Saturday, December 6, 2014

ဥ မကွဲ၊ အသိုက် မပျက် ( ၁ )



ဥ မကွဲ၊ အသိုက် မပျက် ( ၁ )



 ( ဥမကွဲ၊ သိုက်မပျက်စေကြဖို့၊ အိမ်ထောင် ရှင်တိုင်းထိန်းသိမ်းစို့)


လေးစားအပ်ပါသော စာရှုသူများ ခင် ဗျာ...
မြန်မာလူမျိုး မြန်မာ ဗုဒ္ဒဘာသာဝင်တို့ရဲ့ အိမ်ထောင် ရေးဟာ အနောက်နိုင် ငံ က အိမ်ထောင် ရေးနှင့် များစွာ ကွာခြားလှပါတယ်။ လွယ်လင့်တကူကွာရှင်းနိုင်တဲ့အခြေအနေမရှိပါဘူး။
 မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သတ်မှတ်ထားချက်တွေနဲ့ ညီညွတ် ကိုက်ညီမှသာတရားရုံးများမှာသွားရောက်ပြီးကွာရှင်းခွင့်  တောင်းဆိုနိုင် မှာ ဖြစ်ပါတယ်။ များသောအားဖြင့် တော့ ပထမပိုင်း မှာ စိတ်လိုက်မာန် ပါနဲ့ ရှေ့နေနှင့်တိုင်ပင်၊အဆိုလွှာရေး၊တရားရုံးသွားတရားစွဲ၊ နောက်အမှု 
ရှုံးကြတဲ့အခါ တရားသူကြီးကို အပြစ်တင်၊ ရှေ့နေကို အပြစ်တင် ကြ တတ်ကြပါတယ်။ 

အမှန်ကတော့ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေမှာ မြန်မာလူမျိုး ဗုဒ္ဒဘာ သာဝင် လင် မယားတွေအတွက် ဘယ်လို အကြောင်း တရားတွေနှင့် ညီညွတ်မှ ကွာရှင်းခွင့် ဒီကရီချထားပေးနိုင် တယ် ဆိုတာ အတိအကျ 
ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။ အဲလို ကွာရှင်းခွင့် ရနိုင် ဖို့ ဘယ်လို အချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိရ မယ်ဆိုတာကို ဗဟုသုတ ရရှိကြ စိမ့်သော ငှာ မျှဝေ တင် ပြ လိုက်ရပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင် မယားကွာရှင်းခြင်း မှာ အကြောင်းရင်း (၃)ချက်ရှိပါသည်။
၎င်းတို့မှာ- 
၁။ နှစ်ဦးသဘောတူ ကွာရှင်းခြင်း၊
၂။ လင်ဖြစ်သူရဟန်းပြုခြင်း (ဒုလ္လဘမဟုတ်ဘဲ အပြီးတိုင် ရဟန်း  ၀တ်ခြင်း)     
၃။ အိမ်ထောင် ရေး ပြစ်မှုများကျူးလွန်ခြင်းကြောင့်ကွာရှင်းခြင်းတို့
    ဖြစ်ပါတယ်။

နှစ်ဦးသဘောတူ ကွာရှင်းခြင်းနှင့် လင် ဖြစ်သူ ရဟန်းပြုသွားခြင်းတို့ ကတော့ ရှင်းလင်းပါတယ်။ အထူးရှင်းလင်း တင် ပြနေစရာ လိုမယ် မဟုတ်ပါဘူး။

အမှတ်စဉ်(၃)ဖြစ်တဲ့ အိမ်ထောင် ရေး ပြစ်မှုကို ထပ်မံခွဲခြားလိုက်တဲ့ အခါမှာတော့ -
(၁) သာမန် အိမ်ထောင် ရေးပြစ်မှု နှင့်
(၂) ကြီးလေးသောအိမ်ထောင် ရေး ပြစ်မှုဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။
     အဲဒီနောက် ....
(၁) သာမာန် အိမ်ထောင် ရေးပြစ်မှုကို  ထပ်မံခွဲခြားလိုက်တဲ့အခါမှာ -
    (က) ရက်စက်မှု၊
    (ခ) လင်ယောင်္ကျား၏ဖေါက်ပြန်မှု၊
    (ဂ)  ခင် ပွန်းဖြစ်သူ ဒုတိယမယားယူမှု၊ 
   (ဃ) စွန့်ပစ်မှု၊
    (င) လည်ဆည်မှု ဆိုပြီးတော့ (၅)မျိုးတွေ့ရမှာ ဖြစ်ပါတယ်။

အထက်က (၅)မျိုး ထဲမှာ 
(က)ရက်စက်မှု၊ 
(ခ)လင် ယောင်္ကျားရဲ့ဖေါက်ပြန်မှုနှင့် 
(ဃ) စွန့်ပစ်မှုတို့သည်
နစ်နာသူက ကွာရှင်းခွင့် ရထိုက်မှာ ဖြစ်ပါတယ်။
အမှတ်စဉ်(င)ဖြစ်တဲ့ လည်ဆည်မှုမှာတော့ လည်ဆည်ခြင်းခံရသူ မိန်းမက ကွာရှင်းခွင့် တောင်းဆိုနိုင်ပါတယ်။ 
အမှတ်စဉ်(ဂ)ဖြစ်တဲ့ ဒုတိယမယားယူမှုကတော့ ရှင်းပါတယ်။ ပထမ မယားကြီးက တောင်းဆိုနိုင် မှာဖြစ်ပါတယ်။

(၂) ကြီးလေးသော အိမ်ထောင် ရေး ပြစ်မှု ကို ထပ်မံခွဲခြမ်းစိတ်ဖြာ    တဲ့အခါမှာတော့ -
     (က) မယားဖြစ်သူရဲ့ ဖေါက်ပြန်မှုကြောင့် ကွာရှင်းနိုင်ခွင့်ရသလို၊
     (ခ) ကြီးလေးသော ရက်စက်မှုကြောင့်လည်း ကွာရှင်း ခွင့် တောင်း ဆိုနိုင် ပါတယ်။
မှတ်ချက်။    မယားငယ်ယူခြင်းလို့ခေါ်တဲ့ ဒုတိယမယားယူခြင်းမှာတော့ 
“ လင်သည် မယားကြီးရဲ့ သဘောတူညီချက် မရှိဘဲ မယားငယ်ယူလျှင် မယားကြီးအနေနှင့် ကွာရှင်းခွင့် ရရှိနိုင်မှာ ဖြစ်ကြောင်း (မောင်ဆက်မောင် နှင့်  မကြင် သွေး ၊ ၁၉၆၃ ခုနှစ်၊မတစ၊ စာမျက်နှာ-၂၉၅)အမှုမှာ ဆုံးဖြတ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာလင် ဖြစ်သူကမယားဖြစ်သူကို သော်
လည်းကောင်း၊ မယားဖြစ်သူက လင်ဖြစ်သူကို သော်လည်းကောင်း တစ်ဦးတည်းရဲ့ ဆန္ဒဖြင့် အကြောင်းမဲ့ ကွာရှင်းခွင့် ကို တရားရုံးများက
ခွင့် မပြုနိုင် ပါဘူး။ ကွာရှင်းခွင့် တောင်းဆိုသူက တစ်ဖက်သော ခင်ပွန်း သို့မဟုတ် မယားဖြစ်သူမှာ အိမ်ထောင် ရေး ပြစ်မှုရှိကြောင်း ထင် ရှားအောင် သက်သေပြသနိုင် မှသာ ကွာရှင်းခွင့် ရနိုင် မှာ ဖြစ်ပါတယ်။
(မောင် ကြွယ် နှင့် မကျင် အမှု ၊ ရန်ကုန်၊ အတွဲ-၈ ၊ စာ-၄၁၁)

မယားဖြစ်သူ သူတစ်ပါးနှင့် ကျူးလွန် ခြင်း၊ သို့မဟုတ် မယားဖြစ်သူ လင် ငယ် နေခြင်းစတဲ့ ကိစ္စရပ်များ ရှိခဲ့လျှင် အဲဒီအကြောင်း များကို သက်သေထင်ရှား ပြသပြီးလင် ဖြစ်သူကကွာရှင်းခွင့် တောင်းဆိုနိုင်ပါတယ်။
ဒီနေ့တော့ ဒီလောက်ဘဲ ဆွေးနွေးလိုက်ပါတယ်။
နောက်နေ့များမှာ ဆက်လက် ဆွေးနွေးပါ့မယ်။

မိသားစုများ ဥမကွဲ သိုက်မပျက် နေထိုင် ပေါင်းသင်းနိုင် ကြပါစေ ....

ေ အာင် စိုး (ပြည်)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...