Sunday, December 7, 2014

ဥ ပ ဒေ ရေးရာ တိုတိုထွာထွာ ( ၄ )


ဥ ပ ဒေ ရေးရာ တိုတိုထွာထွာ ( ၄ )



ပြစ်ဒဏ်(၆)လအထိသာအပြစ်ပေးနိုင် သောဦးတိုက်လျှောက်ထားသည့် အမှုတွင် ရုံးချိန်းရက်မှာ တရားလိုလာရောက်ရန် ပျက်ကွက်လျှင်-

-တရားလိုသည် ပြည်သူ့ဝန်ထမ်းဖြစ်၍ ၄င်းကိုယ်တိုင် ရုံးရှေ့တွင် ရှိနေရန် မလို
အပ်လျှင် တရားလို မလာရောက်ခြင်းကို ခွင့်ပြု၍ အမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံး   ဥပဒေပုဒ်မ-၂၄၇ အရ ဆက်လက်စစ်ဆေးသွားနိုင် သည်။
-အကယ်၍ တရားလိုသည် ပြည်သူ့ဝန်ထမ်းမဟုတ်လျှင် ၄င်းသည် လုံလောက်သော
အကြောင်း မရှိဘဲ ရုံးသို့ လာရောက်ရန် ပျက်ကွက်ပါက တရားခံကို အပြီးအပြတ် လွှတ်ရမည်။( ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၄၇)
(ထိုသို့ လွှတ်ကြောင်းကို နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်၍ တရားသူကြီးက လက်မှတ်ထိုးထားရမည်)


 ပြစ်ဒဏ်(၆)လ အထက် အပြစ်ပေးနိုင်သော ဦးတိုက်လျှောက်ထားသည့်အမှုတွင် စွဲချက်မတင်   ရသေးမီ အဆင့်တွင် တရားလို ရုံးချိန်းပျက်ကွက်လျှင်-

 ပြစ်မှုမှာ ကျေအေးနိုင်သော ပြစ်မှု သို့မဟုတ် ရဲအရေးမပိုင်သော အမှုဖြစ်ပါက
တရားခံအား ပြန်လွှတ်ထားနိုင် သည်။ အပြီးအပြတ်လွှတ်ခွင့် မရှိပါ။
(ပြစ်/ကျင့် ပုဒ်မ-၂၅၉)
ဤကိစ္စတွင် အဓိကလိုအပ်ချက်များမှာ (၁)ကျေအေးနိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ရ
မည်။(၂) ရဲအရေးမပိုင်သော အမှုဖြင့် စွဲဆိုခြင်း ဖြစ်ရမည်။ (၃) ဦးတိုက်
ေ လျှာက်ထား စွဲဆိုခြင်း ဖြစ်ရမည်။ (ဤ ၃-ချက်ပြည့်စုံမှသာ ကျင့်-၂၅၉ အရ
တရားခံကို ပြန်လွှတ်ထားနိုင် မည်ဖြစ်ပါသည်။

-ထောင် ဒဏ်(၆)လ အထက် အပြစ်ပေးနိုင်သော ဦးတိုက်မှုတွင် စွပ်စွဲခံရသူကို
စွဲချက်တင် ပြီးသော အဆင့် တရားလို ရုံးချိန်းပျက်ကွက်ခဲ့လျှင်-

ဤအခြေအနေတွင် တရားခံ သို့မဟုတ် စွပ်စွဲခံရသူအား အပြီးအပြတ်လွှတ်ခွင့် မရှိပါ။ အမှုကို ဥပဒေနှင့် အညီ ဆက်လက် စစ်ဆေးသွားရန်သာ ဖြစ်သည်။
 ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၅၉ သည် ဦးတိုက်လျှောက်ထားမှုများနှင့် သာ သက်ဆိုင် သည်။ သို့ဖြစ်၍ ဦးတိုက်လျှောက်ထားစွဲဆိုမှု မဟုတ်လျှင် တရားသူကြီးသည် ကြားနာရန် ချိန်းဆိုသည့်နေ့တွင် တရားလို မလာရောက်သောကြောင့် တရားခံကို စွဲချက်မှ မလွှတ်နိုင်ချေ ဟု-
(၁၄၊အေအိုင်အာရ်-၁၉၂၇၊ စာ- ၃၅၂)တွင်ညွှန်ပြထားသည်။ ထို့ကြောင့် ပြစ်/ကျင့် ပုဒ်မ-၂၅၉ ပါ ပြဋ္ဌာန်းချက်သည် ဦးတိုက်လျှောက်ထားမှုမဟုတ်သောရဲစခန်းမှ ဘမ်းဆီးတရားစွဲဆိုသော အမှုများနှင့် မသက်ဆိုင်ကြောင်းတွေ့ရမည် ဖြစ်သည်။

အောင် စိုး ( ပြည် )

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...