Tuesday, June 16, 2015

တရားရှုံးကဖွင့်သည့်ဇာရီ


တရားရှုံးကဖွင့်သည့်ဇာရီ 



ဇာရီကို တရားနိုင်က ပဲ လုပ်ရမယ်လို့ တရားသေမှတ်မထားသင့်ပါ။ ကျနော်ဖတ်ဖူး သည့် တရားရှုံးကဖွင့်သည့် ဇာရီကိုတင်ပြလိုပါသည်။
----

ပစ္စည်းခွဲဝေပေးစေလိုမှုမှာ တရားနိုင်တင်မဟုတ်ပါဘူး တရားရှုံးကလည်း ဇာရီဖွင့်လို့ရပါတယ်။ (အေအိုင်အာ ၁၉၂၃ ဘုံဘိုင် ၂၃ )
(ဦးမြ ၊ တရားမကျင့်ထုံးဥပဒေ ၊တတိယတွဲ၊ စာ -၁၁)
အမိန့် - ၂၀၊ နည်း - ၁၈ မှာ ပစ္စည်းခွဲဝေပေးသည့်စီရင်ချက်မှာ တရားလို၊ တရားပြိုင်တွေရဲ့ ဝေစုကို ကြေညာရမယ်လို့ရေးထားတယ်။ ဒီလိုဆိုရင် တရားပြိုင်တွေက သူ့ဝေစုတွေကို ရုံးခွန်ထမ်းဆောင်ရင်ပေးရမှာပေါ့။ partition မှာ တရားပြိုင်ကလဲ ဒီကရီကို အတည်ပြုခွင့်ရှိတယ်။ အဲဒါကိုမှတ်စေချင်တာ။

ဆရာတို့က တရားလိုသာ အတည်ပြုခွင့်ရှိတယ်လို့ထင်နေတာ။ တရားပြိုင်က ခေါင်းကပ်တာနဲ့မင်းလဲဘယ်လောက်ရခွင့်ရှိတယ်ဆိုပြီး ကြေညာပေးရမယ်။ ဒီကရီကို supplementary decree ဆွဲရမယ်။
အဲဒီ ဒီကရီဟာ တရားလိုသည် ဘယ်လောက်ရခွင့်ရှိတယ်။ တရားပြိုင်သည် ခေါင်းဆောင်တဲ့အတွက် ဘယ်လောက်ရသင့်တယ်ဆိုပြီး ကြေညာပေးတာပဲလုပ်ရမှာဖြစ်တယ်။
(ဦးမြ ၊ တရ၀ အရည်အသွေးမြင့်သင်တန်းပို့ချချက် ၊ စာ - ၁၇၀)
--

တရားရှုံးက ဖွင့်သည့်ဇာရီကို ၁၉၁၀-၁၃ အထက်မြန်မာပြည်စီရင်ထုံး ၊ စာ-၆၆ မှာ ထုံးဖွဲ ထားပါတယ် ။ တရားနိုင်ကို ငါးထောင်ပေးရမည့်ကိစ္စမှာ တစ်သောင်းပေးမိသွားရင် ဇာရီမှုဖွင့်ပြီး ပိုသွားတဲ့ ငါးထောင်ကို ပြန်တောင်းရပါ့မယ်။ တရားနိုင်သာလျှင် ဇာရီမှုဖွင့်နိုင်တာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။
(ဦးမြ ၊ တရ၀ အရည်အသွေးမြင့်သင်တန်းပို့ချချက် ၊ စာ - ၁၇၆)
----

ဦးအောင်ကိုက ဆရာ့ကို တရားစွဲတာ ငွေ ငါးထောင် ဒီကရီိကျတယ်။ ဆရာကပေးရမယ်။ ဦးသက်ထွန်း နှင့်တွေ့ပြီး ဆရာ့ ဒုက္ခမပေးပါနဲ့ကွာ ရော့ ငါးထောင်ဆိုပြီး ပေးတယ်။ ဘာပြေစာမှလည်းမပေးဘူး။ ဆရာ့ကို သူက ဇာရီဖွင့်ပြီး တောင်းတယ်။ ဆရာကလည်း ဦးသက်ထွန်းပေးတာကိုမသိဘူး။ နောက်မှ ဆရာက ငါးထောင်ပေးတဲ့အကြောင်းသိရတယ်။ အဲဒီပိုက်ဆံငါးထောင်ကို ဘယ်လိုလုပ်ရအောင် တောင်းမလဲဆိုတာ ဒီနေ့ပြောချင်တာ။

ဆရာသူ့ကို ပေးတုန်း ဒီကရီကျငွေအနေနဲ့ပေးလိုက်တာဖြစ်တယ်။ ဒါ့ကြောင့် တရားမကြီးမှုဖွင့်ပြီးတောင်းလို့မရဘူး။ တရားမကျင့်ထုံးပုဒ်မ ၄၇ ကပိတ်ပင် ပါလိမ့်မယ်။ ဒီကရီအတည်ပြုတဲ့ကိစ္စဇာရီမှာ စဉ်းစားရမှာဖြစ်တယ်လို့ပြောထားတယ်။ တရားမကြီးမှု မဖွင့်ရဘူးလို့ပြောပါတယ်။ အသေးမှုဖွင့်ရင်လည်း ပုဒ်မ ၄၇ က ပိတ်မှာ ပဲ။
ဦးအောင်ကိုရဲ့ ဇာရီမှုက ၅၀၀၀ ရပြီဆိုတော့ ဇာရီမှုက ပိတ်ပြီးပြီ။ ဆရာတို့သိထား တာက ဇာရီမှုမှာ လျှောက်တဲ့သူဟာ တရားလိုလို့ပဲသိထားတာ။

ဒီအမှုမှာ တရားရှုံးက လျှောက်သူဖြစ်သွားမယ်။ လျှောက်ထားခံရသူက တရားနိုင် ဖြစ်သွားမယ်။ ဒီကိစ္စမျိုးကို အထက်မြန်မာပြည်စီရင်ထုံး တစ်ခုမှာ အသေအချာရေးထားပါတယ်။
(၁၉၁၀-၁၃ အထက်မြန်မာပြည်စီရင်ထုံး ၊ စာ-၆၆ ကို ဆရာက ဆိုလိုခြင်းဖြစ်ပါသည်။)
(ဦးမြ ၊ တရ၀ အရည်အသွေးမြင့်သင်တန်းပို့ချချက် ၊ စာ - ၁၇၀)
------

ဒီကရီအတည်ပြုရာတွင် ဒီကရီတွင်မပါရှိသည့် မြေ နှင့် အဆောက်အဦးများကိုပါ တရားနိုင်က ပိုမိုရရှိသွားရာ ယင်းပိုမိုရရှိသွားသော မြေ နှင့် အဆောက်အဦးများကို ပြန်ရရန် တရားရှုံးများက သီးခြားတရားတစ်ထုံး စွဲဆိုခွင့်မရှိဘဲ ဇာရီမှုတွင်သာ လျှောက်ထားရသည်။
ကိုဇော်ဝင်းပါ ၂ နှင့် ကိုနောင်ဝင့်နောင်ပါ ၃ (၂၀၁၀၊ မတစ၊ ၃၇)
အထက်ပါ အမှုမျိုးတွင် တရားနိုင်က ဇာရီမှုကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါက တရားရှုံးသည် တရားနိုင်အပေါ် ဇာရီမှုဖွင့်လှစ်ရန်ဖြစ်ပါသည်။

လေးစားစွာဖြင့်။


TUN MYO HTAY



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...