Tuesday, June 16, 2015

ဘေးချင်းကပ်လျှက်တိုက်ခန်းနှစ်ခန်း မီးလောင်မှု ဆိုရင် ရော ဘယ်လို စွဲတင် ကြမလဲ



ဘေးချင်းကပ်လျှက်တိုက်ခန်းနှစ်ခန်း မီးလောင် မှု ဆိုရင် ရော ဘယ်လို စွဲတင် ကြမလဲ




ဒီနေ့တင် ပြ ချင် တာကတော့
မနေ့က ၂၈-၄-၂၀၁၅ နေ့က  တင် ပြချက်ရဲ့ အဆက်လို့ ဆိုရမှာပါပဲ။
၂၈-၄-၂၀၁၅ နေ့က မျက်နှာချင်းဆိုင် ကားနှစ်စီးတိုက်မိကြတဲ့အခါ
ကားနှစ်စီးစလုံးက ယာဉ်မောင်းနှစ်ဦးလုံးကို အမှုတစ်မှုတည်းမှာပဲ
စွဲတင် တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အပြစ်လွှဲချနေတတ်ကြ
တာကြောင့် တရားရုံးများက အမှန်တရားကို ရှာဖွေတဲ့အခါ အခက်
အခဲနဲ့ ကြုံရတတ်တယ်လို့ တင် ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့တင် ပြချင် တာကတော့ အလားတူ အမှုမျိုး တွေလည်း အမျိုး
အစားကွဲပြားပြီး ရှိတတ်ကြတဲ့အကြောင်းပါ။ ကားနှစ်စီးဖြစ်မှပဲ ဒီလို
စွဲရမယ်လို့ ပုံသေကားချ မှတ်ထားဖို့ မဟုတ်ပဲ ဒီလိုအဖြစ်မျိုးနဲ့ ဆင်
တူတဲ့ အခြားကိစ္စများမှာလည်း ဒီလိုပဲ အမှုနှစ်မှုခွဲပြီး စွဲခြင်းဖြင့် အမှန်
တရားကို ပိုမိုလွယ်ကူစွာ ရှာဖွေရရှိနိုင် မှာ ဖြစ်ပါတယ်။
အညာဖက်မှာ တာဝန်ကျခဲ့တုန်းက-

နံနက်(၀၄း၃၀)နာရီလောက်မှာ အဲဒီမြို့ရဲ့ မြို့လယ်ခေါင် လမ်းမတော်
လမ်းမကြီးဘေးမှာ ရှိတဲ့ နေရာမှာ မီးလောင် တယ်။
အခန်းချင်းကပ်လျှက် တိုက်ခန်းနှစ်ခန်းမှာ လောင် တာပါ။ တိုက်ခန်း
တစ်ခန်းက စက်ဘီးနဲ့ စက်ဘီးအပိုပစ္စည်းတွေအကြီးအကျယ်
ရောင်းတဲ့ ဆိုင် ။ ကပ်လျှက် ဆိုင် ခန်းကတော့ လက်ဖက်ရည်ဆိုင် ပါ။
သူတို့ ဆိုင် ခန်းတွေ မီးမလောင် မီမှာ အခြားတစ်နေရာဖြစ်တဲ့
ဈေးကြီးတစ်ဈေးမှာလည်း နံနက်(၀၃း၃၀)လောက်ကတည်းက မီးအကြီး
အကျယ်လောင် နေလေတော့ မီးသတ်ကားတွေ အားလုံးကလည်း ဈေးမီး
 လောင် တာကို အာရုံစိုက်ပြီး ငြိမ်းသတ်နေကြလေ တော့ နောက်တစ်နေ
ရာမှာလောင်နေတဲ့ တိုက်ခန်းနှစ်ခန်းစီကို အချိန်မီ ရောက်မလာနိုင် ကြတော့ဘူး။
မီးသတ်ကားတွေ ရောက်လာချိန်ကျတော့ တိုက်ခန်းနှစ်ခန်းလုံး အတော်
လောင် ပြီးနေပြီ။ နှစ်ဖက်စလုံးမှာ လောင် နေတာဆိုတော့ မီးသတ်ကလည်း
မီးကိုပဲ အဓိကထား ငြိမ်းသတ်နေရတာပေါ့။

နောက်ပိုင်း ရဲက ပြစ်မှုဆိုင် ရာ ဥပ ဒေပုဒ်မ-၂၈၅ အရ အမှုဖွင့် ပြီး တိုက်ခန်း
ပိုင် ရှင်နှစ်ယောက်စလုံးကို အမှုတစ်မှုတည်းမှာ တရားစွဲတင်လာတယ်။
မြို့နယ်တရားရုံးကလည်း ရဲက စွဲတင် လာတဲ့အတိုင်း တစ်မှုတည်းမှာပဲ
စစ်ဆေးတယ်။ တရားခံ(၂)ယောက်စလုံးကလည်း ကိုယ့်ဖက်က စပြီး
လောင် တာမဟုတ်ဘူး၊ သူ့ဖက်က စလောင် ပြီး ကိုယ့်ဖက်ကို ကူးစက်
လောင် ကျွမ်းခံရတာဖြစ်ကြောင်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပုံ
ချနေကြတယ်။ နှစ်ဖက်စလုံးကလည်း မြို့ပေါ်က နာမည်ကြီး ရှေ့နေကြီး
များကို ငှားရမ်းပြီး အပြစ်မရှိကြကြောင်း ထုချေကြတယ်။

ကိုင် တွယ် စစ်ဆေးတဲ့ နောင် တော် မြို့နယ်တရားသူကြီး လည်း အတော့်ကို
ခေါင်းစားခဲ့ရတယ်။ သူတို့ နှစ်ယောက်လုံးကို အပြစ်ရှိတယ်
လို့မှ သတ်မှတ်လို့ မရတာ။ နှစ်ယောက်ထဲက တစ်ယောက်ကိုပဲအပြစ်ရှိ
တယ်လို့ သတ်မှတ်ရမှာကိုး။

နောက်ဆုံး စီရင် ချက် ချတဲ့အခါမှာ တော့ စစ်ဆေးခဲ့တဲ့ တရားလိုပြ
သက်သေများရဲ့ ထွက်ဆိုချက်တွေ ၊ မီးလောင် စဉ် ရိုက်ကူးမှတ်တမ်းတင်
ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ မီးသတ်တပ်ဖွဲ့ရဲ့ သုံးသပ်ထွက်ဆိုချက်များနဲ့
မီးလောင် မှု အစီရင် ခံစာတို့ အရ အပြစ်ရှိတယ်လို့ သုံးသပ် တွေ့ရှိခဲ့ရတဲ့
တစ်ယောက်ကိုပဲ ပြစ်မှုဆိုင် ရာ ဥပ ဒေပုဒ်မ-၂၈၅ အရ အပြစ်ပေးလိုက်ရ
တော့တာပေါ့ ။

ဒါပေမယ့်-
အပြစ်ဒဏ်ကျခံရတဲ့ သူဖက်ကလည်း ဘယ်နေမလဲ။
သူ့မှာ အခွင့် အရေးရှိတဲ့ အတိုင်း အထက်ရုံးကို ဆက်တက်တော့တာပေါ့။
အဲဒီမှာ အထက်ရုံးကဘာကို သုံးသပ်သလဲဆိုတော့ ဘေးချင်းကပ်လျှက်
ပိုင် ရှင် နှစ်ဦးစီဖြစ်တဲ့ တိုက်ခန်းနှစ်ခန်း မီးလောင် မှုမှာ သူ့ဖက်ကိုယ့်ဖက်
အငြင်းပွားနေတဲ့ အမှုကို တိုက်ခန်းပိုင် ရှင် တစ်ဦးစီကို ပြစ်မှုဆိုင် ရာ
ဥပ ဒေပုဒ်မ-၂၈၅ အရ အမှု တစ်မှုစီ သီးခြားစီဖွင့်လှစ် စစ်ဆေးရမည့်အစား
အမှုတစ်မှုတည်းမှာတရားခံနှစ်ယောက်စလုံးကို ထည့်သွင်း စစ်ဆေးခဲ့တာ
မှားယွင်းကြောင်း သုံးသပ်ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

အဓိကတင် ပြချင် တာက တော့ -

အန်ဝါခန် နှင့် ပြည်ထောင် စု မြန်မာနိုင် ငံ အမှု (၁၉၅၂-ခုနှစ်၊ မြန်မာ
နိုင် ငံ တရားစီရင် ထုံးများ{ တရားလွှတ်တော် }စာ-၃၃၁ ပါ သုံးသပ်
လမ်းညွှန်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး ဆောင် ရွက်တတ်ဖို့ပဲဖြစ်
ပါတယ်။ အန်ဝါခန်အမှုစီရင် ထုံးမှာ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်တဲ့ အမှုကိုပဲ ပြောထားလို့ မော်တော်ကားနဲ့ ပတ်သက်တဲ့ အမှုမျိုးမှာပဲ ယာဉ်မောင်း
နှစ်ဦးကို တစ်မှုစီခွဲပြီး စွဲရမယ်လို့ ပုံသေကားချမှတ်ဖို့ ဆိုလိုတာမျိုးမဟုတ်ပဲ
သဘောတရားတူပြီး အထက်မှာတင် ပြခဲ့တဲ့ဘေးချင်းကပ်နေတဲ့ တိုက်ခန်းနှစ်ခန်းရဲ့
မီးလောင် မှုမျိုး၊(နေ့အချိန်လိုမျိုးမှာ တိုက်ခန်းတစ်ခန်းကို စတင် လောင် ကျွမ်းပြီးမှ
နောက်ထပ် တိုက်ခန်းများကို ထပ်မံကူးစက်ကြောင်းအလွန့်အလွန်ထင် ရှားနေတဲ့
ကိစ္စမျိုးကိုတော့ မဆိုလိုပါ) စက်လှေ သို့မဟုတ် မော်တော် သို့မဟုတ် သင်္ဘောနှစ်စီး
သို့မဟုတ် ရထားနှစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိတာမျိုးတွေမှာလည်း သဘော
တရားအားဖြင့် အတူတူဖြစ်ကြောင်း သတိပြုကြရပါမယ်ဆိုတာကိုပါပဲ။

အားလုံး ကျန်းမာချမ်းသာကြပါစေ ။

UAS - Legal pages မှ ကူးယူ ​ဖော်​ပြပါသည်​။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...