Friday, March 6, 2015

အယူခံလား ။ ပြင်ဆင်လား။


အယူခံလား ။ ပြင်ဆင်လား။


အယူခံဝင်နိုင်သော ဆုံးဖြတ်ချက်များ ။


တရားရုံးတစ်ရုံးက ချမှတ်သော ဆုံးဖြတ်ချက်သည် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)တွင် အဓိပ္ပါယ်ဖွင့် ဆိုထားသော ဒီကရီဖြစ်နိုင်သလို ပုဒ်မ ၂(၁၄)တွင် အကျုံးဝင်သော ဒီကရီမဟုတ်သည့် အမိန့် ဖြစ်နိုင်ပါသည်။
အယူခံဝင်နိုင်သော ဆုံးဖြတ်ချက်များမှာ
(၁) မူလမှုတွင်ချမှတ်သောဒီကရီ (ပုဒ်မ -၉၆)
(၂) အယူခံမှုတွင် ချမှတ်သော ဒီကရီ (ပုဒ်မ - ၁၀၀)
(၃) ပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃ ၊ နည်း ၁ တွင်ဖော်ပြထားသည့် အမိန့်များ။
-----

ဇာရီမှုတွင် မည်သည့်ဆုံးဖြတ်ချက်များသည် ဒီကရီဖြစ်သနည်း။


ဇာရီမှုတွင်ချမှတ်သောအမိန့်များအနက် အမိန့် - ၄၃၊ နည်း - ၁(စ်)၊ ၁(စ်စ်) နှင့် ၁(ည)တွင်ပြဌာန်းထားသော အမိန့်များမှအပ ပုဒ်မ - ၄၇ ၌ အကျုံးဝင် သည့် ပြသနာများနှင့် စပ်လျဉ်း၍ချမှတ်သောအမိန့်များသည် ပုဒ်မ-၂(၂) အရ ဒီကရီဖြစ်ပါသည်။
ထို့ကြောင့် မူလမှုတန်ဘိုးအပေါ်မူတည်၍ “ဒုတိယအယူခံ” အထိ ၀င်ရောက်ခွင့်ရှိသည်။
-----

အယူခံလား ၊ ပြင်ဆင်လား ဆန်းစစ်ပုံ။

ဆုံးဖြတ်ချက်တစ်ရပ်ကို အဆင့်မြင့်သော တရားရုံးတွင် အယူခံ ၀င်ရမည်လား၊ ပြင်ဆင်မှုတင်သွင်း ရမည်လား ပြဿ နာပေါ်ပေါက်လာသည့်အခါ ထိုဆုံးဖြတ်ချက်သည် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော ဒီကရီဟုတ်မဟုတ် စိစစ်ရပါမည်။
ဒီကရီဖြစ်လျှင် မူလအမှုတွင် ဖြစ်စေ၊ အယူခံမှုတွင်ဖြစ်စေ ချမှတ်ထားခြင်းဖြစ်သလား ဆိုသည့် အချက်ကို နောက်တစ်ဆင့်တက်၍ ဆန်းစစ်ရပါမည်။
ဒီကရီလည်းဖြစ်သည် ၊ မူလမှု သို့မဟုတ် အယူခံမှုတွင်လည်း ချမှတ်ထားကြောင်းတွေ့ရလျှင် ထိုဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည်။
တစ်စုံတစ်ခုသောဆုံးဖြတ်ချက်သည် ဒီကရီမဟုတ်လျှင် အယူခံဝင်ခွင့်ရှိသော အမိန့် ဟုတ်မဟုတ် တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃၊ နည်း ၁ တွင် ရှာဖွေရပါမည်။
အယူခံဝင်ခွင့်ရှိလျှင် အယူခံဝင်ရန်ဖြစ်သည်။
ဦးမြ ၊သောင်းပြောင်းထွေလာဥပဒေပြဿသ နာ အမှတ် (၁) ၊စာ - ၎
----


ဒီကရီတိုင်းသည် အယူခံဝင်ခွင့်ရှိ သလား။



ဒီကရီတိုင်းသည် အယူခံဝင်ခွင့်ရှိသည်မဟုတ်ပါ။ မူလမှုတွင် ချမှတ်ထားသော ဒီကရီ နှင့် အယူခံမှုတွင် ချမှတ်သော ဒီကရီများသည်သာ အယူခံဝင်ခွင့်ရှိပါသည်။
မူလမှုတွင်ချမှတ်သောဒီကရီကို ပုဒ်မ ၉၆ အရ အယူခံဝင်ခွင့်ရှိသည်။ ထိုနည်းတူ အယူခံတွင်ချမှတ်သော ဒီကရီကိုလည်း ပုဒ်မ ၁၀၀(၁) အရ အယူခံဝင် ခွင့်ရှိသည်။
သို့ဖြစ်ရာ " ပြင်ဆင်မှု " တွင် ချမှတ်သော ဒီကရီကို အယူခံဝင်ခွင့်မရှိပါ။ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း (၁၉၈၃၊ မတစ၊ စာ - ၄၈) တွင်ကြည့်ပါ။
---

အယူခံဝင်ခွင့်ရှိသော အမိန့်သည် တစ်ကြိမ်သာ အယူခံဝင်ခွင့်ရှိခြင်း။


ဒီကရီကိုအဆင့်ဆင့် အယူခံဝင်ခွင့်ပေးထားသော်လည်း အယူခံဝင်ခွင့်ရှိသည့် အမိန့်ကိုမူ တစ်ကြိမ်သာ အယူခံဝင်ခွင့်ရှိပါသည်။
----

ပြင်ဆင်မှု


ဒီကရီလည်းမဟုတ် ပုဒ်မ ၁၀၄(၁) နှင့် အမိန့် ၄၃၊ နည်း ၁တွင် ဖော်ပြထားသည့် အယူခံဝင်ခွင့်ရှိသော အမိန့်လည်း မဟုတ်လျှင် အယူခံဝင်ခွင့်မရှိ၊ ပြင်ဆင်မှုသာ လျှောက် ထားခွင့်ရှိသည်။
အယူခံဝင်နိုင်သော အမိန့် နှင့် စပ်လျဉ်း၍ အယူခံရုံးက ချမှတ်သော အမိန့်ဖြစ်လျှင်လည်း ပြင်ဆင်မှုသာ ဆက်လက်တင်သွင်းနိုင်ပါသည်။
အယူခံဝင်ခွင့်မရှိဟု အတိအလင်းပြဌာန်းထားသည့် ဒီကရီ နှင့် အမိန့်များသည်လည်း
ပြင်ဆင်မှုသာတင်သွင်းနိုင်ပါသည်။ (ဥပမာ သီးခြားသက်သာခွင့်ဥပဒေပုဒ်မ -၉ အရ စွဲဆိုသောအမှုတွင်ချမှတ်သောဒီကရီ)
-----

မူလမှုတန်ဘိုး သိန်း ၁၀၀ ကျပ် ရှိသည့် အမှု နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အယူခံ။


မြို့နယ်ရုံးမှ မူလမှုတန်ဘိုး ကျပ် သိန်း ၁၀၀ ရှိသော အမှုသည် ပုဒ်မ - ၁၁၀ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “အယူခံမှု”ဆက်လက် တင်သွင်းနိုင်ပါသည်။

လေးစားစွာဖြင့်။

Tun Myo Htay





သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...