Tuesday, June 16, 2015

လက်ရေးထင်မြင်ချက်ပြန်စာကို သက်သေခံ တင်သွင်းသည့် ကိစ္စနှင့်ပတ်သက်၍။


လက်ရေးထင်မြင်ချက်ပြန်စာကို သက်သေခံ တင်သွင်းသည့် ကိစ္စနှင့်ပတ်သက်၍။


သာမန်အားဖြင့် လူတစ်ဦး၏ထင်မြင်ချက်သည် တရားရုံး၌ သက်သေခံမ၀င်။
သိုရာတွင် တရားရုံး ၌ အမှန်တရားကို ဖော်ထုတ်ရာတွင် အချို့သော ကိစ္စများတွင် အထူးကျွမ်းကျင်သူ၏ထင်မြင်ချက်များကို ရယူရန် လိုသဖြင့် သက်သေခံဥပဒေပုဒ်မ - ၄၅ မှ ၅၁ တွင် ထင်မြင်ချက်များစပ်ဆိုင်မှုနှင့် ပတ်သက်၍ ပြဌာန်းထားခဲ့ သည်။
သက်သေခံဥပဒေပုဒ်မ - ၄၅ အရ ပါရဂူ၏ထင်မြင်ချက်သည် အမှုတွင် စပ်ဆိုင်သည်။
ထို့ပြင် ပုဒ်မ-၄၆ အရ ပါရဂူ၏ထင်မြင်ချက်ကို ထောက်ခံသော ၊ ဆန့်ကျင်သော အကြောင်းအရာများ သည်လည်း အမှုတွင်စပ်ဆိုင် သည်။
ပုဒ်မ - ၅၁ အရ ထင်မြင်ချက် အခြေတည်ရာ အကြောင်းပြချက်များသည်လည်း အမှုတွင်စပ်ဆိုင်သည်။
----

လက်ရေးပါရဂူ၏ထင်မြင်ချက်တန်ဖိုး။

xxxxxxxxxxxxxxxxxxxxxxxxxxx
ဦးစံကျော် နှင့် မောင်မောင်ကြွယ် (၁၉၆၅၊ မတစ၊ ရုံးချုပ် - ၉၂) တွင် လက်ရေးပါရဂူ၏ ထင်မြင်ချက်သည် မုချမှန်ကန်သော သက်သေခံချက် မဟုတ်ကြောင်း (inconclusive mood of proof) နှင့် လက်ရေးပါရဂူသည် တူညီသည့်အချက်များကိုသာ စိစစ်ရန်မဟုတ် မတူညီသည့်အချက်များကိုလည်း စိစစ်သင့်ကြောင်းထုံးဖွဲ့သည်။
တင်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၅၄၊မတစ၊လွှတ်တော်၊စာ-၃၅၈) တွင်လည်း လက်ရေးပါရဂူ၏ ထင်မြင်ချက်ကို အရေးကြီးသော ထောက်ခံချက်အဖြစ်သာ အသုံးပြုနိုင်ကြောင်းပြဆိုပြီး
ဘားလ်ဘဟာဒူး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၈၊မတစ၊အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့၊ စာ-၁၉)တွင် အခြားလွတ်လပ်သော သက်သေခံအထောက်အထားမရှိလျှင် ထိုထင်မြင်ချက်တစ်ချက်တည်းကို မဏ္ဍိုင်ပြု၍ အမှုကိုဆုံးဖြတ်နိုင်ရန် ခဲယဉ်းပေသည်။ ထင်မြင်ချက်သည်လွဲမှားနိုင်သည်ဟု ဆိုသည်။
---

လက်ရေးထင်မြင်ချက်ပေးနိုင်သည့် ပါရဂူ၏အဆင့်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လက်ရေးပါရဂူသည် တရားရုံးများလက်စွဲအပိုဒ် - ၅၈ အရ ရဲမှူးအဆင့်ထက် မနိမ့်သူ ဖြစ်ရမည်။
( ဦးမြ ၊ ဥပဒေပြသနာအဖြာဖြာ၊ စာ-၁၈၈ မှ ၁၉၂)
---

တစ်ဆင့်ကြားသက်သေခံချက်သည် သက်သေခံမ၀င်ခြင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သက်သေခံဥပဒေပုဒ်မ - ၆၀ ပါ ပြဌာန်းချက်များအရ လက်ရေးပါရဂူသည် တရားရုံးတွင် သက်သေခံ မှသာလျှင် ၄င်း၏ထင်မြင်ချက်သည် သက်သေခံဝင်သည်။ ၄င်း၏ထင်မြင်ချက်ရေးထားသော စာသည် အလို အလျောက် သက်သေခံမ၀င်။
မိမိလက်အောက်ရှိ မိမိ၏လက်ရေးကို သိသော အခြားဝန်ထမ်း တစ်ဦးဦးကို စေလွှတ်သက်သေခံစေသည်ဆိုပါက သက်သေခံဥပဒေပုဒ်မ - ၆၀ အရ သက်သေခံဝင်မည်မဟုတ်၍ တရားရုံးများက ထိုသို့စေလွှတ်သူကို စစ်ဆေးရန်မဟုတ်။
၎င်းတို့ကိုယ်စားအခြားသူက သက်သေခံလျှင် သက်သေခံဥပဒေပုဒ်မ ၆၀အရ တစ်ဆင့်ကြားစကား ဖြစ်၍သက်သေခံဝင်မည်မဟုတ်၍ တရားရုံးက ထိုသူတို့အား မစစ်ဆေးဘဲ ဆိုင်ရာပါရဂူကို စစ်ဆေးရန် ဖြစ်ပေလိ့မ်မည်။
ထင်မြင်ချက်ကို ဖော်ပြသော စာရွက်စာတမ်းအသီးသီးကို သက်သေခံအဖြစ် လက်ခံရန် အကြောင်းမရှိ။
( ဦးမြ ၊ ဥပဒေပြသနာအဖြာဖြာ၊ စာ-၁၈၈ မှ ၁၉၂)
----

လက်ရေးပါရဂူကိုယ်တိုင် သက်သေခံသည့်သာဓကများ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တင်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၅၄ ၊ မတစ၊ လွှတ်တော် ၊ စာ ၃၅၈(၃၆၃))၊
ကိုကြည်ရှိန် နှင့် ကိုစိုးစံ( ၁၉၆၃၊ မတစ၊ စာ-၆၇၂) ၊
ဦးစံကျော် နှင့် မောင်မောင်ကြွယ် (၁၉၆၅၊ မတစ၊ ရုံးချုပ် - ၉၂ (၉၃)၊
ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ကေစီကိုတက် (၁၉၆၆၊မတစ၊စာ-၉၀၉(၉၁၃)၊
ဘားလ်ဘဟာဒူး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၈၊မတစ၊အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့၊ စာ-၁၉)
( ဦးမြ ၊ ဥပဒေပြသနာအဖြာဖြာ၊ စာ-၁၈၈ မှ ၁၉၂)
---

လက်ရေးပါရဂူ၏ ထင်မြင်ချက်ပြန်စာသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၅၁၀ ပါ ဓာတုဗေဒ၀န်၏အစီရင်ခံစာမဟုတ်ပါ။
သို့ဖြစ်ရာ ပြစ်မှုဆိုင်ရာ အမှုများတွင် လက်ရေးထင်မြင်ချက်ပြန်စာကို ရဲ အမှုစစ်များဖြင့် သက်သေခံ တင်သွင်းခြင်းသည်လည်းကောင်း၊
တရားမမှုများတွင် လက်ရေးထင်မြင်ချက်ပြန်စာကို သက်ဆိုင်ရာ ပါရဂူ ခေါ်ယူခြင်းမရှိဘဲ အမှုသည်တစ်ဦး ဦးနှင့်လည်းကောင်း၊ သက်သေတစ်ဦးဦးနှင့်လည်းကောင်း သက်သေခံ တင်သွင်းခြင်းလည်းကောင်း၊
ထိုထင်မြင်ချက်ကို အမှုတွင် ထည့်သွင်းသုံးသပ်ခြင်းသည်လည်းကောင်း
ဥပဒေပြဌာန်းချက် နှင့် ညီညွတ်ပါမည်လား။

လေးစားစွာဖြင့် ။

TUN MYO HTAY




ဆွေး ​နွေး ချက်

ကိုကို လေး
ဆရာဘယ်လိုလုပ်ပါသလဲ

Moht Moht Thaw
တရားမတော့မပြောတတ်ပေမယ့်ပြစ်မှု့တွေမှာတော့အမှု့စစ်ရဲအရာရှိတွေနဲ့ထင်မြင်ချက်တွေကိုသက်သေခံတင်သွင်းနေတာတွေ့ရပါတယ်ဆရာ။ရုံးတွေကလည်းလက်ခံနေကြပါတယ်။

Tun Myo Htay
ဆရာကိုကိုလေးခင်မျာ။ ထင်မြင်ချက်ပေးသည့် ပါရဂူ ခေါ်စစ်ရုံပေါ့ဆရာ။ ဒါမှ တစ်ဖက်ကလည်း ပြန်လှန်မေးခွန်းထုတ်နိုင်တော့မှာပေါ့။

Tun Myo Htay
ဆရာမ Moht Moht Thaw ခင်မျာ။ ဒီကိစ္စကို တင်ပြချင်တာကြာပါပြီ။ ကျမ်းကိုးမရလို့ ထင်ရာမြင်ရာတင်ပြတာဖြစ်မှာစိုးလို့မတင်ခဲ့တာပါ။ အခုတော့ ကျမ်းကိုးစရာရတော့မှတင်ဖြစ်တာပါ။

ထက် ကိုကို
မြန်မာနိုင်ငံမှာ ပါရဂူ အရေအတွက် များစွာ လိုအပ်ပြီး အလွယ်တကူ သက်သေခံလာနိုင် ဘို့  ဌာနခွဲတွေလုံ လောက်စွာ ဖွင့်ရပါမည်။

ကိုကို လေး
ဆရာရဲ့အမှုတွေမှာCIDကသက်သေလာခံပါသလားခင်ဗျာ။မလာရင်ဘယ်လိုဆောင်ရွက်မလဲခင်ဗျ

Tun Myo Htay
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ သမ္မာန်စာ နှင့် ၀ါရမ်းပြဌာန်းချက်များက အကူအညီပေးပါလိမ့်မည်ဆရာ။

Kyi Soe
ဆရာထွန်းကိုတစ်ခါတည်းစုံညီကို
ပို့ လိုက်ပြီ


Honey Wai HoneyWai
သက်သေခံ ပုဒ်မ-၈၀ ကို အသုံးချကြတာများပါတယ်ဆရာဌေး

ဥပဒေနှင့်မကိုက်ညီသောကြောင့် စစ်ဆေးသူကိုခေါ်ပေးဖို့ပြော
လျင် အမှုရှည်အောင်လုပ်သူဟု ပြစ်တင်တတ်ကြပါသည်
အချို့တရဝ များကလည်း လက်ရေးတူ. မတူ ရုံးမှ သုံးသပ်
နိုင်သည်ဟု. အကြောင်းပြပြီးဆုံးဖြတ်နေကြပါသည်

သည်နေရာတွင်ပြောချင်တာက. မည်သူနှင့်သက်သေခံ
သွင်းခြင်း. မသွင်းခြင်း မဟုတ်ပါ

အမှုမ်ြန်ဆန်ရေးသည်. ဥပဒေပါအခွင့်အရေးကို ဆုံး
ရှုံးစေတတ်သည်ကို. သတိမူစေချင်တာပါ

Honey Wai HoneyWai
လက်ရေးပါရဂူခေါ်ဖူးပါသည်
လာပါသည်. အချိန်တော့. စောင့်ရပါသည်

Tun Myo Htay
ကျနော် အနေ နှင့်ပြောရင်တော့ တင်မယ့်ဘက်ကသတိထားရမှာပါ။ တင်မည့်ဘက်က တင်ချင်တဲ့လူ နှင့် တင်တာ သူ့ ဒုက္ခသူရှာတာပါ။ ဆန့်ကျင်ဘက်က အခြားသူနှင့် တင်သွားတာကို ကန့်ကွက်ထားပြီး မှိန်းနေသင့်တယ်ထင်တယ်။ လျှောက်လဲချက် မှ အမှုမှာ ထည့်သွင်းသုံးသပ်လို့မရပါဘူးလို့ နင်းရင်ရောဆရာမ။

U Win Tin
လက်ရေးထင်မြင်ချက်-နှစ်လုံးဂဏန်းနှင့်ငွေတန်ဘိုးပါ ဘောက်ချာစာရွက်နှစ်ရွက်မှာ တရားခံ၏လက်ရေးတူညီကြောင်း ပြန်ကြားစာရဲအမှု့စစ်ကသက်သေ ခံတင်သွင်းပြီးနောက် စွဲချက်လျှောက် လဲချက်အဆင့်တွင် တရားလို ရှာဖွေ ပုံစံဖြင့်သိမ်းဆည်းထားခြင်းမဟုတ် ကြောင်းတွေ့ရှိ။ တရားလိုကိုပြန်ခေါ် မေးရာ အငြင်းမပွားပါ။F/O ပြီးရင် တင်ပေးပါမည်။ အကြံဥာဏ်မျှော် လင့်လျက်။

Daw Aye Thandar
ကျနော့် အမှုမှာတော့ တရားလို/ပြိုင် ၂ဖက်လုံးက ငြင်းခုံတောင်းဆိုကြလို့
လက်ရေးပါရဂူရဲ့ပြန်ကြားစာအတွက်
CID နပတ မှုခင်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကိုယ်တိုင် လာရောက်ထွက်ဆိုချက် ပေးပါတယ် ။

Daw Aye Thandar
ဆရာထွန်း ပြောသလိုပဲ
ထင်မြင်ချက်ပေးသည့် ပါရဂူ ခေါ်စစ်မှ တစ်ဖက်ကလည်း ပြန်လှန်မေးခွန်းထုတ်နိုင်မှာ ဖြစ်မှာတယ်။

Honey Wai HoneyWai
လက်ရေးပါရဂူကို
တရားမမှုတွင်ခေါ်ဖူးပါသည်
လာပါသည်
အံဖွယ်က. စာချုပ်တွင်ရေးထားသော လက်မှတ်သည်. လွန်ခဲ့သည့်
တစ်နှစ်ခန့်ကဖြစ်ပြီး
မှတ်ပုံတင်မှာ လွန်ခဲ့သည့်
နှစ်ပေါင်း. ၄၀ ခန့်က ဖြစ်ပါသည်
လက်ရှိ လက်မှတ်ယူသည့်
အချိန်တွင်. အမှုသည်မှာ
အသက်၈၀ ခန့်ရှိပါသည်

မှတ်ပုံတင်လက်မှတ်နှင့်
ယခုလက်မှတ်တူပြီး
စာချုပ်ပေါ်လက်မှတ်
မတူကြောင်းထွက်ဆိုပါသည်
သဘာဝ မကျလွန်းပါ
မျက်မြင်အရပင်ခွဲခြားနိုင်
သည့် အနေထားကို
ပါရဂူနှင့်ကျမှ ဒုက္ခရောက်ပါသည်
စစ်ဆေးပုံကို. ပိုက်စိပ်တိုက်မေး
သော်လည်း ထုံးနည်းတကျ
ဟုသာဖြေပါသည်

ပြန်လှန်မေးထားတာ
အလွန်ကောင်းပါသည်
စာရှည်နေမည်စိုး၍
မတင်နိုင်ပါ

ဦးကိုနီ. စာတအုပ်ရေးထားပါသည်
စိတ်ဝင်စားစရာပါ

Thae Maung
လက်ဗွေရှင်ဘယ်သူလဲ
တရားခွင်တိုက်ပွဲ

Love Bello
ကျေးဇူးတင်ပါတယ်ဆရာ

ထက် ကိုကို
အပြီးသတ် သက်သေခံချက် မဟုတ်တဲ့အတွက် ထင်မြင်ချက် တစ်ခု တည်းဖြင့် အပြစ်ပေးမရပါဘူး။
ဇောင်းပေးလွန်း ရာ ရောက်နိုင်ပါသည်

Tun Myo Htay
ထို့ကြောင့် ဤပိုစ်ဖြစ်ပေါ်လာရပါသည်

U Win Tin
ရှာဖွေပုံစံဖြင့် သိမ်းဆည်းမထားသော ဘောက်ချာနှစ်ရွက် ကို တိုင်စာ FIR တွင်ဖော်ပြ။တရားခံဖမ်းချုပ် လက်ရေးနမူနာယူ CID မှ တရားခံ လက်ရေးတူကြောင်းပြန်ကြားခြင်း။ ရှေ့နေက သက်သေခံတင်သွင်းမှ တွေ့ရှိ။ တရားခံ လွတ်မြောက်ပါစေ။ တာဝန်ရှိသူတွေ အန္တရာယ်ကင်းပါစေ

Honey Wai HoneyWai
သက်သေခံပုဒ်မ-၄၇. ----- လက်ရေးနှင့်ပါတ်သက်သော
ထင်မြင်ချက်သည် မည် သည့်အခါ စပ်ဆိုင်ကြောင်းကို. ပြ ဆို
ထားပါသည်။
၄၇- သည် ၄င်း၏လက်ရေးကိုသိကျွမ်းသူ ( person acquainted). ၏ထင်မြင်ချက်သည် သက်သေခံ
ဝင်ကြောင်းပြဌါန်းထားထားသည်။
ပုဒ်မ-၄၅. မှာ ပါရဂူ၏ထင်မြင်ချက်သာ သက်သေခံဝင်
ကြောင့် ပြဌါန်းထားပြီး. ပုဒ်မ-၄၇. မှာ ပါရဂူမဟုတ်
သော်လည်း လက်ရေးသိကျွမ်းသူ၏သက်သေခံ
ချက်သည် သက်သေခံဝင်ကြောင်းပြဌါန်းထားသည်။
===================

သိကျွမ်းသူဆိုရာ. ------
(၁) ထိုသူရေးသားသည်ကိုမြင်တွေ့သူ
(၂) ထိုသူထံ့သို့လိပ်စာတပ်၍ရေးသားသဖြင့်
ထိုသူထံမှ ပြန်စာများ ရရှိသူ
(၃) အလုပ်လုပ်ကိုင်ရာတွင် ထိုသူရေးသားသော
စာ များကို ၄င်းထံ တင်ပြလေ့ရှိသဖြင့် သိမြင်ရသူ
ထိုသူတို့၏ထင်မြင်ချက်များမှာ သက်သေခံဝင်သည်

===================

သက်သေခံဥပဒေတခုလုံးကိုခြုံ၍လေ့လာ လျင် လူတစ်ဦး
တစ်ယောက်၏လက်ရေး. ဟုတ်. မဟုတ်ကို အောက်ပါသက်
သေခံချက်များဖြင့်. သိရှိနိုင်သည်
(၁) ရေးသားသူကိုယ်တိုင်. သက်သေခံချက်
(၂)ရေးသားသည်ကို မြင်သူ၏ သက်သခေံချက်
(၃)ရေးသားသူထံ စာများပေးရာ ၄င်းထံမှ ပြန်စာများရရှိုသူ
၏သက်သေခံချက်
(၄)ရေးသားသူ၏စာများကိုတင်ပြလေ့ရှိသဖြင့်ထိုစာများကို
မြင်ရသူ၏ သက်သေခံချက်
(၅) လက်ရေးပါရဂူ၏ထင်မြင်ချက်
(၆) ======= တရားရုံးကိုယ်တိုင်က အင်ြင်းပွါးသည့်
လက်ရေးကို အစစ်အမှန်လက်ရေးဖြင့် နှိုင်းယှဉ်ကြည့်
ရှု့ခြင်း. ((. တရားရုံးများက ထည့်သွင်းဆုံးဖြတ်လေ့
ရှိပါသည်. ))
(၇) ပုဒ်မ-၇၃. အရ. တရားရုံးရှေ့တွင် လက်ရေးကိုရေးသား
စေ၍ အငြင်းပွါးသည့် လက်ရေးဖြင့် တရားရုံးကိုယ်တိုင်
ကနှိုင်းယှဉ်ကြည့်ရှု့ခြင်း။. လက်ရေးပါရဂူ၏ထင်မြင်ချက် ကို
ရယူခြင်း

မှတ်ရန်=====. လက်ရေးဆိုရာတွင်. လက်မှတ်ပါ ပါသည်

=====================

ဦးဘိုးသာ ၏. သက်သေခံဥပဒေအဖွင့်ကျမ်း
တွင်ဖေါ်ပြထားချက်များဖြစ်ပါသည်

Pwint Yati
ဆရာကိုထွန်းမျိုးဌေး   သမီးတို့ဆီမှာ မုဒိမ်းမှုတွေမှာတော့ cidပြန်စာကိုအမှုစစ်နဲ့ဘဲသွင်းတာဆိုရင်ရော

ကိုကို လေး
သက်သေခံဥပဒေပုဒ်မ၃၂(၂)ကိုဆရာTun Myo Htayမည်သို့နားလည်ပါသလဲ

ထက် ကိုကို
မှုခင်းများစစ်ဆေးကြရာမှာ မှန်ခြင်း နဲ့ မြန်ခြင်းကို ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ရ ပါမယ်။
တစ်ခုခုကို အသားပေးလွန်းတာနဲ့ မျှတခြင်းကို တစ်နည်းနည်းနဲ့  ထိခိုက်လာနိုင်ပါသည်။ဥပဒေ ဘောင်အတွင်းက မှုခင်း သဘာဝအလိုက် ကျင့်သုံးခြင်းက မှန်ကန်တဲ့ ကျင့်သုံးခြင်း ဖြစ်ပါသည်

ကိုကို လေး
သက်သေခံဥပဒေပုဒ်မ၄၇သည်လက်ရေးကိုသိကျွမ်းသူ၏ထင်မြင်ချက်သည်သက်သေခံဝင်ကြောင်းပြဋ္ဌာန်းထားပါသည်။သိကျွမ်းသူဆိုသည်မှာရေးသားသည်ကိုကိုယ်တိုင်မြင်တွေ့သူကိုဆိုလိုကြောင်းရှင်းလင်းချက်တွင်ပါရှိရာထိုသူသည်သာမန်လူတစ်ယောက်ဖြစ်နေပါက သက်သေခံမဝင်ဟု ဆိုပါက သက်သေခံဥပဒေ ပုဒ်မ ၄၇မှာ အဟောသိဖြစ်ပေလိမ့်မည်

Honey Wai HoneyWai
လောင်းကစား လက်ေ၇းနမူနာ
မပို့ရတာကြာပြီးလေ. ညွှန်ကြား
ချက်ထုတ်ထားတယ် မဟုတ်လား

ကိုကို လေး
တရားခံဘက်ကတရားရုံးရှေ့မှာပို့နိုင်အောင်ဆောင်ရွက်ခွင့်ရှိပါသည်

Tun Myo Htay
ဆရာ ဦးကိုကိုလေး ခင်မျာ။ ကျနော်တင်တဲ့ပိုစ်က လက်ရေးပါရဂူ၏ထင်မြင်ချက်ကို သက်သေခံတင်သွင်းသည့်ကိစ္စနှင့် ဆရာပြောသည့် ပုဒ်မ -၄၇ မည်သို့ဆက်စပ်သည်ကို ရှင်းပြပေးပါလားဆရာခင်မျာ။ လေးစားစွာဖြင့်

Myo Ko Chit
ဥပဒေပြဌာန်းချက်တွေ လုပ်ထုံးလုပ်နည်းတွေ
ခေါတ်မမှီတော့ပါ ဒါတွေကို တရားသေထားပြီးငြင်းနေရင်
ခေါတ်မမှီသူဖြစ်တော့မည်
တစ်နိုင်ငံလုံး လက်ရေးပါရဂူ ၁၀ ယောက်ရှိသည်ဆိုပါစို့
မြို့နယ်တရားရုံး တရားခွင်မည်မျှတွက်ကြည့်ပါ
မည်သို့သက်သေခံသွားမည်နည်း
သက်သေခံဥပဒေပြင်သင့်သည်
ပြင်လိုက်ရင် တို့မငြင်းရတော့ဘူးပေါ့








သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...