Thursday, December 4, 2014

မေးဖြေကဏ္ဍဥပဒေဗဟုသုတ

မေးဖြေကဏ္ဍ ဥပဒေဗဟုသုတ

လက်ဝယ်ရှိခြင်း(Possession)ဆိုသည်ကိုသိပါရစေခင်ဗျား .?


အိမ်ခြံမြေနှင့်ပတ်သက်၍ပစ္စည်းလက်ဝယ်ရှိခြင်းအကြောင်းသည်

သိသင့်သိထိုက်သောအချက်ဖြစ်ပါသည်- - -

နေအိမ်ဥပစာတစ်ခုတွင်နေထိုင်သူ/ရှိနေသူသည်အောက်တွင်ဖေါ်ပြ

ပါအမျိုးအမည်တစ်ခုခုအရနေထိုင်သူ/ရှိနေသူဖြစ်ပါသည်- - - 

(၁)ပိုင်ရှင်အဖြစ်လက်ရှိနေထိုင်သူ- 

(၂)ပိုင်ရှင်အားမှီခိုနေထိုင်သူ-

(၃)ပိုင်ရေးဆိုင်ခွင့်ရှိသူအနေဖြင့်နေထိုင်သူ-

(၄)သဘောတူစာချုပ်အရဝယ်ယူထားခြင်းဖြင့်လက်ဝယ်ရယူထားသူ-

(၅)အပေါင်ပစ္စည်းအဖြစ်ရရှိထားကာလက်ဝယ်ရယူထားသူ-

(၆)အိမ်ငှားအဖြစ်နေထိုင်သူ-(တစ်ဆင့်ခံအိမ်ငှားများလည်းအကြုံးဝင်ပါသည်)

(၇)တစ်စုံတစ်ယောက်၏ခွင့်ပြုချက်အရလက်ဝယ်ရရှိထားသူ-

(၈)ဝင်ရောက်ကျူးကျော်ခြင်းဖြင့်ရရှိထားသူ-

တို့ဖြစ်ပါသည်-

အထက်ဖေါ်ပြပါအမှတ်စဉ်(၁)အရလက်ဝယ်ရှိသူသည်ဥပဒေအရလက်ဝယ်ရှိသူ(Judicial Possession) ဖြစ်ပါသည်.

ကျန်အမှတ်စဉ်(၂)(၃)(၄)(၅)(၆)(၇)(၈)တို့သည်လက်ရောက်လက်ဝယ်ရှိသူဖြစ်ပါသည်.(.Physical Possession).ဖြစ်ပါသည်....

မှတ်ချက်...အိမ်ခြံမြေကိုလွှဲပြောင်းရောင်းချမည်ဆိုပါကဥပဒေအရလက်ဝယ်ရှိသူ(Judicial Possession)ရှိသူထံမှလွှဲ

ပြောင်းမှသာဥပဒေနှင့်အညီဖြစ်မည်ဖြစ်ပါသည်။

မေးဖြေကဏ္ဍဥပဒေဗဟုသုတ




●သက်သေခံအက်ဥပဒေပါအကြောင်းချင်းရာ(fact )ဆိုကိုရှင်းပြပေးပါ?


သက်သေခံအက်ဥပဒေပုဒ်မ-၃အဓိပ္ပါယ်ရှင်းလင်းချက်(Interpretation clause)ပြဌာန်းချက်၌

အကြောင်းချင်းရာနှင့်ပတ်သက်၍ဆိုထားသည်မှာ-

၁-အာရုံငါးပါးဖြင့်ခံစားနိင်သောအရာဝတ္ထု/၄င်းအရာဝတ္ထု၏အခြေအနေများနှင့်၎င်းအရာဝတ္ထုများ၏တစ်ခုနှင့်တစ်ခုဆက်စပ်ခြင်းများ••

၂-လူတစ်ဦးတစ်ယောက်၏သိရှိနိင်သောစိတ်အခြေအနေ••

အာရုံငါးပါးဆိုသည်မှာ- - - 

(၁)မြင်တွေ့ခြင်း(ရူပါရုံ)

(၂)ကြားသိခြင်း (သဒ္ဒါရုံ)

(၃)အနံ့ရခြင်း(၃)ဂန္ဓာရုံ)

(၄)အရသာရှိခြင်း(ရသာရုံ)

(၅)ကိုယ်ခန္ဓာနှင့်ထိတွေ့ခြင်း(ဖေါဌဗ္ဗာရုံ)- - - တို့ဖြစ်ပါသည်

သိရှိနိင်သောစိတ်အခြေအနေဆိုသည်မှာ- - 

စိတ်ဖြင့်သိခြင်း(မနောအာရုံ)-ဖြစ်ပါသည်

ထို့ကြောင့်အကြောင်းချင်းရာသည်အာရုံငါးပါးနှင့်စိတ်ဖြင့်သိရှိနိင်သည့်မနောအာရုံတို့အရကိုယ်တိုင်သိရှိခံစားရသည်များကိုဆိုလိုခြင်းဖြစ်ပါသည်

ထိုသို့သိရှိခံစားချက်များကိုသိရှိခံစားရသူများသည်မိမိတို့ခံစားသိမြင်သည့်အတိုင်းတရားရုံး၌တင်ပြခြင်းသည်သက်သေခံခြင်းဖြစ်ပါသည်

တရားရုံးကလည်းကိုယ်တိုင်သိရှိခံစားသည့်တင်ပြချက်များကိုသက်သေခံဝင်သည်ဟုမှတ်ယူနိင်ပါသည်။


မေးဖြေကဏ္ဍဥပဒေဗဟုသုတ။

●●●●●●●●●●●●●●●


မေး- ကိုယ်စားလှယ်(agent )၏ပြုလုပ်မှုသည်အကြီးအကဲ( Principal )တွင်မည်အခါတာဝန်ရှိနိင်ပါသလဲ ?


ဖြေ- ကိုယ်စားလှယ်နှင့်အကြီးအကဲသည်ဆက်စပ်မှုသည်အထူးဆက်စပ်မှု (Special relationship )ဖြစ်ပါသည်။

ကိုယ်စားလှယ်၏ပြုလုပ်မှုသည်အကြီးအကဲတွင်တာဝန်ရှိသည်အချိန်မှာကိုယ်စားလှယ်သည်အကကြီးအကဲ၏တာ

ဝန်နှင့်ဝတ္တရားကိုဆောင်နေသည့်အချိန်တွင်တရားမနစ်နာမှုဥပဒေအရတစ်စုံတစ်ယောက်ကိုထိလိုက်နစ်နာမှုဖြစ်ခဲ့လျှင်

အကြီးအကဲဖြစ်သူ၌လည်းတာဝန်ရှိပါသည်။


မေးဖြေကဏ္ဍဥပဒေဗဟုသုတ

●●●●●●●●●●●●●●●●


●မကွာရှင်းရသေးသောဇနီးဖြစ်သူကလင်မယားပိုင်ပစ္စည်းကိုလင်မသိဘဲယူဆောင်ခဲ့ခြင်းသည်



ခိုးမှုမြောက်ပါသလား ?



●မကွာရှင်းရသေးသောဇနီးဖြစ်သူသည်ပစ္စည်းများသည်မိမိလည်းပိုင်ဆိုင်သည့်ပစ္စည်းဟုသဘောရိုး

ဖြင့်ယူဆောင်ခြင်းဖြစ်သည့်အတွက်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၈ပြဌာန်းချက်ပါအဂါင်္ရပ်ကိုဖေါက်ဖျက်ကျူး

လွန်ခြင်းမရှိသည့်အတွက်ခိုးမှုမမြောက်ပါ•••

၁၉၈၃-ခုနှစ်မြန်မာနိင်ငံစီရင်ထုံးစာမျက်နှာ(၂၀)

မေးဖြေကဏ္ဍဥပဒေဗဟုသုတ

●●●●●●●●●●●●●●●


●တရားသူကြီးတစ်ဦးသည်မိမိ၏သဘောအလျှောက်သက်သေများအားအမှုမှပယ်နိင်သည့်လုပ်ပိုင်ခွင့်ရှိမရှိသိပါစေ.?


■အမှုမှသက်သေများအားတရားသူကြီးသည်မိမိဆန္ဒအလျှောက်ပယ်နိင်သည့်လုပ်ပိုင်ခွင့်အာဏာပေးထားခြင်းမရှိပါ

‪#‎ဦးရှမ်းဘို‬(ခ)ဦးဥာဏ်လန်းနှင့်ပြည်ထောင်စုမြန်မာနိင်ငံ(ဦးဖေဘီ) ၁၉၆၁-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံးစာမျက်နှာ(၈၃)




မေးဖြေကဏ္ဍဥပဒေဗဟုသုတ

●●●●●●●●●●●●●●●●

■တရားစီရင်မှုဆိုင်ကြားနာမှုကိုတရားရုံးသည်တရားခွင်ပြင်ပ၌ဆောင်ရွက်နိင်ပါသလား?


●သေးငယ်သည့်အမှုဖြစ်စေ/တရားလို/ခံနှစ်ဘက်သဘောတူသည်ဖြစ်စေအမှုကြားနာစစ်ဆေးဆုံးဖြတ်ရမည့်

တရားသူကြီးသည်မိမိ၏ရုံးခန်းအတွင်း၌အမှုများအားကြားနာစစ်ဆေးခြင်းမပြုရပါ

တရားခွင်၌သာအမှုများကိုကြားနာစစ်ဆေးစီရင်ရမည်ဖြစ်ပါသည်

တရားရုံးများလက်စွဲစာပိုဒ်-၂၂ အရတရားမတရားသူကြီး/ရာဇဝတ်တရားသူကြီးများလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း----

မောင်ကျော်အေးနှင့်နိင်ငံတော်- ၁၉၅၃-ခုနှစ်မြန်မာနိင်ငံတရားစီရင်ထုံးစာမျက်နှာ(၁၁၄) (တရားလွှတ်တော်)၌ဆုံးဖြတ်ထားပါသည်

မှတ်ချက်--သို့သော်အများမမြင်သင့်မကြားသင့်သည့်အမှု မျိုးဖြစ်သည့်ဥပမာမုဒိန်းမှုမျိုး၌မုဒိန်းအကျင့်ခံရသည့်အမျိုးသမီး၏အရှက်သိက္ခာ

အားထောက်ထားရမည့်ကိစ္စမျိုးဖြစ်ပါကနှစ်ဘက်တရားလို/ခံတို့နှင့်ဥပဒေအရာရှိ/ရှေ့နေ/

တရားသူကြီးတို့အပြင်လူအဝင်မခံဘဲတရားခွင်ပိတ်၍စစ်ဆေးသည်တော့ရှိပါသည်။



မေးဖြေကဏ္ဍဥပဒေဗဟုသုတ

●●●●●●●●●●●●●●●●


●တရားခံကသေသူသည်မိမိအားဒါးနှင့်လာခုတ်သည့်အတွက်မိမိသည်ဒါးနှင့်လာခုတ်သူသေသူအားအနီးရှိလှံဖြင့်


ပြန်ထိုး၍ခုံကာကွယ်ခဲ့သည်ဟုထုချေလျှင်ကာကွယ်ခုခံပိုင်ခွင့်ဘောင်အတွင်းကျရောက်ပါသလား?

●ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၀၀ပြဌာန်းချက်အရတစ်ဘက်မှမိမိအသက်အန္တရယ်ထိခိုက်မည့်အခြေအနေအထိရန်

ပြုလာလျှင်ထိုသို့ရန်ပြုလာသူအားအသက်သေသည်အထိကာကွယ်ခုခံခြင်းသည်ကာကွယ်ခုခံပိုင်ခွင့်ဘောင်အတွင်း

ကျရောက်ပါသည်ပြစ်မှုထင်ရှားစီရင်ခြင်းမပြုနိင်ပါ

သို့သော်သက်သေခံအက်ဥပဒေပုဒ်မ-၁၀၅အရတရားခံဘက်မှသက်သေခိုင်မာစွာတင်ပြ၍သေသူကအရင်ဒါးဖြင့်ခုတ်ပြီး

ရန်မူသည့်အတွက်လှံဖြင့်ပြန်ထိုး၍ခုံကာကွယ်ခဲ့ရကြောင်းသက်သေပြရန်တာဝန်သည်တရားခံအပေါ်ကျရောက်ပါသည်

ထိုသို့သက်သေထင်ရှားပြသနိင်မှသာတရားခံပြစ်မှုထင်ရှားစီရင်ခံရခြင်းမှလွတ်ကင်းနိင်ပါသည်

●●●မောင်စံမြိုင်နှင့်ပြည်ထောင်စုမြန်မာနိင်ငံ ၁၉၆၆-ခုနှစ်မြန်မာနိင်ငံစီရင်ထုံးစာမျက်နှာ(၆၃၄)

မှတ်ချက်ပြစ်မှုများတွင်တရားခံပြစ်မှုကျူးလွန်ကြောင်းသက်သေပြရန်တာဝန်သည်ယေဘူယျအားဖြင့်စွပ်ဆွဲသူတရား

လိုဘက်တွင်တာဝန်ကျရောက်ပါသည်

သို့သော်ယခုကဲ့သို့ကာကွယ်ခုခံပိုင်ခွင့်အတွင်းကပြုလုပ်ခြင်းဖြစ်ကြောင်းထုချေချက်ပြုသည့်အမှုမျိုး၌သက်သေပြရန်တာဝန်သည်

တရားခံဘက်ကပြရန်ဖြစ်ပါသည်။


မေးဖြေကဏ္ဍဥပဒေဗဟုသုတ

●●●●●●●●●●●●●●●●

{1}ဥပဒေမညီညွတ်သောကိစ္စကိုပဋိညာဉ်ပြုလုပ်ချုပ်ဆိုပါကယင်းပဋိညာဉ်ပါအချက်အလက်ကိုအတည်ပြုနိင်ပါသလား?


●ဥပဒေနှင့်မညီညွတ်သည့်ကိစ္စကိုပဋိညာဉ်ပြုလုပ်ချုပ်ဆိုပါကယင်းပဋိညာဉ်ပါအချက်အလက်ကိုအတည်မပြုနိင်ပါ

ဥပမာညစ်ညမ်းသည့်စာအုပ်များနှင့်ရုပ်ပံကားချပ်များကိုရောင်းဝယ်ရန်အတွက်နှစ်ဦးနှစ်ဖက်အကြားချုပ်ဆိုသည့်

ပဋိညာဉ်သည်ဥပဒေနှင့်မညီညွတ်သည့်ကိစ္စကိုပြုလုပ်ချုပ်ဆိုထားသည့်ပဋိညာဉ်တစ်ရပ်ဖြစ်သည့်အတွက်ယင်းပဋိဥာဏ်​ပါအချက်

အလက်များကိုဥပဒေအရအတည်မပြုနိင်ပါ (ပဋိညာဉ်အက်ဥပဒေပုဒ်မ -၂၃ )



မေးဖြေကဏ္ဍဥပဒေဗဟုသုတ။

●●●●●●●●●●●●●●●●


မေး-ကျွန်တော်/ကျွန်မတို့သည်ဝန်ကြီးဌာနတစ်ခုမှ အစားအစာဘိုးအတွက် ကုန်ကြမ်းများရယူပြီးနောက် သတ်မှတ်ကာလအတွင်း 

ငွေတစ်စိပ်တစ်ပိုင်း၊ အကျိုးအမြတ်၊ အတိုး၊ ကြန့်ကြာကြေးများပေးသွင်းနေပါလျှက် ပြစ်မှုကြောင်းအရတရားစွဲခံရပါသည်။

ပြစ်မှုကြောင်းအရ တရားစွဲလို့ရမရဖြေကြားပေးပါ။


ဖြေ-ငွေပေးဆပ်ရန်ရည်ရွယ်ချက်အရလည်းကောင်း၊ငွေတစ်စိပ်တစ်ပိုင်းပေးထားလျှင်လည်းကောင်း၊မူလကသဘောတူဆောင်ရွက်လျှင်လည်းကောင်း၊မရိုးမဖြောင့်သောသဘောဖြင့်လှည့်

ဖျားသွေးဆောင်၍ပစ္စည်းသို့မဟုတ်ငွေရယူခြင်းမဟုတ်သည့်အတွက်ပြစ်မှုကြောင်းအရတရားမစွဲဆိုနိင်ပါ။တရားမကြောင်းအရသာလျှင်တရားစွဲဆိုဒီကရီတောင်းဆိုရမည်ဖြစ်ပါသည်။

ထိုအတူယုံကြည်၍ငွေအပ်နှံခြင်းလည်းမဟုတ်သည့်အတွက်အလွဲသုံးစားမှုဖြင့်လည်းပြစ်မှုကြောင်းအရတရားမစွဲဆိုနိင်ပါ။

ပြစ်မှုကြောင်းအရတရားမစွဲနိင်သည့်ကိစ္စကိုပြစ်မှုကြောင်းအရအရေးယူဆောင်ရွက်ခြင်းသည်ပြစ်မှုအာဏာကိုအလွဲသုံးရာရောက်စေပါသည်။

ထိန်ချန်တရားစွဲသူသို့မဟုတ်တရားစွဲရန်ညွှန်ကြားစေခိုင်းသူပါတာဝန်ရှိလာမည်ဖြစ်ပါသည်။

တရားဥပဒေအမှန်တစ်ကယ်စိုးမိုးပါကဝန်ကြီးဌာန၌ပင်တာဝန်ရှိလာနိင်ပါကြောင်း။





ဥပ​ဒေ ဗဟုသုတ  မှ  မျှ​ဝေသည်​။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...