Tuesday, June 16, 2015

ကမ္ဘာအရပ်ရပ်ရှိ ထူးထူးခြားခြား ဥပဒေများအကြောင်း

ကမ္ဘာအရပ်ရပ်ရှိ ထူးထူးခြားခြား ဥပဒေများအကြောင်း



ကမ္ဘာအရပ်ရပ်က တိုင်းနိုင်ငံများမှာ မတူညီတဲ့ ယဉ်ကျေးမှုပုံစံအမျိုးမျိုး ရှိကြ တဲ့အလျှောက် ထူးခြားတဲ့ ဥပဒေများကိုလည်း သတ်မှတ်ထားကြောင်း လေ့ လာမှတ်သားမိပါတယ်။

ထိုသို့ ထူးခြားတဲ့ ဥပဒေများ၊ ဓလေ့ထုံးတမ်းများကို သိထားမယ်ဆိုရင် ခရီး သွားလာရာာမှာလည်း အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ယူဆမိပါတယ်။ ထို့ကြောင့် နိုင်ငံအသီးသီးက ဒေသန္တရ ဓလေ့များ၊ ဥပဒေများကို ဗဟုသုတ အဖြစ် ဖော်ပြလိုက်ရပါတယ်။

ဖလောရင့်စ်၊ အီတလီ


အီတလီနိုင်ငံ ဖလောရင့်စ် (Florence) မြို့မှာ မုန့်ပဲသွားရည်စာနဲ့ အစားအသောက်များကို ပြည်သူ့ အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦများအနီး ယူဆောင် စားသုံးခွင့် မပြုကြပါဘူး။ တကယ်လို့ သင်ဟာ အဲဒီနေရာများမှာ အစားအသောက်များကို ယူဆောင် စားသောက်ခဲ့မယ် ဆိုရင်တော့ ရာဇဝတ်မှု မြောက်ပါတယ်။

မြို့ခံများအနေနဲ့တော့ ဒီကိစ္စက အဆန်းတကြယ် မဟုတ်လှပါဘူး။ သူတို့ရဲ့ မြို့နဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတာ၊ လေးစားသမှုပြုတာ ဖြစ်တယ်လို့ ဆိုကြပါသတဲ့။

ၾသစေၾတးလ်


သြစတြေးလျရှိ အက်ဒ်လိုက် (Adelaide) ၊ မဲလ်ဗောန်း (Melbourne) မြို့များမှာ လမ်းသွားရင်း သီချင်းဆိုမယ်ဆိုရင် ဥပဒေနဲ့ ညိစွန်းနိုင်ခြေများတဲ့အတွက် ဖြစ်နိုင်ရင် မဆိုတာက ပိုပြီး စိတ်ချ ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ညစ်ညမ်းစာသား ပါဝင်တဲ့ သီချင်းကို ဆိုမိပါက ဆင်ဆာနဲ့ ညိပြီး ဥပဒေဖောက်ဖျက်သူအဖြစ်နဲ့ အရေးယူခံရဖို့ များပါတယ်။

ခက်တာက ဘယ်လိုစာသားကို ဥပဒေနဲ့ ညိစွန်းတယ်ဆိုပြီး အတိအကျ ထုတ်ပြန်ကြေညာထားတာမျိုး မရှိတာကြောင့် သီချင်းဆိုချင်တယ်ဆိုရင်တောင် ခါးအောက်ပိုင်း ညစ်ညမ်းစာသားများ မပါဝင်တဲ့ သီချင်း မျိုးကိုပဲ ဆိုဖို့ တိုက်တွန်းကြပါတယ်။

ဗင်းဆင့်၊ အီတလီ


အီတလီမှာ ရှိတဲ့ တချို့ ဥပဒေများစွာအနက် ခိုတွေကို အစာကျွေးတာ တားမြစ်ထားတဲ့ ထူးခြားတဲ့ ဥပဒေတစ်ခုလည်း ရှိနေပြန်ပါတယ်။ သင်ဟာ လမ်းပေါ်က ခိုတွေကို အစာကျွေးနေရင် သေချာပေါက် သတိပေးခံရမှာဖြစ်ပါတယ်။ အဲဒီလို သတိပေးနေတာကိုမှ ဆက်ပြီး အစာကျွေးနေဦးမယ်ဆိုရင်တော့ ဒဏ်ရိုက်ခံရပါလိမ့်မယ်။

ထိုင်း


ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ ထူးထူးခြားခြား စည်းမျဉ်းကတော့ အတွင်းခံမဝတ်ဘဲ အိမ်ကနေ အပြင်ကို ထွက်မယ်ဆိုရင် အရေးယူခံရနိုင်ပါတယ်။

ထိုင်းရောက်ခိုက် သင့်အနေနဲ့ အတွင်းခံမပါဘဲ အိမ်အပြင်ထွက်မယ်ဆိုရင် စွန့်စားလွန်းရာ ရောက်နိုင်တာကြောင့် သတိထားဖို့ အကြံပြုပါရစေ။

ကျွန်တော်တို့အနေနဲ့တော့ အဲဒီလို အတွင်းခံ ပါ၊ မပါ ဘယ်လို စစ်ဆေးကြသလဲဆိုတာ အတိအကျ ပြောနိုင်မယ် မထင်ပါဘူး။ သို့သော် တစ်ခါတစ်ရံတော့ လွှတ်ပေးတာမျိုး ရှိပါသတဲ့။

ရုရှား


ဇာနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံဘောင်းဘီများကို ရုရှားမှာ တားမြစ်ချက်ထုတ်ထားပါသတဲ့။ လူမြင်နိုင်တဲ့ နေရာမှာ အဲဒီလို အတွင်းခံဘောင်းဘီများ လှန်းထားတာကို တွေ့ရှိပါက ဥပဒေ ချိုးဖောက်တာပဲလို့ ဆိုပါတယ်။

နောက်ထပ် ထူးခြားတဲ့ ဥပဒေတစ်ခုကတော့ ညစ်ပေနေတဲ့ ကားနဲ့ လမ်းပေါ် မောင်းနေမယ် ဆိုရင် ဖမ်းဆီး အရေးယူခွင့် ရှိတဲ့ ဥပဒေပါပဲ။ သင်ဟာ ညစ်ပေနေတဲ့ ကားနဲ့ သွားလာနေမယ်ဆိုရင် သေချာပေါက် အဖမ်းခံရပြီး ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။

အကြောင်းပြချက်ကတော့ အဲဒီလို ညစ်ပေနေမယ်ဆိုရင် အရေးအကြောင်းကိစ္စပေါ်တဲ့အခါ သင့်ရဲ့ ကားနံပါတ်ကို ရဲက အလွယ်တကူ မှတ်လို့မရမှာကို ကာကွယ်တဲ့အနေနဲ့လို့ ဆိုပါတယ်။

စင်ကာပူ


စင်ကာပူရဲ့ ဥပဒေကတော့ အားလုံးလည်း သိထားပြီး ဖြစ်မှာပါ။ မမေ့အောင် ပြန်လည် ဖော်ပြ လိုက်ပါတယ်။ ပီကေကို တင်သွင်းခြင်းပြုရင် ဥပဒေနဲ့ မညီဘူးလို့ သိရပါတယ်။

အမှန်တော့ ပြဿနာက ပီကေဝါးတာမဟုတ်ဘဲ ဝါးပြီးသား ပီကေကို စွန့်ပစ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ပီကေဝါးခြင်းကို ဥပဒေနဲ့ ထိန်းချုပ်ပြီး လမ်းများ သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း ဖြစ်ပါသတဲ့။

ဂျာမနီ


ဂျာမနီရဲ့ အော်တိုဘန်း (Autobahn) အဝေးပြေး လမ်းမပေါ် ကားမောင်းနှင်မယ်ဆိုရင် အထူး သတိပြုဖို့ အချက်တစ်ချက် ရှိပါသတဲ့။
အဲဒါကတော့ ကားဆရာအနေနဲ့ မိမိစိတ်ကြိုက် ကားကို မြန်မြန် မောင်း လိုလျှင် မောင်းနိုင်အောင် လမ်းပေါ်မှာ အရှိန်လျှော့ ဆိုင်းဘုတ်၊ အရှိန်ကန့်သတ်ချက် ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်း မရှိပါဘူး။

သို့သော် ကားမောင်းသူဟာ ကားကို ဂက်စ် သို့မဟုတ် ဓာတ်ဆီ၊ ဒီဇယ်တို့ကို ကုန်စင်တဲ့ထိအောင် မောင်းနှင်မယ်ဆိုရင်တော့ အဖမ်းခံရမှာ ကျိန်းသေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ဓာတ်ဆီ ကုန်ပြီး ရပ်နေတဲ့ကားဆီကို ချက်ချင်းဆိုသလို ရောက်လာပြီး အရေးယူလိမ့်မယ်လို့ သတိပေးထားပါသတဲ့။

ဘရာဇီး


ဘရာဇီးနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ရီယို (Rio Claro) မှာတော့ ထူးထူးခြားခြား တားမြစ်ချက်အနေနဲ့ ဖရဲသီး မရောင်းရလို့ ထုတ်ပြန်ထားတဲ့ ဥပဒေ ရှိပါတယ်။ အဲဒီအကြောင်းရင်းကတော့ ကျန်းမာရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုနဲ့ ဆက်စပ်နေပါတယ်။

ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ၁၈၉၄ ခုနှစ်တုန်းက ဖရဲသီးဟာ အူရောင်ငန်းဖျားရောဂါ နဲ့ အသားဝါရောဂါကို ဖြစ်ပွားစေတယ်လို့ ယုံကြည်တာကြောင့် ဥပဒေ ထုတ်ပြန် တားမြစ်ထားရခြင်းဖြစ်တယ်လို့ မှတ်သား ရပါတယ်။ တစ်ခါတစ် ရံတော့ လွှတ်ပေးတာမျိုး ရှိပါတယ်။

အမေရိကန်


အမေရိကန်ပြည် အိုကလာဟိုးမား (Oklahoma) မှာတော့ ပြည်သူ့ အကျိုးပြု ခွေး (Service Dog) ရှေ့မှာ လျှာထုတ်ပြတာ၊ ရုပ်ဆိုးဆိုး မျက်နှာ အမူအယာ လုပ်ပြတာမျိုးဆိုရင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

သင့်အနေနဲ့ အဲဒီ (Service Dog) ကို ပြောင်ပြတာမျိုး လုပ်ရင်လည်း တိရစ္ဆာန် ညှင်းပန်းမှု၊ တိရစ္ဆာန်ကို စိတ်မသက်မသာဖြစ်စေမှုနဲ့ အရေးယူ ခံရပါလိမ့်မယ်။

သူတို့ဆီမှာ မသန်စွမ်းသူများကို အကူအညီပြုဖို့အတွက် လေ့ကျင့်ပေးထား တဲ့ ခွေးကို (Service Dog) လို့ သတ်မှတ်ကြောင်း သိရပါတယ်။

ကန်တက်ချီ (Kentucky) မှာလည်း နောက်ထပ် ထူးခြားတဲ့ ဥပဒေတစ်ခု ရှိပါတယ်။ အဲဒါက ဘောင်းဘီ အနောက်အိတ်ကပ်ထဲ ရေခဲမုန့်ထည့်ပြီး သွားလာနေရင် အဖမ်းခံရနိုင်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် အရင်က အဲဒီပြည်နယ်ရှိ မြင်းသူခိုးတွေဟာ သူတို့ဘောင်းဘီ အနောက် အိတ်ကပ်ထဲ ရေခဲမုန့် ထည့်ပြီး မြင်းရှေ့ ကနေ ဖြတ်သွားပြရင် မြင်းက ရေခဲမုန့် စားဖို့ သူတို့နောက် လိုက်လာပါ သတဲ့။

အဲဒီအခါ လူရှင်းတဲ့နေရာရောက်ရင် အလွယ်တကူ ခိုးယူသွားခဲ့ကြဖူး လို့ ဘောင်းဘီ အနောက် အိတ်ကပ်ထဲ ရေခဲမုန့်ထည့်ရင် ဥပဒေနဲ့ မညီဘူး လို့ ဆိုရခြင်းဖြစ်ကြောင်း မှတ်သားမိပါတယ်။

ဘဝအမောများ ပြေပျောက်၍ ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ .... ။ ။

မြန်မာ့ဇွဲမာန်









သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...