Tuesday, December 2, 2014


ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၇၁ နှင့်ပတ်သက်၍


ပညာရှင် ဆရာဦးမြ၏အာဘော်များဖြစ်ပါသည်။


မြို့နယ်ထဲက အမှုတစ်ခုအကြောင်းကို ဆရာပြောမယ်၊ တရားခံက ရဲတစ်ယောက်ကို မျက်နှာကို လက်သီးနဲ့ထိုးတယ်၊ ရဲလက်ထဲမှာ ကိုင်ထားတဲ့ ရေခဲချောင်းကျပြီးတော့ကျိုးသွားတယ်၊

လက်သီးနဲ့ တစ်ချက်ထိုးရင် အပြစ်ဘယ်နှစ်ပြစ်ရမလဲ၊ common sense နဲ့ စဉ်းစားစမ်းပါ။ တစ်ပြစ်ပဲဖြစ်မှာပေါ့။

အဲဒါကို မဟာပညာကျော်----------ကြီးက ရေခဲချောင်းကျိုးတဲ့အတွက် ၆(၁) နဲ့ ခုနှစ် နှစ် အပြစ်ပေးတယ်၊ နာကျင်စေတဲ့အတွက် သုံးနှစ် အပြစ်ပေးတယ်။ အားလုံးကို ဆယ်နှစ်အပြစ် ပေးတယ်။
(စာရေးသူ၏မှတ်ချက် - ပြစ်ဒဏ်များကို ဆရာက ဥပမာပြောဟန်တူပါတယ်)

သူထိုးတာ တစ်ချက်ထဲထိုးတဲ့အတွက် တစ်ပြစ်ပဲဖြစ်မှာပေါ့၊ လက်သီးနဲ့ သုံးခါထိုးရင် သုံးပြစ်ဖြစ်မှာလား၊ ဒီလိုသာဆိုရင် လူတစ်ယောက်ကို ပင်အပ်နဲ့ အချက် ၁၀၀ ထိုးရင် ဒီကောင်ထောင်ထဲကကို ထွက်ရမှာမဟုတ်ဘူး၊

ဒါ့ကြောင့် ပုဒ်မ - ၇၁ မှာပိတ်ထားတယ်မဟုတ်လား၊

လက်သီးနဲ့တစ်ချက်ထိုးလိုက်တာ အသားကို အနာတစ်ရဖြစ်သွားတာမှန်တယ်၊ ရေခဲချောင်း ကျကျိုးတာလည်း မှန်တယ်။ ၆(၁)ဖြစ်သွားတာလည်းမှန်တယ်၊

ဒါပေမယ့် ပုဒ်မ - ၇၁က အပြစ်တစ်ခုပဲပေးရမယ်ပြောတယ်။

၆(၁)အရ ထောင်(၇)နှစ်ချဦး မမှားသေးဘူး၊ အနာတရဖြစ်စေလို့ ပြစ်မှုပုဒ်မ နဲ့ ပြစ်မှုထင်ရှားစီရင်ရင် ဒါလည်း ဆရာ မပြောသေးဘူး၊ ၆(၁)အရ ထောင်ဒဏ် (၁၀)နှစ်ကျခံစေ၊ ပုဒ်မ ၃၂၃ နဲ့ဖြစ်ဖြစ် ၀န်ထမ်းဖြစ်၍ နာကျင်စေမှု အတွက် ပြစ်ဒဏ်စီရင်သည့်အတွက် ဒါလည်းမှန်တယ်။

ပြစ်မှုထင်ရှားစီရင်တာကို ဆရာပြောနေတာ၊ ပုဒ်မ ၇၁က ပြစ်မှုထင်ရှားမစီရင်ရဘူးလို့ ပြောတာမဟုတ်ဘူး၊ ပြစ်ဒဏ်မချရဘူးသာပြောတာ၊

စီရင်လဲပြီးရော "သို့သော် ပုဒ်မ ၇၁ အရ ဒုတိယအမှုအတွက် ပြစ်ဒဏ် သတ်မှတ်ခြင်းမရှိ" လို့ရေးရမယ်။ တစ်ခုပေးရင် နောက်တစ်ခုအတွက် ပေးလို့မရတော့ပါ။

(အရည်အသွေးမြင့်သင်တန်းပို့ချချက် စာ -၁၄)

-------------------------

ကားတိုက်မှုတစ်ခုဖြစ်တယ်၊ ရမ်းရမ်းကားကား ကားမောင်းလို့ ကားထဲမှာပါတဲ့ လူတစ်ယောက် သေတယ်၊ တစ်ယောက် အပြင်းအထန်ဒဏ်ရာ ရတယ်၊ တစ်ယောက်က ရိုးရိုး ဒဏ်ရာရတယ်၊ အဲဒါကို ပုဒ်မ ၃၀၄(က)နဲ့ အပြစ်တစ်ခုပေး၊ ၃၃၈ နဲ့တစ်ခုပေး၊ ၃၃၇ နဲ့ တစ်ခုပေး၊ ဒီလိုပေးဖို့ မဟုတ်ဘူးဆိုတာကို ဆရာလွန်ခဲ့တဲ့ အပတ်က ပြောပြီးပြီ၊

သူရဲ့ရမ်းကားတဲ့လုပ်ရပ်က တစ်ခုတည်းဖြစ်လို့ သူဟာ ပြစ်ဒဏ်တစ်ခုတည်းပဲ ခံစားရမယ်။

၃၀၄(က)အတွက် ထောင်ဒဏ် (၇)နှစ်၊ ၃၃၈ အတွက် ထောင်(၃)နှစ် စသည်ဖြင့်ခံစရာ အကြောင်းမရှိဘူး၊

သူလုပ်တဲ့အလုပ်က တစ်ခုတည်း ဖြစ်ရင် ထောင် လေးငါးဆယ်ခါကျလို့ ဘယ်ဖြစ်ပါ့မလဲ၊

(အရည်အသွေးမြင့်သင်တန်းပို့ချချက် စာ -၁၉)

-----

ဒါသိရင် ဖြစ်ရပ်တစ်ခုထဲမှာ လူသုံးယောက်ကို သတ်လို့ရှိရင် တစ်ပြစ်ထဲပဲလားလို့ မေးဖို့ရှိတယ်၊

ဒါတော့မဟုတ်ပါဘူး၊

လူသုံးယောက်ကို တစ်ပြိုင်တည်းရပ်နေစေပြီး အင်မတန်အားသန်တဲ့ ပုဂ္ဂိုလ်က ခေါင်းသုံးလုံးကို တစ်ချက်တည်းပြတ်အောင်ခုတ်နိုင်ရင်တော့ မှန်မှာပေါ့။ အပြစ်က တစ်ပြစ်ထဲရမှာပေါ့။

တစ်ချက်စီ တစ်ချက်စီခုတ်လို့ သေသွားရတဲ့ ကိစ္စမှာတော့ အပြစ်တစ်ခုစီဖြစ်မှာပဲ၊ သီးခြား ပြုလုပ်မှု (Act)၊ သီးခြားပြုလုပ်မှု အတွက် အပြစ်သီးခြားဖြစ်မှာပါ။

(အရည်အသွေးမြင့်သင်တန်းပို့ချချက် စာ -၁၉)

လေးစားစွာဖြင့်

TUN MYO HTAY



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...