Thursday, December 11, 2014

မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ( The Myanmar Divorce Act)နှင့် ပတ်သက်သည့် လင်မယားကွာရှင်းနိင်သည့်အရပ် (၈)ရပ်။



မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ( The Myanmar Divorce Act)နှင့် ပတ်သက်သည့် လင်မယားကွာရှင်းနိင်သည့်အရပ် (၈)ရပ်။



●မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေသည် မြန်မာနိင်ငံ၌နေထိုင်ပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူများနှင့်သာ

သက်ဆိုင်သည်​။ အခြားဘာသာ
ကိုးကွယ်သူများနှင့် သက်ဆိုင်ခြင်းမရှိပါ။


●မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရလင်ကမယား၊မယားကလင်ကိုကွာရှင်းနိင်သောအကြောင်းရပ်များမှာ-


(၁) မယားဖြစ်သူကတစ်ပါးသူနှင့်ကျူးလွန်ခြင်း။

(၂)လင်ဖြစ်သူက အခြားဘာသာသို့ ကူးပြောင်းသွားသည့်အပြင် အခြားဘာသာဝင်မိန်းမနှင့် လက်ထပ်ခြင်း။

(၃)လင်ဖြစ်က ​သွေးနီးလွန်းသူမိန်းမနှင့် ​ဖောက်ပြန်ခြင်း။

(၄)မယားပြိုင်ထားပြီး ဖောက်ပြန်ခြင်း။

(၅)နောက်မိန်းမနှင့်လက်ထပ်ပြီး ဖောက်ပြန်ခြင်း။

(၆)မုဒိန်းမှုကျူးလွန်ခြင်း၊ ယောက်ကျားအချင်းချင်း လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့် မေထုံကျူးလွန်ခြင်း။

(၇)တစ်ပါးသူနှင့်ဖောက်ပြန်ပြီးနောက် လက်ရှိမိန်းမအပေါ် ကွာရှင်းနိင်လောက်သည့် အိမ်ထောင်ရေးပြစ်မှုများကျူးလွန်ခြင်း။

(၈) လက်ရှိမိန်းမအား (၂)နှစ်နှင့်အထက်စွန့်ပစ်ထားပြီး တစ်ပါးမိန်းမနှင့်ဖောက်ပြန်ခြင်း။

အထက်ဖေါ်ပြပါအရပ်(၈)ရပ်သည် မြန်မာနိင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရ လင်မယားကွာရှင်းနိင်ကြောင်း

ယင်း
ဥပဒေပုဒ်မ-၁၀ တွင် ပြဌာန်းထားပါသည်။

ဥပ​ဒေ ဗဟုသုတ


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...