Friday, December 12, 2014

အပျောက်စနစ်ဖြင့် လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ တဆင့်ပြန်လည်လွှဲပြောင်းခွင့် ရှိ/မရှိ


အပျောက်စနစ်ဖြင့် လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ တဆင့်ပြန်လည်လွှဲပြောင်းခွင့် ရှိ/မရှိ ကိုသိလိုပါသည်။


●အပျောက် စနစ်ဖြင့်လွှဲပြောင်းရယူထားသော ဥပစာကို အဆောက်အဦးပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲတဆင့်ပြန်လည်လွှဲပြောင်းပိုင်ခွင့်ရှိကြောင်းကို ယ္ခင် တရားရုံးချုပ်စုံညီခုံရုံးက


"ဒေါ်ငွေသိန်း နှင့် ဒေါ်သိန်းညွန့် - ၁၉၉၃- ခုနှစ်မြန်မာနိင်ငံစီရင်ထုံးစာမျက်နှာ(၁၇)(စုံညီ)

တွင်အတိအလင်းထုံးဖွဲ့ထားပါသည်။

ထို့ကြောင့်အိမ်ငှားတစ်ဦးသည်မိမိငှားရမ်းနေထိုင်သည့်ဥပစာကိုတဆင့်ပြန်လည်၍အငှားချထားခွင့်ရှိပါသည်။

ထိုကဲ့သို့တဆင့်ပြန်လည်၍အငှားချထားရာ၌ ရန်ကုန်မြို့တွင် အများလက်ခံကျင့်သုံးလျက်ရှိသော အပျောက်စနစ်
( နေပိုင်ခွင့် အတွက်တန်ရာတန်ကြေးပေး၍ ဥပစာကိုလွှဲပြောင်းရယူသည့်စနစ်)
ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ 

ထိုကဲ့သို့တဆင့်ပြန်လည်အငှားချထားရန်ဆောင်ရွက်သည့် အခါ အဆောက်အဦးပိုင်ရှင်၏ကြိုတင်ခွင့်ပြုချက်ကို ရယူပြီးမှေ
ဆာင်ရွက်ရမည်ဟုပြဌာန်းချက် မတွေ့ရှိသည့်အတွက် တဆင့်ပြန်လည် လွှဲပြောင်းခွင့်ရှိသည်ဟု ဆုံးဖြတ်ချက်သည် အတည်ဖြစ်လျက်ရှိပါသည်။      ။

ဥပ​ဒေ ဗဟုသုတ


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...