Wednesday, September 5, 2018

ရာဇဝတ်ဆိုင်ရာ အယူခံ၊ ပြင်ဆင်မှတ်စုများ - (၂)

အပြီးအပြတ်လွှတ်သည့်အမိန့်အပေါ် ပြင်ဆင်မှု တင်သွင်းနိုင်ခြင်း ရှိ မရှိ။
×××××××××××××××××××××××××××××××××××

In an application for revision of an order of acquittal, brought by a private party, without any attempt made on his part to move the Government to appeal against the order under s.417 of the Code of Criminal Procedure, the Court has to act on certain general principles in order to ensure that the law is not made to subserve private ends. By long established practice of the Court revisional applications against orders of acquittal are not entertained from private pettioners except it be on very broad grounds of the exceptional requirements of public justice.

{အရပ်သား အမှုသည်တစ်ဦးက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၁၇ အရ  အပြီးအပြတ်လွှတ်သည့်အမိန့်ကို  အယူခံဝင်ပေးရန် အစိုးရအား တစုံတရာ အားထုတ်လျှောက်ထားခြင်းမပြုဘဲ ပြင်ဆင်မှု လျှောက်ထားလျှင် ဥပဒေသည် ကိုယ်ကျိုးအတွက် သုံးစွဲရန် မဟုတ်ကြောင်း တိကျစေခြင်း ငှာ ရုံးက ယေဘုယျအားဖြင့် မူ အချို့ထား၍ ဆောင်ရွက်ရန် လိုသည်။ တရားရုံးများက ကာလကြာမြင့်စွာ လိုက်နာနေသော ထုံးစံအရ အများပြည်သူ တရားမျှတမှုအတွက် ထူးထူး ခြားခြား လိုအပ်သော အလွန်ကျယ်ပြန့်သည့် အကြောင်းပြချက်များ ရှိသည့်အခါမှတပါး အပြီးအပြတ်လွှတ်သည့်အမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားသော လျှောက်လွှာများကို အရပ်သား လျှောက်ထားသူများထံမှ လက်ခံလေ့ မရှိ။} 

N.SEENI EBRAHIM v. UNION OF BURMA (M.A.CHELLAN)(၁၉၅၃၊ မတစ၊ တရားလွှတ်တော်၊ စာ ၂၂၂)

--

An appeal lies against an acquittal order and an application in revision of such order is barred under sub-s.(5) of s.439, Criminal Procedure Code. In spite of the bar in sub-s.(5) of s.439, Criminal Procedure Code, the High Court had entertained such application in revision against acquittal order either by treating these as private applications in revision or as and by way of regular appeals. 

{အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်နိုင်ခွင့်ရှိသည်။ ယင်းအမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားခြင်းကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၃၉(၅) အရ ပိတ်ပင်ထားသည်။ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉(၅)အရ ပိတ်ပင်ထားစေကာမူ အပြီးအပြတ် လွှတ်သည့်အမိန့်ကို ပြင်ဆင်ပေးရန် လျှောက်ထားသော ယင်းလျှောက်လွှာမျိုးကို အမှုသည်များက တင်သွင်း သော ပြင်ဆင်မှုများအဖြစ်ဖြင့် လည်းကောင်း၊  ရိုးရိုး အယူခံမှုများအဖြစ်ဖြင့် လည်းကောင်း တရားလွှတ်တော်က လက်ခံခဲ့ဖူးသည်။} 

UNION OF BURMA v. MAUNG AYE (၁၉၅၆၊ မတစ၊ တရားလွှတ်တော်၊ စာ ၁၅၇)

--

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၁၇ အရ၊ အစိုးရက အယူခံဝင်ရန် သင့်လျော် သော တရားသေလွှတ်မိန့်ကို နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦးက လာရောက် လျှောက်ထားရုံမျှနှင့် တရားရုံးချုပ်က လွယ်လွယ်လက်ခံ၍ စဉ်းစားပေးရန် မဟုတ် ချေ။ အီဘရာဟင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၅၃၊ မတစ၊လွှတ်တော်၊ စာ ၂၂၂) အမှုတွင် ထိုသို့ပင် စီရင်ထုံးပြုထားသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်အေးပါ ၃ (၁၉၅၆၊ မတစ၊ လွှတ်တော်၊ စာ ၁၅၇) အမှုတွင်လည်း ထိုကဲ့သို့ ပင်မှတ်ချက်ပြု၍ လိုအပ်သောအခါ၌ ပြင်ဆင်မှုကို အယူခံမှုအဖြစ် လက်ခံကြား နာခြင်းစသည်ကို ပြုနိုင်ကြောင်း ဖော်ပြထားသည်။ 

သို့ရာတွင် မောင်အေးတို့ အမှုတွင်၊ တရားရုံးချုပ်သို့ ပြင်ဆင်မှုကို ထောက်ခံတင်သွင်းသူမှာ၊ ခရိုင်ရာဇဝတ် တရားသူကြီး ဖြစ်သည်။ ဤအမှုတွင်ကား နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦး ကိုယ် တိုင်က၊ ခရိုင်ရာဇဝတ်တရားသူကြီးရုံးသို့ဖြစ်စေ၊ စက်ရှင် ရာဇဝတ်တရားသူကြီး ရုံးသို့ ဖြစ်စေ၊ ပြင်ဆင်မှုကို လျှောက်ထားခြင်းမပြုခဲ့ဘဲ တရားရုံးချုပ်သို့ တိုက်ရိုက်၊ ၄င်းရုံးများကိုကျော်လွန်၍ လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ပေသည်။ 

ဦးဘမောင် နှင့် မောင်စိန်ရပါ ၂ (၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)

--

တရားရုံးချုပ်၏ ပြင်ဆင်မှု အာဏာသည် အရေးကြီး၍ များစွာ အသုံးဝင် သော အာဏာတရပ်ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ သုံးစွဲခြင်းဖြင့် တနိုင်ငံ လုံးတွင် တရားစီရင်ရေးကို ညှိနှိုင်းညွှန်ပြပေးနိုင်သည်။ တရားစီရင်ရေးလမ်း ကြောင်း တိမ်းစောင်းလျှင် ဖေးမပြင်ဆင်ပေးနိုင်သည်။ 

သို့ရာတွင် ပြင်ဆင်မှု အာဏာကို အထိန်းအကွပ်မရှိ သုံးစွဲပြန်လျှင်လည်း အယူခံဝင်သင့်သော အမှုများ ကို အဆင့်ဆင့် အယူခံမဝင်ကြဘဲ၊ ပြင်ဆင်မှုဖြင့် ဤရုံးသို့ လာရောက်လျှောက် ထားကြဘွယ်ရှိသည်။ ထိုသို့ လျှောက်ထားကြလျှင် တရားဥပဒေဖြင့် အယူခံဝင်ရန် သတ်မှတ်ထားသော ရုံးအဆင့်ဆင့်သည် အလဟဿ ဖြစ်ပေလိ့မ်မည်။

 ထိုရုံးများ ကို ခရိုင်ရုံးများက ပြန်လည်ကွပ်ကဲခြင်း၊ အမှားကို ပြုပြင်ပေးခြင်း၊ ပညာပေးခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်ရန် ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် ရာဇ ဝတ်ကျင့်ထုံးပုဒ်မ ၄၁၇ အရ အစိုးရက အယူခံဝင်ရန် သင့်လျော်သော တရားသေ လွှတ်မိန့်ကို နစ်နာသည်ဆိုသော ပုဂ္ဂိုလ်တဦးက လာရောက်လျှောက်ထားရုံမျှ နှင့် တရားရုံးချုပ်က လွယ်လွယ်လက်ခံ၍ စဉ်းစားပေးရန်မဟုတ်ချေ။ ×   ×    ×    × 

သာမန်အားဖြင့်ဆိုလျှင် အောက်ရုံးတရုံးက တရားသေလွှတ်ရန် ချမှတ်ထားသော အမိန့်တစ်ရပ်ကို အစိုးရကသာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ နှင့်အညီ အယူခံဝင်ရန်ဖြစ်သည်။ 

တရားရုံးချုပ်က နစ်နာသည် ဆိုသော ပုဂ္ဂိုလ်၏ တိုက်ရိုက် လာရောက် ပြင်ဆင်မှု ဖွင့်လှစ်ခြင်းကို လက်ခံရန် မဟုတ်ချေ။ 

လုံလောက်သော အကြောင်းကြောင့် အယူခံဝင်ရန် နှောင့်နှေး ကြန့်ကြာခဲ့ရခြင်း စသည်တို့ရှိလျှင် နစ်နာသူက စည်းကမ်းနှင့်အညီ ခရိုင်စက်ရှင် တရားရုံးသို့သော်၎င်း၊ ခရိုင်ရာဇဝတ် တရားသူကြီးရုံးသို့သော်၎င်း၊ သွားရောက်၍ ပြင်ဆင်မှုဖွင့်လှစ်ကာ ထိုရုံးကစစ်ဆေး ကြားနာပြီးနောက်၊ ပြင်ဆင်ရန် လိုအပ်လျှင် ထောက်ခံချက်ဖြင့် တရားရုံးချုပ်သို့ တင်ပို့ရန်ဖြစ်သည်။

 အများပြည်သူနှင့်ပတ်သက်သော အရေးကြီးသော ဥပဒေ ပြဿနာပေါ်ပေါက်လျှင်၊ သို့မဟုတ် တရားစီရင်ရေးလမ်းကြောင်း အထူးတိမ်း စောင်းခဲ့သည်ကိုတွေ့ရှိရလျှင် တရားရုံးချုပ်က အမိန့်ကို ပြင်ဆင်ပေးရန်ဖြစ်သည်။ 

ဦးဘမောင် နှင့် မောင်စိန်ရပါ ၂(၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)
တရားသေလွှတ်သော အမိန့်များကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၁၇ အရ အယူခံဝင်ရောက်ခြင်းမရှိဘဲ ၊ ယခုကဲ့သို့ ပြင်ဆင်မှုဖွင့် ၍ သုံးသပ်နိုင်ကြောင်းကို ဦးဘမောင် နှင့် မောင်စိန်ရပါ ၂(၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၁၀၇၅)အမှုနှင့် ပြည် ထောင်စုမြန်မာနိုင်ငံ နှင့် ဒေါ်ညို (နိုင်ငံတော်တရားရုံးချုပ်၊ ၁၉၆၈၊ ရာဇဝတ်ပြင် ဆင်မှု အမှတ် ၇၁(ခ)) အမှုတို့တွင် အဆုံးအဖြတ်ပေးထားသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်လှသန်း(၁၉၆၉၊ မတစ၊ ရုံးချုပ်၊ စာ ၂၄ (၂၅))

---

လျှောက်ထားခံရသူ မောင်မြင့်သိန်းအား မူလရုံးမှ ရာဇသတ်ပုဒ်မ ၄၁၇ အရ ပြစ်ဒဏ်စီရင်ခဲ့သည်။ ယင်းအမိန့်ကို အယူခံဝင်ရာ အယူခံရုံးမှ မောင်မြင့်သိန်း အား တရားသေလွှတ်ခဲ့သည်။

 လျှောက်ထားသူ မအေးရီက တရားသေလွှတ်မိန့် ကို မကျေနပ်သဖြင့် တရားရုံးချုပ်သို့ ပြင်ဆင်မှုတင်သွင်းခြင်းဖြစ်သည်။ တရားသေ လွှတ်မိန့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ အစိုးရကသာ အယူခံဝင်နိုင် သည်။ နစ်နာသူက အယူခံဝင်ပေးရန် အစိုးရထံသို့ ချဉ်းကပ်ရမည်။ တရားရုံးချုပ်မှ ယင်းကိစ္စမျိုးတွင် ပြင်ဆင်မှု မတင်သွင်းနိုင်ကြောင်း ညွှန်ကြားထားသည်။ 

မအေးရီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၃၊ မတစ၊ စာ ၂၆)

--

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ အပြစ်မထင်ရှားသဖြင့် အပြီးအပြတ် လွှတ်ခဲ့ခြင်းကို မကျေနပ်၍ အယူခံလိုလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွက် ဗဟိုဥပဒေရုံးက သာ အယူခံနိုင်ခွင့် ရှိသည်။ အပြီးအပြတ်လွှတ်ခဲ့ခြင်းကို ပယ်ဖျက်ပေးပါရန် လျှောက်ထားသူသည် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားနိုင်ခွင့် မရှိ။  

ဦးဘခင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၅၊ မတစ၊ စာ  ၆၈)

--

မူလရုံးက အပြီးအပြတ်လွှတ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးပါရန် ပြင်ဆင် မှု လျှောက်ထားခဲ့ခြင်းကို ပြည်နယ်တရားရုံးက လက်ခံ၍ ပြစ်မှုဆိုင်ရာပြင်ဆင်မှု ဖွင့်လှစ်ပြီး ဆောင်ရွက်ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း နှင့် ကိုက်ညီခြင်းမရှိကြောင်း ပေါ်လွင်သည်။ 

ကိုသက်ထွန်း(ခေါ်)ကျစ်မှန် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (၁၉၇၆၊ မတစ၊ စာ ၁၂၇) 

---

ပြစ်မှုပြင်ဆင်မှု နှင့် ပြစ်မှုအယူခံမှုတို့ကို တိုင်းတရားရုံးက တစ်ပြိုင်တည်း ကြားနာပြီးနောက် ပြင်ဆင်မှုကို ပလပ်ပြီး အယူခံမှုကို ခွင့်ပြုကာ တရားခံကို အမှုမှ အပြီးအပြတ်လွှတ်လျှင် နစ်နာသူ မူလတရားလိုက ပြင်ဆင်မှုကို တရားရုံးချုပ်သို့ ဆက်လက်တင်သွင်းခွင့်မရှိဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ ဥပဒေရုံး အဆင့်ဆင့်သို့ တင်ပြရန်ဖြစ်ကြောင်း 
မဝင်းဝင်းနိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၃ (၁၉၉၇၊ မတစ၊ စာ ၈၁) အမှုတွင် အောက်ပါ အတိုင်းညွှန်ပြပါသည်။

"မန္တလေးတိုင်းတရားရုံး(မန္တလေးခရိုင်)က လျှောက်ထားသူ မဝင်းဝင်းနိုင် တင်သွင်းသည့် ပြင်ဆင်မှုအမှတ် ၂၃၃/၉၆ နှင့် လျှောက်ထားခံရသူ ဒေါ် စိန်စိန်၊ ကိုခင်စိုးတို့ တင်သွင်းသည့် အယူခံမှုအမှတ် ၃/၉၇ တို့ကို ၁၄-၂-၉၇ နေ့တစ်နေ့တည်း အမိန့်ချမှတ်ရာ၌ ပြင်ဆင်မှုကို ပလပ်ပြီး အယူခံမှု ကို ခွင့်ပြု၍ လျှောက်ထားခံရသူတို့ကို အမှုမှ အပြီးအပြတ်လွှတ်ခဲ့ကြောင်း တွေ့ရှိရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉(၅) တွင် "×× × × ဤဥပဒေအရ အယူခံဝင်ခွင့် ရှိပါလျက် အယူမခံသည့်အချက်တွင် အယူခံ ဝင်နိုင်သူက ပြင်ဆင်မှုအဖြစ် တင်သွင်းလာသည့် မှုခင်းကိစ္စများ စဉ်းစား နိုင်ရန် လက်မခံရဟု ပြဋ္ဌာန်းထားသည်။ မန္တလေးတိုင်းတရားရုံး (မန္တလေး ခရိုင်)က လျှောက်ထားခံရသူများကို အယူခံမှုတွင် အမှုမှအပြီးအပြတ် လွှတ်ခဲ့ပြီးဖြစ်၍ လျှောက်ထားသူ မူလတရားလိုအနေဖြင့် ယင်းအမိန့်ကို မကျေနပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာ ဥပဒေရုံးအဆင့်ဆင့်သို့ တင်ပြရန်သာရှိပေမည်။" 

---

ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ် (၂၃) တွင် အောက်ပါ အတိုင်း ညွှန်ပြပါသည်။

၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ ကို ၁၉၇၃ ခုနှစ်၊ ပြည် ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၂ ဖြင့် ပြင်ဆင်ခဲ့သဖြင့် ပြည်နယ်နှင့် တိုင်းတရားရုံးများသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉ တွင် ပြဋ္ဌာန်းထားသော စီရင်ပိုင်ခွင့်များကို ရရှိကြပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၅ အရ မူလ တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များတွင် မှားယွင်းချွတ်ချော်ခြင်းများကို ပြင်ဆင်ရန်လိုအပ်သည်ဟု တွေ့ရှိပါက ပြည်နယ်၊ တိုင်းတရားရုံးများက ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ကြပါသည်။ ဤကဲ့သို့ တရားစီရင်ရေးဆိုင် ရာ ကြီးကြပ်ကွပ်ကဲမှုအရ မူလတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို စီစစ်ကြည့်ရာတွင် တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်နှင့်စပ် လျဉ်း၍ ပြင်ဆင်မှု ဖွင့်လှစ်ရန် သင့်သော အမှုများ စိစစ်တွေ့ရှိရသော အခါ ပြည်နယ်နှင့် တိုင်းတရားရုံးများက ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ သင့်မြတ်သည့် အမိန့် တစ်ရပ် ရပ်ကို ချမှတ်ကြပါသည်။ 

၂။ တရားခံအား အပြီးအပြတ်လွှတ်သည့်အမိန့်နှင့် စပ်လျဉ်း၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်မှ အယူခံဝင်ရောက် သည့်ကိစ္စများတွင်မူ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့သည် ယင်းဥပဒေ ပုဒ်မ ၄၁၇ အရ အယူခံဝင်စေသင့်သော အမှုများ စိစစ်တွေ့ရှိပါက ဗဟို ဥပဒေရုံးအား ဗဟိုတရားရုံးသို့ အယူခံဝင်ရောက်ရန်အတွက် ညွှန်ကြား 
ခြင်း ပြုပါသည်။ 

၃။ ယင်းကဲ့သို့ တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်အပေါ် ပြည်နယ်နှင့် တိုင်းတရားရုံးများက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၅ အရ ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ အမိန့်ချမှတ်ခြင်းနှင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၇ အရ ဗဟိုတရားရုံးသို့ အယူခံမှု တင်သွင်းရန်အတွက် ဗဟိုဥပဒေရုံးအား ညွှန်ကြားခြင်းကိစ္စများတွင် အာဏာပိုင် အဖွဲ့အစည်းနှစ်ရပ်က ဆုံးဖြတ်ချက်နှစ်မျိုး ချမှတ်သည့် အခြေအနေမျိုး မပေါ်ပေါက်စေရန် တရားခံအား အပြီးအပြတ်လွှတ်သည့် အမိန့်နှင့်စပ်လျဉ်း၍ ပြည်နယ်နှင့် တိုင်းတရားရုံးများက ယင်းအမိန့်ကို ပြန်လည်သုံးသပ်သင့်သည်ဟု သဘောရရှိပါလျှင် "အယူခံဝင်ရန် ဆောင်ရွက်သင့်ပါက ဆောင်ရွက်ရန်" ဟူသော  မှတ်ချက်ဖြင့် ပြည်သူ့ တရားသူကြီးအဖွဲ့သို့ မူလရုံးအမှုတွဲပါ တင်ပြရန်ဖြစ်ပါသည်။ ပြည်သူ့ တရားသူကြီးအဖွဲ့က ယင်းအမှုကို စိစစ်ပြီးနောက် မူလရုံးအမိန့်ကို ပြန် လည်သုံးသပ်သင့်သည်ဟု သဘောရရှိပါလျှင် "ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ အယူခံဝင်ရောက်ရန် ဆောင်ရွက်သင့်ပါက ဆောင်ရွက်နိုင်ရန် " ဟူသော မှတ်ချက်ဖြင့် ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့သို့ ပေးပို့မည် ဖြစ်ပါသည်။

{မှတ်ချက် - စကားရပ်များအစားထိုးသည့်ဥပဒေများအရ "ပြည်သူ့ တရားသူကြီးအဖွဲ့"ကို "တရားသူကြီးချုပ်" ထိုမှတဆင့် "ပြည်ထောင်စု တရားသူကြီးချုပ်"အဖြစ်လည်းကောင်း၊ "ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့"ကို "ရှေ့နေချုပ်" ထိုမှတဆင့် "ပြည်ထောင်စုရှေ့နေချုပ်" အဖြစ် လည်းကောင်း၊m "ဗဟိုတရားရုံး"ကို "တရားရုံးချုပ်" ထိုမှတဆင့် "ပြည်ထောင်စုတရားလွှတ်တော်ချုပ်" အဖြစ်လည်းကောင်း၊ "ဗဟို ဥပဒေရုံး"ကို "ရှေ့နေချုပ်ရုံး" အဖြစ်လည်းကောင်း၊ "ပြည်နယ် သို့မဟုတ် တိုင်းတရားရုံး"ကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်"အဖြစ်လည်းကောင်းအဆင့်ဆင့်အစားထိုးခဲ့ပါသည်။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ သည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ အရ အယူခံမှုကို စီရင်ပိုင်ခွင့် အာဏာရှိသည်။ ၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ "ခရိုင်တရားရုံး"များသည် ပုဒ်မ ၄၃၉ အာဏာကို ရရှိသည် ဖြစ်ရာ ခရိုင်တရားရုံးများအနေဖြင့် အထက်ဖော်ပြပါ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားချက်အမှတ် - ၂၃ ကို သတိပြုရန်ဖြစ်ပါသည်။}

--

လေးစားစွာဖြင့်။

ဦးထွန်းမျိုးဌေး


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...