Friday, July 7, 2017

ထုံးပုံကျအမိန့်ဆွဲရမှာလား။ ဒီကရီဆွဲရမှာလား။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၂(၂) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်။

"ဒီကရီဆိုသော စကားရပ်တွင် အဆိုလွှာကို ပယ်သည့် အမိန့် နှင့် ပုဒ်မ ၄၇ သို့မဟုတ် ပုဒ်မ ၁၄၄၌ အကျုံးဝင်သော ပြဿနာတစ်ရပ်ရပ်အပေါ် ဆုံးဖြတ်ချက်လည်း ပါဝင်သည်ဟု မှတ်ယူရမည်။"

--

သို့ဖြစ်ရာ 

(၁)  အဆိုလွှာကို ပယ်သည့်အမိန့်။

(၂) ပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် စီရင်ဆုံးဖြတ်ချက်။

(၃) ပုဒ်မ ၁၄၄ တွင် အကျုံးဝင်သော စီရင်ဆုံးဖြတ်ချက်။

များသည် ဒီကရီဖြစ်ပါသည်။

----

ဒီကရီဖြစ်သော ဆုံးဖြတ်ချက်ကို ဒီကရီ ပုံစံဖြင့်  ရေးဆွဲရမည်လား။
×××××××××××××××××××××××××××××××××××××××××××××

ယနေ့ မူလတရားရုံးများတွင် ဒီကရီပုံစံ - ၂မျိုးကို အဓိက ထားသုံးစွဲသည်။

(၁)  ငွေသက်သက်ရလိုမှုဒီကရီ

(၂) မူလမှုဒီကရီ

------

တရားမကျင့်ထုံးဥပဒေ အမိန့် -၇၊ နည်း -၁၁ အရ အဆိုလွှာကို ပယ်သည့် အမိန့်သည်

 ဒီကရီရေးဆွဲရမည်လား  ထုံးပုံကျအမိန့် ရေးဆွဲရမည်လား။

-----

ပုဒ်မ ၂(၂) အရ ဒီကရီဆိုသောစကားရပ်တွင် အကျုံးဝင်သဖြင့် 

ဒီကရီပုံစံဖြင့်ရေးဆွဲရမည်

ဟု

ဆရာမ တစ်ဦးကဆိုသည်။

ဒီကရီပုံစံဖြင့်ရေးဆွဲမှ

အယူခံတက်တာအဆင်ပြေမှာဟုဆိုသည်။

----

ထိုသို့ဆိုပါက

ဇာရီမှုတွင် 

တရားနိုင်၊ တရားရှုံးကြားဖြစ်ပွားသည့်  

ဒီကရီအတည်ပြုခြင်း (execution)၊ ဒီကရီအရ ပေးဆပ်ခြင်း (discharge of the decree)၊ ဒီကရီကို ကျေအေးပြေငြိမ်းအောင်ပြုခြင်း (satisfication of the decree) နှင့်စပ်လျဉ်းသည် ပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များသည် 

ပုဒ်မ ၂(၂)အရ ဒီကရီဖြစ်ရာ

ယင်းဆုံးဖြတ်ချက်များကို

ဒီကရီပုံစံဖြင့် ရေးဆွဲရမည်လား၊ ထုံးပုံကျအမိန့် ပုံစံဖြင့် ရေးဆွဲရမည်လား။

----

ထို့ပြင် ပုဒ်မ ၁၄၄ အရ

တရားမအထွေထွေမှုတွင် ချမှတ်သော ဆုံးဖြတ်ချက်ကို

ဒီကရီပုံစံဖြင့် ရေးဆွဲရမည်လား။ ထုံးပုံကျအမိန့်ပုံစံဖြင့် ရေးဆွဲရမည်လား။

---

ပုဒ်မ - ၂(၂)အရ ဒီကရီဆိုသော စကားရပ်တွင် အကျုံးဝင်သဖြင့် ထိုဆုံးဖြတ်ချက်များကို

 ဒီကရီပုံစံဖြင့်သာ ရေးဆွဲရမည်ဆိုပါက 

ဇာရီမှုတွင်ချမှတ်သောပုဒ်မ ၄၇ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များ နှင့် မထွေမှုတွင်ချမှတ်သော ပုဒ်မ ၁၄၄ တွင် အကျုံးဝင်သည့် ဆုံးဖြတ်ချက်များ ကိုကော

မည်သည့်ဒီကရီပုံစံဖြင့်ရေးဆွဲရမည်နည်း။

----

ဒီကရီဆိုသောစကားရပ်တွင် အကျုံးဝင်သည့် အမိန့်များ ကို ဒီကရီပုံစံဖြင့်ပင် ရေးဆွဲရမည်ဟု ပြဋ္ဌာန်းချက်ရှိပါသလား။

---

ဒီကရီတွင် အကျုံးဝင်သောအမိန့်များကို ထုံးပုံကျအမိန့်ပုံစံဖြင့် ရေးဆွဲခြင်းကြောင့် 

ယင်းအမိန့်သည် ဒီကရီ အာနိသင်မရှိတော့ဘဲ အမိန့်အဖြစ်ပြောင်းလဲသွားနိုင်ပါသလား။

Tun Myo Htay

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...