Sunday, December 7, 2014

ပတ်ဝန်းကျင်သက်သေခံချက်(circumstantial evidence)အကြောင်းဥပဒေဗဟု၊သုတ။


ပတ်ဝန်းကျင်သက်သေခံချက်(circumstantial evidence)အကြောင်းဥပဒေဗဟု၊သုတ။


●အမှုများစစ်ဆေးသည်ဆိုရာတွင်ဆုံးဖြတ်ချက်ချမှတ်နိင်ရန်အတွက်သက်သေခံချက်များရယူခြင်းဖြစ်ပါသည်။

သက်သေခံချက်ဆိုရာတွင်(၃)မျိုးခွဲခြားနိင်ပါသည်။

၁။ ။နုတ်သက်သေခံချက်။(oral evidence )

၂။ ။စာတမ်းအမှတ်အသားသက်သေခံချက်။ (Documentary evidence )

၃။ ။ပတ်ဝန်းကျင်သက်သေခံချက်။ (circumstantial evidence ) တို့ဖြစ်ပါသည်။

နုတ်သက်သေခံချက်ဆိုသည်မှာမှုခင်းကိစ္စများနှင့်ပတ်သက်၍မြင်တွေ့ကြားသိသူများမှနုတ်ဖြင့်တရားရုံး၌သက်သေခံချက်ပေးခြင်းဖြစ်ပါသည်။

စာတမ်းအမှတ်အသားသက်သေခံချက်ဆိုသည်မှာမှုခင်းကိစ္စနှင့်ပတ်သက်၍စပ်ဆိုင်သည်ဆိုသောစာရွက်စာတမ်းများကိုတရားရုံးတွင်သက်သေခံတင်ပြခြင်းဖြစ်ပါသည်။

ပတ်ဝန်းကျင်သက်သေခံချက်ဆိုသည်မှာနုတ်သက်သေခံချက်နှင့်စာတမ်းအမှတ်အသားသက်သေခံချက်များမဟုတ်သည့်အခြားသက်သေခံချက်များဖြစ်ပါသည်။

ဥပမာ●●●အချင်းဖြစ်အရပ်ဒေသသို့တာဝန်ရှိရဲကသွားရောက်စစ်ဆေးကြည့်ရှုရာ၌တွေ့ရှိသည့်စစ်ဆေးချက်များ။

● ၊ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့်လက်နက်များ။

●ဓာတုဗေဒနည်းဖြင့်စစ်ဆေးတွေ့ရှိချက်များ။

●ပြစ်မှုကျူးလွန်မှုကြောင့်ရရှိသည့်ဒဏ်ရာများ။

ပတ်ဝန်းကျင်သက်သေခံချက်သည်အကြောင်းချင်းရာများဖြစ်သည့်အဖြစ်အပျက်ကိုကိုယ်တိုင်မြင်တွေ့သည်ဆိုသည့်သက်သေများ၏အစစ်ခံချက်ကဲ့သို့ပင်ခိုင်မာလုံလောက်ပါသည်။

မျက်မြင်သက်သေမရှိသောအမှုများ၌ပတ်ဝန်းကျင်သက်သေခံချက်ဖြင့်ပင်တရားခံအားအပြစ်ပေးနိင်ပါသည်။သို့သော်ပတ်ဝန်းကျင်သက်သေခံချက်များမှာကွင်းဆက်တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိရပါမည်။လိုအပ်သောကွင်းဆက်

များပြည့်စုံခြင်းမရှိလျှင်တရားခံအားအပြစ်ပေးနိင်မည်မဟုတ်ပါ။သံသယအကျိုးကိုတရားခံအားခံစားခွင့်ပြုရပါမည်၊

မှတ်ချက်●●●ပတ်ဝန်းကျင်သက်သေခံချက်ဖြင့်အမှုတစ်ခု၏အမှား၊အမှန်ကိုဖေါ်ထုတ်ပေးနိင်သည့်အတွက်ပတ်ဝန်းကျင်သက်သေခံချက်သည်အလွန်အရေးကြီးသောသက်သေခံချက်ဖြစ်ပါသည်။သို့သော်အမှုစစ်ရဲအရာရှိများ

သည်အရေးပါသည့်ပတ်ဝန်းကျင်သက်သေခံချက်များကိုစေတနာထားအပင်အပန်းခံမရှာဖွေ၊မဖေါ်ထုတ်ဘဲစားပွဲပေါ်၌သာအမှုသည်များခေါ်လာပေးသည့်သက်သေများကိုစစ်ဆေး၍အမှုတည်ဆောက်ပြီးတရားစွဲ

ရုံးတင်နေကြသည်ကိုအမြဲလိုလိုတွေ့မြင်နေရပါသည်။ဒါကြောင်းလည်းအမှန်မဖြစ်သည့်အမှုကိုတရားရုံးများကဆုံးဖြတ်သည့်အခါ၌လည်းအမှန်မဟုတ်ဘဲဆုံးဖြတ်နေရပါ သည်။အမှန်သိနေသူကာယကံရှင်များအနေ

ဖြင့်အမှန်မဟုတ်သောဆုံးဖြတ်မှုပြုသည့်တရားရုံးများအပေါ်အားကိုးချင်စိတ်များလျော့နည်းလာရပါသည်။တရားရေးမဏ္ဍိုင်ကိုလည်းထိခိုက်စေပါသည်။ထို့ကြောင့်ပတ်ဝန်းကျင်သက်သေခံချက်များရရှိအောင်ဆောင်ရွက်ကြဘို့လိုပါသည်။


ဥပ​ဒေ ဗဟုသုတ မှ ပြန်​လည်​ မျှ​ဝေပါသည်​။


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...