Sunday, December 7, 2014

တတိယအယူခံဝင်ခွင့်လား။

တတိယအယူခံဝင်ခွင့်လား။(သို့မဟုတ်) မြို့နယ်တရားရုံးတွင်စွဲဆိုသည့် အမှုတန်ဘိုး သိန်း ၁၀၀ ကျပ် ရှိသည့် အမှုသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အယူခံဝင်ခွင့်ရှိသည်ဟုဆိုလိုပါသလား။


တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ - ၁၄ အရ တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၁၀ ပါ ယခင်ပြဌာန်းထားသော ကျပ် ၁ သောင်း ဆိုသည့် ငွေပမာဏအား ကျပ် ၁၀၀ သိန်းဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။

ထို့ကြောင့် ပုဒ်မ - ၁၁၀ ၌ ပြဌာန်းထားသော ပုဒ်မ - ၁၀၉ အရ ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ အယူခံဝင်ရောက်ခွင့် အမှုတန်ဘိုးသတ်မှတ်ချက်သည် "10,000,000 Kyats or upwards" ဖြစ်သဖြင့် ကျပ်သိန်း ၁၀၀ သို့မဟုတ် သိန်း ၁၀၀ အထက် အမှုများသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပုဒ်မ - ၁၀၉ အရ အယူခံဝင်ရောက်ခွင့် ရရှိပါသည်။

မြို့နယ်တရားရုံးတွင် မူလမှုတန်ဘိုး ကျပ် သိန်း ၁၀၀ထက်မပိုသည့် အမှုများကို စွဲဆိုပိုင်ခွင့်ရှိသည်ဖြစ်ရာ မြို့နယ်တရားရုံး၌ စွဲဆိုသည့် အမှုတန်ဘိုး ကျပ် သိန်း ၁၀၀ ရှိသည့် တရားမမှုများ၏ အယူခံဝင်ခွင့်သည် ----

(၁) ခရိုင်တရားရုံးတွင် ပထမအယူခံ၊

(၂) ပြည်နယ် / တိုင်းဒေသကြီးတရားလွှတ်တော်တွင် ဒုတိယ အယူခံ
( ကျပ် ၁၀ သိန်းထက်ပိုသောကြောင့်ဖြစ်ပါသည်။)

(၃) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တတိယအယူခံ
(ကျပ် သိန်း ၁၀၀ ရှိ၍ ဖြစ်ပါသည်။

ထို့ကြောင့် မြို့နယ်တရားရုံးတွင်စွဲဆိုသည့် အမှုတန်ဘိုး သိန်း ၁၀၀ ကျပ် ရှိသည့် အမှုသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံဝင်ခွင့်ရရှိစေရန် လမ်းဖွင့်ပေးထားသည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် တတိယအယူခံမှု ပေါ်ပေါက် လာသည်ဟု ယူဆမိပါသည်။


TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...