Tuesday, December 2, 2014

လ က်​ ထ ပ်​ ထိ မ်း မြားေ ရး


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာသည် ဘာသာရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့တွင် ရောယှက်ခြင်းမရှိ တသီးတခြားစီပိုင်းခြားထားပေသည်။  ဗုဒ္ဓဘာသာ၏ရင်းမြစ်သဘောတရားမှာ ​လောကီရေးနှင့်သက်ဆိုင်သည်မဟုတ်ပေ။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ ဆိုသည်မှာ မြန်မာလူမျိုးတို့၏ သမိုင်း
ကြောင်းတစ်လျှောက်တွင် အဓွန့်ရှည်စွာလက်ခံကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းများကိုအခြေခံပြီး ​ပေါက်ဖွားလာသော လူမှုရေးဥပဒေ ဖြစ်သည်။ ဗုဒ္ဓဘာသာတရားဥပဒေ ဟူသည့်ဝေါဟာရသည် အဓိပ္ပါယ်လွဲမှားနေကြောင်း ဥပဒေပညာရှင်များကတညီတညွတ်တည်းလက်ခံဆုံးဖြတ်ခဲ့ကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်များနှင့် သက်ဆိုင်သည့် လူမှုရေးဥပဒေ ကိုပြဆိုရာ၌မူ 
မြန်မာဗုဒ္ဓဘာသာဝင်များနှင့် သက်ဆိုင်သည့်် လူမှုရေးဥပဒေမှာ 
"မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ" ဖြစ်သင့်ကြောင်း ဥပဒေပညာရှင်အသီးသီးက
တညီတညွတ်တည်း လက်ခံဆုံးဖြတ်ခဲ့ကြသည်။
ဤအချက်များကိုဖော်ပြရခြင်းမှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၏ လူမှုရေး
နှင့် တသီးတခြားတည်ရှိမှုကို ဦးစွာပထမသိရှိစေလိုခြင်းကြောင့်ဖြစ်ပါသည်။
အခြားသောဘာသာများတွင်ကား ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာကဲ့သို့ 
မဟုတ်ပဲ ဘာသာရေးနှင့်လူမှုရေး ရောယှက်နေသည့်ဘာသာများလည်း 
ရှိသည်ကိုတွေ့ရသည်။

ကျွန်ုပ်ယခုတင်ပြလိုသည်မှာ မြန်မာဗုဒ္ဓဘာသာ မိန်းမများ၏ ထိမ်းမြား
လက်ထပ်ရေးနှင့်သက်ဆိုင်သောဥပဒေဖြစ်သည်။ 
ထိမ်းမြားလက်ထပ်ရေးသည် လူမှုရေးကိစ္စသက်သက်သာဖြစ်သည်။
ထိမ်းမြားလက်ထပ်ရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ၏ ဘာသာရေးရှုထောင့်မှ
ဝင်ရောက်စွက်ဖက်ခြင်းတစ်စုံတစ်ရာမရှိပေ။
မြန်မာဗုဒ္ဓဘာသာဝင်များနှင့်သက်ဆိုင်သော လူမှုရေးဥပဒေဟု 
ဥပဒေပညာရှင်အသီးသီးက တညီတညွတ်တည်းလက်ခံဆုံးဖြတ်ခဲ့ကြသော
" မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ " ကလည်း ထိမ်းမြားလက်ထပ်ရေးနှင့်ပတ်သက်
၍ အချုပ်အခြယ်မရှိလွတ်လပ်ခွင့်ပေးထားသည်။ မြန်မာဗုဒ္ဓဘာသာတစ်ယောက်
အား ဘာသာခြားနှင့်ထိမ်းမြားမှုကို တားမြစ်ပိတ်ပင်ခြင်းမရှိပေ။
သို့သော် ဘာသာခြားတို့၏ ဓလေ့ထုံးတမ်းများ၊ ဘာသာခြားတို့၏ ဘာသာရေးတရားဥပဒေများ ကမူ များစွာကြပ်တည်းလှသည်ကိုတွေ့ရသည်။ဘာသာခြားနှင့်ထိမ်းမြားလက်ထပ်ခြင်းကိုကြပ်တည်းစွာတားမြစ်ပိတ်ပင်ထားခြင်း၊ ၄င်းတို့၏ဘာသာသို့မကူးပြောင်းဘဲ ၄င်းတို့ဘာသာဝင်နှင့်တရားဝင်
ထိမ်းမြားမှုမပြုနိုင်ခြင်း၊ အမျိုးဇာတ်မတူသူနှင့်ထိမ်းမြားမှုမပြုနိုင်ခြင်း တို့ကိုတွေ့ရပေသည်။ 

သို့ဖြစ်၍ ၄င်းတို့၏ဘာသာရေး ဓလေ့ထုံးတမ်းများ ဥပဒေများအရဆိုလျှင် အခြေအနေအရပ်ရပ်ကြောင့် ဘာသာခြားများနှင့် အိမ်ထောင်ပြုကြရသည့် 
မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည် တရားဝင်မယား ဖြစ်မြောက်ရန်ကိစ္စမှာ
မိမိတို့၏ကိုးကွယ်ရင်းဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်မှသာဖြစ်နိုင်မည့်
အခြေအနေတွင်ရှိပေသည်။
ထိုသို့ မိမိကိုးကွယ်ရာဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်ရန်၊
ဘာသာကူးပြောင်းရန်လိုပါသလား ?
မလိုပါ။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံး
ရခြင်းမရှိစေရန် အလို့ငှာ ၁၉၅၄ ခုနှစ်ကပင် " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် 
မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ " ကိုပြဌာန်း၍
ဘာသာခြားနှင့်လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောကျာ်း၏ဘာသာသို့ ဘာသာကူးပြောင်းခြင်းမပြုဘဲ တရားဝင်လက်ထပ်ထိမ်းမြားနိုင်ခြင်း၊ တရားဝင်ဇနီးမယားအဖြစ်ဖြင့်လင်ယောကျာ်း၏အမွေကို တရားဝင်ဆက်ခံနိုင်ခြင်း စသည့် အခွင့်အရေးများကို
ဖော်ဆောင်ပေးခဲ့ပါသည်။

၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် 
အမွေဆက်ခံမှု အက်ဥပဒေ " သည် အထူးဥပဒေတစ်ရပ်ဖြစ်သည် နှင့်အညီ
အခြားဥပဒေ၊ ဓလေ့ထုံးတမ်း နှင့် မိသားစုဥပဒေများအပေါ်လွှမ်းမိုးသည်။
၎င်းဥပဒေ ပုဒ်မ ၄ တွင်   ``အခြားတည်ဆဲ တရားဥပဒေများတွင်သော်လည်းကောင်း၊ တရား
ဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင်သော်လည်းကောင်း၊ မည်သို့
ပင်ဆန့်ကျင်လျက်ပါရှိစေကာမူ ဤအက်ဥပဒေပါ ပြဌာန်းချက်များသည် 
ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောကျာ်း
တိုင်းအပေါ် အာဏာသက်ရောက်ရမည်´´ ဟုပြဌာန်းထားပေသည်။
နိုင်ငံတကာကလက်ခံသည့် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှု (Conflict of Laws) ဆိုင်ရာ ယေဘုယျစည်းမျဉ်းအရလည်း- `ထိမ်းမြားသူတို့၏ အရည်အချင်းနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရမည့် ဥပဒေမှာ နေရင်းဒေသဥပဒေ (lex domicilii) ဖြစ်ပြီး ၊ပုံစံအားဖြင့် တရားဝင်မှုနှင့် ပတ်သက်၍အဆုံးအဖြတ်ပေးရမည့် ဥပဒေမှာ ထိမ်းမြားမှု ပဋိညာဉ်ပြုရာ ဒေသဥပဒေ (lax loci celebrationis) ဖြစ်ပေသည်။´

ထို့ကြောင့် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင်
အမျိုးသမီး နှင့် ထိုအမျိုးသမီး၏ ဗုဒ္ဓဘာသာဝင်မဟုတ်သောလင်ယောကျာ်း တို့ 
အကြားဖြစ်ပွားသည့် ထိမ်းမြားမှု၊ အမွေဆက်ခံမှု ကိစ္စများကို " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ "အရသာလျှင် အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည်။
၎င်း " ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ " နှင့်အတူ သက်ဆိုင်ရာ စီရင်ထုံးများနှင့်တကွ ရှင်းလင်း ရေးသားထားချက်များကို ဗဟိုတရားရုံးချုပ်ရှေ့နေကြီး ဦးမြစိန်
ရေးသားသော "မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ" စာအုပ်တွင် ပါရှိသည့်အတိုင်း ကောက်နှုတ် တင်ပြပါသည်။      ။



FB PAGE~ ဥပ​ဒေ​ရေးရာ မှ ထပ်​ဆင့်​ မျှ​ဝေပါသည်​။

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...