Thursday, June 25, 2015

လက်​​ရေးလက်​သား သက်​​သေခံ



လက်​​ရေးလက်​သား သက်​​သေခံ


တရားသူကြီးများ ပြန် အမှတ်ရစေလို၍
--------------------------------------------
- သက်သေခံအက်ဥပဒေ ပုဒ်မ ၆၀ ပါပြဌာန်းချက်အရ လက်ရေးပါရဂူ၏ ထင်မြင်ချက်ရေးထားသော စာသည် အလိုအလျှောက် သက်သေခံမဝင် ၊
လက်ရေးပါရဂူသည် တရားရုံးတွင် သက်သေခံမှသာလျှင် ထင်မြင်ချက်သည် သက်သေခံဝင်သည်၊

- မိမိလက်အောက်ရှိ မိမိ၏လက်ရေးကိုသိသောအခြားဝန်ထမ်းတစ်ဦးဦးကို စေလွှတ်သက်သေခံစေသည်ဆိုပါက သက်သေခံဥပဒေ ပုဒ်မ. ၆၀အရ သက်သေခံဝင်မည်မဟုတ်၍ တရားရုံးများက ထိုသို့စေလွှတ်သူကို စစ်ဆေးရန်မဟုတ်။

-လက်ရှိမြန်မာဘာသာ နှင့် ထုတ်ဝေသော တရားရုံးများလက်စွဲ အပိုဒ် ၅၈ အရ
“ အင်းစိန်မြို့မှုခင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ လောကဓာတ်ဌာနခွဲ ပြည်သူ့ရဲကြီးကြပ်ရေးမှူးသည် လက်ရေးလက်မှတ် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ စာတမ်းအမှတ်အသားများ မှန်မမှန်အငြင်းပွားမှုရှိသည့်. တရားမမှု အရပ်ရပ်တွင် ကျွမ်းကျင်မှုဆိုင်ရာ သက်သေခံချက်ပေးရန် ၄င်း၏ဆောင်ရွက်မှုကို ရရှိနိုင်သည့်။
ပြည်သူ့ရဲ ကြီးကြပ်ရေးမှူးသည် ယခုအခါ ရဲမှူးဟုခေါ်သည်။

- တရားရုံးများသည် တရားရုံးလက်စွဲကို လိုက်နာရသည်ဖြစ်ရာ တရားမမှုများတွင် အငြင်းပွားသောစာချုပ်စာတမ်းပါ လက်ရေးလက်သားကို စစ်ဆေးသက်သေခံသူသည် ရဲမှူးအဆင့်ထက်မနိမ့်သူ ရဲအရာရှိ ဖြစ်သည်ကို သတိချပ်သင့်သည်။

- လက်ရေးလက်သားကို နှိုင်းယှဉ်စစ်ဆေးသော ကျွမ်းကျင်သူသည် အတွေ့အကြုံရင့်ကျက်သူဖြစ်ရန်လိုသဖြင့် တရားရုံးများလက်စွဲ အပိုဒ် ၅၈ ၌ ရဲမှူးထက်အဆင့်မနိမ့်သူကို သတ်မှတ်ထားခြင်းဖြစ်သည်။

-၄င်းတို့ကိုယ်စား အခြားသူက သက်သေခံလျင် သက်သေခံဥပဒေ ပုဒ်မ. ၆၀ အရတစ်ဆင့်ကြားစကားဖြစ်၍ သက်သေခံမဝင်မည်မဟုတ်၊ တရားရုံးက ထိုသူအား မစစ်​​ဆေးဘဲ ဆိုင်ရာပါရဂူကို စစ်ဆေးရန်ဖြစ်သည်၊

-ထင်မြင်ချက်ကို ဖော်ပြထားသော စာရွက်စာတမ်း အသီးသီးကို သက်သေ အဖြစ် လက်ခံရန်အကြောင်းမရှိ

-၁၉၅၄ မ တ စ (တရားလွှတ်တော်) ၃၅၆
-၁၉၆၃ မ တ စ ၆၇၂
-၁၉၆၅ မ တ စ ၉၂
-၁၉၆၆ မ တ စ ၉၀၉. နှင့်
-၁၉၆၈ မ တ စ(အထူးရာဇဝတ်ရုံးအယူခံမှု) ၁၉ တို့သည် လက်ရေးလက်သား လက်ဗွေ အစရှိသည်တို့ကိုတိုက်ဆိုင်စစ်ဆေးမှုပြုသော ဆိုင်ရာပါရဂူကိုယ်တိုင် သက်သေခံသည့် သာဓကများဖြစ်သည်။

ဒေါ်ခင်​နုသာ





သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...