Saturday, December 6, 2014

ဥမကွဲ အသိုက်မပျက် (၂)



ဥမကွဲ အသိုက်မပျက် (၂)



စွန့်ပစ်ခြင်း


     မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ဖြစ်သူသည်လည်းကောင်း ၊ မယားဖြစ်သူသည်လည်းကောင်း မိမိ၏ ခင် ပွန်း၊ ဇနီးမယားကို အဆက်အသွယ်မလုပ်တော့ဘဲ အကြောင်းမဲ့စွန့်ပစ်ခြင်းဟာလည်း ကွာရှင်းနိုင် ခွင့် ရရှိနိုင် ပါတယ်။ စွန့်ပစ်တယ်ဆိုရာမှာလည်း လင် မယားချင်း စကားများ ရန်ဖြစ်ပြီး အိမ်ကနေ တစ်ပတ်တန်သည်တစ်လတန်သည် ထွက်ခွါသွားရုံလောက်နဲ့တော့ စွန့်ပစ်တယ်လို့ မဆိုနိုင်ပါဘူး။ အချိန်ကာလ သတ်မှတ်ချက်များ ရှိပါတယ်။ စွန့်ပစ်ခြင်းမှာတော့ အချိန်ကာလ အတိုင်း အတာ သတ်မှတ်ချက်ဟာ အင်မတန် အရေးကြီးလှပါတယ်။

    လင်ဖြစ်သူသည် မိမိဇနီးမယားအား (၃)နှစ်တိုင် အောင် အဆက်အသွယ် မပြုပဲ  စွန့်ပစ်ထားပြီး မယားကို ထောက်ပံ့ခြင်းမပြုလျှင် အဲဒီလင် ကို မယားကကွာရှင်းခွင့် တောင်းဆိုနိုင် ခွင့် ရှိပါတယ်။ ထို့အတူ မယားဖြစ်သူဟာလည်း လင်ဖြစ်သူကို (၁)နှစ်(တစ်နှစ်)ကြာအောင် အဆက်အသွယ်မပြုခဲ့ပဲ စွန့်ပစ်ထားခဲ့ လျှင် လင်ဖြစ်သူက အဲဒီမယားဖြစ်သူကို ကွာရှင်းခွင့် တောင်းဆိုနိုင် ခွင့် ရှိပါတယ်။
    ဒါပေမယ့်သူတို့ရဲ့စွန့်ပစ်မှုများဟာခိုင်လုံတဲ့အကျိုးအကြောင်းရှိခဲ့ရင်တော့ဒီအခွင့်အရေးကို တောင်းဆိုနိုင် မှာ မဟုတ်ပါဘူး။ စွန့်ပစ်မှုများဟာ အကြောင်းမဲ့ မဖြစ်ရပါဘူး။ လင် ဖြစ်စေ၊ မယားဖြစ်စေ အိမ်ကနေ ခရီးတစ်ခုခုကို ထွက်ခွါသွားပြီး လမ်းမှာ တစ်စုံတစ်ခုသော အကြောင်းတရားများကြောင့် (ယာဉ်Accident မျိုးဖြစ်ပြီး အာရုံကြောထိခိုက်သွားကာ မိမိရဲ့ ဇနီး/ခင် ပွန်းရှိရာကို မပြန်နိုင်တော့ဘဲ အချိန်ကာလ များစွာ ကြာသွားစေတဲ့ ကိစ္စမျိုး)ဆိုရင်တော့ အကြောင်းမဲ့ဆိုတဲ့စကားလုံးနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။ အဓိကအားဖြင့် အထက်မှာဖေါ်ပြခဲ့တဲ့ သတ်မှတ်ကာလများပြည့်ပြီးသည်ထိ အကြောင်းမဲ့ စွန့်ပစ်မှုမျိုးကသာ ဒီပြဋ္ဌာန်းချက်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

လည်ဆည် ခြင်း


    လည်ဆည်ခြင်းဆိုတာကတော့ လိမ်လည်ပြောဆိုကာ ရယူခြင်းတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားတစ်ဦးဟာ မိမိမှာ သားကြီး မယားကြီး ရှိပါလျှက်နဲ့ လူပျိုပါ၊ သူ့မှာ အိမ်ထောင် မရှိပါဘူး ဒါမဟုတ် အိမ်ထောင် ရှိသော် လည်း တရားဝင် ကွာရှင်းပြတ်စဲပြီးပါပြီဆိုပြီး အခြားသော အမျိုးသမီးတစ်ယောက်ကို ယုံကြည်အောင် ပြော
ဆိုပြီး လက်ထပ်ယူကာ အိမ်ထောင်ပြုပြီးကာမှ သားကြီး မယားကြီးပေါ်လာကာ အရှက်တစ်ကွဲဖြစ်ကြရတဲ့ ကိစ္စမျိုးမှာ လည်ဆည်ပြောဆိုပြီး ယူတဲ့ အမျိုးသားကို လည်ဆည်ခြင်းခံခဲ့ရတဲ့အမျိုးသမီးကလင်မယားအဖြစ်မှ တရားဝင်ကွာရှင်းပြတ်စဲခွင့်တောင်းဆိုနိုင်ခွင့်ရရှိခြင်းပါ။(ဒါကြောင့်ကလေးတွေဆိုဆိုနေကြတဲ့မိန်းမယူကာနီး
ရင်စဉ်းစားဖို့ လိုတယ်ဆိုတဲ့ သီချင်းကလေးလိုဘဲ မိန်းကလေးများအနေနဲ့လည်း ယောင်္ကျားယူကာနီးရင် စဉ်းစားဖို့လိုပြီး ပြောတိုင်းယုံရင် မှားမယ်ဆိုတဲ့ ကြော်ငြာလေးကို သတိရကြစေချင် ပါတယ်။)

ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်ခြင်း


    ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းကြောင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွာရှင်းခွင့် ရရှိနိုင်သော်လည်း မည်ကဲ့သို့သောအပြုအမူများဟာရက်စက်မှုမြောက်ပြီးမည်သည်တို့ကရက်စက်မှုမမြောက်ဘူးဆိုတာ အောက်ပါ
စီရင် ထုံးများမှာ ရှင်းလင်းစွာ လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
    လင် နဲ့ မယား လျှာနဲ့သွားဆိုသလို တစ်ခါတစ်ရံ စိတ်အခန့်မသင့် ကြတဲ့အခါ စကားများ ရန်ဖြစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊အနည်းငယ်ရိုက်မိခြင်းစသည့်အသေးအဖွဲကိစ္စများမှာလင်ခန်းမယားခန်း ပြတ်စဲလောက်ေ
အောင် ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်း ဖြစ်သည်ဟု မဆိုသာပေ။ ထိုကဲ့သို့အသေးအဖွဲ ပြစ်မှု ကျူးလွန်မိကာမျှဖြင့် တစ်ဘက်သားသည် ကွာရှင်းခွင့် ကို တောင်းဆိုခြင်း မပြုနိုင် ။
{ မောင် အေး -အမှု၊ ၁၉၆၇-ခုနှစ်၊ တရားမပထမအယူခံမှုအမှတ်-၂ (မန္တလေး) }
    ရက်စက်မှုဆိုသည်မှာနည်းအမျိုးမျိုး၊ပုံစံအမျိုးမျိုးနှင့် ဖြစ်နိုင်ပြီးကိုယ်ဆင်းရဲခြင်းသာမကစိတ်ဆင်းရဲအောင်
ပြုမူခြင်းဟာလည်း ရက်စက်ကြမ်းကြုတ်ရာတွင် ပါဝင်ပါတယ်။ဒါကြောင့် စိတ်ဆင်းရဲခြင်းဖြစ်အောင် ရက်စက် မှုပြုလျှင်လည်း ကွာရှင်းခွင့် တောင်းဆိုနိုင် ပါတယ်။
    ဒီနေရာမှာ လက်ရောက်မှုဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ လက်ရောက်မှုများဟာ စွပ်စွဲတဲ့ အတိုင်း ထင် ရှားပါက ကျူးလွန်မှု အတိုင်းအတာ၊ကျူးလွန်ရခြင်း၏ အကြောင်းခြင်းရာ၊ ကျူးလွန်ခြင်း ခံရသူ၏ ခံစားမှုသဘောထား အစရှိသည့် အချက်များကိုလည်း ထည့်သွင်းဆင် ခြင် ပြီး   ကိုယ်ထိလက်ရောက် ကျူးးလွန်မှုများသည် ရက်စက်မှု မြောက် မမြောက်ကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။

    ဒီနေ့တော့ ဒီမှာဘဲ နားခွင့် ပြုပါအုံး။
ဖတ်ရှုအားပေးကြတဲ့ အတွက် ကျေးဇူးတင် ပါတယ်။
မိသားစုအပေါင်း ဥမကွဲ အသိုက်မပျက် နေထိုင် နိုင် ကြပါစေ...


 အော င် စိုး ( ပြည် )

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...