Tuesday, February 3, 2015

သူတစ်စိမ်းထံက အမွေပစ္စည်းကို အမွေဆိုင်များထဲက တစ်ဦးဦးက လက်ရောက်ရလိုမှု စွဲဆိုရာမှာ အမွေထိန်းစာလိုအပ်ပါသလား။


သူတစ်စိမ်းထံက အမွေပစ္စည်းကို အမွေဆိုင်များထဲက တစ်ဦးဦးက လက်ရောက်ရလိုမှု စွဲဆိုရာမှာ အမွေထိန်းစာလိုအပ်ပါသလား။



အမွေထိန်းစာရမှ တရားစွဲဆိုနိုင်သည်ဆိုသောဥပဒေသမှာ ဗုဒ္ဓဘာသာများနှင့် မဆိုင်ပါ။ အမွေထိန်းစာ မရဘဲ လက်ရောက်ရလိုမှု စွဲဆိုနိုင်ပါသည်။

---

ဦးကြွား ပါ - ၇ နှင့် ဒေါ်တင်လှ ပါ - ၄ (၁၉၈၄ ၊ မတစ ၊ စာ - ၂၃၉ ) အမှုတွင်

အမွေဆိုင်ပစ္စည်းများသည် သူတစ်စိမ်း လက်ဝယ်ရှိနေ၍ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေဆိုင် တစ်ဦးဖြစ်စေ ၊ တစ်ဦးထက် ပိုသူတို့ကြ ဖစ်စေ ၊ အမွေပုံပစ္စည်းများကို ထိန်သိမ်းနိုင်ရန် အတွက် အမွေထိန်းစာ လျှောက်ထား တောင်းယူပြီးနောက် အမွေထိန်း သို့မဟုတ် အမွေထိန်းများ အဖြစ်ဖြင့် သူတစ်စိမ်း လက်ဝယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ပေသည်။

ဟုထုံးဖွဲ့ထားသည်။

ယင်းစီရင်ထုံးကို ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ အမှတ် - ၉ ၊ စာ - ၁၄၃ တွင် ဆရာက အောက်ပါအတိုင်းရှင်းပြပါသည်။

ဦးကြွား နှင့် ဒေါ်တင်လှ (၁၉၈၄ ၊ မတစ ၊ စာ - ၂၃၉ ) အမှုတွင် အမွေရှင်ကျန်ရစ်သော အမွေပစ္စည်းကို အမွေထိန်းစာရသူက လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်သည်ဟုထုံးဖွဲ့ထားရာ

အတွေးခေါင်သူများက ကွယ်လွန်သူ၏ အမွေပစ္စည်းကို အမွေထိန်းစာရသူကသာ လက်ရောက်ရလိုမှု စွဲဆိုနိုင်သည်ဟု ကောက်ယူ ကြပါသည်။ စီရင်ထုံးတွင် ထိုကဲ့သို့ ထုံးဖွဲ့ထားခြင်းမရှိပါ။

အမွေထိန်းစာရမှ တရားစွဲဆိုနိုင်သည်ဆိုသောဥပဒေသမှာ ဗုဒ္ဓဘာသာများနှင့် မဆိုင်ပါ။ အမွေထိန်းစာ မရဘဲ လက်ရောက်ရလိုမှု စွဲဆိုနိုင်ပါသည်။

ဦးကြွား အမှုတွင် အမွေဆိုင်အချို့က အမွေဆိုင်ထန်းပင်များကို လက်ရောက်ရလိုကြောင်း စွဲဆိုရာ အမွေခွဲ ဝေခြင်းမပြုရသေးသဖြင့် မည်သည့်ထန်းပင်များသည် ၄င်းတို့ပိုင်ဖြစ်ကြောင်း မပြောနိုင်သေး၍ လက်ရောက် ရလိုမှု မစွဲဆိုနိုင်ကြောင်း အမွေမခွဲဝေရသေးမီ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေထိန်းစာ လျှောက်ထားရရှိပြီး စွဲဆိုနိုင်ကြောင်း ထုံးဖွဲ့ခြင်းဖြစ်သည်။

အပေါ်ယံအားဖြင့် ကြည့်လျှင် ဒေါ်ငွေမဲ နှင့် ကိုသန်းမောင် (၁၉၅၄၊မတစ၊စာ- ၂၃၅ (လွှတ်တော်) စီရင်ထုံး နှင့် ကွဲလွဲဟန်တူသည်။ အဖြစ်အပျက်ချင်းမတူ ၊ ဦးကြွားအမှုတွင် အမွေဆိုင်တချို့ တရားပြိုင်ဖြစ်နေသည်။

(ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ အမှတ် - ၉ ၊ စာ - ၁၄၃)

-----

ထိုလက်ရောက်ရလိုမှုတွင် ကျန်အမွေဆိုင်များသည် အမှုသည်အဖြစ်ပါရန်ကော လိုပါသလား။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ရှင်များအနက် ပူးတွဲပိုင်ရှင်တစ်ဦးသည် အခြားပူးတွဲပိုင်ရှင် သို့မဟုတ် ပူးတွဲပိုင်ရှင်များကို အမှုတွင် အမှုသည်များအဖြစ် မထည့်ဘဲ ကျူးကျော်သူအပေါ် နှင်လိုမှု စွဲဆိုနိုင်သည်။

ဒေါ်ငွေမဲ နှင့် ဦးသန်းမောင် (၁၉၅၄၊မတစ၊စာ- ၂၃၅ (လွှတ်တော်)

လေးစားစွာဖြင့် ။


TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...