Wednesday, December 3, 2014

Alternative Charge

Alternative Charge



Alternative charge ကို တရားရုံးလက်စွဲအပိုဒ် ၄၃၈ မှာ ပြစ်မှုတစ်ခုမဟုတ် တစ်ခု ကျူးလွန်ကြောင်းစွဲချက်များလို့ ဘာသာပြန်တယ်။

၁၉၆၂ ခု မြန်မာနိုင်ငံစီရင်ထုံး (ဟိုက်ကုတ်)၁၃၁ မှာ The Combination of two alternative charges under one head is bad in law. အထက်စာပိုဒ်ရဲ့ဆိုလိုရင်းကို ပြောရရင် စွဲချက်တစ်ခုထဲပါတဲ့ပုံစံနဲ့ alternative charge စွဲချက်တင်တာမမှန်ဘူး။

စွဲချက်တစ်ခုတည်းခေါင်းစဉ်ပုံစံနဲ့ ပြစ်မှုတစ်ခုမဟုတ်တစ်ခုကျူးလွန်ကြောင်း စွဲချက်တင်တာ မမှန်ဘူးလို့ ဆိုချင်တာ။

alternative charge တင်မယ်ဆိုရင် စွဲချက်သုံးရပ်ပါတဲ့ ခေါင်းစဉ်နဲ့ ပုံစံသုံးရမယ်။ ဆရာ အထက်ကပြောတဲ့ နားရွက်ကိုက်တဲ့ကိစ္စမှ ပုဒ်မ ၃၂၅နဲ့တင်ရမလား၊ ၃၂၆ နဲ့လား မသေချာရင် alternative charge ကိုအသုံးပြုရမှာဖြစ်တယ်။

စွဲချက်သုံးရပ်ပါတဲ့ပုံစံကို သုံးပြီးခေါင်းစဉ်ကို ဖျက်ရမယ်။ ပြစ်မှုတစ်ခု သို့မဟုတ် တစ်ခု ကျူးလွန်သည့်စွဲချက်များဆိုပြီးပြောင်းရေးရပါမယ်။ အောက်ဆုံးကတစ်ခုကို ခြစ်ပစ်ရပ့ါမယ်။

--------------သား ------------------ဘယ်သူသည် --------------နေ့က မောင်ဖြူ နားရွက်ကို သူ၏သွားဖြင့်ပြတ်စေအောင် ကိုက်ခြင်းဖြင့် မိမိအလိုအလျောက်နာကျင်စေသည်ဖြစ်၍ ရာဇသတ်ပုဒ်မ ၃၂၅ ဖြင့် စွဲချက်တင်လိုက်သည်။ သို့မဟုတ် သင်သည် ဘယ်နေ့ရက်က မောင်ဖြူ၏ နားရွက်ကို ကိုက်ဖြတ်ခြင်းဖြင့် မိမိအလိုအလျောက်အပြင်းအထန် နာကျင်စေမှုပြုသည်ဖြစ်၍ ဆိုပြီး ပုဒ်မ ၃၂၆ နဲ့ တင်ရမှာဖြစ်တယ်။

(တရားရေးဝန်ထမ်းများအရည်အသွေးမြှင့် သင်တန်းပို့ချချက်များ ၊ ဆရာဦးမြ၏ ပို့ချက်ချက်များ၊ စာ - ၁၄၅)

----------------------------------------------------------


စွဲချက် နှစ်ခွ တင်နည်း။


xxxxxxxxxxxxxxxxx

တရားခံသည် မည်သည့် ပြစ်မှုကို ကျူးလွန်ကြောင်းမဝေခွဲနိုင်သည့် အခါ စွဲချက်တင်ရန်နည်းလမ်း ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၂၃၆ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

" ပြုလုပ်မှု တစ်ခု သို့မဟုတ် ဆက်လက်၍ တစ်ဆက်တည်းပြုလုပ်မှု သည် ထင်ရှားအောင်ပြုလုပ်နိုင်သည့် အကြောင်းခြင်းရာများကို ထောက်ရှု၍ ပြစ်မှု အမြောက်အမြား အနက် မည်သည့်ပြစ်မှုမြောက်မည်ကို မဝေခွဲနိုင်သည့် အခါမျိုးတွင် ၄င်းပြစ်မှု အရပ်ရပ်ကိုဖြစ်စေ၊ ၄င်းပြစ်မှုများအနက် ပြစ်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ကျူးလွန်ကြောင်းဖြင့် တရားခံကို စွဲချက်တင်နိုင်သည်။ ထို့ပြင် စွဲချက်များအနက် စွဲချက်အရေအတွက်မည်မျှကိုမဆို တစ်ပြိုင်နက်တည်း စစ်ဆေးစီရင်နိုင်သည်။ သို့မဟုတ် ဆိုခဲ့သည့် ပြစ်မှုများအနက် တစ်ခုခုကို ကျူးလွန်ကြောင်းနှင့် ၄င်းတရားခံအပေါ်တွင် စွဲချက်တင်နိုင်သည်။"

စွဲချက် နှစ်ခွတင်ပုံကို ဆရာဦးမြ ၊ သောင်းပြောင်းထွေလာဥပဒေပြသနာ အမှတ် - ၈ ၊ စာ -၂၇၀ တွင်
``စွဲချက်​သုံးခုတင်​သောပုံစံကို သုံးပြီး စွဲချက်တစ်ခု နှင့် တစ်ခုကြားတွင် "သို့မဟုတ်" ဟူသောစကားကိုရေးရန်ဖြစ်ပါသည်။ အပြစ်ပေးလျှင် ပုဒ်မ တစ်ခုခုအရသာ အပြစ်ပေးနိုင်ပါသည်။" ဟု လမ်းညွှန်ထားပါသည်။





လေးစားစွာဖြင့်​။

TUN. MYO. HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...