Thursday, December 4, 2014

ကိုယ်စားလှယ်စာရသူ၊ တရားဝင် ကိုယ်စားလှယ်၊ အသိအမှတ်ပြု ကိုယ်စားလှယ်



ကိုယ်စားလှယ်စာရသူ၊ တရားဝင် ကိုယ်စားလှယ်၊ အသိအမှတ်ပြု ကိုယ်စားလှယ်


ကိုယ်စားလှယ်စာရသူ နှင့် တရားဝင်ကိုယ်စားလှယ်

           တရားမကျင့်ထုံးဥပဒေအမိန့်-၃၊နည်း-၂ အရ ကိုယ်စားလှယ်စာရသူနှင့် ပုဒ်မ-၂(၁၁)အရ တရားဝင်
ကိုယ်စားတို့မှာ တူညီကြခြင်း မရှိပါ။
           အမိန့်-၃၊နည်း-၂ အရ ကိုယ်စားလှယ်စာရသူ- ဆိုသည်မှာ အသက်ရှင်လျှက်ရှိသူ အမှုသည်တစ်ဦးဦး
၏ ကိုယ်စား အမှုတွင် ဆောင်ရွက်ရန် ကိုယ်စားလှယ်စာရသူကို ခေါ်ပါတယ်။
            တရားမကျင့်ထုံးဥပဒေပုဒ်မ-၂(၁၁)အရ တရားဝင် ကိုယ်စားလှယ်ဆိုသူမှာ အမှုအတောအတွင်း 
ကွယ်လွန်သူအမှုသည်တစ်ဦးဦး၏ နေရာတွင် အမှုသည်အဖြစ် ကိုယ်စားပါဝင်ခွင့်ရသူကို ခေါ်ပါတယ်။
(ဒေါ်ရင်ရင်မေနှင့် ဦးမင်းဒင်၊၁၉၈၂-ခုနှစ်၊ မတစ-၈၂ )


တရားမကျင့်ထုံးဥပဒေအမိန့်-၃၊နည်း-၂ အရ အသိအမှတ်ပြုကိုယ်စားလှယ်များ-

ရုံးတော်ရှေ့မှောက် လာရောက်ခြင်း၊ လျှောက်ထားခြင်းနှင့် ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်ခွင့်ရှိသော အသိအမှတ်ပြုသည့် ကိုယ်စားလှယ်များတွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ပါတယ်။
(က)   သက်ဆိုင်ရာ အမှုသည်ကိုယ်စား ရုံးတော်သို့ လာရောက်ခြင်း၊ လျှောက်ထားခြင်းနှင့် ဆောင်ရွက်ခြင်း
          များကို ပြုလုပ်ရန် အာဏာပေးထားသော ကိုယ်စားလှယ်လွှဲစာရရှိသည့် ပုဂ္ဂိုလ်များ။
(ခ)   သက်ဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့်နယ်နိမိတ်အတွင်း ရုံးတော်ရှေ့သို့ လာရောက်ခြင်း၊ လျှောက်ထား
         ခြင်း၊ ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် အတိအလင်းအာဏာပေးထားသော ကိုယ်စားလှယ် မရှိသော
        အခါ  ထိုအမှုသည်များ၏ နာမည်ဖြင့် ၄င်းတို့ကိုယ်စား ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေ
        သော ပုဂ္ဂိုလ်များ။

တရားမကျင့်ထုံးဥပဒေပုဒ်မ-၂(၁၁)အရ တရားဝင်ကိုယ်စားလှယ်တွင်-

        အမှုသည်တစ်ဦးတစ်ယောက်သေဆုံးသွားလျှင် ယင်းသေဆုံးသူ၏ ကျန်ရစ်သော ပစ္စည်းများနှင့် ပတ်
သက်၍ ကိုယ်စားဆောင်ရွက်ရန် ၀င်ရောက်လာသူဖြစ်သည်။ ထိုသို့ သေသူ၏ ပစ္စည်းများနှင့် စပ်လျဉ်း၍
သေသူ၏ကိုယ်စား အမှုတွင် ပါဝင်ဆောင်ရွက်လာသူမှာ စွဲဆိုသည့် တရားလိုနေရာတွင်လည်းကောင်း၊ စွဲ
ဆိုခြင်းကို ခံရသည့် တရားပြိုင် နေရာတွင် လည်းကောင်း တရားဝင် ဆောင်ရွက်သူ မည်သူမဆို ပါဝင်ပေ
သည်။


အောင် စိုး (ပြည်)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...