Tuesday, December 2, 2014


တရားခံကို ၄င်း၏ ရဲထံထွက်ချက်ဖြင့် တိုက်ဆိုင်စစ်မေးခွင့် ရှိမရှိ။

တရားခံက တရားခံဖြင့် အစစ်ခံတဲ့အခါမှာ ရဲထံထွက်ချက်ဖြင့် တိုက်ဆိုင်စစ်မေးရန်အကြောင်းမပေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သေအဖြစ် အစစ်ခံတာမဟုတ်လို့ပါ။ ဒါကရှင်းပါတယ်။

---

Po Lan v. The KIng (1947, R.L.R . 379) စီရင်ထုံးတွင်
တရားခံက သက်သေအဖြစ် အစစ်ခံလျှင်မေးခွင့်ရှိ ကြောင်းထုံးဖွဲ့ခဲ့ဖူးပါတယ်။

---

အော့လစ်ယန်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
( ၁၉၈၃၊မတစ၊စာ - ၂၉) အမှုမှာ

"တရားခံက ရုံးရှေ့ သက်သေအဖြစ်အစစ်ခံခြင်းသည်
တရားလိုဘက်ကဖြစ်စေ၊ အခြားပူးတွဲတရားခံတို့ဘက်ကဖြစ်စေ၊ သူ့အား သက်သေအဖြစ်ပြဆိုခြင်းကြောင့် အစစ်ခံရခြင်းမဟုတ်ဘဲ
တရားခံအဖြစ် သူ့အပေါ်စွဲချက်တင်ထားသော ပြစ်မှု၌ သူ့တွင် အပြစ်မရှိကြောင်းထုချေအစစ်ခံခြင်းသာဖြစ်ကြောင်း နှင့် ကျင့်ထုံးပုဒ်မ - ၁၆၂(၁) တွင်တစ်စုံတစ်ရာပြဌာန်းထားခြင်းမရှိကြောင်း " ထုံးဖွဲ့ပါသည်။

---

အော့လစ်ယန်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၈၃၊မတစ၊စာ - ၂၉) နှင့် သဘောချင်းကွဲလွဲပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ - ၁၆၂(၁) ခြွင်းချက်က တရားလိုဘက်မှပြသောသက်သေ နှင့် တရားခံဘက်မှပြသော သက်သေရဲ့ ရဲထံထွက်ချက်ကို တိုက်ခြင်းဖြစ်ပါသည်။

တရားခံက ရုံးရှေ့ သက်သေအဖြစ်အစစ်ခံခြင်းသည် တရားလိုဘက်ကဖြစ်စေ၊ အခြားပူးတွဲတရားခံတို့ဘက်ကဖြစ်စေ၊ သူ့အား သက်သေအဖြစ်ပြဆိုခြင်းကြောင့် အစစ်ခံရခြင်းမဟုတ်ဘဲ တရားခံအဖြစ် သူ့အပေါ်စွဲချက်တင်ထားသော ပြစ်မှု၌ သူ့တွင် အပြစ်မရှိကြောင်းထုချေအစစ်ခံခြင်းသာဖြစ်ပါသည်။

ထို့ကြောင့် တရားခံကို အော့လစ်ယန်းစီရင်ထုံးအရ ကျင့် - ၁၆၂(၁) ခြွင်းချက် အရ တိုက်ဆိုင်ခွင့်မရှိဟုယူဆပါသည်။

----

သို့ဖြစ်ရာ Po Lan v. The KIng (1947, R.L.R . 379) စီရင်ထုံးကို သုံးမည်လား အော့လစ်ယန်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၈၃၊မတစ၊စာ - ၂၉) စီရင်ထုံးကို သုံးမည်လား။

ဥပဒေဆိုရိုးတစ်ခုဖြစ်သည့် Later Laws abrogate prior contrary ones သည် စီရင်ထုံးများနှင့်ကော သက်ဆိုင်ပါသလား။

လေးစားစွာဖြင့်။  (TUN MYO HTAY)

**********************************************************************

လူ ဦး မင်း ၏ ဆက်​ လက်​ ​ဆွေး ​နွေး ချက်​။


စဉ်း စား သင့် သည့် ပြဿ     နာမှာ

ပြစ်မှု ဆိုင်ရာ ကျင့် ထုံး ဥပဒေ ပုဒ်မ ၃၄၂(၁) အရ

တရား ခံ တစ်ဦးက သက်သေ အဖြစ် အစစ် ခံတဲ့အခါ

ပူး တွဲ တရား ခံအပေါ် မှာ ငြိစွန်း ထွက် ဆိုတာ ရှိ ပါတယ်။

ပူးတွဲ တရား ခံ က ပြန် လှန် စစ်မေး ခွင့် လည်း ရပါတယ်။

အဲ့ ဒီအခါမှာ ပြန် လှန်စစ်မေး လို တဲ့ တရား ခံက

သက်သေ ခံတဲ့ တရား ခံကို ရဲ ရှေ့  အစစ်ခံ ချက်နဲ့

တိုက် ဆိုင် မေး မြန်း ချင်ရင်

မိတ္တူ တောင်း ခွင့် ရှိ- မရှိ ပါပဲ။

အော့ ယစ် ယန်း နှင့် နိုင်ငံတော် ၁၉၈၃ မတစ ၂၀ အမှု မှာတော့

တောင်း ခွင့် မရှိ ဘူး လို့  ဆို့ ပါတယ်။

Po Lan v. The KIng (1947, R.L.R . 379) page 380 တွင်

တရား ခံ အပြစ်ရှိကြောင်းပြောပြတဲ့ အစစ် ခံ ချက် မျိုးကို

တိုက် ဆိုင် စစ်မေး ခွင့် မရှိ ကြောင်း ခရီး သွား ဟန် လွဲ ဖော် ပြ ထား ပါတယ်။

Tun Myo Htay ပိုစ် တွေ နဲ့ အလျဉ်း သင့် လို့  တင် ပြ ခြင်း ဖြစ်ပါသည်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...