Sunday, December 7, 2014

ဥပဒေ ရေးရာ တိုတိုထွာထွာ(၁)



ဥပဒေ ရေးရာ တိုတိုထွာထွာ(၁)



    မင်္ဂလာပါ ခင် ဗျာ...
    ဒီနေ့မှာတော့ ဥပဒေရေးရာ ကဏ္ဍမှာ အတွေ့အကြုံနုနယ်သေးသော သင်တန်းဆင်းကာစ တရားသူ ကြီးလေးများ၊ ဥပဒအရာရှိလေးများ၊ ဥပဒေပညာဖြင့်စတင်အသက်မွေးဝမ်းကျောင်းပြုနေကြသော ရှေ့နေ သားငယ်သမီးငယ်များအတွက်အလုပ်စတင်ဝင်ရောက်ချိန်မှာ တွေ့ကြုံနိုင်ကြရမည့်လုပ်ထုံးလုပ်နည်း လေး
များနှင့်ပတ်သက်ပြီးအခက်အခဲမရှိကြစေရေးအတွက်ကျွန်တော့်ရဲ့မှတ်စုစာအုပ်ဟောင်းထဲကနေပြီး ပြန်လည် မျှဝေတင်ပြလိုက်ရပါတယ်....။
    ဒီနေ့ တင် ပြမည့် မှတ်စုလေးများကတော့ ဥပဒေပညာတတ်ကျွမ်းပြီးသား ၀ါရင့်ပုဂ္ဂိုလ်များအတွက် မဟုတ်ဘဲ လောလောလတ်လတ် သင်တန်းဆင်းပြီး Posting ချထားခြင်းခံရတဲ့ သားငယ်သမီးငယ်များ၊ ဥပဒေပညာဖြင့် စတင် အသက်မွေးဝမ်းကြောင်း ပြုနေသူများနှင့်သာ သက်ဆိုင်ကြောင်းပါ။

    အမှုစစ်ဆေးဆဲအတောအတွင်း တိုင် လျှောက်သူ သေဆုံးသောအခါ ...


    ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃၀၄-က အရ ရဲအရေးပိုင်ပြီး ကြေအေးခွင့် မရှိသော တိုင် လျှောက်မှုတွင် တရားလိုသေဆုံးသွားသော်လည်း အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ကြောင်း ဒေါက်တာကြည်စိုး နှင့် UOB၊ ၁၉၇၀ခုနှစ်၊စာ-၂၆ မှာ( ဦးမိုးကောင်း နှင့် ဦးဖိုးဆင် 6,Ran,p.664)အမှုကို ရည်ညွှန်းဆုံးဖြတ်ထား
ကြောင်း တွေ့ရှိရသည်။

    အမှုအတောအတွင်း တရားခံ သေဆုံးလျှင် -


      ဒီကိစ္စနှင့်ပတ်သက်လို့ ကျွန်တော် ငယ်နုစဉ်က ဆရာဦးချစ်မောင်ရဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ စာအုပ်နှစ်တွဲလုံးကို ပင်ပန်းကြီးစွာဖြင့်အပြန်ပြန်အလှန်လှန်ရှာဖွေခဲ့ဘူးပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ မှာတော့ အမှု စစ်ဆေးဆဲကာလအတွင်း တရားခံသေဆုံးသွားခဲ့ရင် ဘာလုပ်ရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်
မတွေ့ရပါဘူး။ဒါပေမယ့် အောက်ပါ စီရင်ထုံးလေးကိုတော့ ကံကောင်း ထောက်မစွာ တွေ့ရှိခဲ့ကြောင်းပါ။
     အမှုစစ်ဆေးဆဲကာလအတွင်း တရားခံသေဆုံးသွားပါက ၄င်း အပေါ် စွဲဆိုထားသော အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း( ဦးသွယ်ပါ-၂ နှင့် UOB၊ ၁၉၆၆ ခုနှစ်၊ စာမျက်နှာ-၂၁၆)မှာ ဆုံးဖြတ်ထားကြောင်းပါ။

 သမ္မာန်မှုများ(ထောင် ဒဏ် ၆-လအထိသာ ပေးနိုင်သော ပြစ်မှုများ)တွင် တရားခံ ရုံးရှေ့လာခြင်းမှ ကင်း လွတ်ခွင့်ပေးနိုင်ပါသလား-


  တရားရုံးများ လက်စွဲအပိုဒ်-၄၄၄ တွင် တရားခံ လာရောက်စေရန် ဆင့် ခေါ်စာထုတ်ဆင့်သော အခါ၊ တရားရုံးသည် တရားခံကိုယ်တိုင်လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပေးနိုင်ကြောင်း၊ သူ၏ရှေ့နေအား ကိုယ်စားလာရောက်စေရန် ခွင့် ပြုနိုင်ကြောင်း၊ ဆိုခဲ့သော ခွင့်ပြုချက်မရပဲ အမှုကြားနာရန် ချိန်းဆိုသော
မည်သည့်နေ့ရက်တွင်မဆိုတရားခံအဖို့မလာရောက်ပဲ နေနိုင်ခွင့်မရှိကြောင်း ဖေါ်ပြထားသည်ကိုလည်း တွေ့
ရှိရကြောင်းပါ။ [ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၀၅(၁)(၂ ) ]

ဝါရမ်းမှု(ထောင်ဒဏ် ၆-လအထက်အပြစ်ပေးနိုင်သော ပြစ်မှုများ)များတွင် တရားခံရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ပြု ခြင်း


   ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၅၄၀ (က)(၁)အရ တရားခံနှစ်ဦး သို့မဟုတ် အများသည် ရုံးရှေ့တွင် စစ်ဆေးနေသောအမှု မည်သည့် အဆင့် သို့ ရောက်ရှိနေစေကာမူ ၄င်းတရားခံများအနက် တစ်ဦးဦးသည် ရုံးရှေ့ မလာရောက် နိုင်ကြောင်း တရားရုံးက ကျေနပ်လျှင်  ထိုတရားခံ၏ ရှေ့နေလည်း ပါရှိနေပါက ထိုတရားခံ မလာရောက်စေကာမူ အမှုကို ဆက်လက်ဆောင် ရွက်နိုင် ကြောင်း ၊ မလာရောက်သူကိုလည်း ခွင့်ပြုနိုင်ကြောင်း၊ လိုအပ်သည့်အဆင့်ရောက်ရှိခဲ့သော်  ထိုတရားခံ မပျက်မကွက် လာစေရန် ဆင့်ခေါ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို လိုက်နာရန်သာ ဖြစ်ကြောင်းပါ....။

ကဲ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ နားလိုက်ကြအုံးစို့-


အော င် စိုး ( ပြည် )


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...