Wednesday, December 3, 2014

အလောင်းဖော်ရာတွင် ရာဇ၀တ်တရားသူကြီးများ လိုက်ပါကြီးကြပ်ရန်လိုမလို။


အလောင်းဖော်ရာတွင် ရာဇ၀တ်တရားသူကြီးများ လိုက်ပါကြီးကြပ်ရန်လိုမလို။


တစ်ခါက သူငယ်ချင်းတစ်ဦးမှ ၄င်း၏အထက်အရာရှိမှ အလောင်းဖော်ရာတွင်လိုက်ပါကြီးကြပ်ရန် တာဝန်ပေးစေခိုင်းသဖြင့် အလောင်းဖော်သည့် နေရာသို့ရောက်ရှိနေကြောင်း နှင့် မည်သည့် အချက်များကိုကြီးကြပ်ရမည်ကိုသိရှိလိုကြောင်းမေးပါသည်။

ကျနော်က မည်သည့်ပြဌာန်းချက်ကြောင့် ကြီးကြပ်ရန် လိုက်ပါသွားသလဲဟုမေးရာ သူငယ်ချင်းမှ အထက်အရာရှိခိုင်း၍ လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောပါသည်။

နောက်မကြာပါ အရာရှိငယ်တစ်ဦး အလောင်းဖော်ရာတွင် တာဝန်ပေးချက်အရ လိုက်ပါသွားရပြီး ကြီးကြပ်ရန်အားနည်းသည်ဟုဆိုကာ အဆူခံရသည်ဟုသိရှိရပါသည်။

စိတ်မကောင်းဖြစ်မိပါသည်။ အဆိုပါသူငယ်ချင်းများ အနေဖြင့် မည်သည့် ပြဌာန်းချက်အရ ဆောင်ရွက်ကြောင်း နှင့် မည်သည့်ပြဌာန်းချက်ကိုလိုက်နာ၍ ကြီကြပ်ဆောင်ရွက်မှုပြုရမည်ဖြစ်ကြောင်း မိမိအထက်အရာရှိကို မည်သည့်အတွက်ကြောင့် မမေးသနည်းဟု စဉ်းစားမိပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၇၆(၂)တွင်

မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်းသိရှိနိုင်ရန်အတွက် မြုပ်နှံပြီးဖြစ်သော လူတစ်ယောက်၏ အလောင်းကို စစ်ဆေးကြည့်ရှုသင့်သည်ဟု အဆိုပါ ရာဇ၀တ်တရားသူကြီးက ထင်မြင့်သည့်အခါ ၄င်းအနေဖြင့် အလောင်းကိုတူးဖော်၍ စစ်ဆေးကြည့်ရှုစေနိုင်သည်။
ဟုပြဌာန်းထားပါသည်။

လူတစ်ဦး သေဆုံးခြင်းအကြောင်းကို စုံစမ်းထောက်လှမ်းရာတွင် ဂူသွင်းပြီးအလောင်းကိုဖြစ်စေ၊ မြေမြုပ်ပြီးအလောင်းကိုဖြစ်စေ ဖော်ယူရန် ရဲ၌ လုပ်ပိုင်ခွင့်မရှိသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၇၆(၂) အရ ရာဇ၀တ်တရားသူကြီး ထံသို့ အလောင်းတူးဖော်ခွင့်လျှောက်ထားရယူရပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၇၆(၂) အရ ရာဇ၀တ်တရားသူကြီး၏ ခွင့်ပြုချက်မရရှိဘဲ ဂူသွင်းပြီး ၊ မြေမြုပ်ပြီးသားအလောင်းကို တူးဖော်လျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၉၇ နှင့် ငြိစွန်းဖွယ်ရာရှိမည်ထင်ပါသည်။

ထို့ကြောင့် အလောင်းဖော်ရန်လိုအပ်သည့်အခါ ရာဇ၀တ်တရားသူကြီးများထံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ - ၁၇၆(၂) အရ ခွင့်ပြုမိန့်တောင်းခံကြပါသည်။

ယင်းသို့တောင်းခံလာသည့် အခါ ရာဇ၀တ်တရားသူကြီးမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၇၆(၂) အရ မည်သည့်အတွက် တူးဖော်စေရကြောင်း မှတ်တမ်းတင်ရေးမှတ်ပြီး ခွင့်ပြုမိန့်ပေးရန်သာဖြစ်ပါသည်။ လိုက်ပါကြီးကြပ်ရန်လိုမည်မဟုတ်ပါ။

လိုက်ပါကြီးကြပ်ရမည်ဟု ပြဌာန်းချက်တစ်စုံတစ်ရာမတွေ့ရှိရပါ။



 ထို့ကြောင့် အလောင်းဖော်ရာတွင် ရာဇ၀တ်တရားသူကြီးများအနေဖြင့် ကျင့်ထုံးပုဒ်မ - ၁၇၆(၂) အရသာ ခွင့်ပြုမိန့် စိစစ်ထုတ်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း နှင့် လိုက်ပါကြီးကြပ်ရန် မလိုအပ် ပါကြောင်း တင်ပြအပ်ပါသည်။     ။



TUN  MYO  HTAY

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


လူ​သေအ​လောင်း​ဖော်​ရာတွင်​ တရားသူကြီး လိုက်​ပါ​ဆောင်​ရွက်​ရန်​ လို၊ မလို နှင့်​စပ်​လျဉ်း၍ Facebook ​ပေါ်တွင် ယဉ်​​ကျေးသိမ်​​မွေ့ပြီး လွတ်​လပ်​စွာ သ​ဘောထားကွဲလွဲကြသည့်​ Dialog များကို ပညာယူသင့်​သည်​ဟု ယူဆပါသဖြင့်​​ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါသည်​။  




မွန်မြတ် သူ

kO TUN MYO HTAY

Like · More · Jul 7


Tun Myo Htay

ဟုတ်ကဲ့အကို။

Like · More · Jul 7


မွန်မြတ် သူ

ခင်ဗျား အလောင်းဖော်ရာမှာ ရာဇဝတ်တရားသူကြီးအမိန့်သာလိုအပ်သည်မှာပြဌာန်းချက်အရ မှန်ပါသည်။သို့သော်အချို့သော နေရာများမှာ တရားသူကြီးပါမှ အလောင်းဖော်ရန် အဆင်ပြေသည့်နေရာများရှိပါသည်။အဓိကအရေးကြီးသည်မှာ သေသူမိသားစုများရဲ့ စိတ်ကျေနပ်မှုအတွက် ရဲကို ကူညီတဲ့သဘောဆောင်ရွင်ပေးရခြင်းရှိပါတယ် ကျနော့်keyboardမကောင်းလို့ဖြေရတာအခက်အခဲရှိလို့သည်းခံပေးပါ

Like · More · Jul 7


မွန်မြတ် သူ

ကျနော်ကိုယ်တိုင်အလောင်းများစွာ​ပေးဖူးပါတယ် သူတို့ဓလေ့နဲ့အစွဲများစွာရှိတာကြုံဖူးပါတယ်

Like · More · Jul 7


Tun Myo Htay

အကိုခင်ဗျာ။ ပြဌာန်းချက်ထက်ပိုမိုပြီး ဆောင်ရွက်လို့ ပြသနာတစ်စုံတစ်ရာရှိလာရင် မိမိတွင် မရှိသည့်လုပ်ပိုင်ခွင့်ကိုဆောင်ရွက်ခြင်းဖြစ်လို့ ရှင်းရခက်မည်ထင်ပါတယ် အကို။

Like · More · Jul 7


မွန်မြတ် သူ

တိုင်းရင်းသားတွေနေရာမှာများသောအားဖြင့်တွေ့ကြုံရတတ်ပါတယ်

Like · More · Jul 7


မွန်မြတ် သူ

အဲ့အလောင်းဖော်ရာမှာဆရာဝန်သာအဓိကကျတာဖြစ်ပါတယ်တရားသူကြီးက အလောင်းဖော်ကြောင်းသက်သေမျှသာဖြစ်ပါတယ် အလောင်းမှာတွေ့ရတဲ့အခြေအနေများကဆေးဘက်ဆိုင်ရာတို့ရဲ့ထင်မြင်ချက်များသာအဓိကကျတာပါ

Like · More · Jul 7


Tun Myo Htay

ပြသနာတစ်စုံတစ်ရာမပေါ်သေးခင်မှာ ဘာပြသနာမှမရှိသေးခြင်းဖြစ်မယ်ထင်ပါတယ်အကို။

Like · More · Jul 7


Tun Myo Htay

ပြသနာတစ်စုံတစ်ရာဖြစ်လာရင် ဘာကြောင့် ကျင့်ထုံးမှာမပါတာကိုဆောင်ရွက်သလဲလို့မေးရင် သဘောတရားလောက်နှင့် လက်ခံပါ့မလားလို့ စဉ်းစားမိပါတယ်အကိုခင်ဗျာ။ လေးစားလျက်။

Like · 1 · More · Jul 7


မွန်မြတ် သူ

ကျင့်ထုံးမှာမပါသည်ကမှန်ပါတယ် ဘယ်လိုပြသာနာဖြစ်နိုင်သလဲစဉ်းစားဖူးပါတယ် ဥပမာဗျာ သေသူကို နေမကောင်းလို့သေတာပါလို့ ရပ်ရွာကိုပြောလို့ မြေမြုပ်လိုက်တယ် သေသူရဲ့သားက သူ့အဖေအသတ်ခံရတာလို့ပြောပြီး တိုင်​တော့

အလောင်းဖော်ဖို့ဖြစ်လာတယ်​ဗျာ

ရပ်ရွာများမှာ မြုပ်ပြီးသားအလောင်းတစ်ခုပြန်ဖော်တာမနှစ်မြို့ကြဘူးဗျ ရဲက လုပ်​ရကိုင်ရတော်တော်ခက်တာ တရားသူကြီးနဲ့ဆရာဝန်ပါလာရင် တော်ရုံရပ်ရွာက ဘာမှပြောလေ့မရှိတော့ဘဲ ဆရာဝန်က သူလုပ်စရာရှိတာ အေးဆေးသက်သာ ဆောင်ရွင်နိုင်တာမျိုးပါ ကျနော်တို့က မနတ အမိန့် ပေးပြီးသားကို​ဆောင်ရွက်ပေးရခြင်းသာဖြစ်ပါတယ် မနက်ရုံးရောက်မှထပ်ဖြေပေးပါမယ် လေးစားပါတယ်

ကိုထွန်းမျိုးဌေး ခင်ဗျား

Like · More · Jul 7


မွန်မြတ် သူ

လိုက်ပါကြီးကြပ်သည်ဆိုတာကတော့ ဘာကိုကြီးကြပ်တာလဲ ဆိုတာတွေးချင်စရာစရာပါ။အလောင်းဖော်ရာမှာ များသောအားဖြင့် တရားသူကြီးများလိုက်တဲ့အခါ သေသူမည်သူမည်ဝါ၇ဲ့အလောင်းဖြစ်ကြောင်းလောက်ကိုသာ သေသူရဲ့ မိသားစုများကို မေးမြန်းပြီး ဖော်ဖို့လျှောက်ထားတဲ့အလောင်းဖြစ်ကြောင်းကို အသိသက်သေအဖြစ်ဆောင်ရွက်ပေးရခြင်းသာဖြစ်ပါတယ်။အလောင်းဖော်လာပြီး အလောင်းမှာ ဒဏ်ရာရှိမရှိ ကိုစစ်ဆေးဆောင်ရွက်တာကို ဆရာဝန်များက ဆောင်ရွက်သွားတာကိုတွေ့ဖူးပါတယ်။ကိုယ်နဲ့မဆိုင်တဲ့အပိုင်းတွေကို ၀င်ရောက်ဆောင်ရွက်ခြင်းမပြုဖို့တော့သတိထားရပါလိမ့်မယ်။တချို့သောမြို့ရွာများမှာ အလောင်းဖော်တာကို မနှစ်မြို့တဲ့နေရာတွေရှိပါတယ်။

Like · More · Jul 8


TUN MYO HTAY

လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်အကို။ ကျနော်က စာအုပ်ကြီးသမားလို့ အပြစ်တင်ရင်လည်း နာခံပါ့မယ်အကို။ ကျနော်ကတော့ မိမိတွင် ဥပဒေအရအပ်နှင်းထားခြင်းမရှိသည့် အာဏာ နှင့် တာဝန်ကို မေတ္တာနှင့်ဖြင့်ပင်ဆောင်ရွက်မပေးတတ်ပါအကို။ ပြင်ပကိစ္စတွေထည့်စဉ်းစားရင် ဥပဒေပြဌာန်းချက်ကို ကျော်လွန်သွားမည်ကို စိုးရိမ်စရာရှိလို့ပါအကို။ လိုက်ပါဆောင်ရွက်ကြသူများကို အပြစ်ပြောရန်ရည်ရွယ်ခြင်းမဟုတ်ပါ။ ဥပဒေအရ ဆောင်ရွက်ရန် တာဝန်မဟုတ်ကြောင်းသိစေလိုတာပါ။ စေတနာ၊ မေတ္တာဖြင့် ရဲတပ်ဖွဲ့ကို ကူညီသည့်အခါ ပြသနာတစ်စုံတစ်ရာမပေါ်ပေါက်ရင် ပြသနာမရှိပါဘူးအကို။ ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာမည်ဆိုရင်တော့ မိမိ၏ဥပဒေကပေးအပ်ထားသည့်တာဝန်က မည်သည့်အတိုင်းအတာအထိလည်း မေးခွန်းထုတ်လာရင် ဖြေရှင်းရခက်ပါလိမ့်မည်။ လေးစားလျက်ပါအကို။

Like · 2 · More · Jul 8


ဦးကိုကို​လေး၏ သီးခြား​ဆွေး​နွေးချက်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၇၆(၂)
မည်သည့်အကြောင်းကြောင့်သေဆုံးရကြောင်း သိရှိနိုင်ရန်အတွက်မြုပ်နှံပြီးဖြစ်သော လူတစ်ယောက်၏အလောင်းကို စစ်ဆေးကြည့်ရှုသင့်သည်ဟု အဆိုပါရာဇဝတ်တရားသူကြီးက ထင်မြင်သည့်အခါ၎င်းအနေဖြင့် အလောင်းကိုတူးဖေါ်၍ စစ်ဆေးနိုင်သည်။ အထက်ပါပြဋ္ဌာန်းချက်အရ အလောင်းဖေါ်ရာတွင်တရားသူကြီး လိုက်ပါဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မြင်ရပါသည်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...