Monday, November 26, 2018

တရားမျှတမှုကို တောင်းခံတဲ့လက်က သန့်ရှင်းဖို့လိုပါတယ်

ပြေလွင်မြင့်

အခြေခံဥပဒေနှင့်အညီဖွဲ့စည်းသည့် အချုပ်အခြာ၏မဏ္ဍိုင်တစ်ရပ်ဖြစ်သော တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ကြိမ်ဖန်များစွာကျူးကျော်၊ထိပါး၊ပုတ်ခတ်၊ရေးသား၊တိုက်ခိုက်လျက်ရှိသောဂျာနယ်တစ်စောင်မှ သတင်းထောက်မိန်းကလေးတစ်ဦး၏ ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ခြင်းအတွက် စီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ခုက ထောင်ဒဏ်ချမှတ် စီရင်လိုက်ခြင်းအပေါ် Daily Eleven သတင်းစာက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ .......

၎င်းတို့၏ထုတ်ပြန်ချက်တွင် အမျိုးသမီးဂျာနယ်လစ်တစ်ဦးအပေါ်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမှာ မတရားသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စီရင်ချက်ချမှတ်သောတရားသူကြီးသည် အဂတိလိုက်စား၍ဆုံးဖြတ်ခဲ့ခြင်းရှိမရှိ၊ အုပ်ချုပ် ရေးအာဏာပိုင်များနှင့်တရားစီရင်ရေးအာဏာပိုင်များဝင်ရောက်စွက်ဖက်ပါဝင်ခြင်းရှိမရှိ၊စုံစမ်းစစ်ဆေး၊အရေးယူ၊ဖြေ ရှင်းပေးရန်နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌများနှင့်တရားသူကြီးချုပ်စသူတို့ထံတိုင်ကြားစာများပေးပို့ထားကြောင်း ဖြင့် တရားစီရင်မှုတာဝန်ထမ်းဆောင်နေသူတစ်ဦးအပေါ် ၎င်းတို့၏ ပြည့်စုံတိကျမှုမရှိလှသော တစ်ဖက်သတ်ထင်မြင် ယူဆချက်များကိုရှေ့တန်းတင်လျက် ဆက်လက်၊ထိပါး၊ပုတ်ခတ်၊တိုက်ခိုက်နေဆဲဖြစ်သော်လည်း ........

သက်သေခံချက် များအရ ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံး၏စစ်ဆေးတွေ့ရှိချက်နှင့်စပ်လျဉ်း၍ အဆိုပါမိန်းကလေးသည် အပြစ်ကင်းစင်သူတစ်ဦးဖြစ်ကြောင်း၊ သို့မဟုတ်-ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းကို ၎င်းတို့၏ ပြင်းထန် စွာကန့်ကွက်ကြောင်းထုတ်ပြန်ကြေညာချက်တွင် အာမခံချက်ပေးနိုင်ခြင်းမရှိခဲ့ချေ။

××××××××××××××××××××××××

တရားခံဖြစ်သူ သတင်းထောက်မှာမိန်းကလေးတစ်ဦးဖြစ်သကဲ့သို့ တရားလိုဖြစ်သူ(အထက်တန်းရှေ့နေ)မှာ လည်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ အခင်းဖြစ်ည(၇)နာရီခန့်က ရှေ့နေဒေါ်အေးအေးဖြိုး၏အိမ်သို့ အမှုသည်ကတွေ့ဆုံရန် သွားရောက်ခဲ့ရာတွင် ........

သတင်းထောက်မခိုင်သည်အဆိုပါအမှုသည်နှင့်လက်ဖက်ရည်ဆိုင်၌တွေ့ဆုံမိကြပြီး ရှေ့နေ၏အိမ်သို့ လိုက်ပါသွားခဲ့ ကြောင်း၊ အစ်မရေ-ဟုခေါ်သောအခါ ခပ်၀၀အမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးခဲ့ကြောင်း၊ရှေ့နေခအရစ်ကျပေးခြင်း ကို အမှုသည်နှင့်ရှေ့နေတို့ လက်ခံ၊ မခံပြောဆိုစဉ် မခိုင်က သူမသည်သတင်းထောက်တစ်ဦးဖြစ်သည် ဟု ပြောပြီး ရှေ့နေခကိစ္စတရားသူကြီးထံဖုန်းဆက်မေးမည်၊ ဒီနယ်က တရားသူကြီးတွေ၊ ဥပဒေတွေ၊ ရှေ့နေတွေက ဆင်းရဲသား များထံမှ မတရားငွေညှစ်ယူတာကိုဖော်ထုတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း-ပြောရာမှ အချင်းဖြစ်အမှုပေါ်ပေါက်ခဲ့ ကြောင်း စီရင်ချက်မိတ္တူအရ တွေ့ရသည်။
တရားလိုမအေးအေးဖြိုး၏ဖခင်(၎င်းသည်လည်းရှေ့နေဖြစ်သည်ဟုဆိုသည်) ရောက်ရှိလာသောအခါတွင် လည်း ......

သတင်းထောက်မခိုင်က“ငွေညှစ်ယူနေတာဂျာနယ်ထဲထည့်ရန်အိမ်သို့ရောက်လာခြင်းဖြစ်သည်” ဟုပြောဆို ကြောင်း၊ မခိုင်အားသတင်းထောက်ဖြစ်ပါကကတ်ပြရန် ဒေါ်အေးအေးဖြိုးကပြောရာ ....

“နင့်လက်နဲ့ငါ့ကတ်ကိုကိုင်စရာ အကြောင်းမရှိ” ဟုပြောဆိုကြောင်း၊တရားလိုတို့ကအိမ်ပေါ်မှဆင်းရန်ပြောသည်ကိုမပြန်ဘဲဆက်ထိုင်နေသေးသဖြင့် ...

“နယ်ထိန်းရဲကိုခေါ်ပြီးဆွဲထုတ်ရမလား”မေးရာ....

“ရဲလည်းမကြောက်ဘူး၊ဘယ်သူမှမကြောက်လို့ ဒီအိမ်ပေါ်ကို ခွင့်မ တောင်းဘဲတက်လာတာ”ဟုပြောကြောင်း၊ .....

ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲမည်ပြောသောအခါ သတင်းထောက်မခိုင် က ၎င်းအမည်ထိပ်ဆုံးကတပ်စွဲ-ဟုပြောကြောင်း၊ တရားလို၏ဖခင်က အမှုသည်အား......

“မင်းခေါ်လာတဲ့သူတွေ- မင်း ပြန်ခေါ်သွား”ဟုပြောသောအခါ .......

သတင်းထောက်မခိုင်ကညစ်ညမ်းစွာဆဲဆိုပြီး၎င်း၏(××)ကိုပုတ်ပြ၍ “ဒါပဲထင်တယ်” ဟုပြောသဖြင့် ....

၎င်းနှင့်အတူပါသူအမျိုးသမီးကအပြင်သို့ဆွဲခေါ်သွားကြောင်း၊နေအိမ်ခြံဝန်းရှေ့လမ်းမပေါ်မှအော်ဟစ် ဆဲဆိုသွားကြောင်း သက်သေခံချက်များရှိခဲ့သည်။

အမှုစစ်တရားသူကြီးဦးမြမင်းဟန်သည် အခင်းဖြစ်ရပ်ကို မြင်တွေ့ရသူ မဟုတ်ချေ။
(မြင်တွေ့ခဲ့သူဖြစ်လျှင်လည်း အခင်းဖြစ်အမှုကို တရားသူကြီးအဖြစ် စစ်ဆေးစီရင်ခွင့်မရှိချေ)။

သို့သော် ၎င်း၏တရားရုံးရှေ့ စစ်ဆေးပေါ်ပေါက်သော သက်သေခံချက်များအရ တရားခံသတင်းထောက်မိန်းကလေးအပေါ် ရာဇသတ်ကြီးပုဒ်မ ၄၅၁(ပထမပိုင်း)၊ ပုဒ်မ-၅၀၀ နှင့် ပုဒ်မ-၂၉၄(ခ) တို့ဖြင့် စွဲချက်တင်ဖြေရှင်းစေလျက် ယင်းပုဒ်မများဖြင့်ပင်လျှင် ပြစ်မှုထင်ရှားစီရင်ခဲ့သည်။

သတင်းထောက်မခိုင်သည် ရှေ့နေ၏နေအိမ်ဥပစာအတွင်းသို့ ပူးတွဲတရားခံနှင့်အတူ ၀င်ရောက်ပြီးနောက် တရားလိုမိသားစုအား စိတ်ငြိုငြင်စေခြင်း၊ စော်ကားခြင်းပြုခဲ့ကြောင်း၊ ထောင်ဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်ရန်အလို့ငှာအိမ်ကျော်နင်းမှုကျူလွန်ခြင်းဖြစ်၍ရာဇသတ်ကြီးပုဒ်မ-၄၅၁(ပထမပိုင်း)ကိုကျူးလွန်ကြောင်း၊အိမ်ရှေ့လမ်းမ ပေါ်မှ အော်ဟစ်ဆဲဆိုခြင်းဖြင့် ပုဒ်မ-၂၉၄(ခ)ကိုကျူးလွန်ကြောင်း၊လူတစ်ဦး၏ဂုဏ်သရေကိုထိခိုက်ပြောဆိုစွပ်စွဲခြင်း ဖြင့် ပုဒ်မ-၅၀၀ပြဌာန်းချက်ကိုကျူးလွန်ဖောက်ဖျက်ကြောင်း အမှုစစ်တရားသူကြီးကကောက်ယူသုံးသပ်လျက် ပြစ်မှု ထင်ရှားစီရင်ခဲ့ခြင်းဖြစ်ကြောင်းကို ၎င်း၏စီရင်ချက်မိတ္တူတွင်ဖော်ပြချက်အရတွေ့ရသည်။

××××××××××××××××××××

စီရင်ပိုင်ခွင့်ရှိသောတရားသူကြီးတစ်ယောက်၏စစ်ဆေးတွေ့ရှိချက်သည် ဥပဒေအရမှန်ကန်ခြင်းရှိမရှိကို ၎င်း ၏အထက်၊စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကသာလျှင်စိစစ်ဝေဖန်ခွင့်ရှိမည်ဖြစ်ရာ ဤဆောင်းပါးတွင် ထိုအချက် ကို စိစစ်ဝေဖန်ခြင်းမပြုလိုချေ။

သို့ရာတွင် ပုဒ်မ-၄၅၁(ပထမပိုင်း)အရ ပြစ်မှုကျူးလွန်သူကို-၂ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ် (၃) လသာလျှင်ချမှတ်ခဲ့သည်။ပုဒ်မ-၅၀၀ အရပြစ်မှုကျူးလွန်သူကို ၂ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ် (၁)သာလျှင်ချမှတ်ခဲ့သည်။ ပုဒ်မ ၂၉၄(ခ)အရ ပြစ်မှုကျူးလွန်သူကို (၃)လအထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းချက်ရှိသော်လည်း အမှုစစ်တရားသူကြီးသည် ထောင်ဒဏ်(၁) လသာလျှင်ချမှတ်ခဲ့သည်။ ထို့နောက်ပြစ်ဒဏ်များကို တစ်ပေါင်းတည်း(တစ်ပြိုင်တည်း)ကျခံစေခဲ့သည်။

ပြစ်ဒဏ်များကိုတစ်ခုပြီးမှတစ်ခုသီးခြားစီကျခံစေခြင်းမဟုတ်ဘဲ တစ်ပေါင်းတည်းကျခံစေခြင်း၏အကျိုးသက် ရောက်မှုမှာ တရားခံအနေဖြင့်စုစုပေါင်းထောင်ဒဏ်(၃)လသာလျှင်ကျခံစေရမည့် အနက်အဓိပ္ပာယ်ဖြစ်သည့်အတွက် အမှုစစ်တရားသူကြီးဦးမြမင်းဟန်အနေဖြင့် တရားခံဖြစ်သူသတင်းထောက်မိန်းကလေးအပေါ် အထူးတလည် သက်ညှာစွာစဉ်းစားခဲ့ကြောင်း ယူဆရန်ရှိသည်။

၎င်းပြစ်မှုများကျူးလွန်ခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော အမှုစစ်တရားသူကြီးအနေဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ဖြစ်သည့် (၂)နှစ်+(၂)နှစ်+(၃)လ= စုစုပေါင်းထောင်ဒဏ် ၄နှစ်နှင့်၃လ ပြစ်ဒစ်ကိုချမှတ်ပါကလည်း သာမန်အားဖြင့် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟူ၍ မဆိုနိုင်ချေ။မှန်ကန်ခြင်းမရှိ-ဟုမဆိုနိုင်ချေ။ဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိသည့်အပြင်၎င်း ၏စီရင်ပိုင်ခွင့်အာဏာအတွင်း ဆောင်ရွက်ခြင်းမရှိ ဟူ၍ မဆိုနိုင်ချေ။ သို့စေကာမူ၊အမှုစစ်တရားသူကြီးက ၎င်းချမှတ် သောပြစ်ဒဏ်များကို တစ်ပြိုင်တည်း(စုစုပေါင်း-၃)လချမှတ်ခဲ့ခြင်းမှာ တရားခံအပေါ် ကရုဏာရှေ့ထား၍ သနားညှာ တာခဲ့ခြင်းသာဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။
မတရားသဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟူသောစွပ်စွဲချက်မှာမှန်ကန်သည်ဟုယူဆရန် အကြောင်းမရှိချေ။

၎င်းတို့၏ထုတ်ပြန်ချက် အပိုဒ်(၂)တွင်“သတင်းထောက်မခိုင်သည် သတင်းရယူမှုဖြစ်စဉ်အတွက်တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး Eleven Media Group ၏သတင်းထောက်ဖြစ်ကြောင်း၊သတင်းမေးမြန်းလို၍ဖြစ်ကြောင်း၊ ကြိုတင် ပြောဆိုခဲ့သည့်အပြင်၊၀န်ထမ်းကတ်အားပြသ၍တရားဝင်ခွင့်ပြုချက်တောင်းခံပြီးကာယကံရှင်ကခွင့်ပြုခဲ့သောကြောင့် ၎င်း၏နေအိမ်အတွင်းတွင်မေးမြန်းခဲ့ခြင်းသာဖြစ်ပါသည်။ထို့အပြင်၊ သတင်းထောက်မခိုင် မေးမြန်းသောမေးခွန်းကို မကျေနပ်၍နေအိမ်မှထွက်ခွာရန်နှင်ထုတ်မှုကြောင့် ကာယကံရှင်၏ဆန္ဒအတိုင်း အဆိုပါနေအိမ်မှ ပြန်လည်ထွက်ခွာ ခဲ့သည်” ဟူ၍ ဖော်ပြခဲ့သည်။

အဆိုပါ အချက်မှာ လွိုင်ကော်မြို့နယ်တရားရုံးက နှစ်ဖက်သက်သေများကိုစစ်ဆေးပြီးနောက် ပေါ်ပေါက်ခဲ့ သောသက်သေခံချက်များနှင့် သိသိသာသာကွဲလွဲလျက်ရှိကြောင်းတွေ့ရသည်။

တရားရုံးစီရင်ချက် စာမျက်နှာ(၄)၊ စတုတ္ထပိုဒ်တွင် “အမှုမှတရားလိုဘက်စစ်ဆေးစဉ်တစ်လျောက် တရားလို ဘက်မှထွက်ဆိုချက်များအပေါ် တရားခံဘက်မှပြန်လှန်စစ်မေးချက်များအရသာ ပြုလုပ်ခဲ့ပါက အမှုဖြစ်ပွားရန် အကြောင်းမရှိပေ” ဟူ၍ သုံးသပ်ထားသည်။

သို့ရာတွင်၊ Daily Eleven သတင်းစာ၏(၁၉-၁၂-၂၀၁၃)ရက်နေ့ ထုတ်ပြန်ချက်တွင် အမှုစစ်တရားရုံး၏စီရင် ဆုံးဖြတ်ချက်အပေါ် “မတရားသဖြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း” ၊ “ ဒုတိယမြို့နယ်တရားသူကြီး ဦးမြမင်းဟန်သည် အဂတိလိုက်စား၍ ဆုံးဖြတ်ခဲ့ခြင်းရှိမရှိ၊အုပ်ချုပ်ရေးအာဏာပိုင်များနှင့်တရားစီရင်ရေးအာဏာပိုင်များ ၀င်ရောက်စွက် ဖက်ပါဝင်ခြင်းရှိမရှိ” စုံစမ်း၊ စစ်ဆေး၊ ဖြေရှင်းပေးရန် တိုင်ကြားစာများပေးပို့ထားကြောင်း၊ ဂျာနယ်လစ်တစ်ဦးအား မတရားသဖြင့် ထောင်ဒဏ်ချမှတ်သည့်နည်းလမ်းဖြင့်လုပ်ဆောင်ခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက် ခြင်း၊ထိပါးခြင်းဖြစ်သည့်နည်းတူEleven Media Group ၏ဂုဏ်သိက္ခာကိုနစ်နာထိပါးစေသည့်အတွက် သက်ဆိုင်သူ များအားလုံးကို ဥပဒေကြောင်းအရ ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဖော်ပြ ခဲ့သည်ကိုတွေ့ရသည်။

စာနယ်ဇင်းမီဒီယာများဖွံ့ဖြိုးလာသည့် ယခုအခါမျိုးတွင် သက်ဆိုင်ရာ စာနယ်ဇင်းပညာတတ်ကျွမ်းသူများက မိမိတို့စာနယ်ဇင်းတွင်ခန့်ထားသည့်သတင်းထောက်များအား သတင်းကိုမည်သို့စုံစမ်းထောက်လှမ်းရမည်၊ယဉ်ကျေး ရည်မွန်စွာပြောဆိုဆက်ဆံရမည်၊တည်ဆဲဥပဒေများ မည်သို့ပြဌာန်းချက်ရှိသဖြင့် မည်သည့်အချက်များကို သတိပြု ရမည်၊ .....

မည်သည့်အချက်များကို စောင့်ထိန်းလိုက်နာရမည်၊ချိုးဖောက်ကျူလွန်ခြင်းမပြုရ၊စသည်ဖြင့် မိမိတို့သည်မည် သည့်နေရာအထိရောက်အောင်သွားခွင့်ရှိ၍ မည်သည့်နေရာတွင်ရပ်တန့်ရမည်ကို သွန်သင်ညွှန်ပြထားသင့်သည်။ ....

ထမင်းရည်ပူစည်း ဘယ်နေရာမှာရှိသည်ကို သိနားလည်သူများထံ ချဉ်းကပ်၍နည်းနာခံဖို့လိုပေလိမ့်မည်။
ယခုအခါမူ၊ထမင်းရည်ပူစည်းကို ကျော်နင်းမိသည့်အတွက် အမှုစစ်တရားရုံး၏မလွှဲမရှောင်သာ ပြစ်ဒဏ်မှတ် ခြင်းကိုခံခဲ့ရသော သတင်းထောက်မိန်းကလေးတစ်ဦးသည် လွိုင်ကော်မြို့၏ချမ်းစိမ့်အေးစက်သည့်ဆောင်းညများကို အကျဉ်းစခန်းတစ်နေရာရှိ အခန်းငယ်တစ်ခုအတွင်းမှနေ၍ ကရုဏာသက်စဖွယ် အန်တုရင်ဆိုင်နေရပြီဖြစ်သည်။

The Ladies ဂျာနယ်


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...