Sunday, December 7, 2014

မြန်​မာဗုဒ္ဓဘာသာဝင်​ လင်မယားတို့၏ သက်ဆိုင်သည့်ပစ္စည်းများ သတ်မှတ်ထားပုံ ​အကြောင်း သိ​ကောင်းစရာ ဥပ​ဒေဗဟုသုတ

မြန်​မာဗုဒ္ဓဘာသာဝင်​ လင်မယားတို့၏ သက်ဆိုင်သည့်ပစ္စည်းများ သတ်မှတ်ထားပုံ ​အကြောင်း သိ​ကောင်းစရာ ဥပ​ဒေဗဟုသုတ


မြန် မာ ဗုဒ္ဓ ဘာ သာ ဝင် လင် မယား တို့ ၏ သက် ဆိုင် သည့် ပစ္စည်း များ ကို (၇) မျိုး သတ် မှတ် ထား ကြောင်း မြန် မာ့ ဓ လေ့ ထုံး တမ်း ဥပဒေ ၌ တွေ့ ရှိ ရ ပါ သည် ။

(၁) လင်/မယား သည် ထိမ်း မြား လက် ထပ် မှု မပြု မှီ အ ချိန် က ပိုင် ဆိုင် ခဲ့ သည့် ပစ္စည်း/ ဒု တိ ယ အိမ် ထောင် သည် များ အ ဖို့ ဒု တိ ယ အိမ် ထောင် မပြု မှီ ပ ထ မ အိမ် ထောင် နှင့် ရ ရှိ ပိုင် ထား သော ပစ္စည်း ကို ပါ ရင်း ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည်

(၂) အိမ် ထောင် ကျ ပြီး သူ ကျား/မ သည် အိမ် ထောင် ဟောင်း မှ အိမ် ထောင် သစ် သို့ ပါ လာ သော ပစ္စည်း ကို အ ထက် ပါ ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည်( ယင်း ပစ္စည်း သည် ပါ ရင်း ပစ္စည်း တစ် မျိုး သာ ဖြစ် ပါ သည်)

(၃) ကျား/ မ တို့ မ င်္ဂ လာ ဆောင် သည့် အ ချိန် ၌ နှစ် ဘက် မိဘ /ဆွေမျိုး / မိတ် ဆွေ သင်္ဂဟ တို့ က ပေး ကမ်း ကြ သည့် ပစ္စည်း ကို ခန်း ဝင် ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည်

(၄) ထိမ်း မြား သည့် အချိန် က ရှင် ဘု ရင် က ပေး သနား သည့် ပစ္စည်း ကို မင်း ပေး ပစ္စည်း ဟု ခေါ် ဆို ကြ ပါ သည်( ယခု ခေတ် ၌ မရှိတော့ပါ)

(၅) ကျား/မ တို့ လက် ထပ် ပြီး နောက် တိုးပွား လာသည့် ပစ္စည်း ကို လက် ထက် ပွား ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည်

လက် ထက် ပွား ပစ္စည်း ကို (၂) မျိုး ခွဲ ထား ပါ သည်
(၁) သာ မန် လက် ထက် ပွား
(၂) အေ မွ ရလက် ထက် ပွား

ကျားသို့ မ ဟုတ် မတစ် ဦး ဦး ရှာ ဖွေ ရှိ သည့် ပစ္စည်း သည် သာ မန် လက် ထက် ပွား ပစ္စည်း ကျား သို့ မ ဟုတ် မ တစ် ဦး ဦး ဘက် မှ ရ ရှိ သည့် အ မွေ ပစ္စည်း သည် အ မွေ ရ လက် ထက် ပွား ပစ္စည်း


(၆) ကျား/မ နှစ် ဦး စ လုံး အတူ ကြိုး ပမ်း ရှာ ဖွေ ရ ရှိ လာ သည့် ပစ္စည်း ကို နှစ် ပါး စုံ ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည်


(၇)ကျား/မ တို့ သီး ခြား ပိုင် ဆိုင် ကြောင်း သတ် မှတ် ထားသည့် ပစ္စည်း ကို သင်း သီး ပစ္စည်း ဟု ခေါ် ဆို သတ် မှတ် ကြ ပါ သည် (ယခု ခေတ် ၌ မ ရှိ တော့ ပါ ယ ခု ခေတ် မှာ လင် နှင့်မ ယား ပစ္စည်း ပိုင် ဆိုင် မှု သီး ခြား ခွဲ ခြားပိုင် ဆိုင် ကြောင်း မ သတ် မှတ် တော့ ဘဲ ပစ္စည်း အတူ တစ် ကွ ပိုင် ဆိုင် သည် ဟု သတ် မှတ် ထား ခြင်း ကြောင့် ဖြစ် ပါသည်)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...