Wednesday, December 3, 2014

သေခါနီးထွက်ဆိုချက် (Dying declaration)နှင့်သေတမ်းအစစ်ခံချက် ( Dying deposition )အကြောင်း


သေခါနီးထွက်ဆိုချက် (Dying declaration)နှင့်သေတမ်းအစစ်ခံချက် ( Dying deposition )အကြောင်းသိကောင်းစရာဥပဒေဗဟုသုတ။

■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

■သေခါနီးထွက်ဆိုချက်ဆိုသည်မှာ တစ်ဦးတစ်ယောက်သောသူသည် ၄င်းမည်သည့်အတွက်ကြောင့် သေဆုံးရကြောင်းကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ​ပြောဆိုရေးသားချက်သည် ​သေခါနီးထွက်ဆိုချက်ဖြစ်သည်။

■သေတမ်းစစ်ချက်ဆိုသည်မှာ တစ်ဦးတစ်ယောက်သောသူသည် ၄င်းသေဆုံးရသည့်အကြောင်းကို ​သေဆုံးသူကဖြစ်စေ၊သေဆုံးသူက မသေခင် တစ်ဦးတစ်ယောက်အား ၄င်းသေဆုံးရသည့်အကြောင်းကို ​ပြောကြားခြင်းကိုကြားသိသူကဖြစ်စေ၊တရားသူကြီးတစ် တစ်ယောက်ရှေ့၌ ​ပြောဆိုအစစ်ခံချက်သည် ​သေတမ်းအစစ်ခံချက်ဖြစ်ပါသည်။

■သေခါနီးထွက်ဆိုချက်သည် တရားသူကြီးရှေ့မှောက်၌ ပြုလုပ်ရန်မလိုပါ။  ကတိသစ္စာပြုထွက်ဆိုရန်လည်းမလိုပါ။

■သေတမ်းအစစ်ခံခက်သည်တရားသူကြီးတစ်ရှေ့မှောက်၌ရေးမှတ်ထားရမည်။  အကယ်၍ တရားခံအားအချုပ်ဖြင့် ဖမ်းဆီးထားပါက တရားခံရှေ့မှောက်၌ ထွက်ဆိုစေရမည့်အပြင် တရားခံအား ပြန်လှန်စစ်မေးခွင့်ပေးရပါမည်။

ထို့ကြောင့်သေခါနီးထွက်ဆိုချက်(Dying declaration )နှင့်သေတမ်းအစစ်ခံချက် ( deposition)တို့သည် တူမယောင်နှင့် ကွဲပြားခြားနားပါသည်။

မှတ်ချက်-သက်သေခံအက်ဥပဒေပုဒ်မ-၃၂(၁)အရ ​သေခါနီးထွက်ချက်ဆိုချက်သည် တစ်ဆင့်ကြားသက်သေခံချက်တစ်ခု (Hear - say evidence ) ဖြစ်သော်လည်း သက်သေခံဝင်ပါသည်။





FB LIKE PAGE:  ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​မျှ​ဝေသည်​။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...