Tuesday, December 2, 2014




ယ နေ့ ခေတ် တရား စီ ရင် သူ များ မှတ် ထား/ သိ ထား သင့် သည့်
 ရှေး မြန် မာ စ ကား ပုံ များ●●●


{1} တရား ကျမ်း လာ တတ် ပါ သော် လည်း 

အ သာ အ ယာ ပြော ဆို တတ် မှ

ပ ညာ ရှိ လက္ခ ဏာ ရောက် မည် [ ကျည်း ကန် ရှင် ကြီး]


{ 2 }အ ယုံ အ ကြည် ရှိ မှ အ မှု ပြီး သည်

ကြောင့် ကြ သည် ဆို ၏ အ မှု မပြီး  [ ကျည်း ကန် ရှင် ကြီး ]


{ 3 } ပ ညာ ရှိ သော် လည်း

ဂ တိ လေး ပါး သို့ မ ကပ် ဘဲ

ဓမ္မသတ် နှင့် တည့် မတ် အောင် ဆုံး ဖြတ် မှ

လူ /နတ် သာ ဓု ခေါ် မည် [ ကျည်း ကန် ရှင် ကြီး ]


{ 4 } ဓမ္မ ကို လည်း မ ယွင်း စေ နှင့်

လော က ကို လည်း မ ပြင်း စေ နှင့်

စ ကား ဆို လျှင် ထုံး ကို မှတ်

တရား လို လျှင် ရုံး ကို ကပ် [ ညောင် ပင် သာ ဦး ပု ည ]


{ 5 } ဓမ္မသတ် တရား မ သင် ကြား သော် 

စ ကား ဆို ခါ မ ရှုံး လား

သန် လျက် ဖြစ် ညား မ သွေး အား

ချင့် ထား လို ခါ မ တုံး လား  [ ကျီး သဲ လေး ထပ် ]


{ 6 } ဓမ္မသတ် တရား ရှိ ပါ ငြား လည်း

တိမ်း ပါး ငဲ့ ကွက်

လက် ဆောင် ဖျက် သည် [ တောင် ဖီ လာ ]


{ 7 } ချစ် သည် ခင် သည် ကြင် သည် ကျွမ်း သည် မှန် စေ

အ မှု ရှိ က ထောက် ပံ့ ကူ ညီ သူ ရ ခဲ သည် [ ပေါက္ကံ မောင် ချို ]


{ 8 }တရား တတ် ၏ မ ဖြောင့် 

စ ကား တတ် ၏ မ စောင့်

တရား တတ် သော် ဖြောင့် ခဲ သည်

စ ကား တတ် သော် စောင့် ခဲ သည် [ပေါက္ကံ မောင် ချို ]




FB Page:  ဥပ​ဒေ ဗဟုသုတ   မှ။





သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...