"ဒေဝါရီ" ခံခြင်း ဆိုတာဘာလဲ?
ဦးမျိုးတင့်
"လူ မွဲ မှု များ" နှင့် အနာဂါတ်ကာလအတွက် သမိုင်းကတောင်းဆိုလာသည့် ကြိုတင် လေ့လာ ထားသင့်သော ဥပဒေများ
ယနေ့ တရားစီရင်ရေးဆိုင်ရာ ဝန်းကျင်တွင်"လူမွဲမှု"ဟု ဆိုလျှင်-
-- တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၃၃ နှင့် အမိန် ၄၄ ပြဌာန်းချက်များပါ မူလမှုနှင့် အယူခံမှုများအတွက် ရုံးခွန်
(Court fees) ထမ်း ဆောင်ခြင်းကိုသာ ကင်းလွတ်ခွင့်ပြုသည့် Pauper suit
နှင့်
-- ၁၉၀၆ခုနှစ် ရန်ကုန် လူမွဲ အဖြစ် ခံယူခြင်းဆိုင်ရာဥပဒေ
-- ၁၉၂၀ခုနှစ် မြန်မာနိုင်ငံ လူမွဲအဖြစ်ခံယူခြင်းဆိုင်ရာဥပဒေ တစ်ခုခုအရ လူပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေးအဖွဲ့
အစည်း/အသင်းအဖွဲ့တစ်ခုအနေဖြင့် ကြွေးမြီများကို မပေး ဆပ်နှိုင်သောကြောင့် "ဒေဝါရီ"ခံစေသည့် လူမွဲခံ
အမှု Suit for go into liquidation (insolvency)
တိုကို ပိုင်းခြားသိရှိ သတိပြုမိသူ နည်းပါးသွားသည်ကို တွေ့မြင် နှိုင်ပါသည်။
ယင်းသို့ သတိမမူမိကြသည်မှာလည်း နိုင်ငံတော်၏ ဖြတ်သန်းလာသည့် နိုင်ငံရေး လမ်းကြောင်းအရ ၁၉၆၂ခုနှစ်မှစ၍ ဆိုရှယ်လစ် စီးပွားရေးစံနစ်ကို စတင်ကျင့်သုံးခဲ့သည်ခဲ့ သည်နှင့်အညီ--
(၁) ပုဂ္ဂလိကပိုင်စီးပွားရေးစံနစ်မျာကို ချုပ်ငြိမ်းစေ၍ ပြညိသူပိုင်စီးပွားရေးစံနစ်ကို ကျင့်သုံးခဲ့ခြင်း၊
(၂) ပြောင်းလဲလာသည် ငွေကြေးဖောင်းပွမှု(inflation)ကို လျစ်လျူရှု့ကာ ငွေလဲလှယ်မှု နှန်းများ
အရ ဥပဒေပြဌာန်းချက်ပါ ငွေကြေးပမာဏကို ကာလနှင့်လျော်ညီစွာ ပြုပြင်ရန် အားနည်း ခဲ့ခြင်း၊
(၃) ရုံးခွန်ကင်းခွင့်အတွက် အမှုသည်၏ အနိမ့်ဆုံး ပိုင်ဆိုင်မှုတန်ဘိုး (စံနှုန်း)ကို ပြုပြင် ပြောင်းလဲပေးရန်
ပျက်ကွက်ခဲ့ခြင်း
တို့ကြောင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီ အသင်းအဖွဲ့များ ပျောက်ကွယ်သွားခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းက လူမွဲအဖြစ်ခံယူရန် သတ်မှတ်ထားသည့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ငွေကြေး ပမာဏကို ငွေဖောင်းပွလာသည့်(inflation) နှုန်းနှင့်အညီ ပြောင်းလဲသတ်မှတ်ရန် ပျက်ကွက် ခဲ့ခြင်းတို့ကြောင့်--
(က) ကုမ္ပဏီနှင့် ကုမ္ပဏီလီမီတက်များ ပျောက်ကွယ်သွားခြင်း
(ခ ) လူပုဂ္ဂိုလ် တစ်ဦချင်း၏ အနည်းဆုံးပိုင်ဆိုင်မှုပမာဏ ကန့်သတ်ချက်အရ insolvency နှင့် pauper
အခွင့်အရေး တောင်းဆိုရန် မဖြစ်နှိုင် တော့ခြင်း
တို့ကြောင့် ဟုသာ သုံးသပ်တွေ့ရှိနှိုင်ပါသည်။
အထက်အပိုဒ်ပါ အချက်များကြောင့် တရားရုံးများတွင် အရေးဆိုမှု နည်းပါးလာသည့်အခါ ရုံးထိုင်တရားသူကြီး များ ရှေနေရှေ့ရပ်များ တွင်လည်း လက်တွေ့အတွေ့အကြုံနည်းပါးလာရာမှ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နှင့် ကင်းကွာ လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည် ဟု သုံးသပ်တွေ့ရှိရပါသည်
ယနေ့အချိန်အခါတွင် နိုင်ငံတော်သည် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့်အတူ လူမှုစီးပွါး စံနစ်(social econo rmic system)များကိုလည်း ဟန်ချက်ညီညီ ပြောင်းလဲလျှက် ရှိရာ ကျငိ့သုံးလျှက်ရှိသည့် လွတ်လပ်စွာ ကုန်သွယ် ရေး စံနစ်(free trade system) ဈေးကွက်စီးပွားရေးစံနစ်( market oriented system)တို့ကြောင့် ပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းများ ရှင်သန် ဖွံ့ဖြိုးလာမည်မှာလည်း မလွဲဧကန်ပင်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဦးမော့လာစေရန် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကပိုင်နှင့် ပြည်သူပိုင်စီးပွားရေး လုပ်ငန်း များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ဖြစ်ရာ ပြည်ရင်းနှီးမြှတ်နှံမှုများ ပြည်တွင်းသို့ စီးဝင်လာစေရေး အတွက် စီးပွားရေးဆိုင်ရာ ရေခံမြေခံ ကောင်းများကို နိုင်ငံတော်က ပြင်ဆင်ရန် လိုအပ်လာပါသည်။
သို့ဖြစ်၍ နိုင်ငံတော်သည် စီးပွားရေးနှင့်သက်ဆိုင်သည့် --
- ရင်းနှီးမြှတ်နှံမှုဆိုင်ရာဥပဒေများ
- ဥာဏ်ရည်ဥာဏ်သွေး နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ
- အလုပ်ရှင် အလုပ်သမားဆိုင်ရာဥပဒေများ
- အနုညာတခုံရုံးဆိုင်ရာဥပဒေများ
- အခွန်အကောက်ဆိုင်ရာ ဥပဒေများ
ကိုရေးဆွဲပြဌာန်းပြီးဖြစ်သကဲ့သို့
- မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ(The Myanmar Companies Act,
1914)
- ရန်ကုန် လူမွဲအဖြစ်ခံယူခြင်းဆိုင်ရာဥပဒေ( Yangon Insolvency Act,
1906)
- မြန်မာနိုင်ငံလူမွဲအဖြစ်ခံယူခြင်းဆိုင်ရာဥပဒေ(Myanmar Insolvency Act,
1920)
တို့ကိုလည်း ခေတ်စံနစ်နှင့် စံနှုန်း ကိုက်ညီစွာ ပြင်ဆင်ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျှက် ရှိပြီဖြစ်ပါသည်။
ယင်းဥပဒေများတွင် ဥပဒေပညာရှင်များ ရှေ့နေများ နှင့် စာရင်းအင်း ကျွမ်းကျင်သူများ၏ အခန်းကဏ္ဏသည် စီးပွားရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် အရေးပါသော နေရာများမှ ပုဂ္ဂိုလ်များ ဖြစ်လာကြမည် ဖြစ်ပါသည်။
ဥပမာ --
-- ခုံသမာဓိလူကြီးများ(Arbitrators)၊
-- ပစ္စည်းထိန်း/စာရင်းရှင်းအရာရှိ (Liquidators)များ၊
-- စီးပွားရေးမှုခင်းဆိုင်ရာ ရှေ့နေကြီးများ စသည် စသည် ! ! လုပ်ငန်းတာဝန်များဖြစ်ပါသည်။
သို့ဖြစ်၍ အဆိုပါမှုခင်းများတွင် ပါဝင်ထမ်းဆောင်ကြရမည့် တရားသူကြီးများ၊ လူငယ် ဥပဒေပညာရှင်များအနေဖြင့် ပြောင်းလဲလာမည့် လူမှုစီးပွားစံနစ်နှင့်အညီ ကျရာတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နှိုင်ရေးအတွက်ကြိုတင်၍ မျက်ခြေမပြတ် လေ့လာထားသင့်ပါ ကြောင်း အကြံပြု လိုက်ပါသည် - - -
(အပြုသဘော ဆွေးနွေး အကြံပြုခြင်းသာ ဖြစ်ပါသည်)
ဆရာ ဦးမျိုးတင့်