော့ သေချာပြီ ၊ မကြာမီ လာမည်- မျှော် ဆိုသလိုပါဘဲ။
             ခဏနေ ကျွန်တော့်အိမ်ကို ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး နှိုးပါတော့တယ်။ “ဆရာ ဆေးရုံမှာ လူနာရောက်နေလို၊့ ပြီးတော့ အခြေအနေသိပ်မကောင်းလို့ သေတမ်းစစ်ချက်ယူပေးပါအုံး ဆရာ”ဆိုပြီး
သတင်းပို့ လာပါတယ်။
            အချို့သော မြို့နယ်တရားသူကြီးများက ဒီလိုကိစ္စမျိုးများမှာ ကိုယ့်လက်အောက်က ကလေး
တွေ အတွေ့အကြုံ ရအောင်ဆိုပြီး ကိုယ်တိုင် မယူဘဲ ကလေးတွေကို တာဝန်ပေးလေ့ ရှိကြပါတယ်။ ကျွန်
တော်လည်း အဲလိုလုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တစ်ယောက်ကို တာဝန်လွှဲပေးနေတာနဲ့ လူနာ
သေသွားခဲ့ရင် နောက်ဆက်တွဲ မှုခင်းတွေ အမှန်တရားဖေါ်ထုတ်ရာမှာ အလွဲလွဲအချော်ချော်ဖြစ်သွားနိုင်တာ
ကြောင့် ကိုယ်တိုင်ဘဲ သေတမ်းစစ်ချက်လိုက်ယူလေ့ ရှိပါတယ်။ အဲဒါအပြင် အဲဒီတုန်းက ကျွန်တော့် အိမ်က
လည်း တောနယ်က အမှုတွေ တိုင်ရတဲ့ ရဲစခန်းနား နီးနေလေတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။
နောင်များဆို ညအချိန်မတော် လယ်ထွန်စက်သံကြားပြီဆိုရင် ကျွန်တော်အိပ်ယာကထပြီးမျက်နှာလေးသစ်၊
ကော်ဖီတစ်ခွက်လောက် ဖျော်သောက်ပြီးအသင့်စောင့်နေလိုက်မိပါတော့တယ်။တစ်ခါတစ်ရံ ကံများ ကောင်း
ချင်တော့ သေတမ်းစစ်ချက်ယူရတာ (၃)ဦးလောက်ဖြစ်နေတာမျိုးလည်း ကြုံခဲ့ဘူးပါတယ်။
           သက်ဆိုင်သည့် ဥပဒေ၊ ရုံးလက်စွဲနှင့် ညွှန်ကြားချက်များ-
           [ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၆၄၊ တရားရုံးများလက်စွဲအပိုဒ်-၅၉၈ နှင့်တရားရုံးများညွှန်ကြား လွှာအမှတ်-၇/၆၇၊ သက်သေခံဥပဒေပုဒ်မ-၈၀]
            ပထမတန်းရာဇ၀တ်အာဏာရ ဒုတိယမြို့နယ်တရားသူကြီးများဟာ သေတမ်းစစ်ချက်ရယူသည့်
အာဏာကို အလိုအလျောက်ရရှိကြပြီးသူများဖြစ်ကြပါတယ်။
           သေတမ်းစစ်ချက်ကို မည်သူမဆို ယူနိုင်သော်လည်း တရားသူကြီးက ယူလျှင်တော့ သူများတွေ
ထက် ပိုမိုနည်းလမ်း ကျနမှန်ကန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သေတမ်းစစ်ချက်ရယူတဲ့ အခါ သာမန်ကိစ္စလို့
သဘောမထားဘဲ လေးလေးနက်နက်ရယူဖို့ အားမနာတတ်ဖို့ လိုအပ်လှပတယ်။
            သေတမ်းစစ်ချက်ယူပုံယူနည်း မပြောမီ သေတမ်းစစ်ချက်ဆိုတာ ဘာလဲဆိုတာကိုလည်း ဦးစွာ
သိရှိဖို့ လိုအပ်ပါတယ်။ သေတမ်းစစ်ချက်ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ဟာ သူဘာကြောင့် သေရ
တယ်ဆိုတာကို တရားသူကြီးတစ်ဦးတစ်ယောက်ထံမှာသော်လည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်
ထံမှာသော်လည်းကောင်း ပေးတဲ့ အစစ်ခံချက်ကို သေတမ်းစစ်ချက်လို့ ခေါ်ပါတယ်။
           သေတမ်းစစ်ချက်ကို တရားသူကြီးက ရယူကြတဲ့အခါ တရားသူကြီးဟာ ရဲအမှုစစ်ရဲ့ နေ့စဉ်မှတ်
တမ်းကို သေချာစွာ ဖတ်ရှုလေ့လာပြီး သေကာနီးလူနာကို ပြည့်စုံစွာ စစ်ဆေးရပါမယ်။ သေကာနီးစစ်ဆေး ချက်သွားယူတော့မယ်ဆိုရင် မမေ့ဖို့လိုအပ်တာက ရုံးမှာ သက်သေထွက်ဆိုချက် ရေးမှတ်ယူကြရတဲ့ ပြစ်မှု-
ပုံစံ-၂ စာရွက်ဖြစ်ပါတယ်။ သေကာနီးအစစ်ခံချက်ပေးမယ့် သူရဲ့ ကိုယ်ရေးအချက်အလက်များ ကို ပြစ်မှုပုံ စံ-၂မှာ ရေးဖြည့်ရမှာ ဖြစ်ပြီးအစစ်ခံချက်မယူမီမှန်ကန်စွာထွက်ဆိုပါမည်ဆိုတဲ့အကြောင်းကတိသစ္စာပြုစေရ
မှာလည်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံအရ အိမ်မှာပြစ်မှုပုံစံ-၂ ကို  ဆောင်ထားလေ့လည်း ရှိပါတယ်။ စစ်ဆေးတဲ့အခါ နိမိတ်ပြမေးခွန်း မမေးမြန်းရပါဘူး။ အစစ်ခံချက်ပေးသူက ပြောဆိုသကဲ့သို့ ၄င်းပြောဆိုသည့် စကား အသုံးအနှုန်းအတိုင်း တိကျစွာ ရေးမှတ်ဖို့ လိုပါမယ်။
          အစစ်ခံချက်ပေးသူက လူတစ်ဦးတစ်ယောက်အမည်ကို ပြောရင် အဲဒီသူ ဘယ်မြို့၊ဘယ်ရွာ၊ ဘယ် ရပ်ကွက်က ဘယ်သူ့သားဖြစ်တယ်တို့ကို ပါ သေချာအောင် မေးမြန်းပြီး ပြောဆိုသည့်အတိုင်းမှတ်တမ်းတင် ရပါမယ်။
          တစ်ခါတစ်ရံ အစစ်ခံချက်ပေးတဲ့သူဟာ ဝေဒနာခံစားနေရရင်းမှ ထွက်ဆိုချက်ပေးရသည်ဖြစ်ရာ
အဓိပ္ပါယ်မရှင်းလင်းသော၊ မပီမသစကားလုံးများပေးတတ်ကြပါတယ်။စိတ်ရှည်စွာ နားထောင်ရယူရန်လည်း
လိုအပ်ပါတယ်။ အဓိပ္ပါယ် မရှင်းလင်းသော စကားလုံးများကြောင့် သက်သေထွက်ချက်ကို တန်ဘိုးမဲ့မသွား
စေရန် ဖြစ်ပါတယ်။
         သေတမ်းစစ်ချက် ရေးမှတ်ယူချိန်မှာ တရားခံကိုလည်း ဖမ်းမိထားလို့တရားခံ ရှိနေသည်ဆိုရင် သေ
တမ်းစစ်ချက်ယူတဲ့နေရာအနီးခေါ်ထားပြီးအဲဒီတရားခံဟုတ်မဟုတ်ကိုလည်း သေတမ်းစစ်ချက်ထွက်ဆိုသူ လူနာအား တရားခံကို ညွှန်ပြ၍ မေးမြန်းဖို့လည်း လိုအပ်ပါတယ်။ အစစ်ခံချက်ပေးသူ လူနာကို ခုတ်တဲ့ သို့မဟုတ် ထိုးတဲ့ သို့မဟုတ် ရိုက်တဲ့နေရာမှာ အသုံးပြုတယ်ဆိုတဲ့ တုတ် ၊ဓါး လက်နက်တစ်စုံတစ်ရာ သိမ်း ဆည်းရရှိထားပြီးခြင်း ရှိ/မရှိကိုလည်း ရဲကို မေးမြန်းပြီး ရှိတယ်ဆိုရင် အစစ်ခံချက်ပေးသူထွက်ဆိုသော လက်နက်ဟာအခုပြတဲ့လက်နက်ဟုတ်/မဟုတ် ပြသမေးမြန်းရမှာ ဖြစ်ပါတယ်။တရားခံကိုလည်း ပြန်လှန်
မေးမြန်းခွင့်ပေးရပါမယ်။ သို့မှာသာ ၄င်းသေတမ်းစစ်ချက်ဟာ အားကောင်းပြီး တန်ဘိုးရှိမှာ ဖြစ်ပါတယ်။
          သေတမ်းစစ်ချက် ရေးမှတ်ယူသော နေရာ၊ လာသော တရားခံအမည်၊ တရားခံ မရှိက မရှိကြောင်း
ရေးသားပြီး တရားသူကြီးက လက်မှတ်ထိုးပြီး လက်မှတ်အောက်မှာ တရားသူကြီး အမည်၊ ရာထူးတို့ကို
ရေးမှတ်ရပါမယ်။
          အဲဒါအပြင် သေတမ်းစစ်ချက်ရဲ့ အောက်ခြေမှာ တာဝန်ကျ ဆရာဝန်ရဲ့ လက်မှတ်ရေးထိုးထား တဲ့ ထောက်ခံစာလည်း လိုအပ်မှာ ဖြစ်ပါတယ်။
          ဆရာဝန်ရေးသားရမှာကတော့ -
          “လူနာ မောင် / မ .......ထံမှ သေတမ်းစစ်ချက်ရယူရေးမှတ်နေစဉ် ကျွန်ုပ်ရှိနေပြီး လူနာ မောင်/ မ........မှာ သတိကောင်းစွာ ရှိကြောင်း ထောက်ခံပါသည်” လို့ ထောက်ခံချက် ရေးသားစေပြီး လက်မှတ် ရယူထားရမှာဖြစ်ပါတယ်။
          သေတမ်းစစ်ချက်ကို ပြည့်စုံပြတ်သား၊ တိကျစွာ ရေးမှတ်ယူရန် လိုအပ်တာကြောင့် တရားရုံးများ လက်စွဲအပိုဒ်-၅၉၈ ကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
        သေတမ်းစစ်ချက်ယူပြီးတဲ့အခါ တရားသူကြီးအနေနှင့် မိမိရုံးပြန်ရောက်တဲ့အခါ (ရုံးပိတ်ရက် သို့မ ဟုတ် ညဖက်များမှာ ဆေးရုံသွားယူရတာမျိုးဆိုရင်တော့ ရုံးပြန်ဖွင့်တဲ့အခါ) သေတမ်းစစ်ချက်ကို ပြစ်မှု
ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၆၄ အရ ပြစ်မှုဆိုင်ရာ အထွေထွေမှုဖွင့်လှစ်၊ နေ့စဉ်မှတ်တမ်းရေးသားပြီး
တွဲထားရမှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာအထွေထွေမှုရဲ့ အမှုပြီးပြတ်ချက်အပိုင်းမှာတော့ သေတမ်းစစ်ချက်
ရယူပြီးကြောင်း ရေးသားပြီး အမှုပိတ်ထားရမှာ ဖြစ်ပါတယ်။
        သေတမ်းစစ်ချက်ပေးတဲ့ လူနာသေဆုံးသွားတဲ့အခါ သေတမ်းစစ်ချက်မှတ်တမ်းကို သက်ဆိုင်ရာ
ရာဇ၀တ်တရားသူကြီး စစ်ဆေးသော တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းနိုင်ရန်အတွက် ပေးပို့ရမှာ
ဖြစ်ပါတယ်။ အဲဒီသေတမ်းစစ်ချက်ရယူတဲ့ ပြစ်မှုဆိုင်ရာအထွေထွေမှုရဲ့ မျက်နှာဖုံးပေါ်မှာ သေကာနီးအစစ်
ခံချက်ကို သက်သေခံအဖြစ် ထည့်သွင်းသည့် ရာဇ၀တ်ကြီးမှု နံပါတ်နှင့် အမျိုးအစားတို့ကို ရေးမှတ်ထားရပါ
မယ်။ အမှုတွဲ နေ့စဉ်မှတ်တမ်းမှာလည်း မည်သည့် တရားရုံး၊ မည်သည့်တရားသူကြီးစစ်ဆေးတဲ့ ပြစ်မှုကြီး
အမှတ်-    မှာ  သက်သေခံ(- )အဖြစ် တင်သွင်းကြောင်းရေးသား မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။
(ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၆၄၊၃၆၄ တို့နဲ့ အညီရယူထားတဲ့ ဖြောင့်ချက်ကိုသက်သေခံတင်သွင်းတဲ့
အခါ ဆောင်ရွက်ပုံအတိုင်းဖြစ်ပါတယ်။)ထို့အတူ လူသတ်မှု စစ်ဆေးတဲ့ တရားသူကြီးကလည်း သူ့အမှုတွဲမှာ
သေတမ်းစစ်ချက်ရယူခဲ့တဲ့ ပြစ်မှုဆိုင်ရာ အထွေထွေမှုအမှတ်နဲ့ သက်သေခံအဖြစ်လက်ခံထားတဲ့ သေတမ်း
စစ်ချက်ရဲ့ သက်သေခံအမှတ်တို့ကို ရေးသား မှတ်တမ်းတင် ထားမှာလည်း ဖြစ်ပါတယ်။
      အကယ်၍ သေတမ်း အစစ်ခံချက်ပေးသူ လူနာ မသေဆုံးတော့ဘူးဆိုရင်တော့ အဲဒီ သေတမ်းစစ်ချက်
ကို အသုံးပြုရန် မလိုတော့ပါဘူး။
      အထက်မှာ သေတမ်းစစ်ချက်ရယူတဲ့အခါ တရားရုံးများလက်စွဲအပိုဒ်-၅၉၈ ကို တိကျစွာ လိုက်နာဖို့
အပြင် အားမနာတတ်ဖို့လို့ ရေးသားထားတာ ရှိပါတယ်။ ဘာကြောင့် အားမနာတတ်ဖို့ လိုတာလဲလို့ မေး
စရာ ရှိနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ် ထွက်ဆိုချက်ရယူရမယ့် လူနာက သေအံ့မူးမူးဖြစ်နေတဲ့
လူနာဖြစ်ပြီး သာမန်လူတွေလို အခြေအနေမရှိနိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အဲဒီလူနာဆီက အစစ်ခံ
ချက် မရယူမီမှာ အဲဒီလူနာကို “ မှန်ကန်စွာ ထွက်ဆိုပါမည်”ဆိုတဲ့ ကတိသစ္စာပြုခိုင်းနေရတာမျိုးဟာ အင်မ
တန်းမှ အားနာစရာကောင်းလှပါတယ်။ လုပ်ထုံးလုပ်နည်းကို မသိတဲ့ ဘေးကလူများအနေနဲ့လည်း “ ဒီလို
အခြေအနေမျိုး မှာ အပိုလုပ်နေတယ်၊ လိုအပ်လို့လား”လို့ ကြည့်တဲ့ အကြည့်မျိုး တွေလည်း ကြုံရနိုင်ပါတယ်။
အင် မတန် အရေးကြီးတဲ့ အချက်လို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူနာ သေဆုံးသွားလို့ လူ
သတ်မှု ရုံးကို ရောက်တဲ့အခါ အရင်ဆုံးမေးတော့မှာက တရားခံရဲ့ ရှေ့နေပါဘဲ။ အဲဒီအစစ်ခံချက်ယူတဲ့ အချိန်တုန်းက အစစ်ခံချက်ပေးသူ(သေသူ)ဟာ မှန်ကန်စွာ အစစ်ခံပါမည်လို့ ကတိသစ္စာမပြုခဲ့ဘဲ အစစ်ခံ
ချက်ကို ရေးမှတ်ယူခဲ့တာ မဟုတ်လားဆိုတဲ့ မေးခွန်းပါဘဲ။ အဲဒီမေးခွန်း အတိုင်းသာ ဖြစ်ခဲ့ရင် စွဲချက် တင်
သင့် /မတင် သင့် လျှောက်လည်းချက်ပေးတဲ့ အဆင့်မှာ ဖြစ်စေ၊ အပြီးသတ်လျှောက်လဲချက်ပေးတဲ့အခါမှာ
ဖြစ်စေ အဲဒီအစစ်ခံချက်ဟာ အစစ်ခံချက်ပေးသူက မှန်ကန်စွာ ထွက်ဆိုပါမယ်လို့ ကတိသစ္စာမပြုဘဲ ပေးခဲ့
တဲ့ အစစ်ခံချက်ဖြစ်တဲ့အတွက် ထည့်သွင်း စဉ်းစားဖို့ မသင့်ပါဘူးဆိုပြီး တင်ပြတော့မှာဖြစ်ပါတယ်။ ဒီလိုဆို
ရင် အခြားသော သက်သေခံချက်များကလည်း အားနည်းနေမယ်ဆိုရင် အားကိုးအားထားပြုစရာ သေတမ်း
စစ်ချက်ကိုလည်း အားကိုးလို့ မရနိုင် ဖြစ်သွားနိုင်ပါတယ်။
         ဒါကြောင့် သေတမ်းစစ်ချက်ရယူတဲ့ နေရာမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီ တိတိကျကျဖြစ်ဖို့လိုပါတယ်
လို့ ပြောရခြင်းဖြစ်ပါတယ်။မလွတ်သင့်တဲ့တရားခံတစ်ယောက်လွတ်သွားနိုင်ပါတယ်။ဒါကြောင့်အထက်ရုံးတွေ
က စစ်ဆေးရမယ့် အမှုတွေမှာ မှန်ကန်မှုကို ရှာဖွေနိုင်ဖို့ အောက်ရုံးတွေမှာလည်း တာဝန်ရှိပါတယ်။ ကိုယ့်
ရဲ့ ပေါ့လျော့မှုကြောင့်၊ ကိုယ့်ရဲ့ လုပ်ထုံးလုပ်နည်း မကျွမ်းကျင်မှုကြောင့်၊ ကိုယ့်လုပ်ရမည့် အလုပ်အပေါ်
အခြားသူတွေ အထင်သေးကဲ့ရဲ့မှာ စိုးတာကြောင့်၊ သေအံ့မူးမူးဖြစ်နေတဲ့ လူနာကို ကတိသစ္စာပြုခိုင်းရမှာ အားနာမိတာကြောင့် အမှန်တကယ်ပြစ်မှု ကျူးလွန်ခဲ့တဲ့ တရားခံတစ်ယောက် လွတ်မသွားဖို၊့ မှန်ကန်မှုကို ရှာဖွေရ ခက်ခဲမသွားစေဖို့ အရေးကြီးလှပါတယ်။
        မြင်းခြံမြို့နယ်မှာ တာဝန်ကျစဉ် တစ်ညတည်းမှာ သေအံ့မူးမူးလူနာ(၃)ယောက်ကို တန်းစီထားပြီး တစ်ယောက်တစ်လှည့်စီ ယူခဲ့ရဘူးပါတယ်။ တစ်ယောက်က ဓါးနဲ့ မျက်နှာကို အခုတ်ခံရလို့  ပါးစပ် မှာ ကန့်လန့်ဖြတ် ဒဏ်ရာကြီးနဲ့၊ နောက်တစ်ယောက်က ဗိုက်ကြီးပေါက်နေပြီး ထမ်းစင်ပေါ်မှာ  အူတွေ ကလီစာတွေ လှုပ်လှုပ်-လှုပ်လှုပ်ဖြစ်နေတာကို မြင်နေရတာ၊ နောက်တစ်ယောက်ကရင်ပတ်မှာ လှံနဲ့ အထိုး ခံထားရတာ၊ စစ်ချက်ယူမည့်သူက ကိုယ်တစ်ယောက်တည်း၊ လူနာက (၃)ယောက် ။အခြားတာဝန်လွှဲစရာ
တရားသူကြီးကလည်း တစ်ယောက်မျှ မရှိ။ ဘယ်လိုဖြစ်ကြတာလဲဗျာလို့ ကျေးရွာလူကြီးကို မေးကြည့်တော့
ကြက်ဝိုင်း(ကြက်တိုက်တဲ့ ၀ိုင်း )မှာ စကားများ ရန်ဖြစ်ကြရာက ဟိုဖက်အဖွဲ့နဲ့ ဒီဖက်အဖွဲ့ တရုတ်သိုင်းကား ရိုက်ကြတာတဲ့...။
ကဲ စဉ်းစားသာ ကြည့်ကြပေတော့...။
သေတမ်းစစ်ချက်နဲ့ ပတ်သက်ပြီး ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ကြတယ်ဆိုရင်တော့ တရားရုံးများလက်စွဲအပိုဒ်- ၅၉၈၊ တရားရုံးများညွှန်ကြားလွှာအမှတ်-၇/၆၇ ၊ ဆရာဦးဗကြိုင်ရဲ့ လက်တွေ့ပြစ်မှုတရားစီရင်ရေးလုပ်ထုံး
လုပ်နည်းများစာအုပ်တို့ကို ဖတ်ရှုကြပါရန်-
ေ အာ င် စိုး ( ပြည် )
ဥ ပ ဒေ ရေးရာ တိုတိုထွာထွာ ( ၄ )
ဥ ပ ဒေ ရေးရာ တိုတိုထွာထွာ ( ၄ )
ပြစ်ဒဏ်(၆)လအထိသာအပြစ်ပေးနိုင် သောဦးတိုက်လျှောက်ထားသည့် အမှုတွင် ရုံးချိန်းရက်မှာ တရားလိုလာရောက်ရန် ပျက်ကွက်လျှင်-
-တရားလိုသည် ပြည်သူ့ဝန်ထမ်းဖြစ်၍ ၄င်းကိုယ်တိုင် ရုံးရှေ့တွင် ရှိနေရန် မလို
အပ်လျှင် တရားလို မလာရောက်ခြင်းကို ခွင့်ပြု၍ အမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံး   ဥပဒေပုဒ်မ-၂၄၇ အရ ဆက်လက်စစ်ဆေးသွားနိုင် သည်။
-အကယ်၍ တရားလိုသည် ပြည်သူ့ဝန်ထမ်းမဟုတ်လျှင် ၄င်းသည် လုံလောက်သော
အကြောင်း မရှိဘဲ ရုံးသို့ လာရောက်ရန် ပျက်ကွက်ပါက တရားခံကို အပြီးအပြတ် လွှတ်ရမည်။( ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၄၇)
(ထိုသို့ လွှတ်ကြောင်းကို နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်၍ တရားသူကြီးက လက်မှတ်ထိုးထားရမည်)
 ပြစ်ဒဏ်(၆)လ အထက် အပြစ်ပေးနိုင်သော ဦးတိုက်လျှောက်ထားသည့်အမှုတွင် စွဲချက်မတင်   ရသေးမီ အဆင့်တွင် တရားလို ရုံးချိန်းပျက်ကွက်လျှင်-
 ပြစ်မှုမှာ ကျေအေးနိုင်သော ပြစ်မှု သို့မဟုတ် ရဲအရေးမပိုင်သော အမှုဖြစ်ပါက
တရားခံအား ပြန်လွှတ်ထားနိုင် သည်။ အပြီးအပြတ်လွှတ်ခွင့် မရှိပါ။
(ပြစ်/ကျင့် ပုဒ်မ-၂၅၉)
ဤကိစ္စတွင် အဓိကလိုအပ်ချက်များမှာ (၁)ကျေအေးနိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ရ
မည်။(၂) ရဲအရေးမပိုင်သော အမှုဖြင့် စွဲဆိုခြင်း ဖြစ်ရမည်။ (၃) ဦးတိုက်
ေ လျှာက်ထား စွဲဆိုခြင်း ဖြစ်ရမည်။ (ဤ ၃-ချက်ပြည့်စုံမှသာ ကျင့်-၂၅၉ အရ
တရားခံကို ပြန်လွှတ်ထားနိုင် မည်ဖြစ်ပါသည်။
-ထောင် ဒဏ်(၆)လ အထက် အပြစ်ပေးနိုင်သော ဦးတိုက်မှုတွင် စွပ်စွဲခံရသူကို
စွဲချက်တင် ပြီးသော အဆင့် တရားလို ရုံးချိန်းပျက်ကွက်ခဲ့လျှင်-
ဤအခြေအနေတွင် တရားခံ သို့မဟုတ် စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်ခွင့် မရှိပါ။ အမှုကို ဥပဒေနှင့် အညီ ဆက်လက် စစ်ဆေးသွားရန်သာ ဖြစ်သည်။
 ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၅၉ သည် ဦးတိုက်လျှောက်ထားမှုများနှင့် သာ သက်ဆိုင် သည်။ သို့ဖြစ်၍ ဦးတိုက်လျှောက်ထားစွဲဆိုမှု မဟုတ်လျှင် တရားသူကြီးသည် ကြားနာရန် ချိန်းဆိုသည့်နေ့တွင် တရားလို မလာရောက်သောကြောင့် တရားခံကို စွဲချက်မှ မလွှတ်နိုင်ချေ ဟု-
(၁၄၊အေအိုင်အာရ်-၁၉၂၇၊ စာ- ၃၅၂)တွင်ညွှန်ပြထားသည်။ ထို့ကြောင့် ပြစ်/ကျင့် ပုဒ်မ-၂၅၉ ပါ ပြဋ္ဌာန်းချက်သည် ဦးတိုက်လျှောက်ထားမှုမဟုတ်သောရဲစခန်းမှ ဘမ်းဆီးတရားစွဲဆိုသော အမှုများနှင့် မသက်ဆိုင်ကြောင်းတွေ့ရမည် ဖြစ်သည်။
အောင် စိုး ( ပြည် )
ဥပဒေရေးရာ တိုတိုထွာထွာ (၃)
ဥပဒေရေးရာ တိုတိုထွာထွာ (၃)
တရားခံအများထဲမှ တစ်ယောက်ကို တိုင် လျှောက်မှုမှ ရုပ်သိမ်းလျှင် အကျိုးသက်ရောက်မှု
        အမှုတစ်မှုတွင် တရားခံ အများအပြားပါဝင် ရာ ၄င်းတရားခံများ အနက်မှ တစ်ယောက်သော တရားခံကို အမှုမှ ပြန်လည်ရုပ်သိမ်းခွင့် ပြု သည်။ ထိုသို့ ပြန်လည် ရုပ်သိမ်းခြင်းကြောင့် အခြားသော တရားခံများ အတွက် အကျိုးသက်ရောက်မှု မရှိနိုင်။ ၄င်းတို့ကို ဤပုဒ်မမှ အပြီးအပြတ် လွှတ်ရန် မဟုတ်ချေ။
(27,AIR.၁၉၄၀၊ မဒရပ်၊ စာ-၆၂၃ (၆၂၄)
ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ-၂၅၃(၁)အရ  တရားရှင်လွှတ်ခြင်း
ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ၂၅၃(၁)အရအမှုမှတရားရှင်
လွှတ်ခြင်းသည် တရားလိုဘက်မှ ထွက်ချက်အားလုံးကို ကြားနာပြီးနောက်
စွဲချက်တင် ရန် အခြေအမြစ်မရှိ၍ လွှတ်ခြင်း ဖြစ်သည်။
 ပြစ်/ကျင့်-၂၅၃(၁)အရ တရားရှင် လွှတ်လျှင် စာဖြင့် အကြောင်းပြချက်
ေ ရေးရန် လိုသည်ဟု ဥပဒေအဖွဲ့က မဆို။ သို့သော် အမိန့်သည် အပြီးသတ်
ြ ဖြစ်ကြောင်း ဆင် ခြင် ၍ ရာဇ၀တ်တရားသူကြီးသည် အကြောင်းပြချက်
ေ ရေးမှတ်သင့်သည်ဟု လမ်းညွှန်ထားပေသည်။
( ဦးဘမောင် နှင့် ပထစ၊ ၁၉၅၆၊မတစ၊လွှတ်တော်၊ စာ-၁၇၀)
  ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ-၂၅၃(၂) အရ တရားရှင် လွှတ်ခြင်း
ရာဇ၀တ် တရားသူကြီးအား ပြစ်/ကျင့်ပုဒ်မ-၂၅၃(၂)က တိုင် လျှောက်
ချက်တစ်ခုသည် အခြေအမြစ် မရှိဟု ဆင် ခြင် မိကြောင်း အကြောင်းပြ
ချက်ရေးမှတ်ထားသည်ဖြစ်လျှင် တရားခံတစ်ယောက်ကို တရားရှင် လွှတ်နိုင်သည့် လုပ်ပိုင် ခွင့် အပ်နှင်းထားသည်။
 { AIR,1942, ကာလကတ္တား၊ စာ -၄၂၈ (၄၂၉) }
  ပြစ်/ကျင့်ပုဒ်မ-၂၅၃(၂)အရ တရားရှင် လွှတ်ခြင်းသည် တရားလိုဘက်မှ
  သက်သေအားလုံးကိုပြီးစီးအောင်မစစ်ဆေးရသေးမီတရားရှင်လွှတ်ခြင်း
 ဖြစ်ပေသည်။ ပြစ်/ကျင့် ပုဒ်မ-၂၅၃(၂)အရ တရားရှင် လွှတ်လျှင် တရား
  သူကြီးသည် လွှတ်သည့် အကြောင်းပြချက်ကို ရေးရန် တာဝန်ရှိသည်။
  ပြစ်/ကျင့် ပုဒ်မ-၂၅၃(၁)က တရားခံကို တရားရှင် မလွှတ်မီ တရားသူကြီး
  သည် တရားလိုဘက် သက်သေများအားလုံးကို စစ်ဆေးရန် လိုအပ်သည်
  ဟု ပြဋ္ဌာန်းထားသော်လည်း ပုဒ်မခွဲ(၂)က တရားသူကြီးအား တရားခံအ
  အပေါ် စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း တွေ့ရှိသည့်အခါ အမှု၏
  မည်သည့် အဆင့် သို့ ရောက်ရှိစေကာမူ တရားရှင် လွှတ်နိုင် သည့် လုပ်
  ပိုင်ခွင့် ကို အပ်နှင်းထားပေသည်။
  { 28,AIR, ၁၉၄၁၊ ဆင်း၊ စာ -၁၉၈(၂၀၁) }
စွဲချက်တင် ပြီးနောက် တိုင် လျှောက်သူ တရားလို မလာလျှင် -
စွဲချက်တင် ပြီးနောက်မှ တိုင် လျှောက်သူ တရားလို မလာရောက် လျှင်
တိုင် လျှောက်သူ တရားလို မလာရောက်သော ကြောင့် ဟု အကြောင်း
ြ ပြ၍ တရားခံကို စွဲချက်မှ လွှတ်ရန် တရားသူကြီးတွင် လုပ်ပိုင် ခွင့် မရှိချေ။
{ AIR, ၁၉၂၅၊  စာ -၃၀၆ }
ဤအမှုမျိုးတွင် ပုဒ်မ-၂၈၅ အရ တရားခံကို အပြစ်မရှိကြောင်း တွေ့ရှိချက်
ကို အခြေပြု၍ အပြီးအပြတ် မလွှတ်နိုင်။ တရားသူကြီးက တစ်ခုတည်း
သော ပြုလုပ်နိုင်မှုမှာ အမှုအား ရက်ချိန်းပေးရန် ဆုံးဖြတ်သည်မဟုတ်လျှင်  တိုင် လျှောက်သူ တရားလို မလာရောက်သည့်အခါ ထိုအခြေအနေမျိုးတွင်
အမှုကို ဆက်လက် အရေးယူရန်သာ ဖြစ်သည်။
{ 24 ,AIR, ၁၉၃၇ ၊ အလဟဘတ် ၊ စာ -၆၂၇ }
အောင် စိုး ( ပြည် )
ဥပဒေရေးရာ တိုတိုထွာထွာ (၂)
ဥပဒေရေးရာ တိုတိုထွာထွာ (၂)
အမှုကို သမ္မာန်မှုအဖြစ် စစ်ဆေးနေရာမှ ၀ါရမ်းမှုအဖြစ် ပြောင်းလည်း စစ်ဆေးခြင်း
  ပြစ်မှုတစ်ခုကို အစအဦးက သမ္မာန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေးနေ ရာမှ နောက်ပိုင်းတွင် ၀ါရမ်းမှုအဖြစ်ဆက်လက်အရေးယူလျှင်ဥပဒေနှင့် မညီဟု မဆိုနိုင်ပါ။ တရားခံသည် ၀ါရမ်းမှုအဖြစ် စစ်ဆေးနိုင်သော ပြစ်
မှု တစ်ခုအား ကျူးလွန်ခဲ့သည်ဟု တွေ့ရှိရလျှင် တရားသူကြီးသည် ၀ါရမ်းမှုအတွက် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းကို လိုက်နာရန် တာဝန် ရှိပေသည်။
  ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပါ အမိန့်ကဲ့သို့သော ပြဋ္ဌာန်းချက်တစ်ခုကို ချိုးဖေါက်သည့်အတွက်တရားရေးမဏ္ဍိုင်ယိမ်းယိုင်ခဲ့ပြီဟုမဆိုနိုင် ကြောင်း ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။
(မရှာဘီပါ-၃ နှင့် ပထစ၊ ၁၉၅၈၊မတစ၊တရားလွှတ်တော်၊စာ-၃၇၄ )
ဝါရမ်းမှု စစ်ဆေးနည်းဖြင့် စစ်ဆေးရမည့် အမှုကို သမ္မာန်မှု စစ်ဆေးနည်းဖြင့် စစ်ဆေးခြင်း၏ အကျိုး သက်ရောက်မှု
ဝါရမ်းမှုကို သမ္မာန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေးခြင်းသည် စည်းကမ်းမကျရုံသာမက  ဥပဒေနှင့် လည်း မညီသဖြင့် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒပုဒ်မ-၅၃၇ အရ ဖြစ်စေ၊ ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပါ အခြား ကုစားနိုင်သော ပြဋ္ဌာန်းချက်များအရဖြစ်စေ မကုစားနိုင်။ စည်းကမ်းမကျခြင်းသည် ဥပဒေနှင့် မညီရာရောက်သဖြင့် အမှုပျက်ပျယ် သည်။
(ပထစနှင့် မောင် ညွန့် အမှု၊၁၉၅၅၊မတစ၊တရားလွှတ်တော်၊စာ-၃၁၂)
ဝါရမ်းမှုကို သမ္မာန်မှုအဖြစ် စစ်ဆေးလျှင် လုပ်ထုံးလုပ်နည်းသည် ဥပဒေနှင့် မညီသဖြင့် အပြစ်ပေးသည်ကို ပယ်ဖျက်ရမည်သာဖြစ်သည်။
သို့သော် အမှန်တကယ်ပင် တရားမျှတမှု ကင်းမဲ့ခဲ့သည်ဟု မဆိုနိုင် လျှင် ထိုသို့စည်းကမ်းမကျမှုကို ပြစ်မှုဆိုင် ရာကျင့် ထုံးဥပဒေ ပုဒ်မ- ၅၃၇ ဖြင့်ကုစားနိုင်ကြောင်းစီရင်ထုံးများလည်းရှိသေးသည်ကို တွေ့ရှိရပေသည်။
အား ၄င်း ကိုယ်တိုင်၏ ၀န်ခံချက်အရ အပြစ်ပေးခြင်းဖြစ်ပေသည်။ ထို့ကြောင့် လျှောက်ထားခံရသူအပေါ် အပြစ်ပေးခြင်းမှာ တရားမျှတမှု ကင်းမဲ့ခဲ့သည်ဟု မဆိုနိုင်ချေဟု ထုံးဖွဲ့ထားသည်ကို တွေ့ရပေသည်။
(ပထစ နှင့် မောင် တင် စိန်၊ ၁၉၆၆၊မတစ၊တရားရုံးချုပ်၊စာ-၁၁၃၉)
သမ္မာန်မှုနှင့် ၀ါရမ်းမှုတို့ကို ပူးတွဲ စစ်ဆေးခြင်း
သမ္မာန်မှုနှင့် ၀ါရမ်းမှုကို အတူစစ်ဆေးသည့်အခါလိုက်နာရမည့် လုပ်ထုံးလုပ်နည်းမှာ ၀ါရမ်းမှုအတွက် ပြဋ္ဌာန်းထားသည့်လုပ်ထုံးလုပ် နည်းဖြစ်ပေသည်။
(မောင် လွန်းမောင် နှင့် အစိုးရ ၊AIR ၊၁၉၃၃ ၊ရန်ကုန်၊ စာ- ၃၄၃ )
အောင်​ စိုး ( ပြည်​ )
ဥပဒေ ရေးရာ တိုတိုထွာထွာ(၁)
ဥပဒေ ရေးရာ တိုတိုထွာထွာ(၁)
    မင်္ဂလာပါ ခင် ဗျာ...
    ဒီနေ့မှာတော့ ဥပဒေရေးရာ ကဏ္ဍမှာ အတွေ့အကြုံနုနယ်သေးသော သင်တန်းဆင်းကာစ တရားသူ ကြီးလေးများ၊ ဥပဒအရာရှိလေးများ၊ ဥပဒေပညာဖြင့်စတင်အသက်မွေးဝမ်းကျောင်းပြုနေကြသော ရှေ့နေ သားငယ်သမီးငယ်များအတွက်အလုပ်စတင်ဝင်ရောက်ချိန်မှာ တွေ့ကြုံနိုင်ကြရမည့်လုပ်ထုံးလုပ်နည်း လေး
များနှင့်ပတ်သက်ပြီးအခက်အခဲမရှိကြစေရေးအတွက်ကျွန်တော့်ရဲ့မှတ်စုစာအုပ်ဟောင်းထဲကနေပြီး ပြန်လည် မျှဝေတင်ပြလိုက်ရပါတယ်....။
    ဒီနေ့ တင် ပြမည့် မှတ်စုလေးများကတော့ ဥပဒေပညာတတ်ကျွမ်းပြီးသား ၀ါရင့်ပုဂ္ဂိုလ်များအတွက် မဟုတ်ဘဲ လောလောလတ်လတ် သင်တန်းဆင်းပြီး Posting ချထားခြင်းခံရတဲ့ သားငယ်သမီးငယ်များ၊ ဥပဒေပညာဖြင့် စတင် အသက်မွေးဝမ်းကြောင်း ပြုနေသူများနှင့်သာ သက်ဆိုင်ကြောင်းပါ။
    အမှုစစ်ဆေးဆဲအတောအတွင်း တိုင် လျှောက်သူ သေဆုံးသောအခါ ...
    ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃၀၄-က အရ ရဲအရေးပိုင်ပြီး ကြေအေးခွင့် မရှိသော တိုင် လျှောက်မှုတွင် တရားလိုသေဆုံးသွားသော်လည်း အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ကြောင်း ဒေါက်တာကြည်စိုး နှင့် UOB၊ ၁၉၇၀ခုနှစ်၊စာ-၂၆ မှာ( ဦးမိုးကောင်း နှင့် ဦးဖိုးဆင် 6,Ran,p.664)အမှုကို ရည်ညွှန်းဆုံးဖြတ်ထား
ကြောင်း တွေ့ရှိရသည်။
    အမှုအတောအတွင်း တရားခံ သေဆုံးလျှင် -
      ဒီကိစ္စနှင့်ပတ်သက်လို့ ကျွန်တော် ငယ်နုစဉ်က ဆရာဦးချစ်မောင်ရဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ စာအုပ်နှစ်တွဲလုံးကို ပင်ပန်းကြီးစွာဖြင့်အပြန်ပြန်အလှန်လှန်ရှာဖွေခဲ့ဘူးပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ မှာတော့ အမှု စစ်ဆေးဆဲကာလအတွင်း တရားခံသေဆုံးသွားခဲ့ရင် ဘာလုပ်ရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်
မတွေ့ရပါဘူး။ဒါပေမယ့် အောက်ပါ စီရင်ထုံးလေးကိုတော့ ကံကောင်း ထောက်မစွာ တွေ့ရှိခဲ့ကြောင်းပါ။
     အမှုစစ်ဆေးဆဲကာလအတွင်း တရားခံသေဆုံးသွားပါက ၄င်း အပေါ် စွဲဆိုထားသော အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း( ဦးသွယ်ပါ-၂ နှင့် UOB၊ ၁၉၆၆ ခုနှစ်၊ စာမျက်နှာ-၂၁၆)မှာ ဆုံးဖြတ်ထားကြောင်းပါ။
 သမ္မာန်မှုများ(ထောင် ဒဏ် ၆-လအထိသာ ပေးနိုင်သော ပြစ်မှုများ)တွင် တရားခံ ရုံးရှေ့လာခြင်းမှ ကင်း လွတ်ခွင့်ပေးနိုင်ပါသလား-
  တရားရုံးများ လက်စွဲအပိုဒ်-၄၄၄ တွင် တရားခံ လာရောက်စေရန် ဆင့် ခေါ်စာထုတ်ဆင့်သော အခါ၊ တရားရုံးသည် တရားခံကိုယ်တိုင်လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပေးနိုင်ကြောင်း၊ သူ၏ရှေ့နေအား ကိုယ်စားလာရောက်စေရန် ခွင့် ပြုနိုင်ကြောင်း၊ ဆိုခဲ့သော ခွင့်ပြုချက်မရပဲ အမှုကြားနာရန် ချိန်းဆိုသော
မည်သည့်နေ့ရက်တွင်မဆိုတရားခံအဖို့မလာရောက်ပဲ နေနိုင်ခွင့်မရှိကြောင်း ဖေါ်ပြထားသည်ကိုလည်း တွေ့
ရှိရကြောင်းပါ။ [ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၀၅(၁)(၂ ) ]
ဝါရမ်းမှု(ထောင်ဒဏ် ၆-လအထက်အပြစ်ပေးနိုင်သော ပြစ်မှုများ)များတွင် တရားခံရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပြု ခြင်း
   ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၄၀ (က)(၁)အရ တရားခံနှစ်ဦး သို့မဟုတ် အများသည် ရုံးရှေ့တွင် စစ်ဆေးနေသောအမှု မည်သည့် အဆင့် သို့ ရောက်ရှိနေစေကာမူ ၄င်းတရားခံများအနက် တစ်ဦးဦးသည် ရုံးရှေ့ မလာရောက် နိုင်ကြောင်း တရားရုံးက ကျေနပ်လျှင်  ထိုတရားခံ၏ ရှေ့နေလည်း ပါရှိနေပါက ထိုတရားခံ မလာရောက်စေကာမူ အမှုကို ဆက်လက်ဆောင် ရွက်နိုင် ကြောင်း ၊ မလာရောက်သူကိုလည်း ခွင့်ပြုနိုင်ကြောင်း၊ လိုအပ်သည့်အဆင့်ရောက်ရှိခဲ့သော်  ထိုတရားခံ မပျက်မကွက် လာစေရန် ဆင့်ခေါ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို လိုက်နာရန်သာ ဖြစ်ကြောင်းပါ....။
ကဲ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ နားလိုက်ကြအုံးစို့-
အော င် စိုး ( ပြည် )
အသိသက်​သေ အနည်းဆုံး(၂)ဦး လက်မှတ်မ​ရေးထိုးလျှင် အထမ​မြောက်သည့် စာချုပ်များ
● မ ရွှေ့ မ ပြောင်း နိင် သော ပစ္စည်း အ ပိုင် ပေး ကမ်း ခြင်း စာ ချုပ် ( ပစ္စည်း လွှဲ ပြောင်း ခြင်း အက် ဥပဒေ ပုဒ် မ ၁၂၃ အ ရ ပေး ကမ်း ခြင်း)
ဥ ပ မာ
● မြေ/ အိမ် / စ သည့် မ ရွှေ့ မ ပြောင်း နိင် သော ပ စ္စည်း ပေး ကမ်း ပါ က လက် ရောက် ပေး ကမ်း ခြင်း ဖြစ် ပါသည်
●ပိုင် ဆိုင် မှု စာ ချုပ် စာ တမ်း ပေး အပ် ၍ ပေါင် နှံ ခြင်း ကိစ္စ ရပ် မှ အ ပ အ ပေါင် ထား သည့် ငွေ ကျပ် တစ် ရာ (၁၀၀) နှင့် အ ထက် အ တွက် မ ရွှေ့ မ  နိင် သော ပစ္စည်း ပေါင် နှံ သည့် စာ ချုပ်
( ပစ္စည်း လွှဲ ပြောင်း ခြင်း အက် ဥပဒေ ပုဒ် မ ၅၉ အ ရ ပေါင် နှံ ခြင်း)
● မြန် မာ့ ဓ လေ့ ထုံး တမ်း ဥပဒေ အ ရ အ မွေ ပေး ပြောင်းရန် ရည် ရွယ် ချက် ဖြင့် မွေး စား သည့် ကိတ္တိမ မွေး စား ခြင်း စာ ချုပ် (၁၉၃၉ ခု နှစ် ကိတ္တိမ သား သမီး များ မွေး စား ခြင်း အက် ဥပဒေ ပုဒ် မ ၅ အ ရ မွေး စား ခြင်း)
အ ထက် တွင် ဖေါ် ပြ သည့် စာ ချုပ် များ ကို နှစ် ဦး နှစ် ဘက် အ ကြား ချုပ် ဆို ကြ မည် ဟု ဆို လျှင် မ ဖြစ် မ နေ အ နည်း ဆုံး အ သိ သက် သေ (၂) ဦး လက် မှတ် ရေး ထိုး ဖြစ် အောင် ထိုး ရ ပါ မည် ။
အ သိ သက် သေ အ နည်း ဆုံး (၂) ဦး လက် မှတ် မ ထိုး ခဲ့ ပါ က ချုပ် ဆို သော စာ ချုပ် ချုပ် ဆို သည့် ဆိုင် ရာ ကိစ္စ ၌ အ ထ မ မြောက် သည့် စာ ချုပ် သာ ဖြစ် ပါသည်။       ။
ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​မျှ​ဝေသည်​။
သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ
 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...