Sunday, December 7, 2014

၂၀၁၄ ခုနှစ်၊ ကာလစည်းကမ်းသတ်အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ နှင့် ရှမ်းပြည်နယ်


၂၀၁၄ ခုနှစ်၊ ကာလစည်းကမ်းသတ်အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ နှင့် ရှမ်းပြည်နယ်


၁၉၅၃ ခုနှစ်၊ ပြည်နယ်တရားရုံးများ အက်ဥပဒေပုဒ်မ - ၂၅ နှင့် ယင်းဥပဒေ၏ ဇယား(ခ) အပိုဒ် ၄ အရ ရှမ်းပြည်နယ်တွင် ကာလစည်းကမ်းသတ် ဥပဒေ အာဏာတည်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေပုဒ်မ - ၈၃အရ အထက်ပါပြဌာန်းချက်ကို ရုပ်သိမ်းလိုက်သဖြင့် ရှမ်းပြည်နယ်တွင် ယနေ့တိုင် (၃၁-၇-၂၀၁၄ မတိုင်မီအထိ)
ကာလစည်းကမ်းသတ်ဥပဒေ အတည်မဖြစ်ခဲ့ပါ။

ရှမ်းပြည်နယ်တွင် ကာလစည်းကမ်းသတ်ပြသနာကို မြန်မာနိုင်ငံတရားဥပဒေများအက် ဥပဒေပုဒ်မ - ၁၃(၃) အရ အဆုံးအဖြတ်ပေးခဲ့သည်ကိုလေ့လာတွေ့ရှိရပါသည်။

၂၀၁၄ ခုနှစ်၊ ကာလစည်းကမ်းသတ်အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ကို (၃၁-၇-၂၀၁၄)နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၃၆ ဖြင့်ပြဌာန်းခဲ့ပါသည်။

ယင်းပြင်ဆင်သည့်ဥပဒေပုဒ်မ - ၂ တွင်

ကာလစည်းကမ်းသတ်အက်ဥပဒေတွင် ပယ်ဖျက်ထားသော ပုဒ်မ ၁ ကို အောက်ပါ ပုဒ်မ ၁ ဖြင့် အစားထိုးရမည် -

“1.This Act shall extend to the whole of the Republic of the Union of Myanmar.”

သို့ဖြစ်ရာ ကာလစည်းကမ်းသတ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၄)အရ ရှမ်းပြည်နယ်တွင် ကာလစည်းကမ်းသတ်ဥပဒေ အာဏာတည်ပြီဖြစ်ပါသည်။

---

၂၀၁၄ ခုနှစ်၊ ကာလစည်းကမ်းသတ်အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေသည် နောက်ကြောင်းပြန်အာဏာသက်ရောက်ပါသလား။

ကာလစည်းကမ်းသတ်ဥပဒေသည် လုပ်ထုံးဆိုင်ရာဥပဒေမဟုတ်ပါ။သို့ဖြစ်ရာ ၁၉၇၃ စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ - ၃(င) အရ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်းမရှိပါ။

သို့ဖြစ်ရာ ၁၉၇၃ စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ - ၁၃(ခ) အရ ထုတ်ပြန်သည့်နေတွင် အာဏာတည်သည်ဖြစ်ရာ (၃၁-၇-၂၀၁၄)နေ့တွင် ရှမ်းပြည်နယ် ၌ စွဲဆိုသော အမှုများအားလုံးသည် ကာလစည်းကမ်းသတ်ဥပဒေ နှင့် အကျုံးဝင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ကာလစည်းကမ်းသတ်အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ပုဒ်မ - ၂ အရ ရှမ်းပြည်နယ်တွင် ကာလစည်းကမ်းသတ်ဥပဒေသည် (၃၁-၇-၂၀၁၄)နေ့တွင် စတင်အာဏာသက်ရောက်ပါကြောင်းလေ့လာတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်။

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...