Sunday, December 7, 2014

ဥပဒေရေးရာ တိုတိုထွာထွာ (၃)


ဥပဒေရေးရာ တိုတိုထွာထွာ (၃)



တရားခံအများထဲမှ တစ်ယောက်ကို တိုင် လျှောက်မှုမှ ရုပ်သိမ်းလျှင် အကျိုးသက်ရောက်မှု


        အမှုတစ်မှုတွင် တရားခံ အများအပြားပါဝင် ရာ ၄င်းတရားခံများ အနက်မှ တစ်ယောက်သော တရားခံကို အမှုမှ ပြန်လည်ရုပ်သိမ်းခွင့် ပြု သည်။ ထိုသို့ ပြန်လည် ရုပ်သိမ်းခြင်းကြောင့် အခြားသော တရားခံများ အတွက် အကျိုးသက်ရောက်မှု မရှိနိုင်။ ၄င်းတို့ကို ဤပုဒ်မမှ အပြီးအပြတ် လွှတ်ရန် မဟုတ်ချေ။
(27,AIR.၁၉၄၀၊ မဒရပ်၊ စာ-၆၂၃ (၆၂၄)


ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ-၂၅၃(၁)အရ  တရားရှင်လွှတ်ခြင်း


ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ၂၅၃(၁)အရအမှုမှတရားရှင်
လွှတ်ခြင်းသည် တရားလိုဘက်မှ ထွက်ချက်အားလုံးကို ကြားနာပြီးနောက်
စွဲချက်တင် ရန် အခြေအမြစ်မရှိ၍ လွှတ်ခြင်း ဖြစ်သည်။
 ပြစ်/ကျင့်-၂၅၃(၁)အရ တရားရှင် လွှတ်လျှင် စာဖြင့် အကြောင်းပြချက်
ေ ရေးရန် လိုသည်ဟု ဥပဒေအဖွဲ့က မဆို။ သို့သော် အမိန့်သည် အပြီးသတ်
ြ ဖြစ်ကြောင်း ဆင် ခြင် ၍ ရာဇ၀တ်တရားသူကြီးသည် အကြောင်းပြချက်
ေ ရေးမှတ်သင့်သည်ဟု လမ်းညွှန်ထားပေသည်။
( ဦးဘမောင် နှင့် ပထစ၊ ၁၉၅၆၊မတစ၊လွှတ်တော်၊ စာ-၁၇၀)

  ပြစ်မှုဆိုင် ရာ ကျင့် ထုံးဥပဒေပုဒ်မ-၂၅၃(၂) အရ တရားရှင် လွှတ်ခြင်း


ရာဇ၀တ် တရားသူကြီးအား ပြစ်/ကျင့်ပုဒ်မ-၂၅၃(၂)က တိုင် လျှောက်
ချက်တစ်ခုသည် အခြေအမြစ် မရှိဟု ဆင် ခြင် မိကြောင်း အကြောင်းပြ
ချက်ရေးမှတ်ထားသည်ဖြစ်လျှင် တရားခံတစ်ယောက်ကို တရားရှင် လွှတ်နိုင်သည့် လုပ်ပိုင် ခွင့် အပ်နှင်းထားသည်။
 { AIR,1942, ကာလကတ္တား၊ စာ -၄၂၈ (၄၂၉) }

  ပြစ်/ကျင့်ပုဒ်မ-၂၅၃(၂)အရ တရားရှင် လွှတ်ခြင်းသည် တရားလိုဘက်မှ
  သက်သေအားလုံးကိုပြီးစီးအောင်မစစ်ဆေးရသေးမီတရားရှင်လွှတ်ခြင်း
 ဖြစ်ပေသည်။ ပြစ်/ကျင့် ပုဒ်မ-၂၅၃(၂)အရ တရားရှင် လွှတ်လျှင် တရား
  သူကြီးသည် လွှတ်သည့် အကြောင်းပြချက်ကို ရေးရန် တာဝန်ရှိသည်။
  ပြစ်/ကျင့် ပုဒ်မ-၂၅၃(၁)က တရားခံကို တရားရှင် မလွှတ်မီ တရားသူကြီး
  သည် တရားလိုဘက် သက်သေများအားလုံးကို စစ်ဆေးရန် လိုအပ်သည်
  ဟု ပြဋ္ဌာန်းထားသော်လည်း ပုဒ်မခွဲ(၂)က တရားသူကြီးအား တရားခံအ
  အပေါ် စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း တွေ့ရှိသည့်အခါ အမှု၏
  မည်သည့် အဆင့် သို့ ရောက်ရှိစေကာမူ တရားရှင် လွှတ်နိုင် သည့် လုပ်
  ပိုင်ခွင့် ကို အပ်နှင်းထားပေသည်။
  { 28,AIR, ၁၉၄၁၊ ဆင်း၊ စာ -၁၉၈(၂၀၁) }

စွဲချက်တင် ပြီးနောက် တိုင် လျှောက်သူ တရားလို မလာလျှင် -

စွဲချက်တင် ပြီးနောက်မှ တိုင် လျှောက်သူ တရားလို မလာရောက် လျှင်
တိုင် လျှောက်သူ တရားလို မလာရောက်သော ကြောင့် ဟု အကြောင်း
ြ ပြ၍ တရားခံကို စွဲချက်မှ လွှတ်ရန် တရားသူကြီးတွင် လုပ်ပိုင် ခွင့် မရှိချေ။
{ AIR, ၁၉၂၅၊  စာ -၃၀၆ }

ဤအမှုမျိုးတွင် ပုဒ်မ-၂၈၅ အရ တရားခံကို အပြစ်မရှိကြောင်း တွေ့ရှိချက်
ကို အခြေပြု၍ အပြီးအပြတ် မလွှတ်နိုင်။ တရားသူကြီးက တစ်ခုတည်း
သော ပြုလုပ်နိုင်မှုမှာ အမှုအား ရက်ချိန်းပေးရန် ဆုံးဖြတ်သည်မဟုတ်လျှင်  တိုင် လျှောက်သူ တရားလို မလာရောက်သည့်အခါ ထိုအခြေအနေမျိုးတွင်
အမှုကို ဆက်လက် အရေးယူရန်သာ ဖြစ်သည်။
{ 24 ,AIR, ၁၉၃၇ ၊ အလဟဘတ် ၊ စာ -၆၂၇ }



အောင် စိုး ( ပြည် )

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...