Saturday, September 8, 2018

အမိန့်များကို အယူခံဝင်ခြင်း နှင့် အယူခံ၊ပြင်ဆင်မှုတွင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မများဖော်ပြသည့်ကိစ္စ


အမိန့်များကို အယူခံဝင်ခြင်း နှင့် အယူခံ၊ပြင်ဆင်မှုတွင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မများဖော်ပြသည့်ကိစ္စ


အယူခံဝင်ခြင်း နှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေပုဒ်မ -၉၆ သည် မူလမှုဒီကရီကို အယူခံဝင်ခြင်းဖြစ်ပြီး ကျင့်ထုံးပုဒ်မ - ၁၀၀သည် အယူခံရုံးဒီကရီကို အယူခံဝင်ခြင်းဖြစ်ပါတယ်။

အမိန့်များ အယူခံဝင်ခြင်း နှင့်ပတ်သက်လို့ ပုဒ်မ - ၁၀၄ နှင့် အမိန့် - ၄၃၊ နည်း - ၁ ပါ အမိန့်များကို အယူခံဝင်နိုင်ပါတယ်။ အမိန့် - ၄၃ ၊ နည်း - ၁ပါ အမိန့်များသည် ပုဒ်မ - ၁၀၄(ဈ) မှာ အကျုံးဝင်ပါတယ်။ 

ထို့ကြောင့် အမိန့်များကို အယူခံတင်သွင်းရာမှာ ကျင့်ထုံးပုဒ်မ - ၁၀၄ အရ တင်သွင်းရန်ဖြစ်ပါတယ်။ အထွေထွေအယူခံမှုဖြစ်ပါတယ်။

အမိန့်များကို အယူခံဝင်ခြင်းသည် ကျင့်ထုံးပုဒ်မ - ၉၆၊ ၁၀၀ တို့နှင့် သက်ဆိုင်ခြင်းမရှိပါ။ ကျင့်ထုံးပုဒ်မ- ၉၆၊၁၀၀ သည် ဒီကရီကိုအယူခံဝင်ခြင်းနှင့်သက်ဆိုင်ပါတယ်။

နောက်တစ်ခုက ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ များကို ဖော်ပြသည့်ကိစ္စ အလျဉ်းသင့်လို့ တင်ပြပါရစေ။

ပြစ်မှုဆိုင်ရာအမှုများကို အယူခံ၊ ပြင်ဆင် ၀င်ရောက်ခွင့်ရရှိခြင်း သည် ပြည်ထောင်စု တရားစီရင်ရေးဥပဒေအရ ရရှိသည့် အခွင့်အရေး မဟုတ်ပါ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အရ ရရှိသည့်အခွင့်အရေးဖြစ်ပါသည်။

အလားတူပင် တရားမမှုများကို အယူခံ၊ ပြင်ဆင် ၀င်ရောက်ခွင့်ရရှိခြင်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ရရှိသည့် အခွင့်အရေးမဟုတ်ပါ။ တရားမကျင့်ထုံးဥပဒေအရ ရရှိသည့်အခွင့်အရေးဖြစ် ပါသည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေသည် တရားရုံးများ၏ စီရင်ပိုင်ခွင့်ကို ပြဌာန်းခြင်းဖြစ်ပါသည်။

ထို့ကြောင့် အယူခံ၊ပြင်ဆင် ၀င်ရောက်ရာတွင် ပြစ်မှုဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမဖြစ်ပါက တရားမကျင့်ထုံးဥပဒေ တို့၏ သက်ဆိုင်ရာပုဒ်မများကို ဖော်ပြလျှင် လုံလောက်သည်ဟုယူဆမိပါသည်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မများကို ဖော်ပြရန်မလိုအပ်ဟု ယူဆမိပါသည်။


လေးစားစွာဖြင့်။

TUN  MYO  HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...