Tuesday, December 2, 2014


မမှန်သတင်းပေးခြင်းနှင့် မမှန်စွပ်စွဲခြင်း


နိဒါန်း 

       တရားဥပ​ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးသည် နိုင်ငံ တစ်နိုင်ငံတွင်အရေးကြီးသောအချက်တစ်ရပ်ဖြစ်ကြောင်း လူအများ သိရှိကြပါသည်။ တရားစွဲ အဖွဲ့အစည်းများ ၊ရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံး ၊ တရားရုံးစသည့် ဥပဒေဘက်တော်သား ၊ အဖွဲ့အစည်းဌာနများသည်အဓိကတာဝန် ထမ်းရွက်ကြရ ကြောင်းတွေ့မြင်နိုင်ပါသည်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြစ်မှု့ကျူးလွန်သူတစ်ဦးကို ဥပဒေနှင့်အညီသင့်မြတ်သော ပြစ်ဒဏ်ချ မှတ်ရေးသည်ပဓနကျပါသည်။
       ပြစ်မှု့ ကျူးလွန်သူကို ဥပဒေနှင့် အညီတရားရုံးက ပြစ်ဒဏ်ချမှတ်ရေးအတွက်ဥပဒေအရာရှိများသည် ၂၀၀၁ ခုနှစ် ၊ ရှေ့နေချုပ်ဥပဒေ ပုဒ်မ-၉ ပါ လုပ်ငန်းတာဝန်များ အရဆောင်ရွက်ကြရပါသည်။ ဥပဒေအရာရှိများသည် ပြစ်မှု့များ ( Criminal Cases ) ကို ဥပဒေနှင့်အညီတရားစွဲတင်နိုင်ရန် တရားမစွဲမီ ဥပဒေအကြံပေးခြင်း ၊ တရားရုံးများတွင် ပြစ်မှု့ဆိုင်ရာအမှု့များအတွက် နိုင်ငံတော် ကိုယ်စား လိုက်ပါဆောင် ရွက်ကြခြင်းတို့ကို ထမ်းရွက်ကြရပါသည်။
       စာရေးသူခရိုင်ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းရွက်စဉ် မြို့နယ်ဥပဒေရုံးများကမကြာခဏမေးမြန်းဆွေးနွေးခြင်းပြုသည့် ဥပဒေရေးရာကိစ္စရပ်တစ်ရပ်ရှိပါသည်။ မမှန် သတင်းပေးခြင်း( False Information ) နှင့် မမှန်စွပ်စွဲခြင်း ( False Insitues ) ဖြစ်ပါသည်။ ကိစ္စတစ်ရပ်သည်မမှန်သတင်းပေးခြင်းလား ၊ မမှန်စွပ်စွဲခြင်းဆိုသည်ကို ဥပဒေအရာရှိများနှင့်အတူ ဥပဒေဘက်တော်သားအားလုံးကွဲကွဲပြားပြားသိသင့်ပါသည်။ထိုအမှု့များကို တရားစွဲဆိုပုံစနစ်နှင့် ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၉၅(၁)(က)၊ ၁၉၅(၁)(ခ) တို့ကို ကျေကျေညက်ညက်သိထားသင့်ပါသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါး ကိုရေးရန်အကြောင်းပေါ်ပေါက်ခဲ့ပါသည်။

     မမှန်သတင်းပေးခြင်း (False Information )



              မမှန်သတင်းပေးခြင်းနှင့် စပ်လျဉ်း၍ ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ- ၁၈၂ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။
       (က) သတင်းတစ်ခုနှင့်စပ်လျဉ်း၍အကြောင်းခြင်းရာအမှန်ကို အကယ်၍ သိခဲ့လျှင် ပြည်သူ့ဝန်းထမ်းကပြုထိုက်မည်မဟုတ်သောပျက်ကွက်မှု့ကိုပြုစေရန်သို့တည်းမဟုတ်
       (ခ ) လူတစ်ဦးတစ်ယောက်ကိုနစ်နာစေခြင်းငှာ သို့တည်းမဟုတ် စိတ်ငြိုငြင်စေ ခြင်းငှာ ပြည်သူ့ဝန်ထမ်းအား သူ၏ ဥပဒေအရအာဏာကို အသုံးပြုစေရန်ကြံရွယ်၍ သော်လည်းကောင်း ၊ ပြုစေတန်ရာသည်ကို သိလျှက်နှင့်သော်လည်းကောင်းပြည်သူ့ ၀န်ထမ်းသို့မမှန်ကြောင်း မိမိသိသောသို့တည်းမဟုတ် ယုံကြည်သော သတင်းကိုပေး လျှင်ထိုသူကို ( ၆ ) လအထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ တစ်ထောင်ထိ ငွေဒဏ်ဖြစ် စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

ဤပုဒ်မ၏ရည်ရွယ်ချက်မှာ ပြည်သူ့ဝန်ထမ်းတစ်ဦးက မမှန်မကန်သော သတင်း ပေး၍ ထိုသတင်းအရ ပြည်သူ့ဝန်ထမ်းဥပဒေစည်းမျဉ်းစည်းကမ်းနှင့် အညီ ၄င်းပြုလုပ် ရမည့်လုပ်ငန်းတာဝန်ကို ဆောင်ရွက်ခြင်းဖြင့်တစ်ဖက်သားသူကို နစ်နာမှု့တစ်စုံ တစ်ရာ ဖြစ်စေခြင်းမှကာကွယ်ရန်မမှန်သတင်းပေးသူကိုလဲ ဥပဒေအရအပြစ်ပေးရန်ဖြစ်ကြောင်း မြင်သာပါသည်။

       မမှန်စွဲဆိုခြင်း( False Institues )


              မမှန်စွဲဆိုခြင်းဆိုသည့် စကားရပ်တွင်ပြစ်မှု့ကြောင်းအရ မမှန်စွဲဆို ခြင်း ( False Charge ) မမှန်စွဲဆိုခြင်း ( Cause tothe instituted ) မမှန်စွပ်စွဲခြင်း ( Falsely Charge ) များလည်းအကျုံးဝင်ကြောင်းတွေ့ရပါသည်။ဤအချက်နှင့် စပ်လျင်း ၍ ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ - ၂၁၁ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။
              မမှန်သောသို့တည်းမဟုတ် ဥပဒေနှင့်ညီသောအကြောင်းယုတ္တိမရှိဟုသိလျှက်နှင့် မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို နစ်နာစေရန် အကြံနှင့် ထိုသူအ ပေါ်ပြစ်မှု့စွဲဆိုလျှင်သို့တည်းမဟုတ် စွဲဆိုစေလျှင် သို့တည်းမဟုတ် ထိုသူအပေါ်တွင် ပြစ်မှု့ကျူးလွန်သည်ဟု မမှန်မကန်စွပ်စွဲလျှင်ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

       ဤပုဒ်မ၏ရည်ရွယ်ချက်မှာ မမှန်မကန် တရားစွဲဆိုခြင်း ၊ တရားစွဲဆိုစေခြင်းနှင့်ပြစ်မှု့ကျူးလွန်သည်ဟု မမှန်မကန် စွပ်စွဲမှု့ပြုခြင်းမှ ကာကွယ်ရန်နှင့် ကျူးလွန်သူကိုအပြစ်ပေးနိုင်ရန် ရည်ရွယ်ကြောင်းတွေ့နိုင်ပါသည်။ ထိုသို့မမှန်မကန် တရားစွဲဆိုမှု့ စွဲဆိုစေမှု့၊ မမှန်စွပ်စွဲမှု့ပြုခဲ့ရာတွင် စွပ်စွဲသည့် ပြစ်မှု့အလေးအပေါ့အပေါ်မူတည်၍ ပြစ် ဒဏ်လည်းကွဲပြားနိုင်ကြောင်း ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ - ၂၁၁ ( ဒုတိယပိုင်း )တွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။
              ထို့ပြင် ထိုသို့ပြစ်မှု့ကြောင်းစွဲဆိုမှု့တွင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ် ကျွန်းဒဏ်ဖြစ်စေ ၊ ခုနှစ်နှစ် ( သို့မဟုတ် ) ခုနှစ်နှစ်ထက်ပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှု့ကို ကျူးလွန်သည်ဟု မမှန်စပ်စွဲခြင်းဖြစ်လျှင် စွပ်ဆွဲသူကိုခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

       ကွဲပြားခြားနားမှု


              မမှန်သတင်းပေးခြင်း ( ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ - ၁၈၂ )သည်ပြစ်မှု့ဆိုင် ရာဥပဒေအခန်း ( ၁၀ ) ပြည်သူ့ဝန်ထမ်းများ၏ ဥပဒေအရ အာဏာကို မထီလေးစား ပြုခြင်းခေါင်းစဉ်အောက်၌ပါဝင်ပါသည်။မမှန်စွဲဆိုခြင်း ( ပြစ်မှု့ဆိုင်ရာဥပဒေ ပုဒ်မ - ၂၁၁) သည် ပြစ်မှု့ဆိုင်ရာဥပဒေအခန်း( ၁၁ ) မမှန်သက်သေခံမှု့နှင့် ဖြောင့်မှန်စွာ တရားစီရင်ရေးကို ဆန့်ကျင်သော ပြစ်မှု့များခေါင်းစဉ်အောက်တွင်ပါဝင်ပါသည်။ပုဒ်မ နှစ်ရပ်ပါ ပြစ်မှု့အင်္ဂါရပ် ( Ingredience ) များမှာလည်း တူညီမှု့မရှိကြသည်ကို ထောက်ရှုခြင်းဖြင့်မမှန်သတင်းပေးခြင်း နှင့် မမှန်စွပ်စွဲခြင်းတို့မှ ကွဲပြားခြားနားမှု့ရှိ ကြောင်းတွေ့ရပါသည်။
              ပြည်သူ့ဝန်ထမ်းတစ်ဦးထံသို့ မမှန်သတင်းပေးခြင်းဖြစ်သဖြင့်ပြည်သူ့ ၀န် ထမ်းသည် ဥပဒေအရလည်းကောင်း ၊ လုပ်ဆောင်ရမည့်အလုပ်ကို လုပ်ဆောင်ရခြင်းဖြင့်အနှောက်အယှက်ဖြစ်စေမှု့(သို့မဟုတ်) ပျက်ကွက်ထိုက်သည်မဟုတ်သော ပျက်ကွက် မှု့ကြောင့် အနှောက်အယှက်ဖြစ်စေမှု့သည်ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ - ၁၈၂ နှင့် သက်ဆိုင်ကြောင်းမြင်သာပါသည်။ ဤပြစ်မှု့ကို ဒုတိယတန်းအာဏာရတရားသူကြီးက စစ်ဆေးနိုင်ပါသည်။
              ဥပမာ(၁) လူတစ်ယောက် ရဲစခန်းမှူးထံ မြို့ပြင်၌ လူသေမှု့တစ်ခုဖြစ်ပေါ်နေကြောင်း သတင်းပေးလာသဖြင့် ရဲစခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်သည်ဆိုသောနေရာ သို့ သွားကြည့်ကြသည်။ထူးခြားမှု့တစ်စုံတစ်ရာမတွေ့ အမှန်တကယ်လူသေမှု့လည်း မရှိခဲ့လျှင် သတင်းပေးသူသည် မမှန်သတင်းပေးခြင်းဖြင့်အရေးယူခံရမည်ဖြစ်ပါသည်။
              ဥပမာ(၂) ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌထံသို့မမှန်မှန်းသိလျှက်နှင့် မောင်ဖြူနစ်နာစေရန် မောင်ဖြူသည်ဝရမ်းပြေးတစ်ဦးဖြစ်ကြောင်းမောင်နီက တိုင်တန်းသည် ဥက္ကဌက မောင်ဖြူကိုခေါ်ယူပြီးစစ်ဆေးမှု့များ ပြုလုပ်သည်။ စစ်ဆေးတွေ့ရှိချက်နှင့် အထောက်အထားများအရ မောင်ဖြူမှာ သာမာန်လူကောင်း တစ်ဦးဖြစ်ကြောင်းတွေ့ရပါသည်။မောင်နီသည်မမှန်သတင်းပေးမှု့အရ ငြိစွန်းနိုင်သည်။
              မမှန်စွပ်စွဲဖြင်းမှာ တစ်ဦးတစ်ယောက်အပေါ် မမှန်မကန် စွပ်စွဲတိုင်တန်းခြင်းတရားစွဲဆိုခြင်းနှင့်သက်ဆိုင်ကြောင်းတွေ့ရပါသည်။ မမှန်စွပ်စွဲခြင်းသည် ရဲစခန်းနှင့်တရားရုံးများသို့တိုင်တန်းသည့် ကိစ္စများနှင့် များသောအားဖြင့် ဆက်စပ်ပါသည်။ ထို့ပြင်ပြည်သူ့ဝန်ထမ်းတစ်ဦးထံသို့ တစ်ဦးတစ်ယောက်အား အရေးယူစေရန် မမှန် မကန်စွပ်စွဲတိုင်တန်းခြင်းမျိုးကိုလည်းမမှန်စွပ်စွဲဖြင်းဖြင့် အရေးယူနိုင်ကြောင်း စီရင်ထုံး များအရတွေ့ရှိနိုင်ပါသည်။ မမှန်စွပ်စွဲခြင်းပြစ်မှု့ပုဒ်မ-၂၁၁ အရစွဲဆိုသည့် အမှု့ကို ပထမတန်းအာဏာရ တရားသူကြီးက စစ်ဆေးနိုင်ပါသည်။
              ရဲစခန်းတွင် လူတစ်ဦးအားအရေးယူပေးရန် ပထမသတင်းပေးတိုင်တန်းချက်( First Imformation Report F.I.R) ရေးဖွင့်တိုင်တန်း၍ ရဲက စုံထောက်စစ်ဆေးမှု့ (Investigation ) ပြုလုပ်ခဲ့ရာ တိုင်တန်းမှု့မှာ လီဆည်တိုင်တန်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါကတိုင်တန်းသူအပေါ် မမှန်စွပ်စွဲဖြင်း ၊ ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ - ၂၁၁ အရ သက်ဆိုင်ရာရဲစခန်းက တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ပါသည်။ ပြစ်မှု့ဆိုင် ရာဥပဒေပုဒ်မ - ၁၈၂အရသာငြိစွန်းသည်ဟု အစွဲအလမ်းအယူအဆများရှိနေကြဆဲဖြစ် ကြောင်းတွေ့ရှိရပါသည်။ ဤအစွဲအလမ်းအယူအဆသည်မှားယွင်းနေပါသည်။
              အလားတူပြည်သူ့ဝန်ထမ်းတစ်ဦးကို အရေးယူပေးရန် အထက်အရာရှိများ၊ အာဏာပိုင်များထံတိုင်တန်းခြင်းကြောင့် စီစစ်သည့်တိုင်စားများနှင့် စပ်လျဉ်း၍ စစ်ဆေးရေးအဖွဲ့က တိုင်စာမှာ မမှန်မကန်စွပ်စွဲတိုင်တန်းကြောင်း သုံးသပ်သဖြင့် တိုင်သူကို တရားစွဲရန်ကိစ္စများမှာလည်းမမှန်သတင်းပေးခြင်းဖြင့် အရေးမယူသင့်ပဲ မမှန်စွပ်စွဲခြင်း ဖြင့်အရေးယူသင့်ကြောင်း စီရင်ထုံးလမ်းညွန်ချက်များအရတွေ့ရှိရပါသည်။

              ဂရုပြုသင့်သောစီရင်ထုံးများ


တရားခံကိုယ်တိုင်သော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်း ( သို့မဟုတ်) အခြားသူ တစ်ဦးတစ်ယောက်မှ တစ်ဆင့်သော်လည်းကောင်း ၊ ပြစ်မှု့ရုံးတွင်တစ်ခုခုကိုတိုင်တန်း ဆောင်ရွက်ခြင်းသည် ပြစ်မှု့စွဲဆိုခြင်း ၊ စွဲဆိုစေခြင်းဖြစ်သည်။
မငွေနှင့်မချစ်(၁၉၁၀-၁၃)အတွဲ-၁အထက်မြန်မာပြည်စီရင်ထုံး စာ-၁၃၄
မ၀ါနှင့်အစိုးရ အတွဲ-၈ အောက်မြန်မာပြည်စီရင်ထုံးစာ - ၅၃၄
              သတင်းပေးခြင်းဆိုသည့်စကားကို ထောက်ရှုလျှင် အလိုလျှောက်သတင်းပေးခြင်းကိုသာဆိုလိုသည်။ ပြည်သူ့ဝန်ထမ်းကမေးမြန်း၍ ဖြေရှင်းရခြင်းသည် သတင်း ပေးသည်ဟုဆိုရန်ခဲ့ယဉ်းသည်။သို့ဖြစ်၍ ရဲအရာရှိက အမှု့ကို စုံးစမ်းမေးစဉ် သက်သေ တစ်ဦး၏ထွက်ချက်သည် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၁၈၂အရအကျုံးဝင်သည့်သတင်းဖြစ် သည်ဟု မဆိုနိုင်ပေ။
စူလတန် နှင့် မေဂျာဝဲလ်ဘုန်းအတွဲ(၃) ရန်ကုန် စာ - ၅၇၇
မောင်ဘိုနီ နှင့်အစိုးရ ၁၉၆၃ရန်ကုန် စာ - ၉၇
ဦးစိုးလှိုင် နှင့် အာမီအဘဂေလ်၁၉၃၇ ရန်ကုန် စာ-၂၃၂
              တရားခံမမှန်သော သတင်းကိုရဲထံပေးသဖြင့် ရုံးသို့ပြစ်မှု့စွဲဆိုတင်ပို့ရသည့်အခြေသို့ရောက်လျှင် တရားခံအပေါ်ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ-၂၁၁ အရအရေးယူသင့် ပေသည်။ ရဲထံတိုင်တန်း၍ ရဲလုပ်ငန်းများ အပြည့်အစုံဆောင်ရွက်ပြီးနောက် တရားရုံး သို့စွဲမတင်နိုင်ဘဲလီဆယ်မှု့အဖြစ် အပေါ်ပေါက်၍ အမှု့ပိတ်ရလျှင် တိုင်တန်းသူသည် မမှန်စွပ်စွဲခြင်းအရ တရားစွဲဆိုခံရနိုင်ပါသည်။
       ထိုပုဒ်မသည် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ - ၁၈၂ ထက်ကြီးလေးသဖြင့်သာကြီးလေးသောပုဒ်မဖြင့်သာအရေးယူသင့်ပေးသည်။ သို့ရာတွင်ပုဒ်မ-၂၁၁အရ အရေးမယူပဲ ပုဒ်မ-၁၈၂ အရ အရေးယူခြင်းကိုပိတ်ပင်ခြင်းမရှိချေ။
မစောရင်နှင့် အစိုးရ(၁၉၂၁)အတွ့(၁၁)အောက်မြန်မာပြည်စီရင်ထုံးစာ-၃၄
       အမှန်မှာ တရားခံသည် ပြစ်မှု့ပုဒ်မ-၁၈၂ နှင့် ၂၁၁ ပြစ်မှု့နှစ်ရပ်ကိုကျူးလွန်ခြင်း ဖြစ်၍မည်သည့်ပုဒ်မအရမဆို အရေးယူနိုင်သည်။
မပေါ်နှင့်အစိုးရ ( ၁၉၃၀)အတွဲ(၈)ရန်ကုန် စာ-၄၉၉
       ပြစ်မှု့ဆိုင်ရာတရားရုံး၌ မှုခင်းတစ်ခုခုကို စတင်ရန်နည်းလမ်းနှစ်သွယ်ရှိရာပထမ နည်းလမ်းမှာ ပြစ်မှု့ရုံတွင် ဦးတိုက်လျှောက်ထားခြင်း (Complaint ) ဖြစ်ပြီး ၊ ဒုတိယနည်းလမ်းမှာ ရဲထံသို့ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၅၄အရ တိုင်တန်းခြင်း(Imformation) ပြုနေသဖြင့် တိုင်တန်းခံရသူအပေါ်ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ -၁၉၀အရ တရားရုံးသို့ တရားစွဲတင်ပို့ခြင်းဖြစ်သည်။ ပထမနည်းမှာ တရားခံသည် ပြစ်မှု့စွဲဆိုခြင်း(Cause to be instituted ) ဖြစ်သည်။ အကယ်၍ ရဲက တရားခံ၏တိုင် တန်းချက်ကို မယုံကြည်သဖြင့်တရားရုံးသို့စွဲတင်ပို့ခြင်းမပြုလျှင် ပြစ်မှု့စွဲဆိုခြင်း ၊ စွဲဆို စေခြင်း၊မမြောက်ပဲပြစ်မှု့ကျူးလွန်သည်ဟုမမှန်သတင်းပေးခြင်းသာဖြစ်သည်။
အစိုးရနှင့်မတန်ကြီး ၁၉၃၈၊ ရန်ကုန် စာ-၂၃၆
       A က B နစ်နာစေရန်အကြံဖြင့် B သည် A ၏အိမ်မှ ပစည်းကို ခိုးယူခဲ့ကြောင်း၊ ရဲထံသတင်းပေးတိုင်တန်းသဖြင့် ရဲက B ၏အိမ်ကို ၀င်ရောက်ရှာဖွေမှု့ပြုလုပ်သည်။ သတင်းပေးချက်သည်မှားယွင်းကြောင်းပေါ်ပေါက်ခဲ့သည်။မမှန်စွပ်စွဲဆောင်ရွက်ခြင်း (Instutued Criminal Proceeding ) ဖြစ်၍ ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၂၁၁အရ အကျုံး ၀င်သည် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၁၈၂ အရ အကျုံးမ၀င် ။
မူသရာနှင့် ရော်တရာ (၁၈၇၂)၁၉ ဒဗလျှူအာ (စီအာ) ၅ (Multhar v.Ruora (1872) 19V.R (er)5)
       သေဆုံးသူ၏ သမီးဖြစ်ကြောင်း အဆိုပြုသူက သေဆုံးသူ၏ တူ၊တူမဖြစ်ကြသည်ဟုအဆိုရှိသူများအပေါ် သေဆုံးသူ၏ပစ္စည်းများကို အလွဲသုံးစားပြုလုပ်သည်ဟုစွဲဆိုခြင်း မှာတစ်ဖက်အားနစ်နာစေလိုသော အကြံဖြင့်စွဲဆိုခြင်းဖြစ်သည် ဟုမဆိုနိုင်ချေ။ တရားမ ကြောင်းစွဲဆိုသင့်သောအမှု့မျိုးကိုပြစ်မှု့ဆိုင်ရာအနေဖြင့် စွဲဆိုခြင်းသာဖြစ်သည်။ တရားမကြောင်းအရ အချက်များကို ဖော်ပြလျှင်တရားရုံး၌ ပြစ်မှု့ဆိုင်ရာ အမှု့အဖြစ်မှား ယွင်းစွာတိုင်တန်းခြင်းအားဖြင့် ပြစ်မှု့ပုဒ်မ-၂၁၁အရအရေးယူနိုင်မည်မဟုတ်ချေ။
ဦးသွင်ပါ ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော်၁၉၇၆ ( ဗဟိုတရားရုံး) စာ-၁၃၆
ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေနှင့်ညီညွတ်ရန်လိုခြင်း
       ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ-၁၈၂ အရ အရေးယူမည့်ကိစ္စကို သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်း (Public Servant ) ကိုယ်တိုင် ( သို့မဟုတ်) ၄င်း၏အထက်ပြည်သူ့ဝန်ထမ်း၏ စာဖြင့်ရေးသားတိုင်တန်းချက်အရမဟုတ်လျှင်အရေးမယူရကြောင်း ပြစ်မှု့ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(က) တွင်ပြဌာန်းထားပါသည်။
       ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ-၂၁၁ အရ အရေးယူမည့်ကိစ္စတစ်ရပ်သည် တရားရုံးတွင်စစ်ဆေးသော မှု့ခင်းတစ်ရပ်ရပ်မှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်လျှင် ထိုတရားရုံး၏(သို့မဟုတ်) အဆိုပါတရားရုံး၏ အထက်တရားရုံးက စာဖြင့် ရေးသားတိုင်တန်းခြင်းမဟုတ်လျှင် အရေးယူဆောင်ရွက်မှု့မပြုရကြောင်းပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(ခ) တွင် ပြဌာန်းထားပါသည်။
       ပြစ်မှု့ပုဒ်မ -၁၈၂ အရ မမှန်သတင်းပေးခြင်းဖြင့် ဥပဒေအရ အရေးယူမည်ဆိုလျှင်သတင်းပေးခြင်းကို လက်ခံရယူခဲ့သည့်အပြင် ပြည်သူ့ဝန်ထမ်း ( သို့မဟုတ်) ၄င်း၏ အထက် ပြည်သူ့ဝန်ထမ်းကတရားရုံးသို့ဦးတိုက်လျှောက်ထားခြင်း ( Direct) ပြုလုပ် ရန်လိုအပ်ပါသည်။
       တရားရုံးတွင် အမှု့စစ်ဆေးနေစဉ် သက်သေသည် ပထမ သတင်းပေးတိုင်ချက်ကိုဖျက်၍ထွက်ဆိုခြင်း ၊ ၄င်းကိုယ်တိုင်လက်မှတ်ထိုး(သို့မဟုတ်) လက်ဗွေနှိပ်ထားသော တိုင်ချက်ကိုဆန့်ကျင်ထွက်ဆိုခြင်းပြုလာပါက ပြစ်မှု့ပုဒ်မ-၂၁၁အရ ငြိစွန်းပါမည်။ အထူးသဖြင့် လူကိုသွေးဆောင်ခေါ်ယူမှု့(Abduction) မုဒိန်းမှု့(Rape) များတွင် တရားရုံးပြင်ပ၌ တရားလိုနှင့် တရားခံ ညှိနှိုင်းပြေလည်မှု့ရသွားပါကတရားလိုသည် တရားရုံးတွင် တိုင်ချက်ကို ဆန့်ကျင်ထွက်ဆိုတတ်ကြပါသည်။ ဤသို့ဆိုလျှင် တရားလိုသည် တရားခံကို မမှန်စွပ်စွဲခဲ့သည်ဟု ကောက်ယူရန်သာဖြစ်ပါသည်။
       တရားရုံးတွင် စစ်ဆေးသော အမှု့တွင် ပြစ်မှု့ပုဒ်မ-၂၁၁ အရ အရေးယူမည့်ကိစ္စ ပေါ်ပေါက်လာပါက အမှု့လိုက်ပါသော ဥပဒေအရာရှိသည် အမှု့စစ်သည့်တရားသူကြီး ထံသို့ ကိစ္စအပေါ်အရေးယူပေးပါရန် စာဖြင့် တရားဝင်တင်ပြလျှောက်ထားရပါမည်။ အမှု့စစ်သည့်တရားသူကြီးသည် မိမိကိုယ်တိုင်သက်ဆိုင်ရာတရားရုံးသို့လိပ်မူလျှက် မမှန်စွပ်စွဲခြင်းပြုသူကို အရေးယူပေးရန် စာဖြင့်လည်းကောင်း မမှန်စွပ်စွဲသူကိုတရားခံ အဖြစ်လည်းကောင်း အမှု့ဖွင့်ရပါမည်။ အမှု့စစ်သော ဥပဒေအရာရှိနှင့် ပထမသတင်း ပေးတိုင်ချက်လက်ခံခဲ့သောရဲအရာရှိတို့မှ သက်သေဖြစ်သင့်ပါသည်။ ထိုအမှု့ကို တရားသူကြီးကိုယ်တိုင် ကြားနာခွင့်မရှိဘဲတရားသူကြီးကသာကြားနာစစ်ဆေးရမည်ဖြစ် ပါသည်။ ဤသို့ဆောင်ရွက်ခြင်းသည် ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၁၉၅(၁)(ခ) နှင့်အညီဖြစ်စေပါသည်။
       ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ-၁၈၂အရ အရေးယူသည့် ကိစ္စတိုင်း သက်ဆိုင်ရာပြည်သူ့ဝန်ထမ်း(သို့မဟုတ်) သူ့အထက်ပြည်သူ့ဝန်ထမ်းက စာဖြင့်ရေးသားတိုင်တန်း စွဲဆိုရပေသည်။ထို့အတူ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ - ၂၁၁ အရအရေးယူသည့်ကိစ္စတွင် သက်ဆိုင်ရာ တရားရုံး(သို့မဟုတ်)ထိုတရားရုံး၏အထက်တရားရုံးက စာဖြင့် ရေးသား တိုင်တန်းစွဲဆိုရပေသည်။ ထိုသို့ပြည်သူ့ဝန်ထမ်းကသော်လည်းကောင်းစာဖြင့်ရေးသား တိုင်တန်းစွဲဆိုခြင်းမရှိလျှင် အဆိုပါပြစ်မှု့များကို မည်သည့်တရားရုံးကမှလက်ခံအရေ ယူခွင့်မရှိကြောင်း ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၉၅(၁)(က)နှင့် ၁၉၅(၁)(ခ)အသီးသီးတွင်တားမြစ်ထားပါသည်။
ဦးဥာဏ် ပါ၂ နှင့် ဦးမောင်မောင်ကြီး၁၉၈၁ခုနှစ် ၊ မတစ (ဗဟိုတရားရုံး)စာ -၄၀
       ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(က)တွင်မည်သည့်တရားရုံးကမှပြစ်မှု့ ဆိုင်ရာဥပဒေပုဒ်မ-၁၇၂ မှ ၁၈၈ ထိပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှု့တစ်စုံတရာကို သက်ဆိုင်ရာပြည်သူ့ဝန်ထမ်း၏ (သို့မဟုတ်) ၄င်း၏အထက်ပြည်သူ့ဝန်ထမ်း၏ စာဖြင့် ရေးသားတိုင်တန်းချက်အရမဟုတ်လျှင်အရေးယူဆောင်ရွက်ခြင်းမပြုရဟု ပြဌာန်းထား သည်။ မူလရုံးအမှု့တွင် ဒုရဲအုပ်စခန်းမှူး သုခသည် တရားခံ အေးကို အားအရေးယူပေး ရန်တရားရုံးသို့စာဖြင့် ရေးသားတိုင်တန်းခဲ့သည်ကို မတွေ့ရဘဲရဲစခန်းသို့သာ သတင်းပေးတိုင်တန်းခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် ၄င်းမှာ ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၁၉၅ (၁)(က)ပါ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သော်လည်း ကောင်း ၊ ထိုဝန်ထမ်း၏အထက်ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်းသော်လည်းကောင်းပေါ် ပေါက်ခြင်းမရှိချေ။ သို့ဖြစ်၍ မူလရုံးအမှု့မှာကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(က)ပါ ပြဌာန်း ချက်နှင့် ညီညွတ်သည်ဟုမဆိုသာပေ။
အေးကို နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၉၃ ၊ မတစ ( တရားရုံးချုပ်)စာ-၂၃၂
       အချို့သော ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အာဏာပိုင်ပြည်သူ့ဝန်ထမ်းများထံတိုင်စာများပေးပို့လေ့ရှိကြပါသည်။ တိုင်စာပါ အချက်အလက်များမှာ တစ်စုံတစ်ဦးကို နစ်နာစေရန်မမှန်မကန်စွပ်စွဲချက်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက တိုင်တန်းသူသည် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၂၁၁အရ အရေးယူခြင်းခံရနိုင်ပါသည်။ ဤကိစ္စမျိုးသည် တရားရုံးတွင် အမှု့စစ်ဆေးရာမှ ပေါ်ပေါက်ချက်မျိုးမဟုတ်၍ပြစ်မှု့ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၉၅(၁)(ခ)နှင့် မသက်ဆိုင်ကြောင်းတွေ့ရှိရပါသည်။
       ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၂၁၁ တွင်ပါရှိသည့် “ ထိုသူအပေါ်ပြစ်မှု့ကျူးလွန်သည်ဟု မမှန်မကန်စွပ်စွဲလျှင်” ဆိုသည့်စကားရပ်မှာ အရေးယူပိုင်ခွင့်ရှိသည့် အာဏာရှင်တစ်ဦးဦးအား တစ်စုံတစ်ယောက်သောသူသည် ပြစ်မှု့ကျူးလွန်ပါသည် ဟုမမှန်မကန်စွပ်စွဲ ခြင်းကိုဆိုသည်။ထို ထွန်းပေါ်ပါ ၅ ဦးက ထိုစဉ်က နွားလျှာရိုးကျေးရွာ ငြိမ်ဝပ်ပိပြားမှု့ တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုအေးလွင်အား အရေးယူပေးပါရန် ခရိုင်ငြိမ်ဝပ်ပိပြားမှု့ တည်ဆောက်ရေးအဖွဲ့သို့ တိုင်ကြားရာမှပေါ်ပေါက်လာသည့် အမှု့ဖြစ်သည်။ သို့ဖြစ်၍ ဤအမှု့မှာ တရားရုံးက ဆောင်ရွက်သည့် မှုခင်းတစ်စုံတစ်ရာနှင့်စပ်လျင်းခြင်းမရှိ၍ပြစ်မှု့ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(ခ) နှင့် သက်ဆိုင်ခြင်းမရှိပေ။
ဦးထွန်းပေါ်ပါ ၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂ ၊ ၁၉၆၆ မတစ ၊ တရားရုံးချုပ် စာ-၉၈
       တရားရုံးတစ်ရုံးတွင် စွဲဆိုထားသော အမှု့နှင့် မမှန်မကန်စွပ်စွဲခြင်းမဟုတ်ပဲအထက်အဖွဲ့အစည်းများသို့ စာဖြင့် ရေးသားပြီး မမှန်မကန်စွပ်စွဲတိုင်ကြားခံရသဖြင့် တရားလိုဦးဘိုအောင်ကယင်းသို့တိုင်ကြားသူများအပေါ် ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၂၁၁ အရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားစွဲဆိုသောအမှုသည်ပြစ်မှု့ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၁၉၅(၁)(ခ)တွင် ဖော်ပြထားသော အမှုအမျိုးအစား နှင့်အကျုံးဝင်ခြင်း မရှိ ပေ။
ဦးလှမြင့်ပါ ၈ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂ ၊ ၁၉၆၆၊မတစ၊(တရားရုံးချုပ်) စာ-၁၉၅
       တရားစွဲဆိုသည့် အဆင့်မရောက်ဘဲတိုင်ချက်ကို မှန်ကန်ခြင်းမရှိဟု ယူဆပြီးပယ်ပါက တရားရုံး၏ တိုင်တန်းချက်ရယူရန် လိုအပ်မည်မဟုတ်ပေ။
အစိုးရနှင့် အ၀ါစ ၊ အတွဲ(၈)အောက်မြန်မာပြည်စီရင်ထုံးစာ-၃၅၄
       ခိုးမှုကျူးလွန်သည်ဟု ရဲစခန်း၌ မမှန်သတင်းပေးသဖြင့် တရားရုံးသို့တရားစွဲဆိုခဲ့သည့်အမှု့မှာ ပုဒ်မ-၂၁၁ နှင့် အကျုံးဝင်နေသောကြောင့် မမှန်သတင်းပေးစတင်ပေးခံ ခဲ့သည့်အရာရှိ၏အမိန့်(Sanction) မလိုဘဲ တရားခံအပေါ် တရားစွဲဆိုနိုင်သည်။ သို့သော် သက်ဆိုင်ရာ တရားသူကြီး၏အမိန့် (Sanction) ကိုမူယူရန်လိုသည်။
မငွေ နှင့် မချစ် ( ၁၉၁၀-၁၃)အထက်မြန်မာပြည်စီရင်ထုံးစာ-၁၃၄
ဂျက်ရူးနှင့်ပါလာ (၁၉၁၄-၁၆)အထက်မြန်မာပြည်စီရင်ထုံး၊ စာ-၉၅
       ပြည်သူ့ဝန်ထမ်းတစ်ဦးအား မမှန်သတင်းပေးရာ၌ လူတစ်ဦးတစ်ယောက်အား အသေရေပျက်စေလျှင်ပြည်သူ့ဝန်ထမ်းက ဤပုဒ်မအရအရေးယူစေကာမူ အသေရေ ပျက်ခြင်းခံရသူက တရားခံအပေါ် ပုဒ်မ-၅၀၀အရ အရေးယူနိုင်သည်။ ပုဒ်မ-၁၈၂ နှင့် ၅၀၀ တို့မှာ သီးခြားပြစ်မှု့များဖြစ်သည့်အားလျှော်စွာပုဒ်မ-၅၀၀ အရ အရေးယူရာ၌ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်း၏ တိုင်တန်ျးက်ရှိရန်မလိုအပ်ပေ။
ဦးအောင်ဖေနှင့်အစိုးရ ၁၉၃၈၊ ရန်ကုန်စီရင်ထုံး - စာ - ၄၀၄
       ယခုအမှုတွင် တိုင်ကြားသူတရားလိုမှ ရဲအုပ်ခင်အေးဖြစ်၍ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းမဟုတ်သည်ကိုတွေ့ရသည်။ မူလရုံးတရားလိုရဲအုပ်ခင်အေးသည် ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ-၁၈၂နှင့် ၅၀၀ အရ ပြစ်မှုကို စွဲဆိုပိုင်ခွင့်မရှိပေ။ ပြစ်မှု့ဆိုင်ရာဥပဒေ ပုဒ်မ-၁၈၂ အရ တိုင်တန်းလျှင်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(က)ပါ ပြဌာန်းချက် ကိုလိုက်နာရမည်။ ထို့အတူပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ-၅၀၀ အရ တိုင်တန်းလျှင် ပြစ်မှု့ ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၉၈ကိုလိုက်နာရမည်။
ဦးမြင့်သိန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၁၉၉၉ ၊ မတစ (တရားရုံးချုပ်) စာ-၆၆

နိဂုံး


       ပဲခူးခရိုင်အတွင်းမြို့နယ်တရားရုံးတစ်ရုံးတွင် တရားရုံးရှေ့၌ မုဒိန်းမှု့တစ်ခုကိုစစ်ဆေးစဉ် တရားလိုက ပထမ သတင်းပေးတိုင်ချက်ကို ဆန့်ကျင်ထွက်ဆိုသဖြင့် အမှု့ ပျက်ခဲ့ပါသည်။အဆိုပါ သက်သေကို တရားစွဲအဖွဲ့အစည်းက တရားရုံးသို့ အရေးယူ ပေးပါရန် လျှောက်ထားရာ တရားရုံးကတိုင်လျှောက်သူဒုရဲအုပ်ကို တရားလိုအဖြစ်ဖော် ပြပြီး ၊ သက်သေတရားခံအဖြစ်ဖော်ပြ၍ အမှုဖွင့်ပါသည်။ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၈၂ အရ အရေးယူပြီး ၊ တရားခံကိုဆင့်ခေါ်ပါသည်။ သမ္မာန်မှုဖြစ်၍အမှုစစ်သည့်နေ့တွင် တရားရုံး၏ အရေးယူထားမှုကိုတရားခံအာရှင်းပြ၍ အပြစ်ရှိမရှိမေးမြန်းရာတရားခံက အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။ စွဲဆိုသည့်ဥပဒေပုဒ်မ-၁၈၂ အရ ဒဏ်ငွေ(၁၀၀၀ိ) ဆောင်စေရန်မဆောင်က ထောင်(၁)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ပြစ်ဒဏ်နည်းသဖြင့် ပြင်ဆင်မှုတတ်ပေးပါရန်တင်ပြလာသောအခါ အမှုစွဲဆိုဆောင်ရွက် ပုံမှာ မှားယွင်းနေသဖြင့် အဟောသိကံဖြစ်ခဲ့ရပါသည်။
       ကိစ္စတစ်ရပ်သည် မမှန်သတင်းပေးခြင်းလား ၊ မမှန်စွဲဆိုခြင်းလားဆိုသည်ကိုကွဲကွဲ ပြားပြားသဘောပေါက်သိရှိရန် အရေးကြီးပါသည်။ ယင်းနောက်လိုက်နာရမည့် ပြစ်မှု့ ဆိုင်ရာကျင့်ထုံးဥပဒေနှင့် လျှော်ညီစွာဆောင်ရွက်ရန်လိုအပ်ပါသည်။ ဆောင်ရွက်ပုံနည်း စနစ်ကိုလည်း ကောင်းစွာသိရှိထားသင့်ပါသည်။ဤဆောင်းပါးသည် ဥပဒေဘက်တော် သားများအား တစ်စုံတရာသော ဥပဒေဗဟုသုတ ဖြစ်ထွန်းစေလိမ့်မည်ဟုယုံကြည့်ပါသည်။
 ဦးလှသိန်း ပြည်နယ်ဥပဒေအရာရှိ ၊ ရခိုင်ပြည်နယ်ဥပဒေရုံး (ဥပဒေပညာ ဂျာနယ် ၊ တွဲ ( ၉ ) ၊ အမှတ် ( ၂ )



Facebook Like Page: ဥပ​ဒေ မှတ်​စု  မှ ပြန်​လည်​ မျှ​ဝေပါသည်​။







သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...