Thursday, December 4, 2014

တရားမမှုများစီရင်ဆုံးဖြတ်ရာတွင် လိုက်နာရမည့် အခြေခံမူများ ကိုလေ့လာတင်ပြခြင်း

တရားမမှုများစီရင်ဆုံးဖြတ်ရာတွင် လိုက်နာရမည့် အခြေခံမူများ ကိုလေ့လာတင်ပြခြင်း
                                                                     ဦးဗကြိုင်(ရှေ့နေချုပ်ရုံး)


           လူသားတစ်ဦးနှင့် တစ်ဦး ဆက်ဆံကြရာမှ တစ်ခါတစ်ရံတွင် မပြေလည်မှု့များပေါ်ပေါက်တတ်စမြဲဖြစ်သည်။ ဥပမာ- ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရာမှ ကုန်ဖိုးငွေ အပြေအလည်မရ၍တရားမ မှု့စွဲဆိုရခြင်း ၊ မရွေ့မပြောင်းနိုင်သည့်အိမ် ၊ မြေရောင်း ၀ယ်ရာမှ မပြေလည်မှုပေါ်ပေါက်၍တရားမမှုစွဲဆိုရခြင်း ၊ ဂုဏ်သိက္ခာ ထိခိုက်၍ လျော် ကြေးငွေရလိုမှု ဖြစ်သော တရားမမှုစွဲဆိုရခြင်း၊ အိမ်ငှား ၊ မြေငှားကိစ္စ မပြေလည်၍ အိမ်နှင်လိုမှု သို့မဟုတ် အိမ် ၊မြေလက်ရောက်ရလိုမှုဖြစ်သော တရားမ မှုစွဲဆိုရခြင်း စသည့် တရားမမှုအမျိုးမျိုးအဖုံဖုံကို တရားမ ရုံးအဆင့်ဆင့်တွင်စစ်ဆေးစီရင်လျက် ရှိ ကြောင်း မြင်တွေ့နိုင်ပါသည်။
              တရားမမှု၏ ပင်ကိုယ်သဘောမှာ ထင်ရှားစေလိုသည့် အမှုသည်ဘက်မှ သက်သေထင်ရှားပြနိုင်မှသာလျှင်မိမိစွဲဆိုသည့် အမှုအောင်နိုင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် တရားစွဲဆိုသည့်တရားလိုက သက်သေအထောက်အထား ထင်ရှားပြနိုင်မှသာလျှင် တရားမရုံးက အနိုင်ဒီကရီ ကိုတရားစရိတ်နှင့်တကွချမှတ်ပေး မည်ဖြစ်ပါသည်။
       တရားမမှုအချို့တွင် ရုံးခေါ်စာအတည်ဖြစ်သော်လည်း တရားပြိုင်မလာရောက်သဖြင့် တရားပြိုင်၏မျက်ကွယ်တွင် တဘက်သက် (Exparte) စစ်ဆေးရန် တရားရုံးက အမိန့်ချမှတ်ပြီးစစ်ဆေးသည့်အမှုဖြစ်စေကာမှု တရားလိုဘက်မှ မိမိစွဲဆိုသည့် အမှု အတွက် လုံလောက်သော သက်သေအထောက်အထားမတင်ပြနိုင်ပါက တရားရုံးက တရားလိုအား အနိုင်ဒီကရီချမှတ်ပေးမည်မဟုတ်ပါ။
              အချုပ်အားဖြင့်ဆိုရလျှင် တရားပြိုင်မလာရောက်သဖြင့် တရားပြိုင်မျက်ကွယ်တွင် တဘက်သက်စစ်ဆေးသောအမှု သို့မဟုတ် တရားရုံးက ထုတ်ဆင့်သော ရုံးခေါ်စာ အတည်ဖြစ်သော်လည်းတရားပြိုင်က ရုံးသို့လာရောက်ခြင်းလည်းမရှိ ၊ ချေလွှာလည်း တင်သွင်းခြင်းမရှိသည့်အမှုဖြစ်စေကာမှုတရားလိုသည် အဆိုလွှာတွင် တောင်းဆိုသော သက်သာခွင့်နှင့်စပ်လျင်း၍ ဒီဂရီ ရထိုက်ကြောင်းသက်သေထင်ရှားမတင်ပြနိုင်ပါက တရားလိုအား ဒီဂရီချမှတ်ပေးမည်မဟုတ်ကြောင်း တရားလိုနှင့်ယင်းအမှု့တွင် တရားလို ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေရှေ့ရပ်များ အနေဖြင့် အစဉ်သတိပြုရမည့်အချက်တစ်ချက်ဖြစ်ပါသည်။
              တရားမမှုများ စီရင်ဆုံးဖြတ်ရာတွင် လိုက်နာရမည့် အခြေခံမူများကိုအောက်ဖော်ပြပါ စီရင်ထုံးကို လေ့လာသင့်ပါကြောင်း ရှာဖွေတင်ပြလိုက်ရပါသည်။
              တရားရုံးများသည် အမှုကို အပေါ်ယံကျောမျှသာမကြည့်ဘဲ နက်နက် နဲနဲသုံးသပ်၍ အငြင်းပွားခြင်း၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ရသည်။ အမှန်တရားကို ရနိုင်ရန်စုံစမ်းစစ်ဆေးရသည်။ တင်ပြသော သက်သေများဖြင့် ဆုံးဖြတ်ရန်မဟုတ်ဘဲ အရေးကြီးသော အချက်တို့ကိုခေါ်ယူဖော်ထုတ်ရသည်။ထိုသို့ဖော်တုတ်ရာတွင် တစ် ဘက်ဘက်သို့ တိမ်းစောင်းအသားပေးခြင်းမျိုးမဖြစ်စေဘဲ အမှန်တရားဖော်ထုတ်ရေးကိုမျက်ခြည်မပြတ်ထားလျှင် မျှတမှန်ကန်မှု့ကို ဖြစ်စေနိုင်သည်။လိုအပ်ပါက အချင်းဖြစ်ရာ သို့သွားရောက်စစ်ဆေးလျှင်သက်သေများသည် မကြောက်မရွံ့အမှန်ကို ပြောတတ် သည်။

ဦးခွေးနှင့် ဦးအေးပါ ၂ ၊ ၁၉၆၅ ၊ တရားရုံးချုပ် စာ-၁၁၁၆

              တရားမမှုခင်းတစ်ရပ်ကို ဆုံးဖြတ်ရာတွင် အဆိုလွှာ ၊ အချေလွှာ နှင့်နှစ်ဘက်တင်ပြသော သက်သေခံချက်များအပေါ် အခြေပြု၍ ဆုံးဖြတ်ရသည်။
အကြင်နှင့် လီတိတ်မင် ၊ ၁၉၆၂ ၊ ရုံးချုပ် ၊ စာ-၃၇၁
အမှုဆုံးဖြတ်ရာတွင်အမှုတွဲ၌ ပေါ်ပေါက်နေသောအကြောင်းခြင်းရာအားလုံးကို သေချာ စွာဆန်းစစ်ရမည်။

ဦးသန်းတင်နှင့် အမ်ဘာဘာ ၊ ၁၉၅၃ ၊ လွှတ်တော် ၊ စာ-၃၇၁

              တရားမမှုများတွင် အမှုသည်များ၏ အဆိုအချေတို့အပေါ်အမှုသည်၏ အ နိုင်အရှုံးကိုဆုံးဖြတ်ရမည်ဖြစ်သည်။ မူလရုံးအနေဖြင့်သော်လည်းကောင်း အယူခံရုံး အနေဖြင့်သော်လည်းကောင်းအဆိုအချေတို့၌ ပါဝင်ခြင်းမရှိသည့်ကိစ္စကို ဖော်ထုတ်၍ ဖြေရှင်းပေးခြင်း ၊ သက်သာခွင့်ပေးခြင်းမပြုရ။

မိုဟာမက်အလီနှင့် အလီမာဘီဘီ ၊ ၁၉၆၇ ၊ ရုံးချုပ် ၊ ၇၃၅(၇၄၀)

              တရားရုံးများအနေဖြင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်တာဝန်ရှိသဖြင့်အမှုသည်တစ်ဦးဦးက မသိနားမလည်၍ သော်လည်းကောင်း၊ သက်သာခွင့်တစ်ခုခုကို တောင်းဆိုခဲ့ခြင်းမရှိစေကာမူထိုသက်သာခွင့်ကို ရသင့်ရထိုက်ကြောင်းပေါ်ပေါက်နေပါ ကခွင့်ပြုရမည်ဖြစ်သည်။ သို့ရာတွင်တရားရုံးသည် အမှုသည်တစ်ဦးဦးအတွက် အမှုကို ဖန်တီးပေးလျှင်မူ ဘက်လိုက်ရာကျမည်ဖြစ်၍ ထိုကိစ္စကိုမပြုလုပ်သင့်ပေ

ဒေါ်မှုံနှင့် ဒေါ်ခင်မြ ၊ ၁၉၆၄ ၊ ရုံးချုပ် ၊ စာ-၅၉၅

              အမှုသည်တို့က အတိအလင်း တင်ပြလာသည်ဖြစ်စေ ၊မတင်ပြသည်ဖြစ်စေ အမှုတွဲ၌ပေါ်ပေါက်သော ဥပဒေပြဿနာကို ဆုံးဖြတ်စဉ်းစားရန် တရားရုံး၌ တာဝန်ရှိ သည်။

အေအိုင်အာရ်၊ ၁၉၃၀ ၊ ရန်ကုန် ၊ ၂၆၄ ၊ ၁၈၉၇-၀၁ အထက်မြန်မာ အတွဲ(၂) စာ-၃၇၉(၃၈၀)

              နှစ်ဦးနှစ်ဘက် တင်ပြသော သက်သေများသည် အပြိုင်အဆိုင် ဖြစ်နေလျှင်ဝန်ခံထားသော အချက်များနှင့် ဖြစ်ဟန်လက္ခဏာရှိသော အချက်တို့ကို ထောက်ရှု့ပြီး မည်သည့်ဘက်က မှန်လိမ့်မည်ဟု ဆုံးဖြတ်သင့်သည်။

မတင်တင်နှင့် ဒေါ်ကံရှိ ၁၉၄၈ တရားလွတ်တော်ချုပ် စာ - ၅၈၂

              ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ပင်လျှင် ကာလာမမင်းတို့အားဆုံးမစကားမြွတ်ကြားရာ၌ သင်တို့သည် ပြောသံကြားကာမျှဖြင့် ဟုတ်ပြီ ၊ မှတ်ပြီ ဟု အတည်မယူကုန်လင့်ဦး အစဉ်အဆက်စကားမျှဖြင့်လည်းမယူကုန်လင့်ဦး၊ ဤသို့ဖြစ်ဖူးသတတ်ဟူသော စကား မျှဖြင့်လည်း မယူကုန်လင့်ဦး တည်းစသဖြင့် သတိပေးတော်မူကာ၊ ဤကားကုသိုလ် တရားတည်း ၊ ဤကား အကုသိုလ်တရားတည်း မိမိတို့ကိုယ်တိုင် သိသောအခါမူ ပယ်စွန့်ခြင်း ၊ ပြည့်စုံစေခြင်းတို့ကို ပြုအပ်ပေ၏ဟု-

ဦးထွန်းလှိုင်ပါ-၂ နှင့် ဦးကြည်ဝင်း ပါ-၂ ၁၉၇၁ ၊ ရုံးချုပ် - စာ - ၉၁

အမှုတွင်ပြဆိုးထားသည်။ တရားမှုခင်းစီရင် ဆုံးဖြတ်ရာတွင်လည်း အထက်ပါ ဗုဒ္ဓဘုရား ရှင်ညွန်ပြသော ထုံးကို အမြဲနှလုံးသွင်းထားသင့်ပေသည်။
              အမှုစစ် တရားသူကြီးများသည် မိမိကိုယ်တိုင် ဒိုင်လူကြီးသဖွယ်သာလျှင် မှတ်ယူရန်မဟုတ် ၊ အမှန်ကို ဖော်ထုတ်ရန်အတွက် ဆီလျော်သည့်မေးခွန်းကို မေးမြန်းသင့်သည်။ ထိုကဲ့သို့ အမှန်ကိုဖော်ထုတ်ရန် ဥပဒေအာဏာများအပ်နှင်းထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ(ဒေါ်ရှုခင်)နှင့် မောင်မြ(ခေါ်) မောင်မြဦး ပါ-၄၊ ၁၉၇၁ ၊ ရုံးချုပ် စာ-၃၁

              တရားစီရင်ရာ၌ တရားမျှတမှုကို ပြုရုံနှင့်မပြီး ၊ တရားမျှတမှုကိုပြုကြောင်းနှစ်ဘက်အမှုသည် နှင့်တကွ အများပြည်သူကိုမြင်စေရာသည်။

မခင်ညွန့်နှင့် ဦးချစ်တင် ၁၉၆၆ ၊ ရုံးချုပ် - စာ-၁၁၈


                                  တရားရေးဂျာနယ် ၁၉၉၈ ခုနှစ် ၊ အောက်တိုဘာလ ၊ အတွဲ(၁) ၊ အမှတ်(၂)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...