Tuesday, June 16, 2015

ပြစ်မှု နဲ့ တရားမ


ပြစ်မှု နဲ့ တရားမ

UAS - Legal pages


အားလုံးပဲ မင်္ဂလာပါ။
သာယာချမ်းမြေ့တဲ့ နေ့တစ်နေ့ဖြစ်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်။
ဒီနေ့တင် ပြချင် တာလေး တစ်ခုရှိပါတယ်။
ရပ်ကွက်ထဲမှာ လှည့်လည်သွားလာရင်းဖြစ်စေ၊ လက်ဖက်ရည်ဆိုင် မှာ
မိတ်ဆွေ အပေါင်းအသင်းများနဲ့ ထိုင် ရင်းဖြစ်စေ ကျွန်တော်က ဥပဒေ
သမားမှန်း သိကြတော့ မကြာခဏမေးမြန်းကြတဲ့ အကြောင်းအရာလေး
တွေရှိပါတယ်။

အဲဒီအကြောင်းအရာလေး ကတော့ ပြစ်မှုဆိုတာ ဘာလဲ၊ တရားမမှုဆိုတာ
ဘာလဲ၊ အဲဒီအမျိုးအစားနှစ်ခုက ဘယ်လို ကွာသလဲ ဆိုတာပါပဲ။
ဒါ့အပြင် နောက်ထပ် ခဏခဏ မှားကြတဲ့ အကြောင်းအရာလေး ရှိကြပါ
သေးတယ်။ အဲဒါက တရားသူကြီးနဲ့ ရှေ့နေ၊ ဥပ ဒေအရာရှိတို့ကို ကွဲကွဲပြား
ပြား မသိကြသေးခြင်းပါပဲ။

တရားသူကြီးကိုလည်း ရှေ့နေလို့ ခေါ်ချင် ခေါ်နေကြပြီး ပြင် ပအမှုလိုက်တဲ့ရှေ့နေများကိုတော့ တရားသူကြီးလို့ထင် နေတတ်ကြတာမျိုးတွေလည်း တွေ့ရှိရပါတယ်။
နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအရာရှိကြီးများ ကိုလည်း ရှေ့နေလို့ထင်
နေပုံတွေ ပြောဆိုနေကြတာ တွေ့ရပါတယ်။

ဒါကို ကြည့်ရင် ကျွန်တော်တို့ နိုင် ငံက ပြည်သူတွေ (အားလုံးကိုတော့ မဆိုလိုပါ)မှာ တရားစီရင် ရေးနဲ့
ပတ်သက်တဲ့ ဗဟုသုတတွေ အားနည်းေ နကြသေးတယ်ဆိုတာ သုံးသပ်လို့ ရပါတယ်။
ဒီလိုအခြေအနေမျိုးတွေ ရှိနေသမျှ ဟန်ဆောင် လိမ်လည်လိုသူများ အနေနဲ့လည်း အဆင် ပြေနေကြအုံးမှာပါ။ ဒါကြောင့် တိုက်ပုံအင်္ကျီအမဲ ၀တ်တိုင်းလည်း ရှေ့နေမဟုတ်သလို၊ တရားသူကြီး၊ ဥပ ဒေအရာများ မဟုတ်ကြပါဘူးဆိုတာ ကွဲကွဲပြားပြားသိ စေချင် ပါတယ်။

ဥပ ဒေပညာနဲ့ ပတ်သက်လို့ ဗဟုသုတနည်းပါးကြလို့လည်း တရားရုံးများကဆုံးဖြတ်ချက်များအပေါ် ထစ်ကနည်းရှိရင် ဆန္ဒပြ ပြ နေကြတယ်လို့ ထင် ပါတယ်။ ဥပဒေပညာတတ်ကြမယ်၊ ဒါမှမဟုတ် ဥပ ဒေပညာကို လေ့လာ လိုက်စားကြလို့ အတော်အသင့် သိရှိကြမယ်ဆိုရင် တော့ တရားရုံးများရဲ့
ဆုံးဖြတ်ချက်အပေါ် မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ်ပိုင် ဦးနှောက်နဲ့ ဆင် ခြင် သုံးသပ်နို င်ကြပြီး
အမှုရှုံးရင် တရားဥပဒေ လမ်းကြောင်းကနေ အမှုနိုင် အောင်ဘာဆက်လုပ်ရမယ်ဆိုတာ သိရှိကြတာကြောင့် ဆန္ဒပြဖို့လိုကိစ္စမျိုးကို စဉ်းစားကြတော့မှာ မဟုတ်ပါဘူး။

ထူးဆန်းနေတာကတော့ ဆန္ဒပြနေကြတဲ့သူအချို့ထဲမှာ ဥပဒေဘွဲ့ရ ပညာရှင်အမည်ခံ ပုဂ္ဂိုလ်များ ပါနေခြင်းပါပဲ။ အများပြည်သူအနေနဲ့ မှတ်သားထားဖို့ကတော့ မည်သည့် ဒီမိုကရေစီနိုင် ငံ
မှာမှ လူများများနဲ့ ၀ိုင်းပြီး ဆန္ဒဖေါ်ထုတ်တိုင်းဆန္ဒဖေါ်ထုတ်သူများရဲ့အလိုကို တရားရုံးများက ဖြည့်စွမ်းပေး
မှာ မဟုတ်ပဲ ဥပဒေနဲ့ အညီပဲ ဆုံးဖြတ်ပေးမှာဖြစ်ကြောင်းပါပဲ။

ကဲ... ဒီနေ့ ရှင်းပြလိုတဲ့ အကြောင်းအရာလေးဆီ ပြန်ပြီး ဦးတည်လိုက်ကြရအောင်နော် -

ပြစ်မှု နဲ့ တရားမမှုဆိုတာ ဘယ်လိုအမှုတွေလဲဆိုတာ ဆက်လက်ရှင်းလင်းတင် ပြပါ့မယ် ။  တရားစီရင် ရေးနယ်ပယ်မှာ ပြစ်မှု တရားစီရင် ရေးနဲ့တရားမတရားစီရင်ရေးဆိုတာ
နှစ်မျိုးနှစ်စားရှိပါတယ်။

ဟိုးယခင်ကတော့ ပြစ်မှု တရားသူကြီး၊ တရားမ တရားသူကြီးဆိုပြီး နှစ်မျိုးခွဲခြားထား ခဲ့ပါသေးတယ်။ ပြစ်မှုတရားသူကြီးက ပြစ်မှုဆိုင် ရာအမှုတွေကိုစစ်ဆေးစီရင် ဆုံးဖြတ်ကြ
ရသလို တရားမ တရားသူကြီးကလည်း တရားမမှုတွေကို စစ်ဆေး စီရင် ဆုံးဖြတ်ခဲ့ကြရပါတယ်။
အခုတော့ အဲဒီလို ခွဲခြားထားမှု မရှိတော့ပါဘူး။

ပြစ်မှုဆိုတာ လူတစ်ဦးချင်းရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာများကို ထိပါးစေတဲ့အမှုမျိုးတွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်စေတဲ့ ထိပါးကျူးလွန်မှုမျိုးတွေကို ပြစ်မှုလို့ ခေါ်ပါတယ်။
လူတစ်ဦးချင်း တစ်ဦးချင်းကို ထိခိုက်လာစေတဲ့ပြစ်မှုမျိုးတွေများပြားလာတော့ လူ့အဖွဲ့အစည်းတစ်ရပ် လုံးကိုပါ ထိခိုက်စေတဲ့ အပြုအမူလုပ်ရပ်တွေ ဖြစ်လာကြတော့တာပေါ့။

တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စားဝတ်နေမှု၊ လုံခြုံမှုတို့ကိုပါ တာဝန်ယူထားတဲ့
သက်ဆိုင် ရာ နိုင် ငံတော်အစိုးရကိုပါ ထိခိုက်လာစေတဲ့ အမှုမျိုးတွေကို ဆိုလိုတာပါ။
သက်ဆိုင်ရာနိုင်ငံတော်အစိုးရတွေဟာသူတာဝန်ယူအုပ်ချုပ်နေရတဲ့တိုင်းပြည်ထဲကတိုင်းသူ
ပြည်သားတွေရဲ့အိပ်ကောင်းခြင်းအိပ်ရဖို့တွေစားကောင်းခြင်းစားရဖို့တွေ၊ခရီးသွားလာတဲ့အခါမှာလည်း
လုံခြုံ ချောမွေ့စွာသွားလာနိုင် မှုတွေအတွက် တာဝန်ယူကြရပါတယ်။

လူတစ်ယောက် အိပ်ကောင်းခြင်း မအိပ်ရခြင်း၊ စားကောင်းခြင်း မစားရခြင်း၊ သွားကောင်းခြင်းမသွား မလာနိုင် ခြင်းတို့ အစစဟာ သက်ဆိုင် ရာ အစိုးရမင်းများမှာ တာဝန်ရှိပါတယ်။
ရပ်ကွက်တွေထဲမှာ သူခိုးတွေ သောင်းကျန်းလို့ ကောင်းစွာ မအိပ်ရခြင်းဟာလူတစ်ဦးခြင်းရဲ့ ထိခိုက်မှု ဖြစ်သော်လည်း အစိုးရမှာ တာဝန်ရှိနေပါတယ်။

အဲဒီလိုပဲ အိမ်ရှင် မ တစ်ယောက်ဝယ်လာတဲ့ စားသောက်ကုန် တစ်ခုခုမှာအဆိပ်အတောက်ပါလာပြီး စားသုံးသူမှာ အဆိပ်အတောက်ဖြစ်လို့ ဆေးရုံရောက်သွားခြင်းဟာလည်း အစိုးရမှာပဲ တာဝန်ရှိပါ တယ်။ထို့အတူ ခရီးသွားရင်း ခရီးသည်တင် ကားကို လမ်းက ဖြတ်ပြီး ဓါးပြတိုက်လုယက်တာခံရခြင်း
ဟာလည်း အစိုးရမင်းများမှာပဲ တာဝန်ရှိမှာဖြစ်ပါတယ်။

ကိုယ့်ဘာသာ အိမ်မှာ နေရင်းထိုင် ရင်း အိမ်ထဲဝင် အစော်ကားခံရတဲ့ ကိစ္စမျိုးတွေ ၊ ကိုယ့်ဘာသာ အလုပ်က ပြန်လာတုန်း အလုခံရတဲ့ကိစ္စ ၊ စသည်တို့ဟာ လူတစ်ဦးချင်းကို ထိခိုက်တဲ့ ပြစ်မှုများပဲဖြစ် ပါတယ်။
လက်ရှိဖြစ်ပေါ် နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ကိစ္စမျိုးကျတော့ လူ့အဖွဲ့အစည်းတစ်ရပ်သာမက ကမ္ဘာပေါ်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေတဲ့ ပြစ်မှုမျိုးဖြစ်တာကြောင့် အစိုးရတစ်ရပ် တည်းသာ မကကမ္ဘာပေါ်က အစိုးရအားလုံးမှာပါ တာဝန်ရှိလာတဲ့ ကိစ္စမျိုးဖြစ်လာပါတယ်။

လူတစ်ဦးခြင်းမှာ ဖြစ်ပေါ်တဲ့ ကိုယ့်အိမ်ပေါ်မှာ တက် ပစ္စည်း အခိုးခံရမှု၊ ကိုယ့်ကို ဓါးနဲ့အထိုးခံရမှု၊
တုတ်နဲ့ အရိုက်ခံရမှုတွေက အစ ရပ်ကွက်ထဲဈေးထဲမှာ ရန်ဖြစ်ကြ၊ သတ်ပုတ်ကြတဲ့အမှုမျိုးတွေမှာပါ မခံမရပ်နိုင် ဖြစ်ကြလို့ ကိုယ်က သွားအမှုဖွင့် တာဖြစ်ပေမယ့် တကယ့်တကယ်ကျတော့
အဲဒီအမှုတွေဟာ နိုင် ငံတော်ကပဲ အမြဲတမ်း တရားလိုအဖြစ်ဆောင် ရွက်ပါတယ်။ ကိုယ့်ကို တုတ်နဲ့ အရိုက်ခံရတဲ့အမှု၊ ဓါးနဲ့ အထိုးခံရတဲ့ အမှုမျိုးတွေမှာ ကိုယ်က တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့် ခဲ့ပေမယ့် တရားရုံးရောက် တဲ့အခါ ကိုယ်က ရှေ့နေငှားစရာ မလိုပဲ ကိုယ့်အတွက် ဥပ ဒေအရာရှိတစ်ဦး
က အမှုလိုက်ပါဆောင် ရွက်ပေးနေခြင်းဟာ ကိုယ့်ကို နိုင် ငံတော်က အခမဲ့အမှုလိုက်ပါဆောင် ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

ခြွင်းချက် ရှိတဲ့ အမှုအမျိုးအစား အချို့ကလွဲပြီး အမှုအများအပြားမှာတော့ထိခိုက်နစ်နာသူကိုယ်စား နိုင် ငံတော်ကပဲ တရားလိုပြုလုပ်ပြီး အမှုများကိုတရားစွဲဆိုလေ့ ရှိကြပါတယ်။
ပြစ်မှု တွေမှာလည်းရဲအရေးပိုင်တဲ့အမှုမျိုးနဲ့ရဲအရေးမပိုင်တဲ့အမှုအမျိုးအစားဆိုပြီး နှစ်မျိုးခွဲခြားထား
ပါသေးတယ်။

ရဲအရေးပိုင် တဲ့အမှုတွေမှာတော့ နို င် ငံတော်ကသာ တရားလိုပြုလုပ်ပြီး အမှုစွဲဆိုပေးလေ့ ရှိပေမယ့် ရဲအရေးမပိုင် တဲ့ အမှုတွေမှာ တော့ မိမိဘာသာ တရားရုံးမှာ ဦးတိုက် လျှောက်ထားကြရပါတယ်။
(ရဲစခန်းသွားတိုင် တဲ့အခါ ပထမသတင်းပေးတိုင် ချက် မဖွင့်တော့ပဲ (က)၊(ခ)ပုံစံဆိုတာနဲ့ လျှောက်
လွှာ နှစ်စောင် ရေးပေးပြီး တရားရုံးကို ဆက်သွားပါလို့ ညွှန်လိုက်တဲ့ အမှုများဖြစ်ကြ ပါတယ်။)
ရဲအရေးပိုင် အမှုဆိုတာက ရဲက တရားရုံးရဲ့ ဖမ်းဝါရမ်းမလိုပဲ တရားခံတစ်ယောက်ကို ဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်ပြီး ရဲအရေးမပိုင် အမှုဆိုတာကတော့ တရားရုံးရဲ့ အမိန့်ဝါရမ်းစာပါမှ တရားခံတစ်ဦးကို
ရဲကဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်တယ်လို့ အကြမ်းဖျင်း မှတ်သားထားလို့ ရပါတယ်။

ရဲအရေးမပိုင် အမှုဆိုတာ တစ်နည်းအားဖြင့် တရားမ မှု ဆန်ဆန် အမှုတွေပါ။ တရားရုံးမှာ ကိုယ်တိုင် ဦးတိုက် လျှောက်ထားခဲ့ပေမယ့် တစ်ဖက်က အတိုင် ခံရသူ ရုံးကို ရောက်ပြီး ကိုယ့်ကို တောင်းပန်တဲ့အခါ ကိုယ်ကလည်းစိတ်ပြေသွားတဲ့အခါမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် အမှုကို ပြန်ပြီး ကြေအေးနိုင် တဲ့အမှုအမျိုးအစား များဖြစ်ကြပါတယ်။

ဥပမာ အားဖြင့် အတည်တကျ လက်ထပ်ယူပါမယ်ဆိုပြီး မိန်းကလေးတစ်ဦးဆီက ကာမလိမ်လည်ရယူမှု၊ လိမ်လည်မှု (ပြစ်မှုပုဒ်မ-၄၁၇ )၊ မယားခိုးမှုစတာမျိုးတွေပါ။
ရဲအရေးပိုင် မှုတွေမှာ တော့ အစိုးရက သဘောတူမှ အမှုကို ပြန်လည် ရုပ်သိမ်းခွင့် ကြေအေးခွင့် ရှိပါမယ်။
ဒါကြောင့် အချို့သော မုဒီမ့်မှုတွေမှာ အပြုကျင့်ခံရတဲ့ မိန်းကလေးဟာ တရားခံက ခြိမ်းခြောက်တာ ခံရလို့ပဲဖြစ်စေ၊ ရှက်ကြောက်လို့ပဲဖြစ်စေ အချင်းဖြစ်ပြီးပြီးချင်း အချင်းဖြစ်ကိစ္စကို လူကြီးမိဘများကို
ဖွင့် မပြောပဲ လူကြီးမိဘတွေက ချော့မော့မေးမြန်းတော့မှ အဖြစ်မှန်ကို ဖွင့်ပြောလို့ ရဲစခန်းသွားတိုင် တဲ့အခါ အချို့သော ရဲစခန်းများက အမှုဖွင့်ပေးကြပေမယ့်အချို့သော ရဲစခန်းများက အချင်းဖြစ်ပြီး ကြာမြင့်တော့မှ တိုင် ကြားလာတာကြောင့် သက်သေခံချက်တွေ မရနိုင် တော့တာတို့ ၊ တရားလို မိန်းကလေးကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရာမှာ ရက်ကြာသွားတဲ့အတွက် လိုအပ်တဲ့သက်သေခံ ချက်များ မရရှိနိုင် တော့တာတို့ကြောင့် ပထမသတင်းပေး တိုင် ချက်ဖွင့် မပေးတော့ပဲ ရဲပုံစံ(က)(ခ)နဲ့ ဦးတိုက်လျှောက်လွှာကိုသာရေးပေးပြီး ရုံးမှာ အမှုဖွင့် ဖို့ပဲ စေလွှတ်တတ်ပါတယ်။

ရုံးက အမှုဖွင့်ပေးပြီး တဲ့နောက်ပိုင်းကျမှ တစ်ခါ တရားခံဖက်က ကျေနပ်လောက်အောင် တောင်းပန်လို့ အမှုကို ပြန်ရုပ်သိမ်းချင် လာတဲ့အခါမှာတော့ ကိုယ့်သဘောနဲ့ကိုယ်အမှုကို ရုပ်သိမ်းလို့ မရတော့ပါဘူး။ ရဲအရေးပိုင် ဖြစ်နေလို့ ရဲအရေးပိုင် မှုများရုပ်သိမ်းခွင့် ပြုလုပ်ရာမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကြရပါတော့ တယ်။ ဒါကို အချို့က ဦးတိုက်လျှောက်ထားတဲ့အမှုမှာ ဥပဒေအရာရှိနဲ့ ရဲတပ်ဖွဲ့အဆင့်ဆင့်ရဲ့ သဘောထား လိုလို့လားလို့ မေးတတ်ကြပါတယ်။

ဒါဟာ ရဲအရေးပိုင်မှုဖြစ်နေတဲ့အတွက် နိုင် ငံတော် ကိုယ်စားလိုက်ပါဆောင်ရွက်ကြရတဲ့ ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့တို့ရဲ့ အခန်းကဏ္ဍပါလာခြင်းဖြစ် ပါတယ်။ ပြစ်မှုဆိုင် ရာ အမှုတွေမှာ တစ်ခါထပ်ပြီး ခွဲခြမ်းတဲ့အခါ ပြစ်မှုဆိုင် ရာ အမှုကြီးနဲ့ ပြစ်မှုဆိုင် ရာ အထွေထွေမှုဆိုပြီး ရှိပါသေးတယ်။

ပြစ်မှုကြီး ဆိုတာကတော့ လူတစ်ယောက်ဟာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတဲ့ စည်းကမ်းချက်များ ကိုကိုချိုးဖေါက်တာကြောင့်စွဲဆိုစစ်ဆေးပြီးအပြစ်ရှိရင်အပြစ်ဒဏ်(ထောင်ဒဏ်၊ ငွေဒဏ်စသည်တစ်ခု
ခုဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ) ချမှတ်နိုင် တဲ့ ပြစ်မှုတွေနဲ့ စွဲဆိုတဲ့ အမှုတွေကို ခေါ်ပါတယ်။

ပြစ်မှုဆိုင် ရာ အထွေထွေမှု ဆိုတာကတော့ မယားစရိတ်၊ကလေးစရိတ်တောင်းခံတဲ့ အမှုမျိုး၊ တရားခံပြေး များကို စွဲတဲ့အမှုမျိုး၊ ရဲစခန်းမှာဖြစ်စေ၊တရားရုံးမှာဖြစ်စေ အာမခံပြုလုပ်ထားတဲ့ ခံဝန်ချုပ်ကို ဖေါက်ဖျက်လို့ စွဲဆိုတဲ့အမှုမျိုးတွေ၊တရားခံတစ်ဦးထံက ဖြောင့်ချက်ရယူတဲ့အမှုမျိုး၊မျက်မြင်သက်သေတစ်ဦးဦးထံက
နောင် ပြောင်းလည်းထွက်ဆိုခြင်း မပြု နိုင် အောင်ကြို တင် ရယူလေ့ရှိတဲ့ ကြို တင် ထွက်ဆိုချက်ရယူခြင်း စတဲ့ အမှုမျိုးတွေကိုခေါ်ပါတယ်။ (တစ်နည်းအားဖြင့် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေ အရ ဆောင် ရွက်ကြလေ့ ရှိတဲ့ အမှုမျိုး တွေကို ပြစ်မှုဆိုင် ရာ အထွေထွေမှုများအဖြစ် ဖွင့်လှစ်တယ်ဆိုတာ မှတ်သားထား နိုင် ပါတယ်။)

ပြစ်မှုဆိုင် ရာ ဥပဒေအရ စွဲဆိုမှုတွေကို ပြစ်မကြီး သို့မဟုတ် ပြစ်မှုဆိုင်ရာမူလမှုလို့ ခေါ်ဆိုကြပြီး ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေအရ စွဲဆိုမှု မှန်သမျှကိုတော့ ပြစ်မှုဆိုင် ရာ အထွေထွေမှုလို့ ခေါ်ဆိုကြပါတယ်။
ပြစ်မှုဆိုင် ရာ ဥပဒေ အရ စွဲဆိုခံရတဲ့ စွပ်စွဲခံရသူတစ်ဦးရဲ့ အမှုမှ တရားလိုပြသက်သေများကို စစ်ဆေးပြီး ပြစ်မှု ကျူးလွန်ကြောင်း မတွေ့ရတဲ့အခါစွဲချက်မတင် မီလွှတ်ခြင်း (အရပ်အခေါ် တရားရှင် လွှတ်ခြင်း)နဲ့ စွဲချက်တင်ပြီး တရားခံနဲ့ သူပြသတဲ့ သက်သေများကို စစ်ဆေးပြီးမှ အပြစ် မရှိကြောင်း
ပေါ်ပေါက်လို့လွှတ်ရင် တော့အပြီးအပြတ်လွှတ်ခြင်း(အရပ်အခေါ်တရားသေလွှတ်ခြင်း)လို့ ခေါ်ကြပါ
တယ်။

တရားသေလွှတ်တယ် ဆိုတာကတော့ တရားလိုဖက်သက်သေများ စစ်ဆေးပြီးပေမယ့် စွဲချက်တင် ဖို့ရာ အထောက်အထားနည်းပါးနေတာကြောင့် စွဲချက် မတင် ပဲ လွှတ်လိုက်ပေမယ့် အမှုဟာ အရှင် လွှတ်
ထား တာဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း တရားလိုဖက်က အောက်ရုံးရဲ့ အမိန့်ကိုပယ်ဖျက်ပြီး
တရားခံအပေါ် စွဲချက်တင် ဖို့ပေါ်ပေါက်တဲ့ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မတစ်ခုခုအရ စွဲချက်တင် စေတဲ့ အမိန့်တစ်ရပ် ချမှတ်ပေးဖို့ရာတက်ရောက်နိုင် ခွင့် ရှိပြီး အထက်ရုံးကလည်း အမှုတွဲတောင်းခေါ်ပြီး
တရားလိုပြ သက်သေများရဲ့ထွက်ဆိုချက်များအရစွဲချက်တစ်ခုခုတင် စေသင့်သေးကြောင်းတွေ့ရရင်
အောက်ရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပြီး စွဲချက်တင် စေတဲ့အမိန့်တစ်ရပ် ချမှတ်နိုင် ခွင့် ရှိပါတယ်။ ဒါကြောင့် စွဲချက်မတင် မီလွှတ်ခြင်း သို့မဟုတ် တရားရှင် လွှတ်ခြင်းဟာ အမှုကနေ အရှင် ပြန်လွှတ်ထားခြင်း သာဖြစ် တယ်လို့ ဆိုတာပါ။

အပြီးအပြတ်လွှတ်တယ် ဆိုတာကတော့ အမှုမှာပါတဲ့ တရားလိုပြသက်သေများကို စစ်ဆေးပြီး စွပ်စွဲခံရသူ(တရားခံ)အပေါ်  သူကျူးလွန်ခဲ့ဟန်ရှိတဲ့ပြစ်မှုဆိုင် ရာဥပဒေ ပုဒ်မ တစ်ခုခုအရဖြစ်စေ၊ ပုဒ်မ အများအရဖြစ်စေ စွဲချက်တင် ဖြေရှင်းစေသင့်နေသေးရင် စွဲချက်တင် ဖြေရှင်းစေပြီး သူ့ရဲ့ထုချေချက်၊ သူပြသတဲ့ တရားခံပြသက်သေများရဲ့ သက်သေခံချက်များကို ရယူပြီးမှ အဆုံးမှာ တရားလိုဖက် သက်သေခံ ချက်များ၊ တရားခံဖက်က ပြသတဲ့သက်သေခံချက်များနဲ့ စွဲချက်တင် ထားတဲ့ ပုဒ်မမှာ ပြစ်မှုမြောက်ဖို့ လိုအပ်
တဲ့ အင်္ဂါရပ်များနဲ့ ကိုက်ညီမှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ပြီးမှ တရားခံဟာ စွဲဆိုခံထားရတဲ့ ပြစ်မှု များကို ကျူးလွန်မှုမရှိဘူးဆိုတာ တွေ့ရှိရတဲ့အခါအမှုကနေအပြီးအပြတ်(အရပ်အခေါ်တရားသေ)လွှတ်လိုက်
ခြင်းကို အပြီးအပြတ်လွှတ်တယ်၊ သို့မဟုတ် တရားသေလွှတ်တယ်လို့ ခေါ်ပါတယ်။

ဒါပေမယ့် အဲဒီအဆင့်မှာ စွဲဆိုတဲ့ပုဒ်မများပါ ပြစ်မှုကို ကျူးလွန်ကြောင်းတွေ့ရှိရရင် တော့အဲဒီကျူးလွန်ပါတယ် ဆိုတဲ့ ပုဒ်မမှာ ပြဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ကြရပါတယ်။ ပြစ်ဒဏ်တွေကတော့ ငွေဒဏ်၊ ထောင်
ဒဏ်၊ကျွန်းဒဏ်၊ သေဒဏ်ဆိုပြီး အစားစားရှိကြပါတယ်။အဲလိုရှိတဲ့ထဲကမှတရားခံကျူးလွန်တဲ့ ပြစ်မှုအမျိုး
အစား၊ ထိခိုက်နစ်နာမှု အခြေအနေ စသည်တို့အပေါ် မူတည်ပြီး အပြစ်ဒဏ်ပေးကြလေ့ရှိပါတယ်။
ဒီလောက်ဆိုရင် တော့ ပြစ်မှုဆိုတဲ့အပိုင်းကို အခြေခံအားဖြင့်တော့ သိရှိကြပြီလို့ ယူဆပါတယ်။
ပြစ်မှုမှာလည်း ပညာရှင် အများအပြားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ သက်ဆိုင်တိုင်း နိုင် ငံအလိုက် ပြစ်မှု အမျိုးအစားသတ်မှတ်ပုံ ကွဲပြားမှုများ ရှိနိုင်ကြ သေးပေမယ့် နောင် အခွင့်သင့်မှပဲဆက်လက်တင် ပြပါမယ်။
ဆက်လက်ပြီး တရားမမှုများအကြောင်းကို တင် ပြပါမယ်။

တရားမမှု ဆိုတာက တော့-

လူတစ်ဦးတစ်ယောက်ကိုသာ ထိခိုက် နစ်နာစေတဲ့ အမှုမျိုးဖြစ်ပါတယ်။
လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ထိခိုက်နစ်နာစေသော အမှုမျိုးတော့ မဟုတ်ပါဘူး။
တရားမမှု အမျိုးအစားမှာတော့ နစ်နာသူကိုယ်တိုင် က တရားလိုလုပ်ပြီးသက်ဆိုင် ရာ စီရင် ပိုင် ခွင့် ရှိတဲ့ တရားရုံးမှာ တရားစွဲဆိုကြရပါတယ်။အစိုးရအနေနဲ့ဝင် ရောက်စွက်ဖက်ခြင်းမပြုပါဘူး။(သို့သော် ခြွင်းချက်အား
ဖြင့် ကျွန်တော်တို့နိုင်ငံမှာ ကုန်လွန်ခဲ့တဲ့စစ်အစိုးရအုပ်ချုပ်စဉ်ကာလတုန်းကတော့တရားမမှုတွေ မှာလည်း သက်ဆိုင်ရာအုပ်ချုပ် ရေးအာဏာပိုင်များဟာ အရှက်အကြောက်တရား ကင်းမဲ့စွာနဲ့ တရားရုံးများနဲ့ တရားသူကြီး များကိုတရားစီရင် ရေးမှာဝင်စွက်တာ မဟုတ်ပါဘူးလို့ လူကြားကောင်းအောင်ပြောဆိုပြီး လက်သိပ်ထိုးဖိအား ပေးကာ ၀င်စွက်ဖက်တာ မျိုးလေးတွေတော့ရှိ ခဲ့ကြပါတယ်။)
သာမန်အားဖြင့် အစိုးရအဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးဆိုလို့ ရှိရင် တော့အစိုးရကတရားလိုပြု လုပ်ပြီး စွဲဆိုတဲ့ တရားမမှုမျိုးရှိနိုင် ပါတယ်။

ပြစ်မှုဆိုင်ရာ အမှုတွေမှာ ပြစ်မှု ကျူးလွန်တဲ့တရားခံကို ငွေဒဏ်၊ ထောင်ဒဏ်၊ကျွန်းဒဏ်၊ သေဒဏ်ဆိုသလို အပြစ်ဒဏ်များ ပေးနိုင် သလို တရားခံရဲ့ ပြုလုပ်မှုကြောင့် ထိခိုက်နစ်နာမှုဖြစ်ခဲ့ရတဲ့တရားလိုရဲ့ ဆေးရုံတက်
ရောက် ကုသခံခဲ့ရမှုကြောင့် ငွေကြေးနစ်နာမှုမျိုးဖြစ်ပေါ်ခဲ့တဲ့ အမှု မျိုးတွေမှာတော့ တရားရုံးတော်ရဲ့ ဆင် ခြင် တုံတရားအရ တရားခံပေးဆောင် စေခဲ့တဲ့ ဒဏ်ငွေအနက်ကနေ အချို့အ၀က်ကိုထိခိုက်နစ်နာသူ တရားလိုကိုလျော်ကြေးပေးစေတဲ့ အမိန့်မျိုးလည်း ချမှတ်တာမျိုးတွေ့ရှိနိုင် ပါတယ်။
တရားမ မှုတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နစ်နာသူ တရားလိုအား၎င်း ဆုံးရှုံးခံခဲ့ရမှုကို အစားထိုးပြန် ရစေရန် သို့မဟုတ် လျော်ကြေးပြန်ပေးစေရန် တို့ဖြစ်ပါတယ်။
ပြစ်မှုတွေမှာ တရားလို တရားခံလို့ သုံးနှုန်းခေါ်ဝေါ်ကြပေမယ့် တရားမမှုတွေမှာတော့ တရားလို တရားပြိုင် လို့ ခေါ်ဝေါ်ကြပါတယ် ။

ပြစ်မှုများမှာ ရဲစခန်းကိုသွားပြီး အမှုဖွင့် တဲ့အခါ ရုံးခွန်တော်တံဆိပ်ခေါင်းထမ်းဆောင် စရာ မလိုပေမယ့် တရားမမှုများမှာတော့ မိမိတောင်းဆိုတဲ့ သက်သာခွင့်အပေါ်မူတည်ပြီး ရုံးခွန်တော်ခေါင်း ထမ်းဆောင် ကြရပါတယ်။

အဲဒီရုံးခွန်တော်ခေါင်းနဲ့ တရားစရိတ်တို့ကိုတော့ သက်ဆိုင်ရာ အမှုသည်များက ကျခံရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် တော့ ပြစ်မှုနဲ့ တရားမတို့ရဲ့ ကွဲပြားမှုများကို အကြမ်းဖျင်းသိရှိ နိုင် ကြလောက်ပြီလို့ ယူဆပါတယ်။

(UAS - Legal pages မှ ကူးယူ​ဖော်​ပြပါသည်​။)





သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...