Sunday, June 28, 2015

မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက် တင်ပြရန် လိုအပ်ချက်များ 


မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက် တင်ပြရန် လိုအပ်ချက်များ 


1. လွှဲပြောင်းနိုင်သော မြေအမျိုးအစား ဖြစ်ရမည် ၊

2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည် ၊

3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင် ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊

4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်း လိုင်စင် ၊ company မှတ်ပုံတင်လတ်မှတ် ၊ သင်းဖွဲ.မှတ်တန်းနှင့် သင်းဖွဲ.စည်းမျဉ်း ၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုင်အိမ်အတွက် လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေးဆုံးဖြတ်ချက် ၊

5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို. ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊

6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတို.ကို မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ )

7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း၊

8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံ ( မြေပုံ၊ မြေရာဇဝင်)၊

9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိအမှန်တကယ်ပိုင်းကြောင်း ၊ လွှဲပြောင်းရောင်းချ ပေါင်းနှံထားခြင်း မရှိကြောင်း တရားသူကြီးထံ ကျမ်းကျိန်လွှာ၊

10. တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုစာရင်း၊ မိတ္တူသုံးစုံ မှတ်ပုံတင် ) ( company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ ၊

11. အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C ။
ထိုကဲ့သို. ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင် ဘဏ်ရှေ.နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို. ပါရှိရမည်။


အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ် လုပ်ရန်ကြိုတင်ပြုလုပ်ထားရသော စာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account ) ထုတ်ယူနိုင်ပါသည်။

ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍ လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။

ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ ရှိနိုင်မည်ဖြစ်ပါသည်။




Credit : Shwe Property

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...